NBY အပိုင်း ၂၀၉

အပိုင်း (၂၀၉)

မင်္ဂလာဆောင် အသွင်းပစ္စည်းအတွက်လား

လျိုရှောင်မုံ့နှင့် အစ်မလျိုက တစ်ယောက်၏ ဆံပင်ကို တစ်ယောက်ဆွဲပြီး မျက်နှာတွေကို ပါးရိုက်ကြသည်။ သူတို့၏ ပါးစပ်က ဆဲနည်းပေါင်းစုံ၊ ကျိန်စာတိုက်နည်း ပေါင်းစုံ ထွက်လာပြီး ရက်စက် ကြမ်းတမ်းစွာ တိုက်ခိုက်နေကြသည်။

ဝမ်းနည်းစရာ ကောင်းတာက လျိုရှောင်မုံ့က သူ့ခန္ဓာကိုယ်ကို တရားလွန် အလိုလိုက် ထားခဲ့တာကြာပြီ ဖြစ်ပြီး သူမက အစ်မလျိုရဲ့ ပြိုင်ဘက် တစ်ယောက် မဖြစ်နိုင်ပါချေ။ ဆံပင်မွေး နှစ်ပင်ကို လျင်မြန်စွာ အနုတ်ခံလိုက်ရပြီး ပါးလည်း အရိုက်ခံလိုက်ရသည်။

နန်းပေါင်ရီက အရင်ဘဝက အကြောင်းကို မတွေးမိဘဲ မနေနိုင်တော့ပါချေ။

အတိတ်ဘဝတုန်းက လျိုရှောင်မုံ့နှင့် အစ်မလျိုက အရမ်းကို ရင်းနှီးခဲ့ကြသည်။ အစ်မလျိုက နန်းအိမ်တော်၏ အပြင်ဆောင် အမျိုးဆိုသော အခွင့်အရေးကို အသုံးချပြီး ရှုပိုးထည်ဆိုင်ကို ဖွင့်ခဲ့သည်။ လျိုရှောင်မုံ့ကလည်း အကူအညီ အများအပြား ပေးခဲ့သည်။
ငွေများ ရလာသောအခါ အစ်မလျိုက လျိုရှောင်မုံ့ကို ချီးမြှောက်ပြီး ပွဲတော်ရက်တွေမှာ ငွေကြေး အမြောက်အမြား ပေးတတ်သည်။

မိသားစုနှစ်စုက အပြန်အလှန် အကျိုးပြုကြပြီး ဆွေမျိုးကောင်းတွေရဲ့ ဥပမာ တစ်ခုကဲ့သို့ပင်။

အခုများတော့ သူတို့က ဒီလို တိုက်ခိုက် နေကြသည်။ တစ်ဖက်လူကို သေစေချင်နေတဲ့ ဆန္ဒတွေက ထင်ဟပ်နေသည်။

ကြီးပွား တိုးတက်ခြင်း ဆိုတာကလည်း အကျိုးအမြတ် အတွက်သာ ဖြစ်ပုံပေါ်သည်။ တိုက်ခိုက်ကြတာတွေ ကြေအေးကြတာတွေကလည်း အကျိုးအမြတ် အတွက်သာ ဖြစ်တန်ရာ၏။

ကြင်နာမှုမရှိသော၊ အေးစက်သော လူတွေနဲ့ ကတိကဝတ်တွေ ပြုကြသောအခါ ‘အကျိုးအမြတ်’ ဆိုသည့် စကားလုံးက ထိပ်ဆုံးက ဦးဆောင်နေပုံပင်။

သူမက ပွဲကြီးပွဲကောင်း ကြည့်နေရင်း ချန်းယဲ့ရူက မျက်လုံးတွေကို ကြင်နာစွာ အုပ်ပေးလိုက်ပြီး ပျော့ပျောင်းသည့် အသံဖြင့် “မိန်းကလေးဆိုတာ ဒီလို အရှက်သိက္ခာ မရှိတဲ့ သတ္တဝါတွေိကို မကြည့်ရဘူး၊ သမီးရဲ့ မျက်လုံးတွေကို အညစ်ပတ်မခံနဲ့”

ချန်းယဲ့ရူ၏ လက်လေးတွေက ပျော့ပျောင်းပြီး နွေးထွေးလှသည်။ နန်းပေါင်ရီက နာခံစွာဖြင့် ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်သည်။

ချန်းယဲ့ရူက ယောင်ဝါးဝါး ဖြစ်တတ်သော သူတစ်ယောက် မဟုတ်ပေ။ သူမက အစေခံကိုလွှတ်၍ လျိုမျိုးနွယ် နှစ်ယောက်ကို ဖမ်းချုပ် ခိုင်းလိုက်ပြီး အေးအေးဆေးဆေး ချင့်ချိန်မနေတာလား မတော်တဆပဲလား မသိ နှစ်ယောက်လုံးကို ထင်းသိုလှောင်ရုံထဲကို ပို့ပြီး သော့ခတ် ထားခိုင်းလိုက်သည်။ သူတို့ နှစ်ယောက်ကို ရန်ဆက်ဖြစ်ကြပါစေပေါ့။

နောက်ဆုံးတော့ မင်္ဂလာအချိန် ကျရောက်လာခဲ့ပြီ….

နန်းပေါင်ရီက မင်္ဂလာခန်းမထဲမှာ ကျက်သရေရှိစွာ ထိုင်နေပြီး ပူနွေးသော လက်ဖက်ရည် တစ်ခွက်ကို ကိုင်ရင်း စိတ်ဝင်စားစရာ ကောင်းသည့် မြင်ကွင်းကို မျက်စိစောင်း၍ ကြည့်နေသည်။

“ဝိုး…..”

နန်းကွမ်က အခမ်းအနားမှူး ငှားရန်အတွက် ငွေမရှိတာကြောင့် သူကိုယ်တိုင် ဆောင်ရွက် နေရလေသည်။

နန်းကျင်က မနေ့ညကအတိုင်း မေ့မြောနေပြီး အခုထိ နိုးမလာသေးပါချေ။ ထို့ကြောင့် သူ့ကို အစေခံတွေက ထိန်းကိုင် ထားရသည်။

လျိုလန်အာကိုတော့ နန်းယန်က တွဲထားသည်။

အချိန်ကုန်တာ တကယ် မြန်လွန်းသည်။ သူမက အရိုးရှင်းဆုံး အနီရောင် မင်္ဂလာ သရဖူကို ဆောင်းထားပြီး တစ်ဝက်လောက်သာ ပန်းထိုး ဆင်ယင်ထားသည်။ ကြည့်ရတာ အလွန်ကို အေးစက်စက် နိုင်လှပြီး ဟောင်းနွမ်းစုတ်ပြတ် နေတော့သည်။

“ဒုတိယ မိဘတွေကို ကန်တော့မယ်”

နန်းကွမ်က ကျယ်လောင်စွာ အော်ပြီးတာနဲ့ အလျင်အမြန် အမြင့်ပိုင်းက ထိုင်ခုံပေါ်မှာ နေရာယူလိုက်သည်။

နန်းပေါင်ရီက မွှေးကြိုင် သင်းပျံ့နေတဲ့ လက်ဖက်ရည်ကို အရသာခံနေသည်။

လက်ဖက်ရွက်တွေက ရောနှောသွားတာကို ကြည့်ရင်း သူမက တောင်ဘက်ကို အနည်းငယ် တိမ်းပြီး ကြည့်လိုက်သည်။

သူမ၏ မသိစိတ်က မှန်ကန်နေပြီး နန်းယန်က သူမကို ကြည့်နေသည်။

မျက်လုံးများက အနည်းငယ် နီနေပြီး ဖောင်းနေသည်။ သူမ မနေ့ညက ငိုထားသည်မှာ အသေအချာပင်။

မျက်လုံးအိမ်တွေက အမုန်းတရားတွေနဲ့ ပြည့်နှက်နေပြီး သူမအစ်ကို၏ ဘဝကို ဖျက်ဆီးပစ် လိုက်သည့် အတွက် မုန်းတီးနေပုံရသည်။

နန်းပေါင်ရီ၏ နှုတ်ခမ်းတွေက ဖြည်းဖြည်းချင်း ကော့တက် သွားတော့သည်။

ဒါက အမုန်းများဖြင့် အစပျိုးခြင်းပေလား။

အဖေတူအစ်မက သူမကို အကြွေးပေးစရာတွေ အများကြီး ကျန်သေးသည်။

သူမက နန်းယန်၏ အမုန်းတွေကို လျစ်လျှူရှု လိုက်ပြီး အဝေးက သူမကိုလှမ်း၍ ပြုံးပြရင်း ဖန်ခွက်ကို မြှောက်လိုက်သည်။

ထိုအပြုအမူက တမင်တကာ ရန်ဆွနေပြီး အထင်သေးခြင်းကို အပြည့်အဝ ဖော်ပြနေလေသည်။

နန်းယန်က သူမ၏ ဖြူဖွေးနေသည့် သွားများကို ဆွဲနုတ်ပစ်ချင် နေပေမယ့် ဘာမှလည်း ပြန်မပြောနိုင်ပါချေ။ လက်ထပ်ပွဲကို တားမြစ်ဖို့ ပိုပိုပြီး အင်အားမရှိ ဖြစ်လာတော့သည်။

“မင်္ဂလာမောင်နှံ အချင်းချင်း ကန်တော့မယ်”

နန်းကွမ်က အော်သည်။ သူ၏မျက်နှာက အလွန် ပျော်နေဟန်ရသည်။

နှစ်ယောက်သားက အရိုအသေ ပြုလိုက်ကြသည်။

ဘုရားသခင် စောင်မတာပင်။ လက်ထပ် ကန်တော့ချိုး၏ နောက်ဆုံးမှာတော့ နန်းကျင်က နိုးလာခဲ့ လေသည်။

သူက လက်ချောင်းလေးတွေ လှုပ်လာပြီး မျက်နှာက ဖျော့တော့စွာဖြင့် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်သွားသော အခါမှာတော့ သူက ရေခဲတိုက်ထဲ ရောက်သွားသလို ရုတ်ခြည်း ခဲတောင့် သွားတော့သည်။

“ဘာတွေလုပ်နေကြတာလဲ”

သူက လျိုလန်အာနှင့် စေ့စပ်ရုံတင် စေ့စပ်ထားတာလေ၊ လက်ထပ်ပွဲက အဝေးကြီး လိုသေးသည်။ ဒီပွဲက ဘာအတွက်လဲ။

သူက သုံးလ၊ ဒါမှမဟုတ် ငါးလအကြာထိ သတိမေ့နေခဲ့တာလား။

နန်းကွမ်က ခေါင်းကိုမော့ပြီး အလျင်အမြန် ရှင်းပြလိုက်သည်။

“သား၊ မင်းနိုးလာတာ ကောင်းတယ်၊ မနေ့ညက မီးပုံးပွဲတော်မှာ မင်းက ရုတ်တရက်ကြီး သွေးအန်ပြီး ဖြူဖျော့သွားတာ၊ အဖေဆို လန့်သွားတာပဲ၊ အရမ်းတော်တဲ့ သမားတော်က ပြောတယ်၊ လက်ထပ်ပွဲကို မြန်မြန် ကျင်းပလိုက်ရင် သားပြန်နိုးလာမယ်တဲ့၊ အဖေက သားကို ချက်ချင်း လက်ထပ်လို့ ရမလားလို့ ချွေးမလေးကို မေးလိုက်တယ်၊ သားကို ကူညီပေးဖို့လေ၊ အခုတော့ ကောင်းပြီ၊ ချွေးမလေးက အိမ်တော်ကို တရားဝင် ဝင်ခွင့်ရသွားပြီ၊ သားက ပျော်ရွှင်ပြီး အံ့ဩမသွားဘူးလား”

နန်းကျင်၏ မျက်နှာက ပြာနှမ်းသွားတော့သည်။

သူက လျိုလန်အာကို လက်မထပ်သေးဘဲ အချိန်ဆွဲချင်ခဲ့တာ ဖြစ်သည်။

တောင်တန်းတွေက ပြန်လှည့်ရိုး ထုံးစံမရှိသလို မြစ်တွေကလည်း အထက်သို့ စီးဆင်းရိုး ထုံးစံမရှိချေ။ သူက အရွယ်ကောင်းတုန်းမှာ အရာရှိ တစ်ယောက်၏ သမီးနှင့် လက်ထပ်နိုင်သေးသည်။

အခုတော့ သူ့အဖေက သူ့ကို ဘာတစ်ခွန်းမှ မပြောဘဲနဲ့ လက်ထပ် ပစ်လိုက်လေပြီ။ ဒါက ဘယ်လို ဖြစ်ရတာလဲ။

သူ၏မျက်နှာ အခြေအနေက သိပ်မကောင်းတာကို ကြည့်ပြီး နန်းကွမ်က ရှေ့ကို ထွက်လာပြီး သူ့ပခုံးကို ပုတ်၍ အသံတိုးတိုးဖြင့် “အာ… သားက လျိုလန်အာကို အထင်သေးနေတယ် ဆိုတာ အဖေသိပါတယ်၊ ဒါပေမယ့် အခုက အစာသွပ်မုန့်က ဖုတ်ပြီးနေပြီလေ၊ သား လက်မခံလို့ မရတော့ဘူး..”

သူ၏စကားမဆုံးခင်မှာပင် သူ့စကားလုံးများ မသင့်တော်ကြောင်းကို သိသွားပြီး ထိတ်လန့်သွား တော့သည်။

သူက ရယ်မောရင်း “အဖေ ဆိုလိုတာက သားကအခု နိမ့်ကျနေတဲ့ အချိန်လေ၊ အစိုးရအရာရှိရဲ့ သမီးကို လက်ထပ်ဖို့ ဆိုတာက မလွယ်ဘူး၊ သားလည်း သိတာပဲ၊ လျိုလန်အာက အိမ်တော်ကို ဝင်ဝင်ချင်းမှာပဲ သားက နိုးလာတယ်၊ သူက ဘယ်လောက်တောင် ကောင်းတဲ့ လာဘ်ကောင်လေးလဲ”

လာဘ်ကောင်။

နန်းကျင်၏ ရင်ဘတ်က လှိုင်းထန် လာတော့သည်။

လျိုလန်အာနဲ့ နန်းပေါင်ရီကို ဒီပြဿနာရဲ့လက်သည်နှစ်ယောက်လို ကြည့်လိုက်သည်။

ရေတွေ စီးကျလာသလို သူ့မျက်နှာက အလွန်တရာ မည်းမှောင်နေပြီး ခေါင်းကိုလှည့်၍ လက်ထပ်ပွဲကို ချန်ထားရစ်ခဲ့တော့သည်။

လျိုလန်အာက အနီရောင် မျက်နှာဖုံးပဝါကို ဖွင့်လိုက်ပြီး ရုတ်တရက် အပြင် ထွက်၍ အပြေးအလွှား လိုက်ရှာလေတော့သည်။

သူက အိပ်ခန်းထဲမှာ နန်းကျင်ကို ရှာတွေ့သွားပြီး နန်းကျင်က စားပွဲပေါ်က လက်ဖက်ရည်ခွက်တွေနဲ့ ကရားတွေ အားလုံးကို ရူးသွပ်စွာနဲ့ ဖျက်ဆီးနေသည်။

သူမက ရှေ့ကိုတိုးလိုက်ပြီး “ဝမ်းကွဲအစ်ကိုက ဘယ်လို ဖြစ်နေရတာလဲ။ အစ်ကိုနဲ့ညီမ နှစ်ယောက်လုံးက အမြော်အမြင်ရှိတဲ့ သူတွေပဲ၊ အတူတူ ကြိုးစားကြရင် ဘဝကောင်း တစ်ခုကို ရမှာပါ”

နန်းအိမ်တော်မှာနေတဲ့ အတောအတွင်းမှာ သူမက ချင့်ချိန်စဉ်းစား၍ စာရေးစာဖတ်နဲ့ စာလုံးဆက် တွေကိုလည်း သင်နေသည်။

ထိုစကားကို ပြောပြီးသောအခါ အရင်ကလို တွန့်ဆုတ်ဆုတ်နဲ့ ကြောက်ရွံ့တတ်တာတွေ၊ နှိမ့်ချတာတွေ မရှိတော့ပါချေ။

နန်းကျင်က အထင်သေးနေဟန်နဲ့ “ကြီးမြတ်တဲ့ ဉာဏ်ပညာ။ မင်းလား။ လျိုလန်အာ မင်းက မင်းကိုယ်မင်း မှန်ရှေ့မှာ ပြန်မကြည့်ဘူးလား၊ မင်းလိုလူမျိုးက မောင်းမ တစ်ယောက်အပြင် မပိုဘူး၊ ငါမလိုချင်ဘူး၊ ငါ့ကို ဒီနေ့ လက်ထပ်လိုက်ရတယ် ဆိုတာကို အူလှိုက်သည်းလှိုက် ပျော်နေတယ်ပေါ့ ဟုတ်လား”

လျိုလန်အာက စိတ်ပျက် သွားတော့သည်။

သူမက တည်တည်ငြိမ်ငြိမ်နဲ့ ထိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကို ဒီနေ့ ဒီလိုအခြေအနေတွေ ဖြစ်သွားတာက အစ်ကို့ရဲ့ တုံးအမှုကိုပဲ အပြစ်တင်လေ၊ ဘာလို့ ညီမကို ဒေါသတွေ ပုံချနေရတာလဲ”

“လျိုလန်အာ…”

“ဝမ်းကွဲအစ်ကိုက အရာရှိတစ်ယောက် ဖြစ်ချင်တာ ဆိုတာကို ညီမသိပါတယ်၊ အစ်ကိုသာ လက်ခံမယ်ဆိုရင် ညီမမှာ အကြံတစ်ခု ရှိတယ်”

လျိုလန်အာက အောင်မြင်၍ ပျော်မြူး တက်ကြွနေဟန်နဲ့ “မကြာသေးခင်ကမှ ညီမ စာလေ့လာနေတာ၊ ညီမမှာ အတွေ့အကြုံ နည်းနည်းရှိတယ်၊ သမိုင်းအချက်အလက်တွေ အရဆိုရင် ထင်ပေါ်ကျော်ကြားတဲ့ အစိုးရအရာရှိ အများကြီးက မင်းသားတွေနဲ့ အစေခံတွေကနေ ဖြစ်လာကြတာ၊ မင်းသား တစ်ပါးကသာ ချီးမြှင့်မြှောက်စားရင် ထင်ပေါ်လာတော့တာပဲ၊ ဝမ်းကွဲအစ်ကိုက ပညာရှိ တစ်ယောက်လို အရည်အချင်း ရှိပြီးသားပဲ၊ ရှန်ကျင်းကို သွားပြီး ဘာလို့ မင်းသားတစ်ပါးရဲ့ နောက်လိုက် သွားမလုပ်တာလဲ။ မင်းသား ကသာ မြှောက်စားရင် ဝမ်းကွဲအစ်ကိုရဲ့ အနာဂတ်က အဆုံးအစ မရှိအောင် တိုးတက်သွားမှာ”

သူမ ပြောပြီးပြီးချင်းမှာပဲ နန်းကျင်က သူမကို ပါးရိုက် လိုက်တော့သည်။

နန်းကျင်က ဒေါသ ပြင်းပြင်းထန်ထန် ထွက်နေပြီး “ဒီမိန်းမက ဆံပင်သာရှည်ပြီး ဗဟုသုတ ခေါင်းပါး လိုက်တာ၊ မင်းသားရဲ့ အစေခံဖြစ်ရတာ ကောင်းတယ်များ ထင်နေလို့လား။ မင်းသားက စီမံဆုံးဖြတ်တဲ့ အတိုင်း တခြားမင်းသားတွေက ငါ့ကို သတ်စေချင်တာလား”

လျိုလန်အာက နီရဲပြီး ဖောင်းကားလာတဲ့ ပါးပြင်ကို ဖုံးအုပ်လိုက်ပြီး အချိန် အတော်ကြာတဲ့အထိ တိတ်ဆိတ် ငြိမ်သက် သွားတော့သည်။

စည်းစိမ်ဥစ္စာနဲ့ အန္တရာယ်အတွက် သတ္တိမရှိဘူးဆိုရင် ဘာလို့ နေ့တိုင်း အမတ်မင်း တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတာလဲ။

နန်းကွမ်က သူ့ကို အစိုးရအရာရှိ တစ်ယောက်ဖြစ်အောင် လုပ်ပေးနိုင်မယ်လို့ ထင်နေတာလား။

နန်းမိသားစုက သူ့အတွက် ငွေကုန်ကြေးကျခံ ပေးဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပဲလေ။

သူ့၏အရိုက်ကို ခံရပြီး မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဖြစ်သွားတာကြောင့် လျိုလန်အာက အိပ်ခန်းထဲကနေ တိတ်တဆိတ် ထွက်သွား လေတော့သည်။

နန်းကျင်က စိတ်သဘောထား သေးသိမ်သော သူတစ်ယောက်ဖြစ်ပြီး သူက အရမ်းကြီး အရည်အချင်း ရှိနေတာမျိုးလည်း မဟုတ်ပေ။

အနာဂတ်မှာ သူက အမြင့်ကို တက်လှမ်းဖို့ ဘယ်တော့မှ မဖြစ်နိုင်တော့ချေ။ ဖြစ်နိုင်တာက သူမ နန်းပေါင်ရီရဲ့ အကြံဉာဏ်ကို တကယ်ပဲ ထည့်စဉ်းစားသင့်လား။

ညချမ်းချိန်ခါမှာတော့…….

ကျောက်ဝမ်ခြံက မီးရောင်တွေ ထွန်းလင်းနေသည်။ နန်းပေါင်ရီက အနောက်ပြတင်းနားမှာ ထိုင်နေရင်း ပေသီးတွက်ခုံနဲ့ စာရင်းစာအုပ်ကို ကိုင်ထားသည်။

အခုတော့ နွေဦးပွဲတော်ကို ကျော်လွန်ခဲ့ပြီဖြစ်ပြီး နွေဦးကျောက်စိမ်း စံအိမ်မှာ ကပြနေတဲ့ ယောက္ခမနဲ့ ချွေးမရဲ့ ပြဇာတ်က ပထမ လကုန် အထိအောင် ကြိုတင်လက်မှတ်တွေ ပြည့်နေပြီး ရွှေစသုံးထောင်တောင် ရရှိခဲ့သည်။ ပွဲစီစဉ်သည့် ကုန်ကျစရိတ်နှင့် ဟန်ယန့်လျန်တို့၏ ဝေစုကို ဖယ်ပြီး သူမက ရွှေစခြောက်ရာ ရရှိခဲ့သည်။

သတင်းရောင်းသော အလုပ်ကလည်း စပြီး အကျိုးအမြတ် ရနေပြီဖြစ်သည်။ ထိုကာလ အတွင်းမှာပဲ လူတွေ အများအပြားက သတင်း ရောင်းဝယ် ဖောက်ကားဖို့ လာရောက်ကြပြီး ရွှေစ ထောင်ကျော် ရရှိခဲ့သည်။

ထိုအကျိုးတူ ပူးပေါင်းမှုက တကယ်ကို အလားအလာ ကောင်းပုံရသည်။

ရှောင်းယီက စာအုပ်စင်၏ တစ်ဖက်မှာ ရပ်နေပြီး သူမကိုကြည့်နေသည်။

ကောင်မလေးက ငွေတစ်မျက်နှာမှာသာ နစ်မြုပ်နေသည့်ပုံပင်။ လက်ကောက်ဝတ်က ကံကောင်းစေသော အကြွေစေ့လေးကို လှည့်ကစားနေပြီး သူမ၏ နှုတ်ခမ်းထောင့်စွန်းက အချိန်နှင့် တပြေးညီ ကော့ညွတ် လာတာကို ကြည့်နေသည်။ သူမ၏ မျက်လုံးလေးများမှာ ဆန်းသစ်စ လခြမ်းလေးလို ကွေးညွှတ်နေပြီး မီးအိမ်၏ အလင်းရောင် အောက်တွင် အားဖြည့် နေသကဲ့သို့ပင်။

သူက ပျင်းရိစွာဖြင့် “ငွေတွေ ဒီလောက် ကြိုးစားပမ်းစား ရှာနေတာ မင်္ဂလာဆောင် အသွင်းပစ္စည်း အတွက်လား”
***

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset