အပိုင်း (၁၇၄)
ကောင်မလေး၏သွားရာ
နန်းပေါင်ရီ၏ ပါးပြင်တွေက မျက်နှာချေနီ ဆိုးထားသလို နီရဲလာတော့သည်။
သူမက လူတွေကိုရှက်ရွံ့စွာနဲ့ ကြည့်ပြီး ငြင်းဆန်လိုက်သည်။
“ညီမလေးက အရမ်းဗိုက်ဆာနေတာ၊ အသံက ဗိုက်ထဲက ထွက်လာတဲ့ အသံပါ၊ ဘာမှန်းလည်း မသိဘူး၊ ညီမလေးက အရမ်း သန့်ရှင်းတာကို ဘာလို့အဲ့လိုမျိုး လုပ်ရမှာလဲလို့”
တစ်သန်းမှာတစ်ယောက် အလှတရားလေး နန်းပေါင်ရီက ခေါင်းအစ ခြေအဆုံး နုနယ်လွန်းလှသည်။ ဘယ်လိုလုပ်ပြီး သူမက ……
အဲ့ဒါကို ဘာကြောင့်များ
သို့သော်လည်း သူမဘယ်လိုပဲရှင်းပြ ရှင်းပြ ရှောင်းယီ၏ အမူအရာက အမြဲတမ်း ‘ငါသိတယ်’ ဆိုတဲ့ ဟန်ပန်ပင်။
နန်းပေါင်ရီက မျက်နှာလေးကို ဖွက်ထားလိုက်သည်။ သူမ တကယ်ကို ငိုချင်သွားမိသည်။
ထူးဆန်းစွာ ငြိမ်သက်နေစဉ်မှာပဲ အဒေါ်ကျိက အလျင်စလို ပြန်ရောက်လာခဲ့သည်။
သူမက ဂါရဝပြုလိုက်ရင်း အလေးအ
“ငါ့အမေက နင်တို့မိသားစုကို ကြင်ကြင်နာနာ ဆက်ဆံခဲ့တယ်၊ ဒါပေမယ့် နင်က ကျေးဇူးမသိတတ်ဘူး၊ ငါ့အမေ ကလေးပျက်ကျတာက နင့်အမေကြောင့်လေ၊ အခုနင်က ငါ့အစ်ကိုကိုပါ ထပ်ပြီး စွပ်စွဲလိုက်သေးတယ်၊ နင်တို့ တစ်မိသားစုလုံးက မျက်လုံးဖြူနဲ့ ကောက်ကျစ်တဲ့ မြေခွေးတွေပဲ၊ နင်တို့တွေ နန်းအိမ်တော်ကနေ ထွက်သွားကြတော့”
လျိုလန်အာက ပါးပြင်ကို အုပ်လိုက်ပြီး မျက်ရည်တွေ ကျဆင်းလာတော့သည်။
သူမကခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းပြီး “ငါမလုပ်ဘူး၊ ငါနန်းကျင်ကို မှားယွင်းပြီး စွပ်စွဲတာမဟုတ်ဘူး၊ သခင်မကြီး ကျွန်မကို မယုံဘူးဆိုရင် ကျန်းမာရေးကို စစ်ဆေးလို့ရပါတယ်”
“အာ….”
နန်းယန်က စိတ်ဆိုးစွာနဲ့ ဆူပူအော်ဟစ်လိုက်သည်။
“နင်က မသန့်ရှင်းဘူး၊ လက်မထပ်ခင်မှာတောင် အပျိုစင်ဘဝကို ဆုံးရှုံးပြီးနေပြီ၊ နင်က ငါ့အစ်ကိုကို မြူဆွယ်နေတာ မရှက်ဘူးလား၊ လျိုလန်အာ နင်ကတကယ်ကို အရှက်မရှိတာပဲ”
နန်းပေါင်ရီ၏ ဗိုက်က “ဂွီ…ဂွီ..”လို့ ထပ်အော်လာပြန်သည်။
နန်းယန်တို့ မောင်နှမတွေ အားလုံးက အလွန် ခေါင်းမာကြသည်။ လျိုလန်အာက သူတို့၏ ပြိုင်ဘက် မဖြစ်နိုင်လောက်ပါချေ။
နန်းကျင်နဲ့ဒီနေ့မှာ အချိန်းအချက် တစ်ခု မလုပ်လိုက်နိုင်ပေမယ့် နန်းယန်တို့ မောင်နှမတွေက သူတို့ တစ်မိသားစုလုံးကို လက်တုံ့ပြန်ဖို့နဲ့ အဆုံးသတ်မလှဖို့ လိုလားနေကြသည်။
နန်းပေါင်ရီက စိတ်ဓါတ်ပြင်းပြစွာနဲ့ ပွဲကြည့်နေချိန်မှာ နှမ်းမုန့်၏ အနံ့ကို ရုတ်ခြည်း ရလိုက်သည်။
ရှောင်းယီက ကြွပ်ရွနေသည့် နှမ်းမုန့်ဝိုင်းလေးကို ဘယ်နေရာက ယူလာသည် မသိရဘဲ သူမကို ကမ်းပေး လာသည်။
“စားလိုက်..”
သူ၏လေသံက တည်ငြိမ်လှသည်။
နန်းပေါင်ရီက အလွန် စိတ်ချမ်းမြည့် သွားရသည်။ ဒီလူကြီးက ခုနကတင် သူမကို အဓိပ္ပါယ် မရှိတာတွေ စွပ်စွဲထားပြီး သူမကို မျက်နှာမပြရဲအောင် လုပ်ပြီးမှ အခုတော့ သူပဲ အားလုံး မှန်နေသလို ပြုမူနေသည်။
သို့ပေမယ့် သူမ၏ဗိုက်က အလွန်ကို ဒုက္ခပေးနေသည်။ သူမက နှမ်းမုန့်ကို ယူလိုက်ပြီးစားရင်း ပွဲကိုဆက်ကြည့်သည်။
နန်းယန်နဲ့ နန်းကျင်ဆီက အနိုင်ကျင့်ခံရပြီး လျိုလန်အာက အငိုမရပ်တော့ချေ။
ထိုအချိန်မှာပဲ မြေပြင် တုန်ဟည်းမတတ် ငိုကြွေးသံက ခန်းမအပြင်ဘက်ကနေ ထွက်ပေါ်လာသည်။
“ငါ့သနားစရာ သမီးငယ်လေး…….”
အစ်မလျိုက ပြေးဝင်လာပြီး လျိုလန်အာကို ဖက်၍ ပြင်းပြင်းထန်ထန် ငိုကြွေးတော့သည်။
သူမက ကျိန်ဆဲလာသည်။
“သခင်မကြီး၊ လန်အာ မနေ့ညက နန်းကျင်ရဲ့ အိပ်ခန်းမှာ ရှိခဲ့တယ်ဆိုတာကို ကျွန်မ သက်သေပြနိုင် ပါတယ်၊ သူက နန်းကျင်ကို ကြင်ကြင်နာနာနဲ့ ဘဲသားစွပ်ပြုတ် သွားပို့ပေးတာပါ၊ နန်းကျင်က သားရဲတစ်ကောင် ဖြစ်မယ်မှန်း သူမသိခဲ့ပါဘူး၊ ဒီလို မကောင်းတာတွေ လုပ်မယ်မှန်း မသိခဲ့ရပါဘူး”
နန်းပေါင်ရီက နှမ်းမုန့်ကို တစ်ကိုက် ကိုက်လိုက်သည်။ အစ်မလျိုက လျိုဒုန်ဖန်၏ သေဆုံးမှုကြောင့် အချိန်အကြာကြီး ငိုကြွေးခဲ့တယ် ဆိုတာကို သူမကြားထားသည်။
ဒီမိန်းမကြီးက သူ့သားကို ဘယ်လောက် ချစ်မလဲဆိုတာကို သူမတွေးကြည့်မိသည်။ ဒါပေမယ့် မိန်းမကြီးက မိသားစု ချမ်းသာရေးအတွက် လျိုလန်အာကို ကူညီဖို့ လှည့်လာလိမ့်မယ်လို့တော့ မထင်ထားပါချေ။
လျိုမိသားစုတွေ အားလုံးကို ကြည့်လိုက်ရင် ကြည့်ကောင်းကြပြီး အားလုံးက အေးစက်တဲ့ နှလုံးသားတွေ ရှိလိမ့်မယ်လို့ မထင်ရပါချေ။
“ဒေါ်ဒေါ် အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့”
နန်းယန်က ခနဲ့တဲ့တဲ့နဲ့ “လျိုလန်အာက ကျွန်မရဲ့အစ်ကို အိပ်ခန်းကို တကယ်သွားခဲ့ပြီး တစ်ညလုံးပြန် မလာဘူးဆိုရင် ရှင်က ဘာလို့ လိုက်မရှာတာလဲ။ ဒီလိုအမေမျိုး လောကကြီးမှာ ရှိသေးတယ်လား။ ညက ရှင့်သမီးက ပြန်ရောက် မလာတာကို စိတ်မပူဘူးပေါ့”
“ဒါက …..”
အစ်မလျိုက ဆွံ့အသွားရသည်။ ဒါပေမယ့် သူမက ဈေးထဲက ပါးစပ်ကြမ်းတဲ့ မိန်းမတစ်ယောက် ဖြစ်သည်။ သူမက နန်းယန်ကို ပြန်မချေပနိုင်ပေမယ့် နန်းကျင်က သူ့သမီး၏ ဖြူစင်မှုကို ဖျက်ဆီးပါတယ်ဆိုပြီး အော်ဟစ်ပြီး ငိုကြွေးတော့လေသည်။
ဆူညံနေသည့် အသံကြောင့် နန်းကွမ်က အလျင်စလို ဝင်လာခဲ့သည်။ သူ့မှာ သားတစ်ယောက်တည်းသာ ရှိပြီး အဆုံးထိ ကာကွယ်ပေးရမည်လေ။
သူက စိတ်ဆိုးစွာနဲ့ အော်လာသည်။
“ဒီခွေးမ၊ နင်က ရှောင်မုံ့ကို ကိုယ်ဝန်ပျက်ကျအောင် လုပ်ပြီး အခုတော့ ငါ့သား ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်ပေါ့၊ ကျင်းအာက မြင့်မြတ်တဲ့ စိတ်ဓါတ်ရှိတဲ့ ယောက်ျားလေး တစ်ယောက်ပဲ၊ အကြီးတွေကို ရိုသေပြီး မိန်းမတွေနဲ့ အကျွမ်းတဝင် မနေတတ်ဘူး၊ ဘယ်လိုလုပ်ပြီး နင့်သမီးရဲ့ ဖြူစင်မှုကို ဖျက်ဆီးမှာလဲ နင်မရပ်ဘူးဆိုရင် ငါတို့ ရုံးတော်ကို သွားတိုင်ရလိမ့်မယ်”
သူကရုံးတော်ဆိုတဲ့စကားကိုပြောလိုက်မှ အစ်မလျိုက အနည်းငယ် ထိတ်လန့်သွားတော့သည်။
“ဒီကိစ္စက ရုံးတော်ကို တိုင်ကြားဖို့ မလိုပါဘူး….”
လျိုလန်အာက မျက်ရည်တွေ ကြားက ထွက်လာပြီး ဖျော့တော့တဲ့ အသံနဲ့ ပြောလာသည်။ သူမက ရှေ့ကို ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး အဘွားအိုကို ပြောသည်။
“နန်းသခင်မကြီး၊ ဝမ်းကွဲအစ်ကို နန်းကျင်က ကျွန်မကို မနေ့ညက စော်ကားခဲ့တာ အမှန်ပါ…. အိပ်ရာခင်းတွေ စောင်တွေဆိုတာက ခဏချင်း ဖယ်ပစ်လိုက်လို့ ရပါတယ်၊ ကျွန်မ ဘာမှမပြောနိုင်တော့ ပါဘူး၊ ဒါပေမယ့် မနေ့ညက သူ့ဝတ်စုံထဲမှာ ကျွန်မရဲ့ ရွှေဆံထိုး ကျန်နေခဲ့ပါတယ်၊ သခင်မကြီး သူ့ဝတ်စုံကို အစေခံတစ်ယောက်ကို ရှာပေး ခိုင်းကြည့်ပါ”
နန်းကျင်၏ နှလုံးသားထဲမှာ အချက်ပေးသံတွေ ဆူညံသွားသည်။ သူက ဝတ်စုံလက်ထဲကို စမ်းကြည့်လိုက်သည်။
လျိုလန်အာက မနက်စောစော ကတည်းက ပြဿနာ ရှာနေတာကြောင့် သူက အဝတ်အစားတွေကို မြန်မြန် ဝတ်ဆင်ခဲ့ရပြီး သေချာစစ်ကြည့်ဖို့ အခွင့်မရခဲ့ပါချေ။
မမျှော်လင့်ထားတာက လျိုလန်အာမှာ နောက်ထပ် အကြံအစည် တစ်ခုရှိနေမယ်လို့ပင်….
အဒေါ်ကျိက လျှောက်လာပြီး “သခင်လေးနန်းကျင် ဝတ်ရုံကိုချွတ်ပေးပါ၊ ကျွန်မ စစ်ကြည့်ပါ့မယ်”
လူတွေအားလုံးက စူးစိုက်ကြည့် နေကြတာကြောင့် နန်းကျင်က ချွတ်မပေးလို့ မရပါချေ။ သူက တောင့်တင်းနေပြီး ဝတ်ရုံကို အဒေါ်ကျိကို ကမ်းပေးလိုက်သည်။
အဒေါ်ကျိက သူ၏ ဝတ်ရုံလက်အိတ်ထဲမှာ ဇာမဏီပုံ ပုလဲတွေနဲ့ စီခြယ်ထားတဲ့ ရွှေဆံထိုးကို ရှာတွေ့သွားသည်။ ဆံထိုးက ထူထဲပြီး အလွန် လက်ရာမြောက်လှသည်။ သူမက ဆံထိုးကို ထုတ်ယူလိုက်သည်။
နန်းယန်က ပြုံးရင်း “လျိုလန်အာ ဒီလိုရွှေဆံထိုးမျိုးကို နင်ထိုးတာ ငါတစ်ခါမှ မမြင်ဖူးဘူး၊ ဒီဆံထိုးက ရွှေစ ရာချီပြီးတန်ဖိုးရှိတယ်၊ နင် အဲ့လောက် တတ်နိုင်လို့လား”
“ဟုတ်တယ်”
နန်းကွမ်က ပြောလိုက်သည်။
“နင်က ငါ့သားရဲ့ တောက်ပနေတဲ့ အနာဂတ်ကို ပြောင်းလဲပစ်ဖို့ ကြိုးစားနေတာ၊ ပြီးတော့ သူ့ကိုမီပြီး ချမ်းသာချင်နေတာ”
နန်းကျင်၏ မျက်လုံးတွေက အနည်းငယ် လှုပ်ခတ်သွားပြီး “လန်အာ မင်းကို ငါ့ဝမ်းကွဲ ညီမလေး တစ်ယောက်လို့ ငါသဘောထားပါတယ်၊ မင်းကို သတ်ချင်စိတ်လည်း မရှိပါဘူး၊ မင်းငါ့ကို အကြိမ်ကြိမ် ရန်စနေတာက ငါ့ကို ဒေါသထွက်စေတယ်”
သူက တည်ကြည်၍ ဂုဏ်သိက္ခာရှိတဲ့ ဟန်ပန်နဲ့ အဘွားအိုကို ဦးညွှတ်လိုက်ပြီး “အဘွား ဒီမဟုတ်တဲ့ အရာကြောင့် စိတ်ကသိကအောက် မဖြစ်ပါနဲ့၊ ဒီရွှေဆံထိုးက ကျွန်တော် ဝမ့်ချွင်းကျောင်းမှာ တက်တုန်းက အတန်းဖော် သူငယ်ချင်းတစ်ယောက်ရဲ့ ညီမလေးက ပေးထားတာပါ”
“သူက တစ်နေ့ သူ့အစ်ကိုဆီကို အလည်လာရင်း ကျွန်တော့ကို ပထမဆုံး အတွေ့မှာတင် နှစ်သက်သွားတာကြောင့် ဒီရွှေဆံထိုးကို ပေးသွားတာပါ၊ ကျွန်တော်က ငြင်းပေမယ့် ကျွန်တော်ငြင်းရင် ရွှေဆံထိုးနဲ့ သူ့ကိုယ်သူ သတ်သေပစ်မယ်ဆိုပြီး ခြိမ်းခြောက် လာပါတယ်၊ ဒီမြေးက အပြစ်ကင်းစင်တဲ့ မိန်းကလေး တစ်ယောက်ရဲ့ ဘဝကို ကယ်ဆယ်တဲ့အနေနဲ့ ယူလာခဲ့ရတာပါ”
“ညီမလေး လန်အာက အရည်အချင်းလည်းရှိပြီး လှလည်းလှပါတယ်၊ အဲ့ဒါကြောင့် သူက နဂါးကိုလှမ်းပြီး ဇာမဏီဖြစ်ချင်လို့ ဒီလိုလုပ်ရပ်တွေကို ကျူးလွန်ခဲ့တာပါ၊ သူက ကျွန်တော့် ဝတ်ရုံလက်ထဲက ရွှေဆံထိုးကို အမှတ်တမဲ့ တွေ့သွားလို့ ဒီပစ္စည်းကို သက်သေအဖြစ် သုံးပြီး ကျွန်တော့်ကို လက်ထပ်ဖို့ ဖိအားပေးနေတာပါ”
စကားလုံးတွေက ရိုးသားမှုအပြည့်နဲ့ ကျယ်လောင်လှသည်။
နန်းအိမ်တော်က လူတွေအားလုံးက ဇာမဏီပုံ ပုလဲတွေနဲ့ စီခြယ်ထားတဲ့ ရွှေဆံထိုးကို ကြည့်လိုက်ကြပြီး အမူအရာတွေက အနည်းငယ် တုံ့ဆိုင်းသွားကြသည်။
ခန်းမတစ်ခုလုံးက တိတ်ဆိတ်သွားသည်။
နန်းယန်နဲ့ နန်းကျင်က မကောင်းတဲ့ အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။
နန်းပေါင်ရီက နှမ်းမုန့်တစ်ဝက်ကို ရှောင်းယီ၏ ပါးစပ်ထဲ ခွံ့ထည့်လိုက်ပြီး သူမ၏ လက်ချောင်းတွေကို သေချာသုတ်လိုက်သည်။
သူမက လက်လေးကိုမြှောက်ပြီး မြူးကြွတဲ့အသံနဲ့ “အစ်ကို နန်းကျင်၊ ကျွန်မက လက်ဝတ်လက်စားတွေ အားလုံးကို ရာသီအလိုက် ပြောင်းပြီး ဆင်ယင်လေ့ ရှိတာကို နန်းအိမ်သားတွေ အားလုံးက သိကြတယ်၊ ဇာမဏီပုံ ပုလဲတွေနဲ့စီခြယ်ထားတဲ့ ရွှေဆံထိုးက ဒီနှစ်ဆောင်းရာသီ အတွက်ပဲ၊ ဒေါ်ဒေါ်က ပန်းထိမ်ကို သေချာအပ်ပြီး ကျွန်မအတွက် လုပ်ခိုင်းထားတာ၊ တလောကလုံးမှာ တစ်ခုပဲရှိတယ်၊ မိသားစုဝင်တွေ အားလုံးက သက်သေခံနိုင်တယ်”
“တစ်နေ့က အဲ့ဒါကို ကျွန်မ အစ်မလန်အာကို ပေးခဲ့တာ၊ ဘာကြောင့် အတန်းဖော်ရဲ့ ညီမလေးက အစ်ကို့ကို ပေးသွားတာလို့ ညာပြောရတာလဲ ကျွန်မက အစ်ကို့သူငယ်ချင်းရဲ့ နာမည်ကိုမသိသလို သူ့ညီမလေးကိုလည်း မသိဘူး၊ ရှင်က ကျွန်မနဲ့ ရင်ဆိုင်ရဲတယ်လား”
နန်းပေါင်ရီက အလေးအနက်ဖြင့် တိုက်ပွဲထဲကို ခုန်ဝင်လာတော့သည်။
ရှောင်းယီက လက်ထဲက နှမ်းမုန့်ပိုင်းလေးကို ကြည့်နေသည်။ ထိုမုန့်ဝိုင်းလေးမှာ ကောင်မလေး၏ ယုန်သွားလို ကိုက်ရာလေးက အမှတ်အသား ကျန်နေခဲ့သည်။
ခဏအကြာမှာ သူက သူမ၏ သွားရာလေးအတိုင်း တစ်ကိုက် ကိုက်လိုက်သည်။ နှမ်းမုန့်၏ အရသာက ဆွတ်ပျံ့ဖွယ် ကောင်းလှပြီး တကယ်ကို မွှေးကြိုင်သင်းပျံ့ နေသည်။
သူ၏ပခုံးပေါ်မှာ ထိုင်နေသည့်ကောင်မလေးကလည်း ဆွတ်ပျံ့ဖွယ်ကောင်းလှလေသည်။
***