NBY အပိုင်း ၂၉၈

အပိုင်း (၂၉၈)

အရင်ဘဝတုန်းက သူမ ရှောင်းယီကို ပါးချမိတယ်

ထိုအချိန်မှာ သူမ ရှက်သွားတော့သည်။

နှစ်တွေ အကြာကြီး သူမက ရှောင်းယီကို အနိုင်ကျင့်ခဲ့ပြီး နိမ့်ကျပြီး အဖော်မရှိတဲ့ စွန့်ပစ်ခံသားဟု သူ့ရှေ့မှာ အမြဲတမ်း အထက်စီး ဆန်ဆန် နေခဲ့သည်။ ထို့ကြောင့် သူမက ဘယ်လိုလုပ်ပြီး သူ့ထံမှ ရယ်မော လှောင်ပြောင်တာကို ခံရမှာလဲ။

ထို့ကြောင့် သူမက အလျှော့မပေးဘဲ ပြန်လည် ချေပလိုက်သည်။

“ငါက သားသမီး ဝတ္တရား သိတတ်တာ၊ နင်ဘာသိလို့လဲ ငါက ရှုနိုင်ငံ ဘုရင်ခံရဲ့သားနဲ့ လက်ထပ်ထားတာ၊ နင့်လို အရာရှိငယ်လေးက ဘယ်မှာလာပြီး ငါ့လို သခင်မကို ဟာသ လုပ်ရဲတာလဲ သွားစမ်း၊ ဘယ်လောက် ဝေးဝေးကိုပဲ ဖြစ်ဖြစ် သွားစမ်းပါ”

ထိုစဉ်ကတော့ တလီဘုရားကျောင်းမှာ လျှို့ဝှက်ပြီး ဝတ်ပြုဆုတောင်းခဲ့တယ် ဆိုတာကို သူမ မသိခဲ့ချေ။ တလီဘုရားကျောင်းက ရှန်ကျင်းမြို့တော်၏ တတိယအဆင့် ဘုရားကျောင်း ဖြစ်သည်။

“ချန်းမိသားစုက မင်းကို ဆိုးဆိုးဝါးဝါး ဆက်ဆံကြတယ် မလား”

သူ၏ တွေဝေ ငေးမောနေသည့် အကြည့်က သူမ၏ ဖောရောင်နေသည့် လက်များကို ဝေ့သွားပြီး ပြုံးလိုက်သည်။

“နင်နဲ့ဘာဆိုင်လဲ”

နန်းပေါင်ရီက လက်တွေကို နောက်ဘက်သို့ အမြန်ဖွက်လိုက်ပြီး “နင်မသွားသေးရင် ငါတစ်ယောက်ယောက်ကို ခေါ်လိုက်မယ်၊ ငါက နင့်ရဲ့ ကပြက်ကချော်နဲ့ လှောင်ပြောင်မှု အတွက် တရားစွဲမယ်”

“ပါးလျပ်ပြီး ပေါ့လွန်းတယ်…….”

ရှောင်းယီက စကားလုံးများအား ဝါးစားထားသလို ပြောလိုက်ပြီး ရုတ်တရက် မြင်းကို စမ်းချောင်း တစ်ဖက်သို့ နှင်လာသည်။

စမ်းချောင်း၏ ရေများမှာ နန်းပေါင်ရီ၏ မျက်နှာကို စင်လာသည်။ သူမက အမြန် ထရပ်လိုက်ပြီး နောက်သို့ ဆုတ်လိုက်သော်လည်း မြင်းပေါ်က ရှောင်းယီ၏ လှမ်းဖက်ခြင်းကို ခံလိုက်ရပြီး မြင်းပေါ်သို့ ရောက်သွားသည်။

မည်းမှောင်ပြီး တည်ကြည်သော မျက်နှာနှင့် နိမ့်ကျပြီး အဖော်မရှိသည့် စွန့်ပစ်ခံသားက သူမကို ချုပ်ထားပြီး သူမ၏လှပပြီး ဆွဲဆောင်မှုရှိသော သွင်ပြင်ကို ပြုံးကြည့်နေသည်။

သူ့လက်ဖဝါး တစ်ဖက်က သူမ၏ခါး ကျဉ်ကျဉ်လေးကို ဖက်ထားပြီး သူမကို ပေါက်ကွဲ ထွက်တော့ မလို ခံစားရစေသည်။

“ငါက သခင်မလေးချန်းရဲ့ နူးညံ့တဲ့ ကိုယ်လေးကို စောင့်ကြည့်နေတာ၊ ချန်းမိသားစုနဲ့ လက်ထပ်တာ နှစ်ဝက်လောက်တောင် ရှိနေပြီ အပျိုစင် အတိုင်းပါပဲလား”

သူက သူမ၏ နှုတ်ခမ်းများကို နက်မှောင်သော အကြည့်များဖြင့် စိုက်ကြည့်ပြီး စကားကို တစ်လုံးချင်း ပြောလိုက်သည်။

“အဲဒါကြောင့် သခင်မလေးချန်းက မသိလောက်သေးဘူး၊ ပြက်ချော်ချော် နိုင်တယ်ဆိုတာ ဘာလဲဆိုတာ ကိုလေ”

ထိုရိုးစင်းတဲ့ စကားနှစ်ခွန်းက နန်းပေါင်ရီကို မျက်နှာပျက် သွားစေသည်။

“နင်….”

သူမက မကျိန်ဆဲ ရသေးခင်မှာ ရှောင်းယီက ချက်ချင်း သူမ၏မေးဖျားကို ချုပ်ကိုင် လိုက်ပြီး ခေါင်းကိုငုံ့၍ နှုတ်ခမ်းကို နမ်းရှိုက် လိုက်သည်။

မိန်းကလေး၏ မျက်ဆံအိမ်က အလျင်အမြန် ကျုံ့သွားသည်။ စိတ်တွေ ပရမ်းပတာ ဖြစ်ကုန်တော့သည်။

သူက သူမ၏သွားများကို ပွင့်ဟလာဖို့ ကြိုးစားနေမှန်း သိလိုက် သောအခါ ရုတ်ခြည်း ရှိုက်ငိုလိုက်ပြီး လက်ကိုမြှောက်၍ ရှောင်းယီ၏ မျက်နှာကို ပါးရိုက် လိုက်တော့သည်။

သူမက ရှက်လွန်းသဖြင့် ပါးပြင်များ နီစွေးနေပြီး မောဟိုက်နေသည်။ သူမဘဝမှာ ဘယ်တုန်းကမှ ဒီလို အရမ်း စိတ်မလှုပ်ရှားခဲ့ရဘူးပေ။

ရှောင်းယီက ပျင်းရိနေသလို နှုတ်ခမ်းတွေကို လျှာနဲ့ သပ်လိုက်သည်။ ခေါင်းကိုမော့၍ ကောက်ကျစ် စဉ်းလဲစွာ ပြုံးလိုက်ပြီး “သခင်မလေးချန်း၊ ဒါကိုမှ ပြက်ချော်ချော် နိုင်တယ်လို့ ခေါ်တယ် …”

“နင်အရှက်မရှိဘူး”

နန်းပေါင်ရီက ပါးစပ်ကို ဖုံးအုပ်လိုက်ပြီး မျက်လုံးမှ မျက်ရည်များ စီးကျလာသည်။

သူမက ရှောင်းယီကို တွန်းထုတ်လိုက်ပြီး မြင်းပေါ်မှ ဆင်း၍ စမ်းချောင်းထဲမှာ ဒူးထောက်လိုက်ပြီး ကြမ်းတမ်းစွာ ပလုပ်ကျင်း နေသည်။

သို့သော်လည်း သူ့ကို ဆူပူအော်ဟစ်ရန် ကိုတော့ မမေ့ “နင်က တခြားသူရဲ့ ဇနီးနဲ့ ပြက်ချော်ချော် နိုင်တဲ့ကိစ္စတွေကို လုပ်နိုင်တယ်ပေါ့၊ ရှောင်းယီ ခွေးလိုနိမ့်ကျတဲ့ နင်ကများ၊ ငါနင့်ကို အထင်သေးတယ်”

“ငါငယ်ငယ် ကတည်းက ဘယ်တုန်းကများ သခင်မလေးချန်းက ငါ့ကို စဉ်းစားလို့လဲ”

ရှောင်းယီ၏ မျက်ဝန်းများသည် အေးစက်လာပြီး သူမကို ပလုပ်ကျင်းနေသည့် ပုံစံကို ငုံ့ကြည့်နေရင်း “ခွေးလို နိမ့်ကျတယ် ဆိုတာက ဘာလဲ။ သားရဲဆိုတာကရော သခင်မလေးချန်းက အရမ်း စိတ်ပျက်ဖို့ ကောင်းတာပဲ၊ ငါမေးမယ်၊ ချန်းမိသားစုက မင်းကို မောင်းမ တစ်ယောက်လို ဆက်ဆံတာကို ချန်းတယ်ကျင်က မျက်မှောင်မကြုတ်ဘူးလား”

နန်းပေါင်ရီ ဒေါသအမျက် ခြောင်းခြောင်း ထွက်သွားရသည်။ သူမက ရေအေးများကို လက်ဖဝါးနှင့် ရိုက်လိုက်ပြီး ရှောင်းယီကို ဂရုမစိုက်ဘဲ ရေဖြင့် ပက်လိုက်တော့သည်။

ရေအေးများက ရှောင်းယီ၏ မျက်နှာကို လာစင်သည်။ တစက်စက် ကျနေရင်း သူ၏မေးဖျားမှ သူ့ရဲ့ဝတ်စုံကို စိုစွတ် သွားစေသည်။

မိန်းကလေးက ဖြူဖွေးနေသည့် မျက်နှာနှင့် တင်းမာခက်ထန်စွာ “ငါက အစ်ကိုချန်းရဲ့ လူအဖြစ် မွေးဖွားလာတာ၊ သေရင်လည်း အစ်ကိုချန်းရဲ့ သရဲပဲဖြစ်မှာ၊ နင်ကဘာလဲ၊ ဒီသခင်မကို လာပြီး တပ်မက် ရဲတယ်လား၊ အဖေ အမေတောင် မသိတဲ့ ခွေးလို နိမ့်ကျတဲ့ ကောင်ကများ ကောင်းကင်ကြီးရဲ့ အောက်က လူတွေအားလုံး သေသွားရင်တောင် ငါက နင့်ကို မခစားနိုင်ဘူး”

ကောင်းကင်ကြီးက မည်းမှောင်လာသည်။ ဆူညံသော အသံများ ပြုနေသည့် မြောက်လေက နှင်းအဆုပ်လိုက်ကို လူများ၏ မျက်နှာပေါ်သို့ တင်ကျန်စေတာက နာကျင်လှသည်။

ရှောင်းယီက မြင်းဇက်ကြိုးကို တင်းတင်းဆွဲထားရာ လက်ဖမိုးက သွေးကြောများပင် အပြာရောင် ထပြီး ထင်းနေသည်။

မည်းမှောင်နေသည့် မျက်လုံးများက သူမကို နက်ရှိုင်းစွာ စိုက်ကြည့်နေပြီး အေးစက်ပြီး အန္တရာယ်ရှိတဲ့ သားရဲကြီး တစ်ကောင်လိုပင်။

မိန်းကလေးက ကြောက်လန့်သွားပြီး အံကိုကြိတ်၍ လှည့်ပြေး သွားတော့သည်။

သူမက အဝတ်တွေကို ကောင်းကောင်း မလျှော်ဖွတ် နိုင်ခဲ့သောကြောင့် ဘုရားကျောင်းသို့ ပြန်ရောက် သောအခါ ထုံးစံအတိုင်း သူမ ဒူးထောက် အပစ်ပေး ခံရတော့သည်။

နန်းပေါင်ရီက အတိတ်မှ ပစ္စပ္ပန်သို့ ပြန်ရောက် သွားသည်။

သူမက စင်မြင့်ပေါ်မှာ ဒူးထောက်နေပြီး အရင်ဘဝက အဖြစ်အပျက်တွေ အကြောင်းကို စဉ်းစား မိနေသည်။

ရှက်ဖို့ကောင်းစွာပင်၊ နှစ်ပေါင်းများစွာမှာ သူမ ရှောင်းယီကို ပြောခဲ့သော အများဆုံး စကားက ပြန်စဉ်းစား ကြည့်မိတော့ ‘ခွေးလို နိမ့်ကျတဲ့ကောင်’ ဆိုခြင်းပင်။
အခု ပြန်စဉ်းစား မိသောအခါ အသက် ဆယ့်ခုနစ်နှစ်အထိ ရှင်သန်ခဲ့သော သူမ၏ အရင်ဘဝက မီးအိုးထဲမှ ဘိုးဘွား ကမ္ပည်းတိုင်က မီးခိုးငွေ့များ ကဲ့သို့ပင်။

သူမက ရှက်ရွံ့စွာ ရင်ဘတ်ကို ပွတ်သပ် လိုက်သည်။

ထိုကဏ္ဍမှာတော့ ဘုရင်ခံချန်းက သခင်မဟောင်ကို သေအောင် ရိုက်နေသည်။

သခင်မဟောင်က သွေးအိုင်ထဲ ရောထွေးနေပြီး သနားချင်စရာ ကောင်းအောင် ငိုကြွေးရင်း ချမ်းသာပေးဖို့ တောင်းပန်နေသည်။ သို့သော် သူမ၏ဘေးမှ လူတစ်ယောက်၏ သနားခြင်းကိုမှ မနှိုးဆွနိုင်ပေ။

ဘုရင်ခံချန်းက သခင်မဟောင်ကို အသေရိုက် မသတ်ဘဲ ဆွဲပြီး လွှင့်ပစ်လိုက်သည်ကို လူများက မတွေ့ခင် ဖြစ်သည်။

လူများသည် စိတ်သက်သောင့်သက်သာ ရှိသွားကြပြီး “ဒီလို အဆိပ်ပြင်းတဲ့ မိန်းမမျိုးကို ကွာရှင်း ပစ်လိုက်ရင် ပြီးရောပေါ့၊ ဘာလို့ ဘုရင်ခံချန်းက သူ့ကို စိတ်ဆိုးနေတာလဲ”

“ဟုတ်တယ်၊ စိတ်ဆိုးဖို့ မတန်ဘူး၊ ကျွန်တော်တို့ ရှုနိုင်ငံက လူတွေက ဘုရင်ခံကို မိုးခေါင်ရေရှားမှုကို ဖြေရှင်းပေးဖို့နဲ့ မီးဘေးဒဏ်က ကာကွယ်ပေးဖို့ စောင့်နေကြတုန်းပဲနော်”

ဘုရင်ခံချန်းက အရာရှိ တစ်ယောက်ဖြစ်တာ ဆယ်စုနှစ်များစွာ ကြာနေခဲ့ပြီဖြစ်ပြီး ဉာဏ်ကောင်းသူ တစ်ယောက် ဖြစ်သည်။

သူက မျက်ရည်များအား သုတ်လိုက်ပြီး လက်ကိုယမ်း၍ ကျယ်လောင်သော အသံဖြင့် “ငါ့ရဲ့ကိစ္စက အသေးအဖွဲပါ၊ လူတွေရဲ့ အရေးကသာ ကိစ္စကြီးပဲ၊ နတ်ဆိုးမလို့ နန်းမိန်းကလေးကို မှားယွင်းပြီး စွပ်စွဲ မိတာက ဒီဘုရင်ခံရဲ့ မရှင်းလင်းတဲ့ အချက်အလက်တွေကြောင့်ပါ၊ မပူပါနဲ့၊ ဒီဘုရင်ခံက သံချပ် ထွက်လာရတဲ့ တရားခံကို ရှာပေးပြီး နန်းအိမ်တော်ကို အကြောင်းပြန်မှု တစ်ခု ပေးမှာပါ၊ ပြီးတော့ လောကကြီးကိုလည်း ဖြေရှင်းချက် တစ်ခု ပေးပါ့မယ်”

သူ့မျက်နှာက သောကတွေ၊ နာကြည်းမှုတွေနှင့် ပြည့်နှက်နေပြီး လောကကြီးကို ဦးဆောင်နိုင်သည့် တည့်မတ်သော ဟန်ပန်နှင့် ဖြစ်သည်။

ရှုနိုင်ငံကလူတွေက ထုံးစံအတိုင်း သူ့အကြောင်းကို ပြောဆိုနေကြသည်။

အခုတော့ ထိုမှတ်ချက်တွေကို သူကြားနေရသည်။ ရုတ်တရက်ကြီး ချီးကျူးသံတစ်ခု ထွက်လာသည်။

“ဘုရင်ခံချန်းက ဖြောင့်မတ်တဲ့ အရာရှိ တစ်ယောက်ပဲ၊ တိုင်းပြည်နဲ့ ပြည်သူပြည်သားတွေကို စိတ်ပူတတ်တယ်၊ ဒါက ငါတို့ရှုနိုင်ငံရဲ့ ကောင်းချီး မင်္ဂလာပဲ”

“မိဘသဖွယ်ပဲ၊ ငါတို့က ဒီမိုးခေါင် ရေရှားမှုကြီးကနေ အန္တရာယ် ကင်းကင်းနဲ့ အသက်ရှင် နေနိုင်ကြမှာ”

“နတ်ဆိုးမဆိုတဲ့ ကိစ္စကတော့ အထင်လွဲမှု တစ်ခုပဲကို၊ ဘုရင်ခံချန်းက စိတ်ထဲထားဖို့ မလိုပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် နန်းပေါင်ရီကလည်း သေတာမှ မဟုတ်တာ၊ နန်းမိသားစုက ဘုရင်ခံကို အပစ်တင်မှာ မဟုတ်ပါဘူး”

“…..”

အလောတကြီးနိုင်သည့် ဆွေးနွေးချက်များက နန်းပေါင်ရီကို ရယ်မောအောင် လုပ်လိုက်သည်။ သူက ဘုရင်ခံချန်း၏ နှိမ့်ချပြီး ပြေငြိမ်းလိုသော ပုံစံကိုကြည့်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

“ကျွန်မ နောက်ထပ်ပြောမဲ့ စကားတွေကို ကြားပြီးရင် ရှင်တို့တွေ အားလုံးက သူ့ကို လက်ခုပ် ဆက်တီး ပေးနိုင်ကြဖို့ ကျွန်မ မျှော်လင့်ပါတယ်”

ဘုရင်ခံချန်းက မျက်မှောင်ကြုတ် သွားပြီး မကောင်းသော ခံစားချက်ကို ရုတ်ခြည်း ခံစားလိုက်ရသည်။

နန်းပေါင်ရီက ခက်ထန်စွာဖြင့် “ဟောင်ဆန်ဆိုင်ကို လူတိုင်း ကြားဖူးကြပါတယ်၊ ရှုနိုင်ငံမှာ ထိုဆိုင်တစ်ဆိုင် တည်းကသာ ဆန်ဈေး ဘယ်တော့မှ မတက်ပါဘူးလို့ ကတိပေးခဲ့တာပါ၊ ကံမကောင်းစွာနဲ့ လွန်ခဲ့တဲ့ တစ်လကျော်က ရှုနိုင်ငံ တစ်နိုင်ငံလုံးက ဆန်ဂိုထောင်တွေ အားလုံး တစ်ပြိုင်နက်တည်း မီးရှို့ခံလိုက်ရပြီး ပြာကျ သွားပါတယ်”

လူတွေအားလုံး တိတ်ဆိတ် ငြိမ်သက် သွားကြသည်။

ထိုအချိန်က မိုးခေါင် ရေရှားမှုဟာ ပြင်းထန် နေပေမယ့် ပထမတုန်းက အလုအယက် ဝယ်ယူမှုတွေ မရှိကြတာဟာ ဟောင်ဆန်ဆိုင်တွေရဲ့ ကတိကြောင့် ဖြစ်သည်။

ဆန်တွေကို အလုအယက် ဝယ်ယူရခြင်း ကိစ္စ၏ အရင်းအမြစ်က ဆန်ဂိုထောင်များ မီးရှို့ခံရခြင်းကြောင့် ဖြစ်သည်။ ပြီးနောက် ဈေးကွက်ထဲရှိ ဆန်ဈေးဟာ မိုးထိအောင် ထောင်တက် သွားတော့သည်။

နတ်ဆိုးမ၏ ဆုတောင်းခြင်းများကို အလွန်အမင်း မုန်းတီးရသော အကြောင်းအရင်းက ဆန်ဂိုထောင်များ မီးလောင် သွားသောကြောင့် ဖြစ်သည်။

“ဟောင်ဆန်ဆိုင်တွေရဲ့ ဆန်ဂိုထောင်တွေက မီးလောင်သွားတယ်၊ သုံးဆယ့်နှစ်မြို့က အောက်ရုံး တရားသူကြီး တစ်ယောက်ကမှ ဒီအမှုကို လက်မခံကြဘူး၊ ဘယ်သူက ဆန်ဂိုထောင်တွေကို မီးရှို့ဖို့အတွက် လှုံ့ဆော်ပေးတာလဲ။ ပြီးတော့ ဘယ်သူက သုံးဆယ့်နှစ်မြို့က အောက်ရုံး တရားသူကြီး တွေကို ဒီအမှုကိုလက်မခံဖို့ အမိန့်ပေးတာကရော ဘယ်သူလဲ”

ကောင်မလေး၏ အသံက ပြတ်သားလှသည်။ စကားလုံးများ၏ လားရာက ရှင်းလင်းစွာနှင့် ဘုရင်ခံချန်းကို ရည်ညွှန်းခြင်းပင်။

ဟောင်ဆန်ဆိုင်၏ ဆန်ဂိုထောင်များ တည်နေရာကို ဖော်ထုတ်နိုင်သောသူ၊ သုံးဆယ့်နှစ်မြို့က အောက်ရုံး တရားသူကြီးတွေကို ပါးစပ်ပိတ်အောင် လုပ်နိုင်တဲ့သူ ဆိုသည်က ဘုရင်ခံချန်း တစ်ယောက်တည်းသာ။

ဘုရင်ခံချန်းကို နှစ်သိမ့်နေကြသော သူများ တစ်ယောက်ပြီးတစ်ယောက် ခေါင်းရှောင် သွားကြ တော့သည်။

အစက ကရုဏာ သက်နေရာကနေ ဒေါသများ၊ အမုန်းတရားများဖြင့် သူ့ကို စူးစိုက်ကြည့် နေကြလေသည်။

ဘုရင်ခံချန်း၏ တစ်ကိုယ်လုံး တုန်ယင် လာတော့သည်။ နတ်ဆိုးလို့ ယုံကြည်နေကြသော မိန်းကလေး၏ ကိစ္စက သူ့၏ အရာရှိ လမ်းကြောင်းကို မထိခိုက်စေနိုင်လောက်။ သို့သော် ဆန်များကို မီးရှို့ဟုသာ တစ်ခေါက်မျှ သက်သေ ပြုနိုင်သွားခဲ့လျှင် သူ၏ဘုရင်ခံ နေရာက သွားပြီပင်။

“မင်းလိမ်နေတာ”

သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

နန်းပေါင်ရီက တခစ်ခစ် ရယ်ရင်း “ကျွန်မ လိမ်လား မလိမ်လား သိချင်ရင် ဝမ်ဆိုင်က သူဌေးကို ထွက်လာခိုင်းပြီး ဝန်ခံခိုင်းလိုက်လေ၊ မဟုတ်ဘူးလား သူဌေးဝမ် ရှင်ရော ဘယ်လိုထင်လဲ”
***

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset