လူသားဧကရာဇ်- ဝမ်ချောင်
Score 7.6
Bookmark
Followed 22 people

လူသားဧကရာဇ်- ဝမ်ချောင်

Fani İmparator, Nhân Hoàng Kỷ, Records of the Human Emperor, Ren Huang Ji, T.H.E, 人皇纪
Status: Ongoing Type: Author: , Artist: , Released: 2016 Native Language: Chinese Posted on: Updated on: View: ? Views

Synopsis လူသားဧကရာဇ်- ဝမ်ချောင်

ဘာသာပြန်- စွဲညို့အသင်း
ဘာသာပြန်- xoxay (1-100)
ဇာတ်လမ်းအကျဉ်း

ဝမ်ချောင်သည် ထူးဆန်းသော နယ်ခြားစစ်သည်များ အလုံးအရင်းဖြင့် ချီတက်လာသည်ကို ငေးကြည့်နေရင်း သေခါနီးတွင် သူမုန်းတီးသောရန်သူများအား သတ်ဖြတ်နိုင်ရန် နောက်ဆုံးအကြိမ် ကြိုးပမ်းခဲ့သည်။ သူ၏တိုင်းပြည်၊ ပြည်သူပြည်သား၊ သူချစ်မြတ်နိုးရသူအားလုံးပျောက်ကွယ်သွားခဲ့ရသည်။ ကျရှုံးခဲ့ရသည်။ နောင်တတရားနှင့်သာ သေဆုံးခဲ့ရသည်။ သူ၏ဘဝကို ကံကြမ္မာက ဒုတိယအကြိမ်အခွင့်အရေးပေးခဲ့သောအခါ…….

——————————Chapter 1700ကျော်အကျဥ်းချုပ်:
စွဲညို့အသင်းကို မလွှဲပြောင်းမှီက ပြန်ဆိုခဲ့သည့် xoxay ရေးသားခဲ့သည့်

သူသည် ဤကမ္ဘာကို သူအထင်သေးသူများ လက်ထဲသို့ မလွှဲအပ်နိုင်ပေ။ ထို့ကြောင့် ဝမ်ချောင် လူသားဧကရာဇ်အဖြစ် ရာဇဝင်တွင်ရန် အရိုးတောင်များနှင့် သွေးပင်လယ်များကို ကျော်ဖြတ်ခဲ့သည်။ သူ၏အင်အားဖြင့် မဟာထန်၏ ကျဆုံးခြင်းကိုပြောင်းလဲပေးခဲ့ပြီး ကမ္ဘာ၏အထွဋ်အထိပ်သို့ရောက်ခြင်းဖြင့် ထူးခြားသောဒဏ္ဍာရီတစ်ခုဖြစ်လာခဲ့သည်…

================================

ဒီစာစဥ်က လက်ရှိကမ္ဘာကနေ ဆင်တူရိုးမှား မတူညီတဲ့နောက်ထပ် ကမ္ဘာတစ်ခုကိုကျော်ဖြတ်လာတဲ့သူတစ်ယောက်အကြောင်းပါ…(618-907 AD ကြားမှာရှိခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ထန်မင်းဆက်ကိုအခြေခံထားတာပဲဖြစ်ပါတယ်) တစ်ခြားပြန်လည်မွေးဖွားခြင်းစာစဥ်တွေနဲ့မတူတာက သူရေးထားတဲ့ပုံစံက ဒီစာစဥ်မာ OPကျင့်ကြံသူမပေါများပါဘူး အမြဲကျင့်ကြံနေတာမျိုးမဟုတ်ပဲ ကျင့်ကြံပြီး အဆင့်တက်မယ် နိုင်ငံ(ကျောင်းတော်)ပြိုင်ပွဲဝင်မယ် ထပ်မြင့်တဲ့နိုင်ငံ(ကျောင်းတော်)ရောက်မယ် ချမယ် ဆိုတဲ့ပုံစံမဟုတ်ပဲ စစ်ပွဲတွေ နိုင်ငံရေးအလှည့်အပြောင်းတွေနဲ့ပြည့်နေတာပါ…
စာစဥ်ပုံစံကတော့ သူက ဒီကမ္ဘာသစ်ကိုရောက်လာ စိတ်ပျက် ဝမ်းနည်းပြီး ရည်မှန်းချက်မရှိ လူ့အလေနတောအဖြစ်ပဲ အချိန်ဖြုန်းနေတာပါ..ဒါပေမဲ့ သူနေတဲ့နေရာကို ဘယ်ကမှန်းမသိတဲ့ ကျူးကျော်သူနယ်ခြားစစ်သည်တွေ ဝင်ရောက်လာပီး သူ့အနီးနားက သူချစ်တဲ့သူတွေ သေဆုံးကြချိန်မှပဲ အမြင်မှန်ရပီး အသက်ရှင်ကျန်ရစ်သူတွေကို စုစည်း သူစွမ်းသလောက် ပြန်ခုခံပါတော့တယ် ဒါပေမဲ့ သူမအောင်မြင်ခဲ့ပါဘူး…
ဒီအချိန်မှာပဲ သူက အချိန်နောက်ပြန်ရောက်သွားပီး
သူ့ကံကြမ္မာ သူ့မိသားစု သူချစ်ရသူတွေရဲ့ ကံကြမ္မာကို
ပြန်ပြင်နိုင်ဖို့ ဒုတိယအခွင့်အရေး ထပ်ရခဲ့ပါတယ်…

ကျနော်ဒီစာစဥ်ကို စဖတ်တော့ Transcending The Nine Heavens(ဘုံကိုးဆင့်ကို ကျော်လွန်၍) နဲ့ ဇာတ်လမ်းပုံစံချင်းဆင်သလိုခံစားရတယ်..ပြီးတော့ ဖတ်နေရင်း ကျနော်ဖတ်နေတာ wuxia စာစဥ်လား Xianxia စာစဥ်လားမသဲမကွဲ ဖြစ်မိသေးတယ်…သိုင်းကျင့်နေရမဲ့အစား နိုင်ငံရေးလှည့်ကွက်လေးတွေ မိသားစုအရှုပ်အထွေးတွေနဲ့ ဒီစာစဥ်တည်ရှိနေတဲ့ ကမ္ဘာလောကရဲ့ပုံစံကို မျက်စိထဲမြင်အောင် စာဖတ်သူကို တဖြည်းဖြည်းဆွဲခေါ်သွားတာပါ MC တစ်ယောက်ထဲကိုပဲ ကွက်ပီး ဇာတ်အိမ်ဆင်သွားတာမျိုးမဟုတ်ပဲ သူ့ဘေးကမိသားစု မိတ်ဆွေ အပေါင်းအဖော်တွေ တစ်ယောက်ချင်းစီအထိ သေချာသိရအောင် ရေးပြထားတာဆ်ိုတော့ ဖတ်ရတာ များပီး ရှုပ်မယ်ဆိုပေမဲ့ ကျနော်ကတော့ ခုလိုမျိုး Character တစ်ယောက်ချင်းစီကို သေချာဖော်ပြတာကို ကြိုက်တယ်ဗျ…
စစ်ပွဲတွေ ဗျူဟာတွေ လှည့်ကွက် မြုပ်ကွက် သဲလွန်စလေးတေွပေးပြီး စိတ်ထဲမရိုးမယွဖြစ်အောင် ရေးထားတာပါ…သူ့ရဲ့ကိုယ်ပိုင်ကမ္ဘာတစ်ခုကို စာရေးသူက အကောင်းဆုံး ထုဆစ်ထားပါတယ် ..ပြီးတော့ အချိန်ခရီးသွားတာနဲ့ပက်သက်ပီး အစကတည်းက ဘာမှရှင်းမပြဘူး သိချင်ရင် ဆက်ဖတ်သွား…ဒီအခန်းမာ အရိပ်ပြမယ် နောက်အခန်းမာ အကောင်ပြမယ်…နည်းနည်းချင်းစီ ဇာတ်ရှုပ်ဖြည်ပြသွားတဲ့ အရေးအသားမျိုး..ဒီစာရေးသူက ပရိသတ်ကို
တစ်ဆင့်ချင်း ဆွဲခေါ်သွားတဲ့ပုံစံနဲ့ ဖတ်ရင်းဆက်ဖတ်ချင်အောင် ရေးတတ်ပါတယ်….

ဒီဇာတ်အိမ်က ကျင့်ကြံခြင်းကိုပဲ အဓိကမထားပါဘူး
နိုင်ငံရေးပါမယ် နိုင်ငံပြန်စုစည်းပီးတည်ထောင်တာတွေပါမယ် အခြေအနေအများစုကို MC က အချိန်ခရီးသွားသူဆိုတော့ သူ့အရင်ဘဝရဲ့အသိပညာတွေ အရင်အတွေ့အကြုံတွေနဲ့ ထိပ်ဆုံးကိုရောက်ဖို့ ကြိုးစားနေတာကို တွေ့ရမာပါ
ကျနော် အာမခံရဲတာက ဒီစာစဥ်က ဖတ်ရတာတန်တဲ့ စာစဥ်တစ်ခုဆိုတာကိုပါ…စစချင်းဖတ်တုန်းက တစ်ညထဲနဲ့တင် Chapter 40ကျော်ကိုတစ်ထိုင်ထဲ ဖတ်မိသွားတဲ့ထိ ဆွဲဆောင်နိုင်ပါတယ်…..
ဒီစာစဥ်ကိုဖတ်တော့ စာရေးသူက ထန်မင်းဆက်နဲ့အင်ပါယာကို တော်တော်လေ့လာထားတာတွေ့ရတယ်
မသိရင် သမိုင်းမှတ်တမ်းကို ဖတ်နေရသလိုပဲ…တကယ့်မှတ်တမ်းတစ်ချို့ကိုသုံးပီး သူ့ဇာတ်အိမ်ထဲဆွဲထည့်ပီး ကိုက်ညီအောင် ပြန်ရေးထားတာမျိုးပါ…

Read လူသားဧကရာဇ်- ဝမ်ချောင်

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset