NBY အပိုင်း ၁၈၀

အပိုင်း (၁၈၀)
အကြွေးအတွက် လူကိုသိမ်းလို့ရတာပဲ

ရှောင်းယီ၏ ကိုယ်ပိုင်ငွေစုစာအုပ်ကို သူမ ဖတ်ကြည့်ဖူးသည်လေ။

စာအုပ်ထဲက ငွေပမာဏက တစ်သန်းကျော်မှာ ရှိသည်။ အားလုံးကို ကောက်ပဲသီးနှံဝယ်ပြီး လက်ထဲမှာ သိုလှောင်ထားလိုက်ရင် ရှုနိုင်ငံမှာ နောက်နှစ်အတွင်း ငတ်မွတ်ခေါင်းပါးမှု မရှိနိုင်တော့ပေ။

သန်းနဲ့ချီတဲ့ ရွှေစတွေမှသာ ကောက်ပဲသီးနှံတွေဝယ်ယူဖို့ လုံလောက်လိမ့်မည်။

အစေခံတွေ ထွက်သွားတဲ့အခါ နန်းပေါင်ရီက မဝံ့မရဲနဲ့ “အစ်ကို ၂၊ ညီမလေးကို ဒီလောက်တောင် ယုံတယ်လား ညီမလေးက နက္ခတ်တာရာတွေလည်း မကြည့်တတ်သလို အနာဂတ်ကိုလည်း ကြိုမဟောနိုင်ဘူးလေ၊ တကယ်လို့ နောက်နှစ်နွေရာသီမှာ ဘာပြဿနာမှ မရှိခဲ့ဘူးဆိုရင်…..”

ရှောင်းယီက ဂရုမစိုက်ပါချေ။

နောက်နှစ်နွေရာသီ မိုးခေါင်ရေရှားမဲ့ အကြောင်းကို ပြောနေစဉ်မှာ ကောင်မလေး၏ အမူအယာဟာ ဘယ်လောက်တောင် ကြောက်ရွံ့နေပြီး စိတ်ပူပင်သောက ရောက်နေလဲ ဆိုတာကို ကောင်မလေးက သူ့ကိုယ်သူ ပြန်မမြင်ခဲ့ပါချေ။

ကောင်မလေးက ချက်ချင်း ငိုချတော့မလို ပုံစံဖြစ်နေတာကြောင့် သူက ကောက်ပဲသီးနှံတွေ စုဆောင်းဖို့ကို လုံးဝ သံသယမရှိပါချေ။

သူက ကောင်မလေး၏ ခေါင်းလေးကို ထိကိုင်လိုက်ပြီး “ငါပြောခဲ့တယ်လေ၊ နန်းကျောင်းကျောင်း ဘာပဲပြောပြော အားလုံးကို ယုံတယ်လို့၊ အဲ့ဒါဆိုရင် ရှုနိုင်ငံက ငါ့တစ်ယောက်တည်းရဲ့ အားနဲ့ ငတ်မွတ်ခေါင်းပါးပြီး သေကြေပျက်စီးမှုတွေ ရှိမလာနိုင်တော့ဘူး”

ပြတင်းအပြင်ဘက်မှာတော့ လေပြည်ညင်းများက နှင်းစက်တွေကို ဆောင်ယူလာခဲ့သည်။

မှန်မီးအိမ်၏ အလင်းရောင် အောက်မှာ ထိုင်နေသည့် လူငယ်က ဖန်ဆင်းရှင်၏ အထူးလက်ဆောင် တစ်ခုလို အချိုးအဆစ်တို့က ပြေပြစ်စွာ ထုဆစ်ထားပြီး ကျောက်စိမ်းလို မြင့်မြတ်တဲ့ အသရေနဲ့ ထူးမြတ်တဲ့ သွင်ပြင် လက္ခဏာရှိသည်။

သူရယ်လိုက်သည့် အခါ ပျင်းရိဟန်နဲ့ အလေးအနက် မရှိဟန် ပေါက်နေပေမယ့် သူက အလွန် တည်ကြည်ပြီး ခွန်အားတွေကို မျက်လုံးနက်တွေထဲမှာ ဖုံးကွယ်ထားသည်က နန်းပေါင်ရီကို ရှင်းမပြနိုင်တဲ့ လုံခြုံမှုကို ပေးစွမ်းသည်။

အစ်ကို ၂ က အနိုင်မခံ အရှုံးမပေးတတ်တဲ့ သူရဲကောင်း တစ်ယောက်ပဲ…..

သူက ရှုနိုင်ငံသားတွေ ငတ်မွတ်ခေါင်းပါး ကပ်ဘေးနဲ့ မသေစေရဘူးလို့ ပြောရင် သူကတကယ်ကို ထိုသို့ လုပ်နိုင်စွမ်း အပြည့်ရှိသည်။

သူမကို သူက ယုံကြည်သလို သူမကလည်း သူ့ကိုခိုင်ခိုင်မာမာ ယုံကြည်သည်။

ကောင်မလေး၏ ချစ်ခင်လေးစားသော အကြည့်ဖြင့် ငေးမောကြည့်နေတာကို ခံလိုက်ရသည့်အခါ ရှောင်းယီက အနည်းငယ် သက်သောင့်သက်သာ မရှိသလို ခံစားလိုက်ရသည်။

သူက မျက်နှာလွှဲလိုက်ပြီး ပျင်းရိစွာနဲ့ “နန်းကျောင်းကျောင်း၊ နောက်နှစ် နွေရာသီမှာ ပြဿနာတစ်ခုခု မဖြစ်ခဲ့ဘူးဆိုရင် မင်းငါ့ကို ပြန်ပေးရမယ်”

နန်းပေါင်ရီက “အာ….” လို့ သံရှည်ဆွဲ ညည်းလိုက်ပြီး မသိစိတ်ဖြင့် သူမ ငွေလက်မှတ်တွေ ဖွက်ထားတဲ့ ပန်းထိုးဖိနပ်ကို ဖျတ်ခနဲ ကြည့်၍ “ညီမလေး… ညီမလေးမှာ ငွေမှမရှိတာ”

ရှောင်းယီက သူမကို သွေးတိုးစမ်းလိုက်သည်။

“ရတယ်လေ၊ နန်းအိမ်တော်က ချမ်းသာကြွယ်ဝတာပဲ”

နန်းပေါင်ရီက ငြင်းဆန်လိုက်သည်။

“မိသားစုဆီမှာ ညီမလေးရဲ့ ငွေမရှိဘူး”

ရှောင်းယီက အဓိပ္ပါယ် ရှိရှိပြုံးလိုက်ပြီး “အဲ့ဒါဆိုလည်း အကြွေးအတွက် လူကို သိမ်းလို့ရတာပဲ”

နန်းအိမ်တော်၏ သခင်မလေး ၅၊ ဖြူနုပြီး ကြင်နာတတ်တဲ့ မိန်းကလေးကိုလေ။

နောက်နှစ်နှစ် အတွင်းမှာ သူမက လက်ထပ်ဖို့ အရွယ်ရောက်တဲ့အထိ ကြီးပြင်းလာမည်ဖြစ်ပြီး အကြွေးအတွက် လူကိုသိမ်းရမည်ဆိုရင် ဘယ်လောက်တောင် ပြီးပြည့်စုံလိုက်မလဲ

သူ၏ ထူးဆန်းသော ရယ်သံကြောင့် နန်းပေါင်ရီက ပြောမပြတတ်သည့် ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

သူမက သေရည်အိုးကို ဖက်ထားလိုက်ပြီး လေသံတိုးဖွဖွဖြင့် “အစေခံတွေကလည်း မိသားစုရဲ့ ကလေးတွေပါပဲ၊ သူတို့ကလည်း ညီမလေးတို့နဲ့ ဆက်ဆံရေး ကောင်းတယ်၊ အဲ့ဒါကြောင့် အကြွေးအနေနဲ့ ပေးပစ်မှာမဟုတ်ဘူး”

ရှောင်းယီက မတိုးသာ မဆုတ်သာ ဖြစ်သွားရသည်။

နန်းပေါင်ရီက သေရည်တစ်ကြိုက် မော့လိုက်ပြီး “အစ်ကို ၂၊ အစ်ကို့ကို ပြောပြမယ်၊ ညီမလေးက အဘွားနဲ့ ဝမ်းကွဲအစ်ကို ကိုလည်း ရွှေစတွေသုံးပြီး အစားအစာတွေ စုဆောင်းထားဖို့ တိုက်တွန်းချင်တာ၊ အဲ့ဒါကြောင့် အစ်ကို့ကို အကြွေးပေးဖို့ ငွေမရှိလောက်ဘူး”

ရှောင်းယီက သူမ၏ စိုးရိမ်စိတ် အထွတ်အထိပ် ရောက်နေတာကို ကြည့်နေသည်။ အသက်ဆယ့်သုံးနှစ် သာရှိသေးတဲ့ နန်းကျောင်းကျောင်းလေးက ကလေးတစ်ယောက်လို အပြစ်ကင်းစင်ပြီး ပျော်ရွှင်နေ သင့်တာလေ။ နေ့ရက်တွေ တိုင်းအတွက် သူမက ပူပန်နေပြီး အကြီးတွေနဲ့ လူကြီးတွေ အားလုံးက ဘယ်လိုလုပ်ရမှာတဲ့လဲ

သူက သူမကို အသာအယာ ပုတ်လိုက်ပြီး “ငါအာရုံစိုက်ပြီး လုပ်ပေးမယ်၊ ငါတို့ ကျောင်းကျောင်းကတော့ နှစ်သစ်မှာ ပျော်ပျော်သာနေ”

အချိန်ရောက်လာခဲ့ပြီ…..

မီးပုံးတွေနဲ့ ဗျောက်အိုးသံတွေ ဆူညံလာသည်။

မီးပုံးတွေက ကောင်းကင်ရံထက်သို့ တက်သွားကြပြီး ရုံးတော်၏အမိန့်နဲ့ မြစ်ကမ်းဘေးမှာ လွှင့်တင်ပြီး နှစ်သစ်ကူးကို ကြိုဆိုကြခြင်းဖြစ်သည်။

နန်းပေါင်ရီက ပျော်ရွှင်စိတ် လှုပ်ရှားစွာနဲ့ ရှောင်းယီကို အိပ်ခန်း အပြင်ဘက်ကို ဆွဲခေါ်သွားသည်။ တောက်ပနေသည့် မျက်လုံးတွေနဲ့ သူမကလက်ကို ကောင်းကင်ပေါ်သို့ လက်ညှိုးထိုးရင်း ပြောလာသည်။

“အစ်ကို ၂၊ မီးပုံးတွေက အရမ်းလှတာပဲ၊ အာ… အာ…. ဒီတစ်ခုကလည်း လှတယ်၊ ဒီတစ်ခုက အလှဆုံးပဲ”

ရှောင်းယီက ရယ်လိုက်ပြီး ကောင်မလေး၏ ခါးကျဉ်ကျဉ်လေးကို ပွေ့ဖက်လိုက်သည်။ သူမ၏ ကိုယ်လုံးလေးကို လက်မောင်းကြားထဲ ပွေ့ဖက်ရင်း မီးပုံးတွေကို ကြည့်၍ စိတ်တွေက ငြိမ်းအေးနေသည်။

လေနုအေးက နေရာတိုင်းကို တိုးဝှေ့တိုက်ခတ်နေသည်။

နန်းပေါင်ရီ၏ မျက်လုံးတွေက ဆန်းစသော်တာလို ကွေးညွတ်နေသည်။

အစ်ကို ၂ နဲ့သာ အတူတူရှိရင် နောက်ထပ် နောက်ထပ် မီးပုံးတွေ၏ အရောင်တွေတင်မက နောက်တစ်နေ့၏ နေရောင်ခြည်ကပါ စောင့်ကြည့်ဖို့ ထိုက်တန်လှသည်။

ကျင်းကွမ်မြို့၏ ထောင်ပေါင်းများစွာသော အိမ်တွေက သက်ဝင်လှုပ်ရှား နေကြသည်။

သေသပ်လှပတဲ့ အဆောက်အဦ ထဲမှာတော့…..

ပြည့်ဝိုင်းတဲ့ ကျောက်စိမ်းသဏ္ဌာန် မိန်းမပျိုလေးက နှစ်သစ်ကူး၏ အရုဏ်ဦးတိုင်အောင် စောင့်ကြည့်ပြီး နောက်မှာတော့ လျင်မြန်စွာပဲ အိပ်မက်ကမ္ဘာထဲသို့ အလည်ရောက် သွားတော့သည်။

အစေခံတစ်ယောက်လို ဝတ်စားထားတဲ့ လူငယ်လေးက မျက်လုံးတွေထဲမှာ မနှစ်မြို့ဟန် အပြည့်ရှိနေပေမယ့် စောင်ကိုယူလိုက်ပြီး ကောင်မလေး၏ ပခုံးတွေကို ညင်သာစွာ လွှမ်းခြုံပေး လိုက်လေသည်။

ပန်းခြံထဲတွင်တော့…

တခြားနေရာက လူငယ်တစ်ယောက်က သစ်ပင်ထိပ်ဖျားမှာ ရပ်နေပြီး ရယ်မောနေကြသော သူတွေနဲ့ ကျိန်ဆဲနေသည့် စကားသံတွေကို သေချာစူးစိုက် နားထောင်နေသည်။ မီးပုံးများ၏ အဆုံးက တောက်ပနေသည့် လမင်းကို တိတ်တဆိတ် ငေးကြည့်နေသည်။

ဒီရေက တက်လိုက်ကျလိုက်နဲ့ အချိန်တွေအတိုင်း စီးဆင်းနေပြီး သူ့ကို အိမ်ပြန်ခေါ် သွားနိုင်သော တောက်ပတဲ့ လမင်းကတော့ မရှိသေးပါချေ။

ဖူရုံပွဲကြည့်စင်…..

အဖြူရောင်ဝတ်စုံနဲ့ ရှန်းရိချောင်က အမွှေးနံ့သာတွေ ထွန်းထားတဲ့ စားပွဲပေါ်မှာ အစီအရီတင်ထားတဲ့ ကြေးပြားနှစ်ဆယ့်ရှစ်ပြားကို တည်ကြည်စွာ စိုက်ကြည့်နေသည်။

သူက တိုးဖွဖွဖြင့် “မိုင်ပေါင်းများစွာဟာ အနီရောင် သွေးပြင်ကြီး ဖြစ်လိမ့်မယ်၊ ဆာလောင် မွတ်သိပ်မှုတွေနဲ့ သေကြေပျက်စီးကြမယ်၊ ချင်းလုံက အသူတရာ နက်ရှိုင်းတဲ့ ချောက်ထဲမှာ ရှိနေပြီး အပြာရောင် တိမ်မျှင်တွေက ဖြောင့်တန်းနေတယ်၊ ကောင်းမွန်တဲ့ ငှက်တွေက သစ်သားကို ရွေးချယ်ကြပြီး အဖြူရောင် ဝတ်စုံက လှပခမ်းနားတယ်၊ မက်မွန်ပွင့်တွေနဲ့ နတ်ဆိုးရဲ့ သွေးတွေလို ဖြန့်ကြက်နေပြီး ကမ္ဘာနှစ်ခု၏ မျှော်လင့်ချက်က ”

***

နောက်တစ်နေ့မှာတော့ ပထမလ၏ ပထမဆုံးရက်သို့ ရောက်ခဲ့ပြီ။

နန်းပေါင်ရီက စောစောစီးစီး နိုးလာသည်။ သူမက အရှေ့မှာ လည်ပင်း ကော်လာပါပြီး ရှည်လျားတဲ့ အနီရောင် ဝတ်စုံကို လှပသေသပ်စွာ ဝတ်ဆင်ထားသည်။

ပေါက်စီ စားပြီးတဲ့အခါ သူမက စာအိတ်နီ နှစ်ဆယ်ကို ထုတ်ယူလိုက်ပြီး ဟယ်ယဲ့ကို သဘောထားကြီးစွာနဲ့ အားလုံးကို ကမ်းပေးလိုက်သည်။

“ဒီစာအိတ်တွေကို ငါ့ကိုပြုစုပေးတဲ့ အစေခံငယ်လေးတွေကို ပေးလိုက်၊ ကောင်းမွန်တဲ့ နှစ်သစ်ကို ဖြတ်သန်းကြပါစေ”

ဟယ်ယဲ့က အပြုံးနဲ့ တုံ့ပြန်လိုက်သည်။

နန်းပေါင်ရီက သူမကို ပွတ်သပ်လိုက်ပြီး ပိုပြီးထူထဲတဲ့ အနီရောင်စာအိတ်ကို သူမ၏ လက်မောင်းကြားထဲ ထည့်ပေးလိုက်သည်။

“ဒါက ငါ့ ဟယ်ယဲ့အတွက်၊ ငါကလည်း ငွေရှာနိုင်တဲ့သူ တစ်ယောက် ဖြစ်နေပါပြီ၊ အဲ့ဒါကြောင့် နင့်ကိုလည်း မုန့်ဖိုးပေးနိုင်နေပြီ”

ဟယ်ယဲ့က သူမကို ကျေးဇူးတင်လွန်းပြီး မျက်ရည်တွေ စိုစွတ်လာတာကြောင့် ပျော်ရွှင်စွာဖြင့် အနီရောင် စာအိတ်နဲ့ ဖုံးကွယ်လိုက်သည်။

သူမက အစေခံငယ်လေးတွေဆီကို စာအိတ်တွေ ဝေငှပေးဖို့ ခြံဝင်းထဲကို ထွက်သွားတော့သည်။ နန်းပေါင်ရီက အနီရောင် စာအိတ် နောက်တစ်အိတ်ကို အလှပြင်ခုံထဲက ထုတ်ယူလိုက်သည်။

ထိုအနီရောင် စာအိတ်က အထူးတလှယ် ထူထဲလွန်းပြီး အမတ်မင်းအတွက် သူမ ပြင်ဆင်ထားတာ ဖြစ်သည်။

အစ်ကို ၂ က နို့စို့အရွယ် ကတည်းက အိမ်တော်မှာ နေလာတာ ဖြစ်သည်။ ဒီနှစ်တွေ အတောအတွင်းမှာ သူက လာဘ်ရွှင်စေတဲ့ ငွေစတွေ လုံးဝ မရခဲ့ပါချေ။ ဘယ်လောက် သနားစရာ ကောင်းလိုက်လဲ။

သူမက ထိုအတွေးကို တွေးမိခဲ့တာ ကြာလှပြီ၊ ဒီနှစ်တော့ သူမက သူ့အတွက် အထူး ပြင်ဆင်ထားတာ ဖြစ်သည်။

နန်းပေါင်ရီက ပထမဆုံး အဘွားဆီကို သွားရောက် လည်ပတ်လိုက်ပြီး ဘဘကြီး ၂ နဲ့ တခြားသူတွေဆီ ပြီးတော့ သူမ၏ အဖေဆီကို သွားခဲ့သည်။

နန်းယန်တို့ မောင်နှမတွေက အားလုံး ထိုနေရာမှာ ရှိနေကြသည်။ သူတို့မောင်နှမက သူမအဖေ၏ တစ်ဖက်တစ်ချက်မှာ စကားပြောဆိုရင်း ရယ်မောနေကြသည်။ အခန်းတွင်း လေထုက အလွန်ကို ငြိမ်းချမ်းသာယာ နေသည်။

နန်းကွမ်က စာအိတ်နီ သုံးအိတ်ကို သူတို့သုံးယောက်ကို တည်ငြိမ်စွာနဲ့ ကမ်းပေးရင်း ကြင်နာစွာ ဆုံးမသည်။

“နှစ်သစ်မှာ မင်းတို့မောင်နှမ သုံးယောက်လုံးက ကြိုးစားကြရမယ်၊ ပူးပေါင်းပြီး တစ်ယောက်ကို တစ်ယောက် ကူညီကြရမယ်၊ ရန်မဖြစ်ကြနဲ့၊ ဒါက အဖေပေးတဲ့ ကံကောင်းစေတဲ့ ငွေစလေးတွေပဲ၊ ဒီနှစ် နှစ်သစ်ကူးမှာ ပေးတဲ့ငွေက အလွန်အဖိုးတန်ပြီး ဘဝတစ်သက်တာလုံး အတွက် အသုံးဝင်တယ်”

ထိုနေရာက ပြန်ထွက်လာပြီးတဲ့နောက် နန်းပေါင်ရီက သိချင်စိတ် ပြင်းပြစွာနဲ့ စာအိတ်နီကို ဖွင့်ဖောက်လိုက်သည်။

ဘယ်လို ငွေကြေးမျိုးကများ ဘဝ တစ်သက်တာလုံးအတွက် ကံကောင်းစေတဲ့ ငွေဖြစ်မလဲလို့ သူမ သိချင်လှသည်။

ရလဒ်ကတော့ စာအိပ်ထဲမှာ ပါးလွှာတဲ့ စာလေး တစ်စောင်သာ ရှိနေသည်။

စာက အလွန် လက်ရေးလက်သား ဆိုးဝါးနေပြီး ဖတ်ကြည့်လိုက်တဲ့အခါ “ဓါးသွားတွေက ထက်ရှရင် ပန်းပွင့်တွေရဲ့ မွှေးရနံ့က ခါးသည်းပြီး အေးစက်သွားတတ်တယ်”

နန်းပေါင်ရီက မျက်ခုံးတွေကို ပင့်လိုက်မိသည်။

ဒါက ဖေဖေပေးတဲ့ ကံကောင်းစေတဲ့ ငွေတဲ့လား။

အရင်နှစ်သစ်ကူးတုန်းက အနည်းဆုံးတော့ ရွှေစငါးဆယ် ရခဲ့သေးသည်လေ၊ ဘာလို့ ဒီနှစ်ကျမှ စာလေး တစ်စောင်တည်းတဲ့လဲ။

ကိုကိုကြီး ပြန်ရောက်တုန်းက အဖေ့ကို ရွှေစငါးထောင် ပေးထားသေးသည်လေ။

သူမအဖေက ခွဲခြားဆက်ဆံတယ်လို့ ခန့်မှန်းမိလိုက်ပြီး သူမက နန်းယန်ကို ကြည့်လိုက်သည်။ နန်းယန်၏ စာအိပ်ထဲမှာလည်း စာတစ်စောင်သာ ပါရှိသည်။ ဖွင့်ပြီး ဖတ်ကြည့်လိုက်တဲ့အခါ…

“ဘဝက သခင်တစ်ပါးပဲ၊ သေဆုံးခြင်းကတော့ တစ္တေတစ်ကောင်ပါပဲ”

နန်းကျင်၏ စာအိတ်ထဲမှာလည်း ထို့နည်းတူစွာ စာတစ်စောင်တည်းပါပင်။ ဖတ်ကြည့်လိုက်တော့ …

“အဘိုးအိုက မိုင်ထောင်ပေါင်းများစွာ အတွက် ပြင်းပြတဲ့ ဆန္ဒရှိနေတယ်၊ အာဇာနည်တွေကလည်း အသက်ကြီးရင့်လှတယ်၊ သူတို့က သန်မာလှတယ်”

မောင်နှမသုံးယောက်က တံစက်မြိတ်၏ အောက်မှာ တိတ်ဆိတ်စွာ ရပ်နေကြသည်။ သူတို့၏ စိတ်ရှုပ်ထွေးဟန် မျက်နှာတွေကတောင် အားလုံး ချောမောနေကြသည်။

ပြောရရင် သူမ၏ အနီရောင်စာအိတ်က ပိုပြီး ကြည့်ကောင်းသလို နန်းပေါင်ရီက ရုတ်ခြည်း ခံစားလိုက်ရသည်။

ပြီးနောက် သူမက ကိုကိုကြီး နန်းချန်းလီကို သွားပြီး ဂါရဝပြုလိုက်သည်။ နန်းချန်းလီ၏ ခြံဝင်းထဲက ပြန်ထွက်လာသော အခါမှာ သူမက နှစ်သစ်ကူးမှာ ရရှိသည့် စာအိတ်တွေထဲက ငွေပမာဏကို တွက်ချက်လိုက်သည်။

သူမက အသက်ဆယ့်သုံးနှစ်ပြည့်ပြီ ဖြစ်တာကြောင့် မိန်းမပျို တစ်ယောက်အနေနဲ့ ကြီးပြင်းလာလေပြီ။ သူမမှာ ငွေကြေး ကုန်ကျစရာတွေ ပိုပြီး များလာပြီ။ အကြီးတွေက နှစ်သစ်ကူး မုန့်ဖိုးကို အရင်နှစ်ကထက် ပိုပြီး ပေးကြတာကြောင့် သူမမှာ ရွှေစခြောက်ထောင် ရပြီးနေပြီ။

သူမက နှစ်သစ်ကူးမုန့်ဖိုးတွေကို ပျော်ရွှင်စွာယူပြီး ကျောက်ဝမ်ခြံသို့ ပြေးသွားတော့သည်။

“အစ်ကို ၂၊ ညီမလေးက အစ်ကို့ကို နှစ်သစ်ကူး ဂါရဝပြုဖို့ ရောက်လာပြီ”

သူမက ရှောင်းယီ၏ အိပ်ခန်းမရောက်သေးခင် အဝေးကတည်းကနေ အော်ပြော နေလေတော့သည်။
***

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset