အခန်း ၁
၁၉၈၈ ခုနှစ်တွင် ပြန်လည်မွေးဖွားခြင်း
“ရှောင်ယွီ၊ ရှောင်ယွီ၊ ထတော့။ မနက် ဆယ့်နှစ်နာရီ ထိုးတော့မယ်။ ထတော့။ ဖက်ထုပ်စားရအောင်”
ဖုန်းယွီသည် ထိုအသံကို မရင်းနှီးသလို ခံစာလိုက်ရသည်။ သို့သော် ထိုအသံက အလွန်ကြင်နာသည့် ခံစားချက်မျိုးကို ပေးစွမ်း၏။ သူ့မျက်လုံး ဖွင့်လိုက်ရင်း ရေရွတ်လိုက်သည်။ ဖုန်းယွီသည် အတိတ်က မှတ်ဉာဏ်တွင် ရှိသည့် နုပျိုသည့် မျက်နှာကို မြင်လိုက်သည်။
“အစ်မ”
“မင်း နိုးလာပြီပဲ။ မြန်မြန်ထပြီး မျက်နှာသစ်တော့။ ငါ မင်းကို အများကြီး မသောက်နဲ့လို့ ပြောသားပဲ။ မင်းက တားလို့ မရဘူး။ မင်း နွေဦးညချမ်းပွဲတော်ကို လွတ်သွားပြီ”
ဖုန်းတန့်ယင်းက ပြုံးကာ ပြောလိုက်၏။
‘နွေဦးညချမ်းပွဲတော်လား။ ဒီနေ့က တရုတ်နှစ်သစ်ကူးလား။’
ဖုန်းယွီက အနည်းငယ် တွေဝေသွားကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ခြောက်စတုရန်း မီတာခန့် ကျယ်သည့် အိုးဟောင်းနေသော အခန်းထဲတွင် တစ်ယောက်အိပ် ခုတင်၊ အဖာဗလဗွနဲ့ အိပ်ရာ၊ အိုဟောင်းသည့် သစ်သားစားပွဲ၊ နှစ်ဆယ်ဝပ်အား ရှိသည့် မီးလုံးက အခန်းကို မှိန်ဖျဖျ အလင်းရောင် ပေးနေ၏။ သူ မမှတ်မိတော့သည့် အမျိုးသားရေး ပွဲတော်များ ရေးသားထားသည့် သတင်းစာဟောင်းများက နံရံကို ကပ်ထားသည်။
‘ဒါ ငါ့ရဲ့ ငယ်ဘဝတုန်း အိုဟောင်းတဲ့ ခြံမြေကအိမ်မှာ နေခဲ့တဲ့ အချိန်တွေ မဟုတ်ဘူးလား။ ဒါပေမဲ့ အိမ်က မြို့ပြဖွံ့ဖြိုးရေး စီမံချက်ကြောင့် ဖြိုခဲ့တာ ကြာပြီလေ။ ပြီးတော့ ဘာကြောင့် အစ်မက ဒီလောက် ငယ်နေရတာလဲ။’
ဖုန်းယွီက သူ၏ လက်ကို မြှောက်လိုက်၏။ သူ့ရဲ့ လက်များက သေးသွယ်နေပြီး သူ၏ လက်မောင်းများကလည်း ပါးလျနေသည့်အတွက် သူကြုံတွေ့နေသည့် အရာက သေချာပေါက် ဟာသမဟုတ်ပေ။
သူက ခုတင်ပေါ်မှ မြန်မြန် ခုန်ဆင်းလိုက်ပြီး တံခါးပေါက်ဘောင် ရှေ့တွင် ရပ်လိုက်၏။ တံခါးပေါက် ဘောင်တွင် ဓားမှတ်ရာများ ရှိနေပြီး ထိုမှတ်ရာများက သူ့ရဲ့အရပ်ကို တရုတ်နှစ်သစ်ကူးတွင် နှစ်စဉ်နှစ်တိုင်း မှတ်တမ်းတင်ထားသည့် မှတ်ရာများ ဖြစ်၏။ ထိပ်ဆုံး အမှတ်က ညွှန်ပြသည်ကား ၁၉၈၈ခုနှစ် ဖြစ်ပြီး ၁၆၆ စင်တီမီတာ ဖြစ်သည်။
‘၁၉၈၈ခုနှစ်လား။ ငါက အလယ်တန်းအဆင့်အောင်တဲ့ ကျောင်းသားတစ်ယောက်ပဲလား။’
ဖုန်းယွီက သူ့ကိုယ်သူ ဆွဲဆိတ်လိုက်သည်။ နာကျင်မှုကြောင့် ငိုချင်သည်အထိ ဖြစ်သွား၏။
‘ဒါက အိပ်မက် မဟုတ်ဘူးလား။’
ဖုန်းယွီက တံခါး ဖွင့်လိုက်စဉ် သူ့အမေသည် ဒယ်အိုးနှင့် ဖက်ထုပ် ချက်ပြုတ်နေသည်ကို တွေ့လိုက်ရသည်။ သူက အိမ်ငယ်လေးတွင် နေခဲ့တာ ဖြစ်သည်။ မီးဖိုချောင်သည် သူ့အခန်း အပြင်ဖက်တွင် ဖြစ်ကာ မီးဖိုးချောင်၏ အခြားဖက်က ဧည့်ခန်းဖြစ်သည်။ ဧည့်ခန်းကို လယ်တောတွင် အဓိက ခန်းမ ဟုလည်း ခေါ်ကြ၏။
“သားနိုးလာပြီလား။ နင် နောက်ကျရင် ထပ်သောက်ရဲ သေးလား”
ကျန်းမူဟွက သူ့သားကို တယုတယဖြင့် မေးလိုက်သည်။
ဖုန်းယွီက ဆံပင်နက် ရှိနေဆဲ ဖြစ်သည့် သူ့အမေအား မျက်ရည်ဝိုင်းဝိုင်းဖြင့် ကြည့်နေ၏။
“အမေ။ အမေအလုပ်တွေ ကြိုးစားနေတာပဲ”
“သား ဘာအကြောင်းတွေ ပြောနေတာလဲ။ မြန်မြန် မျက်နှာသစ်ပြီး တီဗွီကြည့်ရအောင်။ ဖက်ထုပ်က ခဏနေရင် ရတော့မှာ။”
ကျန်းမူဟွသည် ဖုန်းယွီပြောစကားကို ကြားသည့်အခါ အလွန်ဝမ်းမြောက်သွားသည်။ ထိုအပြုအမူက သူ့သားသည် အရွယ်ရောက်လာပြီဟု ဆိုလိုချင်း ဖြစ်သည်။
ဖုန်းယွီသည် ဧည့်ခန်းထဲရှိ ခုံတန်းတွင် ထိုင်နေသည့် သူ့အဖေကို မြင်လိုက်သည့်အခါ သူ့နှုတ်ခမ်းသားများ တုန်ယင်သွားတော့သည်။ အနာဂတ်တွင် ဖုန်းယွီ ငွေများများ ရှာနိုင်သည့် အချိန်၌ သူ့အဖေသည် နောက်ဆုံးအဆင့် ဦးနှောက်ကင်ဆာ စမ်းသပ်မိပြီး သုံးလအကြာတွင် ကွယ်လွန်သွားခဲ့သည်။
သူအဖေ ကွယ်လွန်သွားသည်ကို ဖုန်းယွီ နှစ်များစွာ စိတ်မကောင်း ဖြစ်ခဲ့ရသည်။
“အဖေ…”
ဖုန်းရှင်းထိုက်က သူ့သားကို ကြည့်ကာ
“အို မင်းတောင် နိုးလာပြီပဲ။ ရီဝေဝေ ဖြစ်နေတုန်းလား။ လာ တီဗွီကြည့်ရအောင်။ အခု ကျေးလက်ရိုးရာ အကလာနေတယ်”
“ရီဝေဝေ မဖြစ်တော့ပါဘူး အဖေ။ အမူးက ပျောက်သွားပြီ။ အဖေ… ကျွန်တော် နောက်ကျရင် အဖေနဲ့ အများကြီး… သောက်ချင်တယ်”
သူ့အဖေ၏ ဒေါသထွက်မှုကို ကြည့်ရင်း ဖုန်းယွီက မြန်မြန် ဖြေရှင်းချက် ပေးလိုက်သည်။
“ဘီယာ သောက်ကြမယ် ပြောတာ”
သူ့ဘဝ တစ်လျှောက်တွင် ဖုန်းယွီသည် သူ့အဖေနှင့် အကြိမ် အနည်းငယ်သာ အရက် သောက်ဖူးသည်။ ယခုအချိန်တွင် ဖုန်းယွီ၏ အဖြစ်စေချင်ဆုံး ဆန္ဒ ဖြစ်သည့် သူ့အဖေနှင့် အရက်ကို အကြိမ်များစွာ သောက်ခွင့် ရတော့မည်လော။
“မင်း ဒီလောက် သောက်တာကို သောက်မှတ် မရှိသေးဘူး။ ကောင်းပြီ အဲ့တာဆိုတော့ ထပ်သောက်ကြတာပေါ့။ မင်း နှစ်သစ်ကူးနေ့ မနက်ခင်းမှာ နိုးနိုင်မလားဆိုတာ ကြည့်ကြ သေးတာပေါ့။ တန့်ယင်း ဘီယာ နှစ်ပုလင်းသွားယူ”
ဖုန်းတန့်ယင်းက သူမ၏ ခေါင်းကို အကူအညီမဲ့စွာ ခါလိုက်သည်။ ထို့နောက် သူသည် ဘီယာနှင့် ခွက်ကို သွားယူတော့သည်။
ဧည့်ခန်းတွင်လည်း အိပ်ရာခင်း ခင်းထားသည့် တစ်ယောက်အိပ် ခုတင် ရှိသည်။ ဖုန်းတန့်ယင်းက ညအိပ်ကျောင်းတွင် တက်ကတည်းက အားလပ်ရက်များတွင်သာ အိမ်ပြန်လာသည်။ သူမ ပြန်လာသည့်အခါ ဖုန်းတန့်ယင်းက သူ့အမေနှင့် အိပ်သည်။ ထိုအခါ ထိုအိပ်ရာက ဖုန်းရှင်းထိုက် အတွက် ဖြစ်လာတော့၏။ သို့ပေမဲ့ လွန်ခဲ့သည့် သုံးနှစ်က ထိုအိပ်ရာက ဖုန်းယွီ၏ အိပ်ရာ ဖြစ်သည်။
ဧည့်ခန်း၏ မြောက်ဖက်တွင် တံခါး သုံးခုပါသည့် အဝတ်ဗီရိုရှိပြီး ၎င်းအပေါ်တွင် ခရီးဆောင်အိတ် နှစ်လုံး တင်ထားသည်။ ခိုင်ခံသည့် သစ်သားစားပွဲပေါ်တွင် အဖြူအမဲ တစ်ဆယ့်လေးလက်မ တီဗွီတစ်လုံး တင်ထားသည်။ ထိုတီဗွီက နှစ်သစ်ကူးည ဖျော်ဖြေပွဲကို ပြနေ၏။
ဧည့်ခန်း၏ အလယ်တွင် ခေါက်စားပွဲဝိုင်း တစ်လုံး ရှိပြီး ထိုစားပွဲတွင် စားပွဲခင်း ခင်းထားပြီး ဟင်းပွဲများနှင့် ပြည့်နေသည်။ စုစုပေါင်း ဟင်းပွဲ ရှစ်ပွဲ ဖြစ်သည်။ သို့သော် ထိုဟင်းပွဲများက ညစာ အကျန်ဖြစ်သည်။ ကြက်သား၊ ငါး၊ ဝက်သား၊ မြင်းသား အစရှိသဖြင့် အသားဟင်းပွဲ ငါးပွဲ ရှိ၏။
ဖုန်းယွီက တီဗွီကို မကြည့်ပေ။သို့သော် သူက ဗီရိုရှိ မှန်ထဲရှိ သူ့ပုံရိပ်ကို ကြည့်နေသည်။ အလင်းရောင်က မှိန်သော်လည်း ဖုန်းယွီ၏ သူကိုယ်သူ ကောင်းကောင်း မြင်ရသည်။ သူသည် ယခုအချိန်တွင် ဆယ်ကျော်သက် လူငယ်လေး ဖြစ်ပြီး သူ့နှုတ်ခမ်းတွင် နှုတ်ခမ်းမွေး ရေးရေး ပေါ်နေ၏။
သူက နံရံကပ် ပြက္ခဒိန်ကို ကြည့်လိုက်ရာ ဖေဖော်ဝါရီလ တစ်ဆယ့်ခြောက်ရက် ၁၉၈၈ခုနှစ်၊ နှစ်သစ်ကူးပွဲတော်ဟု ရေးထားသည်ကို တွေ့လိုက်သည်။
ဖုန်းယွီသည် ပြန်လည် မွေးဖွားလာသည်ဟု သူကိုယ်တိုင် အတပ်ပြောနိုင်လာ၏။
အမေက ဖက်ထုပ် မြန်မြန် ချက်ပြုတ်ပေးပြီး ဖုန်းယွီနှင့် ဖုန်းတန့်ယင်းက မီးဖိုချောင်ကို ဖက်ထုပ်ပွဲကို ယူရန် လာခဲ့ကြသည်။ လူတိုင်းက ထိုင်လိုက်ကြပြီး ဖုန်းရှင်းထိုက်က တူတစ်စုံကို ကောက်ယူလိုက်သည်။
“ရှောင်ယွီ မင်းထပ်သောက်ဦးမလို့လား။”
ကျန်းမူဟွက ဖုန်းယွီကို စိုက်ကြည့်လိုက်၏။
“အမေ။ ဒီနေ့က နှစ်သစ်ကူးနေ့လေ။ နည်းနည်းလောက် ထပ်သောက်ခွင့် ပေးပါဦး”
ဖုန်းရှင်းထိုက်က သူ့သားအတွက် အနည်းငယ် ကူပြောပေးသည်။ ကျန်းမူဟွက ခေါင်းခါလိုက်သည်။ ဖုန်းယွီက သူ့အမေနှင့် သူ့အစ်မအတွက်လည်း ခွက်ထဲကို ဖြည်းဖြည်းချင်း ငဲ့ပေးလိုက်သည်။ တစ်မိသားစုလုံး အတူတူ တစ်ခွက်တော့ သောက်ရပေမည်။
“အဖေ။ အမေ။ အစ်မ။ ပျော်ရွှင်စရာနှစ်သစ်ကူးပါ။ ချီးယား”
ဖုန်းယွီက စားပွဲပေါ်တွင် ကျန်သည့် အစားအသောက်များကို ကောက်ကိုင် စားလိုက်သည်။ ထိုအရာများက အရသာ ကောင်းလွန်းသည်ဟု ခံစားလိုက်ရသည်။ ယခုအချိန်တွင် အနာဂတ်က ကဲ့သို့ ဟော်မုန်းများက မဖွံ့ဖြိုးသေးပေ။ ငါးများနှင့် ယုန်များကို တောထဲမှ ဖမ်းခဲ့ပြီး။ ကြက်များနှင့် ဝက်များကို သူတို့ကိုယ်တိုင် မွေးမြူထားတာ ဖြစ်သည်။ အဖေနှင့် သားက ထိုဟင်းပွဲများနှင့် ဖက်ထုပ်ကို စားနေကြသည်။ ဖုန်းရှင်းထိုက်က တစ်ယောက်စီအတွက် ဘီယာ တစ်ခွက်စီသာ ခွင့်ပြုထားသည်။
ညစာစားပြီးနောက် ဖုန်းယွီက ကိုယ်လက်သန့်စင်ပြီး သူ့အခန်းကို ပြန်သွားပြီး လှဲချ လိုက်တော့၏။ သူအိပ်ရာပေါ်တွင် လှဲနေရင်း ဘေးဘယ်ညာ လိမ့်နေ၏။ သူက ၁၉၈၈ခုနှစ် အချိန်သို့ ပြန်မပို့ဆောင်ရခင် သူ၏ အရင်ဘဝအကြောင်း တွေးတောနေ၏။
ဖုန်းယွီသည် အသက်လေးဆယ် အရွယ်ရှိ အသက်လတ်ပိုင်း အမျိုးသား တစ်ယောက်ဖြစ်ခဲ့သည်။ လုံခြုံရေး ကုမ္ပဏီမှ နှုတ်ထွက်ပြီးနောက် သူက ရင်းနှီးမြှပ်နှံမှုအချို့နှင့် စတော့များ၊ ကြိုရောင်းကြိုဝယ် အစုရှယ်ယာများ၊ ရွှေများ၊ ရေနံများတွင် ရင်းနှီးမြှပ်နှံမှု လုပ်ခဲ့သည်။ သို့သော် သူက အောင်မြင်မှု သိပ်မရခဲ့ပေ။ သို့သော် သူ့၏ ဝင်ငွေက မဆိုးသေးပေ။
သူ့တွင် မိန်းမတစ်ယောက် ရှိပြီး ကလေးမရှိ။ သူ့အဖေ ဆုံးပြီးကတည်းက သူ့အမေက သူ့နှင့်အတူ နေထိုင်၏။
သူမှတ်မိသည်ကား ထိုအချိန်က ၂၀၁၅ခုနှစ် နွေဦးရာသီ ဖြစ်သည်။ သူ့မိန်းမကို နိုင်ငံခြားတွင် သားမြုံခြင်းကို ကုသရန်အတွက် ဖုန်းယွီသည် ပိုက်ဆံ အသည်းအသန် ရှာရန် လိုအပ်ခဲ့သည်။
သူသည် သူ့၏ စုငွေများ၊ အိမ်နှင့်ကားကို ပေါင်ကာ အတန်ကြီးသော ပိုက်ဆံပမာဏကို ချေးယူပြီး စတော့ဈေးကွက်တွင် ရင်းနှီ မြှပ်နှံလိုက်တော့သည်။ သူ့ရဲ့ ပိုင်းခြားစိတ်ဖြာချက်အရ ဘူးဈေးကွက်*တွင် နားမလည်သောသူများထံမှ ပိုက်ဆံကို အလွယ်တကူ ရယူနိုင်၏။
*ဘူးဈေးကွက်သည်အစုရှယ်ရာများကို အမြတ်နှင့် လက်လွှဲရောင်းချရန် နေရာကို ဆိုလိုသည်။
အစပိုင်းတွင် ဈေးကွက်က အထူးကောင်းမွန်ခဲ့သည်။ သူ့၏ ရင်းနှီးမြှပ်နှှှံမှုကလည်း တစ်ခဏအတွင်း နှစ်ဆတန်ဖိုးအထိ မြင့်တက်သွားသည်။ သို့သော် သူက ထိုထက် အမြတ်များများ လိုချင်ခဲ့သည်။ ထို့ကြောင့် သူသည် ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီ တစ်ခုနှင့် များပြားသည့် ချေးငွေများကို ရယူကာ အသုံးပြုခဲ့၏။ အကယ်၍ သူ့၏ ရင်းနှီးမြှပ်နှံမှုက ထပ်ပြီး တန်ဖိုး တက်ခဲ့လျှင် သူ၏ ကျန်ရှိသည့် ဘဝတစ်ခုလုံ ဘာမှလုပ်စရာ မလိုဘဲ သက်တောင့်သက်သာဖြင့် နေနိုင်မှာ ဖြစ်သည်။
စတော့အညွှန်းကိန်းက ၅,၀၀၀ပွိုင့်အထိ တက်သွားသည့်အခါ သူသည် အခြားသူများအတိုင်း လောဘကြီး လာတော့သည်။ သူက စတော့ဈေးကွက်သည် ထပ်ပြီး မြင့်တက်လာမည်ဟူ ထင်ခဲ့သည်။ စတော့ဈေးကွက်က အနည်းငယ် တက်လာခဲ့သည်။ သို့သော် မကြာခင်အတွင်း စတော့ဈေးက ထိုးဆင်းခဲ့သည်။ သူသည် များပြားသည့် ချေးငွေပမာကို ရယူခဲ့ပြီး အပိုငွေ မရှိသည့် အတွက်ကြောင့် ခွက်ခွက်လန်အောင် ရှုံးသွားခဲ့သည်။ ချေးငွေကို ပြန်ပေးပြီးနောက် သူသည် ကုန်းကောက်စရာ မရှိအောင် မွဲသွားတော့သည်။ သူ့မိန်းမက ကားနှင့်အိမ်ကို ပေါင်နှံထားမှန်း မသိသေးပေ။ ဖုန်းယွီက အိမ်ကိုပြန်သည့်အခါ သူ့မိသားစုနှင့် ဘယ်လို ရင်ဆိုင်ရမလဲ ဆိုသည်ကို မသိတော့ပေ။
သူသည် ချွတ်ချုံကျတဲ့သူ တစ်ယောက် ဖြစ်သွားတော့သည်။ ထိုနေ့များတွင် သူသည် အရက်ကိုသာ သောက်ခဲ့ကာ လမ်းမပေါ်သို့ လူအများရှေ့တွင် ကုန်တင်ကားတစ်စီး တိုက်တာ ခံလိုက်ရပြီး မတော်တဆ ဖြစ်ခဲ့သည်။
ထိုနည်းလမ်းက သူ့ကိုယ်သူ သက်သေသည်ဟု စဉ်းစားလို့ မရပေ။ ယင်းမတော်တဆမှုက အာမခံ ပေါ်လစီအရ သူ၏ ကျန်ရစ်သည့် မိသားစုကို သန်းပေါင်းများစွာ ထုတ်ပေးရမှာ ဖြစ်သည်။ ထိုငွေပမာဏသည် သူ့အိမ်နှင့် ကားကို ပြန်ရွေးနိုင်ပြီး သူ့အမေနှင့် သူ့မိန်းမအတွက် ငွေပမာဏ အများအပြားကိုတောင် ထားရစ်နိုင်သည်။
ကြီးမားသည့် ကုန်တင်ကားတစ်စီးက သူ့ဆီကို အရှိန်ပြင်းပြင်းဖြင့် ရောက်လာသည်ကို သူအမှတ်ရသွားသည်။ သူ့အတွေးထဲတွင်
‘အကယ်လို့ မိုးနတ်မင်းက ငါ့ကို အခွင့်ရေး တစ်ခု ပေးခဲ့ရင် ငါက သေချင်ခဲ့မှာ မဟုတ်ဘူး။ ငါက ငါ့ရဲ့ မိသားစုကို သက်တောင့်သက်သာရှိတဲ့ ဘဝကို ပေချင်ခဲ့ရုံပဲ’
သို့သော် ဖုန်းယွီကို မမျှော်လင့်ထားပဲ မိုးနတ်မင်းက သူ့အား အခွင့်ရေး တစ်ခုကို ပြန်ပေးခဲ့သည်။
မိုးနတ်မင်းက သူ့၏ ငယ်ဘဝကို ပြန်ပို့ကတည်းက သူသည် သူ၏ အရင်ဘဝတွင် အသက်ရှင်တော့မှာ မဟုတ် သူက ထိုအရင်ဘဝက အချိန်တွေကို လျစ်လျူရှုလိုက်တော့၏။ သူက ပိုပြီး ချမ်းသာချင်သည်။ သူသည် ရင်းနှီးမြှပ်နှံမှု လောကတွင် အကျော်ဇေယျ ဖြစ်ချင်ခဲ့သည်။
ထိုအကြောင်းကို စဉ်းစားရင်း ဖုန်းယွီသည် ဘယ်လိုမှ မထိန်းနိုင်တော့ဘဲ အော်ချလိုက်တော့သည်။
“ငါ ဖုန်းယွီ ပြန်လာပြီ”
“ရှောင်ယွီ။ အော်တာကို တော်ပြီး မြန်မြန်အိပ်တော့။”
ကျန်းမူဟွက နံရံ၏ အပြင်တခြားဖက်မှ အော်လိုက်သည်။ တစ်ချိန်တည်းတွင် သူမက သူ့ခင်ပွန်းကို အပြစ်တင်လိုက်သည်။
‘ဘာကြောင့် ညမှာ သူ့ကို ထပ်သောက်ခိုင်းရတာလဲ”
သူ့အမေ၏ အပြစ်တင်သံကို ကြားပြီးနောက် ဖုန်းယွီက ပြုံလိုက်ပြီး တစ်ဖက်ကို လှည်ပြီး အိပ်လိုက်တော့၏။