အခန်း ၄

အခန်း ၄

အိမ်ပြန်ခရီး

‘မိုးနတ်မင်းကို ကျေးဇူးတင်သင့်တယ်။’

ဝက်ဝံများအတွက် ပြုလုပ်ထာသည့် ကြီးမားသည့် ထောင်ချောက်တွင် ဝက်ဝံမိသွားခဲ့ကာ မြေပြင်ပေါ်တွင် လဲကျသွားပြီး နာကျင်မှုကို ခံစားနေရ၏။

လျိုကျီချွမ်သည် ထောင်ချောက်ကို ချိုးဖျက်ပြီး သူ့ခြေထောက်ကို ဆွဲထုတ်ပြီးနောက် သူသေနပ်ကို အလျင်အမြန် မောင်းတင်လိုက်သည်။

“ချက်”

ဝက်ဝံသည် ထောင်ချောက်မိနေသည့်တိုင် လျိုကျီချွမ်ကို တိုက်ခိုက်ရန် ကြိုးစားနေဆဲ ဖြစ်သည်။ သို့သော် ထိုထောင်ချောက်သည် သတ္တုအထူဖြင့် ပြုလုပ်ထားပြီး တစ်ဖက်ကို သစ်ပင်နှင့် ချီထားသည်။ သံကြိုး၏ အရှည်ကြောင့် ဝက်ဝံသည် လျိုကျီချွမ်နားကို မရောက်နိုင်ပေ။

ဘန်း…ဘန်း…ဘန်း

သေနပ်သံ သုံးချက် ဆက်တိုက်ကို ကြားလိုက်ရသည်။ ဖုန်းယွီ၊ တုန်းကျွမ်းနှင့် လျိုကျီချွမ် တို့က တစ်ချက်ဆီ ပစ်လိုက်ခြင်း ဖြစ်သည်။ ဝက်ဝံသည် နီးသည့် အကွာအဝေးကြောင့် မရှောင်တိမ်းနိုင် ဖြစ်ကာ သေနပ်သုံးချက်က သူ့ခေါင်းကို ထိသွား၏။

ဝက်ဝံသည် မြေပြင်ပေါ်သို့ ဆန့်ငင်ဆန့်ငင်ဖြင့် ကျသွားတော့၏။ သွေးများ တဖြည်းဖြည်း စီးကျလာကာ ဆီးနှင်းဖုံးလွှမ်းနေသည့် မြေပြင်ပေါ်တွင် သွေးစွန်းများ ဖြစ်သွားစေ၏။

လျိုကျီချွမ်က မြန်မြန်ထလိုက်ကာ သူသေနပ်အား ပြန်မောင်းတင်လိုက်ပြီး ဝက်ဝံဆီ ဖြည်းဖြည်းချင်း သွားလိုက်တော့သည်။

ဘန်း

ဝက်ဝံသည် နှစ်ခါ လှုပ်သွားပြီးနောက် မလှုပ်ရှားတော့ပေ။

လျိုကျီချွမ်က သစ်ပင်ကို မှီလိုက်ပြီး သူ့သေနပ်ကို မောင်းပြန် တင်ထားသည်။ တုန်ယီနေသည့် လက်ဖြင့် လျိုကျီချွမ်က သူ၏ အိပ်ကပ်ထဲမှ ဘလက်အန်တလို့ စီးကရက်ကိုကို ထုပ်ပြီး တစ်လိပ်ဖွာလိုက်၏။

ဖုန်းယွီနှင့် ဝမ်တုန်းကျွမ်းက လျှောက်လှမ်းလာသည်။ စီးကရက်ဘူးကို ယူလိုက်ပြီး တစ်လိပ်စီ သောက်လိုက်ကြသည်။

“ကျေးဇူးတင်ပါတယ်”

စီးကရက်ဖွာရင်း လျိုကျီချွမ်က ပြောလိုက်သည်။

“ဟဟဟ ကျွန်တော်တို့ကို ကျေးဇူးမတင်ပါနဲ့။ အစ်ကိုချွမ် ကျွန်တော်တို့တွေ ဝက်ဝံတစ်ကောင် ရတာပဲ။ ကျွန်တော်တို့ အဲ့ဝက်ဝံကို ရောင်းရင် ပိုက်ဆံ အများကြီး ရမှာ”

ဝမ်တုန်းကျွမ်း၏ မျက်လုံများ လင်းလက်သွားပြီး သူတို့ ရွာကို ပြန်သည့်အခါ ရွာသားများ၏ အားကျသည့် အကြည့်ကို မြင်ရောင်နေ၏။

ဖုန်းယွီသည် ဝမ်တုန်းကျွမ်း၏ စိတ်ဓာတ်ကြောင့် သူ့အား ပြောစရာ စကားမဲ့ သွားစေ၏။ ဖုန်းယွီသည် လျိုကျီချွမ်အား ဂရုတစိုက် ကြည့်နေသည်။ လျိုကျီချွမ်သည် သူ့လက်ထဲမှ သေနပ်ကို မောင်းပြန် မချရသေးပေ။

“အစ်ကိုချွမ်၊ တုန်ကျွမ်း၊ သဘောတူညီမှု တစ်ခု လုပ်ရအောင်။ အဲ့ဒီဝက်ဝံကို နှစ်ယောက်လုံးဆီကနေ ကျွန်တော်ပြန်ဝယ်မယ်။ ကျွန်တော် ပြန်ပေးတဲ့ အနေနဲ့ ကျွန်တော်တို့ မိသားစုပိုင် မြင်းကောင်ရေအား ငါးဆယ့်ငါး ရှိတဲ့ ထွန်စက်ကို ထယ်ထိုးဖို့နဲ့ မျိုးကျဲဖို့အတွက် ကျွန်တော် ငှားပေးမယ်”

ဖုန်းယွီက ပြောလိုက်သည်။ သူက ယခုအတွေးကို ချက်ချင်း ရသွားတာ ဖြစ်သည်။ ထိုနည်းဖြင့် သူသည် လျိုကျီချွမ်၏ ဝမ်တုန်းကျွမ်အပေါ် မကျေနပ်ချက်အား သင်ပုန်းချေနိုင်ပြီး နောက်ပိုင်း သူ့၏ ရင်နှီးမြှပ်နှံမှုများအတွက် ငွေလုံးငွေရင်းအဖြစ် သုံးနိုင်မှာ ဖြစ်သည်။

ဖုန်းယွီသည် ရွာမှ လယ်ထွန်စက်ဖြင့် ပိုက်ဆံများများ ရှာနိုင်မည်မဟုတ်။ သို့သော် သူသည် မြို့ပေါ်တက်ပြီး ထိုဝက်ဝံကို ရောင်းပါက ဈေးများများ ရနိုင်ပေသည်။ သို့သော် ယခုအချိန်သည် ရင်းနှီးမြှပ်နှံမှုများ လုပ်ရန်အတွက် အချိန်ကောင်း မကျသေးသည့်တိုင် အလွန်ကောင်းမွန်သည့် အခွင့်အရေးက ရောက်လာပြီး ဖြစ်သည်။ အစပိုင်းတွင် ဖုန်းယွီ ထင်ခဲ့သည်မှာ သူသည် ထိုအခွင့်အရေးကို လက်လွှတ်ရမည်ဟု တွေးခဲ့သည်။ သို့သော် ယခုအချိန်တွင် ဖုန်းယွီသည် ထိုအခွင့်အရေးကို ဆုပ်ကိုင်နိုင်တော့မည် ဖြစ်ကာ သူ၏ ရင်းနှီးမြှပ်နှံမှုသည်လည်း သူစတင်သည့် အချိန်ထက် နှစ်များစွာ စောတော့မည် ဖြစ်၏။

လျိုကျီချွမ်သည် သူ့သေနပ်ကို မြေကြီးပေါ် ပစ်လိုက်ပြီး ဖုန်းယွီ၏ လက်ကို ကိုင်လိုက်ကာ

“တကယ်လား။ မင်းရဲ့ အဖေက ငှားရမ်းတဲ့ ကိစ္စကို သဘောတူမှာလား”

“တကယ်လို့ ကျွန်တော်သာ ကျွန်တော့်အဖေကို မြို့တော်မှာ ရှိတဲ့ နာမည်ကြီးတဲ့ ကျောင်းမှာ တက်နိုင်အောင် ကြိုးစားမယ်လို့ ကတိပေးရင် အဖေက သေချာပေါက် သဘောတူပေးလိမ့်မယ်။ တုန်းကျွမ်း မင်းကော ဘယ်လိုလဲ။ ဒီသဘောတူညီမှုကို လက်ခံမှာလား”

ဝမ်တုန်းကျွမ်းက တစ်ခဏကြာ စဉ်းစားပြီးနောက်

“ငါ အဲ့ဒရယ်ကို ငါယူချင်တယ်။ မင်းတို့တွေက အခြားသူတွေကို ဒီဝက်ဝံကို ဖမ်းတဲ့နေရာမှာ ငါလည်း ဖမ်းခဲ့တယ်လို့ ပြောပေးရုံပဲ။ ပြီးတော့ ငါက အဲ့ဝက်ဝံကို ပထမဆုံး ပစ်တဲ့သူနော်”

“အိုကေ သဘောတူညီမှုက အောင်မြင်သွားပြီ။ ကဲ အဲ့တာဆို ဝက်ဝံသယ်ဖို့ စွတ်ဖား မြန်မြန်လုပ်ပြီး ရွာကို ပြန်ကြမယ်။ ဒီဝက်ဝံက အနည်းဆုံးတော့ တစ်ရာ ကနေ တစ်ရာ့ငါးဆယ် ကီလိုဂရမ်လောက် ရှိမှာပဲ။ ရွာကို ပြန်သယ်ဖို့အတွက် လွယ်ကူမှာတော့ မဟုတ်ပေ။”

ဖုန်းယွီက ပြောလိုက်၏။ သူသည် ကြွားဝါခြင်းကို စိတ်မဝင်စားပေ။

လျိုကျီချွမ်က ဝက်ဝံကို တစ်ချက်ပြန် စစ်ဆေးကြည့်လိုက်သည်။ ဝက်ဝံ၏ ကိုယ်က အေးသွားပြီ ဖြစ်သည့်အတွက် သေသွားသည်မှာ အသေအချာပင်။ လျိုကျီချွမ်သည် ဒရယ်ကိုလည်း ကောက်ယူလိုက်သည်။ ဖုန်းယွီနှင့် ဝမ်တုန်းကျွမ်းသည် သစ်ကိုင်းများနှင့် အိပ်များကို အသုံးပြုပြီး ရိုးရိုးစွတ်ဖား တစ်ခုကို ပြုလုပ်လိုက်သည်။ ရွာသို့ ပြန်လာသည့်အခါ သူတို့သည် ရွာသားများအား အရုံအစွဲဆောင်နိုင်ဆုံးသူများ ဖြစ်လာကြပေမည်။

——————-

“အကြီးအကဲဝမ်။ ဘာကြောင့် တုန်းကျွမ်း ပြန်မလာသေးတာလဲ။ သူမကောင်းတာ တစ်ခုခုများ ဖြစ်နေလို့လား။”

ထန်ကျင့်က စိတ်ပူပန်စွာ မေးလိုက်သည်။

“သူဘာတွေ ဖြစ်နေမလဲ။ သူက ငါ့ရဲ့ သေနပ်ကို ခိုးသွားခဲ့တယ်။ သူတို့တွေ ဘဲအိုင်ကို သွားပြီး အမဲလိုက်နေတာပဲ ဖြစ်မယ်။ ဒါပေမဲ့ သူက တစ်နာရီခွဲလောက် ဆိုရင်တောင် ပြန်လာသင့်ပြီ”

သူတို့ လင်မယား နှစ်ယောက် ပြောနေစဉ် အိမ်နီးချင်း တစ်ဦးက သူတို့အိမ်ကို ပြေးလာသည်။

“ရွာခေါင်း။ ရွာခေါင်းဆောင်ရဲ့ သူရဲကောင်းလေး ပြန်လာပြီ”

“အမ်။ ကျောက်လူကြီး ဘယ်သူရဲကောင်းလဲ”

ထန်ကျင့်က မေးလိုက်သည်။

“ရွာခေါင်းဆောင်အိမ်က သူရဲကောင်းလေးလေ။ မရီး မင်းရဲ့သားက ဒီတစ်ခါတော့ သားကောင် ကြီးကြီး ရခဲ့တယ်။ သူဘာရခဲ့လဲ သိလား။ ဝက်ဝံတစ်ကောင်။ ဝက်ဝံ အကြီးကြီး တစ်ကောင်၊ သူက စွပ်ဖားနဲ့ အဲ့ဝက်ဝံကို ဒီကို ပြန်သယ်လာတယ်။ လူတိုင်းက ဝက်ဝံနားမှာ ဝိုင်းအုံနေကြတာပဲ။”

အိမ်နီးနားချင်းက ဝမ်းသာအားရဖြင့် ပြောဆိုနေ၏။

ဝမ်သဲကွမ်းနှင့် ထန်ကျင့်က အိမ်တံခါးတောင် သော့မခတ်ပဲ ပြေးထွက်လာတော့သည်။

“အစ်ကိုကျွမ် တကယ်ကြီး အစ်ကိုက ဒီဝက်ဝံကြီးနဲ့ ဒရယ်ကို ပစ်လိုက်တာလား”

ရှစ်နှစ်အရွယ် ကလေးက စူးစမ်းစူးစမ်းနှင့် မေးလိုက်သည်။

“သေချာတာပေါ့။ တကယ်လို့ အစ်ကိုကြီးသာ မပစ်ရင် ဒီနှစ်ကောင် ဘယ်လိုလုပ် လွတ်နိုင်မှာလဲ။ အစ်ကို ဒီဝက်ဝံကို မိုင်အနည်းငယ်လောက် လိုက်ခဲ့ပြီး တစ်ချက်တည်းနဲ့ ပစ်သတ်လိုက်တာ။ ဒါပေါ့ ကျီချွမ်နဲ့ ဖုန်းယွီကလည်း ကူလို့ပေါ့။”

ဝမ်တုန်းကျွမ်းသည် ထိုကလေးများနှင့် ကြွားလုံးထုတ်သည်မှာ ခြောက်ကြိမ် ရှိသွားဖြစ်သည်။ ပထမ တစ်ကြိမ်တွင် သူတို့ သုံးယောက်စလုံး ဝက်ဝံကို အတူတူ လိုက်ခဲ့တာ ဖြစ်သည်။ သို့သော် သူ့ရဲ့ ဇာတ်လမ်းက ဖြည်းဖြည်းချင်း ပြောင်းသွားပြီး သူကိုယ်တိုင် ဝက်ဝံကို တွေ့ရှိခဲ့ပြီး အချက်ရေ အနည်းငယ်ဖြင့် ပစ်သည်အထိ ဖြစ်သွားသည်။ အချိန်တိုင် သူသည် ထိုအမဲလိုက်မှုနှင့် ပတ်သတ်ပြီး ပြောနေကာ သူ၏ ဇာတ်လမ်းကလည်း အမဲလိုက်ပွဲတွင် သူသည် အခရာကျသည့် နေရာအဖြစ်သို့ ချဲ့ချဲ့ကားကား ပြောဆိုသွားတာ ဖြစ်၏။

သေချာသည်မှာ ကလေးများက သူ့ကို အထင်ကြီးစရာ ကောင်းသည့် အကြည့်ဖြင့် ကြည့်နေကြ၏။

သို့သော် ဖုန်းယွီနှင့် လျိုကျီချွမ်တို့သည် ဝမ်တုန်းကျွမ်း၏ အလိမ်အညာများအား မထုတ်ဖော်ပေ။ ဝမ်တုန်းကျွမ်းသည် တကယ်ကို ရဲရင့်တာ ဖြစ်သည်။ သို့သော် သူသည် ဝက်ဝံကို မိုင်အနည်းငယ်လိုက်ပြီး ပြောသည့်အခါ ဘယ်သူမှ သူ့ကို မယုံကြတော့ပေ။ အမဲလိုက်နေကြ မုဆိုးများကတော့ သူလိမ်နေသည်ကို သိလိမ့်ပေမည်။

ဝမ်တုန်းကျွမ်းက သူ၏ ရဲဝံ့သည့် စွန်းစားခန်းများအကြောင်း ပြောသည်မှာ ကိုးကြိမ်ခန့် ရောက်သည့်အခါ တစ်စုံတစ်ယောက်က သူ့နားကို ဆွဲတော့သည်။

“အို့…အို့…အို့… ဘယ်ကောင်လဲ…. အမေနဲ့ အဖေလား”

ဝမ်တုန်းကျွမ်း၏ အသံက တုန်ယီသွားတော့သည်။ ဝမ်တုန်းကျွမ်းက အမဲလိုက်ဖို့အတွက် သူ့အဖေ၏ ပြောင်းချောသေနပ်ကို ခိုးခဲ့တာ ဖြစ်သည်။ ဖြစ်နိုင်ချေ အရှိဆုံးက အိမ်ပြန်ရောက်သည့်အခါ သူ့ကို သူ့အဖေက သေလောက်သည်အထိ ရောက်မှာဖြစ်သည်။

သိုသော် ထိုအရိုက်ခံရခြင်းက တန်ပေသည်။ ရွာထဲမှ မည်သူကများ ဒီလောက်ကြီးသည့် ဝက်ဝံကို ဖမ်းမိဖူးသနည်း။ အတော်ဆုံး မုဆိုးက ဝမ်တုန်းကျွမ်း ဖြစ်ပေသည်။

“ခွေးကောင် အခုအိမ်ပြန်မယ်။ ကျန်တဲ့သူတွေ ဒီမှာရပ်မနေတော့နဲ့ မှောင်နေပြီး ကိုယ့်အိမ်ကို မြန်မြန် ပြန်ကြတော့”

ဝမ်သဲကွမ်းသည် ရွာခေါင်းဆောင် ဖြစ်သည့်အတွက် အာဏာရှိကာ လေးစားကြသည်။

ဖုန်းယွီ၊ ဝမ်တုန်းကျွမ်းနှင့် လျိုကျီချွမ် မိသားစုများမှ လွဲ၍ လူအုပ်က ပြန်သွားကြသည်။ မိသားစု သုံးစုသည် ဝက်ဝံ အသေကောင်အား အနီးဆုံးအိမ်ဖြစ်သည့် ဖုန်းယွီအိမ်ကို သယ်သွားကြ၏။

“ဦးလေးဖုန်း ဒီနှစ် နွေဦးမှာ ဦးလေးတို့ မျိုးကျဲတာ ပြီးသွားရင် ကျွန်တော်တို့ ဦးလေးရဲ့ ထွန်စက်ကို သုံးလို့ရတယ်လို့ ဖုန်းယွီ ကတိပေးထားတယ်။ အလဲအလှယ်အနေနဲ့ ဒီဝက်ဝံက ဖုန်းယွီနဲ့ သတ်ဆိုင်ပြီး ဒရယ်ကတော့ ဝမ်တုန်းကျွမ်း ယူမယ်လို့ လုပ်ခဲ့တယ်။ ရွာခေါင်းဆောင်က ထွန်ယက်ဖို့အတွက် မြေတွေ ကျွန်တော်တို့ မငှားခင် ရှိသေးတယ်။ ကျွန်တော်တို့ မိသားစုက နောက်ဆုံးမှ ထွန်မှာပါ။ ဒါပေမဲ့ ကျွန်တော်တို့တွေ ထွန်စက်ကို အချိန်ကြာကြာ သုံးရမှာ”

လျိုကျီချွမ်က ပြောလိုက်၏။

လူကြီးများက ဖုန်းယွီကို ကြည့်လိုက်သည်။ သူ့အဖေ၏ ဒေါသကို မြင်ပြီးနောက် ဖုန်းယွီသည် သူ့အဖေနားကို အမြန်သွားလိုက်ကာ သူ့နား နားကပ်ပြီး တိုးတိုးပြောလိုက်သည်။

ဖုန်းရှင်းထိုက်က ဖုန်းယွီကို ကြည့်ပြီးနောက် ဖုန်းရှင်းထိုက်က လျိုကျီချွမ်၏ အဖေဘက်သို့ လှည့်ကာ

“အစ်ကိုလျို ကိစ္စမရှိပါဘူး။ ရွာခေါင်းဆောင် ဘယ်လိုထင်လဲ”

“ကိစ္စမရှိပါဘူး။ အကုန်လုံး စီစဉ်ပြီးသားပဲ။ ငါ ဒီဒရယ်ကို အရင်ယူသွားတော့မယ်။ ငါ့ရဲ့ အိမ်ကို သောက်ဖို့အတွက် နောက်ကျ လာခဲ့ဦး။ အခုမှောင်နေပြီ။ ငါတို့ အရင်ပြန်တော့မယ်”

ဝမ်သဲကွမ်းက ဒရယ်ကို သယ်ပြီးနောက် သူ့ဇနီးနှင့် သားဖြစ်သူနှင့်အတူ ပြန်သွားတော့၏။

လျိုလောင်စစ်နှင့် ဖုန်းရှင်းထိုက်တို့က ထွန်စက်အကြောင်း တစ်ခဏတာ ဆွေးနွေးပြီးနောက် လျိုလောင်စစ်သည် သူ့သားအပေါ် စိတ်ကျေနပ်သွား၏။ လျိုလောင်စစ်သည် သူ့သားက အမဲလိုက်ခြင်းတွင် မိသားစု၏ အစိုးရိမ်ရဆုံးသော ကိစ္စကို ဖြေရှင်းနိုင်မည်ဟု မမျှော်လင့်ခဲ့ပေ။ မြေရိုင်းကို ရှင်းလင်းပြီးနောက် သူတို့ မိသားစုသည် ဧက ရာချီတွင် စိုက်ပျိုးနိုင်တော့မည် ဖြစ်သည်။ ဒီနှစ်တွင် သူတို့ မိသားစုသည် ဆင်းရဲခြင်းမှ ရုန်းထွက်နိုင်မည် ဖြစ်ကာ နောက်နှစ်တွင် သူတိုသည် မြင်ကောင်ရေ အားနည်းသည့် ထွန်စက်သေးသေးကို ဝယ်ယူနိုင်မှာ ဖြစ်သည်။

လူတိုင်း ပြန်သွားပြီးနောက် ကျောက်မူဟွက ဖုန်းရှင်းထိုက်အား စတင် အပြစ်ရှာတော့သည်။

“ရှင်ဘာကြောင့် ရှင့်သားရဲ့ အခြေအမြစ် မရှိတဲ့ စကားတွေကို နားထောင်ရတာလဲ။ ကျွန်မတို့တွေ တခြားသူတွေကို ထွန်စက်ငှားရင် ဘယ်လောက်ရမလဲဆိုတာ စဉ်းစားဖူးလား။ အခုဒီဝက်ဝံကို ဘာလုပ်ရမှာလဲ။ ချက်စား ရမှာလား”

“အမေ။ ကျွန်တော်တို့တွေ ဘင်းမြို့တော်မှာ ၁၀,၀၀၀ယွမ်နဲ့ ဒီဝက်ဝံကို ဘာကြောင့် မရောင်းနိုင်ရမှာလဲ”

ဖုန်းယွီက ပြောလိုက်သည်။

“ဘယ်လောက်”

ကျောက်မူဟွက ထပ်မေးလိုက်သည်။

“၁၀,၀၀၀ ဆရာစွင်းက ပြောတယ်။”

ဖုန်းယွီက ယုံကြည်ချက်ရှိရှိ ဖြင့်ပြောလိုက်သည်။

တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်ဝါဒါ မစတင်သေးသည့်အတွက် ၁၀,၀၀၀ယွမ်ပိုင်ဆိုင်သည့် အိမ်ထောင်စုများက အများကြီး မရှိသေးပေ။ ဥပမာအနေဖြင့် ဖုန်းယွွီ၏ မိဘများသည် ၁၀,၀၀၀ပိုင်ဆိုင်သည့် အိမ်ထောင်စုများထဲမှ တစ်ခု ဖြစ်သည်။ မြို့တော်ထဲတွင် ထိုမျှမက များပြားသည့် သူဌေးများနှင့် နိုင်ငံခြားသားများ ရှိပေသည်။

ဖုန်းယွီသည် သူ့အဖေကို ပြောခဲ့သည်ကား ထိုဝက်ဝံသည် ၁၀,၀၀၀ယွမ်တန်သည်ဟု ဖြစ်သည်။ သို့သော်လည်း ထွန်ယက်ကို တခြားသူတွေဆီ ထွက်ယက် စိုက်ပျိုးရန်အတွက် ငှားရမ်းခြင်းက ထိုပမာဏနီးပါး ရရှိမည် ဖြစ်သော်လည်း ပင်ပန်းလွန်းသည်။ ထို့အပြင် သူတို့သည် ငှားရမ်းငွေကို ကောက်သီးနှံများ ရိတ်သိမ်းပြီး ရောင်းချပြီးမှ ရမည် ဖြစ်သည်။ သူတို့ ရရှိသည့် ပိုက်ဆံကို သူတို့ ဘဏ်တွင် စုထားရန်သာ ရှိသည်။

“သား။ မင်းက အရမ်းကို ပါးနပ်တာပဲ။ မင်းရဲ့အမေကို မနက်ဖြန်ကျ မြို့ကို သွားရောင်းခိုင်းလိုက်။ သူက မင်းနဲ့ မင်းအစ်မအတွက် အင်္ကျီအသစ်တွေကို ဝယ်လာခိုင်းလိုက်မယ်”

ကျောက်မူဟွက ထိုဝက်ဝံသည် ယွမ် ၁၀,၀၀၀တန်သည်ဟု ကြားပြီးနောက် ပျော်ရွှင်စွာ ပြုံးလိုက်၏။ ထွန်စက်ကို အခြားသူများနှင့် ငှားရမ်းခြင်းထက် ဝက်ဝံက ယွမ် ၅,၀၀၀ပဲ ရလျှင်တောင် တန်သည်။

ဖုန်းရှင်းထိုက်က သူ့ဇနီးကို တစ်ချက် ကြည့်လိုက်သည်။

‘ငါ အပြစ်တင်ခံရတဲ့အချိန်မှာ သားကတော့ ချီးကျူးမှုတွေ အကုန်ယူသွားတာပဲ’

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset