NBY အပိုင်း ၂၈၂

အပိုင်း (၂၈၂)

ထိုမျက်ရည်တွေက သူ့အတွက်တော့ ဓါးတစ်လက်လိုပင်

နန်းပေါင်ရီက စာအချို့ကိုယူပြီး ကြည့်လိုက်သည်။

သူမ မျက်နှာလေး၏ အမူအယာက တဖြည်းဖြည်းနှင့် တည်တင်း လာတော့သည်။

ရှုနိုင်ငံ၏ မိုးခေါင်ရေရှားမှုက ဒီနှစ်နှင့် နောက်နှစ်အတွက် ကြီးမားသော အကျပ်အတည်း ဖြစ်သည်။ အစားအစာနှင့် ရေဆိုတာ လူတွေ အသက်ရှင် ရပ်တည်ရန် အတွက် အခြေခံ လိုအပ်ချက် ဖြစ်သည်။ သို့သော် ဆန်ဂိုဒေါင် တော်တော်များများ မီးရှို့ခံလိုက်ရတာတောင် တိုင်းပြည်ရဲ့ အောက်ရုံး တရားသူကြီးများ ဘာဆိုဘာတစ်ခုမှ လုပ်မပေးချေ။ တကယ်ကို နေစိမ့်လှသည်။

ရှောင်းယီက လိုင်ချီးသီးတွေကို ဖြည်းညင်းစွာ အခွံခွာနေသည်။

ပြီးခဲ့သည့်ရက် အနည်းငယ်က ကျင်းယုမန်တန်မှာ သူဌေးဝမ်က ရှုနိုင်ငံ၏ ဆန်ကုန်သည်များ ပူးပေါင်းပြီး ဆန်ဈေးတက်ဖို့ အတွက် သူနှင့်ပူးပေါင်းရန် ကြိုးစားခဲ့သည်။ သို့သော် သူက ငြင်းပယ် လိုက်သည်‌လေ။

စဉ်းစားကြည့်လိုက်ရင် ဒါက ထိုသူတို့ရဲ့ လက်တုံ့ပြန်ခြင်းပင်။

စက်ဆုပ်ရွံရှာဖို့ ကောင်းလိုက်လေခြင်း…

သူက လိုင်ချီးသီးကို အခွံခွာပြီး နန်းပေါင်ရီ၏ ပါးစပ်ထဲသို့ ခွံ့ပေးလိုက်သည်။

အပြုံးတစ်ချက်ဖြင့် “ဘယ်လိုထင်လဲ ကျောင်းကျောင်း”

“အစ်ကို ၂ က သူတို့ရဲ့ ငွေရပေါက် ရလမ်းကို ပိတ်မှာ စိုးနေကြတာ”

နန်းပေါင်ရီက အသံပြင်းပြင်းဖြင့် “ဟောင်လောင်ကျူးရဲ့ စပါးကျီတွေကို အချိန်တို အတွင်းမှာ ရှာနိုင်တယ်၊ ပြီးတော့ ၃၂ မြို့က အောက်ရုံး တရားသူကြီးတွေကို တစ်ချိန်တည်းမှာ ခေါ်ပြီး တိတ်တိတ်နေ ခိုင်းနိုင်တဲ့ သူဟာ ရှုနိုင်ငံရဲ့ ဘုရင်ခံက လွဲပြီး ဘယ်သူကမှ မလုပ်နိုင်ဘူး”

ချန်းမိသားစုက ရှုနိုင်ငံမှာ နက်နက်ရှိုင်းရှိုင်းကို ခြေကုတ်ယူထားပြီး ဖြစ်သည်။

ဘုရင်ခံချန်းတွင် တပည့် အများကြီးရှိပြီး ၃၂ မြို့၏ အောက်ရုံး တရားသူကြီးမှာလည်း သူ့၏ မြင်းလားရာ တစ်ခုတည်း ကိုသာ ကြည့်ကြသည်။ အာဏာရှိခြင်း၏ ပြယုဂ်တစ်ခုပင်။

သူက သူတော်ကောင်း တရားမရှိသော သူတစ်ယောက်မှန်း နန်းပေါင်ရီ သိသည်။ သို့သော်လည်း မထင်ထားသည်မှာ လူအများ ဆိုးဆိုးဝါးဝါး သေကြေ ပျက်စီးနိုင်တာကိုပင် လျစ်လျူရှုပြီး ငွေရှာရန် အရမ်းကို ဟောင်ဖွာဟောင်ဖွာ လုပ်ရဲလိမ့်မည် ဆိုသည်ကိုပင်။

ဆန်တွေ အများကြီး အားလုံးက အစ်ကို ၂ ရဲ့ ပင်ပင်ပန်းပန်း ကြိုးပမ်း ထားရတာတွေလေ…

အားလုံး မီးရှို့ခံလိုက်ရတယ်….

ဧကရာဇ် သံတမန်က ဒီမှာ ရှိနေသေးတာတောင် ရာဇဝတ်မှု ကျူးလွန်ဖို့ မကြောက်ဘူးလား…

သူမက ရှောင်းယီ၏ ကျယ်ပြန့်သော ဝတ်စုံလက်ကို ဆွဲပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ငိုကြွေးတော့သည်။

“အစ်ကို ၂၊ ဒီမှာ ကုချုံရှန်း ရှိနေတုန်းမှာ ဘုရင်ခံချန်းရဲ့ ပြစ်မှုကို ဖော်ထုတ်ဖို့ သွားကြမလား”

“အသုံးမဝင်ဘူး”

ရှောင်းယီက ချောမော ကြည့်ကောင်းသော ဟန်ပန်ဖြင့် လိုင်ချီးသီးတွေကို အခွံခွာနေဆဲပင်။

“ဘာလို့ အသုံးမဝင်တာလဲ”

“ကုချုံရှန်းက ချန်းဝမ်အုပ်စုရဲ့ အဖွဲ့ဝင် တစ်ယောက်ပဲ၊ ဒါပေမယ့် ချန်းဟောင်နဲ့ ဘုရင်ခံချန်းက ကြားနေတွေ၊ ဒီတစ်ခေါက် ကုချုံရှန်း ရှုနိုင်ငံကို လာတာဟာ ဘေးအန္တရာယ် အတွက် ကူညီထောက်ပံ့ငွေ ကိစ္စကို စစ်ဆေးဖို့နဲ့ တော်ဝင်ကုန်သည် ရွေးချယ်ဖို့အပြင် တခြား ရည်ရွယ်ချက် မရှိဘူးလို့ ထင်လို့လား”

နန်းပေါင်ရီ ရုတ်ခြည်း ထိတ်လန့် သွားတော့သည်။

အခု မင်းသားက အရွယ် ရောက်လာပြီ ဆိုတော့ ထီးနန်းအတွက် စစ်မြေပြင်ကို ကန်ထုတ် ခံလိုက်ရ‌ လေပြီ.…

စစ်သည် လေးသိန်းအထက်မှာ ထိုင်နေသည့် ဘုရင်ခံရွယ်နှင့် ရှုနိုင်ငံ၏ အာဏာစက်ကို ပိုင်ဆိုင်ထားသော ဘုရင်ခံချန်းတို့က အနိုင်ရရန်အတွက် ချန်းဝမ်ကို ပစ်မှတ်ထားမည်မှာ မလွဲပင်။

ထို့ကြောင့် ကုချုံရှန်း ရောက်လာတာက သူတို့ကို အနိုင်ပေးဖို့။

ကုချုံရှန်းက အစ်ကို ၂ ကို မကူညီလောက်ဘူးလား….

သူမ၏စိတ် နည်းနည်းလေး အတွေးနစ် သွားမိသည်။ ရှောင်းယီက သူမကို နောက်ထပ် လိုင်ချီးသီး တစ်လုံး ကျွေးလာပြန်သည်။

သူက ခပ်သော့သော့ ရယ်မောရင်း “ကောင်မလေး အိပ်ခန်းထဲမှာပဲ နေ့တိုင်း ကဗျာတွေ၊ စာတွေဖတ်ပြီး၊ ပန်းတွေနဲ့ ငှက်တွေပုံကို ပန်းထိုးနေရတာ မပျော်တော့ဘူးလား။ အမြဲတမ်း ဘာလို့ ရှုပ်ထွေးတဲ့ ကိစ္စကြီးတွေကိုပဲ စဉ်းစားနေရတာလဲ။ ဒီအစ်ကို တစ်ယောက်လုံး ရှိနေတာပဲ တခြားသူတွေက စော်ကားတာကို ဘယ်ငုံ့ခံနေပါ့မလဲ”

နန်းပေါင်ရီဆီက ဘာစကားမှ ထွက်မလာပါချေ။ သူမက ရှောင်းယီ၏ ပခုံးကို မှီလိုက်ပြီး မျက်နှာလေးကို သူ့လည်တိုင်မှာ နှစ်ထားလိုက်သည်။

သူမ အရမ်း မှားသွားခဲ့ပြီ….

ပြန်လည် မွေးဖွားပြီးနောက် အချိန်မှန် နေရာမှန်မှာ နေရာယူနိုင်တာ သိသာလှသည်။ ရှင်းရှင်းလင်းလင်းကြီး ဆန်စပါးတွေ အများကြီးကို သိုဝှက် သိမ်းဆည်း ထားခဲ့ပြီး လူထောင်ပေါင်း များစွာကို ကယ်ချင်ခဲ့သည်။ သို့သော် တခြားသူများ၏ လောဘကြောင့် နောက်ဆုံးတော့ ကျဆုံးခဲ့ရ လေပြီ….

သူမက အိမ်တွင်းပုန်းလေး တစ်ယောက် ဖြစ်ပြီး အရည်အချင်း မရှိသလို အတွေးတိမ်သော်လည်း ‘နိမ့်ကျတဲ့သူ တစ်ယောက် ဆိုရင်တောင် တိုင်းပြည်အတွက် မမေ့သင့်ဘူး’ ဆိုသည့် စကားကိုတော့ သိသေးသည်။

ထိုလူတွေက ရာထူးဌာနန္တရတွေ ကြီးမြင့်ကြပြီး ပညာရှိ စာပေတွေကိုလည်း ငယ်စဉ် ကတည်းက ဖတ်ရှု လေ့လာခဲ့ကြသူတွေလေ။ သူတို့က ဘာလို့ မသိကြတာလဲ …

လူငယ်၏ လည်ပင်းထက်မှ နွေးထွေးသော စီးကြောင်းတစ်ခုက လိမ့်ဆင်းလာသည်။

ရှောင်းယီ၏ မျက်နှာထားက အေးစက် သွားတော့သည်။

နန်းကျောင်းကျောင်း၏ မျက်ရည်တွေက ကမ္ဘာပေါ်မှာ အထက်ရှဆုံး လက်နက်တစ်ခုပဲ…..

လွယ်ကူစွာပင် ထိုမျက်ရည်များက သူ့အတွက်တော့ ဓါးတစ်လက်လိုပင်။

သူက ကောင်မလေး၏ ခေါင်းလေးကို ကြင်နာစွာ ပွတ်သပ် ပေးလိုက်ပြီး “ဘာမှမဖြစ်ပါဘူး၊ အစ်ကို အာမခံတယ်၊ ရှုနိုင်ငံ တစ်ဝှမ်းလုံး ဘာတစ်ခုမှ မဖြစ်စေရဘူး”

“မိဘတွေက အရာရှိကြီးတွေ ဖြစ်ကုန်ကြတဲ့ မြို့ ၃၂ မြို့က အောက်ရုံး တရားသူကြီးတွေကို လောကကြီးကို ကျေးဇူးဆပ်ဖို့အတွက် သတ်ပစ်ရမယ်၊ ဘုရင်ခံချန်းကလည်း ကိုယ့်ကိုယ်ကျိုးအတွက် ငွေအလွဲသုံးစားမှုနဲ့ ဥပဒေ ချိုးဖောက်မှုအတွက်၊ လူရှေ့မှာ ပြစ်မှုကို ဖော်ထုတ် ပစ်ရမယ်”

“ငါ့ရဲ့ မွေးရပ်မြေနဲ့ လောကကြီးကို တိုးတက် ကြီးပွားစေချင်တယ်၊ လူတွေကို ငြိမ်းငြိမ်းချမ်းချမ်း၊ ကျေကျေနပ်နပ်နဲ့ နေနိုင်ပြီး အလုပ် လုပ်စေချင်တယ်”

သို့ပြင် ပုလဲလေးလို လှပပြီး ဆွဲမက်ဖို့ ကောင်းတဲ့ ဒီကောင်မလေးကို ရောပေါ့……

လူငယ်၏ ကတိစကားက ကျယ်လောင်လှသည်။

နန်းပေါင်ရီ သူ့ကို ယုံကြည်သည်။ သူက ဩဇာအာဏာရှိသော အမတ်မင်း ဖြစ်သည်။ သူပြောသမျှ အရာများ အားလုံးကို သူမ ယုံကြည်သည်။

နန်းပေါင်ရီသည် သူ့လည်ပင်းမှာ တိုးဝှေ့နေပြီး လက်မောင်းများ ကြားထဲမှာမှီရင်း သူ့ရင်ခွင်ထဲက ထွက်ဖို့ကို ငြင်းဆန်နေသည်။

ရှန်းရိချောင်က လက်ဝကျယ် ဝတ်စုံထဲမှ လက်ကိုယှက်ရင်း တိတ်ဆိတ်နေသည်။

မိန်းမတွေက တကယ် ပြဿနာများတယ်….

ဒီအဆင့်ရှစ်ပဲရှိတဲ့ မိန်းမက ပိုပြီးလှသလောက် တုံးချက်ပဲ…

ဒါပေမယ့်…..

ဒီမိန်းကလေး၏ ဖြူစင်မှုအတွက် သူက သူမကို တစ်ဆင့်တိုးပြီး အဆင့်ခုနစ်လို့ သတ်မှတ် ပေးလိုက်ပြီ။

နန်းအိမ်တော်ကတော့ ငြိမ်းချမ်းနေဆဲပင်။

ရှုနိုင်ငံတစ်ဝှမ်းရှိ မရေမတွက်နိုင်သော ဆန်စပါး ဂိုထောင်များ မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး ဟောင်လောင်ကျူး၏ ဆန်ဆိုင်များမှာလည်း ရောင်းကုန် သွားသည်။ နောက်ဆုံးမှာ အရေးပေါ် ထားထားသော ပစ္စည်းများ ကုန်ဆုံးသွားတော့သည်။

ကုန်ပစ္စည်းများ၏ ဈေးက တစ်ခုပြီးတစ်ခု မြင့်တက်သွားပြီး တစ်ရက် အတွင်းမှာ စားစရာ ဈေးနှုန်းက ငါးဆကျော်အထိ ခုန်တက် သွားသည်။

လူထုကို ခြောက်ခြားစေသော ကောလာဟလ မျိုးစုံကလည်း ပျံ့နှံ့လာပြီး လူတွေကို ဒီမိုးခေါင် ရေရှားမှုက နောက်နှစ်အထိ ကြာဦးမယ်လို့ ယုံကြည် သွားစေသည်။ အခုပဲ ဆန်တွေကို စုဖို့ လိုနေပြီဟုပင်။

ထို့ကြောင့် လူရာနဲ့ချီ လမ်းပေါ် ထွက်လာကြပြီး အိမ်အတွက် ဆန်ပြေး ဝယ်ကြတော့သည်။

အထိတ်တလန့် အခြေအနေ ပျံ့နှံ့သွားသောအခါ မြို့များမှာ အမိန့် မနာခံကြတော့ပေ။ တချို့လူများသည် တခြားအိမ်က ဆန်စပါးကိုပါ လိုချင် လာကြသည်။ ပိုပြီး ကြီးမားသော ဘေးအန္တရာယ်ကို ဖြစ်ပွားစေခဲ့သည်။

လုယက်သော သူများ မြို့ပြင်သို့ ပြေးကြပြီး မြစ်ချောင်း အင်းအိုင် တွေမှာပါ နေရာယူ လာကြသည်က ကျေးရွာနေ လူထုကို အဆင်မပြေ ဖြစ်စေသည်။

ဒုက္ခသည်များ တစ်နေ့ပြီးတစ်နေ့ တိုးပွားလာသည်။

ဘုရင်ခံအိမ်တော်တွင်…..

ဘုရင်ခံချန်းက စာအုပ်စင် နောက်မှာ ထိုင်နေပြီး လက်ချောင်းကို တံတွေးဆွတ်ပြီး ကွန်ဖြူးရှပ်၏ သရုပ်ခွဲများစာအုပ်ကို ဖြည်းညင်းစွာ ဖတ်နေလေသည်။

အိမ်တော်ထိန်းက စာရင်းစာအုပ် အချို့နှင့် ဝင်လာပြီး ပြုံးရင်း “သခင်ကြီး၊ သူဌေးဝမ်က တစ်ယောက်ကို လွှတ်ပြီး စာအုပ်တွေ ပို့ခိုင်းလိုက်ပါတယ်၊ ပြီးခဲ့တဲ့ လဝက်က ရောင်းအား စာရင်းတွေပါ၊ စစ်ဆေး ကြည့်ပါဦး”

ဘုရင်ခံချန်းက ကွန်ဖြူးရှပ်၏ သရုပ်ခွဲများ စာအုပ်ကို ချလိုက်သည်။ သူက စာရင်းစာအုပ်ကို ဖွင့်၍ ဆန်ဆိုင်၏ လဝက်အတွင်း ရောင်းရငွေက ပြီးခဲ့သော နှစ်ကထက် လေးပုံပုံ သုံးပုံလောက်ရှိသည်။

“လူတွေက ဆန်စပါးတွေကို အပြေးအလွှား ဝယ်နေကြတုန်းပဲ၊ သူဌေးဝမ်က နေ့တိုင်း နည်းနည်းချင်းစီပဲ ရောင်းပြီး အများစုကိုတော့ ဂိုဒေါင်မှာ သိုလှောင် ထားတယ်၊ ဆောင်းရာသီကုန်ထိ ရောင်းရုံနဲ့ ငွေတွေ အများကြီးရမှာ”

အိမ်တော်ထိန်းက ပါးစပ် နားရွက်ချိတ်မတတ် ပြုံးရင်း ထောက်ခံလာသည်။

“သူဌေးဝမ်ကလည်း ပြောတယ်၊ သခင်ကြီးက လောကကြီးမှာ အသန့်ရှင်းဆုံး ဘုရင်ခံပဲတဲ့၊ သူ့ရဲ့ အစားအစာနဲ့ အဝတ်အထည်တွေကို ပေးတဲ့ မိဘလိုပဲတဲ့၊ အဲဒါကြောင့် သူက သခင်ကြီးကို ကျေးဇူးဆပ်ဖို့ အတွက် လေးဆယ် ရာခိုင်နှုန်း ထည့်ပေး ထားပါတယ်တဲ့”

“လေးဆယ်ရာခိုင်နူန်း……”

ဘုရင်ခံချန်းက စာအုပ်စင်ကို တောက်ပြီး ညင်သာသော အပြုံးဖြင့် “မဆိုးပါဘူး၊ ရှောင်းယီရဲ့ အခြေအနေ ကရော ဘယ်လိုရှိလဲ”

“သခင်ကြီး၊ မပူပါနဲ့၊ သူ့ရဲ့ စပါးကျီတွေက မီးလောင်ပြာကျ သွားပါပြီ၊ ဒါ့အပြင် တခြား နိုင်ငံတွေက ဆန်ဈေးတွေကလည်း မြင့်နေတာ၊ ဆန်ကို သယ်လာချင်ရင်တောင် မလွယ်လှပါဘူး”

ဘုရင်ခံချန်းက အပြုံးကြီးကြီး ပြုံးထားရင်း ကွန်ဖြူးရှပ်ရဲ့ သရုပ်ခွဲများ စာအုပ်ကို ဖွင့်ပြီး ခံစားချက် အပြည့်ဖြင့် “ရှုနိုင်ငံက ကပ်ဘေး ဆိုက်နေပြီ၊ ဘုရင်ခံတစ်ယောက် အနေနဲ့ ငါတကယ်ကို စိတ်ပူပန်ရတယ်၊ ကုချုံရှန်းရော ဘယ်လို ဖြစ်သွားလဲ”

“အနောက်တိုင်း ဘုရင်ခံက ကျင်းယုမန်တန် ခန်းမဆောင်မှာ ခဏပဲ နားနေပါတယ်၊ ရှန်ကျင်းကိုပြန်ဖို့ အလောတကြီး ဖြစ်နေပုံ မရပါဘူး၊ ဒီအတောအတွင်းမှာ သူက အမြဲတမ်း ဘုရင်ခံရွယ်နဲ့ တွေ့ချင်နေပြီး ချန်းဝမ် ကောင်းစားဖို့အတွက် ထောက်ပံ့ပေးဖို့ ဖြစ်ပုံရပါတယ်၊ ဒါပေမယ့် ဘုရင်ခံရွယ်ကတော့ သူ့ကို အတွေ့မခံ ပါဘူး”

“မိန်းမစိုး တစ်ယောက်က မတတ်နိုင်ပါဘူး၊ ခေါင်းဆောင်ချုပ်နဲ့ လူကိုယ်တိုင် တွေ့ဖို့ တကယ် မတန်ဘူး၊ ချန်းဝမ်က ဒီလို မိန်းမစိုး တစ်ယောက်ကို ပူးပေါင်း ဆောင်ရွက်ဖို့ ကိစ္စတွေအတွက် လွှတ်ပေးလိုက်တယ်၊ သူက ဆယ်စုနှစ် စည်းဝေးပွဲကိုတောင် တက်နိုင်မှာ မဟုတ်ဘူး၊ သူက ငါ့ကို တစ်ချိန်လုံး မျက်စိထဲ ထည့်တာ မဟုတ်ဘူး၊ သူက ကျင်းကွမ်မှာ နေရတာ ပျော်တယ်ဆိုလည်း နေပါစေ”

အိမ်တော်ထိန်းက ပြုံးရင်း ဟုတ်ကဲ့လို့ ပြောလိုက်သည်။

အိမ်တော်ထိန်းက စာကြည့်ခန်း အပြင်ဘက်သို့ ထွက်သွားပြီးနောက် အစေခံ တစ်ယောက်က ပြေးလာပြီး ပြောသည်။ သူ့ဇနီးက အစိုးရရုံးတော်ရဲ့ အသုံးစရိတ်တွေကို စစ်ဆေးနေသည်ဟု။

သူအနောက်ဆောင်၏ ပန်းပွင့်ခန်းမကို ရောက်သောအခါ သခင်မချန်းက ထိုနေရာမှာ ထိုင်နေပြီး မက်မွန်ပန်း လက်ဖက်ရည်ကို သောက်နေသည်။

နန်းယန်က သူမနားတွင် ဒူးထောက်ထိုင်နေပြီး သူမ၏ ခြေထောက်များကို ဝတ္တရားတစ်ခုလို နှိပ်နယ်ပေး နေသည်။

အိမ်တော်ထိန်း၏ ဆန်ဆိုင်တွေမှ ရသော ကြီးမားသည့် အမြတ်ငွေတွေကို နားထောင်နေရင်း သခင်မဟောင်က ပါးစပ် နားရွက်ချိတ်မတတ် ပြုံးနေသည်။

သူမက လှောင်ပြုံး ပြုံးလိုက်ရင်း “နန်းမိသားစုက စီးပွားရေး လုပ်တတ်တယ်လို့ လူတွေ အားလုံးက ပြောကြတယ်၊ ငါမြင်တာတော့ ငါတို့ ချန်းအိမ်တော်ကမှ စီးပွားရေးကို စလုပ်ဖို့ ကောင်းတာ၊ နန်းယန်ရော ဘယ်လိုထင်လဲ”

“အမေပြောသလိုပါပဲ”

နန်းယန်က သိမ်မွေ့ကျိုးနွံစွာဖြင့် “သမီးတို့ ချန်းမိသားစုက ပညာရှိတွေနဲ့ အာဏာရှိတဲ့ မိသားစုပဲ၊ ဘယ်သူကမှ စီးပွားရေးကို မနှောင့်ယှက်နိုင်ဘူး၊ တကယ် စီမံလိုက်ရင် နန်းအိမ်တော်က ဘယ်ယှဉ်နိုင်ပါ့မလဲ”
***

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset