NBY အပိုင်း ၁၉၉

အပိုင်း (၁၉၉)
အစ်ကိုက မင်းအတွက် သိမ်းထားပေးမယ်

ဓါးပြတွေကြောင့် နန်းအိမ်တော်တစ်ခုလုံး သန့်ရှင်းသွားအောင် ရှင်းလင်းရေးလုပ်ဖို့ တစ်ရက်အချိန် ယူလိုက်ရသည်။

နန်းပေါင်ရီက ချန်းယဲ့ရူနှင့် သူ့အဖေ၏ လက်ထပ်ပွဲပြီးနောက် နှစ်ရက်မြောက်နေ့မှာ တွေ့ဖို့ စီစဉ်ထားခဲ့သည်။ သို့သော်လည်း တတိယနေ့ကို ရွှေ့ဆိုင်းလိုက်ရသည်။

နံနက်ခင်း စောစောမှာတော့ နန်းပေါင်ရီကို အဝတ်အစား ပြင်ဆင်ပေးရန် ဟယ်ယဲ့က အစေခံငယ်လေးတွေ နှင့်အတူ ရောက်လာခဲ့သည်။

မပြောဘဲ မနေနိုင်စွာဖြင့် “ဒီနှစ်တော့ အကြောင်းကြောင်းကြောင့် နှစ်သစ်ရဲ့ ဆယ့်နှစ်ရက်မြောက်တောင် ရောက်လာပြီ၊ နွေဦးရာသီကလည်း ရောက်တော့မယ်၊ မနေ့ညက နှင်းတွေ အများကြီး ကျတယ်၊ ဒီအစေခံက လူကြီးတွေရဲ့ စကားကို နားထောင်ကြည့်တော့ ဒီနှစ်ရာသီဥတု အခြေအနေက တော်တော်လေး မူမမှန်ဘူးတဲ့၊ နှင်းမုန်တိုင်းကျနိုင်တယ်လို့ ပြောတယ်”

နန်းပေါင်ရီက အလှပြင်ခုံရှေ့မှာထိုင်နေလေ၏။

သူမက အမတ်မင်း ပေးထားတဲ့ အလှပြင် သေတ္တာလေးထဲက ပန်းရောင်ကြာပွင့်ဆိုတဲ့ နှုတ်ခမ်းနီ ကြွေအိုးလေးကို ထုတ်ယူလိုက်သည်။

သူမက စိတ်ထဲမှ တိတ်တိတ်လေး ပြောလိုက်သည်။

‘ဒါက နှင်းမုန်တိုင်း အသေးစားလေး တစ်ခုပဲဖြစ်ပြီး အနည်းဆုံးတော့ လူတွေကို အေးခဲပြီး မသေစေနိုင်‌ ဘူးလေ’

မိုးခေါင်ရေရှားမှုကသာ ကြောက်စရာ ကောင်းတာဖြစ်သည်။

“ဒီနေ့ မမလေးက ဘယ်လိုပုံစံ ဝတ်မှာလဲဟင်။ ဒီနေ့ မမလေးက သခင်မအသစ်ကို တွေ့ရမှာဆိုတော့ ပိုပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်တဲ့ပုံ ပေါ်စေမဲ့ အဝတ်အစားကို ဝတ်ရမှာပေါ့”

ဟယ်ယဲ့က လိမ်းခြယ်ပေးရင်း ပြောနေသည်။

နန်းပေါင်ရီက ခေါင်းညိတ်လိုက်သည်။

ဟယ်ယဲ့က သူမက ဝတ်ဆင်ပေးလိုက်ပြီး “သခင်မအသစ်က ဘိုးဘွားကဗ္ပည်းတိုင်ဆောင်ကို အရင်သွားမှာ၊ ဘိုးဘွားတွေရဲ့ ကဗ္ပည်းတိုင်တွေကို ကန်တော့ဖို့၊ ပြီးတော့ ဇနီးမယားရဲ့ ကဗ္ပည်းတိုင် ရှေ့မှာ ဇနီးအဖြစ် ချီးမြှောက်တဲ့ အခန်းအနားကို တက်ရဦးမှာ၊ နောက်ခဏနေရင် သခင် ၃က ဆုန်းဟယ့်ခြံကို ရောက်လာလိမ့်မယ်၊ အဲ့လိုပြောတော့မှ နန်းယန်တို့ မောင်နှမတွေရော ဂါရဝပြု လက်ဖက်ရည် သောက်ဖို့လာကြမလား မသိဘူးနော်….. ကျွန်မဆို ဘိုးဘွားတွေကို မှတ်တောင် မမှတ်မိတော့ဘူး၊ နန်းအိမ်တော်မှာပဲ အမြဲတမ်း နေနေတော့”

နန်းပေါင်ရီ၏ မီးငှက်လို မျက်လုံးရွှဲကြီးတွေက မျက်တောင် တဖျပ်ဖျပ် ခတ်လိုက်သည်။

နန်းကျင်၏ အကြောင်းကို ပြောသောအခါ ရှန်းရိချောင်ရဲ့ အတိုးကြီးကြီးယူပြီး ငွေချေးပေးသော အစီအစဉ်က ဘယ်လိုဖြစ်သွားလဲ ဆိုတာကို သူမသိချင်လှသည်။

သူမက ပင်မခန်းမကို ရောက်သွားသောအခါ နန်းယန်တို့ မောင်နှမတတွေ တကယ်ကြီး ရောက်နေကြသည်ကို တွေ့လိုက်ရသည်။

နန်းမိသားစုများက သူတို့နှစ်ယောက်ကို မမြင်ချင်ကြတာ သိသာတာမို့ သူတို့က ထောင့်နားမှာသာ အထီးကျန်စွာ ထိုင်နေကြသည်။

နန်းကျင်က ရှေ့ရက်တွေကလို ကသိကအောက်နဲ့ စိတ်ဆိုးမာန်ဆိုး ဖြစ်မနေတော့ဘဲ မျက်ခုံးတွေက မျှော်လင့်ချက် ရောင်ခြည်သန်းနေပုံ အနည်းငယ် ပိုပြီး တောက်ပနေသည်။

ရှန်းရိချောင်၏ အကွက်ဆင်ထားသော ကိစ္စ အောင်မြင်သွားပြီ ဆိုတာကို နန်းပေါင်ရီ သိလိုက်သည်။

သူမက အဘွားအိုကို အပြုံးတစ်ပွင့်နဲ့ နှုတ်ခွန်းဆက်လိုက်ပြီး သိမ်မွေ့ကျိုးနွံစွာနဲ့ ထိုင်လိုက်သည်။

သူမက လက်လေးတွေနဲ့ ထုရိုက်လိုက်ပြီး “အဘွားဝတ်ထားတဲ့ အနီရောင် အပေါ်ဝတ်စုံက အရမ်း ဈေးကြီးတာပဲ၊ နဖူးနားက ကျောက်စိမ်းတွေကလည်း အရမ်းလှတာပဲ၊ အဘွားရဲ့ ပုံစံနဲ့ အရမ်းကို လိုက်ဖက်တယ်”

“ငါတို့အိမ်မှာ ကျောင်းကျောင်းက နှုတ်အချိုဆုံးပဲ”

အဘွားအိုက ပြုံးလိုက်သောအခါ အရေးအကြောင်းတွေက ပြေလျော့သွားပြီး “ကလေးလေး၊ အဘွားကို ထုရိုက်မနေနဲ့၊ မင်းရဲ့အစ်ကို ၂ ကိုသွားကြိုလိုက်ဦး”

နန်းပေါင်ရီ “အာ……”

သူမရဲ့အဘွားက တကယ်ကိုပဲ ထူးဆန်းနေသည်။ အမတ်မင်းနဲ့ နီးနီးကပ်ကပ်မနေဖို့ သူမကို ပိတ်ပင်ထားတယ် မဟုတ်ဘူးလား။ အခုတော့ သူမကို ထိန်းထိန်းသိမ်းသိမ်း မလုပ်တော့ဘဲ အမတ်မင်းဆီကို အမြဲတမ်း တွန်းပို့နေတော့သည်။

သူမက ရှောင်းယီကို ကြည့်လိုက်သည်။ သူက ကုလားထိုင်မှာ ထိုင်နေပြီး လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း သောက်နေသည်။

သူမက ဟယ်ယဲ့ နှင့်အတူ သူ့ဆီကို လျှောက်သွားပြီး ကျက်သရေရှိစွာ နှုတ်ဆက် လိုက်သည်။

“အစ်ကို ၂၊ ကျန်းခန့်သာလို့ မာပါစေ”

ရှောင်းယီက ငြီးငွေ့နေဟန်နဲ့ ခေါင်းညိတ်လိုက်သည်။

နန်းပေါင်ရီက သူ့နားမှာထိုင်ပြီး တီးတိုးပြောလိုက်သည်။

“အဘွားကို ဘယ်လောက် စွမ်းတဲ့ဆေး တိုက်ထားတာလဲ။ အဘွားက အစ်ကို့ အပေါ်မှာ တကယ်ကြီး ပြောင်းလဲနေတာ”

“အရမ်းလှတဲ့ ပန်းလေးတစ်ပွင့်ကို သူ့လက်ထဲ ငါထည့်ပေးလိုက်တယ်၊ တစ်နေ့ညကလည်း ငွေတွေ အများကြီး ပေးထားသေးတယ်၊ အဲဒါကြောင့် အဘွားက အရမ်းပျော်ပြီး ငါ့ကို ကောင်းကောင်း ဆက်ဆံနေတာ”

ရှောင်းယီရဲ့အသံက အလွန်ပေါ့ပါးပြီး နှေးကွေးလှသည်။

တစ်နေ့ညက သူက နန်းအိမ်တော် တစ်ခုလုံးကို သူ့အင်အားနဲ့ ကာကွယ် ပေးခဲ့သည်။ တကယ်တမ်းဆို ငွေကြေးတွေ အများကြီး ထိုက်တန်လှသည်။

မြေးယောကျ်ားလေးက လုပ်ကိုင်နိုင်စွမ်း မြင့်မားတာကို အကြီးတွေက မပျော်ဘဲ ဘယ်နေပါ့မလဲ။

နန်းပေါင်ရီကတော့ သူ့စကားကို နားမလည်ပါချေ။

ဘာကို အနုစိတ်လှပတဲ့ ပန်းလဲ။ အမတ်မင်းရဲ့ အမြင်မှာတောင် အဖိုးတန် ရှားပါးတယ်ဆိုသည့် ပန်းကို ဘာလို့ ဆုန်းဟယ့်ခြံကို ဝင်လာကတည်းက သူမ မတွေ့ရသေးတာလဲ။

ငွေတွေအများကြီး ပေးထားတယ်ဆိုလည်း အဘွားမှာ ငွေကြေး ပြတ်လပ်နေတာမှ မဟုတ်တာ၊ အဲဒါကြောင့် သူရဲ့ငွေကို တန်ဖိုးထားမှာ မဟုတ်။

သူမ ဘယ်လိုပဲ စဉ်းစား စဉ်းစား နားမလည်နိုင်ပေ။ ထို့ကြောင့် သူမက သီချင်းလေး ညည်းရင်း ပန်းပွင့်ကိတ် တစ်လုံးကို ယူလိုက်ပြီး ဖြည်းဖြည်းချင်း ကိုက်စား နေလိုက်တော့သည်။

သိပ်မဝေးသော နေရာမှ အဘွားအိုက ကလေးနှစ်ယောက်ကို အထူးစိတ်ဝင်စား နေလေသည်။

သူမ အခုတော့ ရှောင်းယီကို ပိုပိုပြီး သဘောကျလာပြီလေ။

ကြည့်ကောင်းတယ်၊ လုပ်နိုင်စွမ်းရှိတယ်၊ ပြီးတော့ ကျောင်းကျောင်းကိုလည်း အလွန့်အလွန်ကို ချစ်ခင် မြတ်နိုးသေးတယ်။

ကလေးနှစ်ယောက်က အတူတူ ထိုင်နေကြပြီး နှစ်ယောက်သား တီးတိုး ပြောနေကြသည်။ ထိုနားက လေထုက နွေဦး၏ အနီရောင် ပဲစေ့ရွက်လေးတွေ ကြီးထွားရှင်သန် နေကြသလို ပျော်ရွှင်မှုတွေ၊ တက်ကြွ ဖျတ်လတ်ခြင်းတွေနဲ့ ပြည့်နှက်နေသည်။

အဒေါ်ကျိက ပြုံးရင်းပါးစပ်ကို ဖုံးအုပ်၍ အဘွားအိုရဲ့ နားရွက်နားကို ကပ်ပြီး တိုးဖွဖွ ပြောလိုက်သည်။

“သခင်မကြီး ကြည့်ပါဦး၊ အမတ်မင်းက ပေါင်ရီ မိန်းကလေးကို လက်ဖက်ရည် ကမ်းပေးနေတာ၊ သူက မိန်းကလေးပေါင်ရီ ပန်းပွင့်ကိတ်စားပြီး နင်နေမှာကို စိုးရိမ်နေတာ”

အဘွားအိုက ရှေ့ကမြင်ကွင်းကို ကြည်နူးစွာ ကြည့်နေပြီး “ငါတွေ့တယ်၊ ဆုန်းရှစ်နင်က ပေါင်ရုံကို ဂရုစိုက်တာတောင် ရှောင်းယီက ကျောင်းကျောင်းကို ဂရုစိုက်တာကို မမီဘူး”

သခင်မကျန်း၏ မျက်နှာကလည်း အပြုံးတွေဝေနေပြီး “စစ်မြေပြင်မှာ တိုက်ခိုက်ခဲ့တဲ့ သူတွေက မိန်းကလေးတွေကို မကြင်နာတတ်ကြဘူးလို့ ထင်ခဲ့တာ၊ ဒီနေ့‌ သူ့ကိုမြင်လိုက်တော့မှ ကျွန်မမှားသွားတယ် ဆိုတာကို သိတော့တယ်”

နန်းပေါင်ရုံကလည်း သူ့ညီမလေးအတွက် အမှန်တကယ်ကို ပျော်ရွှင်နေပြီး “ကြည့်ပါဦး၊ ကျောင်းကျောင်းက ရှက်နေပြီ”

မိသားစုဝင်တွေ အားလုံးက သူတို့နှစ်ယောက် ကြင်နာနေကြတာကို ကြည့်နေကြသည်။

နန်းပေါင်ရီက တစ်ကိုယ်လုံး နီရဲလာတော့သည်။

သူမက ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ သူမကိုကြည့်၍ ပြုံးရယ်နေကြတာကို တွေ့ပြီး ကြက်သီးမွှေးညင်း ထသွားတော့သည်။

သူမက ဝတ်ရုံလက်ကို အမြန်ပင့်ပြီး ကာလိုက်ရင်း တိုးညင်းစွာနဲ့ “အစ်ကို ၂ သူတို့ အားလုံးက ညီမလေး တို့ကို ကြည့်နေတာ၊ အရမ်းထူးဆန်းတာပဲ”

အားလုံး၏ မျက်လုံးတွေထဲ ကျီစားဟန် ပြည့်နေပြီး လက်ထပ်ပြီးခါစ ဇနီးမောင်နှံက ပထမဆုံး အကြိမ် မိန်းကလေးဘက်မှ မိသားစုဆီကို လာလည်သလို ဖြစ်နေသည်။

ရှောင်းယီက ကောင်မလေးဆီကို ငုံ့ကိုင်းလိုက်ပြီး နှုတ်ခမ်းထောင့်က ကိတ်မုန့်စလေးတွေကို သုတ်ဖယ် ပေးလိုက်သည်။

သူက ညင်သာစွာ ပြုံးရင်း “ကျောင်းကျောင်း ဒီနေ့ဝတ်ထားတာ အရမ်းလှတယ်၊ လူတိုင်းက သဘောကျ ကြလို့ အဲ့ဒါကြောင့် အားလုံးက မင်းကိုမကြည့်ဘဲ မနေနိုင်ကြတာ”

ရှောင်းယီရဲ့ ရှင်းပြချက်က နန်းပေါင်ရီကို လက်ခံသွားစေသည်။

သူမက နှုတ်ခမ်းသေးလေးကို ပြန့်ကားရင်း အားလုံးကို သဘောထား ကြီးကြီးနဲ့ ပြုံးပြလိုက်သည်။

နန်းကွမ်က နောက်ဆုံးတော့ ချန်းယဲ့ရူကို ခေါ်ဆောင်ပြီး ရောက်လာလေပြီ။

ပင်မဆောင်က ရုတ်ခြည်း သက်ဝင်လှုပ်ရှား သွားတော့သည်။ မင်္ဂလာမောင်နှံက သူတို့ထက် ကြီးသူတွေကို ဂါရဝပြု ကန်တော့ကြပြီး ဝင်ထိုင် လိုက်ကြသည်။ သူတို့ထက် ငယ်သူတွေက ဂါရဝပြုမှာကို စောင့်စားနေလေသည်။

ချန်းယဲ့ရူက နောက်မှ ဝင်ရောက် လာသောသူဖြစ်ပြီး နန်းပေါင်ရီက အိမ်တော်ကသူ ဖြစ်တာကြောင့် ချန်းယဲ့ရူကို လက်ဖက်ရည် ဆက်ဖို့ မလိုပါချေ။ သို့သော်လည်း နန်းပေါင်ရီက သဘောထားကြီးစွာနဲ့ ကိုယ်ကို ငုံ့ကိုင်းရင်း ဦးညွှတ်လိုက်သည်။

နန်းယန်တို့ မောင်နှမတွေကတော့ တရားဝင် သားသမီးတွေ မဟုတ်ကြတာကြောင့် လူအများကြားမှာ လက်ဖက်ရည်နဲ့ ဂုဏ်ပြုပေးဖို့ လိုအပ်သည်။

နန်းယန်က ထိုင်ဖုံပေါ်မှာ ဒူးထောက်လိုက်ပြီး လက်ဖက်ရည်ပူ တစ်ခွက်ကို ကိုင်ရင်း ပျော့ပျောင်းတဲ့ အသံနဲ့ပြောလိုက်သည်။

“ယန်အာက ဒေါ်ဒေါ့်ကို ဂါရဝပြုပါတယ်၊ ဒေါ်ဒေါ်နဲ့ ဖေဖေတို့ အတူတူ အသက်ကြီးကြပြီး ကလေးတွေ အများကြီး မွေးပြီး ပျော်ရွှင်ကြပါစေ”

နန်းကျင်က တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်နေပြီး စကားတော့ တစ်ခွန်းမှ ပြောမလာပါချေ။

နန်းပေါင်ရီက မက်မွန်သီးကို စားနေစဉ်မှာ မထိန်းနိုင်တော့ဘဲ နှုတ်ခမ်းတွေ တွန့်ကွေးလိုက်သည်။

တကယ်တမ်း ပြောရရင် နန်းကျင်က အရိပ်အကဲ မသိတဲ့နေရာမှာ နန်းယန်ထက် ပိုသည်။

ဘယ်လို အခြေအနေ မျိုးမှာပဲဖြစ်ဖြစ် နန်းယန်က ဘယ်လို ကိုင်တွယ် ဖြေရှင်းရမလဲ ဆိုတာကို နားလည်ပြီး အချိန်မီ သူမက ဒေါ်ဒေါ်ချန်းကို မျက်နှာ လုပ်တတ်သည်။ သို့သော် ထိုကောင်လေး ကတော့ ကြည့်ရတာ စိတ်ကြီးဝင်နေပြီး ချန်းယဲ့ရူက သူ့ဆီက ရွှေစ ထောင်ပေါင်းများစွာ ချေးငှားထားသလို မျက်နှာထားမျိုးနဲ့ ဖြစ်သည်။

ချန်းယဲ့ရူသည် သတို့သမီးအဖြစ် အိမ်တော်ထဲကို ဝင်ရောက်လာပြီ ဆိုသော်ငြား လူအများ ကြားထဲတွင် သူတို့ကို မျက်နှာမပျက် ဆက်ဆံသည်။

သူမက ပြုံးရင်း စာအိတ်နီ သုံးအိတ်ကို ထုတ်ယူလိုက်ပြီး အစေခံ တစ်ယောက်ကို သူတို့ကို ပေးလိုက်ဖို့ လက်ဟန်ပြလိုက်သည်။

“အခုအချိန်ကစပြီး ငါတို့က မိသားစုတွေ ဖြစ်သွားကြပြီ၊ ရင်းရင်းနှီးနှီး နေကြတာပေါ့”

စာအိတ်နီသုံးအိတ်ကို ကြည့်လိုက်သောအခါ နန်းပေါင်ရီ၏ စာအိတ်က အထူထဲဆုံးပင်။ သူမက စာအိတ်ကို ဖွင့်ဖောက်ပြီး ငွေတွေကို ပျော်ရွှင်စွာ ရေတွက်လိုက်သည်။

လက်ဆစ်ထင်းထင်းနဲ့ လက်ဖဝါး တစ်ဖက်က သူမရှေ့ကို ရုတ်တရက် ဆန့်ထုတ်လာသည်။

သူမက ရှောင်းယီ၏ ပျင်းရိပျင်းတွဲ အမူအရာကို ကြည့်လိုက်သောအခါ ရှောင်းယီက “အစ်ကို မင်းအတွက် သိမ်းထားပေးမယ်”

နန်းပေါင်ရီ၏ နှလုံးသားလေးက တုန်ခါသွားရသည်။

သူမ့စာအိတ်ကို ရှောင်းယီ လုယူသွားမှာကို ကြောက်လန့်ပြီး ဝတ်ရုံလက်အိတ်ရဲ့ အတွင်းဆုံး နေရာကို ထည့်ပြီး အမြန်သိမ်း၍ ချိုသာစွာ ပြောလာသည်။

“ညီမလေး ဘာသာပဲ ထိန်းသိမ်း လိုက်ပါ့မယ်၊ အစ်ကို စိတ်ပူပေးတာကို ကျေးဇူးတင်ပါတယ်၊ အစ်ကို ၂ က ညီမလေးကို စောင့်ရှောက် ပေးတတ်တယ်၊ လောကကြီးမှာ အကောင်းဆုံး အစ်ကိုပဲ”

ရှောင်းယီက လှောင်ပြုံး ပြုံးလိုက်သည်။

ကောင်မလေးက တကယ်ပဲ သူစာအိတ်ကို လုယူမယ်လို့ ထင်နေတယ်လား။

တကယ်တော့ သူက ဒီလောက် ငွေနည်းနည်းလေးကို အထင်ကြီး နေစရာလား၊ ကောင်မလေးကို စနောက် လိုက်ခြင်းသာ ဖြစ်သည်လေ။

အဘွားအိုက နှစ်ထောင်းအားရစွာနဲ့ “တတိယသားက သတို့သမီးကို ခေါ်လာခဲ့ပြီ၊ မင်းက သူ့ကို မောက်မာတာတွေ မရှိဘဲ စောင့်ရှောက်၊ ယဲ့ရူ မင်းကသူ့ကို ပြန်ပြီး ဂရုစိုက်ပေးရမယ်”

“ယောက္ခမကြီး စိတ်မပူပါနဲ့”

ချန်းယဲ့ရူက ကြင်နာစွာနဲ့ နန်းကွမ်ကို ကြည့်လိုက်ပြီး “ဒီက ချွေးမလေးက အားကွမ်ကို လေးစားပြီး ချစ်ခင်မြတ်နိုးပါ့မယ်၊ သူ့ကို မျက်ခုံးတွေ မြင့်တက်သွားအောင် ပျော်ရွှင်စေပြီး ကောင်းမွန်တဲ့ ဘဝတစ်ခု ကိုရစေရပါ့မယ်”

နန်းကွမ်က ‘ဟီး ဟီး’ လို့ရယ်လိုက်ပြီး အလွန်ရှက်ရွံ့နေသည်။

လူနှစ်ယောက်ရဲ့ လက်တွေက တစ်ချိန်လုံး တွဲချိတ်ထားကြပြီး လက်ထပ်ပြီးစ ဇနီးမောင်နှံတွေရဲ့ ပုံစံကို အပြည့်အဝ ဖော်ကြူးနေသည်။

အဘွားအိုက စိတ်ချမ်းမြည့်စွာနှင့် ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်ပြီး ထောင့်နားကို ရုတ်တရက် ကြည့်လိုက်သည်။

လူအားလုံးက ထိုနေရာကို ကြည့်လိုက်ကြသည်။

နန်းပေါင်ကျူးက ဘယ်ဘက်လက်မှာ ပန်းပွင့်ကိတ်မုန့် ညာဘက်လက်တွင် အချဉ်ရည်နှင့် တို့ထားတဲ့ ဝက်ပေါင်ကို ကိုင်ပြီး ပျော်ရွှင်စွာ စားသောက်နေလေသည်။
***

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset