အခန်း ၇

အခန်း ၇

နိုင်ငံခြားငွေ လဲလှယ်ခြင်း

ဖုန်းယွီသည် နေ့လည်စာ စားပြီးတိုင်အောင် အသေးစိတ် ရှင်းပြရန် အခွင့်အရေး မရခဲ့ပေ။ ဖုန်းရှင်းထိုက်က ထွန်စက်မောင်းရမှာ ဖြစ်သည့်အတွက် ဘီယာ တစ်ပုလင်းသာ သောက်သည်။ သူတို့ အိမ်ကို ၃နာရီမှ ၄နာရီခန့် ကြာအောင် ထွန်စက်မောင်းရမည် ဖြစ်သည်။

မိသားစု နှစ်ဖက်လုံး အလွန် ပြေလည်ကြသည်။ ဖုန်းယွီကြောင့်သာ မဟုတ်လျှင် ဖုန်းရှင်းထိုက်က သူ့သမီးကိစ္စကို သတိပြုမိမည်မဟုတ်။ ဖုန်းရှင်းထိုက်က ထိမ်းမြားခြင်းအတွက်လည်း ပြောဆိုခဲ့၏။

ဖုန်းတန့်ယင်းသည် တစ်ဆယ့်ကိုးနှစ်ခန့်သာ ရှိသေးပြီး ကျောင်းတက်နေဆဲ ဖြစ်သည်။ သူတို့ လက်ထပ်လျှင်တောင် သူမ သူနာပြုကျောင်းမှ ဘွဲ့ရမှာသာ ဖြစ်ပေမည်။

ဖုန်းယွီသည် နေ့လည်စာ စားချိန်တွင်လည်း လီရှစ်ချင်ကို အပူကပ်နေသည်။ သို့သော် အကြောင်းအရာက ငွေတိုက်စာချုပ်များ အကြောင်း မဟုတ်ပေ။ ဖုန်းယွီသည် ပထမဆုံး လီရှစ်ချင်ကို သူသည် ငွေရှာနိုင်သည့် သူဖြစ်ကြောင်း အရင် ပြရပေမည်။

“မင်းဘာပြောလိုက်တယ်။ ဦးလေးဖုန်းရဲ့ အိတ်ထဲမှာ ၂၀,၀၀၀ရူဘယ်လ် ရှိတယ်။ မင်းငါ့ကို လာနောက် နေတာလား။”

လီရှစ်ချင်က ဖုန်းရှင်းထိုက်တွင် ရူဘယ်လ်၂၀,၀၀၀ရှိသည်ကို ကြားသောအခါ ထရပ်လိုက်၏။ ရူဘယ်လ်၂၀,၀၀၀သည် များပြားသည့် ပမာဏ ဖြစ်၏။ ထိုငွေဖြင့် ဘင်းမြို့တော်တွင် သူ့အိမ်နှင့် တူသည့် တိုက်ခန်းအချို့ကို ဝယ်ရန် လုံလောက်ပေသည်။

တန့်ယင်းက သူ့အိမ်သည် ယွမ် ၁၀,၀၀၀ ပိုင်ဆိုင်သည့် အိမ်ထောင်စု ဖြစ်ကြောင်း မပြောခဲ့ဘူးပေ။ ဘာကြောင့် သူတို့ ဒီလောက်များတဲ့ ငွေပမာဏကို ဘင်းမြို့တော်ကို ယူလာသနည်း။
“ဟာသ ပြောနေတာ မဟုတ်ဘူး အစ်ကိုလီ။ အစ်ကိုက စာတိုက်ရုံးမှာ အလုပ်လုပ်တယ်။ ရူဘယ်လ်နဲ့ ယွမ်ကို လဲဖို့လာတဲ့လူတွေ ရှိမှာ ကျွန်တော် အသေအချာပြောရဲတယ်။ပြီးတော့ ဘဏ်မှာ နိုင်ငံခြားငွေတွေကို လဲလှယ်ဖို့ လျှောက်လွှာ တင်ရသေးတယ်။ ပြဿနာက အဲ့တစ်ခုထဲ မဟုတ်ဘူး။ ငွေလဲလှယ်ပေးတာကလည်း အကန့်အသတ် ရှိသေးတယ်။ ကျွန်တော် ကြားတာက သိုသိုသိပ်သိပ်လေးနဲ့ ငွေလဲလှယ်ပေးတာက ဘဏ်မှာ ငွေလဲတာထက် နှုန်းထား ပိုများတယ်။”

လီရှစ်ချင်က ဖုန်းယွီအား ကြည့်ကာ
“မင်းက ငါ့ကို နိုင်ငံခြားငွေကို လဲဖို့ ရှာတဲ့ လူတွေကို အမြင့်ဈေးနဲ့ လဲလှယ် ပေးစေချင်နေတာလား။”

“ဟုတ်တာပေါ့။ အစ်ကိုက အစ်ကိုမလုပ်နိုင်ဘူးလို့ ပြောချင်တာလား။ ဒါက ကျွန်တော် အဖေရဲ့ အကြံနော် ဒါပေမဲ့ သူက မေးဖို့ အဆင်သိပ်မပြေလို့။ ”

ဖုန်းရှင်းထိုက်က သူ့သားသည် သူ့နာမည်ကို ရောင်းလိုက်မှန်းတောင် မသိရှာပေ။

တန့်ယင်းအဖေ၏ အကြံဖြစ်သည် ဆိုကတည်းက လုရှစ်ချင်သည် သေချာပေါက် လုပ်ရမည်ဖြစ်သည်။ ထို့ပြင် သူသည် စာတိုက်ရုံးတွင် အလုပ်လုပ်ပြီး လူအများအပြားက သူ့ထံကို နိုင်ငံခြားငွေ လဲလှယ်ရန် ချည်းကပ်လာပါက သူသည် နိုင်ငံခြားငွေကို လဲလှယ်ပေးနိုင်မှာ ဖြစ်၏။ ရူဘယ်လ်၂၀,၀၀၀သည် ကြီးမားသည့် ငွေကြေးပမာဏ ဖြစ်သော်လည်း သူသည် ထိုငွေများ အားလုံးကို သုံးရက်မှ ငါးရက်အတွင်း အကုန် လဲလှယ်ပြီးမည်ဟု ယုံကြည်ချက်ရှိသည်။

“ကောင်းပြီ။ အကို့ဆီထားခဲ့လိုက်။ ရူဘယ်လ်၂၀,၀၀၀ကို ယွမ် ကြေးမြင့်မြင့်နဲ့ လဲလှယ်ပေးမယ်လို့ အစ်ကို အာမခံတယ်”

“ကောင်းပြီ။ ခဏနေရင် အဖေက အစ်ကို့ကို ပိုက်ဆံပေးလိမ့်မယ်။ ပြီးတော့ ဒါက အစ်ကို့အတွက် အဖေ့ရဲ့ စမ်းသပ်မှု တစ်ခုပဲနော်”

ဖုန်းယွီက ပြောလိုက်၏။

လီရှစ်ချင်အပေါ် များစွာ ယုံကြည့်မှု ရှိသည့် သူ့ယောက္ခမလောင်းအပေါ် ဘာကြောင့် စိတ်ပျက်အောင် လုပ်မည်နည်း။ သူသည် ချက်ချင်းပင် ဖုန်းယွီအား ငွေလဲလှယ်ခြင်းကို သုံးရက်အတွင်း လဲပေးမည်ဟု ကတိပေး လိုက်သည်။

တစ်နာရီခန့် ကြာပြီးနောက် ဖုန်းရှင်းထိုက်သည် ထွန်စက်ကို အပူပေးရန် အပြင်ကို ထွက်သွားသည်။ ထိုခေတ်တွင် ရေမခဲဆေး မရှိသေးပေ။ ထွန်စက်အား အပူမပေးလျှင် နှိုး၍ မရနိုင်ပေ။

လီရှစ်ချင်သည် ကူညီရန်အတွက် အောက်ကို ဆင်းသွားသည်။ ဖုန်းယွီလည်း အောက်ထပ်ကို ဆင်းသွားသည်။
“အဖေ ကျွန်တော် အဖေနဲ့ ပြောစရာ ကိစ္စရှိသေးတယ်။ ကျွန်တော် ပိုက်ဆံကို အရင်သုံးလို့ရမလား”

ဖုန်းယွီက သတိထားလျက် မေးလိုက်သည်။

ဖုန်းရှင်းထိုက်သည် ပိုက်ဆံအိတ်ကို သူ့လက်နှစ်ဖက်ဖြင့် ပိုက်ပြီး ဖုန်းယွီအား သတိကြီးကြီးဖြင့် ကြည့်ကာ

“မင်း ဘာပြောလိုက်တာလဲ။ မင်းက အခုထိ လူဆိုးလေးပဲ။ ဒီလောက် ပိုက်ဆံအများကြီးကို မင်းဘယ်လို သုံးရမလဲဆိုတာ သိလို့လား။ ပြီးတော့ မင်းက ဒီပိုက်ဆံတွေကို ဘာအတွက် သုံးမလို့လဲ။”
“အဖေ ကျွန်တော် ဆရာပြောတယ်။ မြို့မှာရှိတဲ့ လူတွေက နိုင်ငံခြားကို ခရီးသွားတဲ့အခါ သူတို့က နိုင်ငံခြားသုံးငွေ သုံးရတယ်။ သူတို့တွေက ဘဏ်မှာ အများကြီး လဲလှယ်လို့ မရဘူး။ သူတို့တွေက ငွေကြေးတွေကို ဈေးမြင့်မြင့်နဲ့ လဲလှယ်တဲ့ သူတွေ ရှာလာကြတယ်။ အစ်ကိုလီက စာရိုက်ရုံးမှာ လုပ်တယ် ပြီးတော့ သူ့မှာ နည်းလမ်း ရှိတယ်။ ကျွန်တော်တို့တွေ အစ်ကို့ကို ရူဘယ်လ် ၂၀,၀၀၀ကို လဲခိုင်းလိုက်ရင် ငွေလဲလှယ်နှုန်းက ဘဏ်ထက်များမှာပဲ”

ဖုန်းယွီက ပြောလိုက်သည်။ သူသည် သူ့ကိုယ်သူ ပိုက်ဆံများများ ရှာနိုင်သည့် နည်းကို ပြန်သုံးလိုက်ပြန်သည်။

မနက်ခင်းရှိ ညှိနှိုင်းမှုက ဖုန်းရှင်းထိုက်ကို မှင်သက်သွားစေသည်။ ဖုန်းရှင်းထိုက်က သူသားသည် ကျောင်းတက်ပြီးနောက် ပိုပြီး စွမ်းရည် ထက်မြက်လာသည်ကို တွေ့ရှိသွာသည်။ ထိုနည်းလမ်းက ငွေများများ ရှာနိုင်သည့် နည်းဖြစ်ပါက သူသည် ငွေများများရှာချင်မည်မှာ သေချာပေါက် ဖြစ်သည်။

“စာတိုက်ရုံးမှာ နိုင်ငံခြားငွေတွေကို လဲလှယ်လို့ ရလို့လား။ ဘယ်လောက်ထိ ဖြစ်နိုင်မှာလဲ”

“အနည်းဆုံးတော့ ထောင်ဂဏန်းလောက်ပေါ့။ ယွမ်ပေါင်း ထောင်ချီ အနည်းငယ် ပိုလိမ့်မယ်”

ဖုန်းယွီက သူ၏ တည်ငြိမ်သည့် လေသံဖြင့် ပြောလိုက်သည်။ သူသည် အရင်ဘဝက ရင်းနှီးမြှပ်နှံမှု ပွဲစားလုပ်ခဲ့သည့် အခါက သူသည် ယခုလို့ နည်းလမ်းဖြင့် ရင်းနှီးမြှပ်နှံမည့် သူများအား ထိုနည်းဖြင့် ရင်းနှီးမြှပ်နှံရန် အယုံသွင်းခဲ့တာ ဖြစ်သည်။

“ထောင်ပေါင်းများစွလား။ အဲ့လောက်တောင် များမှာလား။ ရူဘယ်လ်က ကောင်းတယ် အဲ့တာဆိုတော့ ယွမ်ထက်ကို အများကြီးတန်ဖိုး ရှိတယ်။ ရှောင်လီက အဖေတို့ အတွက် ပိုက်ဆံတွေကို လဲပေးနိုင်မှာလား။ တကယ်လို့ သူတို့ မိသားစုက သိသွားခဲ့ရင် အဖေတို့ မိသားစုကို လောဘကြီးတယ်လို့ ထင်သွားပြီး မင်းအစ်မအတွက် မကောင်းတဲ့ အမြင်တွေကို ရှိမလာနိုင်ဘူးလား။”
ဖုန်းရှင်းထိုက်က ချီတုံချတုံဖြင့် ပြောလိုက်သည်။ ပိုက်ဆံသည် အရေးကြီးသော်လည်း သူ့သမီး၏ ပျော်ရွှင်မှုက ပို‌၍တောင် အရေးကြီးပေသည်.

“အဖေ။ အဲ့တာက အစ်ကိုလီရဲ့ စိတ်ကူးပဲ။ ကျွန်တော်တို့တွေ ဘဏ်ကိုသွားပြီး ငွေလဲမဲ့ အကြောင်းကို ကျွန်တော်ပြောခဲ့တယ် ပြီးတော့ သူက ကျွန်တော်တို့အတွက် ပိုက်ဆံတွေကို လဲပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်။ ပြီးတော့ သူက ပြောတယ် ဘဏ်မှာ လဲပေးတဲ့ ငွေလဲလှယ်နှုန်းက သိပ်မကောင်းဘူး။ ဒါ့အပြင် အစ်ကိုလီနဲ့ အစ်မနဲ့က အတူတူ ရှိနေကြပြီ။ ဦးလေး လီက နောက်ထပ် ရက်အနည်းငယ်နေရင် ကျွန်တော်တို့အိမ်ကို အလည်လာမှာ။ အစ်ကိုလီက သူလာလည်တာနဲ့ ငွေတွေကို ယူခဲ့မယ် ပြောတယ်”

ဖုန်းရှင်းထိုက် အတန်ကြာ တိတ်ဆိတ်သွားသည်။ ပိုက်ဆံထုတ် နှစ်ထုတ်ကို ထုတ်လိုက်ပြီး ရူဘယ် ငွေထုတ်များအား ထုတ်လိုက်ပြီးနောက် ဖုန်းရှင်းထိုက်က ဖုန်းယွီကို ကမ်းပြီးနောက် လီရှစ်ချင်ကို ပေးလိုက်သည်။

ဖုန်းယွီသည် လီရှစ်ချင်အား ရူဘယ်လ်ကို ပေးရင်း
“အစ်ကိုလီ ခင်ဗျားသာ ဒီတာဝန်ကို ပြီးအောင်လုပ်ရင် ကျွန်တော်အစ်မနဲ့ လက်ထပ်ဖို့က ခွင့်ပြုပြီပဲ”
လီရှစ်ချင်မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီမြန်းသွား၏။ သူသည် ရူဘယ်လ်ကို သိမ်းလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ သူသည် ဖုန်းရှင်းထိုက်၏ စိတ်ကူး ပြောင်းသွားမည်ကို ကြောက်သည်။

ထွန်စက်က နွေးလု နီးပါး ဖြစ်သွားပြီ ဖြစ်သည်။ တစ်ဖန် ဖုန်းရှင်းထိုက်က ကြိုးကိုဆွဲပြီး စက်ကို နှိိုးလိုက်ပြန်သည်။ လီရှစ်ချင်က တန့်ယင်းကို ခေါ်ရန် အပေါ်ထပ်ကို ပြန်တက်သွားသည်။

လီမိသားစုက သူတို့ကို လိုက်ပို့ပေးရန်အတွက် အောက်ကို ဆင်းလာခဲ့သည်။ သူတို့သည် ဖုန်းရှင်းထိုက်အား သိုးလက်တစ်ချောင်းပေးပြီး ဖုန်းယွီကို ၁၀ယွမ်ပေးလိုက်သည်။

ဖုန်းမိသားစု ပြန်သွားသည့် အခါ လီဖူးထိုက်က သူ့သားလက်ထဲတွင် ပိုက်ဆံထုတ် နှစ်ထုတ် ကိုင်ထားသည်ကို သတိပြုမိလိုက်သည်။

“မင်းဘာတွေ ကိုင်ထားတာလဲ”

လီဖူးချိုက်က မေးလိုက်သည်။

“ဒီငွေတွေက ဦးလေးဖုန်းတို့ ဝက်ဝံရောင်းတာကနေ ရလာတဲ့ ပိုက်ဆံတွေပါ။ ဒီငွေတွေ အကုန်လုံးက နိုင်ငံခြားငွေတွေ။ ရူဘယ်လ်တွေလေ။ သူက ကျွန်တော်ကို ဒီငွေတွေကို သိုသိုသိပ်သိပ်နဲ့ ယွမ်အဖြစ် ပြန်လဲပေးစေချင်တာ။ ဒီနည်းလမ်းက ဘဏ်မှာ ငွေလဲလှယ်တာထက် ပိုကောင်းတယ်”

“သားရဲ့ ဦးလေးဖုန်းက မင်းကို တော်တော် ယုံကြည်တာပဲ။ ဒီငွေတွေကို ရက်ပိုင်းအတွင်း လဲပေးဖို့ ကြိုးစားလိုက်နော်။ အဖေတို့တွေ သူတို့ဆီ သွားလည်တဲ့အခါ ဒီငွေကို ပြန်ယူသွားရအောင်။ ဒါနဲ့ ရူဘယ်လ် ဘယ်လောက်တောင်လဲ။”

အဖေလီက သူ့၏ ခမည်းခမက်လောင်းများက သူ့သားအပေါ် ယုံကြည်မှု ရှိသည်ကို သိပြီးနောက် ပျော်ရွှင်သွားသည်။
‘ဒီကိစ္စက ကောင်းမွန်တဲ့ အရာမဟုတ်ပါလော’

“၂၀,၀၀၀ရူဘယ်လ်”

“ဘယ်လောက်”

အဖေလီက ထပ်မေးလိုက်သည်။

“ရူဘယ်လ် ၂၀,၀၀၀”
“ရူဘယ်လ််၂၀,၀၀၀ ။ ဝက်ဝံက ဘယ်လောက်တောင် ကြီးတာလဲ။ ရူဘယ်လ် ၂၀,၀၀၀ဆိုတာ အဖေတို့အိမ်ကိုတောင် ဝယ်လို့ရတဲ့ ငွေပမာဏ။ လယ်သမားတွေက မြို့တော်မှာ အလုပ်လုပ်တဲ့ သူတွေထက် ပိုပြီး အလုပ် ဖြစ်နေတာပဲ”

အဖေလီက မှတ်ချက်ပြုလိုက်သည်။

“ဘာကြောင့်မို့လဲ။ ငါ့ရဲ့ သားက ဘင်းမြို့သား တစ်ယောက် ဖြစ်တဲ့အပြင် သူက စာတိုက်ရုံးမှာပဲ အလုပ်လုပ်တာလေ”

လီ၏ အမေသည် ဖုန်းမိသားစုကို အထင်အမြင် မသေးသော်ငြား သူမသည် မြို့တော်တွင် နေသည့်အတွက် ဟန်ကြီးပန်ကြီး လုပ်နေဆဲ ဖြစ်သည်။

“ရူဘယ်လ်၂၀,၀၀၀ ပဲ။ အခု ငွေလဲလှယ်နှုန်းနဲ့ဆို တန်ဖိုးက ၈၀,၀၀၀ယွမ်လောက်ရှိတယ်”

လီရှစ်ချင်က ထပ်ပေါင်းပြောလိုက်သည်။
ယခုအချိန်တွင် လီ၏ အမေသည် မတိတ်ဆိတ်နိုင်တော့ဘဲ မေးလိုက်သည်။
“၈၀,၀၀၀ယွမ်လောက်လား။ သူတို့တွေ ဝက်ဝံ ဘယ်နှစ်ကောင်တောင် ရခဲ့တာလဲ”

“အဖေအမေ။ ဒီပိုက်ဆံတွေကို အိမ်ထဲ အရင်ယူသွားပေး။ ကျွန်တော် အပြင် ခဏသွားလိုက်ဦးမယ်။ နှစ်သစ်ကူးမတိုင်ခင်တုန်းက ငွေလဲလှယ်ဖို့ မေးထားတဲ့ လူတွေ အများကြီး ရှိတယ်။ ကျွန်တော် သွားပြီး သူတို့တွေ ဘယ်လောက်လဲချင်လဲဆိုတာကို သွားမေးလိုက်ဦးမယ်”
လီရှစ်ချင်က ရူဘယ်လ်ငွေ အထုပ်လိုက်ကို သူ့အမေကို လက်ကမ်းပေးနေစဉ် ပြောလိုက်သည်။

လီအမေသည် ရူဘယ်လ်ငွေကို ခပ်တင်းတင်း ကိုင်ထားပြီး တခြားလက်တစ်ဖက်က သူ့ခင်ပွန်းလက်ကို ကိုင်ထားကာ အပေါ်သို့ တက်သွားသည်။ သူမအနေဖြင့် သူ့မ၏ ဘဝတွင် ထိုမျှ များပြားသည့် ငွေပမာဏကို မမြင်ဘူးသည့်အတွက် စိတ်မသက်မသာ ဖြစ်နေတော့သည်။

လီရှစ်ချင်၏ စာတိုက်ရုံးရှိ အလုပ်သည် များစွာ သက်တောင့် သက်သာ ဖြစ်စေသည်။ ထိုခေတ်တွင် စာတိုက်ရုံးများသည် များစွာသော အခန်းကဏ္ဍများတွင် ပါဝင်ကြသည်။ ဒီအတိုင်းတော့ ထိုအလုပ်သည့် လူအများ၏ အထင်မြင်ကို ရရှိပြီး လီရှစ်ချင်ကို တခြားသူများ မလုပ်ဆောင်နိုင်သည့် အလုပ်များကို လုပ်ဆောင်နိုင်သည့်အတွက် သူသည် အစွမ်းအစရှိသူ တစ်ယောက် ဖြစ်ပသည်.

ဥပမာ အနေဖြင့် ကုမ္ပဏီရှိ ဒုဥက္ကဋ္ဌသည် ဆိုဗီယက်ပြည်ထောင်စုကို အလုပ်ခရီး သွားသည့်အခါ သူသည် သူ့မိန်းမနှင့် ကလေးအတွက် အမှတ်တရ လက်ဆောင်များကို ဝယ်ချင်သည် သို့သော် သူ့ကို ထုတ်ပေးသည့် နိုင်ငံခြားငွေမှာ ပမာဏ နည်းလွန်းသည်။ သူ့မိန်းမ၏ တူသည် လီရှစ်ချင်၏ အတန်းဖော်ဖြစ်သည်။ သူက လီရှစ်ချင်ကို နိုင်ငံခြားငွေ လဲလှယ်ရန်အတွက် အကူအညီ လာတောင်းသည်။

နေ့လည်ခင်း ညှိုနှုန်းမှု ပြီးနောက် လီရှစ်ချင်သည် ၈,၀၀၀ရူဘယ်အား ၁ရူဘယ်လ်လျှင် ၄.၅ယွမ်နှုန်းဖြင့် လဲလှယ်ပေးခဲ့သည်။ သူသည် ရူဘယ်များကို လူမှုရေးအရ ကုမ္ပဏီ၏ ဒုဥက္ကဋ္ဌထံအိမ်ကို သွားလဲပေးခဲ့သည်။

သုံးရက်ကြာပြီးနောက် လီရှစ်ချင်သည် ၂၀,၀၀၀ရူဘယ်လ် အကုန်လဲလှယ်ပေးပြီး ဖြစ်သည်။ စုစုပေါင်း ယွမ် ၉၁,၂၀၀ရခဲ့သည်။ ထိုပမာဏသည် ပုံမှန် ရူဘယ်လ် ငွေလဲနှုန်းထက် နှစ်ဆရခဲ့တာ ဖြစ်သည်။

လီရှစ်ချင်က အလွန် စိတ်လှုပ်ရှားနေသည်။ သူအနေဖြင့် သူ့ကောင်မလေး မိသားစု ပေးထားသည့် တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး သူ့ကောင်မလေး မိသားစုအတွက် ငွေအများကြီးရအောင် ကူညီပေးခဲ့တာ ဖြစ်ပြီး လူများစွာက သူ့ကို လုပ်နိုင်စွမ်းရှိသည့် လူတစ်ယောက်အနေဖြင့် မှတ်ယူကြသည်။ သိုသော် သူ့ကို အနှောက်အယှက်ပေးသည့် အရာ တစ်ခုကား ရှိသည်။ များစွာသော လူများက သူ့အား ရူဘယ်လ်ငွေမှ ယွမ်ငွေလဲရန် လာရှာကြသည်။ သို့သော် သူတွင် ရူဘယ်လ်ထပ်မရှိတော့ပေ။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset