NBY အပိုင်း ၁၈၈

အပိုင်း (၁၈၈)
ကျောင်းကျောင်းက ဘာလို့တုန်နေတာလဲ

ရှီးခူက ဓါးကိုယူပြီး တိတ်တဆိတ် ထွက်ခွာသွားသည်။

နန်းပေါင်ရီက ရှောင်းယီဘက်ကို လှည့်လိုက်ပြီး “အစ်ကို ၂၊ အစ်ကို ပဲနို့မြန်မြန်သောက်၊ အိမ်ပြန်ကြရ အောင်”

“အာ…..”

ရှောင်းယီက ပျင်းရိငြီးငွေ့စွာနဲ့ ပဲနို့ခွက်ကို ယူလိုက်သည်။ သူက မျက်ခုံးတွေိကို အသာအယာ သပ်လိုက်ပြီး မနှစ်သက်စွာနဲ့ တဒင်္ဂမျှကြည့်နေပြီး ဗလာသက်သက် ခံစားချက်နဲ့ မော့သောက်လိုက် သည်။

ပဲနို့က အလွန် ချိုအီနေသည်။ သူသောက်ပြီးတဲ့အခါ နှုတ်ခမ်း ပတ်လည်မှာ အဝိုင်းတစ်ဝိုင်း ကျန်နေခဲ့တာကို တွေ့ပြီး နန်းပေါင်ရီက မထိန်းနိုင်တော့ဘဲ ရယ်မောတော့သည်။

သူမက နှုတ်ခမ်းကို ညွှန်ပြပြီး “အစ်ကို ၂၊ ဒီမှာပဲနို့တွေပေနေတယ်”

ရှောင်းယီက မျက်ခုံးပင့်ပြီး ခေါင်းကိုငုံ့၍ သူမ၏ရှေ့ကို ငုံ့ကိုင်းကန့်လန့်ကာ “သုတ်ပေးလေ”

နန်းပေါင်ရီက လက်ကိုင်ပဝါ အသစ်ကို ထုတ်ယူလိုက်ပြီး သူ၏နှုတ်ခမ်းမှာ တင်ကျန်နေသည့် ပဲနို့တွေကို သုတ်ဖယ် ပေးလိုက်သည်။

နှစ်ယောက်သားက အလွန်နီးကပ် နေကြသည်။

သူမရှေ့က လူငယ်က ချောမောပြီး ယောက်ျား ပီသလှသည်။ အမြဲတမ်း ပေါ့ပေါ့ပါးပါးဟန် ရှိနေတတ်သည်။ ဇာမဏီ မျက်လုံးတွေ၏ အတွင်းနဲ့အပြင်က ညှို့အားပြင်းပြင်းနဲ့ သူမကို ရစ်ပတ်ထားသည်။ သူ၏မျက်စံတွေက သမုဒ္ဒရာထဲက အစက်လေး တစ်စက်လို နက်ရှိုင်းငြိတွယ်နေသည်။

သူ၏သွင်ပြင်က သူမကို ဖမ်းစားထားသလိုပင်။ ရက်စက် ကြမ်းတမ်းတဲ့ ဝံပုလွေတစ်ကောင်က စာဝါငှက် ကလေးကို စိုက်ကြည့်နေသကဲ့သို့။

နန်းပေါင်ရီ၏ သုတ်ပေးနေသည့် လက်တွေက တဖြည်းဖြည်း နှေးသွားသည်။ တခြားသူ တစ်ယောက်၏ နှုတ်ခမ်းကို သုတ်ပေးရတာက အလွန်ရင်းနှီးတဲ့ အပြုအမူတစ်ခု ဖြစ်ကြောင်းကို သူမသိသည်။

နက်ရှိုင်းတဲ့ ပင်လယ်ပြင်လို သူ၏မျက်လုံးတွေကို သူမ ဆက်မကြည့်ရဲတော့ပါချေ။

သူမက မျက်တောင်တွေကို အောက်ချလိုက်ပြီး နားတွေကလည်း ပူထူလာသည်။ သူမ၏ ရင်ဘတ်တွေတောင် ပူလာရသည်။

သူမ၏ လက်ကိုင်ပဝါ ကိုင်ထားတဲ့ လက်လေးက တုန်ရီနေသည်။

ရှောင်းယီက ခပ်ဖွဖွ ပြုံးလိုက်သည်။ သူက သူမ၏လက်လေးကို ကိုင်လိုက်ပြီး ဂရုတစိုက်နဲ့ လက်ဖဝါးလေးကို ဆွဲယူလိုက်သည်။ သူမ၏ လက်သီးဆုပ်လေးကို ဖြည်းဖြည်းချင်း ဖြေပြီး သူ၏လက်ဖဝါးနဲ့ သုတ်ပေးလိုက်သည်။

သူက ညင်သာ ပျော့ပျောင်းစွာနဲ့ “ကျောင်းကျောင်းရဲ့ လက်တွေက ဘာလို့ တုန်နေတာလဲ”

“အဲ့ဒါက …. အအေးကြောက်လို့”

နန်းပေါင်ရီက အထစ်ထစ် အငေါ့ငေါ့နဲ့ ပြန်ဖြေလိုက်သည်။

“မင်းက ငယ်ငယ်လေး ရှိသေးတာကို ဘယ်လိုလုပ်ဖြစ်ရတာလဲ”

“ဟုတ်တယ်၊ ညီမလေးက ဟောင်လောင်ကျူးဆီက ကူးစက်ခံရတာ”

နန်းပေါင်ရီက ဆက်ပြီး လိမ်ညာလိုက်သည်။

“အအေးကြောက်တဲ့ ရောဂါက အလွယ်တကူ ကူးစက်တတ်တယ် ဆိုတာကို ငါမသိခဲ့ဘူး”

ရှောင်းယီက မယုတ်မလွန် ပြောလိုက်သည်။ ရှီးခူက ဓါးတစ်ချောင်းကို ကိုင်ပြီး ပြန်လာတာကို ရိပ်ခနဲ မြင်လိုက်တော့မှ သူမ၏ လက်လေးတွေကို လွှတ်ပေးလိုက်လေသည်။

“အိမ်ပြန်ကြမယ်”

နန်းပေါင်ရီက ပူနေသည့် မျက်နှာလေးကို အုပ်ကိုင်ရင်း သူ၏နောက်ကနေ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ပါသွားတော့သည်။

ရွှေငွေအပြည့် ကျောက်စိမ်းစံအိမ်၏ ဝင်ပေါက်တံခါးကို ရောက်သောအခါ သူမက ရုတ်တရက် ပြောလာသည်။

“အစ်ကို ၂၊ ထုပ်ပိုးခိုင်းထားတဲ့ ပဲနို့ကို မယူခဲ့ရဘူး၊ အစ်ကိုက အဲ့ဒါသောက်ရတာ အရမ်းကြိုက်တယ် မလား၊ ခဏလေးစောင့်နော်”

ရှောင်းယီ “….”

ပဲနို့ယူဖို့မေ့ခဲ့တယ်တဲ့လား။

နန်းအိမ်တော်ကို ပြန်ရောက်တဲ့အခါ နေဝင်ရီတရော အချိန် ဖြစ်နေလေပြီ။

ဆုန်းဟယ့်ခြံ၏ ဧည့်သည်တွေက ပြန်သွားကြပြီ။ အနီရောင် ပန်းပွင့်တွေနဲ့ အပင်တွေပေါ်မှာ နှင်းစက ပွင့်လေးတွေ တင်ကျန်နေသည်က ဆည်းဆာချိန်၏ လှပတဲ့ ပန်းချီကားတစ်ချပ်လိုပင်။

ရှောင်းယီက အစေခံ၏ မီးအိမ်လမ်းပြမှု နောက်မှာ လမ်းလျှောက်လာပြီး နန်းပေါင်ရီ ခိုးချောင်ခိုးဝှက်နဲ့ လမ်းလျှောက်နေတာကို ကြည့်နေသည်။

“မင်းဘာလုပ်နေတာလဲ”

“အာ…..”

နန်းပေါင်ရီက ခေါင်းကိုလှည့်လိုက်ပြီး တိတ်တိတ်နေဖို့ သူ့ကို လက်ဟန်ပြလိုက်သည်။

“နန်းကျင်က အသုံးမကျတဲ့သူ ဖြစ်သွားတော့ ဖေဖေက ညီမလေးကို ကျိန်းသေပေါက် ရိုက်တော့မှာ၊ သူညီမလေးကို ရှာတွေ့သွားလို့ မဖြစ်ဘူး၊ ညီမလေး ဂရုစိုက်ရမယ်”

ပြောပြီး ခေါင်းကို လှည့်လိုက်လိုက်ချင်းမှာပဲ နန်းကွမ်ကို တိုက်မိတော့သည်။ နန်းကွမ်က တုတ်တစ်ချောင်းကို ကိုင်ထားပြီး အချိန်အကြာကြီး ဒီနေရာမှာ စောင့်နေတယ်ဆိုတာ သိသာလှသည်။

နန်းပေါင်ရီဟာ နှလုံးသားထဲကနေ ကြောက်ရွံ့သွားပြီး တံတွေးမျိုချလိုက်သည်။

ရှောင်းယီ၏ နောက်ကို အမြန်ပြေးပုန်းလိုက်ပြီး “အစ်ကို ၂၊ ညီမလေးကိုကယ်ပါဦး”

နန်းကွမ်က ဒေါသအမျက် ခြောင်းခြောင်း ထွက်သွားပြီး “ဆိုးလိုက်တဲ့သမီး၊ နင်က ရွှေငွေအပြည့် ကျောက်စိမ်းစံအိမ်ကို နင့်အစ်ကိုအတွက် ငွေပေးချေဖို့ သွားတာဆို ပေးမယ်ဆိုတဲ့ ငွေရော ဘယ်မှာလဲ။ သနားစရာ ကောင်းတဲ့ နင့်အစ်ကိုက နှာခေါင်းက အတွင်းကြေသွားပြီး မျက်နှာ တစ်ခုလုံးလည်း ဖူးယောင်နေအောင် အရိုက်ခံ လာရတယ်၊ သူ့ကို လှည်းပေါ်တင်ပြီး အိမ်ကို ပြန်သယ်လာရတယ်”

နန်းပေါင်ရီက ခေါင်းလေးပြူထွက်လာပြီး “သေပြီလား”

“သေချာပေါက် မသေသေးဘူးပေါ့၊ သမားတော်က ပြောတယ်၊ သူရဲ့အရိုးတွေက နာကျင်နေရုံပဲတဲ့၊ မသေနိုင်သေးဘူး”

နန်းကွမ်က တုတ်ကို ဝမ်းနည်းစွာနဲ့ လွှင့်ပစ်လိုက်ပြီး ပေါင်ကို ရိုက်၍ ငိုချင်းချတော့သည်။

“ကျောင်းကျောင်း၊ သူကနင့်အစ်ကိုပါ၊ နင်က ဘယ်လိုလုပ်… သူ့ကိုဘယ်လိုလုပ်ပြီး…..”

သူက သွေးအန်သွားတယ် ဒါပေမယ့် မသေသေးဘူး….

နန်းပေါင်ရီက စိတ်ထဲက ရေရွတ်လိုက်ပြီး သူ့အဖေကို‌ ဖျောင်းဖျလိုက်သည်။

“ဖေဖေ၊ သမီးက လမ်းတစ်ဝက်မှာ ငွေအိတ် အခိုးခံလိုက်ရတာ၊ အဲ့ဒါကြောင့် သမီးဘာမှ မလုပ်နိုင်တော့ဘူး၊ ပြီးတော့ ဝမ့်ချွင်းကျောင်းအုပ်က အဲ့ဒီမှာ စားသောက် နေလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ၊ နန်းကျင်က ရှုယူရဲ့ကျောင်းစရိတ် ရွှေစတစ်ရာကို သူ့ဘာသာ ရွှေစတစ်ထောင်တွေ နှစ်ထောင်တွေပြောလို့ တခြားသူ မကျေနပ်တာကိုခံရတာ၊ အဲဒါကြောင့် အခုလိုတွေ ဖြစ်ရတာပါ၊ သူ့အမှားတွေချည်းပဲ”

သူမပြောပြီးတဲ့အခါ နန်းကွမ်က သူမကို ဆူပူတော့မည်ဟု ထင်ထားခဲ့သည်။

သို့သော်လည်း နန်းကွမ်က လှေခါးထစ်တွေ ပေါ်မှာ ထိုင်ချလိုက်သည်။ သူက မျက်နှာကို ဖုံးကွယ်ထားပြီး အချိန်အတော်ကြာတဲ့အထိ လှုပ်ရှားမှု မရှိပါချေ။

နန်းပေါင်ရီက စိတ်ပူစွာနဲ့ သူ့ရှေ့မှာ ဒူးထောက်ထိုင်လိုက်ပြီး ညင်သာစွာ တို့ထိလိုက်သည်။

“ဖေဖေ”

နန်းကွမ်က ခေါင်းကို မော့လာပေမယ့် သူ၏မျက်နှာမှာတော့ မျက်ရည်တွေ စိုလူးနေသည်။

သူက ကျဆင်းနေသည့် မျက်ရည်တွေကို လက်ခုံနဲ့ သုတ်လိုက်ပြီး စိတ်မပါစွာနဲ့ ပြုံးလိုက်သည်။

“ငါဒီကိစ္စကို မကျေမနပ် မပြောတော့ပါဘူး။ အဲ့ဒါက သူကံမကောင်းလိုပဲလေ၊ သူကံမကောင်းလို့”

နန်းကျင်က သူ့ကို လိမ်ညာ လှည့်ဖြားနေတယ် ဆိုတာကို သူမသိလို့ မဟုတ်ပါချေ။ သူက မကြာခဏ ပတ်ဝန်းကျင်မှာ ဟိုဟိုဒီဒီ လျှောက်သွားတတ်ပြီး စားသောက်ဆိုင်တွေမှာ များပြားလှတဲ့ ကျောင်းသားတွေနဲ့ သူတွေ့ဖူးသည်။ ဝမ့်ချွင်းကျောင်း၏ ရှုယူက ဘယ်လိုမျိုးလဲ ဆိုတာကို သူမသိဘဲ ဘယ်နေပါ့မလဲ။

ကျင်းအာက အလွန်သန်မာပြီး ငယ်ငယ်ကတည်းက သခင်လေးဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုကို သူက မပေးနိုင်ခဲ့တာကြောင့် ငွေကိုသာ သူတောင်းသလောက် ပေးချင်ခဲ့ခြင်း ဖြစ်သည်။

သူ့အတွေးထဲမှာတော့ သူက ဘဝမှာ ဘာစွမ်းဆောင်ရည်မှ မရှိပေမယ့် သူ၏ သားသမီးတွေကိုတော့ အရည်အချင်း ရှိတဲ့သူတွေ ဖြစ်လာအောင် ပြုစုပျိုးထောင်ချင်ခဲ့သည်။

သူ့အတွက်က ပြဿနာ မရှိပါချေ၊ သို့သော်လည်း ကျင်းအာကတော့ သိက္ခာမကျအောင် အစား ကောင်းကောင်းစားပြီး အဝတ်အစားလည်း ကောင်းကောင်း ဝတ်ဖို့လိုအပ်သည်။

သို့ပေမယ့်…..

သူက ထရပ်လိုက်ပြီး ယိုင်နဲ့နဲ့ ခြေလှမ်းတွေနဲ့ အရှေ့ခြံကို ထွက်သွားတော့သည်။

နန်းပေါင်ရီက သူ့ကိုကြည့်နေသည်။

လေအေးတွေက တသုန်သုန် တိုက်ခတ်နေပြီး ပန်းပွင့် ပန်းခက်တွေပေါ်က နှင်းတွေကို သူ၏ဆံထုံးပေါ်သို့ တင်ကျန်နေစေသည်။ သူ၏ဆံသားက ခြောက်သွေ့နေပြီး ဖြူဖွေးနေသည်။ သူ၏နောက်ကျောက ကတိမ်းကပါး ဖြစ်နေပြီး အတိတ်ကလို မာနကြီးတဲ့ပုံစံက ပျောက်ကွယ်နေသည်။

သူမ၏အဖေက အသက်လေးဆယ် ကျော်ပြီဖြစ်ပြီး ချောမော တင့်တယ်နေဆဲပင်။ သို့သော်လည်း ဒီနေ့မှာတော့ အရာအားလုံးက အနည်းငယ် နောက်ကျသွားသလို သူမခံစားလိုက်ရသည်။

သူမက မသက်မသာ ခံစားလိုက်ရပြီး ရှောင်းယီဘက်ကို လှည့်လိုက်သည်။

“အစ်ကို ၂၊ ညီမလေး အိမ်မပြန်ချင်တော့ဘူး၊ ဒီနေရာမှာ အစ်ကိုနဲ့အတူ ထိုင်နေလို့ ရမလားဟင်”

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

ကျောက်ဝမ်ခြံ၏ စာကြည့်ခန်းကျယ်က ရှေးဟောင်း စာအုပ်တွေနဲ့ ပြည့်နှက်နေသည်။

ရှန်းရိချောင်က ထိုနေရာမှာ ရှိနေမှာကို နန်းပေါင်ရီသိသည်။ သူက ထိုင်ဖုံပေါ်မှာ ဒူးထောက်ထိုင်နေပြီး စာရင်းစာအုပ် တစ်အုပ်ကို ဖတ်ရှုနေသည်။

ဒီလိုထူထဲပြီး ရှုပ်ထွေးနေသည့် စာရင်းစာအုပ်ကို သူက ပေသီးတွက်ခုံ မလိုဘဲ စာရွက်တစ်ရွက်ပြီး တစ်ရွက်လှန်၍ တွက်ချက်နေသည်။ သူက ဘယ်နေရာမှာ မှားနေတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ထောက်ပြနိုင်သည်။

ရှောင်းယီက ရှင်းပြသည်။

“သူက အခုငါ့ဘဏ္ဍာထိန်းပဲ”

ဘဏ္ဍာထိန်းဆိုတဲ့ ရာထူးက အစိုးရပိုင်းက ရာထူးတစ်ခုဖြစ်ပြီး ကိုယ်ပိုင် စီးပွားရေးတွေအတွက် တာဝန်ယူပေးရသည့် သူဖြစ်သည်။

နှစ်တိုင်း နန်းအိမ်တော်က ငွေအမြောက်အမြားကို ဒေသအစိုးရ အာဏာပိုင်တွေထံ အခွန်အခ ပေးဆောင်ရသည်။ အစိုးရ ထိပ်သီးပိုင်း အရာရှိမင်းက ထိုငွေတွေကို ဝန်ထမ်းတွေအတွက် ဝမ်းရေးအတွက် ဖြေရှင်းဖို့ အသုံးပြုသည်။

သို့သော်လည်း ယေဘုယျအားဖြင့် အရာရှိတွေက ထိုငွေနဲ့ အစားအသောက်တွေကို တန်းပြီးမဝယ်ပဲ ဘဏ္ဍာထိန်းကို လွှဲ၍ ရုံးလုပ်ငန်းတွေ အတွက်သုံးဖို့နဲ့ ရင်းနှီးမြှပ်နှံဖို့ သုံးကြသည်။ သို့သော်လည်း ဘဏ္ဍာထိန်း၏ စွမ်းဆောင်ရည်နဲ့ အလုပ်က အမြတ်အစွန်း တွက်ချက်မှု ကျွမ်းကျင်ရင် အရာရှိက တစ်နှစ်ပတ်လုံး ပျော်ရွှင်စွာ ကောင်းကောင်း စားသောက်နိုင်သည်။

ငွေကိုင်ရသည့် လူက မကျွမ်းကျင်ဘဲ ငွေတွေကို ဆုံးရှုံးစေခဲ့ရင်တော့ အဲ့ဒီနှစ် အသုံးစရိတ်က သူတို့၏ ခါးပတ်တွေကို တင်းကျပ်ထားသလို ခက်ခက်ခဲခဲ ရပ်တည်နိုင်ဖို့ ကြိုးစားရတော့သည်။

တချို့ ဘဏ္ဍာထိန်းတွေက မယုံကြည်ရပါချေ။ သူတို့က ငွေကြေးတွေကို ဖျောက်ဖျက် ပစ်တတ်ကြသည်။ ထို့ကြောင့် အရာရှိတွေမှာ တစ်နှစ်ပတ်လုံး စားစရာ မရှိတာမျိုးလည်းဖြစ် သွားနိုင်သည်။

နန်းပေါင်ရီက ခေါင်းကို ပင့်ကြည့်လိုက်သည်။

သူမက ရှန်းရိချောင်၏ နောက်မှာ ဒူးထောက်ပြီးထိုင်ရင်း သူစာရင်း တွက်နေတာကို စိတ်ဝင်တစားနဲ့ ကြည့်နေသည်။

သူမ၏ ရှန်းရိချောင်အပေါ် ပထမဆုံးအမြင်က သူက လူတွေတင်မကပဲ ပစ္စည်းတွေကိုပါ ‘ငါနင်ကို အထင်သေးတယ်’ဆိုတဲ့ အမူအယာ အပြည့်နဲ့ ကြည့်တတ်တဲ့ သူတစ်ယောက်လို့ပင်။ ဒီလိုလူစားမျိုးက စာရင်းတွက်ချက်တဲ့ အလုပ်ကို ကျွမ်းကျင်စွာ ကိုင်တွယ် တတ်လိမ့်မည်ဟု သူမ ထင်မထားခဲ့ပါချေ။ ပြီးတော့ သူက အမတ်မင်းကိုတောင် ငွေရဖို့ ကူညီပေးနေသေးသည်။

ကျန်းဆွေ့ဟန်က တစ်ဖက်ခြမ်းမှာ ထိုင်နေပြီး လိမ္မော်သီးကို အခွံနွှာရင်း အပြုံးနဲ့ပြောလာသည်။

“ရှန်းသခင်လေးကို နှစ်သစ်ကူးညရဲ့ ကောင်းကင်ကို ကြည့်ခွင့် ပေးလိုက်ပါဦး၊ အစ်ကိုရှောင်းက ကောက်ပဲသီးနှံတွေ ဝယ်ယူဖို့ လုပ်နေတယ်ဆို၊ အနှေးနဲ့အမြန် ဘဏ္ဍာထိန်း တစ်ယောက်ကို လိုလာမှပဲ ဆိုတော့ ရှန်းသခင်လေးက သူရဲ့လက်ထောက် ဖြစ်လာရတော့တာပဲ”

နန်းပေါင်ရီက ခေါင်းညိတ်လိုက်သည်။

ရှန်းရိချောင်က တကယ်ကို တော်သည်။ အမတ်မင်းက တကယ်ပဲ လူတွေကို ကူညီပေးနိုင်သည်။

ထိုလူငယ်က ကြည့်လေလေ အထက်စီးဆန်ပြီး မာနကြီးလေလေပင်။ သို့သော်လည်း အခုလို နှစ်ဖက်စလုံးမှာ ထူးချွန်လိမ့်မည်လို့တော့ ထင်မထားခဲ့ပါချေ။
***

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset