အပိုင်း (၂၁၁)
သူမက ချမ်းသာကြွယ်ဝတဲ့ အိမ်တော်က ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ဖို့ ထိုက်တန်လှတယ်
သူမအဖေ၏ နာမည်ပြောင်က ‘တောင်ဦးထုပ်’ ဖြစ်တာကြောင့် နန်းကျင်ကိုလည်း ‘ဒုတိယ ဦးထုပ်စိမ်း’ ဆိုသည့် နာမည်တွင်သွားမှာကို သူမက ဘယ်လိုမှ စိတ်မရှိပါချေ။
သူက အဖေ့စီးပွားရေးကို အမွေဆက်ခံ လိုက်သလိုပင်။
နောက်တစ်နေ့မှာတော့……
နန်းပေါင်ရီ အိပ်ရာထဲ၌ ရှိနေဆဲမှာပင် ဟယ်ယဲ့က စောင်ကိုဆွဲပြီး သူမကို လှုပ်နှိုးရင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလာသည်။
“မမလေး၊ ထတော့လို့၊ အပြင်ဘက်မှာ သတင်းထူးတစ်ခု ပြန့်နေတယ်၊ အဲဒါကိုကြားရင် မမလေး အရမ်း ပျော်မှာ”
နန်းပေါင်ရီက သူမ၏ ဆွဲထူခြင်းကို ခံလိုက်ရပြီး ပခုံးကို လှုပ်ယမ်းမှုကို ကြံ့ကြံ့ ခံနေရသည်။
သူမက အိပ်ချင်မူးတူး မျက်လုံးတွေကို ပွတ်သပ်လိုက်ပြီး အသံက ရှုပ်ထွေးနေပြီး “ဟယ်ယဲ့၊ နင်က ကျောက်ဝမ်ခြံကနေ ပြန်လာတာအစောကြီးပဲ၊ ဘာလို့ထပ်ပြီး မအိပ်နေတာလဲ…”
“ဘာလို့အိပ်ရမှာလဲ”
ဟယ်ယဲ့က ရေချိုးပေးရန် စောင့်နေသည့် အစေခံငယ်လေးများကို ခေါ်လိုက်ပြီး ထူးထူးဆန်းဆန်းဖြင့် “မနေ့ကမှ နန်းကျင်က လျိုလန်အာနဲ့ လက်ထပ်တာ မဟုတ်လား။ ရလဒ်ကတော့ မနေ့ညက လျိုလန်အာက သခင်လေးဆီက ရွှေတွေ၊ ငွေတွေ အားလုံးကို ယူပြီး ရွှေတွေကျောက်စိမ်းတွေ၊ သူရဲ့လက်ဖွဲ့ပစ္စည်း ထိုင်ခုံတွေကိုပါ ယူသွားတယ်”
“အိုး…”
နန်းပေါင်ရီက မိုးမခခက် တစ်ခက်ကို ယူလိုက်ပြီး ဆားပွင့်ထဲကို နှစ်၍ သွားကို သေချာတိုက် နေသည်။
ဟယ်ယဲ့က လှုပ်ခါနေပြီး “ဒီအစေခံ ကြားခဲ့တာက ကျင်းကွမ်မြို့က လူတွေ အားလုံး လက်ဖက်ရည် ဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ လမ်းမတွေနဲ့ လမ်းကျဉ်းတွေမှာရော နေရာအားလုံးမှာ ဒီအကြောင်းကို ပြောနေကြတာ၊ သူတို့က ပြောသေးတယ်၊ နန်းကျင်က လက်တောင် မမြှောက်နိုင်လို့ လျိုလန်အာကို ပျော်ရွှင်မှု မပေးနိုင်ဘူး၊ အဲဒါကြောင့် လျိုလန်အာက မနေ့ည သန်းခေါင်ကျော်မှ ထွက်ပြေးသွားတာ၊ အခုတော့ လူတိုင်းက နန်းကျင်ကို ဟာသတစ်ခုလို သတ်မှတ်နေကြပြီး သူက သူ့အဖေရဲ့ အမွေကို ဆက်ခံတယ်လို့ လှောင်ပြောင် နေကြတာ၊ သူက ဒုတိယဦးထုပ်စိမ်း တဲ့”
နန်းပေါင်ရီက လိမ်လိမ်မာမာနှင့် ပလုတ်ကျင်း လိုက်သည်။
ဟယ်ယဲ့က အလွန် အံ့အားသင့် သွားဟန်ဖြင့် “မမလေး၊ မမလေးက နန်းကျင်ကို အမုန်းဆုံးပဲမလား။ သူက ဒီနေ့ ကံဆိုးသွားတာကို မမလေးက ဘာလို့ ဘာမှ မခံစားရတာလဲ”
နန်းပေါင်ရီက ဒီကိစ္စ တစ်ခုလုံးကို သူမတစ်ယောက်တည်း စီစဉ်ထားတာ ဖြစ်ကြောင်း ပြောရမှာကို ရှက်ရွံ့မနေပါချေ။
သူမက အံ့ဩသွားဟန် ဆောင်လိုက်ပြီး “ဝိုး…. နန်းကျင်က ဦးထုပ်စိမ်း ဆောင်းခံလိုက်ရတာပဲ”
ဟယ်ယဲ့ “……”
သူမ၏ ဟန်ပန်အမူအယာက အရမ်းကို အတုအယောင်မှန်း သိသာနေသည်။
သို့သော်လည်း ဟယ်ယဲ့က အလွန် ပျော်ရွှင်နေဟန်ဖြင့် “မမလေး၊ မမလေး ဆေးကြော သန့်စင်လို့ပြီးပြီ ဆိုရင် အရှေ့ခြံကိုသွားပြီး ပွဲသွားကြည့်ရအောင်၊ နန်းကျင်က သတို့သမီး အသစ်စက်စက်လေးကြောင့် ဦးထုပ်စိမ်း ဆောင်းခံရတာ ဘယ်လို မျက်နှာမျိုး ဖြစ်နေမလဲ ဆိုတာကို သွားကြည့်ရအောင်”
သခင်နဲ့အစေခံက အရှေ့ခြံကို ထွက်သွားကြတော့သည်။ ကြီးမားသည့် ဒုက္ခနဲ့ ပွဲကြီးပွဲကောင်းကတော့ ပြီးသွားခဲ့လေပြီ။
“ငါတို့ နောက်ကျသွားလို့လား”
ဟယ်ယဲ့က နန်းကျင်၏ အိပ်ခန်းထဲက ပြန်ထွက်လာကြသည့် လူတစ်စုကို တွေ့ပြီး အလွန် စိတ်ပျက် သွားတော့သည်။
နန်းပေါင်ကျူးက ထိုနေရာ၌ ရှိနေတာကို တွေ့သောအခါ နန်းပေါင်ရီက လှမ်းနှုတ်ဆက် လိုက်သည်။
“ကျူးကျူး”
ညီအစ်မနှစ်ယောက် ထိုနေရာမှာ တွေ့သောအခါ နန်းပေါင်ကျူးက သူမကို ကိုင်လိုက်ပြီး နှုတ်ခမ်း ထောင့်စွန်းတွေ ပင့်တက်နေတာကို မရပ်တန့်နိုင်ဘဲ “ကျောင်းကျောင်း၊ လျိုလန်အာက ရွှေတွေ ကျောက်စိမ်းတွေကို ယူပြေးသွားတယ်လို့ ငါကြားတယ်၊ သူက ဟောင်ရင်းဆီကို သူ့ဘာသာသူ သွားပြီး ကိုယ့်ကိုယ်ကိုယ် ရောင်းစားလိုက်တယ်တဲ့”
“ဒီမနက်မှာ အဲဒီကောင်မလေးက နန်းကျင်ရဲ့ပါးစပ်ကို ဖြတ်ရိုက်သွားတာလို့ ကြားပြီး ရုတ်တရက် ဒွါရခုနစ်ပေါက်က အငွေ့တွေ ထွက်လာပြီး အတွင်းအင်္ဂါ ငါးမျိုးက လောင်ကျွမ်း သွားတယ်၊ သူက သွေးတွေ အန်နေပြီး အခုလေးတင် နိုးလာတာ၊ သူက ဒေါသထွက်လွန်းလို့ ထပ်ထပ်ပြီး ခုန်ပေါက်နေတာ၊ မိန်းမ အဝတ်အစားတွေတောင် ဝတ်ထားတာ၊ သမားတော်ကျန်းရဲ့ စမ်းသပ်ချက်အရ သူတရားလွန် စိတ်ထိခိုက်သွားပြီး စိတ်ဖောက်ပြန် သွားတာတဲ့”
နန်းပေါင်ရီက အရမ်း သိချင်သွားရပြီး နားထောင်နေသည်။
“စိတ်ဖောက်ပြန်တယ် ဆိုတာက ဘယ်လိုမျိုးလဲ”
သူမ မေးမေးလိုက်ချင်းမှာပဲ လူတစ်ယောက်က အိပ်ခန်းဆောင်ထဲက ပြေးထွက်လာသည်။
ဆံပင်စုတ်ဖွားနှင့် ဖိနပ်မပါဘဲ ပန်းပွင့်များ ထိုးထားသော မိန်းမဝတ်စုံကို ဝတ်ဆင်ထားပြီး သီဆိုကခုန်ရင်း အရင်တုန်းက ယောကျ်ားပီသသည့် မျက်နှာက အနီရောင် မျက်နှာချေများ ဖုံးအုပ်ထားသည်။
“ကျင်အာ”
နန်းကွမ်က ငိုရင်း အော်လိုက်သည်။ သို့သော်လည်း သူ့ကိုတော့ မထိန်းနိုင်ပါချေ။ နန်းပေါင်ရီက ငြိမ်သက်စွာ ကြည့်နေသည်။
နန်းကျင်က ရူးသွားတာလား။
အတိတ်ဘဝက သူမအဖေလိုမျိုး နန်းကျင်က ရူးသွပ်သွားလေပြီ။
ကောင်မလေး၏ မီးငှက်လို မျက်လုံးတွေက ပင်လယ်ပြင်လို နက်ရှိုင်းသွားပြီး ပန်းရောင် ဖျော့ဖျော့သန်း နေသော နှုတ်ခမ်းလေးတွေက တဖြည်းဖြည်း ကွေးညွှတ်လာကြသည်။
နန်းကျင်က ပျော်ရွှင်စွာနှင့် ကခုန်နေပြီး လက်ခုပ်တီးရင်း အော်နေသည်။
“ဟေး… ကောင်းတယ်… ငါက တော်တယ်၊ တော်တယ်… ငါက အစိုးရအရာရှိ ဖြစ်ချင်တယ်၊ အရာရှိမင်းရဲ့ သမီးနဲ့လက်ထပ်ချင်ပါတယ်”
အရမ်းကို ရူးနှမ်းနေပုံရပြီး အတတ်ကျူးပြီး အရူးဖြစ်သွားသူ တစ်ယောက်လိုပင်။
ဘယ်လိုပဲဖြစ်ဖြစ် အတတ်ကျူးပြီး အရူးဖြစ်သွားတာက နှမြောစရာ ကောင်းသေးသည်။ နန်းကျင်ကတော့ မြို့နယ်အဆင့် စာမေးပွဲကိုတောင် ဖြေဆိုဖို့ အရည်အချင်း မမီပါချေ။
နန်းပေါင်ကျူးက အနည်းငယ် ကြောက်လန့်နေပြီး “အရင်တုန်းက အရည်အချင်း ရှိတယ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ပဲ အသားကျနေပြီး အိမ်ပြန်ရောက်တော့မှ ဒီလိုဖြစ်သွားတယ်ဆိုတာက တကယ် ရှက်စရာပဲ”
သူမက နန်းပေါင်ရီ၏ လက်လေးကို နောက်တစ်ခေါက် ဆွဲလိုက်ပြီး “ကျောင်းကျောင်း၊ နောက်ကျရင် သူ့ကို ရှောင်ရမယ်နော်၊ သူက ထိခိုက်အောင် လုပ်ရင် ဘယ်လို အကြောင်းပြချက် ပေးမှာလဲ။ အရူး တစ်ယောက်နဲ့ ဖက်ပြိုင်ဖြစ်ဖို့က မလွယ်ဘူး”
“ညီမလေးသိပါပြီ”
နန်းပေါင်ရီက လိမ္မာစွာဖြင့် တုံ့ပြန်လိုက်သည်။
ညီအစ်မ နှစ်ယောက်က စိတ်လှုပ်ရှားစရာ မြင်ကွင်းကို ကြည့်နေချိန်မှာ လျိုရှောင်မုံ့က ငိုရင်း ခုန်ထွက် လာတော့သည်။
မနေ့က သူမ အစ်မလျိုနှင့် ထင်းဂိုထောင်ထဲမှာ အမွှေးတိုင် ရှစ်တိုင် ထွန်းစာခန့် အချိန်ကြာအောင် ရန်ဖြစ် တိုက်ခိုက်ခဲ့သည်။ သူမ၏နှာခေါင်းက ပြာနှမ်းနေပြီး မျက်နှာကလည်း ဖူးရောင်နေသည်။ သူမ၏ဆံပင်များက အုံလိုက် ဆွဲခံထားရပြီး ဦးရေပြား အဖြူရောင်က ထွက်ပြူ နေလေသည်။
“ငါ့ရဲ့ကျင်အာ”
သူမက နန်းကျင်ကို ပွေ့ဖက်ပြီး ဝမ်းနည်းစွာ ငိုကျွေးတော့သည်။
ကရုဏာသက်စရာ ကောင်းတာက နန်းကျင်၏ အခုအခြေအနေက ဆွေမျိုးသော ဘာသော မမှတ်မိခြင်းပေ။
သူက သူမကို ကန်ထုတ်လိုက်ပြီး တင်းမာစွာဖြင့် “ဟေး၊ ဘယ်က နတ်ဆိုးမကြီးလဲ၊ အဘွားကြီး တစ်ယောက်လို ဟန်ဆောင် ထားတာလား၊ ငါ့ရဲ့ အောင်မြင်မှု အသစ်လေးကို လာပြေးကြည့်တာလား”
“အဘွားကြီး”
လျိုရှောင်မုံ့က မူးမေ့သတိလစ်မတတ် ဖြစ်သွားတော့သည်။
သူမက အသက်လေးဆယ်ရှိပြီ ဖြစ်ပေမယ့် အမြဲတမ်း ထိန်းထိန်းသိမ်းသိမ်း နေခဲ့တာလေ၊ ဘာလို့ အဘွားကြီး ဖြစ်ရမှာလဲ။
နန်းပေါင်ရီက သယ်သွားလို့ရသော အိတ်ဆောင်မှန် အသေးလေးကို ကြင်ကြင်နာနာနှင့် ထုတ်ယူလိုက်ပြီး အစေခံကို လွှတ်၍ သူမကို သွားပေးခိုင်း လိုက်သည်။
လျိုရှောင်မုံ့က မှန်ကိုကြည့်လိုက်ပြီး ဆွံ့အ သွားတော့သည်။
ဒီမှန်ထဲက ဖူးရောင်ပြီး မျက်တွင်း ဟောက်ပက် မျက်နှာနဲ့ အဘွားကြီးက ဘယ်သူလဲ။
သူမက မျက်နှာကို ဖုံးအုပ်လိုက်ပြီး ကမ္ဘာပျက်မတတ် ကျယ်လောင်စွာ အော်လေတော့သည်။
နန်းကွမ်က စိတ်မရှည်တော့ပေ။ သူ့ သားငယ်လေးကလည်း ဒီလိုဖြစ်သွားရပြီး ဒီမိန်းမကလည်း ငိုဖို့ တစ်ခုပဲသိသည်။ တကယ်ကို စိတ်ပျက်ဖွယ်ရာပင်။
သူက ခြေထောက်ကို မြှောက်လိုက်ပြီး လျိုရှောင်မုံ့ကို မရင်းနှီးသော စိတ်ပျက်သည့် ခံစားချက်ကို ခံစားလိုက်ရသည်။
“ငို.. ငို…ငို…ငို မင်းက ငိုဖို့ပဲသိတယ်၊ မင်းရဲ့သားက အခုဒီလို ဖြစ်နေပြီ၊ အလှအပတွေကို ဂရုစိုက် နေနိုင်သေးလား၊ ထမင်းစားပြီး ကြီးတာရော ဟုတ်ရဲ့လား။ အခုအချိန်မှာ အရေးအကြီးဆုံးက ကိစ္စရပ်တွေ အားလုံးကို ဘယ်လို လက်ခံရမလဲ ဆိုတာပဲ၊ ရူအာပဲ ကောင်းတယ်၊ အားလုံးကို လက်ခံပေးနိုင်တယ်၊ မင်းထက်ပိုပြီး အစွမ်းအစရှိတယ်”
နန်းကွမ်ဆီက ထိုကဲ့သို့ အဆူခံရသောအခါ လျိုလန်အာ၏ နှလုံးသားက ကွဲကြေ သွားရတော့သည်။
အရင်တုန်းကဆို နန်းကွမ်က သူမကို အချစ်ဆုံးဖြစ်ပြီး သူမကို နူးညံ့သိမ်မွေ့မှုလေး၊ ငှက်လေး၊ အိပ်မက် ကလေးလို့တောင် ချစ်ကြင်နာစွာ ခေါ်ခဲ့သည်။ ဘာလို့ အခုကျတော့ အားလုံးက ပြောင်းလဲသွား ရသည်လဲ။
သူမက အသက်ရှူ ရပ်မတတ် ငိုကြွေးနေပြီး နန်းကွမ်၏ ဝတ်ရုံစကိုဆွဲ၍ ဆို့နင့်စွာဖြင့် “သခင်ကြီး၊ ကျင်အာက ကျွန်မ မွေးထုတ်ထားတဲ့ သားပါ၊ ကျွန်မက ဝမ်းမနည်းပဲ နေပါ့မလား။ သခင်ကြီးက စကားပြော အရမ်း ကောင်းလှချေလား၊ အဲဒါ ကျွန်မကို နာကျင်စေတယ်”
နန်းကွမ်က မျက်မှောင်ကြုပ်ပြီး လျိုရှောင်မုံ့ကို တစ်ချက် ကြည့်လိုက်သည်။ သူမနှင့် ဆယ်နှစ်ကျော် ဖြတ်သန်းလာပြီးပြီ ဖြစ်တာကြောင့် သူမအပေါ် ခံစားချက် ရှိနေဆဲပင် ဖြစ်သည်။
သူက လျိုရှောင်မုံ့ကို ဆွဲထူလိုက်ပြီး သက်ပြင်း ချလိုက်ရင်း “ကျင်အာက အခု အရမ်း ရူးသွပ်သွားပြီ၊ သူ့ကို ပြန်ကုလို့ ရပါ့မလားလဲ မသိဘူး၊ သူက ငါ့ရဲ့ တစ်ဦးတည်းသော သားပါ၊ ရှောင်မုံ့ ငါသူ့ကို ချစ်တာပေါ့”
“သခင်ကြီး”
လျိုရှောင်မုံ့က သူ့ရဲ့လက်မောင်းတွေ ကြားထဲကို ပြေးဝင်သွားပြီး မျက်ရည်အပြည့်နဲ့ “အမေနဲ့ သား ဆိုတာက စိတ်ချင်း နီးကြပါတယ်၊ ကျင်းအာက အခုလို ဖြစ်သွားတော့ တခြား သူတွေထက်ပိုပြီး စိတ်မကောင်း ဖြစ်ရတယ်၊ ကျန်တဲ့ ကျွန်မဘဝ တစ်လျှောက်လုံးမှာ ဘယ်သူ့ကို မှီခိုရတော့မှာလဲ”
နန်းယွမ်၏ စိတ်က ပျော့ပျောင်း သွားတော့သည်။ သူက တရားဝင် လက်ထပ်ပွဲကို မလုပ်ပေးနိုင်ခဲ့တဲ့ အတွက် လျိုလန်အာကို သနားနေပြီး သူမ၏သားကလည်း ရူးသွားလေသည်။ ထို့ကြောင့် သူက အိမ်တော်မှာ သူမကို တကယ် ဆက်ပြီး ထားချင်နေသည်။
သူက ခပ်လှမ်းလှမ်းက တံစက်မြိတ် အောက်မှာ ရပ်နေသော ချန်းယဲ့ရူကို ကြည့်လိုက်သည်။
“ရူအာ….”
ချန်းယဲ့ရူက အလွန် လိမ္မာပါးနပ်ပြီး သူ့အတွေးတွေကို ဖျတ်ခနဲ ကြည့်လိုက်ရုံနဲ့တင် သိလိုက်သည်။
သူမက ပြုံးလိုက်ပြီး “ကျွန်မက ငယ်သေးတယ်၊ တချို့ ကိစ္စတွေ အတွက်တော့ အမြဲတမ်း မသင့်တော် နိုင်ဘူး၊ တကယ်လို့ လျိုမိန်းကလေးက မောင်းမ တစ်ယောက်အနေနဲ့ အလုပ်အကျွေးပြုပြီး ခင်ပွန်းကို ကူညီပေးနိုင်မယ် ဆိုရင်တော့ ကျွန်မ ကံကောင်းတာပေါ့၊ နေ့ကောင်း ရက်သာရွေးပြီး လျိုမိန်းကလေးက ကျွန်မကို လက်ဖက်ရည် ဆက်လိုက်ရင် လောကဝတ်အရ မောင်းမ တစ်ယောက် ဖြစ်ပြီပေါ့”
နန်းပေါင်ကျူးက လုံးဝကို အံ့အားသင့် သွားလေတော့သည်။
သူမက မယုံနိုင်ဟန်ဖြင့် “ကျောင်းကျောင်း၊ ဒေါ်ဒေါ်ချန်းက ဝံပုလွေကို အိမ်တော်ထဲ ခေါ်သွင်းဖို့ ကြံနေတာလား”
နန်းပေါင်ရီနှင့် ချန်းယဲ့ရူက တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း စိတ်ကူးကို သိနေသလို ပြုံးလိုက် ကြသည်။
သူမက ချိုမြသည့် အပြုံးလေးနဲ့ “လောင်းကြမလား”
နန်းပေါင်ကျူးက “အဖြေကဘာလဲ”
နန်းပေါင်ရီ “တကယ်လို့ လျိုရှောင်မုံ့က အပြင်ဆောင်မှာဆိုရင် ဒေါ်ဒေါ်ချန်းက သတ်လို့ သူသေသွားသောအခါ ရုံးတော်က ဒေါ်ဒေါ်ချန်းကို သံသယဝင်ပြီး စစ်ဆေးလိမ့်မယ်၊ ဒါပေမယ့် မောင်းမတစ်ယောက် ဖြစ်သွားရင်တော့…. မောင်းမဆိုတာက အိမ်တော်ရဲ့ အစေခံပဲလေ၊ ဘယ်သူက အနောက်ဆောင်က မောင်းမတစ်ယောက် သေတာကို ဂရုစိုက် နေမှာလဲ။ အဲဒါကြောင့် ဒေါ်ဒေါ်ချန်းက မြက်ကို ကြိုရိတ်ပြီး နောင်ဖြစ်လာမဲ့ ပြဿနာတွေကို ကြိုရှင်းထားတာ”
သူမက ချမ်းသာကြွယ်ဝသည့် အိမ်တော်က ယောက်ျား တစ်ယောက်နဲ့ လက်ထပ်ဖို့ ထိုက်တန်လှသည်။
ဒေါ်ဒေါ်ချန်းကသာ သူမအဖေ၏ အနောက်ဆောင်ကို ထိန်းချုပ် နိုင်လိမ့်မည်လေ။
***