NBY အပိုင်း ၁၇၇

အပိုင်း (၁၇၇)
အရင်ဘဝက ရှောင်းယီမှာ ချစ်သူရှိခဲ့မလားလို့ သူမ သိချင်စိတ် ပြင်းပြသွားတယ်

အညိုရင့်ရောင် မြွေပါကတိုးသားမွေး ဝတ်ရုံကြီးက အလွန် အဖိုးတန်လှပြီး ရှောင်းယီ ပေးထားတဲ့ဝတ်စုံ ဖြစ်သည်။

အပေါင်ဆိုင်မှာသာ သွားပေါင်လိုက်ရင် ငွေတွေအများကြီးရမှာပဲ…

သူက ဝတ်စုံကို ဂရုတစိုက် ထုတ်ယူလိုက်ပြီး ကိုယ်ပေါ် ကပ်ကြည့်လိုက်သည်။ ကိုယ်လုံးပေါ်မှန် ရှေ့မှာရပ်ပြီး ဘယ်ညာ လှည့်ကြည့်လိုက်သည်။

အစေခံက မြှောက်ပင့်လာသည်။

“သခင်ကြီးက အခုလို ဝတ်လိုက်တော့ တကယ်ကို ဆွဲဆောင်မှု ရှိတာပဲ၊ အသက်နှစ်ဆယ် အရွယ်လောက်နဲ့တောင် ယှဉ်နိုင်တယ်၊ ပိုပြီးတောင် ချောနေသေးတယ်”

“သခင်ကြီးက အရမ်း အရွယ်တင်တာပဲ၊ မိန်းကလေး ဘယ်လောက်များများက သခင်ကြီးကို နှစ်သက်ကြမလဲ မသိဘူး”

နန်းကွမ်က ပျော်မြူးတက်ကြွစွာနဲ့ မျက်ခုံးတွေကို ချီမော့ထားသည်။ အပေါ်ဝတ်ရုံကြီးက ပြီးပြည့်စုံစွာ သူ၏ကိုယ်ပေါ်မှာ ပနံရနေသည်။ အပ်ချုပ်သမက သူ့အတွက် တိုင်းပြီး ချုပ်ထားသလိုပင်။

ဝတ်ဆင်လိုက်တဲ့အခါ ပိုပြီး ခန့်ညား သွားသလိုပင်။ သူက အားရအောင် ဝတ်ဆင်ပြီးမှ ချွတ်လိုက်ပြီး ထုပ်ပိုးလိုက်သည်။ သူက ဂရုတစိုက်နဲ့ အစတွေကို သုတ်၍ ဝတ်ရုံကြီးကို ထုပ်ပိုးပြီးသောအခါ မျက်လုံးတွေထဲမှာ နှမြောတွန့်ဆုတ် နေဟန်က အထင်းသား ပေါ်နေသည်။

“ဒါကိုသွားပေါင်လာခဲ့”

“ဒါကို သွားပေါင်ရမယ်”

အစေခံ ရှောင်စီက အံ့ဩသွားရသည်။

“ကျင်းအာက ငွေလိုနေတယ်၊ အဖေတစ်ယောက် အနေနဲ့ သူ့အတွက် အားလုံးကို ကောင်းကောင်း ပံ့ပိုးပေးဖို့ လိုအပ်တယ်၊ သူ့ကိုငါက မျိုးရိုး အဆင့်အတန်း တစ်ခုပေးဖို့ မတတ်နိုင်ခဲ့ဘူး၊ ဘာကြောင့်လဲ ဆိုတော့ ငါအသုံးမကျလို့သာ….”

နန်းကွမ်က ဝမ်းနည်းနေသည်။

“ငါက ဘာမှဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်တဲ့ သူတစ်ယောက်ပဲ၊ ငါက မိသားစုအပေါ်မှာ စားဖို့၊ နေဖို့၊ သွားလာဖို့၊ အဝတ်အစားဆင်ဖို့ အားလုံးအတွက် မှီခိုနေရတယ်၊ ဒါပေမယ့် ငါ့သားကိုတော့ အကောင်းဆုံး ဆိုတာတွေပဲ ဖန်တီးပေးချင်တယ်၊ ကျင်းအာက ထက်မြက်ပြီး ပညာရေးမှာလည်း ထိပ်တန်းပဲ၊ အနာဂတ်မှာ သူက အောင်မြင် ကျော်ကြားလာဖို့ ငါမျှော်လင့်တယ်”

သူ၏မျက်လုံးတွေက လင်းလက်နေပြီး ဂုဏ်ယူစွာနဲ့ ပြောနေသည်။

“အခုတော့ ငါ့ကို လှောင်ရယ် ထားကြဦးပေါ့၊ နောက်နှစ်နှစ်နေရင် လူတွေက ငါ့ကို ကြည့်ပြီး ပြောကြမှာ၊ ဒီလူ့သားက အရာရှိအသစ်လေးလေ ဆိုပြီးတော့၊ နောက်ဆယ်နှစ် ကြာပြီးရင် ငါ့ကိုထပ်ပြော ကြလိမ့်မယ်၊ ဒါက အမတ်မင်းနန်းရဲ့ အဖေလေဆိုပြီးတော့၊ နောက်ပြီးတော့ သူက အမတ်မင်းနန်းကို သူ့လက်နဲ့ ပြုစုပျိုးထောင်ခဲ့တဲ့ သူပေါ့ဆိုပြီး”

အစေခံက သူ့ကိုကြည့်နေသည်။ သူက နန်းအိမ်တော်၏ သခင်တစ်ယောက် ဖြစ်နေပြီး တစ်ဝက်လောက် ဟောင်းနွမ်းနေသည့် ချည်ထည်သား အပေါ်ဝတ်ရုံကိုသာ ဝတ်ဆင်ထားသည်။

သို့ပေမယ့် သူ့မျက်လုံးတွေက သူ့သား၏ အနာဂတ်ကို အပြည့်အဝ စိတ်ကူးယဉ်နေပြီး လင်းလက် တောက်ပနေသည်။

အစေခံက ဝတ်ရုံကို တိတ်ဆိတ်စွာ ပွေ့ဖက်လိုက်သည်။ သူက အဝတ်အစားတွေပါ ပေါင်နှံနေရသည့် သူ့သခင်၏ ပျော်ရွှင်မှုကိုတွေးရင်း ရုတ်ခြည်း မျက်ရည်ကျလာသည်။

နောက်ဆုံးတော့ မြွေပါကတိုးသားမွေး ဝတ်ရုံက ရွှေစ သုံးထောင်ရလာခဲ့သည်။

နန်းကွမ်မှာ ကလေးတစ်ယောက်မက ရှိပေမယ့် သူက အားလုံးကို နန်းကျင် တစ်ယောက်တည်းကိုသာ ပေးလိုက်သည်။

လပြက္ခဒိန်၏ နှစ်ဆယ့်ကိုးရက်မြောက် ညချမ်းအချိန်ကို ရောက်ခဲ့ပြီ….

ရွှေစရှစ်ထောင်ကို ယူပြီး နန်းကျင်က နွေဦးကျောက်စိမ်း စံအိမ်ကို တိတ်တဆိတ် ရောက်လာခဲ့သည်။ ဟန်ယန့်လျန်က ခုတင်ထက်က မွေ့ရာပေါ်မှာ လှဲနေရင်း ပျားရည် ဆမ်းထားသည့် ဖရဲသီးကို စားနေသည်။

ကန့်လန့်ကာ၏ တစ်ဖက်ကိုကြည့်ပြီး သူမက တခစ်ခစ် ရယ်လိုက်ရင်း “ရှင်က ဘယ်သူ့ကို သတ်ချင်တာလဲ”

“နန်းအိမ်တော်ရဲ့ သခင်မလေး ၅၊ နန်းပေါင်ရီ”

နန်းကျင်က ဒူးကိုကွေးပြီး ထိုင်ဖုံပေါ်မှာ ထိုင်လိုက်သည်။ ရွှေစငါးထောင်ကို ထုတ်ယူလိုက်ပြီး လေးနက်သော မျက်နှာနဲ့ စားပွဲပေါ်ကို တင်လိုက်သည်။

“ဒါက ရွှေစငါးထောင်၊ တကယ်လို့ မလုံလောက်ဘူးဆိုရင် ငါထပ်ပေးမယ်”

အေးစက်တဲ့ အခိုးအငွေ့တွေက ပျားရည်ထိထားတဲ့ အရေပြားဆီကနေ စိမ့်ထွက်လာသည်။

သူမက ပါးစပ်ကို ဆေးကြောလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

“မလုံလောက်သေးဘူး”

“ဘယ်လောက်ကုန်မှာလဲ”

“အင်း……”

ဟန်ယန့်လျန်က ကိန်းကဏန်းတချို့ကို ပေါ့ပါးစွာ ရေတွက်နေရင်း “ရွှေစနှစ်သောင်း”

“ရွှေစနှစ်သောင်း”

နန်းကျင်က စကားလုံးတွေ ပျောက်ရှသွားရသည်။

“ငါ့ကို ကြားလူတစ်ယောက်က မိတ်ဆက်ပေးတော့ မင်းတို့ပြဇာတ်ရုံက လူသတ်ပေးတယ်တဲ့၊ ယောက်ျား တစ်ယောက်ကို ရွှေစ ရှစ်ထောင်၊ မိန်းမဆိုရင် ငါးထောင်ကျတယ်ဆို၊ ဘာလို့ ရွှေစနှစ်သောင်းလို့ မင်းပါးစပ်က ထွက်လာရတာလဲ”

ဟန်ယန့်လျန်က ခြေထောက်တွေကို စောင်းလိုက်ပြီး ခြေသည်းတွေကို သနေရင်း “နန်းသခင်လေး၊ မနက်ဖြန်ညက နှစ်သစ်ကူး အကြိုညပဲ၊ သန်ဘက်ခါဆိုရင် လပြက္ခဒိန်ရဲ့ ပထမဆုံးနေ့ ဖြစ်သွားပြီ၊ ရှင်လည်းသိတာပဲ၊ ပထမလတွေဆိုရင် ဈေးကွက်မှာ အလုပ်လုပ်မဲ့သူ နည်းနည်းပဲရှိတယ် ဆိုတာကို၊ အဲ့ဒါကြောင့် ဈေးက မြောက်တက် သွားတယ်၊ သုံးရတဲ့ လက်နက်တွေပေါ်မှာလည်း ဈေးက မူတည်သေးတယ်၊ ချိုမြိန်တဲ့ ဆေးလေးတွေ၊ ပြီးတော့ လူသတ်သမားအတွက် ညဝတ်စုံတွေ လိုမျိုးပေါ့၊ ထပ်ပေါင်းရရင် ကျွန်မတို့က ပထမလမှာ လူတွေကို ငှားပြီး ပုံမှန်အလုပ် လုပ်ကြတာပါ၊ အဲ့ဒါကြောင့် ဝန်ဆောင်ခကို နှစ်ဆယူရပါတယ်၊ ကျွန်မတို့ ဂုဏ်သိက္ခာအတွက် ဝန်ဆောင်ခကို တိုးယူဖို့အပြင် နည်းလမ်း မရှိပါဘူး”

နန်းကျင်က ဆွံ့အသွားသည်။

ဒီပြဇာတ်ရုံက စီးပွားရေးလုပ်ဖို့ အရမ်းကောင်းတဲ့ နေရာပဲ၊ ဟုတ်တယ်မလား။

လူသတ်သမားက ရာသီအလိုက် ဝန်ဆောင်ခကို တိုးတောင်းတယ်လို့ သူမကြားဖူးခဲ့ပါချေ။ သူက ငွေတွေကို ဝတ်ရုံလက်အိတ်ထဲသို့ ပြန်ထည့်လိုက်ပြီး ထရပ်လိုက်သည်။

“ငါ့မှာ ငွေကြေး အလုံအလောက်ရှိတဲ့ အချိန်ကျရင် ပြန်လာခဲ့မယ်၊ ငါရောက်လာတဲ့ အကြောင်းကိုတော့ ……”

“နန်းသခင်လေး၊ စိတ်မပူပါနဲ့”

ဟန်ယန့်လျန်က ဆွဲဆောင်မှု ရှိလှသောအသံနဲ့ ပြောလိုက်သည်။

“ကျွန်မတို့က ဖြောင့်မတ်တဲ့ စီးပွားရေး သမားတွေပါ၊ ဧည့်သည်ရဲ့ အချက်အလက်တွေကို မပေါက်ကြားအောင် အထူးဂရုစိုက်ပါတယ်”

နန်းကျင်က စိတ်သက်သာရာ ရသွားပြီး ပြန်ထွက်သွားတော့သည်။

သူထွက်သွားသောအခါ ဟန်ယန့်လျန်က မွေ့ရာပေါ်မှာ ပြန်လှဲလိုက်ရင်း “ယန်လျို၊ နန်းအိမ်တော်ကို ခဏသွားဖို့ အချိန်ယူလိုက်၊ ပြီးတော့ နန်းကျင်က သူ့ကိုသတ်ချင်နေတယ်လို့ ပြောခဲ့၊ ကောင်မလေးရဲ့ မိသားစုထဲက အဖေတူ အမေကွဲအစ်ကိုက သူ့ကို ပြန်သတ်ချင်နေတယ်၊ ဆင်းရဲတာကို အပြစ်တင်ပြီး သူ့အစ်ကိုက သူ့ကိုသတ်ဖို့ လူသတ်သမား လာငှားနေတယ်…..’

ယန်လျိုက သူမ၏ ခြေထောက်တွေကို သေချာနှိပ်နယ် ပေးနေသည်။

သူမက တိတ်တိတ်လေး ပြောလိုက်သည်။ နန်းသူဌေးမလေးက ဘယ်လောက် သနားစရာ ကောင်းလိုက် သလဲ။

နန်းသူဌေးမလေးက လျိုဒုန်ဖန် ပြဿနာကို ဖြေရှင်းပြီးပြီဖြစ်ပြီး သဲလွန်စတစ်ခုမှ ချန်မထားခဲ့ဘူးမလား။

သူမက သဘာဝအဆီနဲ့ ခြေထောက်ကို တိတ်ဆိတ်စွာ သန့်စင်နေလေသည်။

နှစ်သစ်ကူးအကြိုည…

နန်းအိမ်တော်မှာ ငယ်ရွယ်သူတွေ တော်တော်များများ ပြန်ရောက်နေကြပြီး အမြဲတမ်း နှစ်သစ်ကူး အကြိုညက အလွန် အသက်ဝင်လှသည်။

နန်းပေါင်ရုံနဲ့ ဆုန်းရှစ်နင်ကလည်း ပွဲတော်ရက် ဆင်နွဲဖို့ ပြန်ရောက်နေကြသည်။ နန်းပေါင်ရီက စနောက် လိုက်သည်။

“မမကြီး၊ မမကြီးက အိမ်ကို သုံးရက်တစ်ခါ ပြန်လာနေတာ၊ လက်ထပ်ထားတဲ့ မိန်းကလေး တစ်ယောက် နဲ့တောင် မတူတော့ဘူး၊ ဝမ်းကွဲအစ်ကိုက လက်ထပ်ထားတဲ့ မိန်းကလေးနဲ့ တူနေပြီ”

“ကျောင်းကျောင်းက ပိုပြီး စကားသွက် လာတာပဲ”

နန်းပေါင်ရုံက သူမ၏ နှာခေါင်းလေးကို ဖျစ်ညှစ်လိုက်ပြီး “မမကြီးကို ကောင်းကောင်း မပြောဘူးဆိုရင် နောက်ပိုင်းကျ ဘယ်သူက ညီမလေးကို စောင့်ရှောက်မှာလဲ”

သူမက ချမ်းသာတဲ့ ယောက်ျားနဲ့ လက်ထပ်ခဲ့ပြီး နေမကောင်းတဲ့ လူတစ်ယောက်နဲ့ တူမနေတော့ပါချေ။ သူမ၏အသားအရေက သွေးရောင် လွှမ်းလာပြီး ကျန်းမာလာသည်။ ဆောင်းရာသီမှာဆိုလည်း သူမက တခြားသူတွေထက်ပိုပြီး ထူထဲတဲ့ ဝတ်ရုံကြီးတွေကို ဝတ်ဆင်စရာ မလိုတော့ပါချေ။

နန်းပေါင်ရီက သူမကိုဖက်ပြီး ချွဲလိုက်သည်။

“မမကြီး၊ ဘယ်တော့ တူလေး မွေးပေးမှာလဲ၊ ကလေးသေးသေးလေးလေ၊ အရမ်းချစ်စရာ ကောင်းမှာပဲ”

ကလေးလေးသာ ရှိလာခဲ့ရင် အကြီးတွေ အားလုံးက ဝိုင်းချစ်ကြလိမ့်မည်။ နန်းပေါင်ရုံက ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းကိုငုံ့၍ ဘာမှပြန်မဖြေပါချေ။

ဆုန်းရှစ်နင်က ကြင်နာစွာနဲ့ သူမလက်လေးကို ဆွဲကိုင်လိုက်ပြီး ပြုံးရင်း “ကျွန်တော်နဲ့ ရုံအာက ဆွေးနွေးပြီးပါပြီ၊ ရုံအာက အခု ကျန်းမာရေးလည်း ပိုကောင်းလာပြီ ဆိုပေမယ့် ကလေးယူဖို့တော့ မဖြစ်နိုင်သေးဘူး၊ နောက်တစ်နှစ် နှစ်နှစ်လောက်နေရင်တော့ ကလေးတစ်ယောက်လောက် ယူဖို့ စဉ်းစားထားပါတယ်”

သူက တကယ်ကို ဂရုစိုက်လွန်းသည်။ ဆုန်းအိမ်တော်က ကလေးတစ်ယောက် မလိုချင်လို့ မဟုတ်ရပေ။ သူတို့မှာ သားတစ်ယောက်တည်းသာ ရှိတာကြောင့် သူ၏မိဘတွေက ကလေး လိုချင်ကြပေမယ့် အချိန်သုံးနှစ်ပေးဖို့ သူကဖိအားပေး တောင်းဆိုထားခဲ့တာ ဖြစ်သည်။

သူက နန်းပေါင်ရုံနဲ့ လက်ထပ်ပြီး သူမ တစ်ယောက်တည်းကိုသာ အလေးထားခဲ့သည်။

နန်းပေါင်ရီက မျက်နှာလေးကို လက်နှစ်ဖက်နဲ့ ကိုင်လိုက်သည်။ အလွန်အမင်း အားကျလွန်းလို့ မီးငှက်လို မျက်လုံးရွဲကြီးတွေက မျက်ရည်တွေနဲ့ ပြည့်သိပ်လာသည်။

ရှောင်းယီက လိမ္မောသီးကို အခွံခွာပြီး သူမကို ခွံ့ကျွေးလိုက်သည်။

“ဘာတွေစဉ်းစားနေတာလဲ”

နန်းပေါင်ရီက လိမ္မော်စိတ်လေးတွေကို စားနေရင်း တည်တံ့တဲ့ လေသံနဲ့ “အနာဂတ်မှာ အိမ်ထောင်ပြုခဲ့ရင် ဝမ်းကွဲအစ်ကိုလို စိတ်ထားပွင့်လင်းရမယ်၊ ကလေး မရနိုင်တာမျိုးပဲဖြစ်ဖြစ်၊ မိန်းကလေးတွေချည်းပဲ မွေးဖွားတာမျိုးပဲဖြစ်ဖြစ် ညီမလေးကို ရိုင်းပြစွာ မဆက်ဆံရဘူး၊ ကိုယ်လုပ်တော်တွေနဲ့ သွားအိပ်ပြီး ညီမလေးကို မစော်ကားရဘူး”

ကောင်မလေး၏ ဖြူနုနေသည့် မျက်နှာလေးက ခိုင်ကြည်မြဲမြံမှုတွေနဲ့ ပြည့်နေသည်။

ထိုစကားလုံးတွေက ရိုးစင်းလွန်းပေမယ့် သူမ ဘဝ၏ ရပ်တည်ချက် အတွက်တော့ အရေးကြီးလှသည်။

ရှောင်းယီက လှောင်ရယ်လိုက်သည်။

“အစ်ကိုက ဘာရယ်တာလဲ”

နန်းပေါင်ရီက လက်မခံနိုင်သလို မေးလာသည်။

ရှောင်းယီက သူမကို နောက်ထပ် လိမ္မော်သီး တစ်လုံး ထပ်ကျွေးလိုက်ပြီး ပျင်းရိစွာနဲ့ “တစ်ပြိုင်နက်တည်း ကလေးကိုးယောက် မွေးထားတဲ့ ငါတို့နန်းကျောင်းကျောင်းက ကလေးမရမှာကို စိုးရိမ်နေတယ်လား”

ချက်ချင်း နန်းပေါင်ရီက မျက်နှာ ရဲသွားတော့သည်။ သူမက ရှက်ကိုးရှက်ကန်းနဲ့ ပြောလိုက်သည်။

“အစ်ကို ၂၊ အဲ့ဒါက ပြဇာတ် သရုပ်ဆောင်တာလေ၊ ညီမလေးက တစ်ပြိုင်နက်တည်း ကလေးကိုးယောက် မမွေးနိုင်ပါဘူး”

ရှောင်းယီက ပြုံးရင်း သံရှည်စွဲပြီး ‘အိုး’လို့ အာမေဋိတ်သံ ပြုလိုက်သည်။

နန်းပေါင်ရီက ထပ်ပြောသည်။

“အစ်ကို ၂၊ အစ်ကိုရော အစ်ကို့အနာဂတ်ဇနီးက ဘယ်လိုပုံစံမျိုး ဖြစ်ရမယ်လို စဉ်းစားထားတာရှိလား”

အရင်ဘဝက ရှောင်းယီမှာ ချစ်သူရှိခဲ့မလားလို့ သူမသိချင်စိတ် ပြင်းပြသွားသည်။ အသက်ဆယ့်ခုနစ်နှစ် အရွယ်နဲ့တင် ဧကရာဇ်နန်းတော်က မြေတိုက်ခန်းထဲမှာ သူမ သေဆုံးခဲ့ရသည်လေ။

ထိုအချိန်က ရှောင်းယီ၏အသက် နှစ်ဆယ့်သုံးနှစ် ဖြစ်သည်။ သာမန်လူ တစ်ယောက်သာဆို လက်ထပ်ပြီး ကလေးတောင် ရနေလောက်ပြီ ဖြစ်ပေမယ့် သူကတော့ ထိုအရာတွေိကို ဘေးဖယ် ထားခဲ့သလိုပင်။ သူက လက်ထပ်ဖို့ကို လုံးဝ မလိုလားခဲ့ပါချေ။

ရှောင်းယီ နောက်ဆုံးမှာ လက်ထပ်ဖြစ်မဖြစ် သူမသိချင်လှသည်။

ရှောင်းယီက တစ်ဖက်က လိမ္မော်သီးကို ကိုင်ရင်း တဒင်္ဂ စဉ်းစားလိုက်ပြီး ပြုံးလာသည်။

“ငါက တစ်ပြိုင်နက်တည်းမှာ ကလေးကိုးယောက် မွေးနိုင်တဲ့ မိန်းကလေးမျိုးကို လက်ထပ်ချင်တယ်”

နန်းပေါင်ရီက လုံးဝကို စိတ်ဆိုးသွားတော့သည်။

ထိုအပြောနဲ့တင် ဒီလိုမေးခွန်းကို ရှောင်တိမ်းလို့ ရမတဲ့လား။

အမတ်မင်းက တကယ် အတည်ကြီး ပြောနေသလိုပင်။

သူကတစ်ခါမွေးတိုင်း ကလေးကိုးယောက် မွေးနိုင်မယ်တဲ့လား။
***

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset