အခန်း ၉
နောက်တစ်နေ့ မနက်တွင် သူတို့သည် ဘဏ်ကို သွားပြီး ငွေစုစာအုပ်ထဲမှ ငွေများအာလုံးကို ထုတ်ယူခဲ့ကာ အိပ်ထဲတွင် သိမ်းထားလိုက်၏။ စုစုပေါင်းမှာ ၁၄၃,၆၀၀ ယွမ် ဖြစ်သည်။ ဖုန်းမိသားစုတွင် စုစုပေါင်း စုငွေ ၁၁၂,၈၀၀ယွမ် ရှိသည်။
ထို့နောက် သူတို့ ဖုန်းယွီနှင့် လီရှစ်ချင်နှစ်ယောက်သည် အင်တာနေရှင်နယ်ဟိုတယ်ကို သွားလိုက်ကြသည်။ ဧည့်သည်များ လှုပ်ရှားသွားလာမှု အများဆုံး အချိန်တွင် သူတို့ရောက်သွားသည်။
သူတို့ ရောက်သည့်အခါ လမ်းဘေးတွင် နိုင်ငံခြားသား သုံးယောက်က တက္ကစီတားနေတာကို တွေ့လိုက်ရသည်။ ဘင်းမြို့တော်သည် တရုတ်ပြည်တွင် ပထမဆုံး တက္ကစီရှိသည့် မြို့ ဖြစ်သည်။ ဘင်းမြို့တော်တွင် ရှိသည့် တက္ကစီလုပ်ငန်းမှာ တိုးတက်မှု အမြန်ဆုံးနှင့် တရုတ်နိုင်ငံတွင် အကောင်းဆုံး ဖြစ်သည်။
“တဆိတ်လောက်။ မင်းတို့ တက္ကစီစောင့်နေတာလား”
ဖုန်းယွီက သူတို့နား ချည်းကပ်လာပြီးနောက် အင်္ဂလိပ်လို မေးလိုက်သည်။
မှုတ်ဆိတ်မွှေးဖြင့် နိုင်ငံခြားသားက ဖုန်းယွီကို စပ်စပ်စုစုနဲ့ ကြည့်ပြီးနောက် အကွာအဝေး အနည်းငယ် တွင် ရပ်ထားသည့် တက္ကစီကို ကြည့်လိုက်သည်။ သူက ခေါင်းညိတ်ပြီး ဖုန်းယွီကို မေးလိုက်သည်။
“မြစ်ကမ်းနား သွားဖို့အတွက် ဘယ်လောက်ပေးရမှာလဲ”
သူတို့သည် ထိုသို့ ပုဂ္ဂလိကပိုင် တက္ကစီအမျိုးစား ငှားခဲ့တုန်းက တစ်ပေါက် အရိုက်ခံခဲ့ရ၏။ ပုံမှန် တက္ကစီ အမျိုးအစားသည် ၅ယွမ်သာ ပေးရသော်လည်း ထိုသို့သော ပုဂ္ဂလိကပိုင် တက္ကစီ အမျိုးအစားက တူညီသော အကွာအဝေးအတွက် ယွမ် ၅၀ ပေးခဲ့ရသည်။
“၁၀ယွမ် ဒါပေမဲ့ ကျွန်တော်တို့ ယွမ်ပဲ လက်ခံတယ်”
ဖုန်းယွီက ပြန်ပြောလိုက်သည်။
“ဘာကြောင့်လဲ။ ငါမင်းကို အမေရိကန်ဒေါ်လာ ၅ဒေါ်လာပေးမှာ။ မင်း အဲ့တာကို ယွမ်လဲရင် ၁၀ယွမ်ထက် ပိုရတယ်”
နိုင်ငံခြားသားက ပဟေဠိဆန်ဆန် ပြန်ပြောလိုက်သည်။ သူသည် ဘင်းမြို့တော်တွင် ဒေါ်လာသာ သုံးခဲ့ပြီး ဆိုင်အများစုကလည်း ဒေါ်လာကို ပျော်ရွှင်စွာ လိုက်ခံကြသည်။ လမ်းဘေးတွင် ရှိသည့် လမ်းဘေးဈေးဆိုင်များကတော့ ချွင်းချက် ဖြစ်သည်။
‘ဘာကြောင့် ဒီလူငယ်လေးက ဒေါ်လာကို လက်ခံဖို့ ငြင်းဆန်တာလဲ”
“မဟုတ်ဘူး။ ကျွန်တော်တို့က ယွမ်ကို လိုချင်ရုံပါပဲ။ မင်းမှာ ယွမ်မရှိဘူးလား။ ငါမင်းကို ဒေါ်လာကနေ ယွမ်ကို ဈေးကွက်ပေါက်ဈေးထက် ပိုမြင့်တဲ့ နှုန်းနဲ့ လဲပေးပါ့မယ်”
ဖုန်းယွီက သိုဝှက်သည့် အပြုံးဖြင့် ပြောလိုက်သည်။
ထိုခေတ်အခါက နိုင်ငံခြားသာများအတွက် နိုင်ငံခြားငွေ လဲလှယ်ရန်က ခက်ခဲလွန်းသည်။ ထို့အပြင် အမေရိကန်သားများက သူတို့၏ ဒေါ်လာသည် ကမ္ဘာသုံး ငွေကြေးအဖြစ် မှတ်ယူသည်ဟု ထင်ကြပြီး နေရာတိုင်းတွင် လက်ခံနိုင်သည်ဟု ထင်ကြသည်။
မှုတ်ဆိတ်မွှေးဖြင့် နိုင်ငံခြားသားက သရော်ပြုံးပြုံးလိုက်သည်။
‘ဒီကောင်လေးရဲ့ ဆန္ဒ အစစ်အမှန်က နိုင်ငံခြားငွေ လဲလှယ်ဖို့ပဲ။ ပြီးတော့ သူက ကားငှားဖို့ လုံးဝ ဆန္ဒမရှိဘူး”
“တစ်ဒေါ်လာကို ဘယ်လောက်ယွမ် ပေးမလဲ”
မှုတ်ဆိတ်မွှေးဖြင့် နိုင်ငံခြားသားက မေးလိုက်သည်။
ဖုန်းယွီက ပြန်ဖြေ၏။
“၃.၈ ယွမ်။ ဒီဈေးက ဈေးကွက်က နှုန်းထက် ပိုမြင့်တယ်။ အခု ငွေလှဲနှုန်းက ၃.၇ယွမ်လောက်ပဲ”
မှုတ်ဆိတ်မွှေးဖြင့် နိုင်ငံခြားသားက
“မရဘူး။ ၄ယှမျ”
“ကဲ ဈေးက ပြောတဲ့ဈေးပဲ။ ဟိုတယ်မှာ ငွေလဲလှယ်ချင်တဲ့ ဧည့်သည်တွေ အများကြီး ရှိတယ်။ မင်းတစ်ယောက်တည်း ရှိတာ မဟုတ်ဘူး။ သွားတော့မယ်။”
ဖုန်းယွီက ပြောလိုက်သည်။
“တစ်ခဏလောက်။ မင်းငါတို့ကို ဘယ်လောက်လောက် လဲပေးနိုင်မလဲ”
မှုတ်ဆိတ်မွှေးဖြင့် သူက ဒီကလေးသည် လွယ်လွယ်နှင့် မရနိုင်မှန်း သတိပြုမိသွားကာ ဝါရင့်တဲ့ သူ တစ်ယောက် ဖြစ်နိုင်သည်ဟု သတိပြုမိသွားသည်။
“မင်းမှာ ဒေါ်လာ ဘယ်လောက်ရှိလဲ”
ဖုန်းယွီက မေးလိုက်သည်။
နိုင်ငံခြားသား သုံးယောက်က တစ်မိနစ်ခန့် ဆွေးနွေးပြီးနောက် ပြန်ပြောလိုက်သည်။
“ဒေါ်လာ ၅,၀၀၀”
“ပြဿနာ မရှိဘူး။ ဂျစ်ကားနောက် လိုက်ခဲ့ပေး”
ဈေးက အဆင်ပြေသွားပြီးနောက် နှစ်ဦး နှစ်ဖက်လုံးက ပျော်ရွှင်သွားကြတော့သည်။ အမေရိကန်သားတို့က သူတို့သည် ဈေးကောင်းကောင်းနဲ့ ရလိုက်သည်ဟု ခံစားမိသည်။ တရုတ်ပြည်တွင် ယွမ်သုံးခြင်းက သူတို့အတွက် ပိုပြီး အသုံးဝင်ကာ လိမ်ညာခြင်းမှလည်း ရှောင်လွဲနိုင်မှာ ဖြစ်သည်။ ထို့အပြင် ဖုန်းယွီပေးသည့် ငွေလဲနှုန်းသည် ဈေးကွက်ထက် မြင့်မားသည်။ ဖုန်းယွီလည်း ပျော်ရွှင်နေ၏။ အမေရိကန် ဒေါ်လာကနေ ယွမ်ကို လဲလှယ်ချင်သည့် လူများစွာ ရှိသည်။
ဖုန်းယွီက လီရှစ်ချင်ကို မေးလိုက်သည်။
“အစ်ကို အမေရိကန် ဒေါ်လာကနေ ယွမ်ကို ပြန်လဲဖို့ လူကို ရှာနိုင်လား”
“သေချာတာပေါ့။ တစ်ဒေါ်လာကို ၄ယွမ်ပေးမယ်ဆို အစ်ကိုသေချာပေါက် အာမခံတယ်။ သူသည် ရူဘယ်လ်ငွေကြေးများကို လဲလှယ်စဉ်အခါက တစ်စုံတစ်ယောက်က သူ့ကို အမေရိကန် ဒေါ်လာလဲရန်အတွက် ချည်းကပ်ခဲ့ဖူးသည်.
ဖုန်းယွီက အင်တာနေရှင်နယ် ဟိုတယ်ရှေ့တွင် ဟိုလျှောက်ဒီလျှောက်ဖြင့် ယောင်ပေပေလုပ်နေသည်။
ဖုန်းယွီနားကို အနောက်တိုင်းဝတ်ရုံဖြင့် သူဌေးတစ်ယောက်ပုံစံဖြင့် လူတစ်ယောက်က ချည်းကပ်လာသည်။ သူက သူတို့ကို ယွမ်ငွေ သို့မဟုတ် အခြား နိုင်ငံခြားသုံးငွေ လိုအပ်သလားဟု မေးသည်။
သူတို့ နေ့လည်ခင်းအထိ ငွေလဲလှယ်ကြသည်။ သူတို့နှစ်ယောက်လုံးက ၅၀,၀၀၀ယွမ်ခန့်ကို အမေရိကန်ဒေါ်လာနှင့် ရူဘယ်ငွေကြေးအဖြစ် လဲလှယ်နိုင်ခဲ့သည်။ ရူဘယ်နှင့် အမေရိကန်ငွေကြေးများမှအပ ကျန်သည့် နိုင်ငံခြားသုံးငွေများ လှဲလှယ်မှုသည် နည်းလွန်း၏။
သူတို့က အင်တာနေရှင်နယ် ဟိုတယ်အနီးအနားရှိ ခေါက်ဆွဲဆိုင်ငယ်တွင် နေ့လည်စာ စား၏။
ကီရီလန်ကိုက ဘင်းမြို့တော်တွင် သူ၏ အလုပ်ပြီးပြီးနောက် နောက်နှစ်ရက်အကြာတွင် ပြန်တော့မည် ဖြစ်သည်။ သူ၏ သူငယ်ချင်းများနှင့် မိသားစုအတွက် တရုတ်ထုတ်ကုန်များကို အမှတ်တရ လက်ဆောင်များအဖြစ် ဝယ်သွားချင်သည်။
တရုတ်ပြည်တွင် နိုင်ငံခြားသားများ မကြာခဏဆိုသလို အလိမ်ခံရသည်။ ဥပမာအားဖြင့် ကပ်ဈေးက နံပါတ် “၁”ကို ပြထားသည်။ နိုင်ငံခြားသားက ၁ယွမ်ဟုထင်သော်လည်း အမှန်တကယ်ဈေးက ၁ ကျောက်ဖြစ်သည်။ ထို့အပြင် နိုင်ငံခြားသားများက ရူဘယ်လ်ကဲ့သို နိုင်ငံခြားငွေမျိုးကို ပေးသော်ညား တစ်ဖက်လူက မသိချင်ယောင် ဆောင်ပြီး သူတို့၏ ယွမ်ငွေကြေးကိုသာ ပိုက်ဆံအဖြစ် သဘောထား၏။
ကီရီလန်ကိုက ဟိုတယ် မန်နေဂျာကို သူ၏ ရူဘယ်ငွေကြေးများကို ယွမ်ငွေကြေးအဖြစ် လဲလှယ်ရန် အကူအညီတောင်းရန် ဆုံးဖြတ်ခဲ့၏။ ဘဏ်က ဝေးလွန်းပြီး ထိုနေရာတွင် တစ်ယောက်မှ ရုရှားဘာသာ စကားကို နားမလည်ပေ။
‘ဒီကလေးက ငါ့ကို ဟိုတစ်ခေါက်က ဝက်ဝံနက်သားမွေးကို ဈေးမြင့်မြင့်နဲ့ ရောင်းတဲ့ တစ်ယောက်မလား။ ကောင်းပြီ။ ငါကို လိမ်ခဲ့တဲ့ ကောင်ဆိုးလေးကို သင်ခန်းစာကောင်းကောင်းပေး ရမယ်”
ကီရီလန်ကိုက ဖုန်းယွီဆီ ဒေါသတကြီးဖြင့် လျှောက်သွားသည်။
“မစ္စတာ ကီရီလန်ကို ကျွန်တော်တို့ ထပ်တွေ့ပြန်ပြီ။”
ဖုန်းယွီက ပြုံးကာ ပြောလိုက်သည်။
“မင်းရဲ့ သားကောင်တွေကို ရောင်းဖို့ ဒီကိုရောက်နေတာလား။ အရင်တစ်ခေါက်တုန်းက မင်း ငါ့ကို ၂၀,၀၀၀ရူဘယ်လ်နဲ့ ဝက်ဝံသားမွေးကို ရောင်းခဲ့တယ်။ ဒါပေမဲ့ ငါ ဒီနားတစ်ဝိုက်မှာ မေးကြည့်တဲ့အခါ။ ဝက်ဝံသားမွေးဈေးက ၅,၀၀၀ယွမ်ပဲ ရှိတာ။ မင်းက လူလိမ်ပဲ”
ကီရီလန်ကိုက ဖုန်းယွီ၏ လက်မောင်းကို ကိုင်ရင်း ပြောလိုက်သည်။
ဖုန်းယွီက ချက်ချင်း ရှင်းပြလိုက်သည်။
“ဝက်ဝံသားမွေးက အမျိုးအစားအများကြီး ရှိတယ်။ ငါ မင်းကို ရောင်းတဲ့ သားမွေးက အလွန်ကောင်းတဲ့ သားမွေးအမျိုးစားပဲ။ အဲ့ဒိ ၅,၀၀၀ယွမ်တန် သားမွေးတွေက သေနပ်ရာနဲ့ အပေါက်တွေ ပါတဲ့ အဆင့်မရှိတဲ့ သားမွေးတွေ။ မင်းသွားပြီး မေးကြည့်လို့ရတယ်”
“အဲလိုဆိုတော့။ ငါက မင်းအပေါ် နားလည်မှု လွဲတယ်ပေါ့။ ဆာဘေးရီးယမ်း ကျားကော ရှိလား။ ငါ အရည်အသွေးကောင်းတဲ့ ကျားသားမွေးလိုချင်တယ်”
ကီရီလန်ကိုက ဖုန်းယွီကို ဆုတ်ကိုင်ထားသော လက်ကို ဖြေလျောရင်း ပြောလိုက်သည်။ သူသည် အမြဲတမ်း ကျားသားမွေးကို လိုချင်ခဲ့တာ ဖြစ်သည်။
ဆာဘေးရီးယန်း ကျား
‘အိုင်ကျူနိမ့်တဲ့ သူဌေးပဲ”
ဤသည်ကား ဖုန်းယွီ၏ ကီရီလန်ကိုအပေါ်တွင် ထားရှိသည့် ထင်မြင်ချက် ဖြစ်သည်။
ဆာဘေးရီယန်းကျားကို အရင်ဘဝက တိရစ္ဆာန်ရုံတွင် တစ်ခါသာ မြင်ဖူးသည်။
“တောင်းပန်ပါတယ်။ ကျားသားမွေးတော့ ရဖို့က မလွယ်ပါဘူး။ ဒါပေမဲ့ မင်းတကယ်လို့ တခြား သားရဲတွေရဲ့ သားမွေးတွေ ဥပမာ မြွေပါရဲ့ သားမွေး၊ မြေခွေးသားမွေးလိုချင်ရတော့ ငါမင်းကို ကူညီပေးနိုင်ပါတယ်။”
ကီရီလန်ကိုက စိတ်ပျက်သည့်ဟန်ဖြင့် ခေါင်းကိုခါယမ်းလိုက်သည်။ တကယ်လို့ သူသာ ကျားသားမွေးကို ရပါက သူ၏ တိုင်းပြည်ကို ပြန်သည့်အခါ သူ့သူငယ်ချင်းများအား ပိုကြွားဝါနိုင်မှာ ဖြစ်သည်။ အမဲလိုက်ပွဲအတွင်း ဝက်ဝံနှင့် ကျားကို တစ်ခါတည်း ရခဲ့သူ ရှိနိုင်မည်လော။
ကီရီလန်ကို၏ အိပ်မက်များက ပြည့်ဝမည်ပုံ မပေါ်ပေ။ သို့သော် သူသည် ဝက်ဝံနက်တစ်ကောင်ကို အောင်အောင်မြင်မြင်နဲ့ ရခဲ့ပြီး ထိုအောင်မြင်မှုသည့် သူ့ဘဝတစ်လျှောက်လုံးအတွက် ကြွားစရာ တစ်ခု ဖြစ်ပေတော့မည်။
ကီရီလန်ကိုက လှည့်ထွက်သွားတော့မည့်ဟန် ပြင်လိုက်စဉ် ဖုန်းယွီက သူ့ကို မြန်မြန်တားလိုက်၏။
“မစ္စတာ ကီရီလန်ကို ကျွန်တော် ပြောတာ မမှားရင် ခင်ဗျားမှာ ရူဘယ်လ်တွေ ရှိသေးတယ်မလား။ မင်း မကြာခင် ပြန်တော့မယ် ပြောတာကို ငါမှတ်မိသေးတယ်။ မင်း တရုတ်အမှတ်တရ လက်ဆောင်တွေ ဝယ်ချင်သေးလား။ တကယ်လို့ မင်းသာ ယွမ်ငွေကြေးကို သုံးမယ်ဆိုရင် ပိုအဆင်ပြေပြီး သက်တောင့်သက်တာ ရှိလိမ့်မယ်။ ငါမင်းကို ငွေလွှဲခ နည်းနည်းနဲ့ ရူဘယ်လ်ကနေ ယွမ်ကို လဲပေးမှာပေါ့။”
တခြားသူများနှင့် လဲလှယ်သည့်အခါ ဖုန်းယွီသည် ငွေလဲလှယ်နှုန်း မြင့်မြင့်ဖြင့် လဲသည်။ သို့သော် တခြားသူများက ကီရီလန်ကိုလောက် မချမ်းသာပေ။ ဖုန်းယွီက ကီရီလန်ကိုထံမှ ငွေရနိုင်သည့် အခြားနည်းလမ်းများ ရှိသည်။
ကီရီလန်ကိုက သူ့မျက်ခုံးကို ပင့်ကာ တည်ကြည်စွာဖြင့် ဖုန်းယွီအား
“ငွေလွှဲနှုန်းလား။ ဘဏ်သွားရင် ငွေလွှဲနှုန်း ပေးစရာ မလိုဘူး။ “
“ဘဏ်မှာလည်း ငွေလွှဲနှုန်း ရှိတယ် ပြီးတော့ မင်းက ချက်လက်မှတ်လည်း လိုသေးတယ်။ ဒါ့အပြင် မင်း ဘဏ်မှာ ငွေပမာဏများများကို လဲလို့မရဘူး ပြီးတော့ ဘဏ်မှာ တစ်ယောက်မှ ရုရှားဘာသာ စကား မပြောတက်ဘူး။ မစ္စတာ ကီရီလန်ကို တရုတ်နိုင်ငံမှာ ယွမ်ငွေကြေးသုံးတာ ပိုသက်တောင့်သက်သာ ဖြစ်တယ်ဆိုတာ လက်ခံတယ်မလား”
ဖုန်းယွီက မေးလိုက်သည်။
ကီရီလန်ကို၏ အပြောတွင် ဖုန်းယွီက ကီရီလန်ကိုသည် ရူဘယ်ငွေကြေးများကို ယွမ်ငွေကြေးအဖြစ် လဲလှယ်ချင်နေကြောင်း ဖုန်းယွီသိသည်။
“မင်းဘယ်လောက် လဲပေးနိုင်လဲ ပြီးတော ငွေလွှဲနှုန်းကကော ဘယ်လောက်လဲ”
ကီရီလန်ကိုက မေးလိုက်သည်။
“ငွေလဲနှုန်းက ၁ ရူဘယ်လ်ကို ၄ ယွမ်။ ကျန်တဲ့ အပိုက ငါ့ရဲ ငွေလွဲနှုန်းပဲ။ အခု မင်းကို ၂၀,၀၀၀ရူဘယ်လ်ဖိုး လဲပေးနုင်တယ်။ ၂၀,၀၀၀ရူဘယ်လ်ထက် များများ လိုချင်ရင် မင်း တစ်ရက်နှစ်ရက်တော့ စောင့်ရမဘ်။”
ဖုန်းယွီက ပြန်ပြောလိုက်သည်။ ဝက်ဝံသားမွေးကို ၂၀,၀၀၀ရူဘယ်လ်ဖြင့် ဝယ်သောသူသည် အလွန်ချမ်းသာပေလိမ့်မည်။ ဖုန်းယွီသည် ကီရီလန်ကိုနှင့် စီးပွားရေးလုပ်ရသည့်အတွက် ပျော်ရွှင်နေတော့သည်။
ကီရီလန်ကိုက အိပ်တစ်ခု မယူလာသည့် ဖုန်းယွီကို ကြည့်ပြီး မေးလိုက်သည်။
“မင်းအခု ၂၀,၀၀၀ရူဘယ်လ်လဲပေးနိုင်လား”
ဖုန်းယွီက မလှမ်းမကမ်းတွင် ရှိသည့် ဂျစ်ကားကို ညွှတ်ပြရင်း
“အဲ့ကားထဲမှာ”
ဖုန်းယွီ လက်ညှိုးထိုးပြသည်ကို မြင်သောအခါ လီရှင်ချင်က လက်ယမ်းပြလိုက်သည်။
“ကောင်းပြီ။ ငါ ၂၀,၀၀၀ ရူဘယ်လ်လဲမယ်။ ခဏစောင့်။ ငါ ငါ့အခန်းကို ပြန်ပြီး ပိုက်ဆံသွားယူလိုက်ဦးမယ်။”
ကီရီလန်ကို ပြောလိုက်သည်။
ဖုန်းယွီက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်လိုက်သည်။ ထိုအပြုအမူက သူသည် နောက်နာရီ အနည်းငယ်အတွင်း သူ၏ ငွေအကုန်လုံး လဲနိုင်တော့မည်ကို ပြခြင်း ဖြစ်သည်။
လွဲပြောင်းမှုက ဂျစ်ကားပေါ်တွင် ချောချောမွေ့မွေ့ဖြင့် ပြီးခဲ့သည်။ ဂျစ်ကား မထွက်မီတွင် ကီရီလန်ကို က ဖုန်းယွီအား တရုတ် ထွက်ကုန်တွေကို ဘယ်နေရာတွင် ဝယ်ရမလဲဟု မေးလိုက်သည်။ ဖုန်းယွီက ပီတိဖြာသွား၏။ ကီရီလန်ကိုက သူအား ငွေများများပေးရန် ဖြစ်သည်။
“စည်သွပ် သစ်သီးတွေလား။”
ဖုန်းယွီက လီရှစ်ချင်အား တရုတ်လို မေးလိုက်သည်။
“အစ်ကိုလီ ဝက်ပေါင်ခြောက်၊ အသားအူချောင်း၊ ကျန့်လီဘောင်(အဟာရဖြည့် အချိုရည်)နဲ့ စည်သွပ် သစ်သီးတွေကို ဘယ်မှာရောင်းလဲ အစ်ကိုသိလား။”
ကျန်းလီဘောင်
ထိုခေတ်အခါက တရုတ်နိုင်ငံ၏ အဓိက ပြည်တွင်းထွက်ကုန်များသည် ဆိုဗီယက် ပြည်ထောင်စုတွင် အလွန် နာမည်ကြီးသည်။
“ငါ့ရဲ့ ရဲဘော်ဟောင်းက သမဝါယမအရောင်းဌာနမှာ အလုပ်လုပ်နေတယ်။ ငါကြားတာတော့ သူဆီမှာ မရောင်းကောင်းတဲ့ ပစ္စည်းအချို့ ရှိတယ်တဲ့။ ရှရှားကောင်က ဘာဝယ်ချင်လို့လဲ။”
လီရှစ်ချင်က ပြန်ပြောလိုက်သည်။
ဖုန်းယွီက လီရှစ်ချင်အား တိုးတိုးလေး ပြောပြီးနောက်
“မင်းရဲ့ မျက်နှာ အမူအရာကို ထိန်းဦးပြီးတော့ ဘာမှ ပျော်ရွှင်တဲ့ အရိပ်အယောင် မပြနဲ့။ မင်း ပုံစံကို ခပ်ထန်ထန်ပဲနေ။ သူက ငါတို့ကို ၈၀,၀၀၀ယွမ်လောက် ပေးလိမ့််မယ်”
ဖုန်းယွီ တစ်ယောက်တည်း သာမက လီရှစ်ချင်သည်လည်း စိတ်လှုပ်ရှားလွန်း၍ ထခုန်မိမလားပင်။ သို့သော် ယခု သူမျက်နှာထက်တွင် ပြဿနာ ရှိသည့် မျက်နှာသွင်ပြင်က ပေါ်နေသည်။
“တရုတ်ထုတ်ကုန်တွေကို ရဖို့အတွက် ခက်ခဲလား”
ကီရီလန်ကိုက ရှက်ကိုးရှက်ကန်းဖြင့် မေးလိုက်သည်။ ဒါရိုက်ဘာ၏ မျက်နှာထားက အမှတ်တရ လက်ဆောင်များသည် ရရန် ခက်ခဲ့သည့်ပုံ ဖြစ်နေသည်။
ဖုန်းယွီက ပြန်ပြောလိုက်သည်။
“မဟုတ်ဘူး။ ငါတို့မှာ အဆက်အသွယ် ရှိတယ်။ ဒါပေမဲ့ ငါတို့တွေ ဒါရိုက်ဘာ အဖေရဲ့ အကူအညီတော့ ယူရလိမ့်မယ်။ ဒါကြောင့် ငွေနည်းနည်းတော့ ပိုကုန်လိမ့်မယ်။”
ဖုန်းယွီက ပြောလိုက်သည်။
“ငါနားလည်ပါတယ်။ ဒါပေမဲ့ ငါသဘက်ခါကျ မော်စကိုကို ပြန်တော့မှာ။ အဲ့တော့ မြန်မြန် လုပ်မှ ရမယ်။ ဒီ ၁၀၀၀ ရူဘယ်လ်က မင်းအတွက် လောက်ရဲ့လား”
ထိုသို့ပေးခြင်းက တစ်ဦးပေါ်တစ်ဦး ပေးသည့် အကူအညီအတွက် ပြန်လည်ပေးခြင်း ဖြစ်သည်။
“ကိစ္စမရှိပါဘူး”
ဖုန်းယွီက ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။
https://www.facebook.com/107432221758879/posts/122009000301201/