အပိုင်း (၂၅၃)
ညီမလေး၏မျက်လုံးတွေက မသန့်ရှင်းတော့ဘူး
နန်းပေါင်ရီ အံ့ဩသွားရသည်။
သူမက နောက်သို့ အမြန် နှစ်လှမ်းဆုတ်ပြီး ဘေးပတ်ပတ်လည်ကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်လိုက်ပေမယ့် ရှောင်းယီ၏ ပုံရိပ်ကို မတွေ့ပါချေ။
သူမက သစ်သား အကာပေါ်မှာ တင်ထားသော ညအိပ်ဝတ်စုံကို ယူလိုက်ပြီး အလောတကြီး ဝတ်လိုက်သည်။
ပိုးသား ဝတ်စုံကို ဝတ်ဆင်ပြီးသော အချိန်မှာ သူမက အကာတဝိုက်ကို ရှာကြည့်ပြီး ပန်းပွင့် ခန်းမလေးထဲသို့ ပြေးဝင်သွားတော့သည်။ တစ်ချက် ကြည့်လိုက်ရုံနဲ့တင် အမတ်မင်းက အလင်းရောင် အောက်မှာ ထိုင်ပြီး ကွမ်ရှန်းတိုင်းပြည်၏ တောင်တန်းတွေနဲ့ မြစ်ချောင်းများ မြေပုံကို ကြည့်နေတာ တွေ့လိုက်ရသည်။
သူမက စိတ်ညစ်နေဟန်ဖြင့် “အခုလေးတင် ညီမလေးက ရေချိုးနေတာကို အစ်ကို ၂ က ဘာလို့ ဝင်လာ ရတာလဲ”
“မင်းက အမွေးတိုင်လေးတိုင် ထွန်းစာလောက် ဇိမ်ခံနေတာကိုး”
ရှောင်းယီက မကြည့်ဘဲနဲ့ ပြန်ဖြေလိုက်သည်။
“မင်းရေချိုးစည်ထဲမှာ ရေနစ်နေမှာစိုးလို့”
နန်းပေါင်ရီက အံကိုကြိတ်လိုက်သည်။
အမတ်မင်းက ကြင်နာတတ်တယ် ဆိုပေမယ့်လည်း…..
သူမ မှန်ကိုကြည့်ပြီး မေးနေတာကို ကြားသွားတာက ရှက်စရာကြီးလေ….
သူမက အသံလေး တိုးဖွဖွနဲ့ ရှင်းပြလာသည်။
“ညီမလေး၏ ခန္ဓာကိုယ်က ကြီးထွားတာ အရမ်း နှေးလွန်းတယ်၊ ရေချိုးခန်းထဲမှာ မှန်ရှိခဲ့ရင် ညီမလေးက အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တတ်တာ”
ရှောင်းယီ၏ နှုတ်ခမ်းစွန်းတွေက ညင်သာစွာ ကော့ညွှတ်သွားသည်။ ကောင်မလေးက မှန်ကြည့်ရတာကို ကြိုက်မှန်း သူသိသည်။ နန်းကျောင်းကျောင်း တစ်ယောက်တည်းကသာ မှန်ရှေ့မှာ ဒီလိုလုပ်မှာ စိုးရသည်လေ။
သူက အတောမသတ် နိုင်တော့အောင် ရယ်မိနေပြီး မြေပုံကိုချ၍ ရေချိုးခန်းဘက်သို့ လျှောက်သွားသည်။
နန်းပေါင်ရီက သူ့ကို အမြန်တားလိုက်သည်။
“အစ်ကိုဘယ်သွားမလို့လဲ”
“ကျောင်းကျောင်းက ရေချိုးပြီးပြီလေ၊ အစ်ကိုလည်း ရေချိုးရမှာပေါ့၊ ရေချိုးရမယ်ဆိုရင် ရေချိုးခန်းကို သွားရမယ်လေ…”
ရှောင်းယီက လက်ကို သူမ၏ တစ်ဝက် ခြောက်နေသော အပြာရောင် ပိုးဝတ်စုံလေးကို လက်နဲ့ထိလိုက်ပြီး အသံ တိုးညင်းစွာနဲ့ “ကျောင်းကျောင်းရဲ့ ရေချိုးခန်းမှာ ရေချိုးလို့ မရဘူးလား”
နန်းပေါင်ရီ၏ မျက်နှာလေးက နီစွေးသွားတော့သည်။
ရှောင်းယီက ငုံ့ကြည့်လိုက်သည်။ ကောင်မလေးက အလျင်စလို ထွက်လာခဲ့တာပဲ၊ ညဝတ်အင်္ကျီ၏ ကြယ်သီးတွေက လွဲတပ်ထားသည်။
ဝတ်စုံက ရွဲ့တိရွဲ့စောင်း ဖြစ်နေပြီး ကြာရိုးလေးလို ခါးကျဉ်ကျဉ်လေးကို လှစ်ဟပြနေသလိုပင်။
ရှောင်းယီ၏ လည်ဇလုတ်က အနည်းငယ် ရွေ့လျားသွားပြီး မျက်ဆံအိမ်တွေက နက်ရှိုင်း၍ မည်းမှောင် လာတော့သည်။
အချိန်ခဏ ကြာပြီးမှ သူက လက်ချောင်းလေးတွေကို ဆန့်လိုက်ပြီး ကျွမ်းကျင် လိမ္မာစွာနဲ့ သူမ၏ ကြယ်သီး တစ်လုံးကို ယူလိုက်သည်။
နန်းပေါင်ရီက အဝတ်ကို အလျင်စလို ဖုံးကွယ်လိုက်ပြီး နောက်သို့ဆုတ်၍ “အစ်ကို ဘာလုပ်တာလဲ”
“ကြယ်သီး တပ်ထားတာ မှားနေတယ်”
ရှောင်းယီက အပြုံးတစ်ပွင့်နဲ့ သတိပေးလိုက်သည်။
“ဒါနဲ့ ကျောင်းကျောင်းက အစ်ကို ဘာလုပ်မယ်လို့ ထင်သွားတာလဲ”
နန်းပေါင်ရီ၏ မျက်လုံးရွဲကြီးတွေက ပြူးကျယ်ဝိုင်းစက် သွားတော့သည်။
သူမ၏ ပါးစုန့်လေးတွေက နီရဲလာပြီး လည်တိုင်ကတောင် ပန်းရောင်ပြေပြေလေး သန်းပြီး ရှက်သွေးဖြာ လာတော့သည်။
သူမက လေသံသဲ့သဲ့လေးနဲ့ “ဒါပေါ့၊ ညီမလေးက အစ်ကိုညီမလေးကို တစ်ခုခုလုပ်မယ်လို့ မုချကို မထင်ပါဘူး…”
ကံကောင်းတာက အမတ်မင်းက ဘာမှထပ်မပြောလာပေ။ သီချင်းလေး ညည်းရင်း ရေချိုးခန်းထဲသို့ ဝင်သွားတော့သည်။
သူမက ပူလာသော ပါးပြင်မို့မို့လေးကို ထိကိုင်လိုက်ပြီးနောက် ဝတ်ထားသော ဝတ်စုံကို ကြည့်လိုက်သည်။
တော်သင့်ပြီ၊ ကြယ်သီး ခြောက်လုံးစလုံး အားလုံးမှားနေတာပဲ..
သူမက အိပ်ခန်းထဲသို့ ရှက်ရွံ့စွာနဲ့ ပြေးဝင်သွားပြီး ဒီည ရှောင်းယီနဲ့ ထပ်မတွေ့ဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည်။
ညနက်လာလေပြီ…
‘ယောက်ရှန်းယကျူ’က မျှော်မှန်းထားသောအတိုင်း တိတ်ဆိတ် ငြိမ်သက်နေသည်။
နန်းပေါင်ရီက ထိုင်ဖုံပေါ်မှာ ပျင်းရိပျင်းတွဲနဲ့ အိပ်နေပြီး ရုတ်တရက် ရေဆာလာတော့သည်။ သူမက ဖန်နာရီကို မျက်စိစောင်း၍ ကြည့်လိုက်သည်။
ဒါက ခေတ်နောက်ကျနေပြီ…
သူမက ထရပ်ပြီး အိပ်ရာထဲသို့ ဝင်သွားတော့သည်။ သူမက ခွက်ကိုယူ၍ ရေအေးတစ်ခွက်ကို သောက်လိုက်ပြီး ရုတ်ခြည်း ဆီးသွားချင် လာပြန်သည်။
သူမ ပန်းပွင့်ခန်းမငယ်လေးကို ရောက်သောအခါ ဘယ်သူမှမရှိပါချေ။ တိတ်ဆိတ်နေသော မီးအိမ်လေးနဲ့ ပြန့်ကျဲနေသော မြေပုံသာ ရှိလေသည်။
အစ်ကို ၂ က အိပ်သွားတာ ဖြစ်လိမ့်မယ်…
သူမက မြေပုံကို စီရီပေးလိုက်ပြီး ရေချိုးခန်း အပြင်ဘက်သို့ လျှောက်သွား၍ တံခါးက ိုဖွင့်လိုက်သည်။
ဩဇာတိက္ကမနဲ့ ပြည့်စုံသော အမတ်မင်းက ရေချိုးစည်မှ ထရပ်ပြီး သူ၏ခေါင်းကို ဖြည်းညင်းစွာ လှည့်လာသည်။
သူ၏လက်ထဲမှာတော့ ဝတ်စုံတစ်စုံနဲ့ ပိုးဘောင်းဘီကို ကိုင်ထားသည်။
သိသိသာသာကို သူက အလွန်စွဲမက်ဖွယ် ကောင်းလှသည်။
မျက်လုံးနှစ်စုံက အချင်းချင်း ဆုံမိကြသည်။
အဝတ်ဗလာနဲ့ပုံကို မြင်မြင်ချင်း နန်းပေါင်ရီ၏ ဖြူဖွေးပြီး နူးညံ့နေသော မျက်နှာလေးက သွေးရောင် လွှမ်းလာပြီး မျက်တောင်ခြေတွေတောင် ခြောက်သွေ့၍ အနီရောင် ပါးပါးလေး စွန်းထင်း လာတော့သည်။
ဝတ်ရုံလက်ထဲက ချိတ်တွဲထားသော လက်တွေက ရှက်ရွံ့စွာနဲ့ လက်သီးကို ကျစ်ကျစ်ဆုပ် ထားမိသည်။
သူမက တည်ငြိမ်ဖို့ အတော်လေး ကြိုးစားလိုက်ရပြီး “ဘယ်လို တိုက်ဆိုင်မှုကြီးလဲ၊ အစ်ကိုလည်း ဖြေရှင်းဖို့ လာတာလား….”
ရှောင်းယီက ပျင်းရိစွာနဲ့ ပိုးသားဘောင်းဘီကို ချည်နေပြီး ဝတ်စုံကို ဝတ်လိုက်သည်။
သူကပြုံးစစဖြင့် “ငါအဆင်ပြေတယ်”
နန်းပေါင်ရီက တည်ငြိမ်စွာနဲ့ “အို…”
ရှောင်းယီက ရေချိုးခန်းထဲက အလျင်မလိုသလို ထွက်သွားပြီး ရင်းနှီးစွာနဲ့ သူမအတွက် တံခါးကို ပြန်ပိတ်ပေးဖို့ မမေ့ခဲ့ပေ။
သူက တံခါးဘက်သို့ ကျောပေးလိုက်ပြီး အထဲက နံရံကို ထုရိုက်နေသော ကသိုက်ကရိုက် အသံတွေကို နားဆင်နေသည်။ သူ၏နှုတ်ခမ်း ထောင့်စွန်းတွေကို ကျယ်ကျယ် ဖြန့်လိုက်ပြီး လျှာသပ်မိသွားတော့သည်။
နန်းကျောင်းကျောင်းလေးက အရမ်းချစ်ဖို့ ကောင်းတာပဲကွာ….
သူက ပန်းပွင့်ခန်းမငယ်လေးမှာ ပြန်ထိုင်လိုက်ပြီး မြေပုံကို အမွှေးတိုင် လေးတိုင်စာ အချိန်ထိအောင် လှန်လှော ကြည့်နေပေမယ့် နန်းပေါင်ရီ ပြန်ထွက်လာတာကို မတွေ့ရသေးပါချေ။
“နန်းကျောင်းကျောင်း”
သူက မြေပုံကို ပိတ်လိုက်ပြီး အသံကိုမြှင့်၍ “မင်း သန့်စင်ခန်းပုံးထဲ ပြုတ်ကျသွားပြီလား”
နန်းပေါင်ရီက ရေချိုးခန်း တံခါးနောက်မှာ ကုတ်တွယ်နေပြီး ရှက်လည်း ရှက်နေသလို စိတ်လည်းဆိုး နေသည်။
သူသာ သန့်စင်ခန်းပုံးထဲ ပြုတ်ကျ၊ သူတို့ တဆွေတမျိုးလုံးပဲ ပြုတ်ကျ….
သူမက သူထွက်သွားမှ အိပ်ခန်းထဲကို ပြန်ဖို့ စောင့်နေတာဖြစ်သည်။
ဒါ့အပြင် မျက်နှာချင်းဆိုင် တွေ့ဖို့က ဘယ်လောက် ရှက်စရာ ကောင်းလိုက်လဲလို့….
အပြင်ဘက်က အချိန်အတော်ကြာသည် အထိ လှုပ်ရှားသံ မကြားရတော့ပေ။ နန်းပေါင်ရီက နှုတ်ခမ်း ကိုက်လိုက်ပြီး သတိကြီးကြီး ထား၍ တံခါးကို တွန်းပြီး ဟကြည့်လိုက်သည်။ သူမက သူခိုးလေးလို ချောင်းကြည့် လိုက်သည်။
အမတ်မင်းက တံခါးအပြင်ဘက်မှာ ခြေချိတ်ထိုင်ရင်း ပြုံးနေလေသည်။
သူမက ကြောက်လန့်တကြားနဲ့ တံခါးကို အမြန်ပြန်ပိတ်လိုက်သည်။
သို့သော် ရှောင်းယီက အချိန်မီ တံခါးကို ဖမ်းဆွဲ ထားလိုက်တော့သည်။
ရှောင်းယီက သူမကို ငေးလာသည်။ ကောင်မလေး၏ မျက်နှာလေးက ရှက်သွေးဖြာနေပြီး မျက်ဝန်းတွေမှာလည်း မျက်ရည်ဥတို့ တွဲခိုနေသည်။ သူမက ရှက်လွန်းလို့ ငိုတော့မဲ့ပုံပင်။
တစ်ချက်လေး တွေ့ရုံနဲ့တောင် ရှက်နေရင် နောက်ဆိုရင် ဘယ်လိုလုပ်မလဲ။
သူမက အနီးကပ် အကြည့်တစ်ချက်နဲ့တင် သူမ ဘယ်လို တွေးမလဲဆိုတာကို သူမသိပါချေ….
သူက တစိမ့်စိမ့် တွေးနေပြီး သူမ၏ခေါင်းလေးကို ကြင်နာစွာ ပုတ်ပေးလိုက်သည်။
“အစ်ကို့ရှေ့မှာ ရှက်မနေနဲ့လေ”
နန်းပေါင်ရီက အသက်ကို ဖွဖွရှူလိုက်သည်။ သူမက သူ့ကို နီရဲနေသော မျက်လုံးတွေနဲ့ ကြည့်လာသည်။ သူ၏ နှုတ်ခမ်းပါးမှာ တွဲခိုနေသော အပြုံးက နတ်ဆိုးတစ်ကောင်လို ခေါင်းမာလှသည်။ သို့ပေမယ့် သူ၏ မျက်ခုံးတွေကတော့ အလွန်ကြည်လင်နေပြီး နူးညံ့၍ လိုတာထက်ပိုပြီး ဂရုစိုက်တတ်သော ပုံစံက ပေါ်လွင်နေလေသည်။
သူမ၏ မျက်တောင်ဖျားတွေမှာ မျက်ရည်တွေ တွဲလဲခိုနေပြီး စကားပြောဖို့ ခက်လှသည်။
“ဒါပေမယ့်…. ညီမလေး၏ မျက်လုံးတွေက မသန့်ရှင်းတော့ဘူး”
ရှောင်းယီ “…..”
သူမ၏မျက်လုံးတွေ မသန့်ရှင်းအောင်လို့ သူက ဘယ်လောက် ညစ်ပတ်တာများ လုပ်မိလို့လဲ။
ဒီဖြူစင်သော မိန်းကလေးက အချိန်တော်တော် ကြာအောင် ချန်းတယ်ယွီကို လက်ထပ်ဖို့အတွက် ပူဆာခဲ့တယ်တဲ့လား။
သူမက ချန်းတယ်ယွီကို လက်ထပ်ပြီး တစ်နှစ်လုံး အိပ်ခန်းထဲ မဝင်ဘူးများ ထင်နေသလား။
သူက ပျင်းရိစွာ ထရပ်လိုက်ပြီး ကောင်မလေးနဲ့ လက်တစ်ကမ်းသို့ သွား၍ “အိပ်ခန်းထဲ ပြန်အိပ်တော့”
နန်းပေါင်ရီက သနားချင့်စဖွယ် မျက်နှာလေးနဲ့ “ခြေထောက်တွေ ကျင်နေတယ်….”
အဓိပ္ပါယ်ကတော့ ပွေ့ချီပေးပါပေါ့…
“ကျောင်းကျောင်းက ကလေးလေးလို ချွဲရတာကို တကယ်ကြိုက်တာပဲ”
ရှောင်းယီက စပ်ဖြီးဖြီးဖြင့် ကောင်မလေးကို ပွေ့ချီဖို့ပြင်လိုက်သည်။
နန်းပေါင်ရီက သူ၏လက်ကို အမြန် ရှောင်လိုက်သည်။
သူမက မျက်ဝန်းတွေကို လွှဲထားပြီး “အင်း… အစ်ကို ၂၊ အစ်ကိုက …. အစ်ကို မဟုတ်… အစ်ကို့လက်တွေက မဆေးရသေးဘူးလား ညစ်ပတ်နေတယ်….”
ရှောင်းယီ “….”
သတိပေးသောအတွက် ကျေးဇူးပဲ….
ရှောင်းယီက ဖြတ်သွားပြီး နန်းပေါင်ရီ၏ နောက်ဘက်ကနေ သယ်မ၍ သူ၏နူးညံ့သော မွေ့ရာပေါ်သို့ ခေါ်သွားတော့သည်။
သူက စောင်ကို ခြုံပေးလိုက်ပြီး သိချင်စိတ် ပြင်းပြစွာနဲ့ မေးလိုက်သည်။
“ကျောင်းကျောင်းက အဲဒီ ဓါးပြတွေကို သိတယ်လား”
နန်းပေါင်ရီ၏ တောက်ပသော မျက်ဝန်းတွေက ပွင့်ဟလာသည်။ သူမက အမတ်မင်း၏ စိတ်အား ထက်သန်မှုကို သိပေမယ့် ဓါးပြတွေက ငြိမ်းငြိမ်းချမ်းချမ်း နေတဲ့ အကြောင်းကိုလည်း သူမ သေချာသိထားသည်။
“ညီမလေး မသိပါဘူး”
သူမက ဟန်ယန့်လျန်ကို သစ္စာမဖောက်ချင်တာကြောင့် ရိုးရိုးရှင်းရှင်းသာ ပြန်ဖြေလိုက်သည်။
“သူတို့က ထိခိုက်နစ်နာအောင် လုပ်တတ်သော သူတွေလို့ မထင်ရုံပါ၊ အဲဒါကြောင့် ဘာလို့ သူတို့ကို သတ်ရမှာလဲ”
ရှောင်းယီက သူမကို ကြည့်လာသည်။ အချိန်ခဏ အကြာမှာတော့ သူမက သူ့ကိုအမှန်အတိုင်း မပြောချင်တာကို တွေ့လိုက်ရပြီး သူက အိပ်ရာပေါ်က ခြင်ထောင်ကို ချလိုက်သည်။
နန်းပေါင်ရီက သူ၏ဝတ်ရုံ လက်အစွန်းလေးကို ဆွဲလိုက်ပြီး “အစ်ကို ၂ က ရှန်းသခင်လေးကို စိတ်ပူလို့လား”
“နှစ်တစ်ထောင်လောက် ရိုက်နှက် ဆုံးမထားပြီးပြီ၊ သူ့မှာ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး”
ရှောင်းယီ၏ မျက်လုံးတွေက သူမ၏ နူးညံ့အိစက်နေသော လက်ချောင်းလေးတွေမှာ ခိုနားနေပြီး အဓိပ္ပါယ်ပါပါနဲ့ ပြောလာသည်။
“ချွဲနေသလိုမျိုး ငါ့ရဲ့ ဝတ်ရုံလက်စွန်းကို ဆွဲနေတာ ငါ့ကို တစ်ညလုံး အနားရှိစေချင်လို့လား”
“မဟုတ်ပါဘူး”
နန်းပေါင်ရီက အမြန် လက်လွှတ်လိုက်ပြီး ခေါင်းလေးကိုလှည့်၍ အိပ်ရာထဲသို့ ဝင်ကွေး နေတော့သည်။
ရှောင်းယီက မီးအိမ်လေးကို ငြှိမ်းလိုက်သည်။ သူက ခြင်ထောင်ကို ပြန်ကြည့်လိုက်ပြီး စိတ်ထဲက သက်ပြင်းဖွဖွ ချလိုက်မိသည်။
အဲ့လောက် လွယ်လွယ်နဲ့ ရှက်နေရင် နောင်အနာဂတ်မှာ လက်ထပ်ပြီးရင် ဘယ်လိုလုပ်ရမလဲ။
ထိုအချိန် နက်ရှိုင်းလှသော တောင်တန်း တစ်နေရာမှာတော့….
သစ်လုံးအိမ်က အတန်ငယ် လင်းထင်းနေသည်။
ရှန်းရိချောင်က ဝတ်စုံအဖြူကို ဝတ်ထားပြီး အိပ်ခန်းထဲက ထိုင်ဖုံပေါ်မှာ ခြေချင်းချိတ်၍ ထိုင်နေပြီး အမူအရာက အလွန်တရာ ရှုပ်ထွေးနေလေသည်။
ဒီအိပ်ခန်းက အလွန့်အလွန်ကို သန့်ရှင်းနေပြီး ထောင့်တွေမှာ ငါးကြီးဆီနဲ့ ထွန်းရသော ကြေးနီမီးအိမ်တွေ ရှိသည်။ မီးအိမ်တွေ၏ အမြင့်က ဖြန့်ကြက်ထားပြီး အကောင်းစား ပစ္စည်းတွေနဲ့ လှပခမ်းနားနေသည်။ ဓါးပြတွေ၏ သားရဲတွင်းနဲ့ မတူဘဲ မိန်းကလေး တစ်ယောက်၏ အိပ်ခန်းနဲ့ တူနေလေသည်။
***