NBY အပိုင်း ၂၉၀

အပိုင်း (၂၉၀)

ဘယ်လောက်ပဲ ဒုက္ခတွေ့တွေ့ အစ်ကိုက မင်းကို အိပ်ပျော်အောင် ထွေးပွေ့ထားပေးမယ်

အကျဉ်းထောင်ထဲမှာက အေးစက်နေသည်။

နန်းပေါင်ရီနှင့် ရှောင်းယီက ဘေးချင်းကပ် ထိုင်နေပြီး ဆန်မုန့်ကို ပျော်ရွှင်စွာ ကိုင်ရင်း စားနေလေသည်။

ရှောင်းယီက သူမ၏ နှုတ်ခမ်း ထောင့်စွန်းလေးမှာ ပေနေသည့် ဆန်မုန့်က သကြားအချို့ကို သုတ်ဖယ်ပေး လိုက်ပြီး သူက လက်ကို စုပ်စားလိုက်ပြီး ခပ်ဖွဖွဖြင့် “နှုတ်ဆက် စကားတောင် မပြောဘဲ ကုချုံရှန်းကို ငါ့အမိန့်မရဘဲ သွားတွေ့တယ်၊ သူနဲ့အတူ ဘုရားကျောင်းကို ပြေးလာတယ်….. နန်းပေါင်ရီ၊ မင်းက တဖြည်းဖြည်းနဲ့ ပိုပိုပြီး ဆိုးလာပါလား”

“အစ်ကို ၂၊ စိတ်မဆိုးပါနဲ့”

နန်းပေါင်ရီက ပြုံးရင်း ဆန်မုန့်ကို တစ်ဖဲ့ ဖဲ့လိုက်ပြီး ရှောင်းယီ၏ ပါးစပ်နားသို့ တေ့ပေး၍ “ညီမလေး အခု အဆင်ပြေနေတာပဲ မဟုတ်လား ဘုရားကျောင်းက ဘုန်းကြီးတွေက ညီမလေးရဲ့ စိတ်ကို သန့်စင်ဖို့အတွက် ခုနစ်ရက်ကနေ လေးဆယ့်ကိုးရက်အထိ တရားစာတွေကို ရွတ်ဖတ်ကြမယ်လို့ ညီမလေး ကြားတယ်၊ အဲဒါကြောင့် ညီမလေးက ဆောင်းဦးရာသီ အစပိုင်းအထိ အဆင်ပြေသေးတယ်”

ဆောင်းဦးရာသီ အစပိုင်းမှာ ရှုနိုင်ငံ၏ ဒီနှစ်အတွက် ပထမဆုံး မိုးရွာလိမ့်မည်။ ထိုသည်က သူမ လေထုကို ဆန်တက်၍ ပြန်ရောက် လာနိုင်ဖို့ အခွင့်အရေးတစ်ခု ဖြစ်သည်။

“ဘုရားစာတွေကို ခုနစ်ရက်ကနေ လေးဆယ့်ကိုးရက်အထိ ရွတ်ဖတ်မယ်….”

ရှောင်းယီက မနှစ်မြို့ဟန်ဖြင့် “ဂတုံးပြောင် မြည်းကြီးတွေက မင်းအတွက် ရည်စူးပြီး ရွတ်ဖတ်မယ် တဲ့လား”

ရည်စူးတယ်…..

နန်းပေါင်ရီက ခေါင်းညိတ် လိုက်သည်။

သူမက မြူဆွယ်ဟန်ဖြင့် “ကျီနန် ဘုရားကျောင်းက ယုံကြည်မှု ပြင်းထန် နေပေမယ့် ဒီဘုရားကျောင်းက ဘာပဲဖြစ်ဖြစ် သင့်တော်တဲ့ ဘုရားကျောင်း တစ်ခုပါပဲ၊ ထောင်ထဲမှာ အရမ်းအေးတယ်၊ ညီမလေး ဒီမှာနေတာ နွေးထွေးတယ်လို့ မခံစားရဘူး၊ အစ်ကို ၂ ညီမလေးကို တစ်ယောက်တည်း ထားခဲ့ပါ”

ရှောင်းယီ၏ နှုတ်ခမ်းတွေက တင်းတင်း စေ့သွားသည်။

သူမကို တစ်ယောက်တည်း ထားခဲ့တဲ့လား၊ သူဘယ်လို လုပ်နိုင်ပါ့မလဲ..

သူက “ငါက ကျီနန် ဘုရားကျောင်းကို တိတ်တဆိတ် စောင့်ကြည့်ဖို့ ရှီးယန်ကို ပို့လိုက်မယ်၊ မင်းရဲ့ အကြံအစည်ကို မနှောင့်ယှက်တော့ဘူး”

နန်းပေါင်ရီက တတွတ်တွတ် ပြောလာသည်။

“အစ်ကို ၂ က အကောင်းဆုံးပဲ”

ပြောပြီး သူမက ဝါးခြင်းကြီးကို ယူဖို့ မစောင့်နိုင်တော့ပေ။ သူမထင်ထားတာက တောင်လိုပုံနေသည့် စားစရာတွေ ရှိလိမ့်မယ်လို့ပင်။ တကယ်တမ်းကတော့ အပေါ်ယံလွှာမှာသာ စားစရာတွေ ရှိသည်။

အောက်မှာက သမိုင်းစာအုပ်တွေနဲ့ အပြည့်ပင်။

သူမက မျက်လုံး ရှန်းသွားပုံပင်။

ရှောင်းယီက သူမ၏ ခေါင်းလေးကို ထိတွေ့နေရင်း အတွေးနက်နက်နဲ့ “မင်းက ဖျောင်းဖျ တိုက်တွန်းတာတွေကို နားမထောင်မှန်း သိလို့ ဘုရားကျောင်းမှာ တစ်ယောက်တည်း ပျင်းနေမှာစိုးလို့ ငါက စာအုပ် နည်းနည်း ယူလာတာ၊ ဖြည်းဖြည်းချင်းဖတ်၊ ဒါတွေ ဖတ်ပြီးရင် အစ်ကိုက မင်းအတွက် နောက်ထပ် တစ်ခြင်း ထပ်ယူလာခဲ့မယ်”

နန်းပေါင်ရီ “….”

ကျေးဇူးတင်ပါတယ်နော်….

သူမက စာအုပ်တွေနဲ့ ပြည့်နေသည့် ခြင်းတောင်းကို မိန်းမော တွေဝေစွာ ကိုင်ထားလိုက်ပြီး ရှောင်းယီက ကြမ်းပြင်ပေါ်မှာ ဝါးဖျာတစ်ချပ် ခင်းလိုက်တာကို တွေ့လိုက်ရသည်။ နူးညံ့သော ခေါင်းအုံးလေး တစ်လုံးကို ထုတ်ယူလိုက်ပြီး ထိုပေါ်မှာ လှဲချလိုက်သည်။

သူမက ပြင်းပြင်းပြပြ သိချင်သွားရပြီး “အစ်ကို ၂၊ ဘာလုပ်ဖို့ စီစဉ်ထားလဲ”

“အိပ်ဖို့”

နန်းပေါင်ရီက အံကို တင်းတင်းကြိတ် လိုက်သည်။

ဒါပေါ့၊ သူအိပ်မှာကိုတော့ သူမ သိတာပေါ့၊ ဒါပေမယ့် ဘာလို့ သူရဲ့ အကျဉ်းခန်းထဲမှာ လာအိပ်နေတာ လဲလို့….

သူမက ဝါးခြင်းတောင်းကို ချလိုက်ပြီး ရှောင်းယီဆီသို့ ပစ်ဝင်လိုက်ပြီး သူ့ခေါင်းဦးပေါ်မှာ ဒူးထောက် လိုက်သည်။

သူရှေ့မှာ လက်ကို ယမ်း၍ “အစ်ကို ၂၊ ဒါက ကျီနန် ဘုရားကျောင်းလေ၊ ညီမလေးက နတ်ဆိုးမ၊ ဧည့်သည် လုပ်ရမဲ့နေရာ မဟုတ်ဘူး၊ အစ်ကိုက အရမ်း… ဘာဖြစ်နေတာလဲလို့”

ကြမ်းပြင်မှာ နေရာအပြည့် ယူထားပြီး ကျီနန်ဘုရားကျောင်းက တည်းခိုဆောင် တစ်ခုလို့များ မှတ်နေတာလား….

ရှောင်းယီ၏ နှုတ်ခမ်းတွေက ကော့တက်သွားသည်။

ဒါပေါ့ ဒီနေရာက ကျီနန် ဘုရားကျောင်းဆိုတာ သူသိတယ်လေ။ ကျီနန် ဘုရားကျောင်းမှာ ဘုန်းကြီးတွေ အများကြီး ရှိနေတာကိုလည်း သူသိတယ်။

သူ့ရဲ့ နောက်လိုက်နောက်ပါ အခြွေအရံတွေ မပါတဲ့ ကောင်မလေးက မျက်နှာလှလှလေးနဲ့ မွေးဖွားလာပြီး အိုနေသည့် ဂတုံးပြောင် မြည်းကြီးတွေက သူမကိုထိရဲရင် သူမက ထောင်ထဲမှာ ဘယ်နေရာ ပြေးပုန်းပါ့မလဲ၊ ဘယ်လောက်တောင် သနားစရာ ကောင်းသလဲ။

သူက သူမကို စောင့်ရှောက်ရမည်။

သူသည် ဇာမဏီ မျက်လုံးများကို ဖွင့်၍ အသံနိမ့်နိမ့်ဖြင့် ခြိမ်းခြောက် လိုက်သည်။

“ဘယ်လောက်ပဲ ဒုက္ခတွေ့တွေ့ အစ်ကိုက မင်းကို အိပ်ပျော်အောင် ထွေးပွေ့ ထားပေးမယ်”

နန်းပေါင်ရီက သူ့ဝတ်စုံကို တင်းတင်း ဆုပ်ထားသည်။ နှုတ်ခမ်းကိုက်ပြီး သူ့ကို စူးစူးနင့်နင့် ကြည့်နေဆဲ။

ရက်စက်ခက်ထန်သော မျက်နှာထားမှန်း သိသာနေသော်လည်း အကြောင်းပြချက် တချို့ကြောင့် သူမက အကျိုးသင့် အကြောင်းသင့် မတွေးနိုင်လောက်အောင် မျှော်လင့်နေမိသည်။

သူက တကယ်ပဲ….

အစ်ကို ၂ ကို သူမနှင့်အတူ တကယ် အိပ်စေချင်သည်။ ဒီအတွေးက သူမကို ရှက်သွေးဖြာ စေလေသည်။

သူမ၏စိတ်က မရှင်းသန့်တော့ချေ။ မိန်းကလေးတို့ တတ်အပ်သည့် ပညာများကို လေ့လာရန် သူမ မမကြီးကို သွားရှာသင့်ပြီလား။

ရှောင်းယီက သူမ စိတ်ဆိုးသွားတယ်ဟုသာ ထင်ပြီး ဝတ်စုံစကို ဆုပ်ခြေနေပြီး နှုတ်ခမ်းထောင့်ကို ကိုက်ထားသော သူမ၏ပုံစံကို ငုံ့ကြည့်ကာ ထပ်ဖြည့် ပြောလိုက်သည်။

“ဒီလိုဆို မင်းရဲ့အဝတ်တွေကို ချွတ်ပစ်ရမယ်”

တကယ်ကို ရင်သပ်ရှုမောဖွယ် ကောင်းမှာပဲ….

နန်းပေါင်ရီက နီရဲနေပြီး “တဆင့်ချင်းစီ သွားသင့်တယ် ထင်တယ်….”

ရှောင်းယီက အံ့အားသင့်စွာ မျက်ခုံးပင့်လိုက်ပြီး “မင်းဘာပြောလိုက်တာ”

“ဘာမှမဟုတ်ဘူး”

နန်းပေါင်ရီက သူ့စကားနောက်မှ တုံ့ပြန်လိုက်တာ ဖြစ်ပြီး အခုတော့ မျက်နှာလေးက မျောက်ဖင်နီ ထက်တောင် နီစွေးနေသေးသည်။ သူမက နူးညံ့သော ထိုင်ဖုံပေါ်သို့ တွားသွားပြီး ပြန်ဝင် သွားတော့သည်။

ကံကောင်းစွာဖြင့် ကျီနန် ဘုရားကျောင်းက အလွန်ကို ထောက်ထား ညှာတာ တတ်သည်ပင်။ သူတို့က ခြင်ကိုက်မည်စိုးပြီး ထူထဲသော ခြင်ထောင်ကိုပင် ထောင်ခန်းထဲမှာ ထားပေးထားသည်။

သူမက ခြင်ထောင်ကို တင်းတင်း ချည်လိုက်ပြီးနောက် လုံခြုံသွားသလိုပင်။

သူမက အိပ်ရာထဲမှာ ဝင်ကွေးလိုက်ပြီး လက်ချောင်းတွေကို တုန်လှုပ်စွာ ဖျစ်ညှစ်နေသည်။ သူမက တိုးညင်းသော အသံလေးဖြင့် တိတ်တိတ်လေး ပြောနေသည်။ အမတ်မင်းက ရှင်းရှင်းလင်းလင်း မကြားလိုက်နိုင်ပါဘူးလို့….

ငါပြတ်ပြတ်သားသား မကြားလိုက်သင့်ဘူး….

ရှောင်းယီက ခြင်ထောင်ကို စူးစိုက်ကြည့်ရင်း ပြုံးနေသည်။ ပထမတုန်းကတော့ သူတကယ်ကို ရှင်းရှင်း မကြားလိုက်ချေ။ သို့သော် သူက စစ်တပ်ကိုတောင် အမိန့်ပေးနိုင်သည့် အာဏာရှိသူ တစ်ယောက်ပဲလေ။ အနည်းငယ် တွေးပြီးသော အခါမှာတော့ သူမ ဘာပြောလိုက်တာလဲ ဆိုတာကို သူသိသွားတော့သည်။

အဲဒါဆို နန်းကျောင်းကျောင်းက သူ့နောက်ကို တစ်လှမ်းချင်း လိုက်လာချင်ပြီပေါ့….

သူသိသွားပြီလေ…..

နောက်တစ်နေ့…..

နန်းပေါင်ရီ နိုးလာသောအခါ ကြမ်းပြင်ပေါ်မှာ သန့်ရှင်းနေပြီး အမတ်မင်းက မရှိတော့ချေ။ သူမက မျက်လုံးလေးတွေကို ပွတ်သပ်လိုက်ပြီး စောင့်နေသည့် ဘယ်အစေခံမှ မရှိတာကြောင့် သူမဘာသာ အဝတ်အစားလဲပြီး လျှော်ဖွတ် ရတော့မှာပင်။

မျက်နှာချေမှုန့် လိမ်းကျံ ပြီးသောအခါ သူမက ကိုရင်လေး လာပို့သော အနီရောင် ပဲစေ့လေးကို သုံးပြီး လေးထောင့် စားပွဲနောက်မှာ ထိုင်လိုက်သည်။ ဂန္တဝင်စာပေများနှင့် သမိုင်းတွေကို ဖတ်ရန် ကောက်ကိုင် လိုက်သည်။

စာမျက်နှာ တစ်ဝက်လောက် ဖတ်ပြီးသော အခါတွင်မူ သူမ အနည်းငယ် ငိုက်မြည်း လာတော့သည်။ ထိုင်ဖုံလေးပေါ်မှာ အနားယူဖို့ တွေးလိုက်သောအခါ ဘုန်းတော်ကြီး တစ်ပါးက လက်ထဲမှာ တရားစာအုပ်ကို ကိုင်၍ ရောက်လာလေသည်။

သူဝင်လာပြီးနောက် နောက်မှ လူငါးရာလောက်ကလည်း ဝင်လာကြသည်။

ရှောင်းယီကို အရှက်တကွဲ ဖြစ်စေရန် အတွက် ဘုရင်ခံရွယ်က ရှုနိုင်ငံမှာ ဆူပူမှု တစ်ခုကို ဖန်တီးထားသည်။ နတ်ဆိုးမကို ဖမ်းချုပ် ထားပြီးပြီဖြစ်ပြီး ကျီနန် ဘုရားကျောင်းမှာ အကျဉ်းချ ထားသည်ဟုပင်။

ဘုရားရှင်၏ ကရုဏာတော်ကြောင့် ကျီနန်ဘုရားကျောင်းက အမွှေးနံ့သာများ ထုံမွှမ်းနေပြီး ဘုန်းတော်ကြီးများက တရားတော်များကို နန်းပေါင်ရီထံ လာရောက်၍ နေ့တိုင်း ရွတ်ဖတ်ကြသည်။ လူတွေကိုလည်း လာရောက် ကြည့်ရှုခွင့် ပေးထားလေသည်။

ဒီနေ့တော့ လူငါးရာလောက် လာကြည့်ပြီး နန်းပေါင်ရီကို လက်ညှိုးထိုး၍ ဆဲရေး နေကြသည်။ နန်းယန်က နေရာကောင်းဖြစ်သည့် ရှေ့ဆုံးတန်းမှာ နေရာယူထားသည်။ သူမက ပန်းထိုးပဝါကို ကိုင်ထားပြီး လှပသော မျက်နှာလေးက ဝံ့ကြွားဟန်ဖြင့် မော့ချီနေလေသည်။

နန်းပေါင်ရီသည် ထောင်ခန်းထဲတွင် အပိတ်ခံထားရပြီး လာကြည့်ကြသော လူတိုင်း၏ ပုံစံများက သူမကို စိတ်လှုပ်ရှားစေသည်။

နန်းပေါင်ရီကို သူမ၏ ခြေထောက်အောက်မှာ နင်းခြေခံထားရတယ်ဆိုသော ခံစားချက်ကို သူမ ကြိုက်သည်။

သံတိုင်၏ အပြင်ဘက်တွင် ဘုန်းတော်ကြီးက လက်အုပ်ချီ၍ “ဘုရားရှင်” လို့ ရေရွတ်သည်။

နန်းပေါင်ရီ၏ မျက်ခုံးအစုံက ပင့်တက်သွားသည်။

သူတို့ တရားစာ ရွတ်ဖတ်နေချိန်မှာ တရားစာပဲ ရွတ်ဖတ်ကြလေ။ လူတွေ အများကြီးက သူမကို လာကြည့်နေကြတယ်….

သူမက မျောက်တစ်ကောင် မဟုတ်….

ကျီနန် ဘုရားကျောင်းက ကြီးမြတ်သော ကရုဏာတော် ရှိသည်ဆိုသည့် ပုံရိပ်က သူမ၏ ရင်ထဲသို့ ချဉ်းနင်းဝင်ရောက် လာခဲ့ဖူးသော်လည်း ဒါကြီးကတော့ မများဘူးလား။

သူမက အရိုအသေပြု၍ ပြန်လည် ‘ဘုရားရှင်’ လို့ ဆုတောင်း ပတ္တနာ ပြုလိုက်သည်။

“မိန်းကလေးရဲ့ ကျေးဇူးရှင်က နတ်ဆိုး ခန္ဓာကိုယ်ပဲ၊ ဘုရားရှင်က ကရုဏာ တရား ကြီးမားပါတယ်၊ ကိုယ်တော်က ဒကာမလေးအတွက် ခုနစ်ရက်ကနေ လေးဆယ့်ကိုးရက်အထိ တရားစာတွေ ရွတ်ဖတ် ပူဇော်ပေးမှာပါ၊ ဒကာမလေးရဲ့ စိတ်ဝိညာဉ် လွှမ်းမိုးမှုကို ကျော်လွန်သွားရင် ဒကာမလေးကို တကယ့် မီးတောက်ဆီကို ပို့မှာပါ၊ ဘုန်းကြီးက အရည်အချင်း မရှိပါဘူး၊ ဒီနေ့တော့ ရှင်းပြပါရစေ၊ ကြာကျမ်းဂန်က လာတဲ့ နှစ်သက်မြတ်နိုးစရာ ဓမ္မတရားပါ”

ကိုရင်လေးက ကြမ်းပေါ် ခေါက်လိပ်နိုင်သော ဖျာတစ်ချပ်ကို ကြမ်းပြင်ပေါ် ချခင်းလိုက်သည်။ လူတွေက တိတ်ဆိတ် ငြိမ်သက် သွားကြသည်။

သူတို့အားလုံးက မစောင့်နိုင်တော့ချေ။ ကြီးမြတ်သော ကရုဏာတော်၏ လွှမ်းမိုးခြင်း ခံရသောအခါ နတ်ဆိုးမ ဖြစ်သွားမည့် ပုံစံကို တွေ့ရှိရန် မျှော်လင့်နေကြသည်။

ဘုန်းတော်ကြီးက တင်ပျဉ်ခွေ ချိတ်ထိုင်လိုက်ပြီး တရားစာအုပ်ကို ဖွင့်၍ ရွတ်ဖတ် ပူဇော်တော့သည်။

“ကိုယ်တော် ကြားမိတယ်၊ တစ်ရံတစ်ခါတုန်းက ဘုရားရှင်ဟာ ဝမ်ရှဲ့မြို့တော်မှာ နေထိုင်ခဲ့တယ်၊ ချီလန်ကျူး တောင်ပေါ်မှာ…..”

“ခဏလေး”

နန်းပေါင်ရီက သူ့ကို တားလိုက်သည်။ ဘုန်းတော်ကြီးက မျက်လုံး ပင့်ကြည့်သည်။

နန်းပေါင်ရီက တင်ပျဉ်ခွေ ထိုင်လိုက်ပြီး မီးငှက်မျက်လုံးတွေက ကြည်စင်နေပြီး “ဆရာတော်၊ ဘုရားရှင်က ဘယ်သူပါလဲ”

ဘုန်းတော်ကြီးက ပြန်ဖြေသည်။

“ဘုရားရှင် စန္နမုနိပါ”

“ကျွန်မအဘွားက တစ်ခါတလေ သတ်သတ်လွတ် စားပြီး ဘုရားစာတွေကို ရွတ်ဖတ် ပူဇော်တတ်တယ်၊ သူပြောတာတော့ သတ္တဝါတွေ အားလုံးက ဘုရားပဲတဲ့”

“ဟုတ်တယ်”

ဘုန်းတော်ကြီးက သဘောတူ လက်ခံကြောင်း ပြလိုက်ပြီး “ဘုရားရှင်ဆိုတာ အကောင်အထည် မရှိဘူး၊ သတ္တဝါတွေ အားလုံးဟာလည်း ပုံရိပ်ယောင်တွေပဲ၊ သတ္တဝါတွေရဲ့ စိတ်နဲ့ ဘုရားရဲ့ကြားမှာ ဘာကွာဟချက်မှ မရှိဘူး”

နန်းပေါင်ရီက သူမကိုယ်သူမ လက်ညှိုး ညွှန်လိုက်ပြီး စိတ်ဝင်တစားနဲ့ “ဆရာတော်၊ ကျွန်မက ဘုရားလား”

ဘုန်းတော်ကြီးက တဒင်္ဂမျှ ဆွံ့အသွားပြီး “ဒကာမလေးသာ ဒကာမလေးရဲ့ မှားယွင်းတဲ့ အတွေးတွေကို နားလည် သဘောပေါက်ပြီး နတ်ဆိုး အတွေးတွေကို ဖယ်ရှား လိုက်မယ်ဆိုရင် ဒကာမလေးလည်း ဘုရား ဖြစ်နိုင်ပါတယ်”

“ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ဓါးကို လွှတ်ချလိုက်ရင် ဘုရားဖြစ်နိုင်တယ် ဆိုတဲ့ အဓိပ္ပါယ်လား”

“ဟုတ်ပါတယ်”

“တကယ်လို့ လက်ထဲမှာ သတ်ဖြတ်တတ်တဲ့ ဓါးတစ်လက် မရှိခဲ့ရင်ရော”

“မင်းက နတ်ဆိုးမပဲ၊ ဘယ်လိုလုပ်ပြီး မင်းမှာ သတ်ဖြတ်တတ်တဲ့ ဓါးတစ်လက် မရှိရမှာလဲ”

“ဆရာတော်ကို မေးပါရစေ ဘယ်မျက်စိနဲ့ မြင်နိုင်တာလဲ ဘယ်ဘက် မျက်လုံးလား၊ ညာဘက် မျက်လုံးလား ဆရာတော်က ဘာစကားမှ မပြောနိုင်ဘူးဆိုရင် ကျေးဇူးပြုပြီး မှန်မှန်ကန်ကန် ဖြေပေးပါ၊ သတ်ဖြတ်တတ်တဲ့ ဓါးတစ်လက်ရဲ့ ပုံစံက ဘယ်လိုများ ဖော်ပြလဲလို့”
***

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset