အပိုင်း (၂၅၇)
သူတို့၏အရိုးတွေကို တစ်လက်မချင်းစီချိုးပစ်
ကျန်းတုဝေက စိတ်လှုပ်ရှားလွန်းလို့ တံတွေး မျိုချလိုက်သည်။
ဘုရင်ခံရွယ်တောင်မှ ရှောင်းယီကို ကြောက်ရသည်။ သူ၏နှလုံးသားထဲက အလွန်ကို ကြောက်လန့် နေလေပြီ။
သို့သော်လည်း သူ့ဇနီးနဲ့သားက အရမ်းကို တည်ငြိမ်နေတာကို တွေ့ပြီး သူ၏ပူပန်မှုတွေက အနည်းငယ် လွင့်ပြယ် သွားရသည်။
သူကထိုင်လိုက်ပြီး လက်ဖက်ရည်ခွက်ကို ယူလိုက်သည်။
အိမ်တော်ထိန်းက အမြန်ပြေးဝင်လာပြီး “သခင်ကြီး၊ အမတ်မင်းရဲ့ လူတွေက တံခါးကို လာခေါက် နေပြန်ပြီ၊ သူတို့ကပြောတယ်၊ တံခါးကိုမဖွင့်ပေးရင် သူတို့ ဝင်လာရလိမ့်မယ်တဲ့”
“မဖွင့်ပေးနဲ့”
သခင်မချန်းက လက်ကို ဂုဏ်ယူစွာနဲ့ ဝှေ့ယမ်းရင်း “သူရဲ့အမတ်မင်း ရာထူးက ဒီနှစ်ရက် အတွင်းမှာ အဆုံးသတ်တော့မှာ၊ ပြစ်မှုကျူးလွန်သော အမတ်မင်းက ဘယ်က အရည်အချင်းနဲ့ လာပြီး ငါတို့ကို ထိခိုက်လို့ ရမှာလဲ”
“အမေပြောတာမှန်တယ်”
လှပသော အစေခံမလေးကို ဖက်ရင်း ကျန်းယွမ့်ဝမ်က သံယောင်လိုက်သည်။
“သူ့ကိုမြင်းတွေ၊ လူတွေကိုပြန်ခေါ်ပြီး ထွက်သွားလို့ ပြောလိုက်၊ ငါတို့အိမ်ကို လာမနှောင့်ယှက်နဲ့လို့”
အိမ်တော်ထိန်းက နဖူးပေါ်က ချွေးစေးတွေကို သုတ်ဖယ်လိုက်ပြီး ဂိတ်ပေါက်သို့ ပြန်ပြေးသွားလေသည်။
အိမ်တော်၏ ဂိတ်တံခါးဝကိုဖြတ်ပြီး အိမ်တော်ထိန်း၏ အသံက ထွက်ပေါ်လာသည်။
“အမတ်မင်း၊ ကျွန်တော်တို့ သခင်ကြီးက အမတ်မင်းကို သွားဖို့ ပြောလိုက်ပါတယ်၊ အမတ်မင်းက ကူညီထောက်ပံ့ရေး ငွေတွေကို မရှာနိုင်ရင် အမတ်မင်း ရာထူးကို မထိန်းထားနိုင်ဘူးလို့ မှာပါတယ်၊ ဘာအရည်အချင်းရှိလို့ ငါတို့သခင်ကြီးကို လာထိရဲရတာလဲတဲ့ သခင်ကြီးက ပြောလိုက်ပါသေးတယ်၊ ဟိတ်ဟန်များတာကို လျှော့ပါတဲ့”
အိမ်တော် အပြင်ဘက်မှာတော့….
ကျန်းမိသားစုက ထွက်မလာရဲကြပေ။ ထို့ကြောင့် သူတို့က အပြင်ဘက်က အခြေအနေကို မသိပါချေ။
တစ်မြို့လုံးက ရှင်းလင်းနေပြီး စစ်သည် တစ်သိန်းက ကျန်းအိမ်တော်ကို ဗဟိုပြု၍ ဝိုင်းထားသည်။ စစ်သည်တွေ၏ ပုံစံကွက်က တည်ငြိမ်ပြီး အသံတစ်စမှ မထွက်ပါချေ။
ရှောင်းယီ၏ ခေါင်းထက်မှာ ရွှေသရဖူကို ဆောင်းထားပြီး သားရေခါးပတ်နဲ့ စစ်ဖိနပ်ကို ဝတ်ဆင်ထားသည်။ အနက်ရောင် ပိုးထည်ဝတ်စုံက မြားတံတွေနဲ့ အလွန်ကို တော်ဝင်နန်းဆန်လှသည်။
သူက မြင်းပေါ်မှာထိုင်ရင်း အိမ်တော်တံခါးဝကို အကြည့်ဗလာနဲ့ စူးစိုက်ကြည့်နေသည်။
ရက်စက်သော စကားလုံးတွေက သူ့နှုတ်ဖျားမှ ထွက်ကျလာသည်။
“ဖျက်ဆီးပစ်”
စစ်သည် ရာပေါင်းများစွာက ရုတ်တရက် တူလက်နက်ကြီးကို ယူလိုက်ကြသည်။ တူလက်နက်ကြီး ဆိုတာက ကြီးမားသော သစ်ငုတ်နဲ့ လုပ်ထားတာဖြစ်ပြီး လေးဘီးတပ် လှည်းပေါ်မှာ တင်ထားသည်။ ထိုတူက ဂိတ်တံခါးကို တရွေ့ရွေ့နဲ့ ရိုက်ခတ်လာသည်။ ထိုသည်က စစ်ချီတက်သောအခါ မရှိမဖြစ်သော လက်နက်ဖြစ်ပြီး အထူးသဖြင့် လက်နက်လူသူနဲ့ ဝန်းရံထားသော အခါမှာ သုံးတတ်သည်။
လမ်းမပေါ်မှ လူတွေက ပြတင်းနောက်ကနေ ချောင်းကြည့်နေကြသည်။
ဒီအောက်ရုံး တရားသူကြီးက အမတ်မင်းရဲ့ ဘိုးဘွားတွေနဲ့ စပ်ဆိုင်သော အရေးကြီးသော ရန်ငြှိုးများ ရှိတာဖြစ်မလား။
စစ်သည်တစ်သိန်းက ရန်စလို့ကောင်းသော အရာမဟုတ်ပေ။ တူလက်နက်ကြီးကိုတောင် သုံးလာနေပြီလေ…
ကျန်းအိမ်တော်က မိသားစုတွေ အတွက်ကတော့ မြို့တော်၏ ဂိတ်တံခါးလောက် မကြီးပါလေ။ တိုက်မိသောအခါ တံခါးနှစ်ဖက်က နောက်သို့ လုံးလုံးလျားလျား လဲပြိုကျသွားပြီး အသံအကျယ်ကြီး ထွက်ပေါ်လာလေသည်။
ကျန်းအိမ်တော်၏ အိမ်တော်ထိန်းက အိမ်တော် အပြင်ဘက်မှာ စောင့်နေသော စစ်သည် တစ်သိန်းကိုကြည့်ပြီး ကြက်သေ သေသွားတော့သည်။
ရူးနေပြီ….
အမတ်မင်းက မထင်မှတ်လောက်အောင် စစ်သည်တွေ အများကြီး ခေါ်လာပြီး ကျန်းအိမ်တော်ကို ဝိုင်းထားတယ်၊ သူရူးများနေပြီလား….
သူက တံတွေး မျိုချလိုက်ပြီး ကျန်းတုဝေကို သတင်းပို့ဖို့ ပြေးစဉ်မှာ သူ၏ခြေထောက်တွေက အဆွဲခံ လိုက်ရသည်။
ခြေလှမ်း အနည်းငယ်တောင် လှမ်းဖို့ မစောင့်နိုင်တော့သလို အနက်ရောင် သန်မာသော တိုက်မြင်း တစ်ကောင်က နောက်ဘက်သို့ ရောက်လာတော့သည်။
တိုက်မြင်းက ခွာလေးဘက်လုံးကို အမြင့်ကြီး မြှောက်ပြီး သူ့ခေါင်းကို ညှာတာခြင်း ကင်းမဲ့စွာဖြင့် ကန်လိုက်သည်။
အိမ်တော်ထိန်း၏ အော်သံတစ်ချက် ထွက်လာပြီး မြင်း၏ကန်ချက်ကြောင့် အသက်ပျောက်သွား တော့သည်။
ရှောင်းယီက မည်းနက်နေသော မျက်လုံးတွေကို လတ်ဆတ်သော သွေးတွေဆီ အကြည့်ပို့လိုက်ပြီး ကျန်းမိသားစု၏ ခန်းမဆောင်သို့ မြင်းကို ဒုန်းစိုင်း သွားလိုက်သည်။ သူက လှိမ့်ပြီး မြင်းပေါ်က ဆင်းလိုက်သည်။ ရှီးယန်ကို မြင်းဇက်ကြိုး ပစ်ပေးလိုက်သည်။
သူက ပင်မဆောင်ကို ဝင်သွားပြီး သူ၏သွေးတွေက လေပွေကို သယ်ဆောင်လာသလို သူ၏ အနက်ရောင် ဝတ်ရုံက သွေးဆာနေသည်။ သူ့တစ်ကိုယ်လုံးက ထက်မြိသော ဓါးရှည် တစ်လက်လိုပင်။
ကျန်းတုဝေက အလွန် ကြောက်လန့်နေပြီး သူ၏လက်ထဲက လက်ဖက်ရည်ခွက်က ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူ့တစ်ကိုယ်လုံးက တုန်ယင်နေလေသည်။
“အမတ်… အမတ်မင်း”
သူက ထရပ်ပြီး ဂါရဝပြုခါနီးမှာ သခင်မချန်၏ ဆွဲပြီး ပြန်ထိုင်ခိုင်းခြင်းကို ခံလိုက်ရသည်။
သခင်မချန်က လှောင်ပြုံးပြုံးပြီး “နှစ်ရက်အတွင်း၊ အမတ်မင်း မဖြစ်နိုင်ဘူးမလား၊ ဘာလို့ သခင်ကြီးက သူ့ကို အရမ်း ရိုသေနေရတာလဲ ရှောင်းယီ မင်းက ငါတို့အိမ်က တံခါးကို ဖျက်ဆီးပစ်တယ်၊ မင်းဒီအတွက် ပြန်ပေးဆပ်…..”
‘ပြန်ပေးဆပ်ရမယ်’ ဆိုသော စကားမဆုံးလိုက်ခင် ရှောင်းယီက သူ၏စစ်ဖိနပ်ကို မြှောက်ပြီး သူမ၏မျက်နှာကို ကန်လိုက်သည်။
သခင်မချန်က အော်လိုက်ပြီး လွင့်ထွက်သွား၍ ခန်းမအလယ်က စားပွဲကို ကျသွားပြီး ရိုက်မိသောအသံ ထွက်ပေါ်လာသည်။ ထိုမှတစ်ဆင့် ကြမ်းပြင်ပေါ်သို့ ရှက်ဖွယ်ကောင်းစွာ လဲကျသွားတော့သည်။
သွေးတွေ အန်ထွက်သွားပြီး သူမ၏သွား တော်တော်များများ ကျိုးပဲ့ကုန်တော့သည်။
သူမက ညည်းညူသံ နှင့်အတူ အစေခံက ထူပေးထားရသည်။ ရှောင်းယီကို ကြောက်လန့်တကြား ကြည့်နေလေသည်။
ကျန်းယွမ့်ဝမ်က ကြောက်လန့်စိတ်ကို ထိန်းပြီး ထရပ်၍ စကားပြောဖို့ အပြင်းအထန် ကြိုးစားသည်။
“ရှောင်းယီ၊ ငါမင်းကို သတိပေးလိုက်မယ်၊ ငါ့အိမ်မှာ ဂုဏ်သိက္ခာ မရှိတဲ့ လုပ်ရပ်တွေ ဘာမှလာမလုပ်နဲ့၊ တစ်နည်းအားဖြင့် မနက်ဖြန် ဘုရင်ခံလာတော့မှာ၊ ငါ ကောင်းကောင်းပဲ နေချင်တယ်၊ မင်းက စစ်သည်တွေနဲ့ မြင်းတွေကို စုဆောင်းပြီး ရုံးတော်ကို လာတိုက်နေတာ၊ တရားသူကြီး၏ မိသားစုဝင်ကို ထိခိုက်သော မင်းရဲ့လုပ်ရပ်က ခွင့်လွှတ်လို့မရဘူး”
ရှောင်းယီက အပြုံးရေးရေး ထင်သွားသည်။ သူက မြင်းရိုက်သော ကျာပွတ်ကို ကစားနေရင်း အမေနဲ့ သားကို စိတ်ဝင်တစား ကြည့်နေသည်။
သူတို့နှစ်ယောက်ထဲက တစ်ယောက်က နန်းကျောင်းကျောင်း၏ ခြေထောက်ကို ချိုးပစ်ဖို့ အမိန့်ပေးခဲ့တာ….
သူတို့နှစ်ယောက်က နန်းကျောင်းကျောင်းကို မင်ကျန်းမြစ်ထဲ ခုန်ချဖို့ ဖိအားပေးခဲ့တာ….
သူ၏နှလုံးသားထိပ်မှာ ဖွက်ထားသော ကောင်မလေးကို၊ သူက ဆံစဖျားလေးတောင် မနာကျင်စေချင်သော ကောင်မလေးကို သူတို့က ဖိအားတွေ ပေးခဲ့ကြသည်။
သူမက အပြုံးမမည်သော အပြုံးနဲ့ “ဒီဘဝမှာ ငါအမတ်မင်းက အမြဲတမ်း ကျက်သရေရှိရှိ တင့်တယ်ပြီး ရေတစ်ပေါက်ချင်း စီးဆင်းနေတာကို ကြိုက်တယ်၊ အပြန်အလှန် ပေးဆပ်ရတာကို ရောပေါ့၊ မင်းတို့နှစ်ယောက်က ဒီလို ပြစ်မှုမျိုးကို ကျူးလွန်ထားတာဆိုတော့ ငါအမတ်မင်းက ဘယ်လို ပြန်ပေးဆပ် ခိုင်းရမလဲ”
သူတို့၏ အဖြေကို မစောင့်တော့ဘဲ သူက အိမ်အပြင်ဘက်ကို ခြေလှမ်းလိုက်ပြီး ပတ်ချာလည် လှည့်၍ “သခင်မချန်နဲ့ ကျန်းယွမ့်ဝမ်ကိုချည်ပြီး မင်ကျန်းမြစ်ဆိပ်ကို ခေါ်သွားလိုက်၊ ကျန်းမိသားစုမှာ ကျန်းတုဝေကလွဲပြီး တခြားလူတွေ အားလုံးကိုသတ်”
ကျန်းမိသားစုဝင်တွေ အားလုံး အသက်ရှူ ရပ်သွားတော့သည်။ သခင်မချန်နဲ့ ကျန်းယွမ်ဝမ်က တစ်ယောက်ကို တစ်ယောက် ချောက်ချားစွာ ကြည့်လိုက်ကြသည်။
သခင်မချန်က ကျန်းတုဝေ၏ ဝတ်စုံလက်ကို အမြန်ဆွဲလိုက်ပြီး “သခင်ကြီး၊ ရှောင်းယီက ရူးနေပြီ၊ ဒီဇနီးကို ကယ်ပါဦး၊ ကယ်ပါဦး”
“အဖေ၊ ကျွန်တော် မင်ကျန်းမြစ်ကို မသွားဘူး၊ မသွားဘူးနော်”
ကျန်းယွမ့်ဝမ်ကလည်း လိုက်ပြီး ငိုကြွေးမြည်တမ်းတော့သည်။
သို့သော်လည်း ရှောင်းယီ ခေါ်လာသော စစ်သည်တွေက သူတို့၏ ရုန်းကန်လှုပ်ရှားပြီး ငိုကြွေးနေတာကို ဂရုမစိုက်ဘဲ သူတို့ကို ရက်ရက်စက်စက်နဲ့ ခွေးသေလို အိမ်အပြင်ဘက်သို့ ဆွဲခေါ်သွားတော့သည်။
ရုတ်တရက် ခဏချင်းမှာပဲ ကျန်းအိမ်တော် တစ်ခုလုံး အတွင်းအပြင်ဟာ သတ်ဖြတ်သံတွေ၊ အော်ဟစ်သံတွေနဲ့ တစ်ယောက်ပြီး တစ်ယောက် သေဆုံးကုန်တော့သည်။
ဓါးပြတွေထက်တောင် ဆိုးသော ဓါးပြတွေပင်။
ထိုညတုန်းက ဟောင်လောင်ကျူး နန်းအိမ်တော်ကို သွေးနဲ့ဆေးခဲ့တာတောင် ရှောင်းယီ၏ ကျန်းအိမ်တော်ကို သွေးနဲ့ဆေးတာနဲ့ယှဉ်ရင် မလုံလောက်သေးပေ။
ကျန်းတုဝေက ခန်းမထဲမှာ မိန်းမောစွာနဲ့ ရပ်နေသည်။ သူ၏မျက်နှာကို သွေးနွေးနွေးတွေက လာစင်သည်။ သူက တဖြည်းဖြည်းနဲ့ ကြမ်းပြင်ပေါ်ကို ပျော့ခွေကျသွားပြီး မျက်နှာက စာရွက်တစ်ရွက်လို ဖြူဖျော့နေသည်။
သူမှားသွားခဲ့သည်။
သူက ဘုရင်ခံချန်း နောက်ကိုလိုက်ပြီး ရှောင်းယီကို သွေးတိုး မစမ်းသင့်ပေ။
ရှောင်းယီ…….
သူက တစ်လျှောက်လုံး အလိုလို သိစိတ်နဲ့ ကတ်တွေကို ကစားနေခဲ့သော သူတစ်ယောက် မဟုတ်ပေ။
သူက နတ်ဆိုးတစ်ကောင်ပဲ……
မျက်လုံးရှေ့မှာ မြင်နေရသော စက်ဆုပ်ရွံရှာဖွယ် မြင်ကွင်းတွေက ကျန်းတုဝေကို ကြောက်လန့်လွန်းလို့ ဘောင်းဘီထဲ သေးပေါက်ချမိ သွားစေသည်။ နောက်ဆုံးမှာတော့ သူက မငိုဘဲ မနေနိုင်တော့ချေ။
ရှောင်းယီကတော့ စစ်တပ်ကို ဦးဆောင်ပြီး မြစ်ကမ်းပါးသို့ မြင်းကို ဒုန်းစိုင်းသွားသည်။ သူက သခင်မချန်နဲ့ ကျန်းယွမ့်ဝမ်ကို နန်းပေါင်ရီ ဘယ်မှာလဲလို့ ဖိအားပေး၍ ပြခိုင်းပြီး မပြောရင် မြစ်ထဲပစ်ချမယ်လို့ ပြောသည်။
အမေနဲ့သားက လမ်းတစ်လျှောက်လုံး ငိုကြွေးလာခဲ့ပြီး မြစ်ကမ်းပါးကို ရောက်သောအခါ တုန်ယင်ပြီး ဆွံ့အနေတော့သည်။
ရှောင်းယီက နှုတ်ခမ်းထောင့်ကို လျှာနဲ့သပ်လိုက်ပြီး အလေး မထားသလိုဖြင့် ခြေထောက်ကို ကြောက်စရာ ကောင်းလှစွာ ပင့်မြှောက်လိုက်ပြီး ကျန်းယွမ့်ဝမ်ကို မြေပြင်ပေါ်သို့ ကန်ထုတ်လိုက်သည်။
“အမတ်မင်းက မင်းကိုမေးနေတယ်လေ၊ မင်း အနေတာလား”
ကျန်းယွမ့်ဝမ်က သူ၏ဗိုက်ကို ဖိအုပ်ပြီး ဘောလုံးလိုကွေးနေသည်။ ရှောင်းယီက ခြေထောက် နှစ်ဖက်လုံးနဲ့ လှိမ့်ကန်နေပြီး သူ၏ သံစို့ရိုက်ထားသော စစ်ဖိနပ်နဲ့ ကျန်းယွမ့်ဝမ်၏ နံရိုးတွေကို ချိုးပစ်သည်။
ကျန်းယွမ့်ဝမ်က သနားချင့်စဖွယ် ငြီးတွားနေပြီး သွေးတွေ အန်ထွက် သွားတော့သည်။
သူရှောင်းယီကို အရမ်း ကြောက်နေလေပြီ။
ထိုသူက တခြား အာဏာရှိ အမတ်တွေလို ယဉ်ကျေးပြီး သင့်တင့် လျောက်ပတ်သလို မနေပါချေ။ သူ ကျိန်ပြောဆို ကျိန်ပြောရဲသည်။ သူကိုယ်တိုင်တောင် လူရိုက်နေသေးသည်။
ဒီလူသတ်သမားကို စကားပြောဖို့တောင် အရမ်း ကြောက်နေရသည်။
သခင်မချန်က အရိုက်ခံရမှာကို ကြောက်တာကြောင့် ရှောင်းယီကို အလွန်အကျွံ ခယနေပြီး “အမတ်မင်း၊ ကျွန်မတို့ မှားသွားပါတယ်၊ ကျွန်မတို့ မှားမှန်းသိပါတယ်၊ နန်းပေါင်ရီက နဂါးဘုရင် ဘုရားကျောင်းနားမှာ မြစ်ထဲ ခုန်ချသွားတာပါ၊ သူ့ဘာသာ ခုန်ချတာပါ၊ ကျွန်မတို့က ဘာမှမလုပ်ရပါဘူး”
နဂါးဘုရင်ဘုရားကျောင်း……
ရှောင်းယီက အဝေးက ဘုရားကျောင်းကို ခြေလှမ်းလိုက်သည်။ သခင်မချန်နဲ့ သူ့သားကို ခွေးသေတွေလို ဆွဲခေါ်လာသော စစ်သည်တွေက မြစ်ကမ်းနား လမ်းအတိုင်း နဂါးဘုရင် ဘုရားကျောင်းဆီသို့ ဦးတည် သွားတော့သည်။
နောက်ဆုံးတော့ သူတို့ မြစ်ဆိပ်သို့ ရောက်လာကြပြီ။ ရှောင်းယီက မြေပြင်ပေါ်က ဖုန်မှုန့်တွေကို ဗလာမျက်ဝန်းနဲ့ စိုက်ကြည့်နေသည်။
သဲပေါ်မှာ သွေးစီးကြောင်းကြီး ကျန်နေသေးသည်။
ဒါက နန်းကျောင်းကျောင်း၏ သွေးတွေပဲ……
သူမ၏ ခြေထောက်တွေကို သွင်သွင်ကျိုး သွားအောင် ချိုးပစ်ခံရတယ်လို့ သူစဉ်းစားမိရုံနဲ့တင် သူဆောက်တည်ရာမရ ဖြစ်သွားရသည်။
ဘယ်လောက်တောင် နာနေမလဲ….
သံတုတ်နဲ့ အရိုက်ခံရတာသော…..
သူတို့မိသားစုက ကောင်မလေးက အရမ်းနာလွန်းလို့ သွေးသဲတရဲရဲနဲ့ မျက်ရည်ကျနေမှာလား။
သူလာကယ်မှာကို မျှော်လင့် နေလေမလား။
နန်းကျောင်းကျောင်းလေးက သတ္တိနည်းသော ကောင်မလေးဖြစ်ပြီး မြစ်ထဲ ခုန်ချသွားရလောက်သည်အထိ ဘယ်လောက်တောင် စိတ်ပျက်အားငယ် နေခဲ့လေမလဲ။
သူတကယ် မကောင်းတာ……….
သူနောက်ကျသွားတာ………..
ရဲစွေးနေသော မျက်ဝန်းတွေနဲ့ သူက ချန်သားအမိကို သားရဲတစ်ကောင်လို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
အချိန်ခဏအကြာမှာ သူ၏နှုတ်ခမ်းပါးတွေက ရက်စက်စွာ ကော့တက်သွားပြီး “သူတို့၏အရိုးတွေကို တစ်လက်မချင်းစီ ချိုးပစ်”
***