NBY အပိုင်း ၁၅၂

အပိုင်း (၁၅၂)
ကျောင်းကျောင်း၊ ဘယ်သူက လက်ထပ်ပွဲကို တိုက်တွန်းတာလဲ

နန်းပေါင်ရီက မတွေးတတ်အောင် ဖြစ်သွားရသည်။

သူမက အမတ်မင်းကို သံသယဖြစ်စွာ စိုက်ကြည့်လိုက်သည်။ အဲ့ဒါဆို သူကရော သူမကို နမ်းရှိုက်ဖူးတယ် မဟုတ်ဘူးလား။

သူမကို စင်ကြယ်အောင် နေဖို့ပြောပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားခိုင်းတယ် ဆိုတာက သူမက စင်ကြယ်အောင် မနေလို့လား။

သူမက သီချင်းညည်းရင်း ခေါင်းကို ချာခနဲလှည့်ပြီး ရှေ့ကို ဆက်လျှောက် သွားလိုက်သည်။
**

ဒီနေ့ညက နှစ်သစ်ကူးအကြိုည ဖြစ်တာကြောင့် မိသားစုတွေအားလုံး ဆုန်းဟယ့်ခြံ ညစာစားပွဲကို တက်ရောက်ကြသည်။

နန်းပေါင်ရီက အထူးကောင်းမွန်ပြီး အနီရောင်နှင့် ရွှေရောင်ရောပြီး ရက်လုပ်ထားသည့် ယုန်မွှေး အပေါ်ထပ် ဝတ်ရုံကို နှစ်လိုဖွယ်ကောင်းစွာ ဝတ်ဆင်ထားသည်။ သူမက ရှောင်းယီနှင့်အတူ ပန်းပွင့်ခန်းမကို ရောက်လာခဲ့သည်။

ဒီနှစ် နှစ်သစ်ကူး အကြိုညမှာ ဘဘကြီး ၂ နှင့် ကိုကိုကြီးပါ အိမ်ကို စောစောပြန်ရောက် လာကြပြီး မမကြီးနှင့် ဝမ်းကွဲအစ်ကိုစုန့်တို့ကလည်း ပွဲတော်အတူ ဆင်နွှဲဖို့‌ ရောက်နေကြသည်။ ပန်းပွင့်ခန်းမ တစ်ခုလုံးက လှုပ်ရှား အသက်ဝင်နေသည်။

နန်းပေါင်ရီက ဘေးပတ်ချာလည်ကို တိတ်တဆိတ် အကဲခတ် လိုက်သည့်အခါ သူမ၏အဖေနှင့် ချန်းယဲ့ရူကို မတွေ့ရပေ။ မျှော်လင့်ထားသည့်အတိုင်း သူတို့မရောက်ကြသေးချေ။

လျိုရှောင်မုံ့နှင့် နန်းယန်ကလည်း မလာကြပေ။ ဆောင်းဦးလယ် ပွဲတော် ကတည်းက သူတို့ကို ဆုန်းဟယ့်ခြံကို ခြေလှမ်းဝက်စာတောင် ပေးမဝင်ဖို့ အဘွားက ပြောထားခဲ့သည်။

နန်းပေါင်ရီက ရှောင်းယီ၏ ဘေးမှာ ကျိုးနွံစွာ ဝင်ထိုင်လိုက်ပြီး ဟယ်ယဲ့ကို လေသံသဲ့သဲ့ဖြင့် ခေါ်လိုက်သည်။

ဟယ်ယဲ့က အံ့အားသင့်သွားပြီး အသံကိုနှိမ့်၍ ပြောသည်။

“မမလေး၊ ဒီညက အရေးကြီးတယ်… ကျွန်မက သူတို့ကို ဒီကိုလာဖို့ ဖိတ်ခေါ်လိုက်ရင် အမိန့်ကို မလိုက်နာသလို ဖြစ်သွားလိမ့်မယ်၊ အရင်တစ်ခေါက် ဆောင်းဦးလယ် ပွဲတော်တုန်းက အဖြစ်ကို မေ့သွားပြီလား”

“ဘာမှမဖြစ်ဘူး”

နန်းပေါင်ရီက ပြုံးလိုက်ပြီး “နင်ကိုယ်တိုင် မသွားချင်ရင် ဆုန်းဟယ့်ခြံက အကြီး တစ်ယောက်ယောက်ကို သွားခေါ်ခိုင်းလိုက်”

ဟယ်ယဲ့က ဘူးသီးခြောက်ထဲ ထည့်ပြီး ရောင်းနေတာက ဘာဆေးမှန်း မသိဘဲ တစ်ယောက်ယောက်ကို ရှာပြီး လျိုရှောင်မုံ့နှင့် နန်းယန်ကို ခေါ်ခိုင်းလိုက်တော့သည်။

တစ်ဖက်မှာတော့… အဒေါ်ကျိက အပြင်ကနေ ဝင်လာပြီး တွန့်ဆုတ်စွာနှင့် ပြောလာသည်။

“သခင်မကြီး၊ သခင် ၃ က အိမ်ကို ပြန်ရောက် လာပါတယ်၊ ပြီးတော့ မိန်းကလေး တစ်ယောက်ကိုလည်း ခေါ်လာခဲ့ပါတယ်…”

အသက်ဝင်နေသည့် ခန်းမက ရုတ်တရက် တိတ်ဆိတ်သွားသည်။

အဘွားအိုက သံက သံမဏိ ဖြစ်မလာနိုင်တာကို မုန်းပြီး လမ်းလျှောက်တုတ်ကို ကိုင်လိုက်သည်။

“မိန်းကလေး တစ်ယောက်ကို ခေါ်လာတယ်၊ သူက လျိုရှောင်မုံ့ကို မြှောက်စားနေရုံနဲ့ မလုံလောက်သေးပဲ နောက်ထပ် မိန်းကလေး တစ်ယောက်ကိုတောင် ခေါ်လာခဲ့သေးတယ်၊ သူ့ကိုခေါ်လာခဲ့ ငါသူ့ကိုသတ်မယ်၊ ဒီအသုံးမကျတဲ့ကောင်”

“အဘွားစိတ်လျှော့ပါ”

နန်းပေါင်ရီက အချိန်မှန်မှာ ထရပ်လိုက်သည်။ သူမက ရှေ့ကို တိုးလိုက်ပြီး အဘွား၏ရင်ဘတ်ကို သက်သာသွားအောင် အနည်းငယ် ပွတ်သပ် ပေးလိုက်ပြီး ပြောသည်။

“အဘွား၊ အဲ့ဒီမိန်းကလေးက ချန်းအိမ်တော်ရဲ့ သမီးအကြီးဆုံး ချန်းယဲ့ရူပါ၊ ဖေဖေ့ကို ဂရုစိုက်ပေးဖို့ စစ်မှန်တဲ့ မိန်းမပျိုတစ်ယောက် လိုအပ်တယ်လို့ ကျောင်းကျောင်း ထင်တယ်၊ ဒေါ်ဒေါ်ချန်းနဲ့သာ အဆင်ပြေမယ်ဆိုရင် ကန့်ကွက်စရာ မရှိပါဘူး”

“ချန်းယဲ့ရူ”

အဘွားအိုက အံ့ဩသွားသည်။

ထိုအချိန်က ချန်းယဲ့ရူက တတိယသားကို လက်ထပ်ချင်ပါတယ်လို့ အတိအလင်း ပြောကြားခဲ့တာကြောင့် ကျင်းကွမ်မြို့တောင်မှ ပွက်လောရိုက် သွားသေးသည်။ ဒါကြောင့် ထိုမိန်းကလေးကို သူမသိသည်။ တတိယသားက လက်ထပ်ပြီးသွားသည့် နောက်ပိုင်း သူမက၏ အကြောင်းကို ထပ်မကြားရတော့ပါချေ။

အခုတော့ဘာကြောင့်…………

သူမက နန်းပေါင်ရီကို သံသယ ဖြစ်စွာနှင့် ကြည့်လိုက်သည်။ ခေါင်းမာသည့် ကောင်မလေးက သူမကို မျက်စိတစ်ဖက် မှိတ်ပြနေသည်။

ဒါတွေ အားလုံးက သူမ၏ အစီအစဉ်တွေ ဆိုတာကို အဘွားအိုက ရုတ်ခြည်း နားလည်သွားသည်။ သူမ၏စိတ်တွေက ရုတ်တရက် အနည်းငယ် ရှုပ်ထွေးလာသည်။

လျိုရှောင်မုံ့က သူမအပေါ် မကောင်းတာကို ကျောင်းကျောင်းက သိပြီး ချန်းယဲ့ရူကို အကောင်းဆုံး ခြေလှမ်းနှင့် ရှေ့ကို တိုးလာဖို့ပြောပြီး သူမ၏အဖေဆီကို တွန်းပို့ခဲ့သည်။

သနားစရာ ကောင်းလိုက်သည့် ကျောင်းကျောင်း၊ နှစ်သစ်ကူးပြီးမှ ဆယ့်သုံးနှစ်ပြည့်မဲ့ ကလေးမလေးက အပြစ်ကင်းစင်ပြီး ပျော်ရွှင်နေသင့်ပေမယ့် တတိယသားက အသုံးမကျတာကြောင့် သူမက ရင့်ကျက်ပြီး လောကကြီးနှင့် လိုက်လျောညီထွေဖြစ်အောင် နေရရှာသည်။ သူမက ကိုယ့်အတွက် မိထွေးကိုတောင် ကိုယ့်ဘာသာ ရှာနေရသည်။

အဘွားအိုက မြေးမလေးကို လက်မောင်းတွေထဲ ပွေ့ဖက်လိုက်ပြီး မျက်တောင်တွေကို ခတ်လိုက်သည်။

“ကျောင်းကျောင်း သမီးအတွက် စိတ်မပူပါနဲ့၊ သမီး မလိုချင်ဘူးဆိုရင် သမီး၏အဖေက ဇနီးတစ်ယောက်ကို လက်ထပ်ဖို့ မလိုဘူး၊ လျိုရှောင်မုံ့ပဲဖြစ်ဖြစ် ချန်းယဲ့ရူပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှ အဘွားက အိမ်တော်ထဲ အဝင်မခံပါဘူး”

နန်းပေါင်ရီက လက်လေးတွေကို မြှောက်ပြီး အဘွားအို၏ မျက်ရည်တွေကို သုတ်ဖယ် ပေးလိုက်သည်။

သူမက ပြုံးပြီး “အဘွားက ဘာတွေ စဉ်းစားနေတာလဲ၊ သမီးက ဖေဖေ့ကို တကယ် ကူညီချင်တာပါ၊ ဖေဖေက သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘူး၊ အဲ့ဒါကြောင့် သူ့ကို ဂရုစိုက်ပေးမဲ့သူ တစ်ယောက်ကို ရှာပေးလိုက်တာပါ၊ ဖေဖေက အဒေါ်လျိုကိုလည်း မထိန်းချုပ်နိုင်ဘူး၊ အဲ့ဒါကြောင့် ဒေါ်ဒေါ်ချန်းက သူ့ကို ထိန်းချုပ်ပေး လိမ့်မယ်၊ အဘွား နှစ်သစ်ကူးတော့မယ်၊ သမီးတို့မိသားစုက သေချာပေါက် ပိုပိုပြီး ပျော်ရွှင်ရတော့မှာပါ”

သူမက အရမ်း တွေးခေါ်တတ်သည်။ ပြီးတော့ သူမ၏စကားတွေက အဓိပ္ပါယ်လည်း ရှိသည်။ အဘွားအိုက ပို၍ စိတ်မကောင်း ဖြစ်သွားရပြီး သူမ၏နှာခေါင်းထိပ်လေးကို ဆွဲညှစ်လိုက်သည်။

“ဒီကောင်မလေးကတော့..”

နန်းပေါင်ရီက ပြုံးရင်း သူမ၏ လက်မောင်းတွေကြားကို တိုးဝင်နေသည်။ သူမ၏ဝတ်စုံဆီက နွေးထွေးသည့် အငွေ့အသက်တွေကို ရှူရှိုက်ရင်း နန်းပေါင်ရီ၏ နှလုံးသားက အလွန် သက်သောင့်သက်သာ ရှိနေသည်။

မျှော်လင့်မထားစွာ အဘွားအိုက ထပ်ပြောလိုက်သည်။

“ကျောင်းကျောင်း၊ သမီးက သူများတွေကို အမြဲတမ်း ဦးမဆောင်နိုင်ဘူး၊ သမီးက အခုမှ ဆယ့်သုံးနှစ်ပဲ ရှိသေးတာ၊ သမီး အိမ်ထောင်ပြုဖို့ကိုပဲ နည်းနည်းပိုပြီး ဂရုစိုက်သင့်တယ်”

“အာ…..”

နန်းပေါင်ရီက ရှုံးနိမ့်သွားသလို ခံစားလိုက်ရသည်။ သူမအဖေ၏ မင်္ဂလာပွဲအကြောင်း ပြောရာကနေ ဘာလို့ သူမကိုပါ အဘွားက ဆွဲထည့်လာတာလဲ။

ဒေါ်လေး ၂ ကလည်း အဘွားနောက်က လိုက်ပြီး ပြောလာသည်။

“ကျောင်းကျောင်းရဲ့ လက်ထပ်ပွဲအတွက် ကျွန်မ စဉ်းစားပြီးပြီ၊ အဲ့ဒါက နောက်နှစ်အတွက် ကျွန်မတို့အိမ်ရဲ့ ပထမဦးစားပေး ကိစ္စပဲ၊ အချိန်နည်းနည်းလေးတောင် နောက်ကျလို့ မဖြစ်ဘူး၊ ကျောင်းကျောင်း၊ ဘယ်လို လူငယ်မျိုးကို သမီးသဘောကျလဲ၊ ဒေါ်လေးတို့က ရှာလာပေးမယ်”

“ဟုတ်တယ်၊ ကျောင်းကျောင်း၊ နှစ်သစ်ကူးမှာ မြန်မြန် တစ်ယောက်ယောက်ကို ရှာတွေ့မှဖြစ်မယ်၊ ကြည့်စမ်း၊ အားလုံးက လောနေကြတယ်”

နန်းပေါင်ရုံကလည်း ပါဝင်လာသည်။

နန်းပေါင်ရီ ငိုချင်လာသည်။ တကယ်ဆို သူမက အိမ်မှာ အငယ်ဆုံးဖြစ်ပြီး ဘာလို့အဲ့လိုမျိုး မင်္ဂလာဆောင် အတွက် လောဖို့လိုနေတာလဲ။ ဘာလို့ အကြီးတွေဖြစ်သည့် ကိုကိုကြီးနှင့် ကျူးကျူးကိုကျ မတိုက်တွန်းကြဘဲ သူမကိုပဲ တိုက်တွန်း နေကြတာလဲ။

သူမက စိတ်ဓါတ် ကျနေတုန်းမှာပဲ နန်းကွမ်က ချန်းယဲ့ရူကိုခေါ်ပြီး ခန်းမထဲကို အပြုံးနှင့် ဝင်လာခဲ့သည်။ သူမ တကယ်ကိုကျေးဇူးတင် သွားမိသည်။

ချန်းယဲ့ရူက ပြုံးရင်း သူမယူလာသည့် လက်ဆောင်ကို ကမ်းပေးလိုက်သည်။

“နန်းအိမ်တော်က ရွှေငွေတွေ မလိုဘူးဆိုတာကို သိလို့ ကျွန်မက နှစ်တစ်ထောင် ဂျင်ဆင်းမြစ်ကို လက်ဆောင်ပေးဖို့ ဝယ်လာခဲ့ပါတယ်၊ သခင်မကြီးက ကျန်းကျန်းမာမာနှင့် အသက်ရှည်ရှည်နေရဖို့ ကျွန်မ မျှော်လင့်ပါတယ်”

နှစ်တစ်ထောင် ဂျင်ဆင်းမြစ်က အလွန် အဖိုးတန်သည့် လက်ဆောင်ဖြစ်သည်။

အဘွားအိုက သူမကို သေချာကြည့်လိုက်သည်။ ချန်းယဲ့ရူက သူမ၏ သားအတွက်နှင့် ၁၅ နှစ်ကြာသည့် တိုင်အောင် အိမ်ထောင် မပြုသေးချေ။ သူမ၏နှလုံးသားက တကယ်ကို စစ်မှန်လှသည်။

မျက်ခုံးတွေက ထင်းနေပြီး လူတွေကိုလည်း ကြင်နာစွာ ဆက်ဆံတတ်သည်။ သူမမှာ ကောင်းမွန်သည့် စိတ်နေသဘောထား ရှိသည်။

ဒီလို မိန်းကလေးမျိုးက အိမ်တော်ထဲ ရောက်လာသည့်အခါ သူမ၏ ကျောင်းကျောင်းကို ရက်စက် ကြမ်းတမ်းစွာ ဆက်ဆံမည် မဟုတ်ပေ။ သူမ၏လက်မောင်းတွေ ကြားထဲက မြေးမလေးကို ငုံ့ကြည့်လိုက်သည်။

နန်းပေါင်ရီ၏ မျက်လုံးတွေက တောက်ပနေပြီး သူမကိုကြည့်၍ ခေါင်းကို တဆတ်ဆတ် ညိတ်ပြနေသည်။

အဘွားအိုကပြုံးလိုက်ပြီး “ထိုင်လေ၊ ကိုယ့်ကိုယ်ကိုယ် အပြင်လူလို့ သဘောမထားနဲ့”

ချန်းယဲ့ရူ၏ နှလုံးသားက လှုပ်ရှားသွားရသည်။ သူမက လိမ္မာပါးနပ်သည့် မိန်းမပျို တစ်ယောက်မို့ အဘွားအို၏စကားအဓိပ္ပါယ်ကို မသိစရာ မရှိပါချေ။

သူမကပြုံးရင်း ထိုင်လိုက်ပြီး လက်ကောက်ဝတ်က နဂါးသွဲ့ကျောက် လက်ကောက်ကို ချွတ်လိုက်သည်။

သူမက နွေးထွေးစွာဖြင့် “ပထမဆုံးအကြိမ် အိမ်တော်ကို လာခဲ့တာဆိုတော့ ကျောင်းကျောင်းအတွက် အဖိုးတန်တဲ့ လက်ဆောင် မပါလာခဲ့ဘူး၊ သဘောကျတယ်ဆိုရင် ဒီလက်ကောက်လေးကို ယူပါလား”

နန်းမိသားစုက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ အိမ်တော် တစ်ခုလုံးက မိသားစုတွေက ပစ္စည်းကောင်းကို သိကြသည်။ နဂါးသွဲ့ ကျောက်လက်ကောက်က လှပသည့် အရောင်အဆင်း ရှိပြီး အပြစ်အနာအဆာ ကင်းသည်။ အချိန်အကြာကြီး ဝတ်ဆင်ထားရင် ပိုပြီးအရှိန်အဝါ တောက်ပလာ တတ်သည်။ ထိုအရာက သေတ္တာ၏ အောက်ဆုံးက အကောင်းဆုံး ပစ္စည်းပင်။

ကျောင်းကျောင်းကို ဒီလိုပွဲမျိုးမှာ ထိုလက်ကောက်ကို လက်ဆောင် ပေးတာက တကယ် သင့်တော်သည်။

နန်းပေါင်ရီက အပြုံးနှင့် လှမ်းယူလိုက်ပြီး သာယာသည့် အသံနှင့် ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်၊ ဒေါ်ဒေါ်ချန်း”

ချန်းယဲ့ရူက လွတ်မြောက်သွားဟန်နှင့် တိတ်တဆိတ် သက်ပြင်း ချလိုက်သည်။

နန်းပေါင်ရီက နန်းမိသားစု၏ စိတ်ထဲမှာ အလွန် အရေးကြီးတယ် ဆိုတာကို သူမနားလည်သည်။ သူမ ဒီလိုပွဲမျိုးမှာ နဂါးသွဲ့ ကျောက်လက်ကောက်ကို ချွတ်ပေးလိုက်သည့် အခါ လူတွေအားလုံးက သူမကို စောင့်ကြည့် အကဲဖြတ် နေကြသည်။ မိသားစု ညစာစားပွဲက အရမ်း မကြီးကျယ်ပေမယ့် သူမက ချက်ချင်း ချွတ်ပေးလိုက်တာကြောင့် အားလုံး၏အမြင်မှာ သူမကို အကောင်းမြင် သွားကြမည်ဖြစ်သည်။

ချန်းယဲ့ရူက ဖိအား အများကြီးကို သည်းခံနေရပြီး ဒီလို အတွေ့အကြုံမျိုးကို နောက်ထပ်တစ်ခါ မကြုံချင်တော့ပါချေ။

အဘွားအိုက ပြုံးရင်း အမိန့်ပေး လိုက်သည်။

“မိသားစုတွေ အားလုံးစုံပြီ ဆိုတော့ ညစာစားပွဲကို စလိုက်ကြရအောင်”

ထိုအချိန်မှာ လျိုရှောင်မုံ့နှင့် နန်းယန်က ဝင်လာသည်။ လျိုရှောင်မုံ့က အနီရောင် ဝတ်စုံကို လျော့တိလျော့ရဲ ဝတ်ဆင်ထားသည်။ သူမ၏ ခြောက်လခန့် ရှိပြီဖြစ်သည့် ကိုယ်ဝန်ကိုကိုင်ရင်း ပြုံးလိုက်သည်။

“သခင်မကြီး၊ ဒီကိုယ်လုပ်တော်က ဂါရဝပြုပါတယ်”

ပန်းပွင့်ခန်းမ၏ လေထု၏အခြေအနေက ရုတ်ခြည်း ထူးဆန်းသွားသည်။

အချိန်အနည်းငယ် ကြာပြီးမှ အဘွားအိုက မျက်မှောင်ကြုတ် လိုက်ပြီး “ဘာလာလုပ်ကြတာလဲ”

လျိုရှောင်မုံ့က အံ့အားသင့် သွားသည်။ ဆုန်းဟယ့်ခြံက အစေခံ တစ်ယောက်က သူမတို့ကို သခင်မကြီးက နှစ်သစ်ကူးအကြို ညစာစားပွဲတက်ဖို့ ဖိတ်ခေါ်လိုက်တယ် ဆိုပြီး လာပြောသည့်အတွက် လာခဲ့ခြင်းဖြစ်သည်။ ဘာလို့သူမက စိတ်ဆိုးမာန်ဆိုး ဖြစ်နေရတာလဲ။

သူမက အသိမဝင်သေးခင်မှာ နန်းယန်ကတော့ ချက်ချင်း နားလည်လိုက်သည်။

နန်းယန်က သခင်မကြီး သူမတို့ကို ဖိတ်ခေါ် မထားမှာကို စိုးရိမ်ခဲ့ပေမယ့် နန်းပေါင်ရီက ပြဿနာ ရှာလိုက်ချေပြီ။ သူမက မျက်မှောင်ကြုတ်ပြီး နန်းပေါင်ရီကို ကြည့်လိုက်သည်။ ထိုကောင်မလေးက သခင်မကြီး၏ လက်မောင်းတွေ ကြားထဲမှာ ကွေးနေပြီး ဆွဲဆောင်အား ပြင်းစွာ မျက်စိ မှိတ်ပြနေသည်။

နန်းပေါင်ရီက သူမတို့ကို ဘာလို့ ဒီနေရာကို ခေါ်လိုက်တာလဲ ဆိုတာကို သူမ အကြိမ်ထောင်ပေါင်းမက စဉ်းစားခဲ့သည်။

ထိုစဉ်မှာပဲ သူမအမေ၏ အော်သံကို ကြားလိုက်ရသည်။

“နန်းကွမ်၊ ဒါဘယ်သူလဲ”
***

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset