အခန်း ၅
ဝက်ဝံရောင်းချခြင်း
နှစ်ဆန်း နှစ်ရက်နေ့တွင် ဖုန်းရှင်းထိုက်သည် ဖုန်းယွီနှင့် အတူ ဝက်ဝံကို မြင်းကောင်ရေအား ငါးဆယ့်ငါးရှိသည့် ထွန်စက်နှင့် တွဲထားသည့် လှည်းပေါ်တွင် ဝက်ဝံကို တင်လိုက်သည်။ ဖုန်းတန့်ယင်းကလည်း မြို့ပေါ်ရှိ သူငယ်ချင်းများနှင့် တွေ့ရန် အတွက် နောက်တွင် တကောက်ကောက် လိုက်နေသည်။
ဖုန်းရှင်းထိုက်က ဘာကိုမျှ သတိမပြုမိသော်ညား ဖုန်းယွီက သိသည်။ သူမှတ်မိသည်ကား သူ၏ ယောက်ဖသည် ယခုအချိန်တွင် သူ့အစ်မနှင့် စတင် ချိန်းတွေ့နေပြီ ဖြစ်သည်။ သို့သော်လည်း သူအစ်မသည် မြို့ပေါ်တွင် နေသည့် သူ့ချစ်သူနှင့် တွေ့ရန် ဒီလောက်အထိ သတ္တိရှိမည်ဟု မထင်ထားပေ။
ထွက်စက်မောင်းခန်းက သိပ်မကြီးပေ။ ထို့ကြောင့် ဖုန်းယွီနှင့် ဖုန်းတန့်ယင်းက ထွန်စက်ဘီးပေါ်ရှိ ရွံ့ကာတွင်သာ ထိုင်ရုံသာ ရှိသည်။
သူတို့သည် သုံးနာရီခန့် ကြာပြီးနောက် မြို့တော်ကို ရောက်၏။ ထိုနေ့က နှစ်သစ်ကူးပြီး နှစ်ဆန်းနှစ်ရက်မြောက်နေ့ ဖြစ်သည်။ လူများစွာက လမ်းများထက်တွင် ရှိနေကြသော်လည်း ဆိုင်တစ်ဆိုင်မှ မဖွင့်ပေ။ သူတို့သည် အဝတ်အစား အသစ်ရဖို့ လမ်းမမြင်တော့ပေ။
သို့သော်လည်း သူတို့သည် ယခုအချိန်တွင် ဖွင့်လျက်ရှိသည့် အင်တာနေရှင်နယ် ဟိုတယ်ရှေ့ကို သွားခဲ့သည်။
“မင်္ဂလာပါ။ ကျွန်တော် မန်နေဂျာယွီကို ရှာနေတာပါ”
ဖုန်းယွီက မေးလိုက်သည်။
“ကလေးလေး ဘာကြောင့် သူ့ကို ရှာတာလဲ”
“ကျွန်တော် မင်းတို့ရဲ့ မန်နေဂျာ ယွီချွမ်ယွမ်ကို ဝက်ဝံရောင်းဖို့အတွက်ပါ။ ကျွန်တော် မနေ့ညတုန်းက ဖုန်းဆက်ထားပါတယ်”
“အာ့… မင်းက မစ္စတာ ဖုန်းရဲ့ သားပဲ မလား။ ခဏစောင့် ငါမန်နေဂျာကို ခေါ်ပေးမယ်”
နှစ်မိနစ်ခန့် ကြာပြီးနောက် နက်ခတိုင်နှင့် ရှပ်အင်္ကျီဝတ်ဆင်ထားသည့် အသက်လတ်ပိုင်း အမျိုသား တစ်ယောက်က ပါလာသည်။ အဖြူရောင် ဝတ်စုံဖြင့် စာဖိုမှူးနှစ်ယောက်ကလည်း မန်နေဂျာယွီနောက်မှ လိုက်လာသည်။ သုံးယောက်သားက ဖုန်းယွီကို ကြည့်နေကြပြီး ဖုန်းယွီကို စိတ်လှုပ်ရှားစေ၏။
“မင်္ဂလာပါ မစ္စတာဖုန်း မင်းရဲ့ ဝက်ဝံကို ယူလာခဲ့တယ်နော်။ ငါ မင်းရဲ့ ဝက်ဝံကို ကြည့်ဖို့ စာဖိုးမှူး နှစ်ယောက်ကို ခေါ်လာခဲ့တယ်။ စိတ်မပူပါနဲ့။ ငါတို့တွေ မင်းကို ဈေးကောင်းကောင်းပေးမှာပါ။”
မန်နေဂျာယွီက ဖုန်းရှင်းထိုက်လက်ကို ဆွဲကာ ဝမ်းသာအားရ ပြောလိုက်၏။
“ဝက်ဝံက အပြင်ဖက်က ထွန်စက်လှည်းထဲမှာ”
သူတို့ စကားပြောနေစဉ် အပြင်မှ လူများ ကျယ်လောစွာ စကားပြောဆိုနေသည့် အသံကို ကြားလိုက်သည်။ ဖုန်းယွီက အပြင်ကို ချက်ချင်း ပြေးထွက်လိုက်သည်။ သူသည် တစ်စုံတစ်ယောက်က သူ၏ ဝက်ဝံကို ထိခိုက်အောင်လုပ်မည် သို့မဟုတ် သူ၏ ဝက်ဝံကို ခိုးသွားမှာကို ကြောက်ရွံ့စိတ်ကြောင့် ဖြစ်၏။
တံခါးရှေ့တွင် ဝက်ဝံကို ကြည့်နေသည့် “လောင်မော်ကျီ” ဆိုဗီယက်နှစ်ယောက်ကိုတွေ့လိုက်သည်။ ကံကောင်းသည်မှာ ဖုန်းယွီသည် သူ့၏ အရင်ဘဝတုန်းက ရှရှားဘာသာစကားကို လေ့လာခဲ့သည်။ သူသည် ရုရှားဘာသာစကားကို ပြောတက်ရုံသာမက သူ့အတွက် ရေးခြင်းနှင့် ဖတ်ခြင်းကလည်း ပြဿနာ မရှိပေ။ သူတို့သည် ရက်စက်ကြမ်းကြုတ်သည့် ဝက်ဝံနက်ကို အံ့ဩတကြီးဖြင့် ကြည့်နေကြသည်ကို သူနားလည်သည်။ အကယ်၍ သူတို့သည် ဝက်ဝံ၏ သားမွှေးကို ဝယ်ယူပါက သူတို့သည် သေချာပေါက် သူငယ်ချင်းများ ကြားထဲတွင် ထင်ရှားကာ ပြောင်မြောက်နေမှာ ဖြစ်သည်။
“ဆရာ ကျွန်တော် ဒီဝက်ဝံကို ကျွန်တော် သူငယ်ချင်းတွေနဲ့ ဖမ်းခဲ့တာပါ။ ကျွန်တော် ဒီဟိုတယ်ကို ဝက်ဝံသားတွေကို ရောင်းဖို့လာပါတယ်။ ဒါပေမဲ့ ကျွန်တော် ဝက်ဝံရဲ့ သားမွှေးနဲ့ သည်းခြေကိုတော့ ရောင်းဖို့အစိအစဉ်မရှိပါဘူး”
ကီရီလန်ကိုက ဖုန်းယွီကို အံဩတကြီးဖြင့် ကြည့်လိုက်၏။ ထိုကလေးက အသက်တစ်ဆယ့်ငါးနှင့် တစ်ဆယ့်ခြောက်နှစ်ပဲ ရှိသေးတယ်။ သူက ဘယ်လို ရုရှားဘာသာစကားကို နားလည်တာလဲ။ ပြီးနောက် သူသည် ဝက်ဝံကို သူဖမ်းခဲ့တာဟု ပြောခဲ့သည်။
‘ငါ့ကို မပြောနဲ့နောက် သူက ဒဏ္ဍာရီလာတရုတ် မုဆိုး မိသားစုက လာတယ်ဆိုတာ ငါ့ကို မပြောနဲ့နော်။’
အပစ်အခက်က ကျွမ်းကျင်လွန်းတယ်။ ဒဏ်ရာတွေ အကုန်လုံးက ဝက်ဝံခေါင်းမှာပဲ ရှိပြီး ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်တွေမှာ ဒဏ်ရာ တစ်ခုမှ မရှိဘူး။ သူက တကယ်ကို လက်တည့်တဲ့ သေနပ်သမားပဲ။ ငါ ဒီဝက်ဝံရဲ့ သားမွှေးကို ဝယ်ရမယ်။ ပြီးတော့ လူတိုင်းကို တရုတ်သွားတုန်း ဒီဝက်ဝံကို အမဲပစ်ခဲ့တယ်လို့ ငါပြောရမယ်။
“သူငယ်ချင်းလေး ငါ ဒီဝက်ဝံသားမွှေးကို အရမ်းစိတ်ဝင်စားတယ်။ ငါ သားမွှေးကိုပဲ လိုချင်ရုံပါ ပြီးတော့ ငါမင်းကို ဒီအတွက် ဈေးမြင့်မြင့် ပေးနိုင်ပါတယ်”
ကီရီလန်ကိုက အလေးအနက်ဖြင့် ပြောလိုက်၏။
“ဘယ်လောက်ပေးမှာလဲ။ ငါကလည်း ဝယ်ယူသူ တစ်ယောက်နဲ့ စာချုပ်ချုပ်ဖို့ ပြင်ပြီးနေပြီ သူကလည်း ငါ့ကို ဈေးကောင်းပေးတယ်။”
“သူက ဘယ်လောက်နဲ့ ကမ်းလှမ်းတာလဲ။ ငါ သူပေးတာရဲ့ နှစ်ဆပေးမယ်”
ကီရီလန်ကိုက ပြောလိုက်သည်။
“သူက ၁၀,၀၀၀နဲ့ ကမ်းလှမ်းတယ်”
ကီရီလန်ကိုက ငွေပမာဏကို တစ်ခဏသာ စဉ်းစားလိုက်သည်။ ပြီးနောက် ပြောလိုက်၏။
“၁၀,၀၀၀လား။ ကောင်းပြီ ငါမင်းကို နှစ်သောင်းပေးမယ်။ နည်းနည်းဈေးကြီးပေမဲ့ ကိစ္စမရှိပါဘူး။ ငါဒီ သားမွှေးကိုကို လိုချင်တယ်”
“ကျွန်တော်က ရူဘယ်လ်ကို ပြောတာ”
ဖုန်းယွီက ထပ်ပေါင်းပြောလိုက်သည်။ ထိုအချိန်က ငွေကြေးလဲလှယ်မှု နှုန်းသည် ၁ ရူဘယ်ကို ၃ယွမ်၊ ၄ယွမ်နဲ့ ညီမျှသည်။
ကီရီလန်ကို က မျက်မှောင်ကျုံ့သွားသည်။ တရုတ်တွေက တော်တော်လောဘကြီးတာပဲ။ ရူဘယ်လ်က ယွမ်ထက် အများကြီး တန်ဖိုးရှိသည်
“မဖြစ်နိုင်တာ။ တကယ်လို့ ၂၀,၀၀၀ယွမ် ဆိုရင် ငါမင်းကို ချက်ချင်းပေးလိုက်မယ်။ ငါမှာ အဲ့ထက်တော့ ပိုမရှိဘူး”
ကီရီလန်ကိုက ဖုန်းယွီကို ပြန်ပြောလိုက်သည့် စကားသည် သူသည် သားမွှေးကို တကယ်ကို လိုချင်နေပြီး ၂၀,၀၀၀ ရူဘယ်ဆိုရင်တောင် ဝယ်မည်ဆိုသည့် အသံပေါက်သွားသည်ကို ကီရီလန်ကို သတိမထားမိလိုက်ပေ။
“ဝမ်းနည်းစရာပဲ။ ကျွန်တော် ဆိုဗီယက် ပြည်ထောင်စုက နောက်ထပ် နိုင်ငံခြားသား တစ်ယောက်ကိုပဲ သွားရောင်းတော့မယ်။ သူက ကျွန်တော်တော်ကို ၁၀,၀၀၀ရူဘယ်ပေးမှာ”
ဖုန်းယွီသည် တုန်းဆိုင်းခြင်းမရှိဘဲ လှည့်ပတ်ကြည့်ပြီး ပြောလိုက်သည်။
“ငါလည်း ၁၀,၀၀၀ရူဘယ်လ်နဲ့ ပေးလို့ရတယ်”
ကီရီလန်ကိုက အသည်းအသန် ပြောလိုက်သည်။
“မရဘူး။ မင်းနှစ်ဆပေးမယ်လို့ ငါတို့တွေ သဘောတူထားတယ်။ ရူဘယ် ၂၀,၀၀၀နဲ့လေ။ ငါ မင်းအတွက် အသားနဲ့ သားမွှေးကို ခွဲပေးဖို့အတွက်လည်း လူငှားရမ်းပေးဦးမှာ”
ဖုန်းယွီက ပြန်ပြောလိုက်သည်။
ထိုအချိန်တွင် ဖုန်းရှင်းထိုက်၊ ယွီချွမ်ရွမ်တို့က ဖုန်းယွီကိုကြည့်ပြီး အံ့ဩနေကြသည်။ ဖုန်းယွီသည် တကယ်ကို ဆိုဗီယက် ပြည်ထောင်စုက ရှရှားနဲ့ စကားပြောနေတာလား။ ဒါပေမဲ့ သူတို့တွေ ဘာအကြောင်း ပြောနေကြသနည်း။ သူတို့တွေ ဝက်ဝံကိုရောင်းဖို့အတွက် ဆွေးနွေးနေကြတာတော့ မဟုတ်ဘူးမလား။
ကီရီလန်ကိုက သူ့၏ အဖော်နှင့် ဆွေးနွေးပြီးနောက် ဖုန်းယွီကို ခေါင်းညိတ်ကာ ပြောလိုက်၏။ ။
“ကောင်းပြီ။ ဒါပေမဲ့ မင်းမြန်မြန် လုပ်ပေးမှ ရမယ်။ ငါက မော်စကိုကို ဒီရက်ပိုင်းအတွင်းမှာ ပြန်မှာ”
“ကိစ္စမရှိပါဘူး။ ငါတို့တွေ စာချုပ်ချုပ်ရအောင်”
ကီရီလန်ကိုက ဖုန်းယွီကို မုဆိုးမိသားစုမှဟု အခိုင်အမာယုံကြည်ပြီး နိုင်ငံခြားသားများနှင့် မကြာခဏ ရောင်းဝယ်နေတာ ဖြစ်၏။ မဟုတ်လျှင် သူက ဘာကြောင့် စာချုပ်ချုပ်ဆိုဖို့ ကိစ္စကို စဉ်းစားမည်နည်း။ ဖုန်းယွီသည် ကျွမ်းကျင်သည့် မုဆိုး သာမက သူသည် အလွန် ပါးနပ်သည်ဟုပါ ကီရီလန်ကိုက ခံစားမိလိုက်သည်။ ကီရီလန်ကိုသည် ဝက်ဝံနက်၏ သားမွှေးဈေးကို မသိသော်လည်း သူသည် ပိုက်ဆံများများ ပေးလိုက်ရသည်ကိုတော့ သူခံစားမိ၏။
ဖုန်းယွီသည် ယွီချွမ်ရွမ်းဖက်လှည့်ကာ ပြောလိုက်သည်။
“မန်နေဂျာယွီ ကျွန်တော် သားမွှေးကို ရောင်းပြီးပါပြီ။ ကျွန်တော်အဖေက အရေခွံ စုတ်ပေးမှာပါ။ ကျွန်တော်တို့တွေ ဝက်ဝံရဲ့ ကျန်တဲ့အပိုင်းရဲ့ ဈေးကို ဆွေးနွေးလို့ ရတယ်”
ယွီချွမ်ရွမ်က ဖုန်းရှင်းထိုက်နှင့် ဖုန်းယွီကို ငြင်းဆိုခြင်း မရှိဘဲပြောလိုက်၏။
“အစတုန်းက ကျွန်တော် ဝက်ဝံတစ်ကောင်လုံးကို ဝယ်မလို့။ ဒါပေမဲ့ အခုက သားမွှေးမရှိတော့တဲ့အတွက် ဈေးအများကြီး မပေးနိုင်ဘူး။ ဝက်ဝံက ၃၀၀ကျင်းလောက်တောင် အလေးချိန်မရှိတော့ဘူး။ ကျွန်တော် ၃၀၀ကျင်းလို့ သတ်မှတ်ပြီး ၁၅၀၀ယွမ် ပေးနိုင်ပါသေးတယ်”
“ဒီဈေးက နည်းလွန်းတယ်ပေါ့။ ဒါတောင် ဝက်ဝံလက်နဲ့ သည်းခြေအိပ်တောင် မပါသေးဘူး။ ဝက်ဝံ ခြေလက်နဲ့ သည်းခြေအိပ်မပါ ၃၀၀၀ယွမ်၊ ဝက်ဝံခြေလက်က ၁,၀၀၀ယွမ်ဆီ ပြီးတော့ သည်းခြေက ၂,၀၀၀ယွမ် စုစုပေါင်း ၉,၀၀၀ယွမ်။”
ဖုန်းယွီက မန်နေဂျာယွီနှင့် စိတ်တည်ငြိမ်ငြိမ်နှင့် ဈေးညှိလိုက်သည်။
“မစ္စတာဖုန်း ခင်ဗျားသားက အဓိပ္ပာယ်မရှိတာတွေ ပြောတာပဲ။ သူပြောသလောက်ဈေးကို ငါတို့က ပေးမယ်လို့ ထင်နေတာလဲ။ ဝက်ဝံရဲ့ ခြေလက်ကို ၁,၀၀၀လား။ မဖြစ်နိုင်တာ။ ငါ ဝက်ဝံ တစ်ကောင်လုံး အတွက် စုစုပေါင်း ယွမ်၂,၀၀၀ပေးမယ်။ ဝက်ဝံ ခြေလက်နဲ့ သည်းခြေလည်း တစ်ခါတည်း ပါပြီး။ ဒီဈေးက အတော်မြင့်ပါတယ်”
မန်နေဂျာက ဖုန်းရှင်းထိုက်ကို ကြည့်ကာ ပြောလိုက်သည်။
ဖုန်းရှင်းထိုက်က အရူးမဟုတ်ပ။ သို့သော် သူသည် သူ့သားလောက် စကားပြောမကောင်းပေ။ သူသည် ခေါင်းခါလိုက်ပြီး ဖုန်းယွီကို လက်ညှိုးထိုးကာ
“သူက ဒီဝက်ဝံကို ပစ်ခဲ့တာ သူက ငါ့ထက် အကြောင်း ပိုသိတယ်။ သူပဲ မင်းနဲ့ ဈေးညှိလိမ့်မယ်။ တကယ်လို့ မင်းတို့ နှစ်ယောက်လုံး ဈေးမညှိနိုင်ရင်တော့ ငါတစ်ခြားတစ်ယောက်ကို သွားရှာမယ်”
“တစ်ယောက်ယောက်လား။ ဒီမြို့တော်မှာ ငါတို့ အင်တာနေရှင်နယ်ဟိုတယ်လောက် ဘယ်မှာမှ ဒီလောက်မြင့်တဲ့ ဈေးပေးနိုင်မှာ မဟုတ်ဘူး။ မစ္စတာဖုန်း ဒီဝက်ဝံက ကြာရင် အေးသွားပြီး လတ်ဆတ်တော့မှာ မဟုတ်ဘူး။”
ယွီချွမ်ရွမ်က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
“မန်နေဂျာယွီ။ ဟိုနားမှာရှိတဲ့ ဧည့်သည်နှစ်ယောက်က ဒီဝက်ဝံရဲ့ ခြေလက်နဲ့ သည်းခြေအတွက် ဈေးများများ ပေးချင်နေမယ်လို့ မင်းမစဉ်းစားမိဘူးလား။ ပြီးတော့ ဒီလောက်ကြီးတဲ့ ဝက်ဝံနဲ့ဆို မင်းတို့ ဟိုတယ်စားသောက်ဆိုင်က ထူးခြားဆန်းပြားတဲ့ ဟင်းပွဲတွေ ဖန်တီးနိုင်မှာ။ ဒီဟင်းပွဲတွေ အကြောင်းသိသွားရင် ပါတီခေါင်းဆောင်တွေက ဒီမှာ လာသုံးဆောင်ကြလိမ့်မယ်”
ဖုန်းယွီကပြာလိုက်သည်။
သူပြောသည့် ဈေနှင့် ဝက်ဝံသည် တန်သည်ဟု ခံစားရသည့် အတွက် သူသည် ဈေးလျော့ပေးမှာ မဟုတ်ပေ။
နောက်နှစ်အနည်းငယ်အတွင်း ဝက်ဝံနက်များကို တရားဝင် ရောင်းချနိုင်မှာ ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ထိုဝက်ဝံများသည် အလွန်ရှားပါးပြီး ဝက်ဝံတစ်ကောင်သည် ဈေးပြောလို့ မရလောက်အောင် တန်ဖိုးကြီးလွန်းသည်။ များစွာသော ချမ်းသာသူများက ဝက်ဝံဟင်းပွဲအတွက် ဈေးကြီးပေးကာ စားကြသည်။ ချက်ပြီးသား ဝက်ဝံလက်ဟင်းကို ၁၀၀,၀၀၀အထိ ရောင်းနိုင်ပေ၏။
“မင်း… ကလေးလေး။ ဒါပေမဲ့ မင်းပြောတဲ့ ဈေက အရမ်းများလွန်းတယ်။ ၁,၀၀၀ယွမ်က ဝက်ဝံလက် တစ်ချောင်းအတွက်လား။ ၁,၀၀၀ယွမ်ဆို ဆန်ဘယ်လောက်ဝယ်လို့ရလဲ မင်းသိလား။ အဲ့ဆန်နဲ့ တစ်မိသားစု တစ်နှစ်လုံး ကုန်အောင်စားလို့ရတယ်”
“ကောင်းပြီ။ ကျွန်တော်တို့ သွားတော့မယ်။ တကယ်လို့ မင်းစိတ်မဝင်စားဘူးဆို ငါသူတို့ကိုပဲ ရောင်းလိုက်တော့မယ်။ သူတို့တွေက စောစောကတည်းက ဈေးကို မေးပြီးပြီ။ ဒါပေမဲ့ ငါသူတို့ကို မင်းကို အရင်ရောင်းမယ်ပြောထားလို့ သူတို့ လက်လျော့လိုက်တာ။”
ဖုန်းယွီက ကီရီလန်ကိုနှင့် သူ့အဖော်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
ယွီချွမ်ရွမ်က သွားကိုကြိတ်ပြီး ပြောလိုက်သည်။
“ဝက်ဝံအတွက် ၇,၀၀၀ သားမွှေးမပါဘဘူး။ ထပ်ပြီးတော့ ငါတို့ အဲ့ဒီဝက်ဝံရဲ့ အရေခွံပါ အလကား ဆုပ်ပေးမယ်။”
ဖုန်းယွီက ပြုံးကာ
“မင်း သေချာပေါက် အရေခွံကို တစ်ပတ်အတွင်း ဆုပ်ပေးရမယ်။ ငါတို့ အခု စာချုပ်ချုပ်လို့ရပြီလား”
မှတ်ချက် ၁။ သားရဲတိရစ္ဆာန်ကာကွယ်ရေး ဥပဒေသည် ၁၉၈၈ခုနှစ် အဆုံးတွင်မှ စသည်။
မှတ်ချက် ၂။ ရှေးခေတ်ကတည်းက စာချုပ်ချုပ်ဆိုခြင်း အလေ့ရှိသည်။