NBY အပိုင်း ၂၉၂

အပိုင်း (၂၉၂)

ဒီည အမတ်မင်းစောစောလာဖို့ မျှော်လင့်တယ်

သို့သော် ဘယ်သူကမှ သူမကို အာရုံမစိုက်ကြချေ။

နန်းပေါင်ရီက ရယ်စရာကောင်းအောင် နှာခေါင်းလေးကို ရှုံ့လိုက်သည်။

နန်းယန်၏ ဝတ်ရုံလက်ထဲက လက်များ လက်သီး တင်းတင်း ဆုပ်ထားသည်။

နန်းပေါင်ရီက အရမ်းပေါတာပဲ၊ တကယ်ပေါတယ်။

သူမမှာ ဘယ်လိုလုပ်ပြီး ဒီလို ပေါချာနေတဲ့ ညီမမျိုး ရှိရတာလဲ..

သူမ အလွန်ဒေါသ ထွက်နေစဉ်မှာ နန်းပေါင်ရီက လှမ်းကြည့်လာသည်။

သူမက တောင်းတောင်းပန်ပန် အပြုံးလေးနှင့် နန်းယန်ဘက်သို့ မျက်နှာမူ၍ “ညီမလေး မသိလိုက်ဘူး၊ မမက ညီမလေး လူထောင်ပေါင်း များစွာရဲ့ အနိုင်ကျင့်ပြီး အရှက်တကွဲ ဖြစ်တာကို လာကြည့်မယ်လို့ မထင်ထားဘူး၊ စိတ်ထဲမှာ တကယ်ပဲ နာကျင် ဝမ်းနည်းရတယ်၊ ဒါမှမဟုတ် ညီမလေးရဲ့ အမုန်းတရားတွေ ပြေပျောက်ဖို့ စကားနည်းနည်းလောက် ပြောပေးချင်လား”

နန်းယန်က ရှက်ရွံ့ သွားတော့သည်။ နန်းပေါင်ရီက ပေါရုံတင်မကဘဲ အသစ်အဆန်း တစ်ခုအဖြစ် မျက်နှာကလည်း အရေထူတာကို သူမ ရှာဖွေတွေ့ရှိ သွားသည်။

သူမက လှောင်ရယ် ရယ်လိုက်ပြီး “နန်းပေါင်ရီ၊ နင့်မျက်နှာက ငါ့ဖိနပ်အောက်ခံ ထက်တောင် ပိုပြီး အရေထူတာပဲ”

“နင့်ရဲ့ပါးကတော့ ဖိနပ်အောက်ခံလို ထူပြိန်းနေတာ မဟုတ်ဘူး …. ဘာလို့လဲဆိုတော့ နင့်မှာ မျက်နှာ မရှိလို့လေ….. ဟား…. ဟား…. ဟား….”

“နင်….”

နန်းယန်က ဒေါသကြောင့် ပြောစရာ စကားမဲ့ သွားတော့သည်။

ဘုန်းတော်ကြီးက ဘာလို့ ဒေါသပြင်းထန်ပြီး သွေးအန်သွားရလည်း ဆိုတာ သူမ နားလည်သွားသည်။

သူမက စိတ်ကို ငြိမ်အောင် ထားလိုက်ပြီး အသံပြင်းပြင်းဖြင့် “နန်းပေါင်ရီ၊ နင် နောက်ရက်နည်းနည်း ကြာရင် စိတ်ကြီး မဝင်နိုင်တော့ပါဘူး၊ ကျီနန်ဘုရားကျောင်းရဲ့ တောင်ခြေမှာ နင့်ကိုမီးရှို့ဖို့ စင်မြင့်ကို ဆောက်ပြီးပြီ၊ လေးဆယ့်ငါးရက်ကြာရင် စောင့်ကြည့် ကြသေးတာပေါ့၊ နင် မီးရှို့ခံရပြီး သေဖို့ ငါဆုတောင်းတယ်၊ ငါကတော့ ပျော်လွန်းလို့ အော်ရယ်ပစ်မှာ”

ပြောပြီးနောက် ဘာအမူအယာမှ မပြသော မျက်နှာထားဖြင့် အဝေးသို့ ထွက်သွားတော့သည်။

ထောင်ထဲမှာတော့ နန်းပေါင်ရီနှင့် ကျောင်းထိုင် ဆရာတော် တစ်ပါးသာ ကျန်နေခဲ့လေသည်။

ကျောင်းထိုင် ဆရာတော်က လက်အုပ် ချီလိုက်ပြီး ဘုရားရှင်လို့ ရွတ်ဆို လိုက်သည်။ နန်းပေါင်ရီ သူ့ကို ကြည့်လိုက်သည်။ သူက အိုမင်းနေပြီး အေးစက်စက် ဟန်ပန် ရှိသည်။ သူ့မျက်ခုံးများမှာ ကြင်နာတတ်ဟန် မပေါ်ဘဲ ဘုန်းတော်ကြီး တစ်ပါးနှင့် သိပ်မအပ်စပ်လှ။

သူမက သံတိုင်ကို ကိုင်ထားပြီး နူးညံ့ပြီး လှပနေသည့် မျက်နှာလေးကို လှလှပပ၊ ချည့်ချည့်နဲ့နဲ့ ဟန်လေး လှစ်ဟပြထားသည်။

“ကျောင်းထိုင်ဆရာတော်၊ တကယ်တော့ ကျွန်မက နတ်ဆိုးမ မဟုတ်တာကို ဆရာတော် သိတယ်မလား”

ကျောင်းထိုင် ဆရာတော်က ပြန်မဖြေပါချေ။

“ဆရာတော်က ကျွန်မ နတ်ဆိုးမ မဟုတ်မှန်း သိပေမယ့် ကျွန်မကို မီးရှို့ချင်နေတုန်းပဲ… ရှင်ရက် မီးရှို့သတ်တာဟာ ဘယ်လောက်တောင် နာလိုက်မလဲ၊ ဆရာတော်၊ ဘုရားရှင်က ကရုဏာတရား ကြီးမားပါတယ်”

“သတ္တဝါတွေ အားလုံးက ဝေဒနာ ခံစားကြရတာပဲ”

“ကျွန်မ မခံစားရဘူး၊ မလိုအပ်တဲ့ ယုတ်မာ စဉ်းလဲခြင်းကို မခံရခင်က ကျွန်မမှာ သာယာတဲ့ ဘဝရှိတယ်၊ ကျွန်မရဲ့ ဝေဒနာတွေက နန်းယန်၊ ရှမင်ဟွေးနဲ့ ကျီနန် ဘုရားကျောင်းကြောင့်ပဲ၊ ဆရာတော် တစ်ပါးတည်း ကသာ ရက်စက်တဲ့ ဓါးကို လွှတ်ချနိုင်ဖို့ ဖျောင်းဖျနိုင်မှာပါ၊ ဒါပေမယ့် အဲဒီရက်စက်တဲ့ ဓါးကလည်း ဆရာတော်ပါပဲ”

“တစ်ယောက်က လောကကြီးကို ကယ်တင်ဖို့ ကယ်တင်ရှင် လုပ်ပေးမယ်ဆိုရင် ဘာလို့ ဝေဒနာ ခံစားစရာ လိုဦးမှာလဲ၊ သာမန်လူတွေက ပြောကြတယ် လှူဒါန်းတဲ့သူက နတ်ဆိုးပဲတဲ့၊ နတ်ဆိုးက ငရဲကိုသွားမှ လောကကြီး အေးချမ်းမယ်”

“ကျွန်မက ငရဲကိုသွားဖို့ ဘာကြောင့် လက်ခံရမှာလဲ”

“ဒါက ကျီနန်ဘုရားကျောင်းရဲ့ နတ်ဆိုးတွေကို ထိန်းချုပ်နိုင်တဲ့ ကရုဏာတော်ပဲ”

နန်းပေါင်ရီက ပြုံးရင်း “ဘုရားရှင်က ဟောခဲ့တယ်၊ တကယ်လို့ ကိုယ်တော်တိုင် ငရဲကို မသွားခဲ့ရင် ဘယ်သူက ငရဲကိုသွားဖို့ ဆန္ဒရှိပါ့မလဲ။ တကယ်လို့ ကျွန်မကသာ ဦးဆောင်ပြီး ငရဲကိုသွားခဲ့ရင် ကျွန်မက ဘုရားပဲ၊ အခုတော့ ကျွန်မက ဘုရားဖြစ်သွားပြီ၊ ဘာလို့ ငရဲကို ထပ်သွားရမှာလဲ”

ဘုန်းတော်ကြီးက ဆွံ့အ သွားတော့သည်။ သူက နန်းပေါင်ရီက နက်နက်နဲနဲ စိုက်ကြည့်နေသည်။

နောင်တော်ကို ခြေဦးတည့်ရာ လန့်ပြေးသွားတာကို မလှောင်လိုက်သင့်ဘူး၊ ဒီမိန်းမက ဂူပေါက် ခုနစ်ပေါက်ရဲ့ သန့်စင်တဲ့ နှလုံးသားပဲ၊ လောကကြီးရဲ့ ကြီးမြတ်တဲ့ ကရုဏာရှိတဲ့သူ ဖြစ်နေမှာကို သူစိုး မိသည်။

ဒီလိုလူမျိုးကို မီးရှို့ခဲ့ရင်….

သူက အပြစ်ကျူးလွန် မိသလိုခံစားရသည်။

တစ်ခုပဲ………….

သူ့မျက်လုံးတွေထဲမှာ ရက်စက်တဲ့ လှည့်ကွက် တစ်ခုက ဖြတ်ပြေးသွားပြီး တိတ်တဆိတ် ထွက်ခွာ သွားတော့သည်။

နန်းပေါင်ရီ တစ်ယောက်တည်းသာ ထောင်ထဲမှာ ကျန်ခဲ့သည်။

သူမက ထိုင်ဖုံလေးပေါ်မှာ လှဲရင်း “ဘုရားကျောင်းက ဘုန်းတော်ကြီးက တကယ် ပျင်းစရာ ကောင်းတယ်၊ တာအိုဘုန်းတော်ကြီးလောက် စိတ်ဝင်စားဖို့ မကောင်းဘူး၊ သူက ဟာသတွေလည်း ပြောတတ်တယ်”

ပျင်းတယ်လို့ ခံစားနေရစဉ်မှာ ထောင်တံခါးက ပွင့်လာသည်။ နန်းမိသားစုက ပူဇော်ငွေတွေ အများကြီး လှူဒါန်းလိုက်ပြီး အထူးအနေဖြင့် ထောင်သို့ လာကြည့်ကြခြင်း ဖြစ်သည်။

“ကျောင်းကျောင်း”

နန်းပေါင်ကျူးက ပြေးလွှား ခုန်ပေါက်၍ ထောင်တံခါးသော့ကို ဖွင့်ဖို့ စိတ်အား ထက်သန်နေပြီး “ငါတို့က ဒီလိုကိစ္စကြီး ဖြစ်တဲ့အချိန်မှာ အရမ်း ပူပန်နေကြတာ၊ အဘွားက စိတ်တိုလွန်းလို့ အိပ်ရာပေါ်မှာလဲ နေတယ်၊ သူက ဖျားနေတာကို လျစ်လျူရှုပြီး နင့်ကို ကိုယ်တိုင် လာကြည့်ဖို့ အတင်းအကျပ် လုပ်နေတာ နင့်ကိုကြည့်ချင်လို့၊ ငါတို့က သူ့ကိုအိမ်က ပေးမထွက်တာ”

သူမက နန်းပေါင်ရီကို ဖက်၍ ဝါဖျော့ဖျော့ မျက်ဝန်းများထဲမှ မျက်ရည်တွေ ကျလာပြီး “ကျောင်းကျောင်း၊ နင်ထပ်ပြီး ပိန်သွားပြန်ပြီ….”

နန်းပေါင်ရီက သူမကို ပြန်ဖက်ရင်း “ကျူးကျူးကတော့ ဝလာပြန်ပြီ….”

နန်းညီအစ်မ နှစ်ယောက်၊ ဒေါ်လေး ၂ နှင့် ချန်းယဲ့ရူတို့က နန်းအိမ်တော်၏ အစေခံများကို ထောင်ထဲသို့ ပစ္စည်းအစုံအား သယ်ယူလာရန် အမိန့်ပေး လိုက်သည်။

အေးစက်နေသည့် အကျဉ်းထောင် နံရံများကို ဆေးအသစ်ဖြင့် မွမ်းမံလိုက်ပြီး အဖိုးတန် ကျောက်ကန့်လန့်ကာက အနည်းငယ် ယိမ်းနွဲ့နေသည်။ အတွင်းခန်း၊ အပြင်ခန်းနှင့် စာကြည့်ခန်းကို လေးလံလှသည့် ပိတ်ကျဲကန့်လန့်ကာ ခြားထားလိုက်သည်။

ပရိဘောဂတွေကလည်း နန်းအိမ်တော်က ရွှေခုတင်လို၊ မှန်ပါသည့် အလှပြင်ခုံ၊ ဗီရို၊ အရာရှိထိုင်စားပွဲ၊ စင် စတာတို့ကို သင့်တော်သော နေရာများတွင် နေရာချလိုက်ကြသည်။

အိပ်ရာခင်းမှာ ထိုးထားသော ခေါင်ရန်းပန်းက အလွန် အဖိုးတန်ပြီး နူးညံ့လှသည်။ ဝတ်စုံမျိုးစုံနှင့် ကျောက်မျက်ရတနာများကိုလည်း အစေခံတစ်ယောက်က ဂရုတစိုက်ဖြင့် အဖိုးတန် သေတ္တာထဲ ထည့်ကာ ဗီဒိုထဲတွင် စီစီရီရီ ထည့်ထားပြီး မီးဖိုလေး တစ်လုံးတောင် ပါသေးသည်။

ရှားပါးသည့် နွေရာသီ အသီးအနှံတွေနှင့် အသီးအရွက်တွေကို ခဲထားပြီး သလင်း ပန်းကန်ပြားထဲမှာ ထည့်ထားသည်။ လိုင်ချီးသီး အတွဲကြီးက အမြင်အာရုံကို ထူးထူးခြားခြား ဖမ်းစားသွားတော့သည်။

အမွှေးတိုင် နှစ်တိုင်စာ အချိန်လောက်သာ ကြာလိုက်သည်။ မှောင်မည်းပြီး အေးစက်နေသည့် ထောင်က လင်းထိန်နေသည့် အိပ်ခန်းဆောင် တစ်ခုအဖြစ်သို့ ပြောင်းလဲ သွားတော့သည်။

“အိမ်မှာကတော့ အကောင်းစား ပစ္စည်းတွေနဲ့ ပိုပြီး သက်သောင့်သက်သာ ရှိပေမယ့် အရင်ထက်ပိုပြီး မျက်စိပသာဒ ရှိသွားတယ်”

သခင်မကျန်းက ခုံတစ်ခုံမှာ ထိုင်လိုက်ပြီး လက်ဖက်ရည်ခွက်ကို ယူ၍ သခင်မ တစ်ယောက်လို ဣန္ဒြေဖြင့် “ကျောင်းကျောင်း ကြိုက်ရဲ့လား”

နန်းပေါင်ရီ “အာ…”

တစ်နည်းအားဖြင့် ပြောရရင် သူမက ထောင်ထဲ ရောက်နေတာလေ…

ဘယ်လိုဖြစ်ပြီး နွေရာသီ အပန်းဖြေခရီး ထွက်လာသလို ဖြစ်နေတာလဲ…

ချန်းယဲ့ရူက ကိုယ်တိုင် အိပ်ရာ ကန့်လန့်ကာကို လိပ်တင်ပေးပြီး ရွှေချိတ်နှင့် ချိတ်ရင်း ပြုံး၍ “ကျောင်းကျောင်း ဘာပဲလုပ်ချင်ချင် လုပ်သာလုပ်၊ သခင်မကြီးက ပြောခဲ့တယ်၊ ဘာပဲလုပ်ချင်ချင် နန်းမိသားစုနဲ့ စုန်းမိသားစုက သူတို့အင်အား အပြည့်အစုံ ထောက်ပံ့ပေးမယ်တဲ့”

နန်းပေါင်ရီက တိုးသဲ့သဲ့ဖြင့် “အိမ်က စီးပွားရေးတွေရော အဆင်ပြေရဲ့လား”

“ရှုပိုးထည်တွေကတော့ နည်းနည်း ထိခိုက်သွားတယ်၊ ကံကောင်းတာက ငါတို့ မိသားစုက တော်ဝင် ကုန်သည်တွေ ဖြစ်နေလို့ ပစ္စည်းအမှာတွေ လက်မခံရမှာတော့ မပူရဘူး”

နန်းပေါင်ရုံက လိုင်ချီးသီး တစ်လုံးကို အခွံခွာပြီး သူမကို ကြင်နာစွာ ခွံ့ကျွေးရင်း “ဘဏ်လုပ်ငန်းက မှန်ကန်တဲ့ လမ်းကြောင်း တစ်ခုပဲ၊ ဘဘကြီး၊ ကိုကိုကြီးနဲ့ ရှစ်နင်တို့ကလည်း ဒီနှစ်မကုန်ခင် ရှန်ကျင်းမှာ ဘဏ်ခွဲဖွင့်ဖို့ လုပ်နေကြတယ်”

လိုင်ချီးသီးက ချိုလိုက်တာ…

နန်းပေါင်ရီ၏ မျက်ခုံးလေးတွေက မကွေးညွတ်ဘဲ မနေနိုင်တော့။ အိမ်မှာ ဘာမှမဖြစ်လို့ သူမ စိတ်သက်သာရာ ရသွားမိသည်။

အသစ်ပြင်ဆင် မွမ်းမံထားသော ထောင်အခန်းက နေရန် အလွန် သက်သောင့်သက်သာ ရှိလှသည်။

ခုနစ်ရက်ကနေ လေးဆယ့်ကိုးရက်ဆိုသည့် ဟောပြောချက်က ဆက်ကျင်းပသည်။

ကျီနန်ဘုရားကျောင်း၏ ကျောင်းထိုင် ဆရာတော်က မနေ့က ဆွေးနွေးပွဲမှာ သူမျက်နှာ ပျက်ခဲ့ရတယ်လို့ ခံစားရတာကြောင့် ဒီနေ့တော့ သူက အထူးအနေဖြင့် ဘုရားကျောင်းက အတွေ့အကြုံ အရှိဆုံး ဘုန်းတော်ကြီးကို ပင့်ဖိတ်ထားသည်။

လာရောက် ကြည့်ရှုကြသူများက များပြားနေပြီး ကုချုံရှန်းနှင့် ကျင်းကွမ် ရုံးတော်က အရာရှိ တစ်စုပါ ပါဝင်လာသည်။

နန်းပေါင်ရီက လွတ်လွတ်လပ်လပ် ပြောဆို၍ ဘုန်းတော်ကြီးက ပြောစရာ စကားမဲ့ကာ တွေဝေမိန်းမော သွားပြီး နောက်ဆုံးမှာတော့ တရားစာ ရွတ်ဖတ်ခြင်းကို လျစ်လျူရှု၍ ထောင်ထဲကနေ ငိုလုနီးပါး ဖြစ်ပြီး ပြန်ထွက်လာရသည်။

လူတွေက နန်းပေါင်ရီဟာ နတ်ဆိုးမ ဆိုတာကို လုံးဝ မေ့လျော့ သွားပြီး နှစ်သက် ပျော်ရွှင်ဖွယ်ရာ ကြားသောအခါ သူတို့က မချီးမွမ်းဘဲ မနေနိုင်ကြတော့ဘဲ နှစ်သက် လာကြတော့သည်။

နန်းယန်က လူအုပ်ကြားထဲ ရှိနေပြီး သူမ၏ မျက်နှာလှလှလေးက ဖြူဖွေး၍ ရှုံ့မဲ့နေသည်။ သူမနှင့် ရှမင်ဟွေး ပူးပေါင်း၍ နန်းပေါင်ရီကို ကျီနန်ဘုရားကျောင်းထဲ ထည့်လိုက်နိုင်သည်က သူမကို ခံစားရစေချင်လို့ပင်။

ဒါပေမယ့် ကြည့်ဦးလေ၊ သူမက နူးညံ့သည့် ခေါင်းအုံးလေးနှင့် အိပ်ရာမြင့်မြင့်မှာ အိပ်နေပြီး ပိုးဖဲတွေ ဝတ်ဆင်ထားလျက် လိုင်ချီးလိုမျိုး ရှားပါးသော သစ်သီးကိုတောင် စားနေသေးသည်။

သူ ဒီကိုရောက်လာတာ ခံစားရော ခံစားရရဲ့လား ..

သူက ပျော်ဖို့နဲ့ ကောင်းချီး ပေးခံရဖို့ ရောက်လာတာ အသိသာကြီးပဲ…

ကျောင်းထိုင် ဆရာတော်က ပို၍ အရှက်ရ နေတော့သည်။ သူက စီစဉ်၍ ဘုန်းကြီးတွေကို စင်ပေါ်သို့ တစ်ယောက်ပြီး တစ်ယောက် ငြင်းခုံဖို့ လွှတ်လိုက်ပေမယ့် အကျော်ကြားဆုံး ဘုန်းတော်ကြီးတောင်မှ နောက်ဆုံးမှာတော့ ဘယ်သူကမှ နန်းပေါင်ရီနဲ့ ပြိုင်မပြောနိုင်ကြပေ။

ထင်ရှားကျော်ကြားသော ဘုန်းတော်ကြီးများသည် သံတိုင် အပြင်ဘက်၌ အတန်းလိုက် ထိုင်နေပြီး တစ်ယောက်ချင်းစီတွင် မှတ်စုစာအုပ် အသေး တစ်အုပ်စီ ကိုင်ထားသည်။ နန်းပေါင်ရီက ထိုင်နေပြီး တာအိုဓမ္မအကြောင်း ပြောသောအခါ လူတစ်စုလို သူတို့က စုတ်တံကို သုံး၍ သူမ၏ ရွှေလို အဖိုးတန်သော စကားများကို မှတ်တမ်း တင်နေကြသည်။

ထိုသွင်ပြင်က သူမကသာ တရားစာပေတွေကို သင်ကြား ပေးနေသလိုပင်။

လာရောက်ပြီး ကြည့်ရှုကြသော ဘုန်းတော်ကြီးများ နေ့စဉ်နေ့တိုင်း များပြားလာသည်။ နန်းပေါင်ရီ၏ ဂုဏ်သတင်းက လေးကြိုးက လွှတ်လိုက်သည့် မြားတစ်စင်းလို ကောင်းကင်သို့တိုင် ပျံဝဲနေလေသည်။

တချို့လူများသည် သူမကို နတ်ဆိုးမလို့ ခေါ်ပြီး တချို့ကတော့ သူမက မှားတယ်လို့ ပြောကြသည်။ တစ်လ ကြာပြီးနောက်တွင် ကျင်းကွမ်မြို့တော်၏ ညစာ စားပြီးနောက် ဆွေးနွေး ပြောဆိုကြသော အရင်း အမြစ်များ အားလုံးကို ကိုယ်စားပြုလုနီးပါး ဖြစ်သွားတော့သည်။

ရေဝဲဂယက်၏ အလယ်မှ မိန်းကလေးကတော့ တစ်နေ့လုံး ထောင်ထဲမှာ အသီးများစားရင်း သမိုင်းစာအုပ်များကို ဖတ်ရှုနေလေသည်။

နေ့တိုင်း စားပြီး သောက်ပြီးနောက် သူမက ထောင်တံခါးကို မှီ၍ အမတ်မင်းက ဒီည စောစောလာဖို့ တိတ်တိတ်လေး မျှော်လင့်နေလေသည်။
***

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset