အခန်း ၈

အခန်း ၈

ဘီဂျေ ၂၁၂

နှစ်ဆန်း ခြောက်ရက်နေ့တွင် လီမိသားစုက ဖုန်းမိသားစုအိမ်ကိုဘီဂျေ ၂၁၂ဂျစ်ကားဖြင့် ရောက်လာသည်။ (ဘေဂျင်းဂျက်ကော်ပရေးရှင်းမှ မော်ဒယ် တစ်မျိုး)။ ဖုန်းမိသားစုသည် အိမ်ရှေ့ရှိ မြေကွက်လပ်ကို လီမိသားစုအား ကြိုရန်အတွက် ထွက်လာကြသည်။

လီမိသားစုသည် စီးကရက်နှစ်ဖာ၊ ဝိုင်နှစ်ပုလင်း၊ လက်ဖက်ခြောက်ဘူး နှစ်ဘူးနှင့် ဝက်အူချောင်း နှစ်ထုတ် ယူလာသည်။ သို့သော် လီရှစ်ချင်၏ လက်ထဲတွင် စက္ကူသေတ္တာကို တင်းကျပ်စွာ ကိုင်ထားသည်။

ဖုန်းရှင်းထိုက်က လီဇနီးမောင်နှံကို ဧည့်ခန်းတွင် ဧည့်ခံချိန်တွင် ကျန်းမူဟွက ဖုန်းတန့်ယင်းနှင့် အတူ မီးဖိုချောင်တွင် ချက်ပြနေသည်။ လီရှစ်ချင်သည် စက္ကူသေတ္တာကို ကိုင်ထားရင်း ဖုန်းယွီအခန်းထဲကို ဝင်သွား၏။

“အစ်ကိုလီ အစ်ကို ရူဘယ်လ်အကုန်လုံး လဲလို့ပြီးပြီလား။”
“လဲပြီးပြီ ဒီမှာ ၉၁,၂၀၀ယွမ် ရှိတယ်”
ဖုန်းယွီသည် မျက်ခုံး အနည်းငယ် ပင့်လိုက်သည်။ ထိုပမာဏက သူမှန်းထားသည်ထက် ကျော်လွန်နေခြင်း ဖြစ်သည်။ ထိုအရာက ဘင်းမြို့တော်မှ လူများသည် နိုင်ငံခြားငွေများများကို လိုအပ်သည်ကို အဓိပ္ပာရသည။ သူတို့က ထိုအခွင့်အရေးကို အသုံးချပြီး ပိုက်ဆံများများ ရှာနိုင်သည်။

“အကို့ရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်။ အစ်ကိုလီ။ ကျွန်တော်အထင် အဖေလည်း အစ်ကို့ကို လုံးဝ စိတ်ကျေနပ်လိမ့်မယ်။ တကယ်လို့ ကျွန်တော်မှာ ရူဘယ်လ်ရှိသေးရင် အစ်ကို ထပ်ပြီး လဲပေးနိုင်မလား”
“သေချာပေါက်လဲ ပေးမှာပေါ။ လူတော်တော်များများက အစ်ကိုကို ရူဘယ်လ်လဲဖို့ မေးနေကြတုန်းပဲ ဒါပေမဲ့ အကို့မှာ မရှိတော့ဘူးလေ။ မင်း ရူဘယ်လ်တွေကို ရနိုင်ဖို့ နည်းလမ်းရှိလား။”

လီရှစ်ချင်က သိလိုစိတ်ဖြင့် မေးလိုက်သည်။ နိုင်ငံခြားငွေကို လွယ်လွယ်ကူကူနှင့် မရနိုင်ပေ။ သူသည် စာတိုက်ရုံးတွင် အလုပ်လုပ်ပြီး သူ့အဖေသည်လည်း အစိုးရအတွက် အလုပ်လုပ်နေသည် ဖြစ်သည့်အတွက် နိုင်ငံခြားငွေ ရနိုင်မည့် နည်းလမ်းမရှိပေ။ ကျောင်းတက်နေဆဲ ရွာကျောင်းသားလေးအနေဖြင့် နိုင်ငံခြားငွေ ရဖို့အတွက် နည်းလမ်းရှိပါ့မလား။
ဖုန်းယွီက ပြုံးလျက် ပြန်ဖြေသည်။

“အင်တာနေရှင်နယ် ဟိုတယ်”
“အင်တာနေရှင်နယ် ဟိုတယ်လား။ အင်တာနေရှင်နယ် ဟိုတယ်မှာ နိုင်ငံခြားသားတွေ အများကြီး ရှိတယ်မလား။ ဘယ်လိုလုပ် မင်းဝင်လို့ ရမလဲ။ မင်းငါ့ကို အဲ့ဒီဟိုတယ်က အလုပ်အမှုဆောင်တွေနဲ့ သိနေတယ်လို့ မပြောနဲ့နော်။”
“နိုင်ငံခြား ဧည့်သည်တွေဆီ ငွေလဲဖို့အတွက် တိုက်ရိုက်သွားမယ်လေ။ ကျွန်တော်တို့တွေ သူတို့ကို ငွေလဲလှယ်နှုန်း နည်းနည်းမြင့်ပြီး လဲမယ်။ အဲ့ဒီအခါ နိုင်ငံခြား ဧည့်သည်တွေက ငွေလဲနှုန်း မြင့်ရင် သူတို့က လဲမှာပဲ။”

လုရှစ်ချင်က သူ့ကိုယ်သူ ပါးသာ ရိုက်လိုက်ချင်တော့သည်။ သူဘာကြောင့် ဒီကိစ္စကို မတွေးမိသနည်း။ သို့သော် နိုင်ငံခြားဧည့်သည်တွေနှင့် တိုက်ရိုက်ပြောဆိုရန်အတွက် နိုင်ငံခြား ဘာသာစကားကို နားလည်ရမှာ ဖြစ်သည်။

“အဲ့တာဆို ငါ စကားပြန် တစ်ယောက်ကို ရှာလိုက်မယ်။ တစ်ယောက်ယောက်ကို ရှာဖို့က မခက်ပါဘူး။”
ဖုန်းယွီက လီရှစ်ချင်မျက်နှာရှေ့တွင် လက်ယမ်းပြလိုက်ကာ သူ့ကိုသူ လက်ညှိုးထိုးလျက်

“ကျွန်တော် အင်္ဂလိပ်လိုရော ရုရှားလိုပါ ပြောတက်ဆိုတက်တယ်”
ထို့နောက် သူသည် စာကြောင်းအနည်းငယ်ကို ရုရှားလိုရော အင်္ဂလိပ်လိုဖြင့် ပြောလိုက်သည်။

လီရှစ်ချင်သည် ပါးစပ်အဟောင်းသား ဖြစ်သွားကာ မေးလိုက်သည်။

“မင်း ဘယ်လိုလို့ နိုင်ငံခြား ဘာသာစကား နှစ်ခုတောင် တက်တာလဲ။ မင်းက ပါရမီရှင်လား။ ဖုန်းယွီ မင်းဘယ်လိုလုပ် နိုင်ငံခြား ဘာသာစကားနှစ်ခုကို သင်ယူနိုင်ခဲ့တာလဲ”

ထိုခေတ်အခါက လူတစ်ယောက်သည် နိုင်ငံခြားဘာသာစကား တစ်ခုကို ကောင်းကောင်းနားလည်ပါက သူ့ကို တခြားသူများက ရှိခိုးကြမည် ဖြစ်သည်။ နှစ်ခုဆိုလျှင် ပြောစရာတောင် မရှိတော့ပေ။ သို့သော် ၂၀၁၅ခုနှစ်တွင် ဘာသာစကား နှစ်မျိုး သို့မဟုတ် များစွာ တက်ခြင်းက လူတိုင်းအတွက် ပုံမှန်ဖြစ်နေတော့သည်။ ဖုန်းယွီသည် ဘာသာစကား ရှစ်မျိုးအထိ ပြောနိုင်သည့် သူကို တွေ့ခဲ့ဖူးသည်။

“ကောင်းပြီ ကျွန်တော် အစ်ကိုနဲ့ ဒီည ဘင်းမြို့တော်ကို လိုက်ခဲ့မယ်။ ကျွန်တော် ကျွန်တော့်ဆရာဆီ အလည်သွားဦးမယ်။ မနက်ဖြန် ကျွန်တော် ရူဘယ်လ် ငွေကြေးအဖြစ် လဲပြီးတာနဲ့ အကို့ကို ပြန်ပေးမယ်”
ဖုန်းယွီက ပြောလိုက်သည်။

လီရှစ်ချင်က ဖုန်းယွီသည် တစ်ဆယ့်ငါးနှစ် အရွယ်သာ ရှိသော်ငြား သူသည် ခေါင်းဆောင်တစ်ဦး၏ အရည်အသွေးမျိုး ရှိသည်ဟု ခံစားနေရသည်။ ထိုယောက်ဖလောင်းလေး၏ အနာဂတ်က ဖြောင့်ဖြူးလှပေသည်။ အကြောင်းမှာ သူသည် ဘာသာစကား နှစ်မျိုးတက်သည့် ပါရမီရှင် ဖြစ်သောကြောင့်ပင်။

သူတို့သည် ခန်းမထဲကို ပြန်လာခဲ့ပြီး လူတိုင်းက သူတို့ကို ကြည့်လိုက်သည်။ မျက်နှာပြုံးရွှင်နေသည့် ဖုန်းရွီကို တွေ့လိုက်သည့်အခါမှု လူတိုင်းက သက်ပြင်းချနိုင်တော့သည်။
ဖုန်းရှင်းထိုက်သည် ထိုပိုက်ဆံ တစ်ခုခု မှားမည်ကို စိုးရိမ်နေသည်။ ထို့အတွက် သူသည် သူ့ဇနီးအား ထိုကိစ္စကို မပြောပြပေ။ သူက ထိုဝက်ဝံသည် ယွမ် ၇,၀၀၀ဖြင့်သာ ရောင်းခဲ့ရသည်ဟုသာ ပြောထားသည်။ တကယ်တော့ ယွမ် (၇,၀၀၀)ဟူသည့် ပမာဏသည် သူ့မိန်းမ မျှော်လင့်ထားသည့် ပမာဏထက် နည်းနေသော်လည်း သူမက ပျော်ရွှင်နေ၏။ အထူးသဖြင့် သူမ၏ သမီး ကောင်လေးသည် မြို့မှ ဖြစ်ပြီး စာတိုက်ရုံးတွင် အလုပ်လုပ်သည်ကို ကြားသောအခါတွင် ပိုပျော်ရွှင်သွားသည်။

လီရှစ်ချင်၏ မိဘများက ဖုန်းမိသားစုသည် ထိုပမာဏကို မကျေနပ်နိုင်တာနှင့် သူတို့ ပိုက်ဆံဖြောင် ထားမည်ဟု ထင်မှာကို စိုးရိမ်နေသည်။ သူတို့သည်လည်း ဖုန်းမိသားစုလောက် မချမ်းသာသည့်တိုင် ငွေဖြောင်ခြင်း ကိစ္စကိုတော့ လုပ်လိမ့်မည် မဟုတ်။ လီရှစ်ချင်၏ မိဘများသည် အိန္ဒြေရှိပြီး ချင့်ချိန်စဉ်းစားတက်သည့် ဖုန်းတန့်ယင်းကို သူတို့၏ ချွေးမအဖြစ် တကယ်ကို နှစ်သက်သည်။ ထို့ကြောင့် သူတို့ အနာဂတ် ခမည်းခမက်များအား သူတို့အပေါ်တွင် အထင်အမြင်သေးခွင့် မပြုနိုင်ပေ။

ဖုန်းမိသားစု၏ ထုံးစံအရ နေ့လည်စာသည် အသားဟင်းပွဲ ရှစ်ပွဲ ဖြစ်သည်။ ဟင်းပွဲအများစုသည် ရစ်သား၊ တောယုန်နှင့် ငါးဖြစ်သည်။

လီရှစ်ချင်တို့သည် မြို့သားများ ဖြစ်သော်လည်း မြို့မှ အစားအစာများက တောနှင့် ယှဉ်လျှင် မကောင်းပေ။ ထပ်ပြောရလျှင် သူတို့၏ ခမည်းခမက်လောင်းများသည် တကယ်ကောင်း သူများ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် သာကဲထူးလွန်းသော အရသာ တွေ့ကြသည်။

ဖုန်းယွီသည် သူ့အဖေနား ကပ်လာပြီးနောက် သူတို့ သန့်စင်ခန်းကို သွားလိုက်ကြသည်။

“အဖေ ရူဘယ်လ်တွေကို ယွမ်အဖြစ် ပြောင်းပြီပြီ။ စုစုပေါင်း ၉၁,၂၀၀ယွမ် ရတယ်။ အနည်းဆုံးတော့ ကျွန်တော်တို့ မှန်းထားတာထက် ၇,၀၀၀ကနေ ၈,၀၀၀ယွမ်အထိ ဘဏ်မှာ လဲတာထက် ပိုများတယ်။ ကျွန်တော် ဒီညနေမှာ အစ်ကိုလီနဲ့ ဘင်းမြို့တော်ကို ပြန်လိုက်သွားမယ်။ ပထမကတော့ ကျွန်တော် ဆရာစွန်းစီ နှစ်သစ်ကူး ဂါရဝပြုသွားမလို့။ သူက ဘင်းမြို့တော်ကလေ။ ပြီးတော့ ကျွန်တော် အင်တာနေရှင်နယ် ဟိုတယ်မှာ ဒီပိုက်ဆံတွေကို ရူဘယ်လ်အဖြစ် ပြန်သွားလဲမယ်။ ဒီနည်းလမ်းနဲ့ ကျွန်တော်တို့တွေ ယွမ်ပိုက်ဆံ ထောင်ပေါင်း မြောက်မျာစွာ ရလာမယ်။”

ဖုန်းယွီသည် သူ့အဖေကို ဖြားယောင်းရန် ခက်ခဲသည်ဟု ယုံကြည်ထားကာ သူ့အဖေသည် လှိုက်လှိုက််လဲလဲ သဘောတူလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားပေ။ ဖုန်းရှင်းထိုက်က ပြောလိုက်သည်။
“ကောင်းပြီ အဲတာဆို အဖေ မိသားစု ငွေစုစာအုပ်ကို ပေးမယ်။ မင်း ဒီတစ်ခါပဲ လုပ်လို့ရမယ်နော်။

“အဖေ စိတ်ချပါ။ ကျွန်တော်တို့တွေ ဒီနည်းလမ်းနဲ့ အချိန်တစ်ခုအထိ ပိုက်ဆံ ရှာနိုင်လိမ့်မယ် အဖေ။

ဖုန်းယွီက ပြောလိုက်၏။

“ဒီနှစ်နှောင်းပိုင်းမှာ မင်း အထက်တန်းကျောင်းကို တက်နိုင်အောင် လုပ်ရမယ်။ အဖေတို့ တောမှာ အထက်တန်းကြောင်း မရှိဘူး။ ခရိုင်တွေနဲ့ ရွာတွေမှာ ရှိတဲ့ အထက်တန်းကျောင်းတွေက သာမန်တွေပဲ။ မင်း မြို့မှာ ရှိတဲ့ အထက်တန်းကျောင်း ကောင်းကောင်းကို သွားတက်ဖို့ ကြိုးစားပါ။ အဲ့အခါ တက္ကသိုလ် ကောင်းကောင်းတက်ဖို့ ပိုလွယ်မှာပဲ”
ဘင်းမြို့ရှိ ကုန်ကျစရိတ်က ရွာနှင့် ယှဉ်လျှင် နေထိုင်စရိတ် မြင့်လွန်းသည်။ ထို့ကြောင့် ဖုန်းယွီသည် ပိုက်ဆံ များများ ရှာဖို့လိုအပ်သည်။

“အဖေ စိတ်ချပါ။ ကျွန်တော် ဘင်းမြို့တော်မှာ ရှိတဲ့ ကျောင်း တက်နိုင်စေရပါမယ်။ ပြီးတော့ အနာဂတ်မှာ တက္ကသိုလ်ကောင်းကောင်း ဝင်နိုင်ဖို့ ကတိပေးပါတယ်”
ဖုန်းယွီသည် ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် ရူပဗေဒနှင့် ဓာတုဗေဒကို ကြောက်သည် သို့သော် အထက်တန်းကျောင်း ဝင်ခွင့်က သူ့အတွက် လွယ်ကူလွန်းလှသည်။ သူ၏ သင်္ချာ၊ ရှရှားနှင့် တရုတ်ဘာသာများသည် သူ့ကို အမှတ်ကောင်းရစေမည် ဖြစ်သည်။ သူ့တွင် ကြိုးစားရန်အတွက် ကျောင်းတက်နှစ်က ကျန်သေးသည်။ သူသည် ဘင်းမြို့တော်ရှိ ထိပ်တန်းကျောင်းတွင် ဝင်ဖို့အတွက် မသေချာသော်လည်း သူသည် ဘင်းမြို့တော်တွင် သာမာန် အလယ်တန်းကျောင်းတော့ ဝင်နိုင်ပေသည်။

“ကောင်းပြီ။ လယ်သမားတစ်ယောက်ဖြစ်တဲ့ အဖေရဲ့ ခြေရာအတိုင်းတော့ မလိုက်နဲ့နော်။ မင်းရဲ့ အစ်မက ဒီနှစ်မှာ သူနာပြုကျောင်းကနေဘွဲရတော့မယ်။ အဖေ မင်းအစ်မအတွက် ဘင်းမြို့တော်မှာ တိုက်ခန်းဝယ်ပေးရမယ် ပြီးတော့ မင်းလည်း အဲ့ဒီတိုက်ခန်းမှာ အစ်မနဲ့ အတူတူနေနိုင်မယ်။”

သူသည် ဘင်းမြို့တော်ရှိ အိမ်ဈေးမျာကို စုံစမ်းထားပြီး ဖြစ်သည်။ လီရှစ်ချင်၏ အိမ်မျိုးသည် ၂၀,၀၀၀ ယွမ် တန်ဖိုး ရှိသည်။ ဖုန်းယွီ၏ မိသားစုသည် ယခုအချိန်တွင် ၁၀၀,၀၀၀ ယွမ်ထက် များနေပြီ ဖြစ်သည့်အတွက် ဖုန်းရှင်းထိုက်သည် အနည်းဆုံး သုံးခုမှ ငါးခု အထိ ဝယ်နိုင်သည်။
သေချာသည်မှာ ဖုန်းယွီ၏ အမေက ထိုကိစ္စများကို သိမည်မဟုတ်ပေ။

မွန်းလွဲ ၂နာရီ ဝန်းကျင်းတွင် လီမိသားစုက ပြန်ရန် ပြင်လိုက်တော့၏။ ဖုန်းယွီနှင့် သူ့အမေက ခြံထွက် ပစ္စည်းများကို ကားပေါ်သို့ တင်ပေးနေသည်။
“အမေ၊ ကျွန်တော် အစ်ကိုလီနဲ့ ဆရာစွန်းဆီ နှစ်သစ်ကူး အလည်သွားဖို့အတွက် လိုက်သွားဦးမယ်”

“မုယောဖျော်ရည်”

ကျန်းမူဟွက ခေါင်းညိတ်ကာ

“ဟုတ်တာပေါ့။ သားသွားသင့်တယ်။ ဦးလေးစွန်းက သားအပေါ် အရမ်းကောင်းတာ။ ဒါပေမဲ့ သား ဘာလက်ဆောင်မှ မပြင်ဆင်ရသေးဘူးမလား။ ခဏစောင့်။ အမေ မင်းကို စည်သွပ်ဘူး၊ မုယောဖျော်ရည်နဲ့ တစ်ခုခု ဝယ်ဖို့အတွက် ပိုက်ဆံပေးလိုက်မယ်။ ဆရာစွန်းကို ပေးလိုက်နော်”
ဖုန်းယွီ မိသားစုသာမက လယ်တောထဲရှိ လူတိုင်းက ဆရာစွန်းကို လေးစားကြသည်။ သူသည် ဆင်းရဲသည့် ကျောင်းသားများကို ထောက်ပံ့ပေးကာ သူသည် မြို့တော်တွင်လည်း အလုပ်အခွင့်အလမ်းကို ထိုကျောင်းသားများကို ပေးသည်။ သူသည် လယ်တောတွင် နာမည်ကြီး တစ်ဦး ဖြစ်၏။

ဖုန်းယွီလည်း ဆရာစွန်းကို လေးစားသည့်အတွက် ဖုန်းယွီသည့် သူ့ထံ အလည်သွားချင်တာ ဖြစ်၏။
“အမေ သားကို ပိုက်ဆံ ပေးဖို့ မလိုပါဘူး။ အဖေ ပေးပြီးပါပြီ”
လီမိသားစုက ဖုန်းယွွီသည် မြို့တော်ကို သူတို့နှင့်အတူ သွားမည်ကို သိပြီးနောက် သူတို့ အလွန်ပျော်ရွှင်သွားသည်။ ထို့အပြင် ၂၁၂ဂျစ်သည် ၄ယောက် ထိုင်နိုင်သည်။ သို့သော် လီရှစ်ချင်၏ မိဘများကို ပဟေဠိ ဖြစ်စေသည့် အရာက ဘာကြောင့် ဖုန်းယွီက စက္ကူသေတ္တာကို ပြန်သယ်လာသနည်း။ ဘာများ ဖြစ်ခဲ့သနည်း။
ဂျစ်ကားထဲတွင် ဖုန်းယွီသည် မတူကွဲပြားသည့် ငွေလှဲနှုန်းဖြင့် ရူဘယ်လ်ငွေကြေးအဖြစ် ပြောင်းလဲ မည် ဖြစ်ကြောင်း ရှင်းပြနေသည်။ သူတို့တွင်လည်း အပိုငွေကြေးရှိပါက ပေါင်းပြီး အလုပ်လုပ်နိုင်ကြောင်း ပြော၏။ ၁၀,၀၀၀ ယွမ်ရင်းလျှင် ၁,၀၀၀ ကျပ်ရမည်က ပြဿနာ တစ်ခုမဟုတ်ပေ။

လီ၏ မိဘများက အပိုငွေများကို ရချင်ကြသည်။ ထို့အပြင် ပိုက်ဆံများက သူ့သား၏ လက်ထဲတွင် ဖြစ်ပြီး သူ့သား လက်ထပ်ပါက သူတို့ ပိုသုံးစွဲနိုင်မှာ ဖြစ်သည်။

အိမ်ကို ပြန်ရောက်ပြီးနောက် လီမိဘများက သူတို့၏ ငွေစုစာအုပ်အား သူ့သားကို ပေးလိုက်သည်။ ပြီးနောက် သူကို မနက်ဖြန်ကျ ငွေစုစာအုပ်ဖြင့် ဘဏ်ကို သွားပြီး ငွေကို ထုတ်ရန် ပြောခဲ့သည်။

ထိုညတွင် ဖုန်းယွီသည် လီရှစ်ချင်နှင့် အတူတူအိပ်သည်။ ဖုန်းယွီသည် ဟောက်သည့်အတွက် လီမိသားစုမှာ ကောင်းကောင်း မအိပ်ရခဲ့ပေ။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset