အပိုင်း (၂၁၄)
ညစာစားပွဲက အလှဆုံးကျားလေး
ညစာစားပွဲကို မဆိုထားနှင့် သားသမီးတို့၏ ဝတ္တရားကို ထိန်းသိမ်းဖို့ ချန်းတယ်ယွီနဲ့ မင်္ဂလာပွဲကိုတောင် နောက်သုံးနှစ်အထိ ရွှေ့ဆိုင်းသင့်တာ ဖြစ်သည်။
နန်းယန်က ဂရုမစိုက်ပဲ “သူက နန်းအိမ်တော်ရဲ့ မောင်းမ တစ်ယောက်သာပဲလေ၊ သူက အစေခံတစ်ယောက်နဲ့ ဘာမှမခြားဘူး၊ သေသွားရင်တောင် ငါနဲ့ ဘာဆိုင်လဲ။ ငါ့အမေက ချန်းယဲ့ရူပဲ၊ အခုကစပြီး ချန်းယဲ့ရူ တစ်ယောက်တည်းကိုပဲ သိတော့တယ်၊ လျိုရှောင်မုံ့ ဆိုတာကို မသိတော့ဘူး”
ထိုစကားလုံးတွေက နန်းပေါင်ရီရဲ့ အမြင်ကို အလင်းပွင့် သွားစေသည်။
သူမက လေးနက် တည်ကြည်စွာဖြင့် “နင့်အမေက နင့်ကို ဒီတိုင်းပဲ သင်ထားတာလား။ နင်မွေးလာခါစမှာ လည်ပင်းညှစ်ပြီး မသတ်မိတာကို နောင်တရ နေလောက်မယ်”
“သေတာက သေပြီပဲ၊ အသက်ရှင်နေတဲ့ သူကတော့ ဒီလိုပဲ နေရဦးမှာပဲ၊ ကျိန်းသေပေါက် သူမျှော်လင့်တာက ငါ့ကို နင့်ထက်သာ စေချင်တာ၊ နင့်ကို ငါ့ခြေထောက်အောက်မှာ နင်းခြေပစ် စေချင်တာ၊ နင့်အမေရဲ့ နောက်ကျောကို သူ့ခြေထောက်အောက်မှာ တက်နင်း ထားနိုင်သလိုပေါ့၊ နန်းပေါင်ရီ ကြည့်ကြသေးတာပေါ့”
နန်းပေါင်ရီက ထိုနေရာမှာရပ်ရင်း သူမထွက်သွားတာကို ကြည့်နေသည်။
လေအေးများ တဖြူးဖြူး တိုက်ခတ်နေပြီး အနည်းငယ် အေးလာသည်။
နန်းယန် ပြောသွားသလိုပဲ သူမအမေ အသက်ရှိနေစဉ်ကလည်း သူမအဖေ၏ နှလုံးသားကို ဘယ်တုန်းကမှ မပိုင်ဆိုင်ခဲ့ရပါချေ။ ပြီးတော့ အမေက လျိုရှောင်မုံ့ကြောင့် ဘယ်လောက်တောင် နာကျင်ခံစားခဲ့ရမှန်း သူမ မသိခဲ့။ သို့သော်လည်း သူမနှင့် အမေကတော့ မတူညီပါပေ။
သူမက နန်းယန်ကို လုံးဝ ရှုံးနိမ့်သွားအောင် လုပ်ပစ်နိုင်သည်။
သူမက ဆုန်းဟယ့်ခြံကို ပြန်ရောက်သောအခါ “ဟယ်ယဲ့၊ ငါ့ကို ရတနာ သေတ္တာ နှစ်လုံးလောက် ယူပေးပါ”
“ရတနာတွေရွေးပြီး ဘာလုပ်မလို့လဲ”
ဟယ်ယဲ့က နားမလည်ပေ။
နန်းပေါင်ရီက များများစားစား ရှင်းပြမနေပါချေ။
အစ်ကို ၂ က သူမကို ထိခိုက်မည် စိုးသောကြောင့် ညစာစားပွဲကို မခေါ်သွားမှာ ကျိန်းသေသည်။ သို့သော်လည်း ဒီတစ်ခေါက် ရွယ်မိသားစု၏ ညစာစားပွဲက အန္တရာယ် များနိုင်သည်။ သူမက သူ့ကို တစ်ယောက်တည်း အန္တရာယ်တောထဲသို့ မလွှတ်လိုက်နိုင်ပါချေ။
ထပ်ဖြည့်ပြောရရင် ရွယ်မိသားစု၏ ရန်သူက အစ်ကို ၂ တစ်ယောက်တည်း မဟုတ်ဘဲ သူမလည်း ဖြစ်သည်။
သူမက နွေဦးကျောက်စိမ်း စံအိမ်၏ သခင်မအဖြစ် ဟန်ဆောင်ပြီး စားပွဲကို တက်ရောက်မှာ ဖြစ်သည်။ မှောင်ရိပ်ထဲမှာပဲနေပြီး အစ်ကို ၂ ကို နေရာတိုင်း အချိန်တိုင်းမှာ စောင့်ရှောက်ပေးရမည်။
ရတနာတွေကိုတော့ လှူဒါန်းဖို့အတွက် သုံးရမည်လေ။ အလှူအကြောင်း တွေးမိသောအခါ နန်းပေါင်ရီက ရုတ်တရက် ရပ်သွားမိသည်။
ဟယ်ယဲ့က “မမလေး၊ ဘာများဖြစ်လို့လဲ”
နန်းပေါင်ရီက နှုတ်ခမ်းတွေကို ညွတ်လိုက်ပြီး ပြုံးလိုက်သည်။ နန်းယန်က ပြောသွားသည်။ ချန်းတယ်ယွီက သူမကို ညစာစားပွဲ တက်ရောက်ဖို့ ဖိတ်သည်တဲ့။ ပွဲကို တက်ရောက်ကြတဲ့ မိန်းကလေးတွေက ကျောက်မျက်ရတနာတွေ လှူဒါန်းရမှာကို နန်းယန်က မသိသေးဘဲ အလွန် ပျော်ရွှင်နေတာ ဖြစ်သည်။
နန်းယန်…..
သူ့မှာ ကျောက်မျက်ရတနာရော ရှိလို့လား။
ရွယ်မိသားစု၏ ညစာစားပွဲက နောက်သုံးရက်နေရင် ကျရောက်တော့မည်။ နန်းပေါင်ရီက မီးခိုးရောင်ဝတ်စုံကို လှပစွာ ဆင်မြန်းထားသည်။ ပိတ်ကျဲဝတ်စုံကို အလင်းက ထိုးဖောက်နေပြီး တိမ်မျှင်တွေက မြစ်ကိုတောင် ဖြတ်သန်းလို့ရသည် အထိကို ကျယ်ပြန့်သည်။
အပေါ်ဝတ်ရုံကတော့ ရွှေရောင်ဖျော့ဖျော့ဖြစ်ပြီး အလွန် ကောင်းမွန်၍ စွဲမက်ဖွယ်ရာ ကောင်းလှသည်။ အာရုံကို စိုးမိုးထားနိုင်ပြီး အလွန်အမင်း ဖြားယောင်း သွေးဆောင်နိုင်သည်။
ဆံထုံးလေးကို မြင့်မြင့်ထုံးထားပြီး ရွှေဆံထိုး သုံးချောင်းကို ထိုးစိုက်ထားသည်။ ဖြူဝင်း သွယ်လျနေသည့် လည်တိုင်လေးကို ပိုပြီး လှစ်ဟပြ နေသလိုပင်။
သူမက အလှပြင်ခုံရှေ့မှ ထိုင်နေရင်း အနီရင့်ရောင် နှုတ်ခမ်းနီကို လက်ချောင်းလေးနှင့် ယူပြီး ညှပ်ရိုးမှာ အနီရောင် နှုတ်ခမ်းရာလေးကို ဆွဲလိုက်သည်။
ဟန်ပန်က ဝိုးတဝါးနဲ့ ညှို့အားပြင်းလှသည်။
သူမက အနီရောင် နှုတ်ခမ်းပုံလေးကို ဟန်ယန့်လျန်၏ ညှပ်ရိုးမှာ တွေ့တုန်းက နွေဦးကျောက်စိမ်း စံအိမ်၏ အမှတ်သင်္ကေတ တစ်ခုလို့ ထင်ခဲ့သည်။ ပြဇာတ်ကို ဗန်းပြပြီး သူမက အတွင်းပိုင်းမှာတော့ စီးပွားရေးကို လျှို့ဝှက်ပြီး လုပ်နေခဲ့သည်။
မမျှော်လင့်စွာပဲ သူမက အရေပြားပေါ်မှာ နှုတ်ခမ်းနီနှင့် ဆွဲထားတာ ဖြစ်နေသည်လေ။ သူမက ဟန်ယန့်လျန်ကို ထိုပုံစံကို စိတ်ဝင်တစား မေးမြန်းသောအခါ သူမ၏ပေါင်မှာလည်း ဆွဲထားကြောင်း သိရသည်။
ထိုစဉ်က သူမက စိတ်မဝင်စားခဲ့ပေ။
ဟယ်ယဲ့က လက်ဖက်ရည်ဗန်းကို ကိုင်ပြီး ဝင်လာသောအခါ သူမ၏ သခင်မလေးက မျက်နှာချေ အများကြီးကို လိမ်းထားတာကို တွေ့လိုက်ရသည်။
သူမက ကြက်သေ သေသွားရပြီး “မမလေး….”
နန်းပေါင်ရီက နောက်ကို လှည့်ကြည့်လိုက်ပြီး သူမက မျက်စိတစ်ဖက် မှိတ်ပြလိုက်ရင်း “ငါလှလား”
“ဒီရက်တွေမှာ ရာသီဥတုက ဖောက်ပြန်နေတယ်၊ ပူလိုက်အေးလိုက်နဲ့၊ မမလေးက ဒီလို ဝတ်ထားတယ်ဆိုတာ ရူးများနေသလား။ မိုးနတ်မင်းရယ်၊ ဖုံးကွယ်သင့်တဲ့ နေရာတွေကို အရမ်း ဖော်မလွန်းဘူးလား။ မမလေးရဲ့ လက်မောင်းသားတွေကိုတောင် မြင်နေရပြီ”
သူမက မြန်မြန် လက်ဖက်ရည်ဗန်းကို ချလိုက်ပြီး “မမလေး၊ ဝတ်စုံကို မြန်မြန် လဲလိုက်ပါ၊ ကျွန်မ မမလေးကို တကယ် ဆူချင်နေပြီ”
“ငါမလဲဘူး”
နန်းပေါင်ရီက ပိတ်စတစ်စကို ယူပြီး သူမရဲ့ မျက်နှာလေးကို ဖုံးအုပ်လိုက်သည်။
“ကြည့်လေ၊ ငါအခုလို ဝတ်လိုက်တော့ ဘယ်သူကမှ နန်းအိမ်တော်က ကောင်မလေးလို့ မသိကြတော့ဘူး”
ဟယ်ယဲ့ “….”
ဘယ်လို နည်းလမ်းကြီးလဲ။
တခြားသူတွေက နန်းအိမ်တော်က မိန်းကလေးမှန်း မသိကြရင်တောင် သူတို့ကို ဖုံးကွယ်အပ်တဲ့ အလှတရားတွေိကိုတော့ ထုတ်မပြသင့်ဘူး မဟုတ်လား။
ဒါက ခေါင်းလောင်းသူခိုးနဲ့ ဘာကွာတော့လို့လဲ။
သူမက ခါးသီးစွာနဲ့ ဖျောင်းဖျ လိုက်သည်။
“မမလေး၊ မိန်းကလေး တစ်ယောက်က ကျင့်ဝတ်စည်းကမ်းတွေကို လိုက်နာရမယ်၊ မသင့်တော်တဲ့ ကိစ္စတွေဆို ဘာကိုမှ မလုပ်ရဘူး၊ မမလေးရဲ့ ဝတ်စုံက အရမ်းကို အဆင်မပြေဘူး၊ လောကဝတ်တွေနဲ့ ဆန့်ကျင်နေတယ်၊ ထပ်ပြီးတော့ မမလေးက လည်ပင်း ညှပ်ရိုးပေါ်မှာ ပုံတောင်ဆွဲထား သေးတယ်၊ အနီရောင် နှုတ်ခမ်းရာက အရမ်း…. အရမ်း….ကို အိုး….”
သူမက မျက်နှာကို ကွယ်ပြီး ခြေထောက်ကို ဆောင့်လိုက်သည်။ ပါးဖောင်းလေးတွေက သိသိသာသာကို စိတ်ဆိုးစွာနဲ့ ဖောင်းတက်နေသည်။
နန်းပေါင်ရီက မသိကျိုးကျွံ ပြုလိုက်သည်။
သူမက ယူဆောင်ရမဲ့ ပစ္စည်းတွေကို ကောက်ယူ ထုတ်ပိုးလိုက်ပြီး “ငါက ဒီည နွေဦးကျောက်စိမ်း စံအိမ်ရဲ့သခင်မ ဟန်ယန့်လျန်ပဲ၊ ငါက ဘုရင်ခံရွယ် အိမ်တော်က ညစာစားပွဲကို တက်ရောက်ရမယ်၊ ဟယ်ယဲ့ ငါ့နောက်ကို လိုက်ခဲ့စရာ မလိုဘူး”
“မမလေး…..”
နန်းပေါင်ရီက လှည့်ကြည့်လိုက်ပြီး အမိန့်သံနဲ့ “ငါ့နောက်ကို နင်လိုက်လာရဲရင် နင်ဘယ်တော့မှ ငါ့နောက်ထပ် လိုက်စရာ မလိုတော့ဘူး”
ဟယ်ယဲ့က ယိုင်နဲ့စွာနဲ့ ရပ်နေပြီး သူမကို စိုးရိမ်ဟန် စွက်နေဆဲပင်။
သူမက ဟန်ယန့်လျန်နဲ့ ချိန်းဆိုထားပြီး သူမက နန်းပေါင်ရီကို ကြိုဖို့ နန်းအိမ်တော်၏ အနောက်တံခါးကို ရထားလုံး လွှတ်ပေးလိုက်မှာ ဖြစ်သည်။
နန်းပေါင်ရီက သစ်သား ရထားလုံးလေးထဲကို ဝင်လိုက်သောအခါ အစေခံက လှည်းကို ငြိမ့်ညောင်းစွာ မောင်းနေပြီး သူမ၏ ခါးမှာတော့ ဓါးရှည်တစ်ချောင်းကို ချိတ်ထားသည်။ ကျွမ်းကျင် ပြောင်မြောက်တဲ့ အရည်အချင်းရှိပြီး သူမကို ကာကွယ်ပေးနိုင်မှာ သေချာသည်။
သူက တိတ်တိတ် ပြောလိုက်သည်။ ဟန်ယန့်လျန်က ဘာသာအယူဝါဒ သုံးခုနဲ့ အဆင့်ကိုးဆင့် ခွဲခြားထားသည့် နေရာမှာ မွေးဖွားလာပေမယ့် သူမက ကောင်းမွန်သော မိသားစုက မိန်းကလေး တစ်ယောက်နှင့် မတူပေ။ သို့သော်လည်း သူမက ပြည့်စုံကုံလုံသလို ဟန်ဆောင်ပြီး ကျယ်ပြန့် နက်ရှိုင်းသော ဆက်ဆံရေးတစ်ခု ဖြစ်ဖို့ ထိုက်တန်လှသည်။
လမ်းမရှည်ကို ဖြတ်ပြီး ရထားလုံးက မောင်းနှင် သွားတော့သည်။
ညစာစားပွဲက ပိုင်ကျောင်း ဆင်ခြေဖုံးမှာ ကျင်းပမှာဖြစ်ပြီး ရထားလုံးနဲ့ သွားရင် အမွှေးတိုင် နှစ်တိုင်စာ အချိန်ယူရသည်။
မြို့တော်ရဲ့ တောင်ဘက် ဂိတ်တံခါးကို ဖြတ်သန်းသွားပြီး လမ်းမရှည်ကို ဖြတ်သွားရင် ဘာမှပြောစရာ မလိုတော့ချေ။
ရထားလုံးက ကျောက်သား တံတားလေးပေါ်ကို ဖြတ်ပြီး မောင်းနှင်သောအခါ အစေခံက ပြောလာသည်။
“ဒီတံတားကို ယင်းမာတံတားလို့ ခေါ်တယ်၊ ဆယ်မီတာရှည်တယ်၊ နန်းအိမ်တော်ကနေ ညစာစားပွဲကို သွားဖို့ တစ်ခုတည်းသော လမ်းပဲ”
နန်းပေါင်ရီက သူမ၏စကားထဲ၌ အဓိပ္ပါယ်တချို့ ရှိနေသည်ကို သိပြီး “မင်းတစ်ခုခု မှားနေတာ တွေ့လို့လား”
အစေခံက “နွေဦးကျောက်စိမ်း စံအိမ်က လူတိုင်းမှာ ကိုယ်ပိုင် အရည်အချင်းတွေ ရှိကြတယ်၊ ဒီအစေခံ ဆိုရင်လည်း ဥပမာပြောရရင် အနံ့ခံ အရမ်းကောင်းတယ်၊ ကျွန်မက အဆိပ်ရဲ့ အနံ့ကိုတောင် ခံနိုင်ကြတယ်၊ အဲဒါ ဒီည သခင်မဟန်က ဒီအစေခံကို သခင်မလေးနဲ့ လိုက်ခိုင်းရတဲ့ အကြောင်းအရင်းပဲ၊ သူက တခြားသူက လက်ဖက်ရည်တွေ၊ သေရည်တွေထဲမှာ အဆိပ်ခတ်နိုင်လို့”
“ယန်လျို၊ နင်တစ်ခုခု အနံ့ရလို့လား”
“ယမ်းမှုန့်”
အစေခံက ယင်းမာတံတားပေါ်မှာ ရထားလုံးကို ဖြတ်မောင်းနေပြီး “တံတားအောက်မှာ ယမ်းမှုန့် အများကြီးကို ဖွက်ထားတယ်၊ ယင်းမာတံတား တစ်ခုလုံးကို ဖြိုဖျက်ပစ်နိုင်တယ်”
နန်းပေါင်ရီ၏ မျက်နှာက အနည်းငယ် အေးစက်သွားသည်။ ဘုရင်ခံရွယ်က အစ်ကို ၂ ကို ကြံစည်ဖို့ စီစဉ်ထားတာကို သူမသိသည်။
အစ်ကို ၂ က သူ့ကိုခစားဖို့ ငြင်းဆန်နေဦးမယ် ဆိုရင် ညစာစားပွဲပြီးသွားရင် သူက တစ်ယောက်ယောက်ကို လွှတ်ပြီး သူဖြတ်သွားသော အချိန်မှာ တံတားအောက်က ယမ်းမှုန့်တွေကို မီးရှို့ပြီး ယင်းမာတံတားကို ပေါက်ကွဲအောင် ဖျက်ဆီးပစ်မှာ ဖြစ်သည်။
အစ်ကို ၂ က ဘယ်လောက်ပဲ တော်တော် ယမ်းမှုန့်၏ ပေါက်ကွဲမှုဒဏ်ကိုတော့ တောင့်မခံနိုင်လောက်ပေ။
နန်းပေါင်ရီ၏ မျက်နှာက ဖြူလျော့လျော့ ဖြစ်သွားရတော့သည်။ ဒီအကြောင်းကို သူမ အစ်ကို ၂ ကို ပြောမှဖြစ်မည်။
နွေဦးကျောက်စိမ်း စံအိမ်၏ ရထားလုံးက နောက်ဆုံးတော့ ပိုင်ကျောင်း၏ အပြင်ဘက်မှာ ရပ်တန့် သွားသည်။
ရွယ်မိသားစုပိုင် ပိုင်ကျောင်းက ဆယ့်နှစ်ဧက ကျယ်ပြောပြီး တောင်တွေ၊ ရေကန်တွေပါ ပါဝင်သည်။ မို့မောက်နေသော ဧည့်တွေ့ဆောင်တွေ၊ အလွန်ကောင်းမွန်သည့် သဘာဝရှုခင်းတွေ၊ မီးအိမ်ပေါင်း ထောင်ချီ ထွန်းညှိထားပြီး အင်မတိ အင်မတန်ကို ခမ်းနားထည်ဝါလှသည်။
နန်းပေါင်ရီက လှည်းထဲကနေ ထွက်ဖို့ မစောင့်နိုင်တော့ပေ။ ပိုင်ကျောင်း၏ အပြင်ဘက်၌ ရထားလုံးတွေ အများကြီးကို တွေ့လိုက်ရပြီး ကျင်းကွမ်မြို့၏ ရာထူးဂုဏ်သိမ် ကြီးမြင့်သော သူများနှင့် ပြည့်နေသည်။
ညချမ်းချိန် ရောက်ခဲ့ပြီ။
တောင်အစွန်အဖျားမှာ ကျင်းပသော ညစာစားပွဲဖြစ်သည်။
သို့သော်လည်း အဲဒါက တကယ်တော့ “အလုပ်များနေတဲ့ မြို့တော်က သနားစဖွယ်၊ ဘယ်သူကမှ သတိမရကြ၊ တောင်တွေက ကြွယ်ဝပြီး ဆွေမျိုး အပေါင်းအဖော်တွေနဲ့ စုဝေး” ဆိုသလိုပင်။
သူမက ဝတ်ရုံစကို မလိုက်ပြီး တံခါးဆီသို့ လျှောက်သွား လိုက်သည်။ ဟန်ယန့်လျန်က ဘယ်နေရာကနေ ဖိတ်စာရထားမှန်း သူမ မသိပေမယ့် သူမက စံအိမ်တော်ထဲကို အလွယ်တကူ ဝင်သွားနိုင်သည်။
သူမက အမတ်မင်းကို ရှာတွေ့ဖို့ စိတ်လောနေစဉ်မှာ ယန်လျိုက သတိပေးလိုက်သည်။
“မမလေး၊ ကျွန်မတို့ သခင်မက လမ်းလျှောက်ရင် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ကြာပန်းတွေ ပွင့်နေသလို လှပပြီး ဆွဲဆောင်မှုရှိတာ၊ မမလေးက သူနဲ့မတူဘူး၊ ဆွဲဆောင်မှုရှိရှိ လျှောက်ဖို့ လိုတယ်လေ၊ လူတိုင်းရဲ့အာရုံကိုလည်း ဆွဲဆောင်နိုင်ရမှာ၊ ကျွန်မတို့ သခင်မပြောထားတာ သူက ဘယ်နေရာကိုပဲ သွားသွား အားလုံးထဲမှာ အချောအလှ ထိပ်ခေါင်ပဲတဲ့”
နန်းပေါင်ရီက စဉ်းစားလိုက်သည်။ မျက်ခုံးတွေက ကော့စင်းနေပြီး သူမက ညှို့အားပြင်း နေဆဲပင်။ ဘယ်သူကများ သူမကို သိမှာလဲ။ လည်ပင်း ညှပ်ရိုးပေါ်က အနီရောင် နှုတ်ခမ်းရာလေးက မလုံလောက်လို့လား။
လူတွေအများကြီးက သူမကို ကွက်ကြည့်ကွက်ကြည့် ကြည့်နေကြပြီပဲလေ။
***