အပိုင်း (၂၅၄)
သခင်လေး နေကောင်းလား
သူက အနက်ရောင်ပြတင်း အပြင်ဘက်သို့ အချိန်တိုင်း ငေးကြည့်နေသည်။
သူဒီမှာထိုင်နေတာ အမွှေးတိုင် လေးတိုင်စာ အချိန်ကြာပြီဖြစ်ပေမယ့် ဓါးပြခေါင်းဆောင်ကို အခုထိ မတွေ့ရသေးပေ။
သူ အရမ်း စိတ်လောနေချိန်မှာ တစ်စုံတစ်ယောက်က နောက်ဆုံးတော့ တံခါးကို ဖွင့်လာခဲ့လေပြီ။
မိန်းကလေးက ပေါ့ပါးသော ပိတ်ကျဲဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ လည်တိုင်ညှပ်ရိုးက ကျောက်စိမ်းလို သဏ္ဌာန်ဖြင့် လက်ချောင်းတွေမှာ ဆေးတံကို ကိုင်ထားသည်။
သူမက အနီရောင် နှုတ်ခမ်းတွေကို ဆူ၍ သူ့ဆီသို့ မီးခိုးငွေ့တွေိကို မှုတ်ထုတ်လိုက်ပြီး မရေမရာဖြင့် “ရှန်းသခင်လေး ဒီကို မလာရင်ကောင်းမှာပဲ”
ရှန်းရိချောင်၏ မျက်နှာက အနည်းငယ် အေးစက်သွားသည်။
ဒီမိန်းမက ……
သူက တည်ကြည်စွာနဲ့ “မင်းက နွေဦးကျောက်စိမ်း စံအိမ်က အပျော်မယ်မလား မင်းလည်း တောင်ပေါ်ကို ဖမ်းခေါ်လာ ခံရတာလား”
ဟန်ယန့်လျန်၏ ဆေးတံသောက်နေသော အမူအရာက နည်းနည်း တံ့သွားသည်။
သူမက ရှန်းရိချောင်ကို မနှစ်မြို့စွာ စိုက်ကြည့်လိုက်ပြီး “နွေဦးကျောက်စိမ်း စံအိမ်က သီချင်းဆိုပြသော နေရာလေ၊ အပျော်မယ်အိမ် မဟုတ်ဘူး၊ ကျွန်မက အပျော်မယ် မဟုတ်ဘူး၊ ကျွန်မက သီးသန့်နေတဲ့သူ”
ရှန်းရိချောင်က တိတ်ဆိတ် သွားတော့သည်။
လက်ဖက်ရည်လမ်းက တောပုန်းဓါးပြများ၏ ခေါင်းဆောင်က မိန်းမတစ်ယောက်တဲ့လား…….
သူ၏မျက်ခုံးတွေက တွန့်ချိုးသွားပြီး ဟန်ယန့်လျန်ကို ကြောက်လန့် တကြားဖြင့် စိုက်ကြည့်နေသည်။ ကျုံ့သွားသလောက် နီးပါးပင် ဖြစ်သွားသည်။
သူက လက်တွေကို ဝတ်ရုံလက်ထဲ ထည့်လိုက်ပြီး သူ၏အဖော်မဲ့ခြင်းနဲ့ ဝင့်ဝါခြင်းတွေကို ထိန်းထားပြီး “ငါ့ကိုဘာလုပ်ချင်လို့လဲ”
သူက နွေဦးတုန်းက နွေဦးကျောက်စိမ်း စံအိမ်က အဖြစ်အပျက်ကို မမေ့သေးပါချေ။ ထိုစဉ်က ရိပ်ခနဲအမြင်မှာ ထိုမိန်းမ၏ အနီရောင် နှုတ်ခမ်းတွေက ခပ်ဟဟပွင့်ပြီး ပြုံးရင်း နောက်ကျရင် ကစားရအောင်လို့ သူ့ကိုခေါ်ခဲ့သေးသည်။
ဒီမိန်းမက သူ့ကို သဘောကျနေတာပဲ….
ဟန်ယန့်လျန်က သူ့ရှေ့သို့ ငုံ့ကိုင်းလိုက်သည်။ သူမက စိုရီနေသော မျက်လုံးတစ်စုံကို တဖျပ်ဖျပ် ခပ်လိုက်ပြီး ဖြည်းဖြည်းချင်း သူ့ဆီသို့ တိုးကပ်သွားပြီး သူမ၏ အနီရောင် နှုတ်ခမ်းတွေကို လက်နဲ့ ပိတ်လိုက်သည်။
ရှန်းရိချောင်က ဝတ်စုံလက်ထဲက လက်တွေကို ဖြည်းညင်းစွာ လက်သီးကျစ်ကျစ် ဆုပ်ထားလိုက်သည်။
ဒီမိန်းမ၏ တစ်ကိုယ်လုံးက အလွန်ကို ထူးကဲသော ဆေးပြင်းလိပ်နံ့ သင်းသင်းလေး မွှေးနေပြီး သွေးနံ့နဲ့ နည်းနည်း ရောနေသည်။ ဒါကမကောင်းပေ။ သို့သော်လည်း ကျိန်းသေကို ထိပ်ဖျားမှာ ရှိနေပြီး ဘိန်းလိုမျိုး ယောက်ျားတွေကို သေစေနိုင်လောက်အောင် ဆွဲဆောင်မှု ပြင်းလှသည်။
သူ၏အကြည့်တွေက သူမ၏ နှုတ်ခမ်းရဲရဲလေးပေါ် ခိုနားသွားသည်။
သူလက်ခံချင်ရဲ့လား။
တံခါးဝကို ရောက်လာသော မိန်းမက သန့်ရှင်းရဲ့လားဆိုတာကို မသိနိုင်ဘူးလေ….
သူက တစ်ခဏမျှ တုံ့ဆိုင်းနေပြီး အလွန် စိတ်လောလာရသည်။ သူက နမ်းရှိုက်ဖို့ ပြင်လိုက်စဉ်မှာပဲ ဟန်ယန့်လျန်၏ လှလှပပလေး တားဆီးခြင်းကို ခံလိုက်ရသည်။
သူမက ခေါင်းကို အနည်းငယ် ပင့်မော့လိုက်ပြီး သူမ၏ နှုတ်ခမ်းရဲရဲ ထောင့်စွန်းတွေက သူ၏နှုတ်ခမ်းကို ပွတ်တိုက် သွားသည်။
သူမက မသဲမကွဲ ရယ်သံပြုသည်။
သွယ်လျသော လက်လေးက သူ၏နောက်ဘက် ပြတင်းအောက်ခြေက ကပ်ကြေးကို ယူလိုက်ပြီး သူမက လှည့်၍ ကြေးနီမီးအိမ်ဆီသို့ လျှောက်သွားသည်။ ရှန်းရိချောင်ကိုတော့ ဆွဲဆောင်မှု ရှိလှသော နောက်ကျော နဲ့အတူ ချန်ထားခဲ့လေသည်။
ရှန်းရိချောင်က အံကိုကြိတ်လိုက်သည်။
ဒီမိန်းမက သူ့ကို ရည်ရွယ်ချက်ရှိရှိ ကစားနေတာ….
သူက မျက်လုံးတွေကို ပိတ်လိုက်ပြီး သွေးတွေက လှိုင်းလုံးကြီးလို မရပ်မနားပင် တလိပ်လိပ် တက်လာသည်။
ဟန်ယန့်လျန်က ပျင်းရိပျင်းတွဲနဲ့ မီးစာရှည်ကို ဖြတ်ချလိုက်ပြီး ထေ့ငေါ့နေသော လေသံနဲ့ “ရှန်းအိမ်တော်က သခင်လေး၊ တရုံရဲ့လူ၊ ရှန်းသခင်လေးက ကျော်ကြားသော အဆင့် ၂ သခင်လေးလေ၊ ဘာလို့ ဒီလိုပုံစံမျိုး ထိုင်နေသေးတာလဲ ကျွန်မထင်တာတော့ ဖင်မှာ အနာပေါက်နေလို့ များလား”
ဖင်မှာအနာပေါက်တယ်……
ရှန်းရိချောင်က ရှက်ရွံ့သွားတော့သည်။
ဒီမိန်းမက ရုပ်လေးလှသလောက် ဘယ်လိုလုပ်ပြီး အရမ်း ဘွင်းဘွင်းရှင်းရှင်း ပြောတတ်ရတာလဲ။
နန်းမိန်းကလေး ၅ က အဆင့်ရှစ်ဆို ဒီမိန်းမက အဆင့်ကိုး ဖြစ်လောက်သည်။ သူရှက်လွန်း လှလေပြီ။
သူမက ပစ္စည်းတစ်ခု အနေနဲ့ အသုံးဝင်နိုင်လား….
သူက စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး အေးစက်စွာနဲ့ “ငါက တရုံ ရှန်းအိမ်တော်က လာတယ် ဆိုတာ မင်းဘယ်လိုလုပ် သိလဲ”
“နည်းနည်း စုံစမ်းကြည့်လိုက်ရင် သိနိုင်တာပဲ”
ဟန်ယန့်လျန်က မီးအိမ်၏မီးစာကို ထွန်းညှိလိုက်ပြီး ရှန်းရိချောင်နဲ့ မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။
“ရှန်းသခင်လေး၊ ဒီည တရုံရဲ့ အကြောင်းကို အချိန်လေးပေးပြီး ပြောပြနိုင်မလား စစ်သူကြီးက သာမန်လူတွေကို အထင်သေးတယ်၊ ဒီမိန်းကလေးက ရိုရိုသေသေနဲ့ နားထောင်မှာပါ”
ရှန်းရိချောင်က ငြိမ်သက် သွားတော့သည်။
ဒီမိန်းမက သူ့ကို တောင်ပေါ်က စခန်းမှာ အကျဉ်းချထားတာက တရုံ၏ အကြောင်းကို သိချင်လို့ သောလား….
သူက “ငါက သာမန်လူတွေနဲ့ စကားမပြောဘူး”
“ဟာ….”
ဟန်ယဲ့လျန်က ပြုံးရယ်လိုက်ပြီး သူမ၏ ကျောက်စိမ်းလို လက်ချောင်းသွယ်တွေက သူ၏ပါးပြင်ပေါ် ခိုနားလာသည်။ စိုလက်နေသော မျက်ဝန်းတွေက ရှန်းရိချောင်ကို မိန်းမော တွေဝေစွာနဲ့ ကြည့်နေပြီး ကြင်နာစွာ မေးလာသည်။
“ဘာလို့ ရှန်းသခင်လေးက အရမ်းစိတ်ပျက်ဖို့ ကောင်းရတာလဲ။ ရှင်က ကျွန်မနဲ့ စကားပြောဖို့ ငြင်းတယ်၊ ကျွန်မနဲ့ရှင်က တခြားဘာများ လုပ်နိုင်ဦးမယ်လို့ ရှင်ထင်လဲ ရှန်းသခင်လေး၊ ရှင်က ကောင်းတာလား၊ ဆိုးတာလား”
ထောင့်နားမှာတော့ မီးအိမ်၏ အလင်းက ဖြန့်ကြက် နေသည်။
မီးအိမ်၏ အလင်းရောင်အောက်မှာ သူမက ဆွဲဆောင်မှု ရှိလွန်းစွာ ရယ်နေပြီး ရှန်းရိချောင်ကို သည်းမခံ နိုင်အောင် ဆွနေလေသည်။
သူက မျက်လုံးတွေကို ဖိမှိတ်လိုက်ပြီး စိတ်ထဲက ဘုရားစာကို တိတ်တိတ်လေး ရွတ်ဖတ်နေလိုက်သည်။
‘ဆုံးရှုံးမှုက ဘာမှမဟုတ်ပါဘူး၊ ဘာမှမရှိခြင်းက အရောင်တစ်ခုပါ’ ဆိုတာကို သူဖတ်ဖတ်ချင်းမှာပဲ ရုတ်တရက် ဆေးရွက်ကြီးနံ့က ပြင်းရှလာသည်။
ဟန်ယန့်လျန်က ရှန်းရိချောင်၏ ဘေးမှာ ထိုင်လိုက်သည်။ သွယ်လျသော လက်တွေက သူ၏ပခုံးနှစ်ဖက်ကို ဟိုလိုလို သည်လိုလိုနဲ့ တို့ထိနေသည်။
သူမက သူ၏လက်တွေကို ယူပြီး သူနဲ့အတူ ကတ်ကြေးကိုကိုင်ပြီး ခုန်ပေါက်နေသော မီးစာလေးကို ဖြတ်ထုတ်လိုက်သည်။
သူမ၏နှုတ်ခမ်းတွေက ရှန်းရိချောင်၏ နားသယ်စပ်နားကို ထိလုထိခင်မှာ “ရှန်းသခင်လေးက ကျွန်မကို ပုံပြင်ပြောပြဖို့ ငြင်းတာက ပြဿနာ မရှိပါဘူး၊ ဒီည သခင်လေး နဲ့အတူ အနောက်ပြတင်းကို အတူတူ ပိတ်ရမယ်ဆိုရင် ကျေနပ်တယ်”
သူမက ခေါင်းကိုမော့ပြီး ပါးပြင်လေးက သူ၏ပခုံးပေါ်သို့ နားခိုလာသည်က တွယ်တာမှု တစ်ခုလိုပင်။
ဇာတိမြေက အိပ်မက်တစ်ခုလို ဝေးလံလှသည်။
ဇာတိမြေက ယောကျ်ား တစ်ယောက်နဲ့ ရင်းနှီးတာက အားပေးနှစ်သိမ့်ခြင်း တစ်ခုလို့ ယူဆနိုင်လေမလား…
ရှန်းရိချောင်၏ ခန္ဓာကိုယ်က လေးကြိုးလို တောင့်တင်းနေပြီး မိန်းကလေး၏ ခန္ဓာကိုယ်ကတော့ ပျော့ပျောင်းပြီး နူးညံ့နေသည်။ သူ၏ပခုံးတွေပေါ် မှီနေတာက သူ့ကို နေမထိထိုင်မသာ ဖြစ်စေပြီး သူ၏ တင်ပါးမှာ အနာပေါက်နေသလို၊ ဟော့ပေါ့အိုးထဲက ပုရွက်ဆိတ်လေးလိုပင်။
သူ၏အသံက လုံးထွေးပြီး တိုးညင်းပြီး အက်ရှလျက် “ငါတောင်ပေါ်က ဘယ်တော့ပြန်ရမှာလဲ”
လှပသော မိန်းမပျိုလေးက “သခင်လေး၊ ကျွန်မ အရမ်း အထီးကျန် ဆန်နေတယ်၊ ကျွန်မနဲ့အတူ ထပ်ပြီး နေပေးပါဦး”
အရှေ့ဘက်က တိုက်ခတ်လာသော လေနဲ့အတူ ညကောင်းကင်ယံမှာတော့ ကြယ်တွေ ပြန့်ကျဲနေလေသည်။
နောက်တစ်နေ့၊ ချင်းချိုးရွယ် တည်းခိုခန်း……
နန်းပေါင်ရီဟာ မနေ့ညက အိပ်ရာဝင်တာ နောက်ကျတာကြောင့် သူမ နိုးလာသောအခါ ရှောင်းယီက ကူညီကယ်ဆယ်ရေး ငွေတွေ ရှာသော အဖွဲ့နဲ့အတူ ထွက်သွားပြီဖြစ်ပြီး အခန်းထဲမှာ မရှိတော့ပါချေ။
သူမဘာသာ ကိုယ်လက်သန့်စင် အဝတ်အစားလဲပြီး တိုင်းပြည်၏ မြေပုံကို ခဏမျှ လေ့လာလိုက်သည်။ နေ့လယ်ကျရင် မြစ်ကမ်းနား လမ်းအတိုင်း ရွယ်လောင် ဘုရားကျောင်းကို သွားဖို့ ဆုံးဖြတ်လိုက်သည်။
သူမက ယပ်တောင်ကို တဖျပ်ဖျပ် ခပ်ရင်း အောက်သို့ ဆင်းလာသောအခါ ချန်းတယ်ယွီနဲ့ နန်းယန်က ခန်းမဆောင်မှာ ငြင်းခုံနေကြတာကို တွေ့လိုက်ရသည်။
သူမက စားရင်း ကြည့်ဖို့အတွက် ဆိုင်ပိုင်ရှင်ကို စားပွဲတစ်နေရာနဲ့ ဟင်းတွေချပေးဖို့ ပြောလိုက်သည်။
နန်းယန်က ငိုနေရင်း ချန်းတယ်ယွီကို ဓါးပြတွေကို မသတ်ခဲ့သည်အတွက် မကျေမနပ် ပြောနေပြီး သူမကို နာကျင်အောင် လုပ်ခဲ့တယ်လို့ တိုင်ပြောနေသည်။
ချန်းတယ်ယွီက သူမကို ကျိုးကြောင်း ဆင်ခြင်မှုမရှိလို့ ဆူပူနေပြီး ဓါးပြတွေကို ဖိနှိပ်ဖို့ ဆိုတာက သေးနုတ်သော ကိစ္စမဟုတ်ကြောင်းနဲ့ စစ်သည်တွေ၊ စစ်မြင်းတွေကို သာမန်ကာလျှံကာနဲ့ စစ်တိုက်ဖို့ ပြင်ဆင်ခိုင်းဖို့ မဖြစ်နိုင်ကြောင်း ပြောနေသည်။
နန်းပေါင်ရီက ပုစွန်ဟင်းကို တစ်လုတ် စားလိုက်သည်။
“မနေ့ညက ဘေးချင်းကပ် အခန်းက လာတိုင်တယ်၊ ချန်းသခင်လေးရဲ့ ဂုဏ်သိက္ခာကို ထောက်နေလို့ မဟုတ်ရင် ကျွန်တော် သူတို့ကို ဆောင့်ကန် ထုတ်ပစ်လိုက်ပြီ”
ဆိုင်ပိုင်ရှင်က ငှက်သိုက်ဟင်းရည်၊ သကြားခဲနဲ့ အနီရောင် စွန်ပလွံသီးတွေကို ကိုယ်တိုင် လာပို့ပြီး ပြောလာသည်။
“အမတ်မင်းက ဒီမနက် အပြင်မထွက်ခင် မှာသွားပါတယ်၊ စားဖိုဆောင်ကို မိန်းကလေးအတွက် ပြင်ဆင်ထားပေးဖို့ပါ၊ စားရတာ ဘယ်လိုနေလဲ မသိဘူး”
ငှက်သိုက်နဲ့ သကြားခဲ…
နန်းပေါင်ရီ၏ မျက်လုံးလေးတွေက အရောင်လက် လာသည်။ သူမက ပန်းကန်လုံးလေးကို ယူပြီး တစ်ဇွန်း သောက်လိုက်သည်။ နူးအိနေပြီး ချိုမြိန်လှလေ၏ ။
အမတ်မင်းက စားဖိုဆောင်ကို ပြင်ပေးဖို့ ကိုယ်တိုင် မှာကြားသွားတယ် ဆိုတာကို တွေးမိပြီး သူမ၏ နှလုံးသားထဲက ထူးကဲသော ချိုမြိန်မှုလေးကို ခံစားလိုက်ရသည်။ သူမ၏စိတ် အခြေအနေက ပိုပြီး တက်ကြွ ပျော်ရွှင်လာတော့သည်။
သူမ ပျော်ပျော်ရွှင်ရွှင်နဲ့ စားသောက်နေတုန်းမှာ ခန်းမဆောင်မှာတော့ ချန်းတယ်ယွီနဲ့ နန်းယန်ကတော့ တကယ်ကြီး စနေကြလေပြီ။
သူက နန်းယန်ကို ပါးရိုက်လိုက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် “ငါမင်းကို အပြင်ခေါ်လာတာ ငါ့ကို ပြဿနာရှာဖို့ မဟုတ်ဘူး၊ မင်းတို့နှစ်ယောက်လုံး တောင်ပေါ်ကို ဖမ်းသွားခံရတာပဲ၊ ဘာလို့ နန်းပေါင်ရီကျတော့ ဓါးပြတွေကို သုတ်သင်ဖို့ မပြောတာလဲ”
“ချန်းတယ်ယွီ၊ ကျွန်မက ရှင့်မိန်းမပါ”
နန်းယန်က နာကျင်သွားသော မျက်နှာကိုအုပ်ပြီး “ရှင့် မိန်းမက ဓါးပြတွေရဲ့ ဖမ်းသွားခံရတာကို ရှင်က လက်တုံ့မပြန်ချင်ဘူးလား ရှင်က ဘယ်လို ယောကျ်ားမျိုးလဲ”
နန်းယန်က တည်းခိုခန်း အပြင်သို့ ငိုကြွေးရင်း ပြေးထွက် သွားတော့သည်။
နန်းပေါင်ရီက ငှက်သိုက် သောက်ထားသော ဇွန်းလေးကို လျက်နေလိုက်သည်။
နန်းယန်က အရမ်းကို စိတ်ကြီးဝင်နေတာပဲ၊ သူ၏သဘောထား ကျဉ်းမြောင်းမှုကို အပြစ်ပေးသင့်တယ်…
ဓါးပြများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရတာက သူမကို စော်ကား လိုက်သလိုပင်။ သူမ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့အတွက် ဓါးပြတွေ အားလုံး သေဖို့အတွက် သူမ ပြင်းပြင်းပြပြကို မျှော်လင့်နေသည်။
ဒါပေမယ့် သတ္တိမရှိသော ချန်းတယ်ယွီကို သူမအတွက် လက်စားချေပေးဖို့ မျှော်လင့်နေတာ ဖြစ်သည်။ နန်းပေါင်ရီအထင် နောက်ပိုင်း ကိစ္စတွေကတော့ ခက်ခဲနေတော့မယ်လို့ ခန့်မှန်းမိလိုက်သည်။
နန်းပေါင်ရီက ပိုပြီး စိတ်ချမ်းသာ နေလေတော့သည်။
နေ့လယ်စာ စားပြီးနောက် သူမက ပျော်ရွှင်မှု တလှေကြီး နဲ့အတူ လမ်းမတစ်လျှောက်ကို လည်ပတ် နေလေသည်။
သူမက အနှစ်သက်ဆုံး အဝတ်အစား၊ ဆံထိုးနဲ့ လက်ဝတ် လက်စားရတနာတွေကို ဝယ်ပြီး ဆိုင်ပိုင်ရှင်ကို တည်းခိုခန်းသို့ ပို့ပေးဖို့ တစ်ခါတည်း မှာခဲ့သည်။
သူမက ချိုမြိန်သော ကိတ်မုန့်လေးကို ဝယ်လိုက်ပြီး ရွယ်လောင် ဘုရားကျောင်းက ဘယ်မှာလဲ မသိသည့်အတွက် ပျားပန်းခတ်မျှ လှုပ်ရှားသွားလာနေသော လူတွေနောက်ကို လိုက်ပြီး လျှောက်သွား လိုက်သည်။
Www
မရေမတွက်နိုင်သော ပျံကျဈေးသည်တွေနဲ့ ဈေးက ဆိုင်ခန်းငယ်တွေက ရွယ်လောင် ဘုရားကျောင်း တစ်ဝိုက်မှာ စည်ကားနေသည်။
လူငယ်လူရွယ်တွေနဲ့ မိန်းမပျိုလေးတွေက ပခုံးချင်း တိုက်မိနေပြီး သင့်လျော်ရာ အတွက်တင် မဟုတ်ဘဲ လူကြီးနဲ့ မိန်းမကြီးတွေကို လက်ထပ်ဖို့အတွက် ဝတ်ပြုဆုတောင်း နေကြသည်။ အလွန်ကို စည်ကား သက်ဝင်နေလေသည်။
နန်းပေါင်ရီက ရွှေဖရုံသီးကိတ်ကို တစ်ကိုက် ကိုက်လိုက်ပြီး မမျှော်လင့်စွာနဲ့ လူအုပ်ထဲမှာ အသိအကျွမ်း နှစ်ယောက်ကို တွေ့လိုက် ရလေတော့သည်။
***