အပိုင်း (၂၈၈)
ဘုရင်ခံကု၊ ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်လား
ယန်လျို၏ မျက်လုံးများက ပြူးကျယ်သွားပြီး စုတ်စားထားသော ခရုက ပြန်ထွက်လာသည်။
ရှောင်းယီက ဘာအမူအရာမှ မပြပေမယ့် ဇာမဏီ မျက်ဝန်းများ ထဲမှာတော့ အဆုံးမရှိသည့် မီးလျှံမီးတောက်များနှင့် ခါးသီးမှုများ ရှိနေသည်။
သူက နောက်သို့ ဆုတ်သွားပြီး ညစ်ပေမှာ စိုးနေပုံဖြင့် “နန်းကျောင်းကျောင်းက စပ်တဲ့ အစားအစာတွေကို ကြိုက်ပေမယ့် ငှက်သိုက်နဲ့ သကြားခဲကို သူ့ရဲ့ မျက်နှာလေး လှပဖို့အတွက် ကြိုက်တာ၊ စားတဲ့ ပုံစံကလည်း နူးညံ့သိမ်မွေ့ပြီး သိက္ခာရှိတယ်၊ အဲဒါကြောင့် မင်းဘယ်သူလဲ”
ယန်လျို မကျေမနပ် ဖြစ်သွားတော့သည်။ သူမက ဒီမှာ ဘာပဲဖြစ်ဖြစ် လေးငါးရက်လောက် ကြာအောင် နေနိုင်လိမ့်မယ်လို့ တွေးထားပေမယ့် အမွှေးတိုင် တစ်တိုင်စာ အချိန်ထက်တောင် နည်းသော အချိန်အတွင်းမှာ သူမ၏သရုပ်မှန်က အမတ်မင်းဆီမှာ ပေါ်သွားရလေပြီ။
သူမက အချိန်ခဏမျှ တုံ့ဆိုင်းနေတာကြောင့် ရှောင်းယီက စိတ်မရှည်စွာနဲ့ “ရှီးယန်”
ရှီးယန်က ဒီလို ရုပ်ဖျက်နည်းမျိုးနဲ့ အတွေ့အကြုံ အနည်းငယ် ရှိသည်။ သူက လက်ကိုင်ပဝါပေါ်သို့ အထူးဆေးရည် လောင်းလိုက်ပြီး ယန်လျိုထံသို့ ကမ်းပေးကန့်လန့်ကာ သတိပေး လာသည်။
“ငါတို့ သခင်လေးက မိန်းကလေး ပေါင်ရီ၏ပုံစံ တခြားသူဆီမှာ ရှိနေတာကို မကြိုက်ဘူး၊ မင်းအရင် သန့်ရှင်းရေး လုပ်လိုက်ပါ”
ယန်လျိုက မျက်နှာကို သန့်စင်သွားအောင် လက်ကိုင်ပဝါနှင့် သုတ်ပြီးနောက် ပုံမှန်သွင်ပြင် ပေါ်လာသည်။ သူမက ရိုသေစွာ ဒူးတုတ် ထိုင်လိုက်ပြီး ဇာတ်ကြောင်း တစ်ခုလုံးကို ပြောပြလာသည်။
သူမက ရှောင်းယီကို မကြောက်မရွံ့ ကြည့်ပြီး “မိန်းကလေး ထွက်မသွားခင်မှာ နန်းသူဌေးမလေးက တစ်ခု ရှင်းပြခဲ့ပါသေးတယ်၊ ကျွန်မရဲ့ သရုပ်မှန်ကို တွေ့သွားရင် အစေခံတွေကို ပြောပြီး သူက ပြန်ပြီး ဆုတ်ခွာဖို့ ယုံကြည်ချက် ရှိပါတယ်တဲ့၊ အဲဒီ အချိန်မှာ ဝင်မနှောင့်ယှက်ပါနဲ့တဲ့”
ရှောင်းယီ၏ မျက်နှာက တင်းမာ သွားတော့သည်။
နန်းကျောင်းကျောင်းလို မိန်းမငယ်လေးက ကုချုံရှန်းကို ပြေးတွေ့တယ်၊ ဘယ်တုန်းက သူ့ရဲ့ ယုံကြည်မှုတွေ ချွတ်ခြုံ ကျသွားရတာလဲ။
သူက သူမကို သံချပ်ကိစ္စကို ဖြေရှင်းဖို့အတွက် ခွင့်ပြုပေး လိုက်ပေမယ့် တကယ်တမ်းက မလွယ်ကူပေ။
သူက အိပ်ခန်းအပြင်သို့ လှမ်းလျှောက် သွားပြီး “မြင်းပြင်ထား ကျင်းယုမန်တန်ကို သွားမယ်”
ယန်လျိုက အနက်ရောင် ကိုယ်ရံတော် အများကြီး အပန်းဖြေစံအိမ်မှ ပြေးထွက် သွားကြတာကို ကြည့်နေသည်။ သူမက လတ်ဆတ်သော ပင်လယ်စာကို ပျော်ရွှင်စွာ နှုတ်ခမ်းနဲ့ အသံမြည်အောင် ဆက်စား နေလိုက်သည်။
အမတ်မင်းက တကယ်ကို နန်းသူဌေးမလေး အတွက် စိတ်ပူနေတာပဲ….
အဲဒါက ဘာနဲ့တူလဲ ဆိုတော့ ဖခင်တစ်ယောက်က ပထမဆုံး အကြိမ်အဖြစ် သမီးလေးကို စေ့စပ်ထားတဲ့သူနဲ့ အပြင်ထွက်ခွင့် ပြုလိုက်သလိုပင်။ သူက သူမကို အချိန်တိုင်း နောက်မှာ ထားမှသာ လုံခြုံစိတ်ချ နိုင်သလိုပင်။
ရှောင်းယီက မြင်းကို ကျင်းယုမန်တန်သို့ အသော့နှင် သွားသောအခါ ကုချုံရှန်း၏ ရထားလုံးက ကျင်းကွမ်မြို့ကနေ ထွက်ခွာ သွားပြီးလေပြီ။
ရထားလုံးက လမ်းတစ်လျှောက် အမွှေးတိုင် နှစ်တိုင်စာ အချိန်ကျော် ကြာအောင် မောင်းခဲ့ပြီး နောက်ဆုံးတွင် တောင်ခြေမှာ ရပ်တန့်သွားသည်။
နန်းပေါင်ရီက ကြည့်လိုက်သောအခါ ကျီနန် ဘုရားကျောင်းကို တောင်နံရံပေါ်မှာ တွေ့လိုက်ရသည်။ အစိမ်းရောင် တိုင်လုံးများနှင့် အဝါရောင် နံရံများက ရိုးရှင်းပြီး သေသပ်နေသည်။
ဘုရားကျောင်းဆီက ခေါင်းလောင်းသံ ပြန့်လွင့်လာပြီး တောအုပ်နဲ့ တောင်တန်းဆီက ကြီးမားတဲ့ ငှက်တစ်အုပ်ကို လန့်သွားစေသည်။ ပို၍ တိတ်ဆိတ်ပြီး တည်ငြိမ် အေးချမ်း သွားစေသည်။
“ဒါက ကျီနန် ဘုရားကျောင်းလား”
သူမက မျက်ခုံး ပင့်လိုက်သည်။ ရှုနိုင်ငံ၏ အထင်ရှားဆုံး ဘုရားကျောင်း၊ အဘွားက ဗုဒ္ဓဘုရားရှင်ကို ပူဇော်ဖို့ ဒီကို တစ်ခါတစ်ရံ လာတတ်သည်။ အဘွား ပူဇော်ထားသော ငွေက ရွှေသားတစ်သိန်းထက် မနည်းပေ။
ရှုနိုင်ငံ၏ မိုးခေါင်ရေရှားမှုကြောင့် လူတွေ အများကြီးက ဒီအချိန်မှာ ဘုရားကျောင်းသို့ လာပြီး ဆုတောင်းကြသည်။ သူတို့က လေထန်နေသည့် အပြာရောင် ကျောက်ခင်းလမ်း တစ်လျှောက် လျှောက်နေကြပြီး တချို့က ခြေလှမ်း သုံးလှမ်းမှာ တစ်ခါ ရှိခိုး၍ တချို့ကတော့ ခြေလှမ်း တစ်လှမ်းကို တစ်ခါ ရှိခိုး နေကြသည်။ မျက်နှာ အမူအယာများက အလွန်အမင်းကို ယုံကြည်သက်ဝင် နေကြသည်။
ကုချုံရှန်းက အပြာရောင် ကျောက်ပေါ်သို့ အမူအယာမဲ့စွာဖြင့် ခြေချလိုက်သည်။ နန်းပေါင်ရီက မျက်နှာအကာကို ဝတ်ဆင်ထားပြီး သူ့နောက်ကနေ လိုက်၍ သိချင်စိတ် ပြင်းပြစွာ မေးလိုက်သည်။
“ဘုရင်ခံကု၊ ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်လား”
ကုချုံရှန်းက သူမကို အာရုံမစိုက်ချေ။ သူ့လည်ပင်း၌ မည်းနက်သော ရင်းတိုက်သားဖြင့် လုပ်သော အလုံးနှစ်ရာပါသည့် ပုတီးရှည် တစ်ကုံးကို ဆွဲထားပြီး သူ့ခြေလှမ်းများနှင့် အနည်းငယ် တိုက်မိနေသည်။ သူမကို ဂရုမစိုက်ပေ။
နန်းပေါင်ရီက နှုတ်ခမ်းလေးကို တင်းတင်း စေ့လိုက်သည်။ သူမ အရမ်းတွေးမိနေပြီ။
လူတွေကို လျှော်ပင်တွေလို သတ်ပစ်နေသည့် ကုချုံရှန်းက ဘယ်လိုလုပ်ပြီး ဗုဒ္ဓရဲ့ သက်ဝင် ယုံကြည်သူ ဖြစ်နိုင်ပါ့မလဲ…
လှေကား ကိုးရာကိုးဆယ့်ကိုးထစ်ကို တက်ပြီး နောက်ဆုံးမှာတော့ နန်းပေါင်ရီက အသက်ရှူပင် မမှန်တော့။
တကယ်တမ်းတော့ သေခြင်းတရားက ဘယ်လောက် သနားစရာ ကောင်းမှန်းမသိ။ အလယ်မှာတော့ သူမက အကြိမ်ပေါင်းများစွာ ရပ်လိုက်နားလိုက် လုပ်ခဲ့ရပေမယ့် သူကတော့ နောက်ကိုလုံးဝ လှည့်မကြည့်ဘဲ ရှေ့သို့ ဆက်လျှောက်သွားသည်။
သူ့အနောက်က သရဲ လိုက်လာသလိုပဲ။
သူမက လက်ကိုင်ပဝါလေးကို ထုတ်၍ အပြာရောင် ကျောက်လှေကားပေါ်မှာ ဖြန့်ခင်းလိုက်ပြီး ချွေးတွေ စီးကျလျက် ထိုင်လိုက်သည်။
ကုချုံရှန်းက လက်ကိုမြှောက်၍ ရပ်ပြီး ဂိတ်တံခါးကို ကြည့်နေသည်။
ယုံကြည်ခြင်း ဆိုတာ ဘာလဲ၊ မယုံကြည်ခြင်း ဆိုတာကရော ဘာလဲ…
သူက နတ်ဆိုးတစ်ကောင်လို မွေးဖွားလာပြီး ရက်ရက်စက်စက် သတ်ဖြတ်တတ်သော ဓါးတစ်လက်နှင့် သူက ဗုဒ္ဓဘာသာ ဖြစ်မလာနိုင်လောက်။
သူ့အတွက်တော့ သတ်ဖြတ်တတ်တဲ့ ဓါးကို လွှတ်ချလိုက်ခြင်းက သေခြင်းနဲ့ အဆုံးသတ်မှာပင်။
ဘုရားရှင်ကတောင်မှ သူ့ကို ခွင့်လွှတ်မပေးနိုင်လောက်။ သူက နန်းပေါင်ရီဆီသို့ အကြည့် ပို့လိုက်သည်။
မိန်းကလေးက ဇီဇာကြောင်တတ်ပြီး မထိုင်ခင်မှာ လက်ကိုင်ပဝါလေးကို ဖြန့်ခင်း လိုက်သေးသည်။
သူက ခြေထောက်မြှောက်၍ သူမကို ကန်လိုက်ပြီး “ထပြီး တောင်ဂိတ်တံခါးကို သွားဖွင့်”
နန်းပေါင်ရီက ဝတ်စုံကို ခါလိုက်ပြီး မပျော်မရွှင်နဲ့ “ကန်တာက ညစ်ပတ်တယ်….”
ကိုရင်လေး တစ်ပါးက လက်ခံဖို့အတွက် အပြင်ကို ထွက်လာသည်။ သူက ကုချုံရှန်းနှင့် တခြား သူများကို ဦးဆောင်၍ တရှုံး ခန်းမသို့ ခေါ်သွားပြီး တိတ်ဆိတ်ပြီး လူတစ်ယောက်မှ မရှိသည့် ဘုရားကျောင်း အတွင်းသို့ ခြေလှမ်းလိုက်သည်။
နန်းပေါင်ရီက ဘုရားကျောင်း၏ အလယ်သို့ လျှောက်သွား သောအခါ မရေမတွက်နိုင်တဲ့ ဘုန်းတော်ကြီးများ ခုန်ထွက်လာပြီး တုတ်များဖြင့် သူမကို ဝန်းရံထားသည်။ တည်တင်းနေသည့် မျက်နှာထားများနှင့် သူမကို ညီညီညာညာ ဘေးမှ ဝိုင်းထားလေသည်။
နတ်ဆိုးမကို ကိုယ်စားပြုတဲ့ ကိုယ်နေဟန်ထားက ဘာလဲ ..
ဘုန်းတော်ကြီးတွေက လမ်းဖယ် ပေးလိုက်ကြသည်။
အကြီးအကဲက ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ဖြူရော်ပြီး အေးစက်သည့် မျက်နှာထားနှင့် လက်အုပ်ချီ လိုက်ပြီး “ဘုရားသခင်” လို့ ဝတ်ပြုလိုက်သည်။
သူက “နတ်ဆိုးမကို ကိုယ်တိုင် ကျီနန် ဘုရားကျောင်းကို ပို့ပေးသော ဘုရင်ခံက ရှုနိုင်ငံက ထောင်ပေါင်း များစွာသော လူတွေကို ကယ်တင် လိုက်တာပါပဲ၊ ဒီလိုကြီးမားသော ကုသိုလ်နှင့် သူက နှစ်ပေါင်း တစ်ရာအတွင်း အနောက်ဘက် နိဗ္ဗာန်ကို ရောက်မှာ မလွဲမသွေပဲ”
နန်းပေါင်ရီက နူးညံ့စွာ တခစ်ခစ် ရယ်လိုက်ပြီး “ဗုဒ္ဓဘာသာမှာ စကားတစ်ခွန်း ရှိတယ်၊ ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ ဓါးကိုချလိုက်ရင် ဘုရားဖြစ်နိုင်တယ်တဲ့၊ မေတ္တတရား ကြီးမားဖို့နဲ့ သတ္တဝါတွေ အားလုံးကို ကယ်တင်ဖို့ ဆန္ဒရှိတယ် ဆိုတဲ့ စကားရှိတယ်၊ လူတိုင်းက အနောက်ဘက်က နိဗ္ဗာန်ကို ရောက်နိုင်တယ်၊ ကျောင်းထိုင် ဘုန်းဘုန်းရဲ့ စကားအရဆို အရှင်ဘုရားက ရပ်တည်မှု တစ်ခု လိုချင်တာပဲ၊ ကြီးမားတဲ့ ကုသိုလ်ကသာ အနောက်ဘက် နိဗ္ဗာန်ကို ပို့ပေးနိုင်တာလား ကုသိုလ်မရှိတဲ့ သူတွေက ငရဲသွား ကြရမှာလား”
ကျောင်းထိုင် ဆရာတော်က မျက်လုံးတွေကို ပင့်လိုက်ပြီး သူမကို ကြည့်လာသည်။ ဒီမိန်းမငယ်လေးက ဆယ်ကျော်သက် အပျိုမဖြစ်သေးသည့် အရွယ်ပဲ ရှိလိမ့်ဦးမည်။ သူမက ပန်းရောင်နှင့် ကျောက်စိမ်းလို မွေးဖွာ်လာပြီး နူးညံ့လှပပြီး အဖိုးတန်လေးပင်။
သံချပ်ထဲက ‘နတ်ဆိုးမ’ ဆိုသော စကားနဲ့ အလွန် ဝေးကွာသည်မှာ အရမ်းကို ရှင်းလင်းနေသည်။
သို့သော်…..
သူ့မျက်လုံးထဲမှာ အေးစက်သော အသံတစ်သံ ရှိနေပြီး သူက အသံပြင်းပြင်းဖြင့် “နတ်ဆိုးမက လောကကြီးရဲ့ ဘေးအန္တရာယ်ပဲ၊ လျှာစောင်း ထက်လှချည်လား၊ လာကြစမ်း၊ သူ့ကို ဘုရားကျောင်းထဲက ထောင်မှာ ထည့်ချုပ်ထားလိုက်”
ဘုန်းကြီးနှစ်ပါးက ချက်ချင်း နန်းပေါင်ရီ နောက်မှာ ရပ်လိုက်ကြသည်။
နန်းပေါင်ရီက ကုချုံရှန်းကို ကြည့်၍ “ကစားပွဲအတွက် လောင်းကြေးစားကြေးက ဆုံးဖြတ်ထားပြီးသားပဲ၊ ဘုရင်ခံကု စောင့်ကြည့်လိုက်ပါဦး”
ပြောပြီးနောက် ဘုရားကျောင်း ထောင်အတွင်းသို့ တည်ငြိမ်စွာဖြင့် ဦးဆောင်၍ ထွက်သွားတော့သည်။
ကုချုံရှန်းက သူမ အဝေးသို့ လှမ်းသွားတာကို ကြည့်နေပြီး နှုတ်ခမ်းတွေက အနည်းငယ် တွန့်ကွေး၍ ပြုံးဟန် ပြုသည်။ လောကကြီးမှာ ချစ်ခြင်းမေတ္တာ ဆိုတာကို သူဘယ်တုန်းကမှ မယုံကြည်ခဲ့။
ရှောင်းယီက တောက်ပသော အနာဂတ်ရှိသူ တစ်ယောက်ဖြစ်ပြီး သူမအတွက် ဘုရင်ခံရွယ်၊ ဘုရားကျောင်းနှင့် ရှုနိုင်ငံက လူထောင်ပေါင်း များစွာကို ထိပ်တိုက် တွေ့ဖို့ဆိုတာ မဖြစ်နိုင်ချေ။
မိန်းကလေး ဒီကစားပွဲမှာ ရှုံးမှာ စိုးရသည်။
ဘုရားကျောင်း၏ ထောင်ကို ကျီနန်ဘုရားကျောင်း၏ မြေတိုက်ခန်းလို့လည်း ခေါ်ကြသည်။
နေ့တိုင်း အမှားလုပ်မိသော ဘုန်းတော်ကြီးများက ထိုနေရာမှာ နံရံကို မျက်နှာမူ၍ ပြန်လည် တွေးတော ဆင်ခြင်ကြရသည်။ ပရိဘောဂများမှာ ရိုးရှင်းပြီး သန့်ရှင်းလှသည်။ နံရံများသည် ဇာတ်လမ်းပေါင်း များစွာ၏ ရုပ်ပုံမျိုးစုံကို ထွင်းထုထားပြီး အားလုံးက ဗုဒ္ဓဘာသာနှင့် ဆိုင်သည့် ဇာတ်လမ်းများပင်။
ထောင်၏တံခါးက သော့ခတ် ပိတ်လိုက်ချေပြီ။ နံရံမှာ ဆီမီးအိမ် များစွာ ရှိသောကြောင့် ထောင်အတွင်းမှာ လင်းထိန် နေသည်။
နန်းပေါင်ရီက အော်ကြီးဟစ်ကျယ် လုပ်ခြင်းမရှိဘဲ ပတ်ချာလည်ကို လျှောက်ကြည့် နေသည်။ သစ်သားနှင့် လုပ်ထားပြီး အနီရောင် ဆေးသုတ်ထားသော ငါးကို စားပွဲပေါ်တွင် တွေ့လိုက်သောအခါ သူမက ရုတ်တရက် ပျော်ရွှင်မြူးတူး သွားတော့သည်။
သူသည် ဘုန်းတော်ကြီး တစ်ပါး၏ ပုံစံကို အတုခိုးပြီး ကျူရိုးနှင့် ရက်လုပ်ထားသော ဖျာပေါ်တွင် တင်ပျဉ်ခွေ ချိတ်ထိုင်လိုက်ပြီး သစ်သားငါးကို တုတ်နဲ့ခေါက်ပြီး ဆုတောင်းစာကို အော်ဟစ်ရွတ်ဆို လိုက်သည်။
“ဘုရားသခင်၊ ဘုရားသခင်”
စာလုံး အနည်းငယ် ရွတ်ဖတ် ပြီးသောအခါ အပြင်ဘက်က လှုပ်ရှားမှု တစ်ခုကို ကြားလိုက်ရသည်။
ကျောင်းထိုင် ဆရာတော်က ကုချုံရှန်းနဲ့ ဘုရင်ခံရွယ်ကို ဦးဆောင်ပြီး ဝင်လာသည်။
ဘုရင်ခံရွယ်က ဆေးတံ တစ်ချောင်းကို ကိုင်ထားပြီး အသက် လေးဆယ်ကျော်ပြီ ဖြစ်ပေမယ့် တင့်တယ် ချောမောနေဆဲပင်။
သူက ထောင်တံခါး အပြင်ဘက်မှာ ရပ်ပြီး နန်းပေါင်ရီကို ခဏမျှ ကြည့်နေပြီး အပြုံးတစ်ခုဖြင့် “နန်းပေါင်ရီကို ရှောင်းယီဆီက ဖမ်းနိုင်တယ် ဆိုတာ ဘုရင်ခံကုက တကယ် အရည်အချင်း ရှိတာပဲ”
“ဘုရင်ခံရွယ်က ရှောင်းယီနဲ့ မကျေနပ်ချက်တွေ ရှိတယ် ဆိုတာကို သိလို့ အထူးအနေနဲ့ ကျွန်တော်က သူ့ညီမကို ဖမ်းပြီး ဘုရင်ခံရွယ်ကို ဆက်သတာပါ၊ နန်းပေါင်ရီရဲ့ အသက်က ဘုရင်ခံရဲ့ လက်မှာ ရှိနေသရွေ့ ရှောင်းယီက ဘယ်ပြေးနိုင်ပါ့မလဲ”
ကုချုံရှန်းက နူးညံ့သော လေသံဖြင့် ပြောသည်။ သူက မိန်းမစိုး တစ်ယောက်လို မွေးဖွား လာပေမယ့် သူ၏ ကိုယ်နေဟန်ထားက တုန်ယင်နေတာမျိုး၊ အလွန်အကျူး ဖြစ်နေတာမျိုး မရှိဘဲ သစ်ပင် တစ်ပင်ကဲ့သို့ တည်ငြိမ်လှသည်။
ဘုရင်ခံရွယ်က နှစ်ကြိမ်ခန့် ပြုံးလိုက်ပြီး “နန်းအိမ်တော်က မိန်းကလေးက အရမ်းလှတယ်၊ ဒါပေမယ့် ငါ့မှာ နှလုံးသားထဲက ချစ်မြတ်နိုးရတဲ့ သူရှိတယ်၊ ဒီမိန်းကလေးကို စိတ်မဝင်စားဘူး၊ တကယ်လို့ သူ့ကို ဘုရင်ခံကု သဘောကျရင် သူ့ကို အသက်ရှင်ရက် ထားလိုက်တာက ပိုပျော်ဖို့ ကောင်းတာပေါ့၊ မကြင်နာ နိုင်ပေမယ့် တခြား ပျော်စရာ ကောင်းတာတွေ အများကြီး လုပ်နိုင်တာပဲ”
ကုချုံရှန်း၏ မျက်နှာတွင် ဖုံးကွယ်ထားသော အရိပ်များက လျှပ်ပြေးသွားသည်။
အချိန် အတန်ကြာပြီးနောက် သူ၏ ပုံမှန်ပြုမူနေကြ အတိုင်း မကျေနပ်သော အသံကို ဖုံးအုပ်လိုက်ပြီး ဆုလာဘ်ကို ပျော်ရွှင်စွာ လက်ခံဟန်ဖြင့် “ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ်”
***