NBY အပိုင်း ၂၄၉

အပိုင်း (၂၄၉)

ကြိုက်သော အတွင်းဝတ်လှလှလေး တစ်ထည်သွားဝယ်ပြီး ညကျရင် အစ်ကို့ကို ဝတ်ပြ

သူက ရီဝေနေသော မျက်လုံးအစုံကိုဖွင့်ပြီး သူ၏အသံက တုန်နေလေသည်။

“ငါတို့ ကူညီကယ်ဆယ်ရေး အတွက် ငွေတွေကို စောင့်ရှောက်ပြီး တောင်တန်းကို ဖြတ်နေတုန်း ရုတ်တရက်ကြီး ဓါးပြ အယောက်ကိုးဆယ်လောက်က ထွက်လာတယ်…. ဒီအဘိုးကြီးက ကြောက်လို့ သေတော့မယ်၊ ကြောက်လို့ သေတော့မယ်”

ရှောင်းယီက တည်ငြိမ်စွာနဲ့ “သူတို့ ဘယ်ဘက်က လာတာလဲ”

“အရပ်မျက်နှာအစုံကပဲ”

ကျန်းရှီလန်က မျက်ရည် တွေတွေကျပြီး “ဓားပြ အယောက် ကိုးရာကျော်တယ်၊ ဒီလူအိုကြီး တစ်ဘဝလုံး အဲ့လောက်များသော ဓါးပြတွေကို တစ်ခါမှ မမြင်ဖူးဘူး၊ ဒီအဘိုးကြီးက ကြောက်လန့်သွားတာ”

ရှောင်းယီက အသံတိုးညင်းစွာနဲ့ “ဓါးပြဘယ်နှယောက်”

“ဓါးပြကိုးရာကျော်တယ်၊ တောင်ပေါ်တွေရော မြေပြန့်တွေရော အားလုံးမှာ ပြည့်နေတာ၊ ကံကောင်းလို့ပေါ့၊ ဒီအဘိုးကြီးက အပြေးမြန်လွန်းလို့ အသက်ရှင်ရက် လွတ်လာတာ…. အမတ်မင်း၊ အမတ်မင်းက ရုံးတော်ကို ငွေတွေပြန်ရဖို့ ကူညီပေးပါ”

လူကြီးက ရှောင်းယီ၏ လက်ကိုဆွဲရင်း မျက်ရည်တွေက မိုးစက်မိုးပေါက်တွေိလို ကျဆင်းနေတော့သည်။

အခန်းက ငြိမ်သက် တိတ်ဆိတ် သွားသည်။
နန်းပေါင်ရီက ယပ်တောင်နဲ့ ကစားနေပြီး အထင်အမြင် သေးနေကြောင်းကို ဖော်ပြနေတော့သည်။ အစိုးရ ရုံးတော်၏ ရဲမက်တစ်ယောက်ဖြစ်ပြီး သူက ဓါးပြဘယ်နှယောက်လဲ ဆိုတာကိုတောင် မပြောနိုင်ပါချေ။

စကားတွေက အလွန် ရှုပ်ထွေးနေသည်။ သူက အရာရှိတစ်ယောက် ဖြစ်နိုင်ပါရဲ့လား။

သူမအိမ်က အစေခံကြီးတွေတောင်မှ သူ့ထက် သာသေးသည်။

သူမက ကျန်းရှီလန်၏ ပတ်တီးကို တစ်ချက် ကြည့်လိုက်ပြီး အသံတိတ်နေလျက်မှ “အရာရှိကျန်းရဲ့ မြင်းက အပြေးမြန်တယ်ဆိုတော့ ကျွန်မထင်တာ မနာလောက်ဘူးလားလို့”

“မိန်းကလေးက ဘယ်လိုသိလဲ”

ကျန်းရှီလန်က စိတ်ညစ်သွားသလို ဟန်ဖြင့် “ဒီအရာရှိရဲ့ မြင်းက အပြေး အရမ်းမြန်တယ်၊ တောင်ပေါ်က ဆင်းလာတုန်းက မတော်တဆ မြင်းရဲ့ကျောပေါ်က ပြုတ်ကျပြီး အရိုးကျိုးသွားတာ၊ ဒီအရာရှိက ဧကရာဇ်ရဲ့ ရုံးတော်က အမိန့်ကို ယူလာသောသူပါ၊ တောပုန်းဓါးပြတွေကြောင့်တော့ ထိခိုက်ဒဏ်ရာ ရပါ့မလား”

နန်းပေါင်ရီက ‘အိုး…’လို့အသံပြုလိုက်ပြီး ထောင့်နားမှာ ရပ်နေသော လူကို ကြည့်လိုက်သည်။

“ရှင်က သမားတော်လား”

ဆေးသေတ္တာကို ကိုင်ထားသော လူက ကွမ်ရှန်း၏ ဒေသိယ စကားဝဲဝဲနဲ့ ရိုသေစွာ ဖြေလာသည်။

“မိန်းကလေးကို ပြန်ဖြေပါတယ်၊ ကျွန်တော်က ကွမ်ရှန်းက သမားတော် တစ်ယောက်ပါ၊ ဧကရာဇ်ရဲ့ အထောက်တော်က တံတောင်ဆစ်တွေနဲ့ ဒူးခေါင်းတွေမှာသာ ဒဏ်ရာရထားတာပါ၊ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး”

နန်းပေါင်ရီက ခေါင်းညိတ်လိုက်သည်။

သူမက ကျန်းရှီလန်ဘက်ကို လှည့်ပြီး အလွန်ကြင်နာစွာနဲ့ “ကျွန်မတောင်မှ ထိခိုက်သွားရင် ရက်တစ်ရာလောက် အနားယူရတာ ဆိုတော့ လူကြီးတွေက ပိုပြီး ဂရုစိုက်သင့်တယ်၊ အိပ်ခန်းကိုပိုပြီး ပူနွေးသော အရိုးစွပ်ပြုတ်ကို ပြုတ်လာပေးဖို့ ခိုင်းလိုက်၊ အဲဒါမှ ခန္ဓာကိုယ်အတွက် အာဟာရရှိမှာ”

ထိုအခန်းမှ ပြန်ထွက်လာပြီး သောအခါ ရှောင်းယီက စကားတချို့ မှာကြားလိုက်ပြီး နန်းပေါင်ရီကို ခေါ်၍ နေ့လယ်စာ အတွက် ခန်းမကျယ်သို့ ထွက်လာခဲ့သည်။

ပြတင်း၏ဘေးက တောင်ပံသဏ္ဌာန် သစ်သားစားပွဲခုံက လှပသေသပ်စွာ ကွေးညွှတ်နေပြီး အသုံးပြုထားသော ရွှေချထားသော ကြွေထည် ဖြူလွလွတွေက အလွန် လက်ရာမြောက်လှသည်။ ဟင်းခြောက်မျိုးနဲ့ စွပ်ပြုတ်တစ်ခွက်က တွမ့်ယန်၏ အထူးအစားအစာများ ဖြစ်သည်။

ရှောင်းယီက နန်းပေါင်ရီကို ကြက်သားကို ဟင်းသီးဟင်းရွက်တွေနဲ့ နှပ်ထားသော စွပ်ပြုတ်တစ်ခွက် ထည့်ပေး လိုက်ပြီး “ကျောင်းကျောင်းရဲ့ အမူအရာကို ကြည့်ရတာ တစ်ခုခု ဖုံးကွယ်ထားသလိုပဲ”

နန်းပေါင်ရီက ကြွေပန်းကန်လုံး သေးလေးကို ကိုင်ပြီး စွပ်ပြုတ်အနံ့ မွှေးမွှေးကို ရှူရှိုက်လိုက်သည်။

သူမက အားရပါးရ ပြောလိုက်သည်။

“ကျန်းရှီလန်က လိမ်နေတာ”

“ဘယ်လိုသိလဲ”

“ကျန်းရှီလန်က ပြောတယ်၊ သူအရိုး ကျိုးသွားတယ်တဲ့၊ သမားတော်က ပြောတော့ ကျန်းရှီလန်က တံတောင်ဆစ်တွေနဲ့ ဒူးခေါင်းတွေပဲ ပွန်းပဲ့သွားတာတဲ့၊ ဒါပေမယ့် တကယ် အရိုးကျိုးတယ်ဆိုရင် သမားတော်၏ အမြင်နဲ့တင် သိမှာပဲ၊ သူက မတ်မတ်တောင် ရပ်နေနိုင်မှာ မဟုတ်ဘူး၊ တံတောင်ဆစ်တွေက ရင်ဘတ်ပေါ်မှာ ပတ်တီးနဲ့ စည်းထားတယ်၊ ဒူးခေါင်းတွေကလည်း ကွေးနေသင့်တယ်လေ၊ ပြီးတော့ အရိုးတွေက သူနေကောင်းသွားရင် ပြန်ကွေးဆန့်ဖို့ ခက်ခဲသွားမှာ၊ အဲဒါ အစ်ကိုကျန်းဆီက ညီမသင်ထားတာ”

ရှောင်းယီက သူမကို ငေးကြည့်နေသည်။ ကောင်မလေးက ခွဲခြမ်းစိတ်ဖြာသော နေရာမှာ အလွန်ကို စကားပြော ကောင်းလှသည်။ သူမ၏ မျက်လုံးတွေထဲမှာ အမူအရာတွေနဲ့ ပြည့်နေသေးသည်။

လေပြည်လေးက ပြတင်းကိုဖြတ်ပြီး တိုးဝင်လာသည်။ အနက်ရောင် ဆံနွယ်တချို့က သူမ၏ ပါးပြင်ပေါ်သို့ ဖြာကျလာပြီး သူမ၏ မျက်နှာလေးကို ဖြူဉုပြီး နူးညံ့လှပနေအောင် သဏ္ဌာန်ဆောင်နေသည်။

သူက အပြုံးရေးရေးဖြင့် သူမ၏ ဆံနွယ်လေးတွေကို ကြင်နာစွာ သူမ၏နားနောက်သို့ သပ်တင် ပေးလိုက်သည်။

သူသည်လည်း ကျန်းရှီလန်၏ မုသားတွေကို ထွင်းဖောက်မြင်နိုင်ပေမယ့် မေးလိုက်သေးသည်။

“ပြီးတော့ရော”

“အဲဒီ သမားတော်က ပတ်တီးကို ဘယ်လို စည်းရမယ် ဆိုတာတောင် မသိဘူး၊ အဲဒါကြောင့် သူက သမားတော်အတု ဖြစ်နိုင်တယ်၊ သူက ကျန်းရှီလန်ကို လိမ်ဖို့ ကူညီပေးတဲ့သူပဲ၊ ပြီးတော့ သူက ဒေသိယ စကားနဲ့ပြောတာမို့ သူက ဒေသခံတစ်ယောက် ဖြစ်လိမ့်မယ်၊ ဒါကိုကြည့်ပြီး ကျန်းရှီလန်နဲ့ ဒီဒေသက အရာရှိတွေ ပူးပေါင်းပြီး မကောင်းကြံတာလို့ သုံးသပ်လို့ရတယ်”

နန်းပေါင်ရီက စေ့စေ့စပ်စပ်ဖြင့် အာရုံစိုက်ပြီး “အဲဒါကြောင့် ထောက်ပံ့ငွေတွေက ဓါးပြတွေရဲ့ အလုခံ လိုက်ရတာ မဟုတ်ဘူး… ညီမလေး တွေးတာတော့ သူတို့က ဓါးပြတွေ ထွက်လာအောင် မျှားပြီး ပထမဆုံး ဓါးပြတွေကို အပြစ်ဖို့မယ်၊ ပြီးတော့ ဒုတိယအနေနဲ့ သူတို့က ငွေတွေကိုလွှဲမယ်၊ အစ်ကို ၂ ရဲ့ မျက်စိအောက်မှာ သူတို့က ငွေတွေကို လွှဲဖို့ အချိန်ယူဖို့လုပ်တာ”

တချို့ ယူဆချက်တွေက လှပလွန်းသည်။

သူမက မျက်တောင်လေး ခတ်လိုက်ပြီး ခွဲခြမ်းစိတ်ဖြာ နေဖို့တောင် မလိုပါချေ။ ထို့ကြောင့် သူမက ခေါင်းကိုငုံ့လိုက်ပြီး စွပ်ပြုတ်ကို သောက်လိုက်သည်။

ရှောင်းယီက သူမ စွပ်ပြုတ် သောက်နေတာကို ငေးနေသည်။

သူက လက်သုတ်ပဝါကို ယူပြီး သူမ၏နှုတ်ခမ်းမှာ တင်ကျန်နေသော စွပ်ပြုတ် အစအနတွေကို ဂရုတစိုက် သုတ်ဖယ်ပေးလိုက်ပြီး ချိုသာနူးညံ့စွာနဲ့ ပြောလိုက်သည်။

“ကျောင်းကျောင်းက ဉာဏ်အရမ်း ကောင်းတာပဲ၊ ဘာလို့အစ်ကို ၂ ကို သင်မပေးတာလဲ၊ ငါနောက်ပြီး ဘာဆက်လုပ်သင့်သလဲ”

နန်းပေါင်ရီ၏ မျက်လုံးလေးတွေက တောက်ပ လက်ဖြာသွားသည်။

အမတ်မင်းက တကယ်ကြီး သူမကို မေးနေတယ်….

သူက အမတ်မင်းလေ…

အခုတော့ သူမက အမတ်မင်းကိုပြန်ပြီး သင်ကြားပေးရသောသူ ဖြစ်သွားတာလား…

သူမ ‘အမတ်မင်း၏ဆရာ’ ဆိုသော ဘွဲ့ကိုရသင့်နေပြီ…

သူမက အချိန် အတန်ကြာသည်အထိ အရယ်မရပ်နိုင်သေးပေ။

ရှောင်းယီ၏ အမြင်မှာတော့ သူမက ခွေးလေး တစ်ကောင်က အမြီးနှံ့ပြီး ဂုဏ်ယူနေသလိုပင်။

မိန်းကလေးက နှာခေါင်းထိပ်လေးကို ပွတ်သပ်လိုက်ပြီး တက်ကြွ ပျော်မြူးအားရစွာဖြင့် “အစ်ကို ၂ က လူမှန်ကို မေးမိတာပဲ၊ ညီမလေး ထင်တာတော့ လမ်းမကြီးနဲ့ သယ်ယူ ပို့ဆောင်မှုတွေကို တတ်နိုင်သလောက် မြန်မြန် ပိတ်ဆို့လိုက်ပြီး သူခိုးတွေကို ငွေတွေ သယ်ထုတ်ဖို့ အခွင့်အရေး မပေးနဲ့”

“ကျောင်းကျောင်းက တကယ်ကို ရင်သပ်ရှုမောဖွယ် ကောင်းအောင် တော်တာပဲ”

ရှောင်းယီက ချီးကျူး ပဏ္ဏာ တင်လိုက်သည်။

သူက ကောင်မလေး၏ အရေးကိစ္စတွေကို ကိုင်တွယ်နိုင်သော စွမ်းဆောင်ရည်ကို အကျင့်လုပ်ပြီး ပြုစုပျိုးထောင်ပေးဖို့ လှလှပပလေး ရည်ရွယ်ထားတာ ဖြစ်သည်။ သူက သူမကိုပိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစေချင်သည်။ ထို့ကြောင့် သူက သူမ ပြောတာတွေကို သွားလုပ်ဖို့ နောက်က ကိုယ်ရံတော်ကို အမိန့်ပေးနေသော အချိန်မှာ ရှီးခူက ရုတ်တရက် ပြေးဝင်လာတော့သည်။

သူက လက်ကိုယှက်၍ အရိုအသေ ပြုလိုက်ပြီး “သခင်လေး၊ လမ်းမကြီးနဲ့ သယ်ယူ ပို့ဆောင်တဲ့ ယာဉ်တွေကို ထိန်းချုပ်ဖို့ အစောင့်တွေကို မှာခဲ့ပါပြီ၊ ဒီသုံးရက်အတွင်း ဘယ်သူကမှ ကွမ်ရှန်းကနေ ထောက်ပံ့ငွေတွေနဲ့ ထွက်မသွားနိုင်တော့ပါဘူး”

သူ၏တုံ့ပြန်ချက်မှာ အမူအရာက အလွန်ကို ဂုဏ်ယူနေဟန်…

သူက ဘယ်လောက် လုပ်နိုင်ကိုင်နိုင်စွမ်း ရှိလဲဆိုတာ ကြည့်ပါဦး၊ သခင်လေးက သူ့ကို ရွှေချောင်း တွေတောင် ဆုအဖြစ် ပေးသင့်သေးသည်။

စားပွဲ၏ လေထုက အနည်းငယ် ထူးဆန်းသွားတော့သည်။

နန်းပေါင်ရီက အဖြူရောင် ကြွေပန်းကန်လေးကို ကိုင်ပြီး ရှောင်းယီကို တွေတွေငေးငေးလေး ကြည့်နေသည်။

အစ်ကို ၂ က ကျန်းရှီလန် လိမ်နေတယ်ဆိုတာကို သိပြီးသားတဲ့လား….

ရှောင်းယီက ဆွံ့အ ငြိမ်သက် သွားတော့သည်။

သူက ရှီးခူကို အေးစက်စက် လေသံနဲ့ “နန်းအိမ်တော်ကိုပြန်ပြီး ဝက်ပေါင်ခြောက်တွေ သွားပို့”

ရှီးခူ “….”

ဒါမတရားတာပဲ…

မဟုတ်သေး၊ သူက သခင်လေး၏ အမိန့်အတိုင်း တစ်သဝေေမတိမ်း ဆောင်ရွက်ခဲ့တာလေ၊ ဘာကြောင့် သူက ဆုမရဘဲနဲ့ အိမ်ပြန်ပြီး ဝက်ပေါင်ခြောက်တွေ သွားပို့ရမှာလဲ။

သူက အိမ်ပြန်ပြီး ဝက်ပေါင်ခြောက် သွားမပို့ချင်ပေ။ ရှီးခူက ငိုမဲ့မဲ့နဲ့ ထွက်သွားတော့သည်။

နန်းပေါင်ရီက ပန်းကန်လေးကို အချိန်အတော် ကြာသည်အထိ ငေးကြည့်နေပြီးနောက် မျက်တောင်တွေကို အလျင်အမြန် ပင့်လိုက်ပြီး တစ်ဖက်ခြမ်းက လူငယ်ကို ကြည့်လိုက်သည်။

သူက အနက်ရောင် လေးသည်တော် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး သားရေခါးပတ်နဲ့ စစ်ဖိနပ်ကို စီးထားသည်။ ဆံထုံးမှာတော့ အလွန်ကို အဖိုးထိုက်တန်သော ရွှေသရဖူကို ဆောင်းထားသည်။

သူ၏ ချောမော ကြည့်ကောင်းလှသော မျက်နှာမှာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေဟန်က ထင်ဟပ်နေသည်။

အမတ်မင်းက သူမကို သရုပ်ဆောင်ခြင်းကို အဖော်ပြုပေးနေသည် ဆိုတာက သူ၏နှလုံးသားထဲမှာ သူမ ရှိနေတယ် ဆိုသော အဓိပ္ပါယ်များလား….

သူက သူမကိုဘယ်လိုလုပ်ပြီး လှောင်ပြောင်ရတာလဲ။

သူမက နှုတ်ခမ်းကိုက်လိုက်ပြီး ရုတ်တရက် ထရပ်၍ ရှောင်းယီ၏ ဘေးမှာ သေချာထိုင်လိုက်သည်။ သူမက တူကိုယူလိုက်ပြီး ကြက်ခြေထောက် တစ်ချောင်းကို သူ၏ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်သည်။

သူမက လေသံတိုးဖွဖွဖြင့် “ညီမလေး နားလည်ပါတယ်၊ အစ်ကို ၂ က ညီမလေးကို လှလှပပလေး လိမ်နေတယ်ဆိုတာ၊ ဒါပေမယ့် ညီမလေးကို အစ်ကို့နည်းလမ်းနဲ့ ကောင်းကောင်း စောင့်ရှောက်နေတယ် ဆိုတာကို၊ အစ်ကို ၂ သဘောကျတာကို ညီမလေးက သဘောကျပါတယ်၊ တကယ်ပါ”

ရှောင်းယီက သူမကို ငုံ့ကြည့်လိုက်သည်။

ကောင်မလေး၏ မျက်ခုံးတွေက လခြမ်းလေးလို ကွေးညွတ်နေပြီး မျက်လုံးတွေက ပဲနီလေးလို ချိုမြိန်လှသည်။

ဒီအပြုံးချိုချိုလေးက သူ၏နှလုံးသားကို အလွန် အခုန်မြန်စေသည်။

သူ့ရင်ထဲက ခါးသီးသော မသက်မသာ ခံစားချက်တွေက ရုတ်တရက် ပျောက်ကွယ်သွားသည်။

အကြီးလေးနဲ့ အသေးလေးက ဘေးချင်းကပ် ထိုင်နေပြီး သူတို့၏ နေ့လယ်စာကို တိတ်ဆိတ်စွာ သုံးဆောင်နေကြသည်။

ရှောင်းယီက သူ၏ ဝတ်စုံလက်အိတ်ထဲက ငွေလက်မှတ် တစ်ထပ်ကြီးကို ထုတ်ယူလိုက်ပြီး “ကျောက်စိမ်းလမ်းက ပစ္စည်းတွေက မဆိုးဘူး၊ သွားလည်ပတ်ပြီး လိုချင်တာကို စိတ်ထဲထားမနေဘဲ ဝယ်ခဲ့၊ ငါက ထောက်ပံ့ငွေတွေ ကိစ္စကို အာရုံစိုက်လိုက်မယ်”

ငွေလက်မှတ် တစ်ထပ်ကြီးကို တွေ့သောအခါ နန်းပေါင်ရီ၏ မျက်လုံးတွေက စိမ်းဖန့်သွားသည်။

သူမက ငွေလက်မှတ်တွေကို ယူလိုက်ပြီး သူမက နန်းတော်က အပျိုတော်တွေထက် ပို၍လှပသော အရိုအသေ ပြုခြင်းမျိုးနဲ့ ဂါရဝပြုလိုက်သည်။

သူမက ပျော်ရွင်စွာနဲ့ ငွေတွေကို ရေတွက်လိုက်ပြီး “အစ်ကို ၂၊ ညီမလေးကို တကယ် မုန့်ဖိုးပေးတယ်”

ပိုပိုပြီး ရေတွက်လေလေ၊ ပိုပိုပြီး သူမ၏ နှုတ်ခမ်းထောင့်စွန်းလေးတွေက ကော့တက် လာလေလေပင်။

ရှောင်းယီက သူမ၏ခေါင်းလေးကို ပွတ်ပေးလိုက်ပြီး “အရင်တစ်ခေါက် ရွယ်မိသားစု အိမ်တော်က လေလံပွဲမှာ မင်းကို အတွင်းဝတ်လှလှလေး ဝယ်ပေးမယ်လို့ ငါပြောဖူးတယ်၊ ကြိုက်တဲ့ တစ်ထည် ဝယ်လာခဲ့ပြီး ညကျရင် အစ်ကို့ကိုဝတ်ပြ”

သူတို့နှစ်ဦး ပြောနေစဉ်မှာ ချန်းတယ်ကျင်နဲ့ နန်းယန်က အောက်ထပ်သို့ ဆင်းလာကြသည်။

နန်းယန်က ယပ်တောင်ကို တဖျပ်ဖျပ် ခပ်ရင်း နူးညံ့သော အသံက အဝေးမှ ပျံ့လွင့်လာသည်။

“ကျောင်းကျောင်း၊ အစ်ကိုချန်းက ငါ့ကို ရွှေစငါးဆယ်ပေးပြီး ကြိုက်သော အတွင်းဝတ် လှလှလေးတွေကို ညီမလေးနဲ့အတူ ဝယ်တဲ့၊ အစ်မနဲ့အတူတူ သွားချင်လား”

ရွှေစငါးဆယ်

နန်းပေါင်ရီက ကျယ်ကျယ်လောင်လောင်သာ အော်ရယ် လိုက်ချင်လေတော့သည်။
***

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset