အခန်း ၂

အခန်း ၂

အဖြစ်ဆိုးကို နောက်တစ်ကြိမ် ဖြစ်ခွင့်ပေးမည်မဟုတ်

ဖုန်းယွီက နောက်တစ်နေ့ မနက်တွင် နိုးလာပြီးနောက် သူ့ခေါင်းအုံးအောက်တွင် (၁၀)ယွမ်ကို နှစ်သစ်ကူး မုန့်ဖိုးအဖြစ် ထားထားသည်။ ထိုခေတ်အခါက ရေခဲချောင်းသည် (၂)ဖန်တာ ရှိပြီး ရေခဲမုန့်သည် (၃)ဖန်တာ ရှိသည်။ တစ်ဆယ်ယွမ်ဟူသော ပမာဏက များပြားသည့် ပမာဏ ဖြစ်သည်။
///တရုတ်ငွေကြေး ရမ်မီဘီးတွင် ယွမ်၊ ကျောက်၊ ဖန်သုံးမျိုး ရှိသည်။ ၁ယွမ်တွင် ၁၀ကျောက်နှင့် ၁၀၀ဖန် ရှိသည်////

ဖုန်းယွီက သူ့မိဘနှစ်ပါးကို နှစ်သစ်ဆုတောင်း ချွေပြီးနောက် ဖက်ထုပ်အနည်းငယ် စားလိုက်၏။ ထို့နောက် သူသည် ဝမ်တုန်းကျွမ်းကို ခေါ်ရန်အတွက် သူ့အိမ်ကို နှစ်သစ်ကူး အလည်သွားလိုက်၏။

ဝမ်တုန်းကျွမ်းက အမွှေးတိုင်နှင့် ရှေ့မှ ရွှင်လန်းစွာ လျှောက်လာသည်။ အချိန်တိုင်းတွင် သူက ဗြောက်အိုးကို မီးရှို့ပြီး ပတ်ဝန်းကျင်ကို ပစ်နေသည်။ ဖုန်းယွီက ထိုကဲ့သို့ အပြုအမူကို သိပ်စိတ်ဝင်မစားပေ။ သူက ထိုအပြုအမူသည် ကလေးဆန်လွန်းသည်ဟု ခံစားမိ၏။
“တုန်းကျွမ်း ငါတို့ လမ်းလျှောက်တာ ရွာလမ်းတစ်ဝက်ကိုတောင် ရောက်နေပြီ။ ကျန်တဲ့ ခရီးကလည်း အတူတူပဲ။ ငါတို့တွေ ပြန်ပြီးတော့ အစ်ကိုလျန်နဲ့ ပေါ်ကာ ကစားရအောင်”

ရွာကငယ်ပြီး အိမ်ခြေ တစ်ရာဝန်းကျင်ထက် နည်းသော်လည်း ဖုန်းယွီက ခပ်ထူထူ အမွေးပွ ချည်ထည် ဂျာကင်နှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်သော်လည်း အေးမြသည့် ရာသီဥတုထဲတွင် ခပ်ကြာကြာ မလျှောက်နိုင်ပေ။ သူက အရင်ဘဝမှ အပူအတွင်းခံနှင့် ဂျာကင်ရှည်ကို သတိရသွား၏။

“ကောင်းပြီလေ။ အစ်ကိုလျန်ဆီ သွားကြရအောင်”
“တုန်းကျွမ်း၊ ရှောင်ယွီ မင်းတို့နှစ်ယောက် ဘယ်ကိုသွားမလို့လဲ။”
တစ်ဆယ့်ခုနှစ်နှစ်အရွယ် ကောင်လေး တစ်ယောက်က သူ့တို့ဆီ လာပြီး နှုတ်ဆက်လိုက်သည်။ ဖုန်းယွီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူသည် ရွာကျော်လုပ်သည့် ကိစ္စများကို တမင်ရှောင်သွားသည်။ သို့သော် ရွာက အလွန်သေးလွန်း၏။
“အစ်ကိုချွမ်း ကျွန်တော်တို့ အစ်ကိုလျန့်ဆီ ပေါ်ကာ သွားကစားမလို့ အစ်ကိုကော လိုက်ဦးမလား”
“ပေါ်ကာက အချိန်တိုင်း ကစားလို့ရတယ်။ ဒီနေ့လည်ခင်းမှာ ငါက တောလိုက်ထွက်မလို့ မင်းလိုက်ချင်လား။”

လျိုကျီချွမ်က ဖိတ်ခေါ်လိုက်သည်။

တောလိုက်ထွက်မယ်ဟူသည့် စကားလုံးအား ကြားပြီးနောက် ဝမ်တုန်းကျွမ်း၏ မျက်လုံများက တောက်ပ သွားတောသည်။ အမြဲလိုလိုပင် သူ့အဖေက သူ့ကို ပြောင်းချောသေနပ်ကို ထိခွင့်ကို မပေးပေ။ သို့သော် ယခုက တရုတ်နှစ်သစ်ကူး ပွဲတော် ဖြစ်သည့်အတွက် သူ့အဖေက အပြင်ကို သွားနေသည်။ ဝမ်တုန်းကျွမ်းက ထိုသေနပ်အား မသိအောင် ယူနိုင်၏။

“ကောင်းပြီ။ ငါလိုက်မယ်”

“မလိုက်ဘူး”

ဝမ်တုန်းကျွမ်းနှင့် ဖုန်းယွီနှစ်ယောက်လုံး တစ်ချိန်တည်းတွင် အော်လိုက်ကြသည်။ ဖုန်းယွီသည် ဝမ်တုန်းကျွမ်းကို တောလိုက်ထွက်ရန် လုံးဝ လုံးဝ သဘောတူမည် မဟုတ်ပေ။ တောလိုက်စဉ်အတွင်း မတော်တဆမှု တစ်ခု ဖြစ်လိမ့်မည်။ ဝမ်တုန်းကျွမ်းသည် ခြေတစ်ဖက် ဖြတ်လိုက်ရသည့်အတွက် တစ်ဘဝလုံး နောင်တရနေ၏။ အရင်ဘဝတွင် ထိုတောလိုက်ခြင်းမှ တွေ့ခဲ့သည့် မတော်တဆကြောင့် ဖုန်းယွီနှင့် ဝမ်တုန်းကျွမ်းတို့သည် အချင်းချင်း ဆက်ဆံရေး ပျက်ခဲ့ကြရသည်။

“ရှောင်ယွီ မင်းကော မလိုက်ချင်ဘူးလား။”

လျိုကျီချွမ်က ပြောလိုက်သည်။

“မင်းရဲ့ ပြောင်းချောသေနပ်ကို သွားယူ နေ့လည်ခင်းကျ ငါ့အိမ်ကို လာခဲ့။ ငါတို့တွေ ဘဲအိုင်ရဲ့ မြောက်ဖက်ကို သွားကြမယ်။ ငါတို့တွေ မြေခွေးကို မမိရင်တောင် ငါတို့တွေ အနည်းဆုံးတော့ ရစ်ငှက်နဲ့ ဘဲသားတော့ ရမှာပဲ။ ငါအခု ပြန်ပြီး ပြောင်းချောသေနပ်ကို သုတ်လိုက်ဦးမယ်။ နေ့လည်မရောက်ခင် လာခဲ့နော်။”

လျိုကျီချွမ်က လှည့်သွားပြီးနောက် ဖုန်းယွီက မကျေမချမ်းမှု တစ်စွန်းတစ်စကို မြင်လိုက်ရသည်။ သူ ချက်ချင်း သဘောပေါက်လိုက်သည်ကား ထိုအဖြစ်အပျက်က မတော်တဆ ဖြစ်ရပ်မဟုတ် ကြိုတင် ကြံစည်ထားတာ ဖြစ်သည်။

လျိုကျီချွမ် ထွက်သွားပြီးနောက် ဝမ်တုန်းကျွမ်းက ဖုန်းယွီကို စိတ်အား ထက်သန်စွာ ကြည့်လိုက်၏။
“ငါတို့ အတူတူ တောလိုက်ရအောင်လေ။ မင်း ပြောင်းချောသေနပ်ကို အမြဲတမ်း ကိုင်ချင်ခဲ့တာမလား။”
“တုန်းကျွမ်း။ မင်း ငါပြောတဲ့ စကားကို နားထောင်သင့်တယ်။ ငါတို့တွေ တောလိုက်မထွက်ဘဲ ပေါ်ကာပဲ သွားကစားရအောင်နော်။ နှစ်သစ်ကူးမှာ တောလိုက်ရင် ကံဆိုးတက်တယ်”

“အခုချိန်က လူနည်းနည်းပဲ တောလိုက်ထွက်ကြတာ။ နှစ်သစ်ကူး မတိုင်ခင်တုန်းက လူတွေအများကြီး တောလိုက်ထွက်ကြတော့ ငါတို့ တောလိုက်ဖို့ ဘာကောင်မှ မကျန်တော့ဘူး။ လာပါ။ ဒီတစ်ခေါက်တော့ သွားရအောင်။ ပျော်ဖို့ကောင်းမှာပါ။”
ဝမ်တုန်းကျွမ်းသည် ယခုအချိန်တွင် တောလိုက်ရမှာ ရလာသည့် ဆုတံဆိတ်များကို သူ့အဖေအား ပြသည့် ပုံစံ ဖြစ်နေသည်။

“ငါ တကယ်လုံးဝ မသွားချင်ဘူး။ အဲ့ဒီတော့ မင်းလည်း မသွားတော့နဲ့။ အမြဲတမ်း မင်းက သူ့ရဲ့ ရောရောထွေးထွေး မနေချင်ဘူး။ ပြီးတော့ ငါတို့ သူနဲ့က သိပ်မရင်းနှီးဘူး။”

“မင်းဘာတွေ ပြောနေတာလား။ ငါတို့က တစ်ရွာထဲမှာ နေကြတာ။ ငါတို့ မရင်းနှီးဘူးဆိုရင်တောင် ငါတို့က သူစိမ်းတွေမှ မဟုတ်တာ။ ထပ်ပြောရရင် ငါ့ရဲ့အဖေက ရွာရဲ့ခေါင်းဆောင်လေ ပြီးတော့ သူ့ရဲ့ မိသားစုက မြေရိုင်းကို ချဲ့ထွင်ဖို့အတွက် ရွာက ထွန်စက်ကြီးကိုငှားရမ်းဖို့ ငါ့အဖေရဲ့ ခွင့်ပြုချက်လိုသေးတယ်။”
ယခုအချိန်တွင် ဖုန်းယွီက လျိုကျီချွမ် ဘာကြောင့် တုန်းကျွမ်းအပေါ် မကျေမချမ်း ဖြစ်သည်ကို နားလည်သွားတော့သည်။ တုန်းကျွမ်း၏ အဖေကြောင့် ဖြစ်သည့် ရွာခေါင်းဆောင် ဝမ်သဲကွမ်းသည် ရွာ၏ ထွန်စက်ကို လျိုကျီချွမ်တို့ မိသားစုကို ငှားရန် သဘောမတူသည့် အတွက် ဖြစ်သည်။

“တုန်းကျွမ်း အခုပေါ်ကာ မကစားတော့ဘူး။ ငါရေဆာနေပြီ။ အခုမင်းအိမ်ပြန်ပြီးတော့ မင်းအဖေရဲ့ အရသာ ရှိတဲ့ လက်ဖက်ရည်သောက်ရအောင်”

“ကိစ္စမရှိပါဘူး။ ငါ့ရဲ့ အိမ်မှာ နေ့လည်စာစားလည်းရတယ်။ ငါ့အဖေရဲ့ ပြောင်းချော သေနပ်ကိုလည်း မင်းကို ပြဦးမယ်”
ဝမ်တုန်းကျွမ်းအိမ်ကို သွားသည့် လမ်းတစ်လျှောက်တွင် ဝမ်တုန်းကျွမ်းက စကား အဆက်မပြတ် ပြောနေသော်လည်း ဖုန်းယွီက လုံးဝ စိတ်ဝင်စားမှု မပြပေ။ ဖုန်းယွီအတွေးထဲတွင် သူက ဝမ်တုန်းကျွမ်း အဖေကို မည်သို့ပြောရမည်ကို စဉ်းစားနေ၏။

ဝမ်တုန်းကျွမ်းက အိမ်တံခါးကို ဖွင့်လိုက်ပြီးနောက် နွေးထွေးသည့် လေညှင်းက သူ့ကို ကြိုဆိုတော့သည်။ သူတို့သည် သူတို့၏ ခွေးမွေးဦးထုပ်နှင့် ယုန်မွှေး လက်အိတ်တို့ကို စားပွဲပေါ်တွင် တင်လိုက်သည်။

ဝမ်တုန်းကျွမ်းက သူ့အဖေ၏ လက်ဖက်များကို ရှာရန် ပြေးထွက်သွားတော့သည်။

“ရှောင်ယွီ မုန့်အချိုစားဦ။ နာနက်မြေပဲနဲ့ ကွာစေ့လည်း ရှိတယ်။”
တုန်းကျွမ်းအမေ ထန့်ကျင့်က အိမ်တွင် ရှိနေသည်။ ဖုန်းယွီရောက်လာလည်သည်က တွေ့သည့်အခါ သူမက ပျော်ရွှင်စွာဖြင့် နှစ်သစ်ကူး အချိုမုန့်များကို သူ့ကို ကျွေးတော့သည်။

“ပျော်ရွှင်စရာ နှစ်သစ်ကူးပါ ဒေါ်လေး။ ဦးလေးဝမ်ကော ဘယ်မှာလဲ”
“အ.. သူက အတွင်းရေးမှူး ကျောက်ဆီ သွားတယ်။ ခဏနေရင် သူပြန်လာမှာပါ။”

ဖုန်းယွီက ကုလားထိုင်ပေါ်တွင် ထိုင်ရင်း ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
“အန်တီ။ ကျွန်တော်တို့ ခုနတုန်းက လျိုကျီချွမ်နဲ့တောင် တွေ့ခဲ့သေးတယ်။ သူတို့ မိသားစုက ရွာပိုင် ထွန်စက်ကို တာတမံရဲ့ အပြင်ဘက်မှာ ရှိတဲ မြေရိုင်းတွေကို ချဲ့ထွင်ဖို့အတွက် ငှားချင်တဲ့ ပုံပဲ။ ဦးလေးဝမ် ငှားဖို့ သဘောတူလား”
ထန်ကျင့်က ပြုံးကာ သူမခေါင်းကို ယမ်းလိုက်သည်။

“သေချာပေါက် ခွင့်မပြုဘူးပေါ့။ တစ်ကိုယ်တည်း ချမ်းသာဖို့ကို လုပ်ဆောင်ဖို့အတွက် ရွာက စည်းမျည်းတွေ မချိုးဖောက်ဘူး။ ရွာပိုင်ထွန်စက်က တစ်ကိုယ်တည်း သုံးဖို့အတွက်မှ မဟုတ်တာ။ ဒီကနေ့ မနက်ပဲ အကြီးအကဲလျိုက မင်းရဲ့ ဦးလေးနဲ့ ဒီကိစ္စအတွက် ငြင်းခုန်သွားသေးတယ်။”

ဖုန်းယွီ၏ နှလုံးသားများက နားလည်သဘောပေါက်သွားသည်။ ထိုကိစ္စကြောင့် လျိုကျီချွမ်က ရည်ရွယ်ချက်ရှိရှိဖြင့် တုန်းကျွမ်းကို တောလိုက်ရန် ခေါ်တာ ဖြစ်သည်။ ထို့နောက် သူသည် တုန်းကျွမ်းကို ဝက်ဝံထောက်ချောက်မိအောင် လုပ်ပြီး တုန်းကျွမ်းကို မသန်မစွမ်း ဖြစ်သွားစေသည်။ အခြားသူများအတွက် ထိုအရာက မတော်တဆဟု ထင်ဖွယ်သာရှိသည်။ ဝမ်တု့န်ကျွမ်းကိုယ်တိုင်တောင် မတော်တဆတစ်ခုအဖြစ် မှတ်ယူနိုင်သည်။

‘အဲ့မတော်တဆမှုက တကယ်ပဲ မတော်တဆမှု သက်သက်ပဲလား။’

“လာ ဒီလက်ဖက်ရည်ကို သောက်ကြည့်လိုက်။ ကြည့်လိုက် လက်ဖက်ရည် အနီရောင်လေးက လှပနေတာ။”

ဝမ်တုန်းကျွမ်းက ဖုန်းယွီ၏ လက်ဖက်ရည်ခွက်ထဲကို စေတနာ ရှိရှိြဖင့် ထည့်ပေးလိုက်သည်။ ထန်ကျင့်က ပြုံးသာပြုံးပြီး ဘာမှ မပြောပေ။

“အမေ။ အမေအန်တီဝမ့် ဆီသွားပြီး စကားစမြည်သွားပြောဦးမယ်ဆို။ အိမ်ကို စိတ်ချလက်ချ ထားခဲ့ပါ။ တစ်ယောက်ယောက်က ဒီကိုလာပြီး ပေါ်ကာ ကစားဦးမှာ”
ဝမ်တုန်းကျွမ်းက ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။

“ကောင်းပြီ။ အဲ့တာဆို အမေ အန်တီဝမ့်တို့ဆီ သွားလိုက်ဦးမယ်။ အိုးထဲမှာ ဖက်ထုပ်တွေ ရှိတယ်။ သားတို့ဘာသာ ခပ်စားလိုက်ကြတော့နော်”

သူ့အမေအပြင်ကို ထွက်သွားပြီနောက် ဝမ်တုန်းကျွမ်းက အိပ်ရာအောက်မှ သစ်သားသေတ္တာကို လျင်မြန်စွာ ဆွဲယူလိုက်သည်။ ပြောင်းချောသေနပ် တစ်လက်နှင့် ကျည်ဒါဇင်များစွာ ရှိသည်။

“တုန်းကျွမ်း။ မသွားပါနဲ့။ အန်တီ ခုနက ပြောတာကို မကြားဘူးလား။ လျိုကျီချွမ် အဖေနဲ့ ဦးလေးဝမ်နဲ့က ငြင်းခုန်စရာ ကိစ္စဖြစ်ခဲ့တယ်။ ကျီချွမ် မင်းအပေါ် မကောင်းမှာ ငါစိုးရိမ်တယ်။”

ဖုန်းယွီက သူ့ကို တားရန်အတွက် ဝမ်တုန်းကျွမ်းလက်ကို ဖမ်းဆုပ်လိုက်သည်။ သူသည် အတိတ်က အဖြစ်ဆိုးကို ထပ်မံဖြစ်ပွားရန် မလိုလားပေ။

“လူများစွာက ငါ့အဖေနဲ့ အငြင်းအခုံ ဖြစ်ခဲ့ဖူးတယ်။ နောက်ဆုံးအကြိမ်က မျိုးစေ့ကိစ္စနဲ့ ပြဿနာ ဖြစ်လို့ အဖိုးလီး သူ့ရဲ့ တုတ်ကောက်နဲ့ ငါ့အဖေကို ရိုက်လိုက်သေးတယ်။ အဲ့နောက်ပိုင်း ဘာဖြစ်သွားလည်း ဆိုတော့။ ရိတ်သိမ်းတဲ့ အချိန်မှာ ငါ့အဖေက အဖိုးလီးရဲ့ ကောက်နှံတွေကို ရိတ်သိမ်းပေးခဲ့ပြီးတော့ သူ့ရဲ့ ဒေါသကို လျော့ခဲ့တယ်။”

ဝမ်တုန်းကျွမ်းက အေးဆေးတည်ငြိမ်စွာဖြင့် ပြန်ပြောပြီး ဖုန်းယွီ၏ လက်ကိုဖယ်ရှားလိုက်သည်။ ထို့နောက် သူသည် ပြောင်းချောသေနပ်ကို ယူလိုက်ပြီး ကျည်ခြောက်တောင့်ကို သူ့အိပ်ကပ်ထဲ ထည့်လိုက်သည်။

“တုန်းကျွမ်း ငါ့စကားနားထောင် မသွားနဲ့။ လျိုကျီချွမ်က ငါတို့ တောလိုက်ထွက်ရင် ငါတို့ကို တိုက်ခိုက်လိမ့်မယ်။ ဒီအချိန်မှာ သူက မင်းအပေါ်မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေရှိမှာကို ငါစိုးရိမ်တယ်။”

“ငါသူ့ကို မကြောက်ပါဘူး။ ငါ့လက်ထဲမှာ ဘာလဲ ကြည့်လိုက်။ တကယ်လို့ သူငါ့ကို လှည့်ဖျားမယ်ဆိုရင် ငါ့သေနပ်က အလှပြဖို့ သပ်သပ်မဟုတ်ဘူး။”
ဖုန်းယွီက ရှုံးသွားသည်။ တုန်းကျွမ်း သွားချင်စိတ် ရှိနေဆဲ ဖြစ်သည်။ သူက လျိုကျီချွမ်ကို မကြောက်ပေ အကြောင်းမှာ ထိုအချိန်က ယောကျ်ားလေးချင်း မကြာခဏ တိုက်ခိုက်နေပြီး လက်နက် ပစ္စည်းမသုံးပေ။ အကယ်၍ သူက ထိုးလျှင် တုန်းကျွမ်းက ကြောက်မှာ မဟုတ်ပေ။

နံရံရှိ နာရီကိုကြည့်လိုက်ပြီး ဝမ်တုန်းကျွမ်းက မတ်တပ်ထရပ်ကာ

“အိုကေ အချိန်ကျပြီ။ မင်းအရင် အိမ်ကိုသွား။ ငါ လျိုကျီချွမ်ဆီ သွားလိုက်ဦးမယ်”

ဖုန်းယွီက သူ့ရဲ့ အရင်ဘဝက အဖြစ်အပျက်ကို သတိရသွားသည်။ လျိုကျီချွမ်သည် စစ်သားဖြစ်ပြီး ရွာမှ မထွက်ခွာခင်အထိ သေနပ် အသုံးမပြုခဲ့ပေ။ အကယ်၍ ဖုန်းယွီက သူတို့နောက်လိုက်လျှင် သူသည် တုန်းကျွမ်းကို ဝက်ဝံထောင်ခြောက်မှ လွတ်မြောက်အောင် ကူညီနိုင်မှာ ဖြစ်သည်။
“ခဏစောင့် တုန်းကျွမ်း ငါမင်းနဲ့ အတူလိုက်ခဲ့မယ်”
“တကယ်လား။ မင်းသွားချင်နေတယ်ဆိုတာ ငါသိပါတယ်။ မြန်မြန်သွားပြီး မင်းအိမ်က ပြောင်းချောသေနပ်ကို ခိုးခဲ့။ အိတ်ကို ခြုံဖို့ မနေ့နဲ့နော် ပြီးတော့ မင်းအမေကို ရစ်ငှက်ပစ်သွားဖို့ လို့ ပြောခဲ့နော်။”

ဝမ်တုန်းကျွမ်းက ဖုန်းယွီကိုကြည့်ကာ အားတက်သရော ပြောလိုက်သည်။
“ငါသိပါတယ် မင်းသွားချင်နေတယ်ဆိုတာ”
ဖုန်းယွီက သက်ပြင်းချပြီး အိမ်ကို အမြန်ပြေးသွားတော့သည်။ မတော်တဆမှု တစ်ခုလို့ပဲ မျှော်လင့်တယ်။ ဒီတစ်ခေါက်တော့ ဘယ် မတော်တဆမှုကိုမှ အဖြစ်ခံမှာ မဟုတ်ဘူး။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset