အပိုင်း (၂၄၄)
နှုတ်ခမ်းထောင့်စွန်းက သွေးတွေကို သူလျှာနဲ့သပ်လိုက်တယ်
စည်ကား သက်ဝင်နေသော စားသောက်ပွဲကြီးက တစ်ခဏ ငြိမ်ကျသွားသည်။
သေရည်ဆိပ် တက်ပြီး မူးနေသော စစ်သူကြီးက ပြုံးရင်း “အမတ်မင်း ပြောတာကို ကြည့်ပါဦး၊ ဒါက အကလေး တစ်ပုဒ်ပဲလေ၊ ဘာလို့အရမ်း ဆတ်ဆတ်ထိမခံ ဖြစ်နေရတာလဲ နန်းမိန်းကလေး ၅၊ မင်းမှာ ခါးကျဉ်ကျဉ်လေးနဲ့ ခြေတံရှည်ရှည်လေးတွေ ရှိတာပဲ၊ အဲဒီလို ခန္ဓာကိုယ် အချိုးအစားမျိုးနဲ့ မကရင် နှမြောစရာကြီး၊ လာပါ၊ ဦးလေးအတွက်ကပြ……”
သူ၏စကားမဆုံးခင် ရှည်လျားသော ဓါးတစ်ချောင်းက သူ၏လည်ပင်းပေါ်သို့ ရောက်နေလေပြီ။
ဝေ့ကျန်းနန်က သေရည်တစ်ကျိုက်ကို အေးတိအေးစက်နဲ့ သောက်လိုက်ပြီး စစ်သူကြီးကို ပြုံးပြလိုက်ရင်း “ကျုပ်မမလေးကို အရှက်ကွဲအောင် စော်ကားလို့ မရဘူး”
နန်းပေါင်ရီက အေးခဲတောင့်တင်း သွားတော့သည်။ သူမ ခေါ်လာခဲ့သော ဦးလေးဝေက အလွန်ရဲရင့်မှန်း သူမ မထင်မိခဲ့ပေ။
ဓါးသိုင်းသမား ဆိုတာက လူသာမန်တွေ လုပ်နိုင်သော ကိစ္စတစ်ခုမဟုတ်။
ရှောင်းယီက မျက်လုံးတစ်ချက် စောင်း၍ ကြည့်လိုက်သည်။ အရင်တုန်းက နန်းကျောင်းကျောင်း ခေါ်လာသော ဒီလူကို သူမုန်းတီးခဲ့သည်။ ဒါပေမယ့် ထိုသူ၏ ဒီညလုပ်ရပ်ကိုတော့ သူကြည့်သာတယ် ဆိုရုံမျှ သာ။
စစ်သူကြီးက ရယ်မောနေသည်။ သူက ရှောင်းယီကို လှလှပပကြီး အရှက်ကွဲအောင် လုပ်ပြီး ဘုရင်ခံရွယ် ဆီက ဆုလာဘ်တွေကို တောင်းဖို့အတွက် ဆက်မပြောဘဲ နေလို့ မရတာကြောင့် ဆက်ပြောလိုက်သည်။
“ပျော်စရာတွေကို အရှက်ကွဲအောင် လုပ်တယ်လို့ ထည့်တွက်လို့ ဘယ်ရမလဲ စစ်သည်တော်တွေက အရမ်း စိတ်ဝင်စား နေကြတာကို မတွေ့ဘူးလား လူတိုင်းက အားပေးနေကြတာပဲ၊ ပြီးတော့ နန်းမိန်းကလေး ၅ ကလည်း…..”
သူ၏စကားလုံးတွေ ထွက်ကျမလာခင် သူ၏လည်တိုင်ကနေ သွေးတွေ ပန်းထွက် လာတော့သည်။ ထိုလူအိုကြီး၏ မျက်နှာက အပြုံးတစ်ဝက်နဲ့ ကျန်တစ်ဝက်ကတော့ အလွန် အံ့အားသင့်နေဟန်။ သူ၏ခေါင်းက ကြမ်းပြင်ပေါ်သို့ လိမ့်ကျသွားသည်။
ညစာစားပွဲက လုံးဝကို တိတ်ဆိတ် ငြိမ်သက် သွားတော့သည်။
ဝေ့ကျန်းနန်က နောက်ထပ် သေရည် တစ်ကြိုက်ကို ထပ်သောက်လိုက်ပြီး တည်ငြိမ်စွာနဲ့ နန်းပေါင်ရီကို ဦးညွတ်လိုက်သည်။
“မမလေးကို အစီရင်ခံပါတယ်၊ မမလေးရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် စော်ကားတဲ့ သူကို သုတ်သင်ပြီးပါပြီ”
နန်းပေါင်ရီ “…..”
သူမက တံတွေးမျိုချလိုက်မိသည်။
သေသွားသောသူက စစ်သူကြီးလေ၊ စစ်သူကြီး အဆင့်လေ…..
စစ်တပ်က စစ်သူကြီး တစ်ယောက်ကို အမိန့်မရဘဲ သတ်လိုက်တယ် ဆိုတာက သေဒဏ်ပင်။ ပြီးတော့ ထိုသေဒဏ် ကျနိုင်သော ပြစ်မှုက အမတ်မင်း၏ စစ်တပ်နဲ့လည်း စပ်ဆက်မှု ရှိနေသေးသည်။
ဘယ်လို ကိုယ်ရံတော်မျိုးကိုများ သူမ ခေါ်လာမိတာများလဲ….
သူမ၏စိတ်ကို ရှုပ်ထွေးသွားစေပြီး ရှောင်းယီကို ကြောက်လန့်တကြားနဲ့ ကြည့်လိုက်သည်။
သူမက တုန်တုန်ယင်ယင် အသံလေးဖြင့် “အစ်ကို ၂..၂..၂၊ ဦးလေး ဝေ့..ဝေ့ကလေ တမင် ရည်ရွယ်တာ မဟုတ်ရ….”
သူမ၏ စကားမဆုံးခင် အားလုံးနီးပါးက မတ်တပ် ရပ်လိုက်ကြပြီး သူတို့၏ ဓါးရှည်တွေကို ရှောင်းယီဆီသို့ ဦးတည်ထားကြသည်။
“တပည့်တို့ကို ဒီလူကို အပြစ်ပေးဖို့ အမိန့်ပေးပါ၊ အမတ်မင်းက ပုန်ကန်ချင်နေတာလား”
အလင်းရောင် အောက်မှာ ဓါးရှည်တွေက အေးစက်သော အလင်းတန်းတွေအဖြစ် ရောင်ပြန်ဟပ် နေသည်။ နန်းပေါင်ရီက ခိုက်ခိုက်တုန် လာပြီး ပို၍ ငိုချင်လာတော့သည်။
ဘုရင်ခံရွယ်နဲ့ သူမ၏အစ်ကို ၂ က လျှို့ဝှက်ပြီး အရဲစွန့် တိုက်ခိုက်နေကြမှန်း သူမသိသည်။ ဒီည စစ်သူကြီး၏ ခေါင်းဖြတ် သတ်ခံရသော ကိစ္စက ဘုရင်ခံရွယ်ကို လက်ကိုင်တုတ် တစ်ခု ပေးလိုက် သကဲ့သို့ပင်။
အစ်ကို ၂ ကိုကူညီမယ်ဆိုပြီး သူမက ပြဿနာအကြီးကြီး ရှာမိလိုက်လေပြီ။
သူမက ရှောင်းယီ၏ ဝတ်စုံလက်ကို ဆွဲရင်း မျက်နှာလေးက စိတ်လွတ်သွားသော အမူအရာနဲ့ “အစ်ကို ၂ ၊ စိတ်မပူနဲ့၊ ညီမလေး တစ်ယောက်တည်း တာဝန်ယူပါ့မယ်၊ အစ်ကို့ရဲ့ အနာဂတ်ကောင်းတဲ့ အစိုးရ အလုပ်ကို ဘယ်တော့မှ မထိခိုက်စေရဘူး၊ အဘွားကိုသာ ပြောပေးပါ၊ ကျောင်းကျောင်းက သူ၏ဘဝမှာ အရှက်သိက္ခာကို ဒူးအောက်မှာ ထားပြီး နောက်ဘဝမှာမှ မြင်းလိုနွားလို ပြန်ပေးဆပ်ပါ့မယ်လို့”
ရှောင်းယီက သူမဆီ အကြည့်ပို့ လိုက်သည်။ ကောင်မလေးက ဆိုးဆိုးဝါးဝါးကို ကြောက်လန့်နေပြီး တုန်ရီ နေလေသည်။
သူက ကြင်နာစွာနဲ့ သူမ၏ ပါးပြင်မို့မို့လေးကို ပွတ်သပ်လိုက်ရင်း “သေရည်တစ်ခွက် ထည့်ပေး”
“သေရည်ငှဲ့ပေးရမယ်”
နန်းပေါင်ရီက အံ့အားသင့်သွားပြီး ရုတ်တရက် နားလည်သွားသည်။ ဖြစ်နိုင်တာက ခေါင်းဖြတ်သတ်လို့ သူမ မသေခင်မှာ သေရည်တစ်ခွက် တိုက်မလို့ပင်။
သူမက သေရည်တစ်ခွက်ကို အလွန် ဝမ်းနည်း ဆွေးမြည့်ဖွယ် ကောင်းစွာ လောင်းထည့်လိုက်သည်။
ပြင်းရှသော ဝေ့ကျွင်း သေရည်၏ ရနံ့က အလွန်သင်းပျံ့လှသည်။
သူမက ဆွေးဆွေးမြည့်မြည့်နဲ့ ကောက်ယူလိုက်ပြီး သောက်ဖို့ လုပ်ပေမယ့် ရှောင်းယီက သူမ၏လက်ကို ကိုင်ထားလိုက်သည်။
လူငယ်က ရွှေလိုအဆင်းနဲ့ နှုတ်ခမ်းမှာ အပြုံးတစ်ပွင့် တင်ရင်း “ငါပြန်လာမှာကို စောင့်ပြီးမှသောက်”
ရှီးခူက မိုတောက် ဓါးရှည်ကို ရိုသေစွာ ကမ်းပေးလာသည်။
ကိုးပေအရှည်ရှိသော ဓါးရှည်က နက်မှောင်သော ကျောက်နက်နဲ့ လုပ်ထားပြီး ပါးလွှာပြီး ထက်ရှနေသည်။
သူမက နန်းပေါင်ရီ၏ မျက်ဝန်းလေးတွေကို ကြင်နာစွာ ဖိပိတ်ပေးလိုက်ပြီး “ငါ့အမိန့်မရဘဲ မင်း၏မျက်လုံးတွေကို ဖွင့်ခွင့်မပြုဘူး”
သူက မိုတောက်ဓါးရှည်ကို ပင့်လိုက်သည်။
နန်းပေါင်ရီက ချက်ချင်း ဒူးထောက်ပြီး မျက်လုံးတွေကို ဖိမှိတ်လိုက်သည်။ သူမ၏ ပိတ်ကျဲ ဝတ်စုံလေးကို လက်နဲ့ တင်းတင်းဆုပ်ရင်း အလွန့်အလွန်ကို ကြောက်မက်ဖွယ်ရာ ကောင်းသော တဲထဲက တိုက်ခိုက်နေသံ တွေကို သူမကြားနေရသည်။
အစ်ကို ၂ ၊ သူ…….
သူမအတွက်နဲ့ စစ်စခန်းထဲက စစ်သည်တွေ အားလုံးကို သတ်ပစ်ဖို့များ ကြံရွယ်ထားတာလား။
သွယ်လျသော ပခုံးပြင်က တုန်ယင်နေတာ မရပ်တော့ပါချေ။
သူမ မျက်လုံးဖွင့်ပြီး စစ်စခန်း၏ အခြေအနေကို ကြည့်ချင်ပေမယ့် သူမ မလုပ်ရဲပါချေ။
အချိန် ဘယ်လောက် ကြာသွားမှန်း သူမ မသိလိုက်၊ တိုက်ခိုက်နေသံတွေက တဖြည်းဖြည်းချင်း လျှော့ကျလာသည်။
နန်းပေါင်ရီက ရှောင်းယီ ထိခိုက်ဒဏ်ရာရမှာကို မကြည့်ရဲတာကြောင့် တတွတ်တွတ် ရွတ်မိသည်။
“ကျောက်စိမ်းဧကရာဇ်၊ ယွင်ရှီတန်ဇွင်း၊ တိုင်ရှန်းလောင်ကျွင်း၊ ဘုရား၊ ကွမ်ရင်မယ်တော်၊ ဘုရားလောင်း၊ ကျေးဇူးပြုပြီး ကျွန်မရဲ့အစ်ကို ၂ ကို လုံခြုံအောင် ကောင်းချီး ပေးတော်မူပါ”
ရှောင်းယီက သူမ၏ရှေ့မှာ ဒူးတစ်ဖက် ထိုင်ထောက်လိုက်သည်။ တဲထဲက နေရာတိုင်းမှာတော့ အလောင်းတွေ၊ သွေးကွက်တွေ၊ သွေးစီးကြောင်းတွေနဲ့ ပြည့်နေသည်။
ရဲမက်တစ်သိန်းထဲက ဘုရင်ခံရွယ်၏ သစ္စာတော်ခံတွေဟာ သူ့လက်နဲ့ နိဂုံးချုပ်သွားလေပြီ။
သူ့နှုတ်ခမ်းထောင့်စွန်းက သွေးတွေကို သူလျှာနဲ့ သပ်လိုက်ပြီး အလင်းရောင် အောက်က ကောင်မလေးကို ပြုံးကြည့်လိုက်သည်။
သူက နွေးထွေးစွာနဲ့ “တခြားသူတွေက ဘာသာတစ်ခုတည်းကိုပဲ ယုံကြည် ကိုးကွယ်ကြတယ်၊ မင်းကတော့ ကောင်းရော၊ တောက်ဓမ္မဆရာရော၊ ဗုဒ္ဓဘုရားရော နှစ်ခုလုံးကို ဆုတောင်းတော့တာပဲ …. အဲဒီ တော့ နန်းကျောင်းကျောင်း ယုံကြည်တာက ဘယ်ဘာသာလဲ”
နန်းပေါင်ရီက မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။ လူငယ်၏ မျက်ဝန်းအိမ်မှာ သွေးရောင်တွေ ရောင်ပြန်ဟပ်နေပြီး ရိုင်းစိုင်းသော နတ်ဆိုးတစ်ပါးလိုပင်။
ရယ်မောနေသော အသံကတော့ အလွန်ကို နွေးထွေးလှသည်။ သူမက နှာရှုံ့လိုက်ပြီး ရုတ်တရက် သူ့ပေါ်သို့ ခုန်တက်၍ သူ၏လည်တိုင်ကို တွဲခိုလိုက်သည်။
သူမက မျက်လုံးတွေကို ဖိပိတ်ထားပြီး မွန်းကျပ်ဆို့နင့်၍ မယုံကြည်နိုင်စွာနဲ့ “တောက်ဓမ္မပဲဖြစ်ဖြစ်၊ ဘုရားပဲဖြစ်ဖြစ်၊ အစ်ကို ၂ ကို လုံခြုံအောင် ကာကွယ် ပေးနိုင်မယ်ဆိုရင် ညီမလေးက ဘာကိုပဲဖြစ်ဖြစ် ယုံကြည်တယ်”
ရှောင်းယီက အနည်းငယ် တောင့်တင်း သွားတော့သည်။ သူ့နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာက နွေးထွေးမှုလေး တစ်ခု ဆွတ်ပျံ့လာသည်။ ထိုသည်က ပန်းပွင့်မျိုးစေ့လေးကို အပတ်တကုတ် ပင်ပင်ပန်းပန်း ကြိုးစား စိုက်ပျိုးထားပြီး နောက်ဆုံးတော့ မြေကြီးကို ဖောက်ပြီး အမြစ်ထွက်လာ သလိုပင်။
သူက သူမ၏ခေါင်းလေးကို ပွတ်သပ်လိုက်ပြီး သူမ ငှဲ့ပေးထားသော သေရည်ခွက်ကို ကောက်ယူလိုက်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
“သေရည်က နွေးနေတုန်းပဲ”
သူက ပြုံးရင်းချီးကျူးလာသည်။
နန်းပေါင်ရီက မြောက်မြားစွာသော အလောင်းတွေကို တစ်ချက် ကြည့်ပြီး မျက်လုံးလေးတွေ ဝိုင်းစက်သွားပြီး “ဒီလူတွေက ဘုရင်ခံရွယ်ရဲ့ လက်ပါးစေတွေလေ၊ အစ်ကို ၂ က သူတို့ကို ပျော်ပျော်ကြီး သတ်လိုက်တာ၊ အကျိုးဆက်ကို မစဉ်းစားတော့ဘူးလား”
ရှောင်းယီက အဝေးမှာ ဓါးကိုကိုင်ပြီး ရပ်နေသော ဝေ့ကျန်းနန်ကို အကြည့်ပို့လိုက်သည်။
သူက တင်းမာစွာနဲ့ “လူတစ်ယောက်ကို သတ်တာလဲ လူသတ်မှုပဲ၊ လူတစ်စုကို သတ်တာလဲ သတ်တာပဲ၊ ဘာကွာခြားချက်မှ မရှိဘူး၊ အခု သူတို့ အယောက်ပေါင်း များစွာကို သတ်လိုက်ရရုံတင်ပဲ”
သူက အချိန်အကြာကြီး ဒီစစ်တပ်ကို တွယ်တာ မက်မောခဲ့သည်။
ဒီည ဝေ့ကျန်းနန်၏ အပြုအမူက သူ့ကို အိပ်ရာမှ နှိုးလိုက်သလိုပင်။
နန်းပေါင်ရီက သေဆုံးသွားသော စစ်သူကြီးကို ထပ်ကြည့်လိုက်သည်။ ဒီအလောင်းက ပြဿနာ အားလုံး၏ အစဖြစ်သည်လေ။ ဝေ့ကျန်းနန်က ထိုစစ်သူကြီးကို စပြီး သတ်လိုက်တာမို့ သူက ကြောက်လန့်ပြီး ဖြူဖျော့နေသည်။
ရှောင်းယီက နောက်ပိုင်း ကိစ္စအသေးအဖွဲတွေကို ရှင်းလင်းရဦးမှာမို့ နန်းပေါင်ရီက သူ့ကို မနှောင့်ယှက်တော့ဘဲ သူမကို နေရာချပေးထားသော နေရာဆီသို့ ပြန်သွားတော့သည်။
သူမနဲ့ နန်းပေါင်ကျူး၏ တဲက ဘေးချင်းကပ်ရက် ဖြစ်သည်။
ဝေ့ကျန်းနန်၏ အရိပ်အောက်မှာ သူမက စစ်စခန်း တဲကြီးကို ချန်ထားခဲ့ပြီး လျှောက်ထွက်သွား တော့သည်။
စစ်သည်တွေ၏ ညခင်း လေ့ကျင့်နေသံကို အဝေးမှကြားနေရသည်။
နန်းပေါင်ရီက ကန့်လန့်ကာကို လှပ်လိုက်ပြီး ဝေ့ကျန်းနန်ကို ကျောပေး၍ ရုတ်တရက် ခေါ်လိုက်သည်။
“ဦးလေး”
“မမလေး”
“ကျွန်မ ဘုရင်ခံရွယ်နဲ့ ရွယ်အိမ်တော် ညစာစားပွဲမှာ တွေ့တုန်းက သူရဲ့ နွေးထွေးတဲ့ ဧည့်တွေ့ဆောင်ထဲမှာ ပန်းထိုးကန့်လန့်ကာ တစ်ခုရှိတယ်၊ ကန့်လန့်ကာရဲ့ နောက်မှာတော့ မိန်းမလှတစ်ယောက်က လှဲနေတယ်၊ အစ်ကို ၂ ပြောတာတော့ သူက ဘုရင်ခံရွယ် ချစ်မြတ်နိုးရတဲ့ မိန်းမတဲ့”
နန်းပေါင်ရီက ဖြည်းဖြည်းချင်း လှည့်လိုက်ပြီး ဝေ့ကျန်းနန်ကို တည့်တည့် စိုက်ကြည့်၍ “ဦးလေး တစ်ခါပြောဖူးသော ဆယ်နှစ်ကြာ ကွဲကွာသွားသော ဦးလေးရဲ့ ဇနီးသည် အကြောင်းကိုလေ။ ကျွန်မ ထင်တာတော့ ဘုရင်ခံရွယ်၏ အချစ်မြတ်နိုးဆုံး အလှလေးက ဦးလေးရဲ့ ပျောက်နေတဲ့ဇနီးပဲ၊ ဟုတ်တယ် မလား”
ဝေ့ကျန်းနန်က သေရည်တစ်ငုံ မော့သောက်လိုက်ပြီး ပုံမှန်မဟုတ်စွာနဲ့ မျက်လုံးတွေက ပြုံးနေလေသည်။
“လမ်းပေါ်မှာ တွေ့တာက မတော်တဆတစ်ခု မဟုတ်ခဲ့ဘူး၊ ဦးလေး စီစဉ်ထားတာ၊ ဦးလေးက နန်းအိမ်တော်ကိုဝင်ဖို့ ကျွန်မကို အသုံးချပြီး အစ်ကို ၂ နဲ့ ရင်းနှီးချင်တာ၊ ဘာလို့လဲဆိုတော့ အစ်ကို ၂ တစ်ယောက်တည်းကသာ ဘုရင်ခံရွယ်ကို တိုက်ခိုက်နိုင်တာကို ဦးလေးသိလို့၊ ဒီည ဦးလေး စစ်သူကြီးကို သတ်လိုက်တာက ကျွန်မကြောင့် မဟုတ်ဘူး၊ အစ်ကို ၂ ကို ဖိအားပေးဖို့၊ အစ်ကို ၂ ကို ဖိအားပေးပြီး အရက်စက်ဆုံး နည်းလမ်းကိုသုံးပြီး စစ်သည်တစ်သိန်းကို အောင်နိုင်ဖို့၊ သူတို့ကြားက ပရိပက္ခတွေကို ပိုပြီး ပြင်းထန်စေချင်လို့၊ သူတို့ရဲ့ တွန့်ဆုတ်နေသော လက်တွေကို ဖြတ်ချပြီး အေးချမ်းစေချင်လို့”
ကောင်မလေး၏ စကားလုံးတွေက ရှင်းလင်းနေပြီး မီးငှက်မျက်လုံးကြီးတွေက ပြတ်သားနေသည်။
လေတဝှေ့က အိပ်ခန်းဆောင်တဲကို ဖြတ်တိုက်သွားပြီး ညလယ်ခေါင်မှာ အနည်းငယ် အေးမြ သွားစေသည်။
ဝေ့ကျန်းနန်က သေရည်နောက် တစ်ကျိုက်ကို မော့လိုက်သည်။ သူ၏မျက်နှာက ပုံမှန်အတိုင်း အပြောင်းအလဲမရှိ တည်ငြိမ်နေသည်။
သူ၏ မျက်လုံးတွေကသာ လျင်မြန်စွာ နီစွေးလာလေတော့သည်။
***