NBY အပိုင်း ၁၆၉

အပိုင်း (၁၆၉)
ဧကရာဇ်ကျင်းဝူ၏မိဖုရား

သူက လက်ကိုင်ပဝါကို ရေဆွတ်လိုက်ပြီး နန်းပေါင်ရီ၏ မေးဖျားလေးကို ပင့်မော့လိုက်သည်။ သူမ မျက်နှာပေါ်က အဆီပြန်နေတာတွေကို သူက ဂရုတစိုက်နဲ့ သုတ်ပေးနေသည်။

နန်းပေါင်ရီက ထူးထူးခြားခြား ဣန္ဒြေရနေပြီး မျက်လုံးတွေကို မှိတ်၍ သူ၏ဂရုစိုက်မှုကို ခံယူနေသည်။

သူမက တိုးလျလျဖြင့် “အစ်ကို ၂ ရော မသိချင်ဘူးလား၊ ညီမလေးက လျိုဒုန်ဖန်ကို ဘယ်လို သတ်ခဲ့လဲ ဆိုတာ”

ရှောင်းယီက သူမ၏ဆန္ဒကို လိုက်လျောစွာနဲ့ “ဘယ်လိုသတ်ခဲ့လဲ”

နန်းပေါင်ရီက ပြောဖို့အတွက် အားယူလိုက်ပြီး အနည်းငယ် ကို့ရို့ကားရား နိုင်နေဟန်နဲ့ “အစ်ကို ၂၊ အစ်ကို့အမြင်မှာ ညီမလေးက ဉာဏ်ကောင်းပြီး အင်အားရှိတယ်လို့ ထင်လား”

“အင်း… နန်းကျောင်းကျောင်းက အရမ်းဉာဏ်ကောင်းပြီး အင်အားရှိတာပေါ့”

နန်းပေါင်ရီက သဘောမကျဟန်နဲ့ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်သည်။ ဒီလိုပြန်ဖြေတာက အရမ်းကို ဝတ်ကျေတန်းကျေ နိုင်မနေဘူးလား

သူမက ရန်တွေ့လိုက်သည်။

“အစ်ကို ၂၊ ပြဇာတ်ရုံက ညီမလေးရဲ့ လုပ်ရပ်တွေက အစ်ကို့ရဲ့ အမြင်မှာ ဘာမှ ထူးခြားတာ မရှိဘူးလား”

ရှောင်းယီက လက်ကိုင်ပဝါကို ရေနဲ့ ဆေးကြောလိုက်သည်။

သူက တည်ကြည်စွာနဲ့ “ရှိတာပေါ့”

နန်းပေါင်ရီ၏ မျက်ခုံးတွေက ချက်ချင်း မြင့်တက်သွားပြီး စိတ်လှုပ်ရှား သွားတော့သည်။

“ဘယ်နေရာကလဲ၊ ညီမလေး၏ နည်းဗျူဟာလား စကားပြော ကောင်းတာကလား”

ရှောင်းယီက သူမ၏မေးဖျားလေးကို ဖျစ်ညှစ်လိုက်ပြီး သူမ၏ နှုတ်ခမ်းပေါ်က အဆီတွေကို နည်းနည်းချင်း သုတ်ပေးနေသည်။

သူက မျက်လုံးတွေကို စိုက်ချလိုက်ပြီး ပြုံးရင်း “ကလေးကိုးယောက် မွေးတဲ့အခန်းကို သရုပ်ဆောင် နေတုန်းက”

နန်းပေါင်ရီ “…”

ရှောင်းယီက သူ၏အကြည့်တွေကို နေရာလွှဲလိုက်ပြီး သူမ၏ နူးညံ့အိစက်နေသည့် နှုတ်ခမ်းလေးတွေကို ကြည့်နေသည်။

အရမ်းချိုမှာပဲ…….

သူက ဖြည်းဖြည်းချင်း ကပ်သွားရင်း တိုးဖွပြီး လေးနက်တဲ့အသံနဲ့ “နန်းကျောင်းကျောင်း ကလေးမွေးတဲ့ အခန်းကို သရုပ်ဆောင်နေတုန်းက အော်သံက အရမ်းနားထောင်လို့ ကောင်းတယ်…. အခု အပြင်လူတွေလည်း ရထားလုံးထဲမှာ မရှိဘူး၊ ဘာလို့ အစ်ကို့ကို အဲ့လိုထပ်ပြီး သရုပ်ဆောင် မပြတာလဲ”

သူ၏မျက်နှာက သူမနဲ့ အလွန် နီးကပ်နေသည်။ နီးကပ်လွန်းလို့ သူ၏အသက်ရှူ သံကိုတောင် သူမကြားနေရသည်။

ကောင်မလေး၏ ပါးပြင်က ရှက်သွေးဖြာဟန် နီရဲနေပြီး သူ့ကို မြန်မြန်တွန်းထုတ် လိုက်သည်။

သူမက ကန့်လန့်ကာကို ပင့်လိုက်ပြီး အပြင်ဘက် လမ်းမကြီးပေါ်က လေနုအေးကို ရှူရှိုက်လိုက်သည်။ သူမ၏မျက်နှာက နီနေပြီး နှလုံးခုန်သံကလည်း မြန်လွန်းနေသည်။

စိတ်ကို တည်ငြိမ်အောင် မနည်းကြိုးစားပြီးသည့် အချိန်မှာတောင် ရှောင်းယီ၏ အပြုံးရေးရေးက သူမ နောက်မှာ ထင်ကျန်နေသေးသည်။

နန်းပေါင်ရီက နှုတ်ခမ်းတွေကို ကိုက်လိုက်ပြီး နွေဦးကျောက်စိမ်း စံအိမ်ကနေ နန်းအိမ်တော်ထိ လမ်းတစ်လျှောက်လုံးမှာ နောက်ကိုလုံးဝ လှည့်မကြည့်ရဲတော့ပါချေ။

အိမ်တော်၏ အရှေ့မှာ ရထားလုံး ရပ်လိုက်တဲ့အခါ သူမက အမြန်ခုန်ချသွားပြီး ဝတ်စုံစကိုမ၍ ဆုန်းဟယ့်ခြံထဲကို လေအလျင်နဲ့ ပြေးသွားတော့သည်။

ရှောင်းယီက အလျင်မလိုပဲ နောက်ကနေ ဖြည်းဖြည်းမှန်မှန် လျှောက်လာသည်။ ဒီပျော်ရွှင်မှုလေးက သူ၏လက်ဖဝါးထက်ကနေ ဘယ်လိုမှ ထွက်ပြေးမသွားနိုင်ပါချေ။

တစ်နေ့ကျရင်တော့ သူဖြစ်ချင်သလို နန်းကျောင်းကျောင်းကို ရွှေရောင်လွှမ်းတဲ့ စံအိမ်ကြီးထဲမှာ သော့ခတ် သိမ်းထားနိုင်မှာ အသေအချာပင်။

ထိုသို့တွေးနေစဉ်မှာပဲ အဒေါ်ကျိက သူ့ကို ရိုသေစွာနဲ့ ဂါရဝပြု နှုတ်ဆက်လာသည်။

“အမတ်မင်း၊ သခင်မကြီးက သခင်လေးနဲ့စကားပြောဖို့ ပန်းပွင့်ခန်းမကို ဖိတ်ခေါ်လိုက်ပါတယ်”

ရှောင်းယီက ခေါင်းညိတ် လက်ခံလိုက်သည်။

ထိုအချိန်မှာ ကောင်းကင်က တဖြည်းဖြည်း အနက်ရောင်သို့ ပြောင်းလာပြီး အစေခံ အဖွဲ့လိုက်က လျှောက်လမ်း တစ်လျှောက်ကို မီးအိမ်တွေ ထွန်းညှိနေကြသည်။

ပန်းပွင့်ခန်းမက ထိန်လင်းနေပြီး ပွဲတော်တစ်ခုလိုမျိုး စားသောက်စရာတွေကို ပြင်ဆင်ထားသည်။ အဘွားအိုက စားပွဲဝိုင်းမှာ ထိုင်နေပြီး ရှောင်းယီ ဝင်လာတာကို ကြည့်နေသည်။ သူမက လက်ဟန်နဲ့ ရှောင်းယီကို ထိုင်ဖို့ ပြောလိုက်သည်။

ရှောင်းယီက ထိုင်လိုက်ပြီး တူကိုမြဲမြံစွာ ကိုင်လိုက်သည်။

အဘွားအိုက သူ့ကိုကြည့်ပြီး “အမတ်မင်းက ဉာဏ်ကောင်းတဲ့သူပဲ၊ ဘာလို့ ဒီအဘွားကြီးက ဖိတ်ခေါ်ရတယ်ဆိုတာကို သိပြီးသားဖြစ်မှာပါ”

သူမက သူ့ကိုယ်သူ အဘွားတစ်ယောက်လို့ မစဉ်းစားတော့ပါချေ။ ရှောင်းယီက အမဲသား တစ်တုံးကို ညှပ်ယူလိုက်ပြီး ပြန်ဖြေသည်။

“ကျွန်တော် ကိစ္စ တစ်ခု၊ နှစ်ခုတော့ ခန့်မှန်းမိပါတယ်”

“ရှုနိုင်ငံ တစ်ဝှမ်းလုံးမှာ အာဏာရ ရွယ်မိသားစုက စစ်သည်တစ်သန်းရဲ့ တစ်ဝက်ကို ပိုင်ဆိုင်ပြီး ဘုရင်ခံချန်းရဲ့ အုပ်ချုပ်ရေးပိုင်းကတော့ ခန့်မှန်းလို့မရဘူး၊ ပြီးရင်တော့ မင်းက ရှုနိုင်ငံရဲ့ တတိယ အများဆုံး စစ်သည်အင်အားကို ပိုင်ဆိုင်ထားတယ်”

ရှောင်းယီက တည်ငြိမ်စွာနဲ့ ဟင်းရွက်တွေကို ထည့်စားနေသည်။

အဘွားအိုက နှုတ်ရေးကြွယ်စွာနဲ့ “နှစ် ရာစုနဲ့ချီပြီး အာဏာရထားတဲ့ ဒီမိသားစုနှစ်ခုနဲ့ ယှဉ်ရင် မင်းက ရှုနိုင်ငံမှာ ဘာကျောထောက် နောက်ခံမှ မရှိဘူးလို့ ပြောလို့ရတယ်၊ တစ်ခုတည်းသော အားသာချက်က ဧကရာဇ်ရဲ့ ချီးမြှင့်မြှောက်စားမှုပဲ၊ ဒါပေမယ့် အဲ့ဒီတစ်ခုကပဲ မင်းရဲ့ အနာဂတ် ကောင်းဖို့ အတွက် လုံလောက်ပြီး အရမ်းအဖိုးတန်တယ်၊ နန်းအိမ်တော်ကလည်း အဲ့ဒါကြောင့် လုံခြုံနေတာ”

“သူ့အမေ ဆုံးပါးသွားတဲ့ အချိန်မှာ ကျောင်းကျောင်းက ဆယ်နှစ်ပဲ ရှိသေးတယ်၊ သူ့အဖေကလည်း ဘယ်လိုပုံစံမျိုး ဆိုတာကို မင်းလည်း သိတာပဲ၊ အခု ကျောင်းကျောင်းနဲ့ ချန်းအိမ်တော်ရဲ့ စေ့စပ်ကြောင်းလမ်းခြင်းက ဖျက်သိမ်း ပြီးသွားပြီ၊ ရှုနိုင်ငံက အစိုးရအရာရှိ တချို့က ကျောင်းကျောင်းနဲ့ လက်ဆက် ချင်ကြတယ်၊ ဒါပေမယ့် သာမန် ကုန်သည်မျိုးရိုးနဲ့ လက်ထပ် လိုက်ပြန်ရင်လည်း ဘိုးဘွားတွေက လက်ခံကြမှာ မဟုတ်ဘူး”

“ရှောင်းယီ၊ မင်းက ကျောင်းကျောင်းကို သဘောကျခဲ့ဖူးတယ်၊ အခု ဒီအဘွားကြီးက မင်းကို ထပ်မေးချင်တယ်၊ မင်းအခုထိလည်း ကျောင်းကျောင်းကို စိတ်ထဲ ရှိတုန်းပဲလား”

ရှောင်းယီက တူကိုချလိုက်ပြီး သေရည်ကို တစ်ခွက်လုံးအပြည့် မော့သောက်လိုက်သည်။

သူက လေးလေးနက်နက်ဖြင့် “ကျွန်တော် ရှောင်းယီက၊ ကျင်းဝူက ကိုယ်လုပ်တော်ကို ဖွက်ထားနိုင်ဖို့ မျှော်လင့်ပါတယ်”

“ကျင်းဝူ ချန်ကျောင်း”ဆိုတာက ဒဏ္ဍာရီတစ်ပုဒ် ဖြစ်သည်။

ဒဏ္ဍာရီထဲမှာ ဟန်နိုင်ငံ၏ ဧကရာဇ်ဝူက နန်းသက် လေးနှစ်အကြာမှာ သူ၏ညီမဝမ်းကွဲ ချန်းကျောင်းကို ခြိမ်းခြောက်၍ သူ၏မိဖုရားအဖြစ် တင်မြှောက်ပြီး ‘ရွှေရောင် နန်းတော်ထဲမှာ ချုပ်ထားလိုက် လေသည်’

ကြေကွဲစရာ ကောင်းတာက သူ၏ဆန္ဒအတိုင်း ချန်းကျောင်းနဲ့ လက်ထပ်ပြီးခဲ့ပေမယ့် သူက သူမ၏ အဆောင်အယောင်တွေကို ရုပ်သိမ်းခဲ့သည်။

ချန်းကျောင်းက မိဖုရားရာထူး ဖယ်ရှားခံရပြီး နာဂတို နန်းတော်ကို ပို့ခံလိုက်ရသည်။ နောက်တော့ သူမ ကောင်းကင်ကို မြင်တွေ့ခွင့် မရှိတော့ပါချေ။

အဘွားအို၏ မျက်ခုံးတွေက သဘောမကျစွာ တွန့်ကုတ်သွားပြီး “ရှောင်းယီ၊ ဒီအဘွားကြီးက စာပေနည်းနည်းပဲ ဖတ်ဖူးတယ်ဆိုပြီး မလှောင်နဲ့၊ ကျင်းဝူဘုရင်က မိဖုရားအပေါ် သဝန်တိုစိတ် ပြင်းထန်ပြီး ကောင်းကောင်း မဆက်ဆံဘူး ဆိုတာကိုတော့ ဒီအဘွားကြီးက သိပါသေးတယ်၊ ငါ့ကျောင်းကျောင်းကိုတော့ အဲ့လို အဖြစ်မခံနိုင်ဘူး”

“နန်းကျောင်းကျောင်းက ချန်းကျောင်း မဟုတ်ဘူးလေ၊ ပြီးတော့ ကျွန်တော်ကလည်း ဒဏ္ဍာရီထဲက ဧကရာဇ် မဟုတ်ဘူး”

ရှောင်းယီက ပွင့်ပွင့်လင်းလင်း ပြောလာသည်။

“ကျွန်တော့် အတွေးထဲမှာ နန်းကျောင်းကျောင်းက သဘာဝအတိုင်း ကလန်ကဆန် လုပ်တတ်တဲ့ မာနကြီးတဲ့ ကောင်မလေးပဲ၊ ပြီးတော့ သူ့ပတ်ဝန်းကျင်ကလူတွေ၊ အရာတွေကို ချစ်တတ်တယ်၊ ရွှေရောင်နန်းတော်ကြီး တစ်ဆောင် သူ့အတွက် ဆောက်ပေးမယ်၊ သူက စွပ်ပြုတ်တစ်ခွက်ပဲ ချက်ပေးမယ် ဆိုရင်တောင် ကျွန်တော်က တစ်သက်လုံး ပျော်နေနိုင်တယ်”

အဘွားအိုက သူ့ကို သံသယ မျက်လုံးနဲ့ ကြည့်လိုက်သည်။ နှုတ်ခမ်းဖျားက ပျားရည် သုတ်လိမ်း ထားသလို သူ၏စကားတွေကတော့ တခြားသူတွေထက် ပိုပြီး နှစ်လိုဖွယ် ကောင်းလှသည်။

သို့သော်လည်း သူ၏ကတိကို ယုံကြည်လို့ ရပါ့မလား

အဘွားအိုက မရေမတွက်နိုင်တဲ့ လူတွေကို အကဲခတ် ကြည့်ဖူးပေမယ့် ရှောင်းယီ၏ အတွင်းစိတ်ကိုတော့ ထွင်းဖောက်မြင်နိုင်ခြင်း မရှိပါချေ။

သူ၏ ကတိစကားက အမှန်လား အမှားလား ဆိုတာကို သူမ မခွဲခြားနိုင်ပေ။ နန်းပေါင်ရီ၏ လက်ထပ်ပွဲကို ဒီလို လောင်းကြေး ထပ်လိုက်လို့ ဖြစ်ပါ့မလား။

အချိန်အတန်ကြာ တစိမ့်စိမ့် ချင့်ချိန်ပြီးနောက် သူမက တည်ငြိမ် လေးနက်စွာနဲ့ ပြောလိုက်သည်။

“ကျောင်းကျောင်းကို ပေးမယ်လို့ မင်းကို ငါ ကတိမပေး နိုင်ပေမယ့် တခြားသူတွေနဲ့လည်း လက်ဆက် မပေးဘူးလို့တော့ ကတိပေးတယ်၊ မင်းရဲ့မျိုးရိုး အဆင့်အတန်း ပြဿနာတွေကို ရှင်းမပြီးသေးခင် အထိတော့ သူနဲ့ လက်ထပ် မပေးနိုင်သေးဘူး၊ သူက ဂုဏ်သိက္ခာကို ရင်းပြီး မင်းကို လက်ခံဖို့ ဆန္ဒရှိတယ် ဆိုရင်တော့ ငါက လက်ထပ်ဖို့ ခွင့်ပြုပေးမယ်”

စကားလုံးတိုင်းက ကိစ္စရပ်တစ်ခုလုံး ရှောင်းယီပေါ်မှာ မူတည်ကြောင်းကို တွန်းပို့လိုက်တာ ဖြစ်သည်။

သူမ၏တောင်းဆိုချက်က သာလွန်နေကြောင်းကို သူမသိသည်။ သို့သော်လည်း ကျောင်းကျောင်းအာက သူမ၏ အချစ်ရဆုံး မြေးငယ်လေး ဖြစ်သည်လေ။

ကောင်မလေးက အပြစ်ကင်းစင်လှသည်။ အဘွား တစ်ယောက်အနေနဲ့ သူမရှေ့က အတားအဆီးတွေ အားလုံးကို ဖယ်ရှားပေးပြီး သူမကို ချောမွေ့ ညင်သာတဲ့ လမ်းပေါ်မှာသာ လျှောက်စေချင်သည်။

သူမ အသက်ရှင်နေတုန်းမှာ ကျောင်းကျောင်းအာအတွက် လုပ်ပေးနိုင်သမျှ အရာအားလုံး လုပ်ပေးသွားမည်သာ။

ရှောင်းယီက ကျေနပ်အားရစွာ ပြုံးနေသည်။

ပြတင်း အပြင်ဘက်မှာ လေပြည်ညင်း နဲ့အတူ နှင်းစက်တွေက တဖြောက်ဖြောက် ကျဆင်းနေသည်။

သူက သေရည်ကို ဖြည်းဖြည်းချင်း ခွက်ထဲ လောင်းထည့်လိုက်ပြီး “ကျွန်တော့်မှာ အာဏာ၊ စည်းစိမ်နဲ့ အင်အားဆိုတဲ့ အရာတွေ အားလုံးက မရှိမဖြစ် အရေးကြီးတယ်၊ ပိုများလေလေ ကောင်းလေပေါ့၊ ဒါပေမယ့် မိန်းကလေး တစ်ယောက် အတွက်တော့ ကျွန်တော်က သာမန်လူ တစ်ယောက်ပဲ၊ နန်းကျောင်းကျောင်းက ရွှေရောင် နန်းတော်ကြီးထဲမှာ ကျွန်တော် ထည့်ဖွက်ထားချင်တဲ့ ကောင်မလေးပဲ၊ နောက်ဆုံး အချိန်အထိ ကျွန်တော့် မဟေသီကို ကျွန်တော်က ချစ်ခင်သွားမှာပါ၊ သခင်မကြီး စိတ်ချလို့ ရပါတယ်”

“ကျောင်းကျောင်းအာက ချစ်စရာကောင်းပြီး ရိုးသားတယ်၊ နောင်အနာဂတ်မှာ အမတ်မင်းက ငြီးငွေ့သွားမှာကို စိုးရိမ်မိတယ်”

“သူက ရိုင်းစိုင်း နေရင်တောင်၊ သူ့စည်းစိမ်ချမ်းသာတွေ မရှိတော့ရင်တောင် ဒီအမတ်မင်းက စစ်သည် ထောင်ပေါင်းများစွာ ခြံရံပြီး သူ့အနားမှာ ဖြည့်ဆည်းပေးမှာ”

“ကျောင်းကျောင်းက သူ့ခင်ပွန်းကို မောင်းမထားဖို့ ခွင့်ပြုမှာ မဟုတ်ဘူး၊ အနာဂတ်မှာ အမတ်မင်းက စိတ်ပြောင်းသွားမှာ စိုးတယ်”

“ဒီတစ်ဘဝလုံး ဒီအမတ်မင်းက သူ့ဝတ်ရုံအောက်မှာပဲနေဖို့ ဆန္ဒရှိတယ်”

မီးအိမ်၏ အလင်းရောင်တွေနဲ့ ပန်းပွင့်ခန်းမက တိတ်ဆိတ် သွားတော့သည်။

အဘွားအိုမှာ ဆက်ပြောစရာ စကား မရှိတော့ပါချေ။

အနီရောင် ကနုတ်ပန်းတွေနဲ့ ကွေ့ဝိုက်ထားတဲ့ စင်္ကြံလမ်းက အဆုံးအစ မရှိသလိုပင်။

တံစက်မြိတ် အောက်မှာ ချိတ်ဆွဲထားတဲ့ မီးပုံးတွေက လေဒဏ်နဲ့ နှင်းဒဏ်ကို ကြံ့ကြံ့ခံပြီး တစ်ညလုံး အလင်းရောင် ဖြန့်ကြက် ပေးနေသည်။ အနီရောင် ယုန်မွေးဝတ်ရုံနဲ့ ကောင်မလေးက စင်္ကြံလမ်းမှာ ငြိမ်သက်စွာ ရပ်နေပြီး အေးမြတဲ့ နှင်းစက်တွေကို ထိတွေ့ဖို့ ကြိုးစားနေသည်။

ပန်းပွင့်ခန်းမက ရှောင်းယီ ပြန်ထွက်လာတဲ့ အခါမှာ မီးအိမ်၏ အလင်းရောင်က သူမ၏ဖြူဉ နူးညံ့နေသည့် မျက်နှာလေးပေါ်ကို ဖြာကျနေတာ တွေ့လိုက်ရသည်။ သူမ၏ မျက်လုံးတွေနဲ့ မျက်ခုံးတွေကလည်း အပြစ်ကင်းစင်ပြီး သိမ်မွေ့နူးညံ့နေသည်။

“နန်းကျောင်းကျောင်း”

နန်းပေါင်ရီက လှည့်ကြည့်လာပြီး သိချင်စိတ် ပြင်းပြမှုက သူမ၏ မျက်နှာလေးမှာ အထင်းသား ပေါ်နေသည်။

“အဘွားက ပန်းပွင့်ခန်းမကို အစ်ကို့ကို ဖိတ်ခေါ်တယ်လို့ ညီမလေးကြားမိတယ်၊ ဘာတွေပြောကြတာ လဲဟင်”

“အပေးအယူ ကိစ္စပြောတာ”

“အပေးအယူ”

နန်းပေါင်ရီ၏ သိချင်စိတ်က ပိုမိုပြင်းပြသွားပြီး “အစ်ကိုတို့က ရှုပိုးထည်တွေကို အတူတူ ရောင်းကြ မလို့လား”

ရှောင်းယီ နင်သွားရသည်။

သူက ရှုပိုးထည်တွေကို ဖြန့်ချီရောင်းချနေသည့် သူနဲ့ တူနေလို့လား

သူက ရှေ့ကိုတိုးလိုက်ပြီး ကောင်မလေး၏ နဖူးလေးကို အသာအယ တောက်လိုက်လေတော့သည်။
***

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset