NBY အပိုင်း ၂၉၉

အပိုင်း (၂၉၉)

ရှောင်းယီက မေးဖျားကို တမင် ဆွနေသလို ပင့်လိုက်ပြီး အထက်စီးဆန်ဆန် ပြုံးတယ်

လူစုလူဝေးထဲတွင် ပုန်းကွယ်နေသည့် လူတစ်ယောက်က ထွက်ပြေးဖို့ ကြိုးစားလိုက်သော်လည်း လူများ၏ တွန်းထုတ်ခြင်းကို ခံလိုက်ရသည်။

သူက ခိုက်ခိုက် တုန်နေပြီး ငြင်းဆန်လိုက်သည်။

“မဟုတ်ဘူး၊ အဲဒါက အဲဒီလို မဟုတ်ဘူး….”

“ဖုံးကွယ်ဖို့ မကြိုးစားနဲ့၊ ဟောင်ဆန်ဆိုင်က အခု ကျွန်မ အစ်ကို ၂ ရဲ့လူတွေပဲ”

နန်းပေါင်ရီက သူ့စကားကို ဖြတ်လိုက်ပြီး အမှန်တရားကို ထုတ်ပြော လာသည်။

“မိုးခေါင် ရေရှားမှုကြီး ဖြစ်ပြီးနောက် ဆန်ဆိုင်တွေနဲ့ လုပ်ငန်းရှင်တွေရဲ့ စပါးကုန်သည် အဖွဲ့ကို ကိုယ်စားပြုပြီး ဝမ်သူဌေးက အစ်ကို ၂ ကို လာရှာပြီး ဈေးကွက်ထဲက ဆန်ဈေးကို တိုးမြှင့်တဲ့ နေရာမှာ ပူးပေါင်းဖို့ ပြောတယ်၊ ဒါပေမယ့် အစ်ကို ၂ က ငြင်းပယ် လိုက်တယ်”

“တစ်သောင်းသော ဆိုင်တွေကို မီးရှို့ခြင်းရဲ့ နောက်က ဖိအားကတော့ ဘုရင်ခံချန်းနဲ့ ရှအိမ်တော်တို့လို စစ်ဖက်ဆိုင်ရာတွေ ပူးပေါင်း ထားတာပဲ၊ သူတို့က ဒေါသထွက် သွားကြပြီး လက်တုံ့ပြန်တဲ့ အနေနဲ့ ဆန်တွေကို တွန့်ဆုတ်ခြင်းမရှိ မီးရှို့ပစ်လိုက်ကြတာက ဒီနေ့ရဲ့ အခြေအနေကို ဦးတည် စေတာပါပဲ”

“ရှုနိုင်ငံရဲ့ မိုးခေါင်ရေရှားမှုက သဘာဝ ဘေးအန္တရာယ် တစ်ခုပါ၊ ဆန်ဆိုင် တစ်သောင်းလောက်က မီးလောင်ပြာကျ သွားတယ် ဆိုတာကတော့ လူလုပ်တဲ့ ဘေးအန္တရာယ်ပါ၊ မလိုအပ်ဘဲနဲ့ ကျွန်မကို နတ်ဆိုးမလို့ ဆူဆဲနေကြမဲ့ အစား ဘုရင်ခံချန်းဆီကသာ ပိုပြီး လေးနက်တဲ့ တရားမျှတမှုကို တောင်းဆို လိုက်ကြပါ”

နန်းပေါင်ရီက တင့်တယ်လှသော ကိုယ်ဟန်နှင့် ဖြစ်သည်။ သူမ၏ နောက်မှာတော့ ကျီနန်ဘုရားကျောင်း တစ်ခုလုံးကို ဝါးမျိုသွားသော မီးတောက်များက လောင်ကျွမ်း နေဆဲပင်။

သူမ၏ ရှည်လျားသော အဖြူရောင် ဆံနွယ်များက တောင်တန်းပေါ်က တိုက်ခတ်လာသည့် လေညင်းနှင့် လွင့်နေပြီး သူမ၏ အားနည်း ဖျော့တော့နေသည့် မျက်နှာလေးက ထူးဆန်းစွာ အလှတွေ ထင်ပေါ်နေသည်။ အလွန်အမင်းကို ရင်ထဲ ထိဖွယ်ပင်။

လူတွေက တစ်ယောက်ကို တစ်ယောက် အကြိမ်ပေါင်း များစွာ ကြည့်လိုက်ကြပြီး တစ်ယောက်စီတိုင်းက အပြစ်ရှိစိတ်ကို ခံစား လိုက်ကြရသည်။

တစ်ယောက်က ဦးဆောင်၍ “နန်းသခင်မလေး ၅၊ အရင်က သခင်မလေးကို နတ်ဆိုးမလို့ မှားယွင်းခဲ့တဲ့ အတွက် တောင်းပန်ပါတယ်”

“ဟုတ်တယ်၊ ကျွန်တော်က ကျောက်ခဲ တစ်လုံးကို ကောက်ပြီး သခင်မလေးကို ပစ်ခဲ့မိတယ်…. အဲဒါ ပြက်ရယ်ပြုစရာ ကောင်းအောင် မှားသွားပါတယ်၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

“အရင်က ငါပြောခဲ့တယ်မလား၊ နန်းအိမ်တော်လို အိမ်တော်မျိုးမှာ ဘယ်လိုလုပ်ပြီး နတ်ဆိုး ရှိပါ့မလဲလို့၊ မင်းတို့က ငါ့စကားကို နားမှ မထောင်ကြတာ”

လူတိုင်းက စကားတွေ တတွတ်တွတ် ပြောနေကြပြီး ကြင်နာစွာ လေးစားစွာ နန်းပေါင်ရီကို ကြည့်နေကြသည်။

နန်းယန်က ထောင့်နားမှာ ဒူးထောက်နေပြီး သူမ၏မျက်နှာ လှလှလေးက ပြာနှမ်းပြီး ခရမ်းရောင်သန်း နေလေပြီ။ သူမက လက်သီးကို ကျစ်ကျစ်ဆုပ် လိုက်ပြီး နန်းပေါင်ရီကို မျက်လုံးများဖြင့် သတ်ပစ်ချင် နေခဲ့သည်။

သူမက ဒီလို အခြေအနေ ဖြစ်အောင် အကွက်ချဖို့ ပင်ပင်ပန်းပန်း ကြိုးစားလိုက်ရပြီး ဘာကြောင့် ဒီခွေးမက ထပ်ထပ်ပြီး လွတ်သွား ရပြန်တာလဲ…

မုန်းတယ်….

တောင်ခါးပန်းက ဧည့်တွေ့ ဆောင်မှာတော့……

ကုချုံရှန်းက လက်တစ်ဖက်က သောက်စရာကို ကိုင်ထားပြီး ခွက်တစ်ဝက်လောက်ကို ဖြည်းဖြည်းချင်း မော့သောက် လိုက်သည်။

သူ၏အနီရောင် နှုတ်ခမ်းထောင့်စွန်းတွေက ကွေးညွတ်နေပြီး “နန်းအိမ်တော်က မိန်းကလေးက တကယ် စိတ်ဝင်စားစရာပဲ”

သူ၏ နောက်တွင် ရပ်နေသည့် မိန်းမစိုးငယ်လေးက ရိုသေစွာဖြင့် “သခင်ကြီး ပျော်နေတာပဲ၊ ဘုရင်ခံရွယ်ရဲ့ ဝံပုလွေ ကိုယ်ရံတော်က လာဖို့ လမ်းမှာ ရောက်နေပါပြီ၊ အမတ်မင်းနဲ့ ပြဿနာ တက်ကြမှာတော့ ကျိန်းသေပေါက်ပဲ၊ သခင်ကြီးနဲ့ နန်းမိန်းကလေးတို့ရဲ့ လောင်းကြေး စားကြေးက မကြာခင်မှာ ဘယ်သူ နိုင်လဲဆိုတာ သိရတော့မှာပါ”

ကုချုံရှန်းက ရှင်းလင်းနေသည့် မြင်ကွင်းကို စိုက်ကြည့် လိုက်သည်။

သူနှင့် ရွယ်တူလောက် ရှိသောလူငယ်က သွေးစွန်းနေသည့် ဝတ်စုံနှင့် မြင်းကို တစ်ယောက်တည်းစီးပြီး ဓါးတစ်လက်ဖြင့် ကျီနန်ဘုရားကျောင်းက သိုင်းပညာ ကျွမ်းကျင်သည့် ဘုန်းတော်ကြီး တစ်ရာ့ရှစ်ပါးကို မြေပေါ်မှာ လှဲသိပ်လိုက်သည်။

တက်ကြွနိုးကြားသော ဟန်ပန်ပင်။

အနက်ရောင်မြင်းက ဟီသံ တစ်ချက်ပြု၍ ကျောင်းထိုင် ဆရာတော်ထံသို့ ပြေးဝင်သွားသည်။ စစ်မြင်းက သူ၏ရှေ့ခြေကို မြှောက်လိုက်ပြီး ကျောင်းထိုင် ဆရာတော်နှင့် ဘေးပတ်ပတ်လည်ရှိ လူတိုင်းကို ခြောက်လှန့်ပြီး နောက်သို့ ဆုတ်သွားစေသည်။

ရှောင်းယီက လက်တစ်ဖက်နှင့် မြင်းဇက်ကြိုးကို ဆွဲလိုက်ပြီး မိုတောက် ဓါးရှည်ကို တခြားလက် တစ်ဖက်နှင့် ဝှေ့ယမ်း၍ ဓါးသွားက ကျောင်းထိုင်ဆရာတော်၏ အရှေ့သို့ တည့်တည့် ချိန်ရွယ်ထားသည်။

သူက မေးဖျားကို တမင် ဆွနေသလို ပင့်လိုက်ပြီး အထက်စီးဆန်ဆန် ပြုံးရင်း “ကျီနန်ဘုရားကျောင်း၊ အခုတော့ ဘယ်လိုလဲ”

ကျောင်းထိုင် ဆရာတော်က လက်အုပ်ချီလိုက်ပြီး “ဘုရားရှင်” လို့ တည်ငြိမ်စွာ ရေရွတ်သည်။

နန်းပေါင်ရီက သူ့ကို စူးစိုက်ကြည့်ပြီး “ကျောင်းထိုင် ဆရာတော်က ကျွန်မဟာ သံချပ်ထဲက နတ်ဆိုးမ မဟုတ်ပါဘူး ဆိုတာကို သိတာ ကြာနေပါပြီ၊ ဒါပေမယ့် သူက ချန်းမိသားစု၊ ရှမိသားစုတို့နဲ့ ပူးပေါင်းပြီး ကျွန်မကို မရိုးမသားနဲ့ ဖမ်းချုပ် ထားတာပါ၊ ကျွန်မကို မီးရှို့ဖို့တောင် စီစဉ် ထားသေးတယ်၊ သူတို့အားလုံး ပြောကြတာက မေတ္တာတရား ကြီးမားကြတယ်တဲ့၊ ကျောင်းထိုင် ဘုန်းတော်ကြီးရဲ့ မေတ္တာတရားက ဘယ်မှာများလဲ”

“ရှသခင်ကြီးက ဒီဆင်းရဲတဲ့ ကိုယ်တော့်ကို ကတိပေးထားတယ်၊ သူ့သမီး ဖြစ်စေချင်သလို ဒကာမလေးကို ရှုနိုင်ငံက လူတွေရဲ့ ရှေ့မှာ မီးရှို့ပေးမယ်ဆိုရင် သူက ကျီနန်ဘုရားကျောင်းကို ရွှေစ နှစ်သိန်း လှူဒါန်း ပါမယ်တဲ့၊ ပြီးတော့ စစ်တပ်က ရဲမက်တွေကို စိုက်ခင်းအတွက် ရေတွင်းတွေ တူးပြီး မြောင်းတွေ ဖော်ဖို့ လုပ်ပေး ခိုင်းမယ်တဲ့၊ တစ်ယောက် သေတာနဲ့ တစ်လောကလုံးကို ကယ်တင်လို့ ရပြီမို့ ဒီကိုယ်တော်က ကြီးမားတဲ့ ကုသိုလ် လုပ်တာပါ၊ ဒီနေ့ ဒကာမလေးသာ ဒီနေရာမှာ သေခဲ့ရင် ဒကာမလေးက ကျိန်းသေပေါက် အနောက်ဘက် နိဗ္ဗာန်ကို လားပြီး ဗုဒ္ဓဆီသို့ တက်လှမ်းနိုင်မှာပါ”

ကျောင်းထိုင် ဆရာတော်၏ မျက်လုံးများက အိုမင်းနေပြီး အေးစက်နေသည်။ တောင်တန်းပေါ်က လေပြည်ဆော်သွေး လာသောအခါ ဝတ်ရုံနှင့် လက်များက ကနေသကဲ့သို့ပင်။

လူများ၏ အမြင်မှာတော့ ဘုန်းတော်ကြီး တစ်ပါးရဲ့ အပြုအမူဖြစ်သည်။

တောင်တန်းရဲ့ လေပြည်က ဟိန်းလာသည်။

“ကျွန်မကို သေခိုင်းပြီး လောကကြီးကို ကယ်မယ်၊ ဆရာတော်ရဲ့ အမြင်မှာ အဲဒါက ကြီးမားတဲ့ ကုသိုလ် တဲ့လား”

စင်မြင့်ထက်မှ မိန်းကလေး၏ အသံက အနည်းငယ် အေးစက် လာသည်။ သူမက ထရပ်လိုက်သည်။ ဖြူဖွေး နေသည့် ဆံနွယ်များက လေနှင်ရာ လွင့်နေသည်။

ကျယ်ပြန့်သော နှင်းများဖုံးနေသည့် ဝတ်စုံက လေနဲ့အတွင် လွင့်မျောနေပြီး နတ်သမီး တစ်ပါးကဲ့သို့ တင့်တယ်နေဟန်၊ လေပေါ်ပျံပြီး အိမ်ကို ပြန်နေသကဲ့သို့။

သူမက ကျောင်းထိုင် ဆရာတော်ကို စိုက်ကြည့်ပြီး “သံချပ်က အတုအယောင် ဆိုတာကို ဆရာတော် သိတယ်၊ ဒါပေမယ့် ကျွန်မကို မကောင်းသတင်း ကျော်စောတဲ့ နတ်ဆိုးမဆိုတဲ့ နာမည်ကို တပ်ထား သေးတယ်၊ ဒါက မရိုးသားတာပဲ”

“ဆရာတော်က ဗုဒ္ဓဘာသာဝင် တစ်ယောက်ပဲ၊ ဒါပေမယ့် ဆရာတော်က အရာရှိတွေဆီက လျှိ့ဝှက်ပြီး အလှူငွေကို လက်ခံယူတယ်၊ ဒါက ဆဋ္ဌမမြောက် ညစ်ညမ်းတာပဲ”

“ဘုရားရှင် ဆိုတာကိုပဲ နှုတ်တိုက် ရွတ်နေပေမယ့် ဆရာတော်ရဲ့ စိတ်ထဲမှာတော့ ကျွန်မကို မြန်မြန် သတ်ပစ် ချင်နေတယ်၊ အဲဒါက နတ်ဆိုးတစ်ကောင်ရဲ့ သဘာဝပဲ”

“မြင့်မြတ်တဲ့ ဘုန်းတော်ကြီး တစ်ပါးအနေနဲ့ သံချပ်ကို ဖော်ထုတ်ဖို့ သိသိသာသာကို နည်းလမ်း ထောင်ပေါင်း များစွာရှိတယ်၊ ရှမိသားစုရဲ့ ဒုစရိုက်မှုကို ဖော်ထုတ်ပြီး အစိုးရကို လူတွေကို ကူညီ ပေးခိုင်းလို့ ရတယ်၊ ဒါပေမယ့် ဆရာတော်က အရက်စက်ဆုံး နည်းလမ်းကို ရွေးခဲ့တယ်”

“ဆရာ့တော့် အထင်မှာ ဆရာတော်က မြင့်မြတ်တယ် ဆိုပေမယ့် ဆရာတော်ရဲ့စိတ်က စက်ဆုပ် အထင်သေးစရာ ကောင်းနေတာကို ကိုယ်တိုင် မသိဘူး၊ ဆရာတော်ရဲ့ စိတ်ထဲမှာ ဘုရားမရှိဘူး”

“ဆရာတော်က ကျီနန် ဘုရားကျောင်းရဲ့ ကျောင်းထိုင် ဆရာတော်ဖြစ်ဖို့ မတန်ဘူး”

ကျောင်းထိုင် ဆရာတော်၏ ဂုဏ်ပုဒ်က ကွဲထွက်သွားလေပြီ။

လက်ဖမိုးပေါ်က အပြာရောင် သွေးကြောများ ဆူပွက်နေပြီး နန်းပေါင်ရီကို ကြောက်စရာ ကောင်းသော အကြည့်နှင့် စူးစိုက်ကြည့်ကာ “ဆင်းရဲတဲ့ ကိုယ်တော်က ဘုရားရှင် အပေါ်မှာ စိတ်နှစ်မြှုပ် ထားတာပါ၊ လူတွေကို ရေဘေးနဲ့ မီးဘေးက ကယ်တင်ချင်ရုံ တင်ပဲ၊ ဘယ်လိုလုပ်ပြီး ကိုယ်တော့်ရဲ့ စိတ်ထဲမှာ ဘုရား မရှိဘူးဆိုတဲ့ မင်းရဲ့မေးခွန်းကို မေးရဲရတာလဲ”

လူအများ ငြိမ်သက်နေသည်။ သူတို့က ကျောင်းထိုင် ဆရာတော်ကို တစ်လှည့် နန်းပေါင်ရီကို တစ်လှည့် ကြည့်နေကြသည်။

သွင်ပြင်ကိုပဲကြည့်လျှင် တစ်ယောက်က အဖိုးတန်သော ဝတ်ရုံနှင့် ထင်ရှားကျော်ကြားသော ဘုန်းတော်ကြီး ဖြစ်ပြီး အေးစက်ပြီး ဖုန်ပေနေသည်။

တစ်ယောက်ကတော့ လောကကြီးကို ဒုက္ခပေးမည့် နတ်ဆိုးမဖြစ်ပြီး အနီရောင် နှုတ်ခမ်းများဖြင့် ကလေး မျက်နှာလေး ဖြစ်သည်။

သို့သော်…..

ဘုန်းတော်ကြီးက မကောင်းဆိုးဝါး တစ်ကောင်လို ကြောက်မက်ဖွယ် ကောင်းလှသည်။

နတ်ဆိုးမလေး၏ မျက်ခုံးတွေက သန့်ရှင်းပြီး နေရောင်ခြည်လို တောက်ပနေသည်။

ဘယ်အရာက ကောင်းပြီး ဘာက ဆိုးတာလဲ ဆိုတာကို အကြည့်တစ်ချက်နဲ့……

လောကကြီးမှာ နတ်ဆိုးများနှင့် တစ္ဆေများဆိုသည်က ပုံစံများကို ကြည့်ပြီး အကဲဖြတ်ရန် မလွယ်ကူလှချေ။

တတွတ်တွတ် တီးတိုးသံများ တဖြည်းဖြည်းနှင့် ပတ်ဝန်းကျင်မှ ထွက်ပေါ်လာပြီး အားလုံးက ဆရာတော်ကို မှားတယ်ဟု ပြောနေကြသည်။

ကျောင်းထိုင် ဆရာတော်၏ မျက်နှာက ရှုံ့မဲ့သွားပြီး “မင်း၊ နတ်ဆိုးမ၊ ဆင်းရဲတဲ့ ကိုယ်တော်က မင်းကို သတ်ပေးတာကိုတောင် လောကကြီးက ကျေးဇူးတင်ရဦးမှာ”

သူက ရှေ့သို့ ခြေလှမ်းဝက်မျှ မတိုးရသေးခင်မှာ ရှောင်းယီ၏ မိုတောက်ဓါးရှည်က ပေါ့ပေါ့ပါးပါးဖြင့် သူ့လည်ပင်းကို ထောက်ထား လိုက်လေပြီ။

သူက အပြုံးစစဖြင့် “အမတ်မင်းက ဘုန်းတော်ကြီးကို မသတ်ဘူး ဆိုတာက မသတ်ရဲဘူးလို့ ဆိုလိုတာ မဟုတ်ဘူးလေ၊ စမ်းကြည့်ချင်လား”

ကျောင်းထိုင် ဆရာတော်က ပို၍ ဒေါသထွက် လာတော့သည်။ အိုမင်းနေသည့် မျက်လုံးများမှာ တဖြည်းဖြည်း သွေးစုလာပြီး နေရာတိုင်းမှာ စိတ်နှလုံး တစ်ခုလုံးက သတ်ရန် အတွေးတို့ဖြင့် ပြည့်နေသည်။

သူ၏ ကျောင်းထိုင် ဆရာတော် ဂုဏ်ပုဒ်က ဖယ်ခွာသွားပြီး ရက်စက် ကြမ်းကြုပ်စွာ ဟိန်းဟောက် လိုက်သည်။

“လောကကြီးကို ကယ်တင်ဖို့ မင်းတစ်ယောက်တည်းကိုပဲ သတ်ဖို့လုပ်တာ ဒီဆင်းရဲတဲ့ ကိုယ်တော် မှန်တယ်၊ ဆင်းရဲတဲ့ ကိုယ်တော်က သတ္တဝါတွေ အားလုံးကို ကယ်တင်မှာ၊ ဆင်းရဲတဲ့ ကိုယ်တော်က အနောက်ဘက် နိဗ္ဗာန်ကို သွားချင်တဲ့ တစ်ဦးတည်းသော သူပဲ”

“ဘုရားရှင်….”

ဘုရားစာ ရွတ်ဖတ်သံက အလွန်ကို ကျယ်လောင်လှသည်။ အဖြူရောင် မုတ်ဆိတ်မွေးများနှင့် ကျောင်းထိုင် ဆရာတော်က လိမ္မော်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး လေထဲမှာ ပျံဝဲနေသည်။ သူ၏ အနောက်တွင် ဆယ်နှင့်ချီသော ဘုန်းတော်ကြီးများ ရှိနေသည်။ သူတို့အားလုံးက ထောင်ထဲမှာ နန်းပေါင်ရီနှင့်အတူ ထိုင်ပြီး စကားပြောဖူးကြသည့် သူများပင်။

“ကိုယ်တော် နောက်မဆုတ်တော့ဘူးလား”

အိုမင်းသော ဘုန်းတော်ကြီး တစ်ပါးက ဆူငေါက် လိုက်သည်။ သူ၏ တုတ်တံနှင့် ကျောင်းထိုင် ဆရာတော်၏ ခေါင်းကို ခေါက်လိုက်သည်။ အနီရောင် မျက်ဆံအိမ်များက တဖြည်းဖြည်း ကြည်လင်လာသည်။

သူက ခေါင်းကိုငုံ့၍ ရိုသေစွာနဲ့ “ဆရာတော်”

ဘုန်းတော်ကြီးအိုက ရှောင်းယီ ဘက်သို့လှည့်၍ တည်ငြိမ်စွာဖြင့် ဘုရားစာကို ရွတ်ဖတ် လိုက်သည်။

ရှောင်းယီက ထိုဘုန်းတော်ကြီးကို အရိုအသေ ပေးလိုက်သည်။

ဘုန်းတော်ကြီးအိုက စင်မြင့်ပေါ်သို့ လှည့်လိုက်ပြီး နန်းပေါင်ရီကို အတန်ကြာသည် အထိ စေ့စေ့စပ်စပ် ကြည့်ရင်း အပြုံးတစ်ချက်ဖြင့် “ဒီဘုန်းတော်ကြီး အိုကြီးက ကောင်းမွန်တဲ့ သင်ကြားမှုကို လက်ခံခဲ့ရပါတယ်”

နန်းပေါင်ရီက နှုတ်ခမ်းတွေကို တင်းတင်း စေ့လိုက်သည်။ သူမက ဘုန်းတော်ကြီး၏ အတိမ်အနက်ကို မသိသောကြောင့် ရိုကျိုးစွာ ဂါရဝပြုလိုက်သည်။

ဘုန်းတော်ကြီးအိုက လူတွေဘက်ကို လှည့်၍ ကျယ်လောင်စွာဖြင့် “ဒီနေ့ဖြစ်တဲ့ ကိစ္စက ကိုယ်တော်တို့ ကျီနန်ဘုရားကျောင်းရဲ့ အမှားပါ၊ ဒီဒကာမလေးက နတ်ဆိုးမ မဟုတ်ပါဘူး၊ ကိုယ်တော်က ဒီနေရာမှာ သူ့အတွက် တရားမျှတမှုကို ဆောင်ရွက် ပေးပါ့မယ်၊ မိုးခေါင် ရေရှားမှုက သဘာဝ ဘေးအန္တရာယ် တစ်ခု ဖြစ်ပြီး လူတွေက ပြောင်းလဲလို့ မရပါဘူး၊ သံချပ်ကြောင့်သာ ထွက်ပေါ်လာရခြင်း ဖြစ်ပါတယ်၊ ဒီလို ကောက်ကျစ်စဉ်းလဲတဲ့ အနှောင့်အယှက်အတွက် ကိုယ်တော်က အပြစ်ကို ခံယူပါ့မယ်”

“ဆရာတော်….”

“ပါးစပ်ပိတ်ထား”

ဘုန်းတော်ကြီးအိုက မျက်လုံးတွေကို ကျောင်းထိုင် ဆရာတော်ထံသို့ ဒေါသထွက်စွာ အကြည့် ပို့လိုက်ပြီး “ပြောပြီးရင်း ပြောနေတယ်၊ ရိုက်ပြီးရင်း ရိုက်ခဲ့တယ်၊ မင်းက ငါ့ရဲ့ မျက်နှာအိုကို ပျက်အောင် လုပ်တယ်၊ ငါ့ရဲ့ သင်ပြမှုတွေက အရမ်း ထက်မြက်ပြီး မင်းကတော့ ရူးနှမ်းရတာလဲ”

ကျောင်းထိုင် ဆရာတော်က အိုမင်းနေလေပြီ၊ လူပုံအလယ်မှာ ဆုံးမခံရခြင်းက သူ၏ အေးစက်ပြီး အိုမင်းသည့် မျက်နှာကို ရုတ်ခြည်း နီရဲဖောင်းကား လာစေသည်။

သူက ဝတ်ရုံရှည်ကို ဆုပ်ထားပြီး ခေါင်းကို ရှက်ရွံ့စွာ ငုံ့လိုက်လေတော့သည်။
____

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset