အပိုင်း (၂၅၀)
နန်းကျောင်းကျောင်းကို မောင်းမအဖြစ်ထားဖို့ သူက တွန့်ဆုတ်နေတယ်
ချန်းတယ်ယွီနဲ့ နန်းယန်က ရောက်လာခဲ့သည်။
ချန်းတယ်ယွီက ဝတ်စုံလက်အိတ်ထဲက ရွှေစငါးဆယ်ကို ထုတ်ယူလိုက်ပြီး နန်းပေါင်ရီကို ကမ်းပေးရင်း ပြုံး၍ ပြောလာသည်။
“နန်းအိမ်တော်က ငွေကြေးမရှားဘူး ဆိုတာကို သိပေမယ့် ဒီငွေက ကျောင်းကျောင်းအတွက် ခဲအိုက ရည်စူးပြီး ပေးတဲ့ငွေပဲ၊ ယူထားလိုက်၊ မင်းအစ်မ နဲ့အတူ ဈေးဝယ်ထွက်ကြပေါ့၊ ချိုချိုလေးတွေ ဝယ်စား ရင်စား၊ ဒါမှမဟုတ်လည်း ဝတ်စုံဖြစ်ဖြစ် ဝယ်ဝတ်ချင်ဝတ်ပေါ့”
သူကြားဖူးတာက ခယ်မနဲ့ခဲအိုဆိုတာ ရင်းနှီးဖို့ လွယ်တယ်တဲ့…
သူက ကျောင်းကျောင်းကို ခဲအိုတစ်ယောက်လို ဂရုစိုက်မှုတွေ ပေးနေသမျှ သူမက သူ၏ နူးညံ့ညင်သာမှုမှာ ကျိန်းသေပေါက် ကျဆုံးလာလိမ့်မည်။
သို့သော်လည်း သူမျှော်လင့်သလို ဇာတ်ညွှန်းက ဖြစ်မလာခဲ့ပါချေ။
“ခဲအို”
နန်းပေါင်ရီက လှောင်ရယ်လိုက်သည်။
ချက်ချင်းပင်၊ သူမက အတောမသတ်နိုင်အောင် လှောင်ရယ်ပြီး “ချန်းသခင်လေးက မေ့နေတယ် ထင်တယ်၊ ပထမဆုံး အနေနဲ့ နန်းယန်က မယားငယ် တစ်ယောက်ပဲ၊ ဒုတိယအနေနဲ့ နန်းယန်က ရှင့်ရဲ့ တရားဝင်ဇနီး မဟုတ်ဘူး၊ သူက မယားငယ် သက်သက်ပဲ၊ ဟုတ်တယ်၊ အဲဒီ ဆက်နွှယ်မှု အဆင့်နှစ်ခုနဲ့ဆို ရှင့်ကိုယ်ရှင် ခဲအိုလို့ပြောနေတာ မရှက်ဘူးလား ခဲအိုလို့ သတ်မှတ်ရမယ်ဆိုရင် ကျွန်မမှာ ဆုန်းရှစ်နင် ဆိုသော ခဲအိုတစ်ယောက်ပဲ ရှိတယ်၊ ရှင်တော့မဟုတ်ဘူး”
ချန်းတယ်ယွီ၏ အမူအရာက အလွန်တောင့်ခဲ သွားတော့သည်။
သူမကို ကမ်းပေးနေသော ငွေလက်မှတ်ကို ပိုပြီး တင်းတင်းဆုပ် ထားမိလေသည်။
နန်းယန်က သူမ၏ အစ်မကြီး နေရာကိုဝင်ယူပြီး အေးစက်စွာနဲ့ “ကျောင်းကျောင်း၊ အစ်ကိုချန်းကို မရိုင်းနဲ့၊ သူက နင့်ကို ကြင်ကြင်နာနာနဲ့ မုန့်ဖိုးပေးတာ၊ နင်က လက်ခံပြီး ကျေးဇူး တင်သင့်တာပေါ့၊ ဒါက အရမ်းကို မယဉ်ကျေးလွန်းရာ ကျတယ်၊ ဒီအတိုင်းပဲ ဆက်သွားမယ်ဆိုရင် ဖေဖေ့ကို မသွန်သင်ဘူးလို့ တခြားသူတွေက အထင်မှား ကုန်လိမ့်မယ်”
သူမက တမင်တကာဖြင့် အသံကို မတိုးခဲ့ပေ။
ခန်းမကျယ်မှာ နေ့လယ်စာ စားနေကြသောသူတွေက ရှင်းရှင်းလင်းလင်းကို ကြားလိုက်ကြရပြီး သိချင်စိတ်နဲ့ ကြည့်လာကြတော့သည်။
နန်းပေါင်ရီ၏ ထေ့ငေါ့သော အပြုံးက ပိုပိုပြီး ထင်းလာတော့သည်။
နန်းယန်က အရည်အချင်းလည်း မရှိသလို အဖြူနဲ့အနက်ကို ပြောင်းပြန်လှန်ဖို့ပဲ သိတာဟာ ဆိုးယုတ်သော သန္ဓေပင်။
“မမပြောတာကို နားထောင်ကြည့်လိုက်တော့ ဖေဖေက သူ၏သမီးကို သေချာသွန်သင် ထားသလိုပဲနော်”
သူမက တည်ငြိမ်စွာနဲ့ ပြန်လည် တိုက်ခိုက်လိုက်သည်။
“အခု၊ ကျင်းကွမ်မှာဆို ဘယ်သူက မသိလို့လဲ၊ အရင်က နန်းသခင် ၃ က မယားငယ် တစ်ယောက်နဲ့ အတူနေတယ် ဆိုတာကိုလေ။ မမကလည်း မယားငယ် ဖြစ်သွားပြန်ပြီ၊ ညီမလေးက ကိုယ့်ဂုဏ်ကို ကိုယ်ထုတ်ပြောပြဖို့ ရှက်ပါတယ်၊ မမက ညီမလေးကို မယားငယ် တစ်ယောက်ဖြစ်ဖို့ သင်ပေးရင် ဘယ်သူက အာရုံစိုက်တော့မှာလဲလို့”
ရှောင်းယီက ဖွဖွပြုံးလိုက်သည်။
သူက ကြောင်မျက်ရှင် လက်စွပ်လေးကို ကစားနေပြီး နန်းကျောင်းကျောင်းက အထုပ်သေးသေးလေး ထုတ်ပြီး မယားငယ် တစ်ယောက်လို ညလယ်ခေါင်မှာ ထွက်ပြေးသော ပုံစံကို စိတ်ကူးယဉ် ကြည့်မိသည်။
သူမလေးကသာ သူ၏အိမ်ကို ပြေးလာခဲ့ရင် သူက သေချာပေါက်ကို တံခါးဖွင့်ပြီး အိပ်ရာထဲ ဆွဲသွင်းမိမှာပင်။
ဒါပေမယ့်…..
သူက နန်းကျောင်းကျောင်းကို မယားငယ်အဖြစ် ထားရမှာကိုတော့ တွန့်ဆုတ် နေသည်လေ။
ညစာ စားနေကြသူများ၏ စိတ်ဝင်စားမှုက အမြင့်ဆုံးသို့ ရောက်နေလေပြီ။
ဒီချမ်းသာသော မိန်းမပျိုလေးက မယားငယ်ဖြစ်ဖို့အတွက် ထွက်ပြေးတယ် ဆိုတာထက် စိတ်ဝင်စားဖို့ ကောင်းသော သတင်းရှိပါဦးမလား။
အမျိုးမျိုးသော စူးစိုက်ကြည့်တွေက နန်းယန်နဲ့ ချန်းတယ်ယွီဆီသို့ လှည့်လာကြပြီး ကြီးမားသော အရှက်ရမှုကို ဖြစ်စေလေသည်။
နန်းယန်က အံကိုကြိတ်ထားပြီး စကားတစ်ခွန်းမှ မပြောနိုင်တော့ပါချေ။
သူ့ကို နှစ်ဝက်လောက်လေး မတွေ့လိုက်ရတာနဲ့ ဒီခွေးမလေးက ပိုပြီး တော်လာတာကို တွေ့နေရတာပဲ..
ချန်းတယ်ယွီ၏ မျက်နှာက ပြာရာက ဖြူလာပြီး နန်းပေါင်ရီကို ကူကယ်ရာမဲ့သလို ကြည့်နေသည်။
သို့သော်လည်း အကြောင်းပြချက် တချို့ကြောင့် သူက ပို၍ ကူကယ်ရာမဲ့လေလေ၊ သူက ဒီမိန်းကလေးကို ပိုပြီး စိတ်ဝင်စားလေလေ ဖြစ်နေသည်။
သူက နန်းပေါင်ရီကို အနီးကပ် စူးစိုက်ကြည့်လိုက်ပြီး သူ၏စိတ်ထဲက အတွေးတွေက ပေါ်လာတော့သည်။
နန်းပေါင်ရီက သူတို့ အရှက်တကွဲ ဖြစ်ရတာကို မလုံလောက်သေးသလို ဆက်ပြောလာသည်။
“ညီမလေးက အသုံးမကျတဲ့ သူတစ်ယောက်ပါ၊ မမက ဈေးဝယ်ထွက်ဖို့ ခေါ်ကတည်းက ညီမလေးက ရိုရိုသေသေနဲ့ ကံကြမ္မာကို လက်ခံသင့်တာ”
သူမက လှလှပပလေး ငွေလက်မှတ် အထပ်လိုက် အထူကြီးကို ယမ်းရင်း “ဒါကလေ အစ်ကို ၂ က အခုလေးတင် ညီမလေးကို ရွှေစငါးထောင်တန် ငွေလက်မှတ်တွေ ပေးတာ၊ အဲဒါကြောင့် ညီမလေးက ကျောက်မျက်ရတနာတွေနဲ့ ဝတ်စုံတွေကို အများကြီး ဝယ်လို့ရတယ်၊ ချန်းသခင်လေး၊ ရှင့်ရဲ့ ရွှေစငါးဆယ်က ရှင့်အတွက်ရှင် ပြန်သိမ်းထားပြီး သကြားလုံး ချိုချိုလေးတွေ ဝယ်စားလိုက်နော်”
မထီလေးစား စကားတွေက ချန်းတယ်ယွီနဲ့ နန်းယန်၏ မျက်နှာတွေကို ခပ်စပ်စပ် ရိုက်ချက်ဖြင့် ရက်ရက်စက်စက် ရိုက်နေသလိုပင်။
ချန်းတယ်ယွီက ရှောင်းယီကို ရှုပ်ထွေးနေသော အကြည့်နဲ့ စိုက်ကြည့်လိုက်သည်။
ထိုသူက ပျော့ပျောင်းသော အသားတစ်ပွဲလို့ သူထင်ခဲ့ပေမယ့် သူ့မှာ မိသားစုနောက်ခံ တချို့ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ပေ။
ရွှေစငါးထောင် ဆိုတာက မနည်းသော ပမာဏဖြစ်သည်။ ရှောင်းယီက ဘယ်လောက်တောင် လက်ဖွာနေတာလဲ။
သူက တိုးတိတ်စွာနဲ့ လှောင်ပြုံး ပြုံးလိုက်ပြီး ရှောင်းယီက မိသားစုအပေါ်မှာ လက်ဖွာသော အချိန်တွေကို စောင့်ကြည့်ရတော့မည်။
နန်းယန်က ထိုနေရာမှာ ဆက်နေဖို့ကို တကယ် ရှက်လာတာကြောင့် အပြုံးတစ်ပွင့်နဲ့ မနာလိုဝန်တိုစွာ ပြောလာသည်။
“ကျောက်စိမ်းလမ်းမှာ ဈေးဆိုင်တွေ အများကြီးပဲ၊ ကျောင်းကျောင်း ဈေးဝယ်ထွက်ဖို့ မြန်မြန်သွားရအောင်၊ ညနေစောင်းချိန် မတိုင်ခင် ငါတို့ပြန်ရောက်မှ ဖြစ်မယ်”
နန်းပေါင်ရီက ရှောင်းယီကို လှည့်ကြည့်လိုက်သည်။ သူက ကောင်မလေးကို ခေါင်းကို မသိမသာ ညိတ်ပြလိုက်သည်။
သူမက ကိုယ့်စိတ်ကို တည်ငြိမ်အောင် ဖြေသိမ့်လိုက်သည်။ အမတ်မင်းက အရမ်းကို ဩဇာအာဏာ ရှိသော သူတစ်ယောက်ဖြစ်ပြီး ဘေးအန္တရာယ် ကျရောက်သော ဒေသတွေအတွက် ကူညီကယ်ဆယ်ရေး ငွေကို စုံစမ်းစစ်ဆေးဖို့ ဆိုတာက သေချာပေါက် ပြဿနာတစ်ခု မဟုတ်ပါချေ။
သူမက နန်းယန်နဲ့အတူ ငြိမ်းချမ်းစွာနဲ့ ထွက်သွား လိုက်တော့သည်။
ဒီတစ်ကြိမ်က နန်းယန်နဲ့အတူ ပထမဆုံး ဈေးဝယ်ထွက်ခြင်း ဖြစ်သည်။ ကျောက်စိမ်းလမ်းပေါ်မှာ ဈေးဆိုင်တွေက တန်းစီပြီး ရှိနေကြပြီး မျိုးစုံလှသော ကျောက်စိမ်း၊ ပိုးထည်နဲ့ လက်ဖက်ရည်ဆိုင်တွေက ပေါများ လွန်းလှသည်။
ဒေသခံကုန်သည်တွေ နှင့်အတူ စီချွမ်၊ တိုင်ပေ စသောနယ်တွေက ကုန်သည်တွေကလည်း ရောင်းဝယ် ဖောက်ကားဖို့ လာကြသည်။
ညီအစ်မ နှစ်ယောက်သားက လမ်းတစ်လျှောက်လုံးမှာ စကားမပြောကြသလို အစေခံတွေလည်း မပါကြတာကြောင့် လေထု၏ အခြေအနေက အလွန်ကို ထူးဆန်းနေတော့သည်။
သူတို့က ဈေးဝယ်အတူ ထွက်ကြသည်ဆိုတာက သူတို့ တစ်ယောက်ကိုတစ်ယောက် အလွန်အမင်း ညှဉ်းဆဲနေသလိုပင်။
ရှည်လျားသော လမ်းမ၏ ထောင့်ချိုးနားကို လျှောက်သွားသောအခါ နန်းယန်က ခြောက်ကပ်ကပ်နဲ့ အကြံပြုလိုက်သည်။
“ဒီ အသင့်ဝတ်လို့ရတဲ့ ဝတ်စုံဆိုင်ကို သွားရအောင်”
နန်းပေါင်ရီ “အို..”
အသင့်ဝတ်လို့ရသော အထည်ဆိုင်က အလွန် နေရာကျယ်ဝန်းလှပြီး ပြည်မ၏ ရိုးစင်းသော မိန်းမဝတ်စုံတွေ အပြင် နယ်စပ်ဒေသက ရိုးရာဝတ်စုံတွေကိုပါ ရနိုင်သည်။
လန်းဆန်း တက်ကြွနေတာကို ကြည့်ပြီး နန်းပေါင်ရီက ရွှေနားပန်း ဦးထုပ်ကို ကောက်ယူ၍ သူမ၏ ခေါင်းပေါ်မှာ ဆောင်းကြည့်လိုက်သည်။
“ညီမလေးက အရမ်းချစ်ဖို့ ကောင်းတာပဲ၊ ဘယ်လိုလုပ်ပြီး ခေါင်းဆောင်းကို ဆံထုံးနဲ့ ဆောင်းရတာလဲ”
နန်းယန်က သူမ၏ဘေးမှာရပ်ရင်း လက်မောင်းတွေကို ကိုင်ထားရင်း နူးညံ့စွာနဲ့ ပြောလာသည်။
“ရယ်စရာ ပုံစံတွေ မဖြစ်ခင် ညီမလေးက ဦးနှောက်ကိုပိုပြီး သုံးသင့်တယ်”
သူမက ပန်းထိုးထားသော ပိုးထည်လေးကို ကောက်ယူလိုက်ပြီး ရင်းနှီးသောပုံစံနဲ့ “ခေါင်းဆောင်းနဲ့ စာရင် ညီမလေးက တောက်ပပြီး လှနေတာ၊ သူက ပိုးပန်းပွင့်နဲ့ ပိုပြီး လိုက်လောက်တယ်”
နန်းပေါင်ရီက ထိုသည်ကို မကြိုက်ပါချေ။
ကြီးမားသော အနီရောင် ပိုးပန်းပွင့်က ဖုန်တွေပေနေပြီး ရုပ်ဆိုးလှသည်။ နန်းယန်က တကယ်ကို စိတ်တိုစရာပဲ….
သူမက စိတ်ပျက်နေစဉ်မှာ နန်းယန်က အနီရောင် ဝတ်စုံတစ်ထည်ကို ကောက်ယူ လိုက်တာကို ရိပ်ခနဲ မြင်လိုက်ရသည်။
ထန်ပုံစံ မိန်းမပျိုတွေလို ဝတ်စုံဖြစ်ပြီး ပစ္စည်းတွေက တန်ဖိုးကြီးလှသည်။ ထိုဝတ်စုံက အလွန်ကို ကျယ်လှသည်။
နန်းပေါင်ရီက ရက်ရက်စက်စက် ရယ်မောလှောင်ပြောင် လိုက်သည်။
“မမက အသက်ဆယ့်လေးနှစ်ပဲ ရှိသေးပေမယ့် ဝါးလုံးလို ပိန်ပါးနေတာ၊ သူ့မှာ ဘာကောက်ကြောင်းမှ မရှိဘူး၊ ဒီလိုပုံစံ ဝတ်စုံမျိုးကို မဝတ်နိုင်ဘူး၊ မမကလည်း စာအုပ်တွေကို ဖတ်ရှုလေ့လာသောသူ တစ်ယောက်ပဲလေ၊ ဒီလောက် ကိုယ်ပိုင် ဗဟုသုတလေးတောင် မရှိဘူးလား”
နန်းယန် “….”
သူမက ကြေးမုံမှန်ကို စိုက်ကြည့် လိုက်သည်။ မှန်ထဲက သူမက ပိန်ပါးလှပြီး သူမ၏ ရင်ဘတ်အထက်နဲ့ အောက်ပိုင်းမှာ ဘာကွာခြားချက်မှ မရှိပါချေ။
သူမက အသက်ဆယ့်လေးနှစ်ရှိပြီ ဆိုသော်ငြားလည်း ဆယ့်သုံးနှစ်သာ ရှိသေးသော နန်းပေါင်ရီနဲ့ ယှဉ်ရင် ဘာကွာခြားချက်မှ မရှိပါချေ။
နန်းပေါင်ရီကတော့ သူမ၏အနာကို လှလှပပကြီး ဆားဖြူးနေလေပြီ။
နန်းပေါင်ရီက အပြုံးရေးရေးနဲ့ မိန်းကလေး အတွင်းဝတ် တစ်စုံကို ဝယ်လိုက်ပြီး “မမက ဒါကို ဝတ်သင့်တာ၊ မမ၏ ခန္ဓာကိုယ်ကို ပြည့်ပြည့်ဝဝနဲ့ ကွက်တိ ဖော်ပြနေမှာ၊ ပြီးတော့ လမ်းလျှောက်တဲ့ အခါမှာလည်း ကျွတ်မကျတော့ဘူးလေ”
“ဒီခွေးမ”
နန်းယန်၏ အနာက ထပ်ဆွ ခံလိုက်ရပြန်သည်။ စိတ်ဆိုးမာန်ဆိုးနဲ့ ဝတ်စုံကို ကောက်ယူလိုက်ပြီး နန်းပေါင်ရီဆီသို့ ပစ်လိုက်သည်။
“နင် ခွေးမ”
ပိုမကောင်းနိုင်တော့ဘူး၊ နန်းပေါင်ရီကလည်း နန်းယန်အတိုင်း လိုက်လုပ်သည်။
အစေခံတွေက ဆွံ့အငြိမ်သက် သွားတော့သည်။
ဒီညီအစ်မက ‘ညီမလေး၊ မမ’ဆိုပြီး ချစ်နေကြရာကနေ ‘လေးစားမှု’ တွေပျောက်သွားပြီး မျက်စိတစ်မှိတ် အတွင်းမှာ သူတို့၏ မျက်နှာတွေက ပြောင်းလဲ သွားကြတာက သူတို့ကို ရှုပ်ထွေးသွားစေသည်။
သူတို့က တစ်ယောက်ဆံပင် တစ်ယောက် စဆွဲနေကြတာကို မြင်ပြီး ဆိုင်ပိုင်ရှင်က နောက်ဆုံးတော့ ထရပ်လိုက်ရတော့သည်။
သူက အမူအရာ သိပ်မပြတတ်သော လူလတ်ပိုင်းအရွယ် ယောကျ်ား တစ်ယောက်ဖြစ်ပြီး သူက လက်ကိုမြှောက်၍ သူတို့နှစ်ယောက်ကြားကို ဝင်ပြီး ခွဲထုတ်ရတော့သည်။
နန်းပေါင်ရီနဲ့ နန်းယန်ကတော့ တစ်ချိန်တည်းမှာ ကြမ်းပြင်ပေါ်ကို ညင်သာစွာ ကျသွားကြသည်။
အစေခံတွေက အံ့အားသင့်သွားသည်။
“ဆိုင်ပိုင်ရှင်”
“ငါအမုန်းဆုံးက ဆူညံနေသော မိန်းမတွေပဲ၊ သူတို့ကို တစ်ထပ်ဆောင်ကို ခေါ်သွားလိုက်”
ဆိုင်ပိုင်ရှင်က ငွေသိမ်းသော စားပွဲနောက်မှာ ထိုင်နေပြီး စာရင်းတွေ တွက်နေရင်း “ဒီည သူဌေးနဲ့ တစ်ထပ်ဆောင်မှာ လျှို့ဝှက်ပြီး ပြောစရာရှိတယ်၊ ဒီမိန်းကလေး နှစ်ယောက်က အသားအရေလည်း ကောင်းပြီး ကြည့်ကောင်းတယ်၊ သူတို့ကို နွေဦးကျောက်စိမ်း စံအိမ်ကို သီချင်းဆိုဖို့ ပို့ရမယ်”
အစေခံတွေက လက်တွေကို သေသပ်စွာ ယှက်လိုက်သည်။
သူမက နန်းပေါင်ရီနဲ့ နန်းယန်ကို ယောကျ်ား တစ်ယောက်လိုအားနဲ့ ရထားလုံးထဲသို့ မြန်မြန် ထည့်လိုက်သည်။
သူက ရထားလုံးကို ကျောက်စိမ်းလမ်းကနေ မောင်းလာခဲ့ပြီး တိုးဖွဖွဖြင့် “ငါတို့ ဘိုးဘေးတွေကနေစပြီး မျိုးရိုးစဉ်ဆက် ရှုနိုင်ငံအတွက် အလုပ်လုပ်လာတာ နှစ်နှစ်ရာကျော်ပြီ၊ ငါတို့ရဲ့ ကောင်းကင်ကို ဘယ်တော့မှ မြင်ရပါ့မလဲ ဇာတိနိုင်ငံကို ဘယ်လိုပြန်ရပါ့မလဲ”
ဆိုင်ပိုင်ရှင်၏ ပေသီးတွက်ခုံက ရပ်တန့်သွားသည်။
အချိန်အတန်ကြာမှ သူက ခံစားချက်ဗလာနဲ့ “အထိမ်းအမှတ်နေ့ကတော့ ရောက်လာခဲ့ပြီ”
***