NBY အပိုင်း ၂၆၆

အပိုင်း (၂၆၆)

နန်းကျောင်းကျောင်း၊ မောနေပြီလား

ဒူးခေါင်းက မနာတော့တာကြောင့် ဆေးတွေ ထပ်သောက်ပြီး ကျောက်ပတ်တီး စည်းထားရင်း နန်းပေါင်ရီက မှန်ကိုကျောပေးပြီး လမ်းလျှောက် လေ့ကျင့်ခန်းလည်း လုပ်နေသည်။

လမ်းလျှောက်သင်ခါစ ကလေးလေးလို သူမက ဂရုတစိုက်နဲ့ တစ်လှမ်းချင်း လျှောက်နေသည်။

ညတာက ရှည်လှသည်။

အထူးခန်း၏ အိပ်ခန်းက သီးခြားဖြစ်နေပြီး မီးအိမ် အနည်းငယ်က အလင်းရောင် ဖြန့်ကြက် ပေးနေသည်။ လရောင်ကလည်း ပြတင်းမှန်ကူကွက် မှတစ်ဆင့် ဖြာကျနေပြီး ခြံဝင်းအပြင်ဘက်က အခါအားလျော်စွာ အော်မြည်နေသော ငှက်အော်သံတွေနဲ့ ပေါင်းရင် အရည်အသွေးကတော့ ထိပ်တန်းမှာပင်။

ရှောင်းယီက သေးငယ်သော ထိုင်ဖုံလေးပေါ်မှာ ခြေချိတ်ထိုင်နေပြီး စားပွဲပေါ်မှာတော့ ပန်းပွင့်ကိတ်တွေနှင့် သစ်သီးတွေရှိသည်။ သူမ လမ်းလျှောက် နေတာကို စားရင်း စောင့်ကြည့်နေသည်။

သူက ဖရဲစေ့တွေကို အခွံခွာနေပြီး “နန်းကျောင်းကျောင်း၊ မောနေပြီလား”

နန်းပေါင်ရီက သူ့ဘက်သို့ လှည့်လိုက်ပြီး ဖြူဖွေးနေသော မျက်နှာလေးက တည်တံ့လေးနက်မှု အပြည့်ဖြင့် “နှစ်တိုင်း ဆုတောင်းပေးရင် အရာရာတိုင်းက မင်္ဂလာရှိနေမှာ”

ထိုဆုတောင်းစာကို ရွတ်ဆိုရင်း သူမက ပျော်ရွှင်စွာနဲ့ “အစ်ကို ၂၊ ညီမလေး မမောပါဘူး၊ အစ်ကိုကြည့်ပါဦး၊ ရှေ့ရက်တွေ ထက်စာရင် ညီမလေး၏ လမ်းလျှောက်တဲ့ ပုံစံက ပိုပြီး ကောင်းလာပြီ”

ရှောင်းယီက တိတ်ဆိတ်နေသည်။

မိန်းကလေးက တာအိုဘုရားကျောင်းသို့ လွန်ခဲ့သော နှစ်ရက်က ဆုတောင်းဝတ်ပြုဖို့ သွားခဲ့သည်။ အသက်ကြီးရင့်သော တာအိုဘုန်းတော်ကြီး တစ်ပါးက သူမကို လောလောဆယ်မှာ ကံညံ့နေတယ်လို့ ပြောခဲ့သည်။ တကယ်လို့ သူမက ကံကြမ္မာကို ပြောင်းလဲချင်ရင် တာအိုဘုရားကျောင်းသို့ ငွေစ အနည်းငယ် လှူရမယ်လို့ ပြောခဲ့သည်။ သူက သူမ၏ အနာဂတ်ကို ပြောင်းလဲဖို့ ကူညီပေးနိုင်ပါသည်တဲ့။

ထို့ကြောင့် နန်းကျောင်းကျောင်းက ရွှေစတစ်သောင်းကို တာအိုဘုရား ကျောင်းလေးသို့ လှူဒါန်းခဲ့သည်။

တာအိုဘုန်းတော်ကြီး၏ ကံကောင်းစေသော နည်းလမ်းက ‘နှစ်တိုင်း ဆုတောင်းပေးရင် အရာရာတိုင်းက မင်္ဂလာရှိနေမှာ’ ဆိုသော စကားကို တခြားသူတွေနဲ့ စကားမပြောခင် ပြောရမှာပင်။

တာအိုဘုန်းတော်ကြီး၏ အဆိုအရ ထိုသည်က စိတ်ကို သန့်စင်ပေးပြီး အတွေးကောင်းတွေကို တခြားသူတွေဆီသို့ ဖြန့်ကြက်ခြင်းဟု ဆိုသည်။

စိတ်ကိုသန့်စင်သော အကြိမ်ရေများလာရင် လူတစ်ကိုယ်လုံး၏ အရှိန်အဝါက ပြောင်းလဲလာပြီး ကံကြမ္မာကလည်း မြင့်တက် လာလိမ့်မည် ဆို၏။

ရှောင်းယီကတော့ ဒီနည်းလမ်းက မယုံကြည်ရဘူးလို့ ခံစားရသည်။ သို့သော်လည်း မိန်းကလေးက ပြန်လာတည်းက တစ်ပုံစံတည်း လိုက်လုပ်တော့သည်။

တစ်ခါတလေ မေ့သွားရင် သူမက အမြန် ထပ်ထည့်တတ်သည်။ သူမ ယုံကြည်ပေမယ့် အဲဒါက တကယ်ကို ချစ်ဖို့ကောင်းလွန်းသည်။

သူက ဖရဲစေ့ ထည့်ထားသော ပန်းကန်ကိုခါရင်း ပျင်းရိပျင်းတွဲဖြင့် “ငါက ပူနေတဲ့ တို့ဟူးကို လောပြီး မစားတတ်ဘူး၊ ညအရမ်း ညဉ့်နက်နေပြီ၊ အိပ်ကြရအောင်”

နန်းပေါင်ရီက တည်ငြိမ်စွာဖြင့် ‘နှစ်တိုင်း ဆုတောင်းပေးရင် အရာရာတိုင်းက မင်္ဂလာရှိနေမှာ’

ရွတ်ဆို ပြီးတော့မှ အပြုံးချိုချိုလေးနဲ့ “ဒါပေမယ့် ညီမလေးက ခဏလောက် လေ့ကျင့်ချင်သေးတယ်၊ အစ်ကိုကျန်း လုပ်ပေးထားတဲ့ ကျောက်ပတ်တီးက အရင်နေ့တွေကထက် ပိုပြီး အကျိုးသက်ရောက်မှု ရှိတယ်၊ လမ်းလျှောက် လေ့ကျင့်ခန်းကို အများကြီး လုပ်ထားတာနဲ့ ပေါင်းရင် ဒီနှစ်မှာ ညီမလေးက သေချာပေါက် ပြန်ကောင်းသွားမှာ”

သူမက ထိုင်ဖုံလေးဆီသို့ လျှောက်သွားပြီး ရှောင်းယီ၏ လက်ထဲက ဖရဲစေ့ပန်းကန်ကို ကြည့်လိုက်သည်။

အမတ်မင်းက သူမ လမ်းလျှောက်တာကို စောင့်ကြည့်ရင်း ဖရဲစေ့တွေကို ခွာနေတာ ပန်းကန်တစ်ချပ် ပြည့်သွားပြီပဲ….

သူက တကယ် သူမကို အများကြီး ချစ်မြတ်နိုးပြီး သူမအတွက် ဖရဲစေ့တောင် အခွံခွာပေးတယ်…

“အစ်ကို ၂၊ အစ်ကို အိပ်ချင်ရင် အရင်အိပ်နှင့်လေ၊ ညီမလေးက နောက်ထပ် အမွှေးတိုင် နှစ်တိုင်စာလောက် ထပ်ပြီး လေ့ကျင့်လိုက်ဦးမယ်”

နန်းပေါင်ရီက လက်ကိုဆန့်၍ ကျိုးနွံစွာနဲ့ ဖရဲစေ့တွေကို ယူလိုက်သည်။

“နင်ငါ့လက်ထဲကို ရောက်လာရတော့မှာပါ…”

သူမ စကားမဆုံးခင်မှာပဲ ရှောင်းယီက ခေါင်းကိုမော့ပြီး ဖရဲစေ့ တစ်ပန်းကန်လုံးကို သူ့ပါးစပ်ထဲသို့ လောင်းထည့် လိုက်သည်။

သူက ဖြည်းညင်းစွာ ဝါးပြီးမျိုချ နေရင်း သူမ၏ ဆန့်လက်စ လက်တွေကို စိတ်ဝင်တစားနဲ့ ကြည့်နေသည်။

“မင်းဘာလုပ်နေတာလဲ”

နန်းပေါင်ရီ၏ စိတ်က ပေါက်ကွဲ ထွက်လာတော့သည်။

“ငှက်ပျောသီးယူပြီး စားမလို့…..”

သူမက မျက်နှာမပျက်ချင်သော သူတစ်ယောက် ဖြစ်တာကြောင့် ရုတ်တရက် မျက်နှာထားကို ပြင်လိုက်ပြီး သစ်သီးပန်းကန်ထဲက ငှက်ပြောသီးဆီ လက်လှမ်းလိုက်သည်။

တာအိုဘုန်းတော်ကြီး၏ အကြံဉာဏ်ကို တွေးမိပြီး သူမက ရှောင်းယီကို စိုက်ကြည့်၍ ရှုံ့မဲ့လိုက်ပြီး ခပ်တင်းတင်း ပြုံး၍ “စကားမစပ်၊ အစ်ကို ၂ ‘နှစ်တိုင်း ဆုတောင်းပေးရင် အရာရာတိုင်းက မင်္ဂလာရှိနေမှာ’ လို့ ညီမလေး မျှော်လင့်ပါတယ်”

ရှောင်းယီ “…”

ညလယ်ခေါင်ကြီးမှာ တစ်ယောက်ယောက်က သွားစိပြီး ပြုံးပြနေသော ကြောက်စရာ အပြုံးကို တွေ့ရင် ဒါက ဆုတောင်းစကား တစ်ခု မဟုတ်ဘဲ ဆဲရေးနေတာလို့ ထင်လောက်သည်။ ဟုတ်တယ်မှလား။

နောက်တစ်နေ့မှာတော့…

နန်းပေါင်ရီက ကျောက်ပတ်တီးလဲပြီး ကြေးမုံရှေ့မှာ လမ်းလျှောက် လေ့ကျင့်နေချိန်မှာ အပြင်ဘက်က လှုပ်ရှားသံကို ကြားလိုက်ရသည်။

မိန်းကလေးက ပထမဆုံး ပုတီးစေ့ ကန့်လန့်ကာကို ပင့်တင်လိုက်ပြီး လှည့်ပတ် ကြည့်လိုက်သည်။ မျက်နှာလေးက သဘောတွေ့နေသယောင်။

ထိုသည်က နန်းပေါင်ကျူးပင် ဖြစ်သည်။

သူမက ပြေးဝင်လာပြီး နန်းပေါင်ရီ၏ခါးကိုဖက်လိုက်သည်။

“ကျောင်းကျောင်း၊ နင်က အိမ်ကို တော်တော်ကြာအောင် ပြန်မလာတော့ မိသားစုတွေက နင့်ကို လွမ်းနေကြတာ၊ အဘွားနဲ့ ငါ့အမေက ငါ့ကို နင့်ဆီလည်ဖို့ လွှတ်လိုက်တာ၊ ငါက နင့်အတွက် စားစရာတွေလည်း အိမ်ကယူလာတယ်”

နန်းပေါင်ရီက သူမ၏ အဖက်ခံနေရင်း အဘိုးလေးနဲ့ ဟယ်ယဲ့ပါ ရောက်လာတာကို တွေ့လိုက်ရသည်။

ဟယ်ယဲ့က နီရဲနေသော မျက်လုံးတွေနဲ့ “မမလေးက စစ်တန်းလျားမှာ တစ်ညပဲ ထပ်နေမယ်လို့ ပြောသွားပြီး အစေခံနဲ့ ဦးလေးဝေကို အိမ်ပြန်နှင့်လို့ အမိန့်ပေးသွားတယ်၊ အချိန်တစ်လတောင် ကြာသွားပြီ၊ သခင်မကြီးက နေ့တိုင်းညတိုင်း စောင့်နေတာ၊ သခင်မလေးကို မကြာခင် ပြန်တွေ့ရမယ် ဆိုပြီးတော့”

သူတို့ကိုတွေ့ရတာ နန်းပေါင်ရီက အလွန် ပျော်ရွှင်နေသည်။

သူမက တည်တံ့စွာဖြင့် ‘နှစ်တိုင်း ဆုတောင်းပေးရင် အရာရာတိုင်းက မင်္ဂလာရှိနေမှာ”

နန်းပေါင်ကျူးက တောင့်ခဲသွားတော့သည်။ သူမက လက်ကိုဆန့်၍ နန်းပေါင်ရီ၏ နဖူးကို စမ်းလိုက်ရင်း “ကျောင်းကျောင်း၊ နေမကောင်း ဖြစ်နေတာလား ဘာအဓိပ္ပါယ် မရှိတာတွေ ပြောနေတာလဲ တာအို ကျောင်းတက်လိုက်လို့လား နင့်မှာ ဓမ္မနာမည်ရော ရှိပြီလား”

နန်းပေါင်ရီ “….”

သူမက ဇာတ်ကြောင်း မပြန်ခင်မှာ ဆုတောင်းစကားကို ထပ်ပြောလိုက်သေးသည်။

“အဘွားစိတ်ပူနေမှာ စိုးလို့၊ မိသားစုကို အဖြစ်မှန်တွေ မပြောပြရသေးတာ၊ ကျူးကျူး၊ နင်တို့အိမ် ပြန်ရောက်ရင် ငါ့အကြောင်းကို မပြောရဘူးနော်၊ အဘွား အရမ်းလန့်သွားလိမ့်မယ်”

နန်းပေါင်ကျူးက နှုတ်ခမ်းဆူ သွားသည်။

အချိန်ခဏကြာပြီးမှ သူမက နန်းပေါင်ရီ၏ ခြေထောက်နားမှာ ဆောင့်ကြောင့် ထိုင်လိုက်သည်။

သူမက လက်နဲ့ နန်းပေါင်ရီ၏ ခြေထောက်လေးကို ဂရုတစိုက် ထိကိုင်ကြည့်ရင်း “ငါလဲကျသော အခါတိုင်းတောင် နာကျင်ရတာ၊ ဒါပေမယ့် အခုတော့ ကျောင်းကျောင်းက အသက်ရှင်ရက်နဲ့ ဒူးကျိုးသွားတာ၊ ဘယ်လောက်တောင် နာလိုက်မလဲ….”

သူမက ပြောနေရင်း မျက်ရည်တွေ ကျဆင်းလာတော့သည်။

သူမက မျက်ရည်တွေကို ဖိသုတ်ရင်း ထပ်ပြုံးလိုက်သည်။

“ကျောင်းကျောင်း၊ မပူနဲ့၊ နင့်ဖိနပ်အောက်ခံကို အထူကြီး ထည့်လိုက်ရင် ယိုင်နေတာကို ဘယ်သူကမှ လွယ်လွယ် မတွေ့နိုင်တော့ဘူး၊ ငါတို့အိမ်တော်က ခြေတစ်ဖက်ဆာပြီး မွေးလာတဲ့ အစေခံတွေဆိုလည်း အဲ့လိုလုပ်ကြတာ၊ နင်ဖြည်းဖြည်း လျှောက်နေသမျှ လူကောင်းနဲ့ ဘာမှမကွာဘူး”

နန်းပေါင်ရီ၏ မျက်လုံးတွေက တောက်ပ လက်ဖြာသွားသည်။

သူမလည်း ဖိနပ်အောက်ခံကို အများကြီး ထည့်လို့ရတာကို မေ့သွားသည်ပင်။

ညီအစ်မ နှစ်ယောက်က ထိုင်ခုံမှာ ထိုင်လိုက်ပြီး နန်းပေါင်ကျူးက သူခိုးလေးလို တိုးဖွဖွဖြင့် “ကျင်းကွမ်မြို့မှာ ကြားခဲ့တာ ထောက်ပံ့ငွေတွေ အခိုးခံရလို့ဆို၊ ငါနင့်ကို အမှန်အတိုင်း ပြောပြမယ်၊ ငါနဲ့ ဝမ်ဝမ် အဲ့နေ့ညက ထောက်ပံ့ငွေတွေကို ထိကိုင်ကြည့် လိုက်သေးတယ်၊ ငါက မတော်တဆနဲ့ အနီရောင် ဖယောင်းဆီတွေ ငွေချောင်းပေါ်ကို ကျသွားမိတယ်၊ ငါအဲဒါကို ကြောက်နေတာ”

နန်းပေါင်ရီက သူမကို အံ့အားတသင့် ကြည့်လိုက်သည်။

ရုတ်တရက် သူမက ရယ်မောလိုက်ရင်း “ကျူးကျူးက ကံကောင်းစေသော ကြယ်လေးပဲ”

တကယ်လို့ အနီရောင် ဖယောင်းဆီတွေကြောင့်သာ မဟုတ်ခဲ့ရင် နဂါးဘုရင် ရုပ်တုထဲမှာ ငွေတွေကို ဖွက်ထားလိမ့်မယ်လို့ ဘယ်သူမှ သိလိုက်မှာ မဟုတ်ပေ။

ကျူးကျူးက သူမ၏ ကံကောင်းစေသော ကြယ်လေးတင်မကပဲ ရှုနိုင်ငံတစ်ခုလုံး၏ ကံကောင်းစေသော ကြယ်လေးပင်။

နန်းပေါင်ကျူးက နားဝေတိမ်တောင် ဖြစ်သွားရသည်။

သူမက သိသိသာသာ ပြဿနာ ရှာလိုက်တာတောင် ကံကောင်းစေသော ကြယ်လေးလို့ အခေါ်ခံရသေးသည်။

လောကကြီးက ဘာများ မှားနေလေသလဲ။

တစ်ခုခုပြောဖို့ပြင်စဉ်မှာပဲ ကျောင်းကျောင်းက ရုတ်တရက် တည်တံ့သွားပြီး “စကားမစပ်၊ ‘နှစ်တိုင်း ဆုတောင်းပေးရင် အရာရာတိုင်းက မင်္ဂလာရှိနေမှာ’

နန်းပေါင်ကျူး “….”

ကျောင်းကျောင်း၏ မျက်နှာထား အပြောင်းအလဲက အလွန်မြန်လှသည်။

တကယ်ကြောက်ဖို့ ကောင်းတယ်….

နန်းပေါင်ရီက နန်းပေါင်ကျူး နဲ့အတူ တွမ့်ယန်၏ ရှုမျှော်ခင်းတွေကို ခံစားပြီးရင် ကျင်းကွမ်မြို့ကို ပြန်ဖို့ ဆုံးဖြတ်ချက် ချလိုက်တော့သည်။

အဘွားနဲ့ တခြားမိသားစုတွေက သူမကို လွမ်းနေသလို သူမကလည်း ထပ်တူပင်။

မြင်းလှည်းက ရှည်လျားသော လမ်းမတစ်လျှောက် မောင်းနှင်သွားပြီး ကျောက်စိမ်းလမ်းသို့ ရောက်လာခဲ့သည်။

တာအိုဘုန်းတော်ကြီးတွေက အပြာရောင် ကျောက်ခင်းလမ်းလေးမှာ စောင့်နေတာ ကြာနေလေပြီ။

တာအိုဘုန်းတော်ကြီးက သူ၏ မြင်းမှီးယပ်ကို ကိုင်ရင်း ကြင်နာစွာပြုံး၍ “နန်းသခင်မလေး ၅၊ ကိုယ်တော် စောင့်နေတာ ကြာလှပြီ”

ရှောင်းယီက စစ်မြင်းကိုစီးပြီး သူ့ကို သဘောမတွေ့ဟန်ဖြင့် ငုံ့ကြည့်လိုက်သည်။

ဒီတာအို ဘုန်းတော်ကြီးက ချင်းချောင်တောင်၊ လော့ကျွင်းဧည့်တွေ့ဆောင်က လူပင်ဖြစ်သည်။

သူ့ဆီကပင် နန်းကျောင်းကျောင်းကို ‘နှစ်ဘဝက ခန္ဓာကိုယ် တစ်ခုတည်း အရိပ်တစ်ခုသာ’ လို့ဆိုခဲ့သူဖြစ်သည်။

နန်းပေါင်ရီက ရထားလုံး၏ အပြင်ဘက်ကို အမြန်ဆင်းသွားပြီး တည်တံ့စွာနဲ့ “‘နှစ်တိုင်း ဆုတောင်းပေးရင် အရာရာတိုင်းက မင်္ဂလာရှိနေမှာ’ တာအိုဘုန်းတော်ကြီးချုပ်က ဒီမှာ ကျွန်မကို စောင့်နေတာ ဘာအရေး ကိစ္စကြီးကြီးမားမားများ ရှိလို့ပါလဲ”

“ကိစ္စက ဒီလိုပါ၊ ကိုယ်တော်က နည်းနည်းတောင် နောက်ကျသွားတယ်၊ ကိုယ်တော် ချက်ချင်း တွက်ချက် ကြည့်လိုက်တော့ နန်းသခင်မလေး ၅ မှာ နတ်ဆိုးအရိပ်တွေ ကိန်းအောင်းနေတာ တွေ့ရတယ်၊ ဒီနှစ်မကုန်ခင် ဘေးအန္တရာယ်ကြီး ဖြစ်လာလိမ့်မယ်၊ အဲဒါကြောင့် ဒီကိုလာပြီး သတိပေးတာပါ”

နန်းပေါင်ရီက ကြောက်ရွံ့သွားပြီး “ဆုတောင်း စာရွတ်တာတောင် မလုံလောက်ဘူးလားဟင်”
***

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset