NBY အပိုင်း ၁၈၁

အပိုင်း (၁၈၁)
သူမကိုတိတ်တိတ်လေး ခိုးနမ်းလိုက်တယ်

ပြတင်းနားက ထိုင်ဖုံပေါ်မှာ ထိုင်နေရင်း ရှောင်းယီက ရှုနိုင်ငံ၏မြေပုံကို ကြည့်နေသည်။

မနေ့ညက ကောက်ပဲသီးနှံတွေကို ဝယ်ယူဖို့ အမိန့်ပေးလိုက်တာကြောင့် ဒီရက်တွေ အတွင်းမှာ စားစရာ အများကြီး ရောက်လာကြလိမ့်မယ်။ သူက လူတွေလွှတ်ပြီး ရှုနိုင်ငံ၏ နေရာအနှံ့မှာ ထိုစားစရာများကို သိုလှောင်ဖို့ ကုန်လှောင်ရုံတွေကို ပြင်ဆင် ထားခိုင်းလိုက်သည်။

“အစ်ကို ၂”

နန်းပေါင်ရီက တံခါးကိုဖွင့်ပြီး ဝင်လာခဲ့သည်။

“ညီမလေးက အစ်ကို့ကို နှစ်သစ်ကူးကန်တော့ဖို့ ရောက်လာတာ”

ရှောင်းယီက မြေပုံကို ချလိုက်သည်။ ကောင်မလေးက ပုတီးတစ်စုံနဲ့ အနီရောင်ဝတ်စုံကို ဝတ်ထားပြီး မျက်နှာလေးက ဖြူဖွေးပြီး နုနယ်နေသည်။

သူမက သူ့ကို ဂုဏ်သရေမြင့်မားတဲ့ အရိုအသေ ပေးသည့်နည်းဖြင့် ဂါရဝပြုလိုက်ပြီး “ကျောင်းကျောင်းက အစ်ကို ၂ ကို ဂါရဝပြုပါတယ်၊ အစ်ကို့ နှစ်သစ်မှာ ပျော်ရွှင်ပါစေ၊ အလုပ်အကိုင် အဆင်ပြေချောမွေ့ပြီး တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ပါစေ”

သူမ၏ အရိုအသေပြုပုံက အလွန်ကို ဂုဏ်သိက္ခာ ရှိလှသည်။ နန်းတော်ထဲမှာသာဆို စံတစ်ခုအနေနဲ့ ထားရမည့်ဟန် ဖြစ်သည်။

သေးသွယ်သော လက်လေးတွေက ခါးကိုကိုင်ထားပြီး ဘယ်ဘက်လက်၏ လက်ချောင်းလေးတွေကို ဆုပ်ထားသည်။ နန်းတော်ထဲက အပျိုတော်တွေထက်တောင်ပို၍ အရှိန်အဝါရှိပြီး နှစ်ဆပို၍ ဆွဲမက်ဖွယ် ကောင်းလှသည်။

သူက စာရွက်လိပ်ကို သိမ်းလိုက်ပြီး “အန်ပေါင်း လာတောင်းတာလား”

နန်းပေါင်ရီက နင်သွားရသည်။ သူမက ရွှေစတွေကို မက်မောပေမယ့် ထိုအတွက်ကြောင့်နဲ့တော့ ရောက်လာတာ မဟုတ်ပါရချေ။

သူမက ထိုင်ဖုံပေါ်မှာ ထိုင်လိုက်ပြီး ထူထဲလှတဲ့ အနီရောင်စာအိတ်ကို သူမ၏ ဝတ်စုံလက်အိတ်ထဲက ထုတ်ယူ လိုက်သည်။

“အခုရက်ပိုင်းမှာ အစ်ကို ၂ က အစားအစာတွေကို သိုလှောင်နေရတာမို့ အစ်ကို့လက်ထဲ ငွေပြတ်မှာစိုးလို့…..”

သူမက စာအိတ်နီကို ရှောင်းယီ၏လက်ထဲသို့ အမြန် တွန်းထည့်လိုက်သည်။

“ဒါက အန်ပေါင်း၊ ပြန်မပေးနဲ့ အစ်ကို ၂ က ဒါနဲ့ နှစ်သစ်ကူးမှာ အဝတ်အစားတွေကို ဝယ်ဝတ်နော်၊ သူတို့က ဈေးလျှော့မပေးကျရင် အမတ်မင်းကို မျက်နှာပျက်စေလိမ့်မယ်….”

ရှောင်းယီက စာအိတ်နီကို ယူလိုက်ပြီး သူ၏ နှာခေါင်းထိပ်မှာထား၍ နမ်းရှိုက်လိုက်သည်။

ကောင်မလေး၏ ဝတ်ရုံလက်အိတ်ထဲက ထုတ်ပေးတာမို့ သူမ၏ ခန္ဓာကိုယ်ထဲမှာ အချိန်အကြာကြီး ထည့်ထားတာကြောင့် ခေါင်ရန်း ပန်းနံ့လေးက စာအိတ်မှာ စွဲကျန်နေသည်။

သူမ၏လက်မောင်းတွေကြားထဲက အနံ့ကတော့ ဘာအနံ့လည်း သူမခွဲခြားနိုင်ပေ။

သူကအတွေးနဲ့တင် နှုတ်ခမ်းပါးတွေက အနည်းငယ် ကော့တက်သွားသည်။

စာအိတ်နီကိုဖွင့်ပြီး ကြည့်လိုက်တဲ့အခါ ငွေလက်မှတ် အသစ်တွေ အထပ်လိုက်ကို တွေ့လိုက်ရသည်။ ရေတွက်ကြည့်လိုက်ရင် ထောင်ကဏန်းခန့် ရှိနိုင်သည်။

ရှောင်းယီ၏မျက်ခုံးတွေက အနည်းငယ် ပင့်တက်သွားသည်။

ကောင်မလေးက…

သူတွေးထင်ထားတာထက်ကို ပိုပြီး ရက်ရောတာပဲ။

သူကပြုံးရင်း “ကျောင်းကျောင်းက အစ်ကို့ကို ဂရုစိုက်နေတယ်ပေါ့”

နန်းပေါင်ရီက တောင့်ခဲသွားရသည်။ အစ်ကို ၂ အတွက် သူအဝတ်အစားတွေ ဝယ်ဖို့ ပေးလိုက်တဲ့ငွေက နန်းအိမ်တော်က သူ့ကိုနှစ်တွေ အကြာကြီး ကျွေးမွေးထားတဲ့ ကျေးဇူးတွေ၏ တစ်စိတ်တစ်ပိုင်းလောက်သာ ရှိသေးသည်လေ။

ဘာလို့သူက စကားကို ပြောင်းပြောနေတာလဲ။

သူမက ဖြေရှင်းသည်။

“ညီမလေးက အစ်ကို့အတွက် အဝတ်အစားတွေ ဝယ်ပေးပါတယ်၊ အစ်ကို ၂ က အမတ်မင်း တစ်ယောက်လေ၊ အဲ့ဒါကြောင့် စုတ်စုတ်ပြတ်ပြတ် ဝတ်စားလို့ မဖြစ်ဘူး၊ အစ်ကိုက ရာသီတိုင်း ဝတ်စုံအသစ်လေးတွေနဲ့ ဖိနပ်တွေကို ဝယ်သင့်တာ၊ တစ်ခါတလေမှာ မိတ်ဆွေတွေနဲ့ အပြင်ထွက်ပြီး သေရည်သောက်တဲ့ အခါမှာလည်း ငွေကြေးက ကုန်ကျဦးမှာ၊ ဒီငွေတွေ အားလုံးက ညီမလေး ရှာထားတာ၊ သန့်သန့်ရှင်းရှင်းနဲ့ ရှာထားတာတွေပါ၊ အစ်ကို ၂ စိတ်ချလက်ချနဲ့ သုံးနိုင်ပါတယ်”

ရှောင်းယီက တွေးတောနေပြီး ခေါင်းညိတ်လိုက်သည်။

“ကျောင်းကျောင်းက ငါ့ကို တကယ်ကြီး ထောက်ပံ့နေတာပဲ”

နန်းပေါင်ရီ “……”

သူမက ထိုသို့ဆိုလိုခြင်း မဟုတ်ပါချေ။ စိတ်ဆိုးလိုက်တာ…

ဘာလို့ သူမ၏ ရှင်းပြချက်နဲ့ သူ၏နားလည်မှုက မြည်းခေါင်းကို မြင်းပါးစပ်မှာ တပ်ထားသလို ဖြစ်နေတာလဲ။

ရှောင်းယီက သူ၏ဝတ်ရုံ လက်အိတ်ထဲသို့ စာအိတ်ကို ထည့်လိုက်ပြီး “အစားအစာတွေ စုဆောင်း နေရတယ် ဆိုရင်တောင် မင်းရဲ့အစ်ကိုမှာက ငွေတွေအများကြီး ရှိပါသေးတယ်၊ ကျောင်းကျောင်းက စိတ်ပူပေးဖို့ မလိုပါဘူး၊ အဲ့ဒါကြောင့် ကျောင်းကျောင်းက အမြဲတမ်း ငွေကြေးတွေနဲ့ စိတ်ကြိုက် ကစားနေလို့ ရတယ်”

ထိုစကားကို နားထောင်ပြီး နန်းပေါင်ရီက ထူးဆန်းသလို ခံစားလိုက်ရသည်။

‘အမြဲတမ်း စိတ်ကြိုက်ကစားနေလို့ ရတယ်’ ဆိုတာက ဘာအဓိပ္ပါယ်လဲ။

“အစ်ကို့မှာလည်း မင်းအတွက် လက်ဆောင်ရှိတယ်”

ရှောင်းယီက ဖြည်းညင်းစွာနဲ့ ကနုတ်ဖော်ထားတဲ့ သေတ္တာတစ်စုံကို ထုတ်ယူလိုက်ပြီး စားပွဲပေါ်မှာ တင်လိုက်သည်။

နန်းပေါင်ရီက သေတ္တာပေါ်မှာ သေသပ်လှပစွာ ထွင်းထားတဲ့ ကြေးတံဆိပ်ကို ကြည့်လိုက်ပြီး ရုတ်တရက် ထအော်လိုက်သည်။

“အဲ့ဒါက ရောင်စုံတိမ်တွေထဲက မျက်နှာချေမှုန့် မလား”

ချိုင်ယွမ်ဂျင်း ဆိုသည်က ရောင်စုံ မျက်နှာချေတွေကို ရောင်းတဲ့ ဆိုင်တစ်ဆိုင် ဖြစ်သည်။ ထိုဆိုင်မှ ပစ္စည်းများမှာ အလွန်ကောင်းမွန်ပြီး ဈေးလည်း အရမ်းကြီးသည်။ မျက်နှာ အသားအရေ အတွက်မူ အလွန်တရာကို ကောင်းမွန်လှသည်။ အဲ့ဒါက အသားအရေအတွက် အာနိသင် ကောင်းစေရုံမက အသားအရေကိုလည်း ထိန်းသိမ်းပေးသည်။

သို့သော်လည်း သူတို့၏ ပစ္စည်းတွေက တော်ဝင်မိသားစုတွေနဲ့ နန်းတွင်းထဲသို့သာ တန်းပြီးတင်ပို့တာ ဖြစ်သည်။ သာမန်လူတွေက ငွေကြေး တတ်နိုင်ရင်တောင် ဝယ်ယူဖို့ ခက်ခဲလွန်းလှသည်။ နှစ်ဝက်လောက် ကြိုတင်ပြီး မှာယူရင်တောင် ရရှိဖို့က မသေချာပါချေ။

ထိုကြောင့် နိုင်ဝမ်ကျိုးက နန်းပေါင်ကျူး၏ နှုတ်ခမ်းနီကို ချိုးပစ်လိုက်တုန်းက ကျူးကျူးက ကဗျာစပ်ဆို ပွဲအထိတောင် ဒေါသမပြေသေးဘဲ ရိုက်ချင်နေသေးတာဖြစ်သည်။

ရှောင်းယီက လက်တစ်ဖက်နဲ့ လက်ဖက်ရည်ခွက်ကို ကိုင်ထားသည်။ မိန်းကလေးတွေက ဘာကြောင့် မျက်နှာချေမှုန့်တွေကို ကြိုက်ကြတာလဲ ဆိုတာကို သူနားမလည်နိုင်ချေ။

နန်းပေါင်ရီ၏ မျက်လုံးတွေထဲက ကျားတစ်ကောင်လို ဝံပုလွေတစ်ကောင်လို အလင်းမျိုးကို သူတွေ့လိုက်ရသည့်အခါ ကောင်မလေးအတွက် ဒီတစ်ခုကိုပေးတာ မှန်သွားတယ် ဆိုတာကို သူသိလိုက်ရသည်။

နန်းပေါင်ရီက ကနုတ်ပန်းများ ဖော်ထားသည့် သေတ္တာလေးကို ဂရုတစိုက်ဖြင့် ဖွင့်လိုက်သည်။

ပထမအဆင့်မှာတော့ ရွှေရောင် ဆေးသုတ်ထားတဲ့ ကြွေအိုးလေးတွေ ဆယ့်နှစ်အိုးရှိပြီး နှုတ်ခမ်းနီ ဆယ့်နှစ်ရောင် ပါရှိသည်။

ကြွေအိုးလေး တစ်အိုးချင်းဆီမှာ နာမည်နဲ့ အရောင် အညွှန်းတွေ ကပ်ထားပြီး ပန်းတွေ၏ နာမည်တွေလို သွေးနီရောင် နှုတ်ခမ်းလေး၊ ပန်းနံ့လေး… စသည်ဖြင့်…၊ နူးညံ့ပြီး တင့်တယ်လှပတဲ့ အမည်တွေ ပေးထားသည်။

ဒုတိယအဆင့်မှာတော့ မျက်နှာလိမ်း အဆီတွေနဲ့ သင်းပျံ့တဲ့ မျက်နှာချေမှုန့်တွေ ရှိသည်။ ထုပ်ပိုးမှုပုံစံက အစ တန်ဖိုးကြီးလှပြီး သေသပ်လှသည်။

အထူးခြားဆုံးက တတိယအဆင့် ဖြစ်သည်။ ထိုအဆင့်မှာက ပုလဲအဆီအနှစ်ဖြစ်ပြီး ခန္ဓာကိုယ်အတွက် လိမ်းဖို့ဖြစ်သည်။ ‘ဖူရုံအလှဆီ’လို့ ခေါ်ဝေါ်သည်။ ထိုအဆီက အသားအရေကို ဖြူနုပြီး အိစက်စေသည်။ အစိုဓါတ်ကိုလည်း ထိန်းညှိပေးပြီး ကြည်လင်စေသည်။ မင်းသမီးတွေနဲ့ မိဖုရားတွေအတွက် အထူး ဖန်တီးထားတာ ဖြစ်သည်။

နန်းပေါင်ရီက အနီရောင် စန္နကူးသား သေတ္တာလေးကို ပွေ့ဖက်ထားလိုက်ပြီး အံ့ဩစွာနဲ့ “အစ်ကို ၂၊ ညီမလေးကို ဒါတကယ် ပေးတာလားဟင်”

“မင်းကို မပေးဘူးဆိုရင် ငါ့အတွက် ငါ့ဘာသာ သိမ်းထားရမှာလား”

ရှောင်းယီက ထေ့ငေါ့လိုက်သည်။

သူ၏ပထမအစီအစဉ်က နန်းပေါင်ရီကို လေးကိုင်းတစ်ခု ပေးဖို့ဖြစ်သည်။ သို့သော်လည်း ကျန်းဆွေ့ဟန်က သူ့ကို အသည်းအသန် ဟန့်တားပြီး မိန်းကလေးတွေက မျက်နှာချေ ရောင်စုံကို ကြိုက်နှစ်သက်ကြတာဟု ပြောလာသည်။

သူက တစ်ယောက်ကို ဖူရုံလမ်းက ချိုင်ယွမ်ဂျင်းကို လွှတ်ပြီး နည်းလမ်း တချို့နဲ့ ထိုသေတ္တာကို ဝယ်ယူလာခဲ့ခြင်း ဖြစ်သည်။

ထိုအရာက မြေပြင်ပေါ်မှာ ကျနေရင်တောင် သူကတော့ ကောက်မိမှာ မဟုတ်ပေမယ့် ရွှေစတစ်သောင်းတောင် တန်ကြေး ရှိနေလိမ့်မည်ဟု သူမှန်းမထားမိပါချေ။

မိန်းကလေးတွေနဲ့ ကလေးတွေဆီက ငွေိကို သဲ့ယူနိုင်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်သည်။

နန်းပေါင်ရီက အလွန် ပျော်ရွှင်နေပြီး အနီရောင် စန္နကူး သေတ္တာလေးကို ထပ်ဖွင့်ပြန်သည်။ သေတ္တာလေးထဲမှာ တန်ဖိုးကြီးသော မှန်တစ်ချပ်ပါရှိပြီး အလှအပ ပြင်ဆင်ဖို့အတွက် အဆင်သင့်လှသည်။

သူမက ‘နီရဲစိုအိနေသည့် နှုတ်ခမ်းသားလေး’ လို့ နာမည်တပ်ထားတဲ့ နှုတ်ခမ်းဆိုးဆေး ဘူးလေးကို ဖွင့်၍ လက်ညှိုးလေးနဲ့ အနည်းငယ် ယူလိုက်ပြီး မှန်ကြည့်၍ နှုတ်ခမ်းလေးပေါ်သို့ ညင်သာစွာ ဆိုးလိုက်သည်။

ဟင်္သာပြဒါးရိုင်းရောင်က အလွန် လှပသည်။ နန်းပေါင်ရီက မှန်ကိုကြည့်ပြီး နှုတ်ခမ်းလေးကို ဖိပိတ် လိုက်သည်။

သူမက မျက်နှာလေးကို ကိုင်ရင်း ပြုံးလိုက်ပြီး မျက်ခုံးတွေကလည်း ကော့တက် သွားကြသည်။

“အစ်ကို ၂၊ ညီမလေးက ပိုပြီးလှလာတယ်လို့ ခံစားရတယ်”

ရှောင်းယီက သူမကို စိုက်ကြည့်နေသည်။

သူ့အနေနဲ့ပြောရရင် နန်းကျောင်းကျောင်း၏ နှုတ်ခမ်းက နှုတ်ခမ်းနီဆိုးဆိုး မဆိုးဆိုး အတူတူပင်။

သို့သော်လည်း သူကပြုံးရင်း မြှောက်ပင့်လိုက်သည်။

“နှုတ်ခမ်းနီက လှပေမယ့် ကျောင်းကျောင်းက ပိုလှတယ်”

နန်းပေါင်ရီက ကျေနပ်သွားသည်။ သူမက ကြွေအိုးလေးကို ပြန်ထည့်လိုက်ပြီး သေတ္တာလေးကို ချစ်ခင် မြတ်နိုးစွာနဲ့ ပြန်ပိတ်လိုက်သည်။

သူမက သမ်းဝေရင်း စောင်ကို ခြုံလိုက်ပြီး “အစ်ကို ၂၊ ညီမလေးက ညတုန်းက မီးပုံးတွေကိုကြည့်ပြီး မနက်ကျတော့လည်း စောစော ထလာရတယ်၊ အဲ့ဒါကြောင့် အိပ်ရေးမဝဘူး၊ ညီမလေးက အစ်ကို့ အခန်းထဲမှာ ခဏမှေးလိုက်ဦးမယ်နော်၊ အစ်ကိုက စာဆက်ဖတ်လေ၊ ညီမလေး မနှောင့်ယှက်တော့ဘူး”

ပြောပြီးတဲ့နောက် သူမက ထိုင်ဖုံ၏ ထောင့်လေးမှာ ကွေးကွေးလေး အိပ်ပျော် သွားတော့သည်။ သူမက ရှောင်းယီကို မနှောင့်ယှက်ဘူးလို့ ပြောခဲ့ပေမယ့် ရှောင်းယီကတော့ အိပ်နေသည့် ကောင်မလေးကြောင့် မြေပုံကို ကြည့်ရတာတောင် စိတ်မဖြောင့်တော့ပါချေ။

သူက နန်းပေါင်ရီ၏ အိပ်ပျော်နေသည့် မျက်နှာလေးကို ကြည့်လိုက်ပြီး နေရာရွှေ့ဖို့ ကြိုးစားလိုက်သည်။ သူမက အသက်ရှူသံ မှန်မှန်နဲ့ အိပ်မောကျနေတာကြောင့် သူက ဖြည်းဖြည်းချင်း လှဲလိုက်သည်။ သူက လက်ညှိုးကို ဆန့်ပြီး သူမ၏နှုတ်ခမ်းလေးတွေကို ဖွဖွလေး ထိလိုက်သည်။ သူ၏လက်ချောင်းတွေမှာ အနီရောင် နှုတ်ခမ်းနီအဆီက စွန်းပေလာသည်။

သူက ဖွဖွလေး နမ်းရှိုက်လိုက်သည်။ နှုတ်ခမ်းနီကတောင် ခေါင်ရန်းပန်းနံ့လေး သင်းပျံ့ပျံ့ကို ရနေသလိုပင်။

သူက တဒင်္ဂမျှ တစိမ့်စိမ့် တွေးနေပြီးမှ ရုတ်တရက် ခေါင်းကို စောင်းလိုက်ပြီး လက်ကို လျက်လိုက်သည်။ ဘာနဲ့ လုပ်ထားမှန်း မသိပေမယ့် ထိုအရာက အလွန်ချိုမြိန်လှသည်။ သူက ကောင်မလေး၏ နှုတ်ခမ်းလေးနဲ့ သူ့လက်ချောင်းတွေိကို တစ်လှည့်စီ ကြည့်နေသည်။

တစ်ချက်လောက် ကိုက်လိုက်ရရင် ပိုပြီး ချိုလေမလား…..

သူက အချိုကို ဘယ်တုန်းကမှ မကြိုက်ခဲ့ပါချေ။ သို့သော်လည်း နှုတ်ခမ်းနီ၏ အရသာက တကယ်ကို လိုချင်တပ်မက်စိတ် ပြင်းပြလာစေသည်။

သူက ငုံ့ကြည့်လိုက်တဲ့အခါ နန်းပေါင်ရီ၏ အိပ်ပျော်နေသည့် မျက်နှာလေးက ချစ်စရာ ကောင်းလွန်းလှသည်။ မျက်တောင်လေးတွေ စင်းကျနေပုံက ခွေးသေးသေးလေး တစ်ကောင်လိုပင်။ ပါးဖောင်းဖောင်းလေးတွေက ဖြူဉပြီး နူးညံ့အိစက်နေသည်။ နှုတ်ခမ်းလေးကလည်း အနည်းငယ် စူထွက်နေသေးသည်။

သူက ပြုံးလိုက်သည်။ မွေ့ရာပေါ်ကို လက်တစ်ဖက် ထောက်ရင်း လှဲလိုက်ပြီး သူမ၏ နှုတ်ခမ်းတွေကို ခိုးနမ်းလိုက်သည်။ နန်းစံအိမ်တော်၏ သခင်မလေးက နှုတ်ခမ်းနီ ဆိုးရတာကို အနှစ်သက်ဆုံးဖြစ်သည်။

နှုတ်ခမ်း၏အရသာက တကယ်ကို ချိုမြိန်လွန်းလှသည်။
***

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset