အခန်း ၆
အနာဂတ်ယောက်ဖလောင်း
ဖုန်းယွီသည် စာချုပ်နှစ်ခုကို တရုတ်နှင့် ရုရှားဘာသာ စကားဖြင့် သေသပ်စွာ ရေးလိုက်၏။ ထိုစာချုပ်တွေကို ကွန်ပြူတာဖြင့် ရေးသားထားခြင်း မဟုတ်ပေ။ ဖုန်းယွီကိုယ်တိုင် လက်ရေးဖြင့် ရေးထားတာ ဖြစ်ပြီး နှစ်ဦးနှစ်ဖက်လုံးက ကျေကျေနပ်နပ်ဖြင့် စာချုပ် ချုပ်ဆို၏။ ဝက်ဝံသည် ၁၀,၀၀၀ယွမ်ခန့်သာ တန်ဖိုးရှိသော်လည်း ညှိနှိုင်းရောင်းချမှုမှ နေ၍ ၂၀,၀၀၀ရူဘယ်လ်နှင့် ၇,၀၀၀ယွမ် ဖြင့် ရောင်းချနိုင်ခဲ့၏။ ထိုဝက်ဝံကို အင်တာနေရှင်နယ်ဟိုတယ်မှ အရေဆုတ်ပြီး သားမွေး ဖယ်ရှားပေးမည်။
ယွီချွမ်ရွမ်က ရူဘယ်လ်ငွေကြေးကို ဖုန်းယွီနှင့် တိုက်ရိုက် လဲလှယ်ရန် ပြောဆိုသော်ညား ဖုန်းယွီက ငြင်းလိုက်၏။ ၁၉၈၀ နှောင်းပိုင်းတွင် တရုတ်ပြည်၏ နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းက တရားဝင် ငွေလဲနှုန်းနှင့် တူညီမှု မရှိပေ။ သူ သေချာပေါက် မှတ်မိသည်ကား သူ၏ ယောက်ဖလောင်းက ထိုနိုင်ငံခြားငွေများကို သူ့နည်းလမ်းဖြင့် ယွမ်အဖြစ် လဲလှယ်ပေးခဲ့၏။
ဖုန်းယွီ ထွက်သွားပြီး ကီရီလန်ကို၏ စကားပြန်က ရောက်လာသည်။ ကီရီလန်ကိုသည် ဝက်ဝံ သားမွေးအား ရူဘယ်လ်၂၀,၀၀၀ဖြင့် ဝယ်ခဲ့သည်ကို စကားပြန်က သိပြီးနောက် ကီရီလန်ကိုအား အလိမ်ခံရပြီ ဖြစ်ကြောင်း ပြောလိုက်၏။ အကယ်၍ ကီရီလန်ကို အလိုရှိပါက သူသည် ဝက်ဝံနက် သားမွေးကို ၅,၀၀၀ယွမ်ဖြင့် ရရှိနိုင်ကြောင်း စကားပြန်က ပြောလိုက်၏။
ကီရီလန်ကိုက ဒေါသထွက်သွားသည်။ သူသည် တရုတ်ကလေးငယ်၏ လှည့်ဖျားခြင်းကို ခံလိုက်ရသည်။ သို့သော် သူဝယ်ယူခဲ့သည့် သားမွေးသည် အသစ်စက်စက် ဖြစ်သည့် အတွက် သူ့ကို ကြွားလုံးထုတ်ရ ကောင်းမှာ ဖြစ်သည့်အတွက် ချက်ခြင်း စိတ်ဖြေသိမ့်လိုက်သည်။ လွန်ခဲ့သည့် နှစ်များစွာက သားမွေးများကို သူ ရှရှားပြန်တိုင်း ဝယ်ယူနိုင်ပေ၏။ မည်သို့ပင် ဖြစ်စေ ကီရီလန်ကိုသည် ထိုကလေးငယ်ကို တွေ့ပါက သေချာပေါက် သင်ခန်းစာ ပေးမည် ဖြစ်သည်။
“သမီးရဲ့ အတန်းဖော်တွေနဲ့ သွားတွေ့ မလို့လား။ အဲ့အတန်းဖော်က ယောက်ျားလေးလား၊ မိန်းကလေးလား။”
ဖုန်းရှင်းထိုက်က ဖုန်းတန့်ယင်းကို သံသယ အကြည့်ဖြင့် ကြည့်ကာ မေးလိုက်၏။
“အဖေ ဘာလို့ ဒီအချိန်မှာ ဘယ်ကောင်မလေးက သူ့ရဲ့ ညီအမတွေကို တွေ့ဖို့သွားမှာလဲ။ ကျွန်တော် ခန့်မှန်းရသလောက် သူရဲ့ ရည်းစားပဲ ဖြစ်ရမယ်။ အဖေ မြို့ပေါ် ရောက်နေတာ ကောင်းသွားတယ်။ အဖေ သူ့ကောင်လေးရဲ့ ပုံစံကို အကဲခတ်ကြည့်လိုက်လေ။ အဖေ့ရဲ့ အတွေ့အကြုံတွေ သုံးပြီး အစ်မကို ကစားနေသလား ဆိုတာ ဖော်ထုတ်ကြည့်ပါလား”
ဖုန်းယွီက သူ့အဖေအား မြှောက်ပင့် ပြောလိုက်သည်။
“ကောင်းပြီ။ မင်းပြောတာ မှန်တယ်။ မင်းအစ်မက သူ့အသက်အရွယ်နဲ့ဆို ရည်းစားတစ်ယောက်ထားဖို့ အရွယ်ရောက်ပြီ။ ဒါပေမဲ့ အဲ့ကောင်လေးက အကျင့်စရိုက်ကောင်းဦးမှ။ ရှောင်ယွီ မင်း ကျောင်းမှာ စာ ကောင်းကောင်း လေ့လာတယ်လို့ မပြောနဲ့။ မင်းခုလေးတင် ရှရှားလူမျိုးနဲ့ စကား ပြေပြေပြစ်ပြစ် ပြောနိုင်နေပြီ။ ရှရှားတွေနဲ့ စာချုပ်တောင် ချုပ်လိုက်သေးတယ်။ မင်းစာချုပ် ကြည့်နေတဲ့ မန်နေဂျာယွီရဲ့ မျက်နာမှာ ပြောစရာ စကားမဲ့သွားပြီး တန်ဖိုး မရှိသလိုကို ဖြစ်သွားတာ”
“ဒါပဲ ဖြစ်ရမှာပေါ။ ကျွန်တော်က အဖေ့သားလေ။”
ဖုန်းယွီ ပြောလိုက်သည့် စကားက ဖုန်းရှင်းထိုက်ကို ပျော်ရွှင်သွားစေသည်။
အစောပိုင်းက ဖုန်းယွီသည် ရှရှာလူမျိုးနှစ်ယောက်နှင့် အင်တာနေရှင်နယ်ဟိုတယ် မန်နေဂျာယွီနဲ့ ဝက်ဝံဈေးကို ဆွေးနွေးခဲ့ကာ သူတို့ မှန်းထားသည့် ဈေးထက်ပိုပြီး ရောင်းချနိုင်ခဲ့၏။ ပိုအရေးကြီးသည့် အရာကား အင်တာနေရှင်နယ် ဟိုတယ်မှ လူများ၏ သူတို့ကို ကြည့်သည့် အကြည့်များ ဖြစ်ပေသည်။ အကြည့်တွင် ဖုန်းမိသားစုက ထူးချွန်တဲ့ ကလေးတစ်ယောက် ပိုင်ဆိုင်ထားသည့်ဟူသော အဓိပ္ပာယ်ပါနေ၏။
ဖုန်းရှင်းထိုက်က ထွန်စက်မောင်းရန်အတွက် ကြိုးဆွဲပြီး စက်နိုးလိုက်၏။ ဖုန်းယွီသည် တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းကို လှည့်လိုက်သည်။ ထွန်စက်ကို မောင်းရန်အတွက် ကြိုးတစ်ချောင်းကို ဆွဲရပေသည်။ ကြိုးဆွဲစဉ် ပခုံးအဆစ်တောင် လွဲနိုင်သည်။
ဖုန်းရှင်းထိုက်က ထွန်စက်ကို ဖုန်းတန့်ယင်း လမ်းညွှန်မှုအတိုင်း နာရီဝက်ခန့် မောင်းလိုက်ရပြီးနောက် သူသည် လမ်းဘေးတွင် ရပ်နေသည့် ချည်ထည်ဂျပ်ကတ်အင်္ကျီ ဝတ်ဆင်ထားသည့် လူငယ် တစ်ဦးကို တွေ့လိုက်ရသည်။ သူ့လက်ထဲတွင် စစ်ဖက်သုံး ကုတ်အင်္ကျီကို ကိုင်ထားသည်။
“အဖေ။ ကားကို ရပ်လိုက်တော့။ လီရှစ်ချင်က ဟိုမှာ”
ဖုန်းတန့်ယင်းက သူ့အဖေ လက်မောင်းကို ပုတ်လိုက်သ၏။ မနေ့က ဖုန်းယွီသည် ဟိုတယ်ကို ဖုန်းခေါ်ခဲ့ပြီး တန့်ယင်းကလည်း လီရှစ်ချင်ကို ဖုန်းခေါ်ခဲ့သည်။ လီရှစ်ချင်ကို လွမ်းဆွတ်သည့်အတွက် တန့်ယင်းက ဘင်းမြို့တော်ကို အချစ်နှင့်တွေ့ရန် အရောက်လာခဲ့၏။
“တန့်ယင်း။ အေးတယ်။ ဒီကုတ်အင်္ကျီကို ဝတ်ထား”
ဖုန်းတန့်ယင်း ထွန်စက်ပေါ်မှ ဆင်းလာတာကို ကြည့်ရင်း လီရှစ်ချင်က သူ့အချစ်ဆီ ပြေးလာပြီး ဖုန်းတန့်ယင်းကို စစ်ဖက်သုံး ကုတ်အင်္ကျီ ဝတ်ပေးလိုက်တော့၏။
“ဟွတ်”
ဖုန်းရှင်းထိုက်က လည်ရှင်းလိုက်သည်။ သူ့သမီးကောင်လေးက သူ့သမီးအတွက် ကုတ်တစ်ထည် ယူလာပေးသည်ကို မြင်သည့်အခါ သူပျော်ရွှင်သွား၏။ သို့သော် ဖုန်းရှင်းထိုက်သည် သူ၏ရှေ့တွင် သူ့သမီးကို ကုတ်အင်္ကျီဝတ်ပေးသည်ကို မြင်ရသည့်အခါ မပျော်ရွှင်တော့ပေ။
“မင်္ဂလာပါ ဦးလေး။ ကျွန်တော် နာမည် လီရှစ်ချင်ပါ။ ကျွန်တော်က ဘင်းမြို့တော်ကပါ။ ကျွန်တော် မနှစ်တုန်းက စစ်တပ်ကနေ အနားယူခဲ့ပြီး ဒီဘင်းမြို့တော်မှာပဲ အလုပ်လုပ်နေတာပါ။ ကျွန်တော် ဒီနားက စာတိုက်ရုံးမှာ အလုပ်လုပ်နေပါတယ်။ မင်းက ရှောင်ယွီ ဖြစ်မယ်။ မင်းအစ်မက မင်းအကြောင်း မကြာမကြာ ပြောတယ်”
“မင်္ဂလာပါ အစ်ကိုလီ”
ဖုန်းယွီက ပြုံးလိုက်သည်နှင့် ချက်ချင်း သူက မသိမသာခေါင်းရမ်း လိုက်သည်။ သူ့အဖေသည် လီရှစ်ချင်၏ စကားကို ကြားသည့် အခါ မှင်သက်သွား၏။ ဖုန်းယွီ အကြောင်းကို သူ့သမီးထံမှ သိလိုက်သည့် အခါ သူတို့နှစ်ယောက်သည် တွဲတာ ကြာပြီ ဖြစ်ကြောင်း သိနိုင်ပေသည်။ အကယ်၍ ဖုန်းရှင်းထိုက်သည် ဝက်ဝံ ရောင်းရန်အတွက် ဘင်းမြို့တော်ကို မတက်ခဲ့လျှင် သူသည် သူတို့နှစ်ယောက်၏ ချစ်သူရည်းစား ကိစ္စကို သိမှာ မဟုတ်ပေ။
သေချာသည်မှာ ဖုန်းရှင်းထိုက်၏ မျက်နှာက ပိုပြီး လေးနက်သွားသည်။ သူသည် လီရှစ်ချင်ကို ခေါင်းအစ ခြေအဆုံး အသေအချာ စိုက်ကြည့်နေ၏။ လီရှစ်ချင်သည် အရပ်သိပ်မရှည်။ သူသည် ငါးပေ ကိုးလက်မသာ ရှိသည်။ သို့သော် သူသည် တက်ကြွသည့် ပုံရသည်။ စာတိုက်ရုံးမှာ အလုပ်လုပ်သဖြင့် သူက ပြည်သူ့ ဝန်ထမ်း ဖြစ်သည်။ မဆိုးပေ။ သို့သော် ဖုန်းတန့်ယင်းကို သူ့နောက်တွင် ကြည့်ရသည်ကတော့ လုံးဝ စိတ်တိုင်းကျသည် မဟုတ်ပေ။
“ဦးလေး။ နေ့လည်တောင် ရောက်နေပြီ။ ကျွန်တော်အိမ်မှာ နေလည်စာ တည်ခင်းပါဗျ”
ဖုန်းရှင်းထိုက်သည် သူ့အိမ်တွင် စားရသည်မှာ တွန့်ဆုတ်နေ၏။ ထိုအဓိပ္ပာယ်က နှစ်ဦးနှစ်ဖက် မိဘတွေ့ဆုံပွဲ ပုံစံမျိုး သဘောပေါက်နေသောကြောင့် ဖြစ်၏။
ဖုန်းယွီသည် သူ့အဖေ၏ တွ့န်ဆုတ်နေသည်ကို မြင်သည့်အခါ တိုက်တွန်းလိုက်သည်။
“အဖေ ကျွန်တော်တို့ သွားရအောင်။ ကျွန်တော် အစ်ကိုလီနဲ့ မေးစရာတွေ ရှိသေးတယ်”
ဖုန်းယီ၏ အတွေးတွင် ယခုနှစ်တွင် ကိစ္စ အကြီးကြီး ဖြစ်လိမ့်မည် ဖြစ်ကာ ထိုကိစ္စကြီးက သူ့ပိုက်ဆံကို အဆပေါင်းများစွာ တိုးပွားစေနိုင်သည်။
ထိုအတွက် သူသည် ယုံကြည့်ရသည့် လူတစ်ယောက်ကို ရှိရန်လိုအပ်လာပြီဖြစ်ကာ သူ့နားတွင် ရှိသည့် သူ့ယောက်ဖလောင်းက အသင့်တော်ဆုံး ဖြစ်သည်။
“ကောင်းပြီ။ ဒါပေမဲ့ နေ့လည်စာအထိ မလိုဘူး။ ငါတို့ တစ်ခုခု သောက်ပြီး ပြန်မှာ”
လီရှစ်ချင်မိဘများသည် သူတို့ကို လှေကားရင်းတွင် စောင့်နေကြသည်။ ဖုန်းရှင်းထိုက်က ဝမ်းသာသွားသည်။ လီမိသားစုသည် မဆိုးဘူးဟု သူတွေးလိုက်မိသည်။
“မစ္စတာဖုန်း။ အပေါ်ထပ်ကို သွားကြရအောင်။ သမီးလေးက တန့်ယင်း၊ သားလေးက ရှောင်ယွီပဲ ဖြစ်ရမယ်။ နှစ်ယောက်စလုံးက မစ္စတာဖုန်းရဲ့ ခန့်ညားချောမောတဲ့ ရုပ်ရည်တွေကို အမွေရထားတာပဲ။”
လီရှစ်ချင်၏အဖေက သူတို့ သုံးယောက်လုံးက စာတစ်ကြောင်းထဲဖြင့် မြှောက်ပင့်ပြောလိုက်၏။
ဖုန်းရှင်းထိုက်သည် အင်တာနေရှင်နယ် ဟိုတယ်မှာ မန်နေဂျာယွီ ပြောတုန်းက ဘာမှ မခံစားရပေ။ သို့သော် ယခုအခေါက် လီရှစ်ချင်၏ အဖေက မစ္စတာဖုန်းဟု ခေါ်လိုက်သည့် အခါ သူသည် အရမ်းလေးစားသလို ခံစားသွားရကာ သူ့မျက်နှာထက်တွင် အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။
လှေကားတက်ရင်း ဖုန်းရှင်းထိုက်သည် မသိုးမသန့် ဖြစ်သလို ခံစားလိုက်ရ၏။ ထိုကဲ့သို့သော အဆောက်အဦးမျိုးက သူတို့ ရွာနဲ့ လယ်တွင် မရှိပေ။ ကံကောင်းသည်မှာ အောက်ထပ်တွင် အိမ်ဆိုင် သေးသေးလေး တစ်ဆိုင် ရှိပြီး ဖုန်းရှင်းထိုက်က စည်သွပ်ဘူး အနည်းငယ်နှင့် မုယောအချိုရည်တို့ကို လက်ဆောင် အဖြစ် ဝယ်သွားသည်။ အခြားသူ၏ အိမ်ကို မလည်သွားသည့် အခါ လက်ဗလာဖြင့် သွားခြင်းက မသင့်တော်ပေ။
အိမ်ကို ရောက်သည်နှင့် ဖုန်းယွီသည် တစ်ပတ်ကြည့်လိုက်သည်။ အိမ်က သိပ်မကြီးပေ။ အသုံးဝင်သည့် အကျယ်က ၅၀ပင်ထက် မများပေ။ ထိုအကျယ်အဝန်းက လယ်တောတွင် ရှိသည့် အိမ်ထက် သေး၏။ အနည်းဆုံးတော့ သူတို့ လယ်တောထဲရှိ အိမ်တွင် မြက်ခင်းပြင်နှင့် ပန်းခြံသေးလေး တစ်ခုရှိသေး၏။
ဖုန်းရှင်းထိုက်က လီဇနီးမောင်နှံနှင့် ပျော်ပျော်ရွှင်ရွှင် စကားစမြည် ပြောနေသည်။ မစ္စလီက လက်ဖက်ရည်ကို ငှဲ့ပေးကာ သူတို့ကို ကွာစေ့နှင့် မု့န့်ချိုများဖြင့် သူမ မီးခိုချောင်တွင် သွားချက်မပြုတ်ခင် ဧည့်ခံသည်။ သူ့သားသည် သူ့ကောင်မလေးနှင် သူ့ကောင်မလေး၏ မိဘကို ပထမဆုံး ခေါ်ခဲ့တာ ဖြစ်သည်။ ဘာပဲ ဖြစ်ဖြစ် သူသည် ဧည့်သည်အတွက် နေ့လည်စာ ပြင်ပေးရမည် ဖြစ်သည်။ ထို့အပြင် ယခုအချိန်က နှစ်သစ်ကူး အခါသမယ ဖြစ်သည်။
ဖခင် နှစ်ယောက်သားက ပျော်ရွှင်စွာ စကားပြောနေကြသည်။ ဖုန်းယွီသည် လီရှစ်ချင်ကို သူ့ဖက်ကို ဆွဲခေါ်လိုက်သည်။
“အစ်ကိုလီ။ အစ်ကို စာတိုက်ရုံးမှာ အလုပ်လုပ်တာလား”
“ဟုတ်တယ်။ မင်းအစ်မ မင်းကိုပြောတယ်။ မင်းက မျောက်တံဆိပ်ခေါင်း ဝယ်ချင်လို့လား။ အစ်ကို မင်းကိုပြောမယ်။ အခု တံဆိပ်ခေါင်းက ယွမ်၅၀ နီးပါးပဲ။ မတန်ဘူး။ တကယ်လို့ မင်း တခြား တံဆိပ်ခေါင်းမျိုး လိုချင်ရင် အစ်ကို မင်းကို ကူညီပေးနိုင်မယ်။”
များစွာသော လူများသည် မျောက်တံဆိပ်ခေါင်းကို ဝယ်ရန်အတွက် လီရှစ်ချင်ထံ ချည်းကပ်ကြသည်။ သို့သော် တံဆိပ်ခေါင်းသည် ဆက်မထုတ်သည့်အတွက် သူ့အနေဖြင့် ဘာမှ မလုပ်နိုင်ပေ။
“မဟုတ်ဘူး။ ကျွန်တော် မေးချင်တာက ငွေတိုက်စာချုပ်အကြောင်း။ အစ်ကို ကျွန်တော်ကို ငွေတိုက်စာချုပ် ဝယ်ဖို့အတွက် ကူညီပေးနိုင်မလား။”
ဖုန်းယွီသည် မျောက်တံဆိပ်ခေါင်းများပင် သတိရသွားသည်။ ကံဆိုးချင်တော့ အဲ့တာက အလွန်နောက်ကျနေပြီ ဖြစ်၏။ တံဆိပ်ခေါင်း ရင်းနှီးမြှပ်နှံမှု၏ ရွှေခေတ်သည်လည်း ကုန်ဆုံးသွားပြီ ဖြစ်သည်။ အကယ်၍ သူယခုအချိန်မှ တံဆိပ်ခေါင်းကို ရင်းနှီးမြှပ်နှံမည် ဆိုရင်တောင် ပြန်ရမည်မှာ မများပေ။
သူ့၏ အရင်ဘဝတွင် ငွေတိုက်စာချုပ်ကြောင့် ရွှေများစွာ ရရှိခဲ့သည့် တစ်စုံတစ်ယောက် ရှိခဲ့သည်။ သူသည် တစ်နှစ်အတွင်း မီလျံနာ သူဌေးဖြစ်သားသည်။ သူသည် ၂၀,၀၀၀ယွမ်ဖြင့်သာ စတင် ရင်းနှီးမြှပ်နှံခဲ့တာ ဖြစ်သည်။
“ငွေတိုက်စာချုပ်လား။ အဲ့တာတွေကို ဘာလုပ်မလို့လဲ။ ငွေပြန်ရဖို့က အကြာကြီး ပိုက်ဆံအဖြစ် ပြန်လဲဖို့က မသေချာနိုင်ဘူး။ ငါ စာတိုက်မှာ အလုပ်လုပ်ပြီး ယွမ်ပေါင်း ဒါဇင်ကျော် တန်ဖိုးရှိတဲ့ ငွေတိုက်စာချုပ်ကို ဝယ်ဖို့ တွန်းအားပေး ခံရတယ်။ တကယ်လို့ မင်းလိုချင်ရင် မင်းကို ၁၀ယွမ် တန်ဖိုးရှိတဲ့ ငွေတိုက်စာချုပ်ကို နှစ်သစ်ကူး မုန့်ဖိုး အဖြစ်ပေးမယ်လေ”
လူတစ်ယောက်လျှင် တစ်လကို ၈၀ယွမ်သာ ရသည့် အချိန်တွင် ၁၀ယွမ်ဟူသည့် ပမာဏက များသည်။ သို့သော် သူ့ကောင်မလေး အတွက် လီရှစ်ချင်သည် ဖုန်းယွီကို ၁၀ယွမ်ပေးရန်ကား လိုလိုလားလား ရှိသည်။
ဖုန်းယွီသည် လီရှစ်ချင်၏ အပြုံးတုကို ကြည့်လိုက်သည်။
“အစ်ကိုငွေ ကျွန်တော် အကို့ရဲ့ ငွေတိုက် စာချုပ်ကို မလိုချင်ပါဘူး။ ကျွန်တော်က ငွေတိုက်စာချုပ်တွေကို ဝယ်ချင်ရုံပါပဲ ကူညီပေးမယ်မလား။ ကျွန်တော် ငွေတိုက်စာရင်းကို အကိုရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူငယ်ချင်းတွေဆီက ဝယ်ချင်တယ်။ အစ်ကို ကျွန်တော်အတွက် ရှာပေးနိုင်တယ်မလား။”
သာသာပြန်မှတ်စု။ ငွေတိုက်စာချုပ်သည် အစိုးရ၏ နိုင်ငံတည်ဆောက်ရေးတွက် အစိုးရ အသုံးစရိတ်ကို ကာမိစေရန်အတွက် အစိုရက တရားဝင်ထုတ်ပေးထားသည့် အကြွေးလုံခြုံရေး စာချုပ်တစ်ခု ဖြစ်သည်။
တရုတ်အစိုးရသည် ငွေတိုက်စာချုပ်ကို ၁၉၅၀ပြည့်နှစ်တွင် ဘဏ္ဍာရေးဝန်ကြီးဌာနက စတင်ထုတ်ဝေခဲ့သည်။ ငွေတိုက်စာချုပ် ထုတ်ဝေမှုကို ၁၉၅၈ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည်။ သို့သော် နိုင်ငံတော် တည်ဆောက်ရေစီမံကိန်းများအတွက် ရံပုံငွေ ပြတ်တောက်မှုကို ဖြေရှင်းရန်အတွက် အဓိကဖြင့် ၁၉၈၁တွင် ပြန်လည် ထုတ်ပေးခဲ့သည်။ ငွေတိုက်စာချုပ် ဈေးကွက်သည် နှစ်အတန်ကြာ ငြိမ်နေခဲ့သော်လည်း လွန်ခဲ့သော နှစ်များတွင် ကမ္ဘာအကြီးဆုံး အစိုးရငွေတိုက်စာချုပ်တစ်ခု အဖြစ် ကြီးထွားလာခဲ့သည်။ (Bai, Fleming and Horan,2013)
Bai, J., Fleming, M.and Horan,C.(2013)
The Microstructure of China’s Government Bond Market