အပိုင်း (၂၀၅)
ပထမဆုံးအကြိမ် ကောင်မလေးကို မီးပုံးပွဲတော်ကိုသွားလည်ဖို့ ဖိတ်ခေါ်ထားတယ်
ချန်းယဲ့ရူ “လူတွေ အများကြီး ရှိနေတာကို မရှက်ဘူးလား….”
နန်းကွမ်က ခေါင်းကို ရှက်ကိုးရှက်ကန်းနဲ့ ငုံ့ကိုင်းလိုက်ပြီး သူမ၏ လက်ချောင်းတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင် ထားလိုက်သည်။
နန်းပေါင်ရီက ကောင်းကင်ပေါ်ကို မော့ကြည့် နေလိုက်သည်။
အဲဒီတော့ ဒီစုံတွဲနှစ်တွဲက သူမကို အပြင်ခေါ်ထုတ်လာတာ ဘာအတွက်လဲ။
ခွေးစာကျွေးချင်လို့လား။
ဟယ်ယဲ့က ပဟေဠိ မီးပုံးတစ်လုံးကို ကိုင်ရင်း အလျင်စလို ပြန်ပြေးလာသည်။
“မမလေး တစ်ခုခုဖြစ်နေပြီ နန်းကျင်က ရုတ်တရက်ကြီး အရူးထပြီး ပန်းခြံထဲက မီးပုံးတွေ အများကြီးကို ဖျက်ဆီးနေတယ်”
“နန်းကျင်က စိတ်ရူးပေါက်သွားတယ်”
နန်းပေါင်ရီက အလွန်သိချင်စိတ် ပြင်းပြသွားသည်။
အဝေးက အုတ်အော်သောင်းနင်း ဖြစ်ရပ်ကို မှိန်ပျပျ မြင်နေရပြီး ရူးသွပ်နေပုံ ပေါ်သည်။
သူမက နန်းကွမ်ကို ကြည့်လိုက်သည်။
အဖေ၏ အမူအယာက ရှုပ်ထွေးနေဟန်ရပြီး ရုတ်တရက် အလွန် တည်ငြိမ် သွားတော့သည်။
သူက တည်ကြည်သည့် မျက်နှာဖြင့် “ရူအာ၊ ကျောင်းကျောင်း မင်းတို့နှစ်ယောက် ဒီမှာစောင့်နေကြ၊ ငါသွားပြီး သူဘာတွေ လုပ်နေတာလဲ ဆိုတာကို သွားကြည့်လိုက်ဦးမယ်”
သူက စိုးရိမ်ပူပန်စွာ ထွက်သွားတော့သည်။
နန်းပေါင်ရီ၏ ငွေတိုးချေးထားသည့် ပရိယာယ်က ပေါက်ကွဲ ထွက်လာပြီ ထင်သည်။
သူမက တိုက်တွန်းလာသည်။
“ဒေါ်ဒေါ်ချန်း သမီးတို့လည်း သွားကြည့်ရအောင်လေ”
သူတို့ ထိုနေရာသို့ ရောက်သွားသောအခါ နန်းကျင်က ပါးလွှာပြီး ဟောင်းနွမ်းနေတဲ့ အပေါ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်လုံးတွေက သွေးကြောများ ပေါက်ထွက်မတတ် နီရဲနေသည်။ ရူးသွပ်စွာဖြင့် အဖိုးတန်လှသည့် မီးပုံးများကို ဖျက်ဆီးပစ်နေသည်။
သူက နန်းကွမ်၏ လက်ထဲကနေ ယိမ်းထိုးပြီး ရုန်းကန်နေသည်။
မျက်နှာထားက တင်းမာနေပြီး “ငါနန်းပေါင်ရီကို ရှာနေတာ၊ ငါအဲဒီခွေးမကို ရှာနေတာလို့၊ သူ့ကို ထွက်လာခိုင်းလိုက်၊ ငါ့ကိုလာပြီး ရင်ဆိုင်လို့ ပြောလိုက်၊ သူ့ကိုငါ သတ်ပစ်မှာ”
နန်းကွမ်က ရုတ်ခြည်း ငိုချလေတော့သည်။
သူ့သားက အမြဲတမ်း အထက်တန်းကျသည့် စိတ်ထားရှိခဲ့သည်။ ဒီနှစ်သစ်ကူးက စပြီး ဘယ်လိုများ ပြောင်းလဲ သွားရတာလဲ။
“သား”
သူက စိတ်ရင်းဖြင့် ဖျောင်းဖျဖို့ ကြိုးစားသည်။
“ကျောင်းကျောင်းက သားကို ဘာများ လိမ်ညာလို့လဲ။ သူ့ကို အဖေပြောလိုက်မယ်နော်၊ အဖေ ပြောလိုက်မယ်၊ သားက အခုလို ရန်မူနေတော့ အနောက်ခြံက မိန်းကလေးတွေ အားလုံးက ကြောက်နေကြမှာပေါ့”
“ခင်ဗျား ထွက်သွားစမ်းပါ”
နန်းကျင်က သူ့ကို မြေပေါ်သို့ တွန်းချလိုက်သည်။
နန်းပေါင်ရီက မေးကို အနည်းငယ် ပင့်လိုက်ပြီး ထိုရန်ပွဲထဲသို့ လျှောက်သွား လေတော့သည်။
သူမက နန်းကွမ်ကို ထူပေးလိုက်ပြီး နန်းကျင်ကို တည့်တည့်ကြည့်၍ “ငါ့ကိုရှာနေတာလား”
“နန်းပေါင်ရီ မင်းထွက်လာရဲတယ်ပေါ့”
ကောင်မလေးက တခစ်ခစ် ရယ်လိုက်ပြီး “ဘာလို့ငါက မထွက်လာရဲရမှာလဲ”
နန်းကျင်က ဆွဲယူလိုက်ပြီး “မကြာသေးခင်က ငွေတိုးချေးတဲ့ သူတစ်ယောက်နဲ့ ဆုံတယ်၊ သူနဲ့အတူ ကြွယ်ဝချမ်းသာအောင် အလုပ်လုပ်ကြမလားလို့ ငါ့ကို မေးတယ်၊ အဲ့ဒါကြောင့် သားမွှေးဝတ်ရုံနဲ့ စုတ်တံ၊ မင်၊ စာရွက်နဲ့ မင်သွေးကျောက်တွေ အားလုံးကို သူ့ကို ရင်းနှီးဖို့ ပေးလိုက်တယ်၊ အခုတော့ တစ်ဝက်ပဲ ရှိတော့တယ်၊ လနည်းနည်း ကြာတော့ ငါသူ့ကို တစ်ခေါက်ထပ်ပြီး သွားရှာတယ်၊ သူ့ရဲ့ ဆိုင်တစ်ခုလုံးမှာ ဘာဆိုဘာမှ မရှိတော့ဘူး၊ ငါ့ရဲ့ ထောင်ကျော်တဲ့ ရွှေစတွေ ငွေကြေးတွေ အားလုံး အလိမ်ခံလိုက်ရတယ်”
“အစ်ကို နန်းကျင်က လောကကြီး အကြောင်းကို မသိသေးဘူးပဲ၊ သူက လိမ်သွားပြီလေ၊ ညီမကိုရှာပြီး ဘာလုပ်ဖို့လဲ”
“အိုး… အဲဒီ ငွေတိုးချေးစားတဲ့ သူကို မင်းလွှတ်လိုက်တာမှလား၊ နန်းပေါင်ရီ နင်က ငါ့ရဲ့ အစိုးရအရာရှိ ဖြစ်ဖို့ လမ်းကြောင်းရော၊ တက်လမ်းရော၊ အနာဂတ်ကိုရော ဖျက်ဆီးပစ်တယ်၊ အခုတော့ ငါ့ရဲ့နောက်ဆုံး မျှော်လင့်ချက်ဖြစ်တဲ့ စီးပွားရေးကိုပါ ဖျက်ဆီး ပစ်လိုက်ပြီ၊ မင်းက အရမ်းရက်စက်တာပဲ”
နန်းပေါင်ရီရဲ့အပြုံးက ပိုပိုပြီး ထင်းလာသည်။
သူမက နွေးထွေးသော အပြုံးဖြင့် “ညီမလေးက အိမ်တွင်းပုန်း မိန်းကလေး တစ်ယောက်ပါပဲ၊ နွေဦးကျောက်စိမ်း စံအိမ်မှာ ပြဇာတ် သွားကြည့်တတ်တာက လွဲလို့ နေ့ပိုင်းတွေမှာ အပြင်ထွက်ခဲတယ်၊ ငွေတိုးချေးစားတဲ့ သူဌေးကို ဘယ်မှာလာ သိရပါ့မလဲ။ အစ်ကို့ကို လိမ်ဖို့ သူ့ကို ဘယ်လိုလုပ်ပြီး ခိုင်းရမလဲ”
ဝိုင်းကြည့်နေကြသည့် အစေခံတွေအားလုံးက ဟုတ်တယ်လို့ ထောက်ခံကြသည်။
ဟယ်ယဲ့က ခါးထောက်လျက် စိတ်ဆိုးစွာနဲ့ “သခင်လေးနန်းကျင် ကျွန်မတို့ မမလေးက ကြင်နာတတ်တဲ့ နှလုံးသား အရှိဆုံးသူ တစ်ယောက်ပဲ၊ ဒီလိုပြစ်မှုမျိုးကို ကျူးလွန်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး၊ ရှင်က အလဟဿ မမလေးကို စွပ်စွဲနေတာ၊ ရှင့်ကိုယ်ရှင် မရှက်ဘူးလား”
အိမ်တော်က လူအားလုံးက နန်းပေါင်ရီဆီကနေ ဆုလာဘ်တွေ ရရှိဖူးကြပြီး သူမလေး ကြီးပြင်းလာတာကို စောင့်ကြည့်ခဲ့ကြသူတွေ ဖြစ်တာကြောင့် သူမ၏ဘက်မှ ရပ်တည်မဲ့သူတွေချည်းပင်။
ဆွေးနွေးငြင်းခုံ နေကြသံတွေက အချိန်တစ်ခု ကြာသွားလေသည်။ နန်းပေါင်ရီကို အားလုံးက ချီးမွှမ်းမြှောက်ပင့် နေကြပြီး နန်းကျင်ကိုတော့ နှိမ့်ချဆက်ဆံကြသည်။
နန်းကျင်က ဒေါသပြင်းပြင်းထန်ထန် ထွက်လာပြီး “နန်းပေါင်ရီ၊ မင်းစဉ်းစားလို့တောင် မရတဲ့ ခက်ခဲတဲ့ အချိန်တွေိကို ငါရင်ဆိုင်နေရတယ်၊ ဘာသက်သေမှ မရှိဘူး ဆိုရင်တောင် မင်းလုပ်တာဆိုတာ ငါသိတယ်၊ ငါမင်းကိုသတ်မယ်၊ သတ်ပစ်မယ်”
သူက နန်းပေါင်ရီဆီကို တစ်ဟုန်ထိုး ပြေးသွားပြီး လက်ကိုဆန့်ထုတ်၍ သူမကို သေအောင်လည်ပင်း ညှစ်သတ်ဖို့ ကြိုးစားသည်။
သို့သော်လည်း ထိုနေရာမှာ များပြားသော အစေခံများ ဝိုင်းနေပြီး ဘယ်သူကများ ထိုင်ပြီး ကြည့်နေပါ့မလဲ။
သူတို့က နန်းကျင်ကို တစ်ဖက်တစ်ချက်မှ ဝိုင်းချုပ် လိုက်ကြသည်။
သူတို့က နန်းကျင်ကို မုန်းတီး နေကြတာကြောင့် သူ့ကို ဖမ်းချုပ်ပြီးသောအခါ ဝမ်းဗိုက်ကို လက်သီးတွေနဲ့ ထိုးကြတော့သည်။
နန်းကျင်က အလွန် မုန်းတီး လာတော့သည်။
လူအုပ်ကြီးကိုဖြတ်ပြီး သူ၏ နီကြောင်နေသော မျက်လုံးများဖြင့် နန်းပေါင်ရီကို စူးစူးစိုက်စိုက် ကြည့်နေသည်။
မီးပုံးရဲ့အလင်းအောက်မှာ ရပ်နေသည့် ကောင်မလေးက လှပပြီး ကျက်သရေရှိစွာ ပြုံးနေသည်။
သူက ပိုပိုပြီး ဒေါသထွက် လာတော့သည်။
နန်းကျင်က မီးပုံးတွေကို ဖျက်ဆီး ပစ်လိုက်တာကြောင့် အမှောင်အရိပ် ကျနေပြီး ထိုနေရာမှာ အလင်းက မှိန်ဖျော့နေသည်။ အပြင်လူတွေက လူအုပ်ကြီးနဲ့ ရန်ပွဲကိုသာ မြင်နိုင်လေသည်။ နန်းကျင်က ရူးသွပ်နေတာကြောင့် အစေခံတို့၏ ဖမ်းချုပ်ထားခံရတယ်လို့သာ ထင်မြင်ကြသည်။
သို့သော်လည်း နန်းကျင်၏ လက်မောင်းကို လူတစ်စုက လိမ်ချိုးပြီး သူ့ကို လက်သီးများဖြင့်ထိုး၊ ကန်ကျောက်နေတာကိုတော့ မမြင်ကြချေ။ မမလေးအတွက် သူတို့၏ ဒေါသတွေကို ဖွင့်ထုတ်နေကြသည်။
နန်းကျင်က တစ်စုံတစ်ယောက်ရဲ့ ပါးစပ် ပိတ်ထားခြင်းကို ခံရပြီး အော်ဟစ်လို့မရ ဖြစ်နေသည်။ နောက်ဆုံးမှာတော့ ကန်ချက် အများကြီးကို ခံရပြီး ထိခိုက်ဒဏ်ရာ ရသွားတော့သည်။ သူက ပါးစပ်အပြည့် သွေးတွေကို အန်ထုတ်လိုက်ပြီး မြေပြင်ပေါ်ကို လဲကျသွားပြီး ပြန်ထမလာနိုင်တော့ချေ။
အစေခံတွေ အားလုံးက တဖြည်းဖြည်း ရှဲသွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
“ကျင်းအာ”
နန်းကွမ်က နန်းကျင်၏ သနားစရာ ကောင်းသော ပုံစံကို ကြည့်၍ အော်ပြီး သူ့ကို ထွေးပွေ့လိုက်သည်။
သူက နန်းကျင်၏ ခေါင်းကို ဖက်ထားရင်း ဘေးပတ်ဝန်းကျင်ကို စိတ်ဆိုးစွာ ကြည့်လိုက်သည်။
“မင်းတို့ ကျင်းအာကို ဘာလုပ်ကြတာလဲ။ ကျင်းအာကို ဒီလိုတောင် ဖြစ်အောင် ဘာလို့လုပ်လိုက် ကြတာလဲ”
လူငယ်တစ်စုက ခေါင်းတွေကို ခါယမ်းလိုက်ကြသည်။
“မဟုတ်ဘူး၊ ကျွန်တော်တို့က သူ့ကို ဖမ်းရုံတင် ဖမ်းထားတာပါ၊ သခင်မလေးကို အကြမ်းဖက်မှာ စိုးလို့”
“ကျွန်တော်တို့ ဘာမှမလုပ်ပါဘူး”
“မင်းတို့တွေ….”
နန်းကွမ်က အလွန် ဒေါသထွက်နေပြီး ဘာစကားမှ မပြောနိုင်ပါချေ။
နန်းပေါင်ရီက သူ၏ အစေခံတွေကို အပြစ်ပေး မခံရစေချင်ပေ။
သူမက ရှေ့ကိုတိုး၍ နန်းကျင်၏နားမှာ ဆောင့်ကြောင့် ထိုင်လိုက်ပြီး သူ့ကို သေချာကြည့် လိုက်သည်။ ပြီးမှ တည်ငြိမ်သော မျက်နှာဖြင့် ….
“
အဖေ၊ သမီးပြောတာကို နားထောင်ပါဦး၊ အစ်ကိုနန်းကျင်က စိတ်ပူပန်သောက ရောက်လွန်းလို့ သွေးအန်တာပါ၊ ဒီအစေခံငယ်တွေက ဘာမှမလုပ်ရပါဘူး”
အစေခံတွေ အားလုံးက ဝမ်းဗိုက်ပိုင်းကိုသာ အဓိကထား တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပြီး အပြင်ပန်း ကြည့်ရင်တော့ ဘာဒဏ်ရာဒဏ်ချက်မှ ရှာမတွေ့နိုင်ချေ။
သူမက ပတ်ဝန်းကျင်ကို အရူးလုပ်လိုက်ပြီး သူမအဖေကိုလည်း ယုံကြည်အောင် ဖျောင်းဖျလိုက်သည်။
နန်းကွမ်က ဒေါသထွက်ပြီး စိတ်ဆင်းရဲနေသည်။
သူက လျင်မြန်စွာဖြင့် “သခင်လေးကို နားနေဆောင်ကို ခေါ်သွားပြီး သမားတော်ကျန်းကို သွားပင့်ကြ၊ အတော်ဆုံး သမားတော်ကျန်းရဲ့ အရမ်းထက်မြက်တဲ့ ဆေးစွမ်းနဲ့ ကျင်းအာကို ကုပေးနိုင်မှာပဲ”
သူ့နောက်လိုက် နောက်ပါတွေက ကျန်းဆွေ့ဟန်ကို ချက်ချင်း သွားပင့်ကြတော့သည်။
နန်းပေါင်ရီက အစေခံတွေကို နန်းကျင် ဖျက်ဆီးသွားသော မီးပုံးများကို ပြန်လည် ပြင်ဆင်ခိုင်းလိုက်သည်။
သူမက နန်းကွမ်ကို ကူညီပြီး နားနေဆောင်ကို လိုက်သွားတော့သည်။ ကျန်းဆွေ့ဟန် ရောက်လာသောအခါ သူမက သူ့ကို နန်းကျင် သွေးအန်တာဟာ သူ့ဘာသာ စိတ်ဆိုးလွန်းလို့ ပြောပေးဖို့ စည်းရုံးရမှာ ဖြစ်သည်။
သူမက ပန်းထိုးထိုင်ဖုံပေါ်မှာ ထိုင်နေပြီး ယုန်ပုံစံ မီးပုံးလေးကို လက်မှာ ကိုင်ထားဆဲပင်။
အဝေးမှာတော့ အလင်းရောင်တွေက ထိန်လင်းနေပြီး သူမ၏အစ်ကို ၂ ကိုတော့ ရှာမတွေ့သေးပါချေ။
ဒီညမီးပုံးပွဲတော်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ လည်ပတ်ကြမယ်ဆိုပြီး ဘာလို့ အခုထိ မလာသေးတာလဲ။
ကျောက်ဝမ်ခြံ… အိပ်ဆောင်မှာတော့….
ရှောင်းယီက လည်ဝိုင်း အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းနဲ့ စီခြယ်ထားတဲ့ ရွှေရောင် သားရေခါးပတ်ကို ဝတ်ဆင်ပြီး ထိုင်ဖုံတစ်ခုပေါ်မှာ တည်ကြည်သော မျက်နှာနှင့် ထိုင်နေသည်။
သူ့ရှေ့မှာတော့ အစေခံ ဆယ့်ရှစ်ယောက်က ဒူးထောက်နေကြပြီး တစ်ယောက်ချင်းစီက အနီရောင် ယွန်းလင်ပန်း တစ်ခုစီကို လက်မှာ ကိုင်ထားကြပြီး သားရေဖိနပ်အသစ် မျိုးစုံကို ထည့်ထားသည်။ သူရွေးဖို့ကို စောင့်ဆိုင်းနေကြသည်။
ယွီဝေ့က သတိကြီးကြီး ထားလျက် “သခင်လေး မကြိုက်ဘူးလား”
ရှောင်းယီက အမူအရာ ကင်းမဲ့နေသည်။ ထိုဖိနပ်တေွက အမြဲတမ်း ဝတ်ဆင်နေကြ ဖြစ်သည်။ ဒီညမှာတော့ ပထမဆုံး အကြိမ်အဖြစ် ကောင်မလေးနဲ့ မီးပုံးပွဲကို သွားလည်ဖို့ ဖိတ်ခေါ်ထားသည်။ အားလုံးက တကယ်ဆို အထူး ကောင်းမွန်နေရမှာ ဖြစ်ပြီး ပေါ့ပေါ့တန်တန်ဖြစ်လို့ ဘယ်ရပါ့မလဲ။
ယွီဝေ့က လက်ကို မြှောက်လိုက်သည်။ အစေခံ ဆယ်ရှစ်ယောက်က ချက်ချင်း နောက်ကို ဆုတ်သွား တော့သည်။ ဖိနပ်တစ်စုံစီကို ပြန်ယူသွားကြပြီး ရိုသေလေးစားစွာဖြင့် ဒူးထောက်နေဆဲဖြစ်ပြီး ရွေးချယ်ဖို့ကို စောင့်ဆိုင်း နေကြဆဲပင်။
ယွီဝေ့က သခင်လေးကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
သူက ဖိနပ်တွေကို တစ်စုံချင်းစီ ကြည့်နေပြီး အမူအရာက သဘောတွေ့ဟန် မရပါချေ။
အဓိပ္ပါယ် မရှိလိုက်တာ။
သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး အစေခံတွေကို ထားလိုက်တော့သည်။
ကြည့်ရတာ ဖိနပ်တွေနှင့် မောင်းမတွေကို သူမပဲ ရွေးချယ်ပေးမှ ရမည့်ပုံပင်။
သူမက ပြတင်း အပြင်ဘက်က ကောင်းကင်ကို ကြည့်လိုက်သည်။
မီးပုံးပွဲတော်က ပန်းခြံထဲမှာ ကျင်းပနေတာ အမွှေးတိုင် ခြောက်တိုင်ထွန်းစာ အချိန်ကြာနေပြီဖြစ်ပြီး မိန်းကလေး ပေါင်ရီက မစောင့်နိုင်တော့မှာတောင် စိုးရသည်။
သူမက ရွေးချယ်စရာ မရှိတော့ပေမယ့် ပြောလိုက်ရတော့သည်။
“ကြည့်ပါဦး၊ သခင်လေး၊ ဖိနပ်တွေက ကြည့်ကောင်းပါတယ်၊ ဒီသားရေဖိနပ်ရဲ့ ပုံစံက ရွှေရောင်ခြယ် ထားပြီး အစွန်းတွေမှာ ထိုးထားတဲ့ ပန်းထိုးဆင်တွေကလည်း ရတနာတွေလို ကနုတ်ဖော်ထားတာ၊ သခင်လေးရဲ့ ဝတ်ရုံက ပုံစံနဲ့ လုံးဝ ထပ်တူပဲ၊ နှစ်ခုလုံးက အရမ်း လိုက်ဖက်တယ်၊ ဒီလို လိုက်ဖက်နေတာနဲ့ ဆိုရင် သခင်လေးကို ပိုလို့တောင် ယောက်ျားပီသပြီး ချောမော ကြည့်ကောင်းစေမှာ”
***