အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး
Score 7.8
Bookmark
Followed 2 people

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး

အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး
Status: Ongoing Type: Author: Artist: , Posted on: Updated on: View: ? Views

Synopsis အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး

အရေးပါတဲ့ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး။ ဇာတ်လမ်းအကျဉ်း

ယွီယောင်ဟာ သူမရဲ့မျက်လုံးတွေကို ဖွင့်လိုက်တဲ့အခါ သူမတစ်ချိန်ကဖတ်ခဲ့ဖူး တဲ့ စာအုပ်ထဲကို ကူးပြောင်းနေခဲ့တာကို သတိထားမိလိုက်ပါတယ်။

ဒီစာအုပ်ဟာ သမီးအရင်းနဲ့ အတုအယောင်သမီး အကြောင်းကို သာမန်ပုံပြင် တစ်ပုဒ်အဖြစ် ရေးသားထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

သမီးအရင်းကတော့ မတရားစွပ်စွဲခံရပြီး အတုအယောင် သမီးကိုတော့ လူတိုင်း က ချစ်ခင်နှစ်သက်ကြပါတယ်။ သူမရဲ့ အစ်ကိုအရင်းတွေက မွေးတုန်းက အလဲ ခံလိုက်ရတဲ့ ညီမငယ်အတုကိုသာ ဂရုစိုက်ကာချစ်ခင်ကြပြီး ယွီယောင်ကိုတော့ အရမ်းမုန်းတီးခဲ့ကြပါတယ်။ သူတို့က ညီမအတုရဲ့ အလိမ်အညာတွေကိုတောင် ယုံကြည်ပြီး ယွီယောင်ကို စိတ်ကျန်းမာရေးဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ ဇာတ်လမ်းအစမှာ ယွီယောင်ဟာ စိတ်ကျန်းမာရေးဆေးရုံမှာ တဏှာရူး ဒါရိုက်တာတစ်ဦးရဲ့နှိပ်စက်ခြင်းကို ခံနေခဲ့ရပါတယ်…

ကျွန်မတို့ရဲ့ ဇာတ်ကောင်က ယွီယောင်ဆိုတဲ့ သနားစရာကောင်းတဲ့ သမီးအရင်းရဲ့ ခန္ဓာကိုယ်ထဲ ကူးပြောင်းသွားခဲ့ရပါတယ်။ သူမဟာ ဒီလိုရှင်လျက်နဲ့ ကျနေရတဲ့ ငရဲကို ခံနိုင်ရည်ရှိဖို့ အကူအညီမရှိပဲ နစ်မွန်းနေခဲ့ပါတယ်…သူမကို စိတ်အနှောင့်အယှက်အဖြစ်စေဆုံးကတော့ ဒါဟာ ဇာတ်လမ်းရဲ့ အစပဲ ရှိသေး လို့ပါပဲ။ သူမဆေးရုံက လွတ်မြောက်ခဲ့ရင်တောင်မှ သူမရဲ့မျက်နှာနှစ်မျိုးနဲ့ ညီမ အတုက သူမကို လွယ်လွယ်နဲ့ အလွှတ်မပေးဘူးဆိုတာ သူမသိနေခဲ့ပါတယ်။ သူမကို မိသားစုဝင်အဖြစ် မသတ်မှတ်တဲ့ အစ်ကိုတွေကလည်း ဒီလိုလှည့်ဖျား တတ်တဲ့ မြွေမကို ကူညီမှာပါပဲ။ အနာဂတ်မှာ အမြဲလိုလို နှိပ်စက်မှုတွေပဲ ကြုံရ နိုင်သလို အေးချမ်းတဲ့ ဘဝမှာနေထိုင်နိုင်ဖို့ကလည်း ဝေးကွာလွန်းနေပါတယ်။ ဒီ လိုနဲ့ သူမက နိုးနိုးကြားကြားနဲ့ တိုက်ပွဲအတွက်ပြင်ဆင်နေချိန်မှာပဲ ဇာတ်ကွက်က ပြောင်းလဲသွားပုံပေါ်ပါတယ်..

Read အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဖူးဖူးမှုတ်ခံရသူလေး

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset