NBY အပိုင်း ၂၉၇

အပိုင်း (၂၉၇)

ရှမင်ဟွေး၊ နန်းယန်နဲ့ သခင်မဟောင်တို့ အရှက်တကွဲဖြစ်ကုန်ကြတယ်

ရှုနိုင်ငံ၏ ဘုရင်ခံချန်းက ထိုတစ်ခဏ၌ အငယ်ဆုံးသားကို ဆုံးရှုံးလိုက်ရသော အဖေအို တစ်ယောက်သာ။

သူက မြေကြီးပေါ် ဒူးထောက်ပြီး လက်ချောင်းတွေက တုန်ရီစွာဖြင့် ကလေး အလောင်းကို ကောက်ချီ လိုက်သည်။

မျက်ရည်များ စီးကျလာလေသည်။

“တယ်အာ၊ တယ်အာ….”

သူက နူးညံ့စွာ ခေါ်နေပြီး မရသော အခါမှာတော့ ပြင်းထန်စွာ အော်ခေါ်တော့သည်။

သူ၏ အသက်လေးဆယ် ဘဝအတောအတွင်းမှာ သားနှစ်ယောက်သာ ရှိခဲ့သည်။ ချန်းတယ်ကျင်နှင့် ချန်းတယ်ယွီတို့သာ။ တယ်ကျင်က သေသွားခဲ့ပြီ။ သူက နောက်ဆုံးမှာ သားတစ်ယောက် ထပ်ပြီး ရှိလာဖို့ မျှော်လင့်ခဲ့ပြီး အခုတော့ ဒီလိုမျိုး သေဆုံးခဲ့လေပြီလား…

နီရဲနေသည့် မျက်လုံးတစ်စုံနှင့် သူက နန်းပေါင်ရီကို မုန်းတီးစွာ စိုက်ကြည့်ရင်း “ငါ့ရဲ့ တယ်အာက နတ်ဆိုးမရဲ့ အသတ် ခံလိုက်ရတာ၊ မင်းက သွေးသောက်တဲ့ နတ်ဆိုးမပဲ၊ တယ်အာကို သတ်တာမင်းပဲ”

သူက ဟိန်းဟောက် လိုက်ပြီး မီးတုတ်ကို ဆတ်ခနဲ ဆွဲယူလိုက်ပြီး ရေနံဆီ လောင်းထားသော စင်ကို မင်းညှိပြီး နန်းပေါင်ရီကို သတ်ပစ်ဖို့ ကြိုးစားသည်။

သူက ခြေလှမ်း အနည်းငယ်တောင် မပြေးရသေးခင်မှာ တုတ်ချောင်း ဆယ့်ရှစ်ချောင်းက သံချောင်း ဆယ့်ရှစ်ချောင်းလို သူ့ရှေ့သို့ လေထဲမှ ဝှီးခနဲ ကျလာပြီး သူ့လမ်းကို ခိုင်မြဲစွာ ပိတ်ဆို့လိုက်သည်။

လူတိုင်းက သိနေသလို လှမ်းကြည့် လိုက်ကြသည်။

ကျီနန်ဘုရားကျောင်းက ဘုန်းကြီး ဆယ့်နှစ်ပါးက ဒဏ်ရာ ကိုယ်စီနဲ့ မြေပြင်ပေါ်မှာ လဲကျနေပြီး ညည်းတွား နေကြသည်။

ရှောင်းယီ၏ ဓါးက ရုတ်ခြည်း ပျံဝဲလာပြီး ဓါးသွားကို တင့်တယ်စွာ သူ့ပခုံးပေါ် တင်ထားသည်။

သူက စတင်ပြီး တိုက်ခိုက် လိုက်သည်။ ဘုရင်ခံချန်းကို ငုံ့ကြည့်လိုက်ပြီး နှုတ်ခမ်းစွန်းကို ထီမထင်ဟန်ဖြင့် လျှာထိပ်ဖျားနှင့် သပ်လိုက်ပြီး “ဘုရင်ခံချန်း၊ ကျုပ်အမတ်မင်းရဲ့ မိသားစု၊ ကျုပ်ညီမကို သတ်ချင်ရင် ကျုပ်နဲ့အရင် ရင်ဆိုင်ကြည့်ပါဦး”

“ရှောင်းယီ”

ဘုရင်ခံချန်းက အမုန်းတရားတွေ ပြည့်နှက် လာတော့သည်။ သူက ကျောင်းထိုင် ဆရာတော်ကို မျက်ထောင့်နီဖြင့် ကြည့်လိုက်သည်။
ကျောင်းထိုင် ဆရာတော်ကလည်း သဘောပေါက်သည်။ သူက လက်အုပ် ချီလိုက်ပြီး ‘ဘုရားသခင်’လို့ ရေရွတ်လိုက်သည်။

ကျီနန် ဘုရားကျောင်းက တစ်ရာ့ရှစ်ပါးသော ဘုန်းတော်ကြီးများသည် ရုတ်ခြည်း ရှောင်းယီကို ဝန်းရံလိုက် ကြသည်။

ကျောင်းထိုင် ဆရာတော်က အမိန့်ပေးသည်။

“အမတ်မင်းက ရိုသေလေးစား ရကောင်းမှန်း မသိတော့ဘူး၊ ဒါကြောင့် သူက နတ်ဆိုးမကို ကာကွယ်ပေးနေတယ်၊ သူ့ကို ဖမ်းချုပ်ကြ”

ရှောင်းယီ၏ ဇာမဏီ မျက်ဝန်းများ စူးရဲသွားသည်။ မိုတောက်ဓါးရှည်ကို လက်နဲ့ ဝှေ့ယမ်းလိုက်ပြီး မြင်းကိုနှင်၍ တိုက်ခိုက်တော့သည်။

နန်းပေါင်ရီက စင်မြင့်ထက်မှာ ဒူးထောက် နေဆဲပင်။ သူမ၏ ပါးလျပြီး ဖြူဖွေးနေသည့် လက်လေးများက ရင်ဘတ်မှာ ထုံးစံအတိုင်း ယှက်ထားသည်။ သူမ၏ သွေးသွယ်သော မျက်နှာလေးက တုန်ရီခြင်း၊ စိတ်ကြီးဝင်ခြင်းတို့ စိုးစဉ်းမျှ ရှိမနေ။

သူမက တည်ငြိမ်စွာဖြင့် “ဘုရင်ခံချန်း၊ ကျွန်မက ဒီကလေးကို တရှုံခန်းမရဲ့ မီးတောက်တွေ ကြားထဲက ကယ်လာခဲ့တာပါ၊ သူ့ကိုချီပြီး တောင်အောက် ဆင်းပြေးလာတော့ လူတွေက ကျွန်မကို ကျောက်ခဲတွေနဲ့ ပေါက်ကြတယ်၊ သူ့ကို လက်မောင်းတွေ ကြားထဲမှာ ထည့်ပြီး ကာကွယ် ပေးခဲ့တာက ကျွန်မ တစ်ယောက် တည်းပါ၊ ကျွန်မ ရှင့်ကို တောင်းပန်ခဲ့တယ်၊ ဒီကလေးကို ယူပြီး ကြည့်ပေးပါ၊ ကျွန်မပြောတယ်၊ ဒီကလေးက အသက်ရှူ နေသေးတယ်၊ သူ့ကို ကယ်လို့ ရနိုင်သေးတယ်လို့ …. ဒါပေမယ့် ရှင်ဘာပြန်ပြောခဲ့လဲ”

ဘုရင်ခံချန်း၏ မျက်နှာအိုက ပြာနှမ်းရာမှ ဖြူဖျော့ သွားတော့သည်။ သူပြောခဲ့တာက နန်းပေါင်ရီက နတ်ဆိုးမ ဖြစ်တယ်၊ ကလေးရဲ့ သေခြင်းရှင်ခြင်းကို ဂရုမစိုက်ဘဲ သူက ရဲမက်တွေကို ဖမ်းဖို့ အမိန့်ပေးခဲ့တယ်၊ သို့သော် ထိုစဉ်က သွေးများ ရွှဲနေသည့် ကလေးသည် သူ၏ တယ်အာမှန်း မသိခဲ့။ တခြား တစ်ယောက်ယောက်၏ ကလေးဟုသာ သူထင်ခဲ့သည်။

တခြား သူ၏ကလေး သေခြင်းရှင်ခြင်းကို သူက ဘာလို့ ဂရုစိုက်နေရမှာလဲ ..

သူက တစ်ကိုယ်လုံး တုန်ယင်လာပြီး ဟိန်းဟောက်တော့သည်။

“ဒီမှာလာပြီး အထက်စီး ဆန်ဆန် စကားတွေ ပြောမနေနဲ့၊ ဒီကလေးက သွားရာတွေ ပြည့်နေတာ၊ မင်းကိုက်ထားတာ ဆိုတာ ထင်ရှားနေတာပဲ၊ မင်းက သွေးကို သောက်ပြီး ကလေးကို စားထားတာ၊ မင်းက မကောင်းဆိုးဝါးမပဲ”

“ကျွန်မ ကိုက်ထားတာ”

နန်းပေါင်ရီက လှောင်ရယ် ရယ်လိုက်ပြီး “ဘုရင်ခံချန်း၊ ရိုင်းစိုင်းတဲ့ သားရဲတွေရဲ့ သွားရာက လူတွေရဲ့ သွားရာနဲ့ တူနိုင်ပါ့မလား။ ရှင်က ရှုနိုင်ငံရဲ့ ဘုရင်ခံပဲ၊ ရုံးတော်မှာ လူတွေ ရှိမှာပေါ့၊ သူတို့ကိုခေါ်ပြီး သေသေချာချာ စစ်ဆေးခိုင်းလိုက်ရင် ပိုမကောင်းဘူးလား”

ဘုရင်ခံချန်းက ပိုပိုပြီး တုန်ရီလာတော့သည်။ သူ၏ လက်မောင်းများ ကြားထဲမှ သွေးသံရဲရဲနှင့် ကလေးငယ်ကို တင်းတင်းကြပ်ကြပ် ပွေ့ပိုက်လိုက်သည်။ မမျှော်လင့်ဘဲ သူက နန်းပေါင်ရီ၏ စကားကို ယုံကြည်နေသည်။

“သခင်ကြီး”

နှလုံးသား ကွဲကြေမတတ် ငိုကြွေးသံ တစ်ခုက လူအုပ်ထဲမှ တိုးထွက်လာသည်။ လူတွေက သူမကို လမ်းဖယ် ပေးလိုက်ကြသည်။ အဒေါ်ဖုန်က ရှက်စရာ ကောင်းစွာနဲ့ တွားသွားပြီး ပြေးလာရင်း ငိုကြွေးနေသည်။

သူမ၏ ဆံပင်တွေနှင့် ဝတ်စုံက မီးလောင်ကျွမ်း ထားလို့ ကုန်လုနီးပါး ဖြစ်နေပြီး အသားတွေကလည်း မီးလောင် ဒဏ်ရာတွေနဲ့ ပြည့်နေသည်က ကြည့်ရတာ ကြောက်စရာ ကောင်းနေသည်။

တောင်ပေါ် မီးလောင်ပြင်ဆီကနေ ပြေးလာဖို့အတွက် တကယ်ကို စိတ်ဆောင်လို့သာ ပြေးလာနိုင်ခဲ့ပုံပင်။

“သခင်ကြီး”

သူမက ငိုကြွေးရင်း ဘုရင်ခံချန်း၏ ခြေထောက်နားမှာ ဒူးထောက်လိုက်ပြီး “ကျွန်မတို့ ကလေး၊ ကျွန်မတို့ကလေး….”

သူမက ဘုရင်ခံချန်း၏ လက်မောင်းထဲမှာ ချီထားသော ကလေးငယ်ကို တွေ့သောအခါ ချက်ချင်း မျက်လုံးတွေ ပြူးကျယ် သွားတော့သည်။ နောက်တစ်ခဏမှာတော့ တောင်ခြေကိုဖြတ်၍ သနားစဖွယ် ဆွဲဆွဲငင်ငင် မြည်တမ်း ငိုကြွေးသံက ပျံ့လွင့်လာသည်။

သားရဲမိခင် တစ်ယောက်က သူ့ရဲ့ကျားလေး ပျောက်သွားသလို အလွန့်အလွန် သနားစရာ ကောင်းလှပြီး အလွန် စိတ်မချမ်းသာစရာလည်း ကောင်းလှသည်။

နန်းပေါင်ရီက မကြည့်ရက်သလို မျက်လုံးများအား ဖိမှိတ်လိုက်သည်။

အဒေါ်ဖုန်က သည်းသည်းထန်ထန် ငိုကြွေးနေပြီး ရုတ်တရက် ဘုရင်ခံချန်း၏ ဝတ်ရုံလက် အစွန်းကို မြဲမြံစွာ ဖမ်းကိုင်လိုက်ပြီး မျက်လုံးတွေက လူအုပ်ထဲသို့ ဖြည်းဖြည်းချင်း မျက်လုံး ဝေ့ကြည့်သည်။

သူမက ရှမင်ဟွေးကို တွေ့သောအခါ ရုတ်တရက် လက်ကို မြှောက်လိုက်ပြီး အော်ဟစ်တော့သည်။

“သူပဲ၊ ကောင်းကင်ကြီးက မည်းမှောင် နေတုန်းမှာ ကျွန်မနဲ့ အစေခံက ဆေးမိပြီး မူးမေ့ သွားကြတယ်၊ ပြီးတော့ တစ်ယောက်ယောက်က အခန်းထဲကိုဝင်ပြီး တယ်အာကို ခေါ်သွားတာ၊ သားလေး၊ သူက တယ်အာကို သတ်တာ၊ သူသတ်တာ”

ဝိုင်းအုံ ကြည့်နေကြသော လူအုပ်ကြီးက တောင့်တင်း သွားတော့သည်။

ကျန်းဆွေ့ဟန်က လူအုပ်ထဲမှာ ရပ်နေပြီး ယပ်တောင်ကို ခပ်နေရင်း စိတ်ပါ ဝင်စားစွာဖြင့် ကြည့်နေသည်။

“ကျစ်၊ နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေရဲ့ ကြေကွဲစရာ ဇာတ်ကြောင်းကနေ အိမ်တွင်းရန်ဖြစ်တဲ့ ဇာတ်လမ်းကို ပြောင်းသွားပြီး အခုတော့ ဝေခွဲလို့မရတဲ့ ဇာတ်လမ်းကိုပြောင်းသွားပြန်ပြီ”

ဘုရင်ခံက ကလေးကို အဒေါ်ဖုန်၏ လက်ထဲသို့ လွှဲပေးလိုက်သည်။

သူက ရှမင်ဟွေးထံသို့ မည်းမှောင်နေသည့် မျက်နှာနှင့် လျှောက်သွားပြီး မျက်လုံးထဲမှ အမုန်းတရားများသည် သူမကို မီးရှို့ပစ်တော့မယောင် တောက်လောင်နေသည်။

“ဦးလေး…..”

ရှမင်ဟွေးက ကြောက်လန့်တကြားနဲ့ နောက်သို့ ဆုတ်သွားသည်။ ဘုရင်ခံချန်းက လက်ကို မြှောက်ပြီး သူမကို ရက်စက်စွာ ရိုက်ချလိုက်သည်။

“ခွေးမ.. ငါ့သားက မင်းနဲ့ ဘာမကျေနပ်ချက်မှ မရှိဘူး၊ မင်းက သူ့ကို ထိခိုက်အောင် လုပ်လိုက်တယ်”

“ဦးလေး၊ ဒါ …. ဒါက နန်းယန်ရဲ့ အစီအစဉ်ပါ၊ ကျွန်မက ဘာမှ မလုပ်ရပါဘူး၊ သူက သံချပ်ကို ဖန်တီးပြီး သခင်လေးကို တောင်အနောက်ဘက် ဂိတ်တံခါးက ခွေးတွေရှိတဲ့ နေရာမှာ ပစ်ထား လိုက်တာပါ”

“နန်းယန်…..”

ဘုရင်ခံချန်းက အလွန် စိတ်သောက ရောက်နေပြီး ရုတ်တရက် လှည့်၍ လက်ကို မြှောက်ကာ နန်းယန်ကို ရိုက်ချ လိုက်ပြန်သည်။

နန်းယန်၏ ပါးပြင်မှာ နီရဲယောင်ကိုင်းနေပြီး အရှက်တကွဲနှင့် မြေပြင်ပေါ်သို့ ဒူးထောက် ကျသွားတော့သည်။

ထိုသည်က အဆုံးသတ်ပေလား၊ သူမက တခြားအရာများကို ဂရုမစိုက်နိုင်တော့။ သူမကိုယ်သူမ သန့်ရှင်းကြောင်းသာ ဖော်ထုတ်ဖို့ ကြိုးစားတော့သည်။

သူမက မျက်ရည်များ ရွှဲနေသည့် မျက်လုံးကို ပင့်လိုက်ပြီး ငိုကြွေးနေရင်း “ဘုရင်ခံချန်း၊ ကျွန်မ လုပ်ခဲ့တာတွေ အားလုံးက အမေ့ရဲ့ အမိန့်တွေပါ၊ သူကပြောတယ်၊ အစ်ကိုချန်း တစ်ယောက်ပဲ ရှိရုံနဲ့ ဘုရင်ခံချန်း အတွက် လုံလောက်ပြီတဲ့၊ သူက ထပ်ပြောပါသေးတယ်၊ နောက်နှစ်တစ်ရာလောက် ကြာရင် ချန်းအိမ်တော်ရဲ့ စည်းစိမ်ဥစ္စာတွေ အားလုံးက အစ်ကိုချန်း တစ်ယောက်တည်းပဲ အမွေ ဆက်ခံရမှာတဲ့၊ ဘုရင်ခံချန်း မသိသေးဘူး၊ ဒီနှစ်ပိုင်း အတွင်းမှာ ငယ်ငယ်လေးတွေနဲ့ သေခဲ့တဲ့ ဘုရင်ခံချန်းရဲ့ ကလေးတွေ အားလုံးရဲ့ နောက်ကွယ်မှာ လူသတ်သမား အမေ့ရဲ့လက် ရှိနေတာချည်းပဲ”

သခင်မဟောင်ရဲ့ မျက်နှာက ဖျော့တော့ သွားတော့သည်။

သူမက ပွဲကြီးပွဲကောင်းကို ပုံမှန် အတိုင်းလေး ကြည့်နေတာလေ၊ မမျှော်လင့်ဘဲ ပွဲကြီးပွဲကောင်းက သူမဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတယ်လား….

သူမက ဒေါသတွေ ပြည့်နှက်နေသည့် ဘုရင်ခံချန်းကို ကြည့်လိုက်ပြီး တောင်းပန် လိုက်သည်။

“သခင်ကြီး၊ ဒီခွာသေးမက မဟုတ်တာတွေ လျှောက်ပြော နေတာပါ၊ သခင်ကြီး သူ့ကို မယုံဘူးမလား သူက ကျွန်မတို့ လင်မယားကြားကို ရန်တိုက်ပေးနေ…..”

“အဆိပ်ပြင်းတဲ့မိန်းမ”

ဘုရင်ခံချန်းက လျင်မြန်စွာ ရှေ့သို့ တိုးလာပြီး ခြေထောက်နဲ့ သူမ၏ ရင်ဘတ်ကို ပြင်းပြင်းကန် လိုက်သည်။

သူ့မှာ မောင်းမတွေ အများကြီးရှိပြီး သူ၏ ဒူးခေါင်းအောက်မှာ ကလေး ဆယ့်နှစ်ယောက် ရှိပေမယ့် မောင်းမ သုံးယောက်သာ ကျန်တော့သည်။ သူထင်ခဲ့တာက ဒါဟာ သူ့ရဲ့ကံဆိုးခြင်း ဖြစ်မယ်ဟု။

သို့သော် မထင်မှတ် ထားတာက ကလေးတွေ အများကြီးဟာ ဒီအဆိပ်ပြင်းတဲ့ မိန်းမရဲ့ သတ်ခြင်း ခံခဲ့ရမယ် ဟုပင်။

ဘုရင်ခံချန်းက ဟိန်းဟောက်ပြီးရင်း ဟိန်းဟောက်ကာ ချွေးသံတရွှဲရွှဲ၊ စိတ်ဂယောင် ချောက်ချားဖြင့် သခင်မဟောင်ကို လက်သီးနှင့် ထိုးလိုက် ကန်လိုက် လုပ်နေတော့သည်။

ကွန်ဖြူးရှပ်၏ သရုပ်ခွဲများဆိုသော တင့်တယ်ဟန်တွေ ဘယ်လို ရှိနိုင်ပါတော့မလဲ…

ကျန်းဆွေ့ဟန်က ယပ်တောင်ကို ခပ်နေပြီး စိတ်ပါလက်ပါဖြင့် “ဟုတ်ပြီ၊ ဝေခွဲလို့ မရတဲ့ ဇာတ်လမ်းကနေ မိသားစုကျင့်ဝတ် ဇာတ်လမ်းကို ပြောင်းသွားပြန်ပြီ”

နန်းပေါင်ရီက အမြန် ကြည့်လိုက်သည်။

သခင်မဟောင်က ငိုကြွေးရင်း အသက်ချမ်းသာပေးဖို့ တောင်းပန်နေသည်။ ဆံပင် အများကြီးက ကြက်မွေး နုတ်သလို အနုတ်ခံထားရပြီး ဦးရေပြား အဖြူရောင်ပါ ပေါ်နေတော့သည်။

အဝတ်အစားများမှာလည်း ဖရိုဖရဲဖြစ်နေပြီး မျက်နှာမှာ သွေးများ၊ ဖုန်များဖြင့် ပြည့်နေသည်။ အတိတ်ဘဝက မြင့်မြတ်သော သခင်မတစ်ယောက်၏ ပုံစံနှင့် လုံးဝကို ကွာခြားနေတော့သည်။

သခင်မဟောင်က သူမကို တခြားသူများနှင့် ဘယ်လို နှိုင်းယှဉ်ခဲ့လဲ ဆိုတာကို နန်းပေါင်ရီ သေသေချာချာကို မှတ်မိနေသေးသည်။

ထိုစဉ်က သူမ လက်ထပ်ပြီးလို့ တစ်နှစ်မပြည့်ခင် အချိန်ဖြစ်သည်။ သခင်မဟောင်ကို အဖော်ပြုပြီး ကျီနန် ဘုရားကျောင်းကို ဆုတောင်း ဝတ်ပြုဖို့ သူမ ပါလာခဲ့သည်။ သူမက အချစ်ခံရတဲ့ သခင်မလေး တစ်ယောက်မှန်း အသိသာ ကြီးပေမယ့် သခင်မဟောင်က သူမကို မြင်းတစ်ကောင်လို ကောက်ဆွဲသွားပြီး တောင်တန်းပေါ်က စမ်းချောင်းမှာ သူ၏အဝတ်များအား လျှော်ဖွတ်ရန် ဖိအား ပေးခဲ့သည်။

ထိုအချိန်က ဆောင်းရာသီ၏ ဆယ့်နှစ်လမြောက် လဖြစ်သည်။ စမ်းချောင်းက ရေခဲနေပြီး သူမက စမ်းချောင်းမှာ ဆောင့်ကြောင့်ထိုင်ပြီး အဝတ်တွေကို လျှော်ဖွတ် နေရသည်။ သူမ၏ လက်လေးများမှာ ယောင်ကိုင်းနေပြီး အအေးဒဏ်ကြောင့် ကွဲပြဲနေသည်။

သို့သော် သခင်မဟောင်က အစေခံများကို သူမအား ကူညီခွင့် မပေးပါချေ။ သူမက အပြင်ဝတ်ရုံနှင့် အတွင်းဝတ်စုံများကို ပွတ်တိုက်၍ လျှော်ဖွတ်နေရင်း တစ်ယောက်ယောက်နဲ့ လက်ထပ် ရတာဟာ တကယ်ကို ပင်ပန်းတာပဲလို့ ခံစားရသည်။

သူမ ပြန်စဉ်းစားနေစဉ်မှာ သွေးစက် နွေးနွေးတချို့က သူမ၏ ပါးပြင်ပေါ်သို့ လာစင်သည်။ သူမ တွေ့လိုက်ရတာက အမတ်မင်းက များစွာသော ဘုန်းတော်ကြီးတို့အား ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားအောင် တိုက်ခိုက် နေသည်ကိုပင်။

သူက စစ်မြင်းကိုနှင်၍ တိုက်ခိုက်နေပြီး မြင်းကို ဒုန်းစိုင်း၍ နောက်သို့ ပြန်လှည့်ပြီး ဘုန်းတော်ကြီးများထဲမှ လေးပါးကို မြေပြင်ပေါ်မှာ ဘယ်သူမှ မရှိသလို နင်းပစ်လိုက်သည်။

အရင်ဘဝက ကျီနန် ဘုရားကျောင်းမှာ သူနှင့် တွေ့ခဲ့သည်ကို နန်းပေါင်ရီ မှတ်မိသေးသည်။

ထိုနှစ်က ရှောင်းယီက ရှန်ကျင်း မြို့တော်မှ အရာရှိ တစ်ယောက်အဖြစ် တာဝန် ထမ်းဆောင်နေပြီဖြစ်ပြီး ကျင်းကွမ်မြို့ကို အလုပ်ကိစ္စဖြင့် ပြန်လာစဉ် ထိုနေရာက ဖြတ်သွားတာ ဖြစ်သည်။

သူက စစ်မြင်းတစ်ကောင်၊ သားရေဖိနပ်နှင့် အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး စမ်းချောင်း၏ ဟိုဘက်ခြမ်းမှာ ရပ်နေသည်။

သူက သခင်မဟောင်၏ အဝတ်များကို သူမ ထုရိုက် လျှော်ဖွတ် နေသည်အား ကြည့်နေပြီး “အိုး.. ဒါက သခင်မလေး ချန်းမလား”
***

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset