NBY အပိုင်း ၁၄၇

အပိုင်း (၁၄၇)
ဘာကြောင့်လဲဆိုတော့ မင်းမှာ ဈေးပေါတဲ့ လက်တွေရှိနေလို့လေ

စာရွက်က အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရတာကြောင့် တချို့အပိုင်းတွေက ပျောက်ကုန်သည်။ သူမ စကားလုံး ခုနစ်လုံးကိုသာ ရှာနိုင်ခဲ့သည်။

‘လိုချင်၊ နှလုံးသား၊ ငါ၊ သိမ်းပိုက်၊ မင်း၊ ရဲ့၊ အတွေး’

နန်းပေါင်ရီက အံ့အားသင့်စွာနှင့် “မင်းက ငါ့နှလုံးသားရဲ့ ……သိမ်းပိုက်….”

နန်းပေါင်ရီက အမတ်မင်း၏ နှလုံးသားကို မသိမ်းပိုက်ချင်ပေ။ သူမက သူ၏နှလုံးသားကို သိမ်းပိုက်ထားတယ်လို့ ထင်တာကြောင့် သူက သူမကို လျစ်လျှူရှုခဲ့တာလား။

အရမ်း အတ္တကြီးတာပဲ….

ပြီးတော့ ထပ်ပြီး သူမက သူ၏နှလုံးသားကို ဘာကြောင့် သိမ်းပိုက်ရမှာလဲ သူမက သူ၏အချစ်ဆုံး ညီမလေး မဟုတ်ဘူးလား။

ဟန်ယန့်လျန်က ပန်းထိုးနေတာကို ချလိုက်ပြီး မြှောက်ပင့်လိုက်သည်။

သူမက စာရွက်အပိုင်းတွေကို ကြည့်ရင်း “အဓိပ္ပါယ်ကိုသိပြီလား”

“အင်း….”

နန်းပေါင်ရီက တစ်ဝက်တပျက် သိစိတ်နှင့် တုံ့ပြန်လိုက်ပြီး တစ်ခုခုကို စဉ်းစားမိသွားသည့်အခါ စာရွက်တွေကို ရှုပ်ပွသွားအောင် ရောနှောပစ်လိုက်သည်။ သူမက မူမမှန်တော့ဘဲ မျက်နှာကို တစ်ဖက်သို့ လှည့်လိုက်ပြီး စာရွက်စတွေကို ပန်းထိုးအိတ်ထဲသို့ ထိုးသိပ်ထည့်လိုက်သည်။

ဟန်ယန့်လျန်က အဓိပ္ပါယ်ရှိရှိ ပြုံးလိုက်သည်။

“ငါမင်းရဲ့ နှလုံးသားကို သိမ်းပိုက်ချင်တယ်”

အဲ့ဒါက ချစ်စကားပြောသည့် ချစ်သဝဏ်လွှာ မဟုတ်လို့ ဘာလဲ။ ရှက်သွားသည့်ပုံ ထောက်ရင် သူမလေးက တကယ်ကို ငယ်ရွယ်သေးပြီး ပျာယာခတ်နေတာ သိသာလှသည်။

နန်းပေါင်ရီက သူမကို ပြန်ဖြေရမှာ ပျင်းရိနေပြီး တည်တည်ငြိမ်ငြိမ်ဖြင့် “ငါ့ဝေစုကို ယူပြီးပြီဆိုတော့ ညစာစားဖို့ မနှောင့်ယှက်တော့ဘူး၊ နှစ်ကုန်ကျရင် နောက်စာအုပ် တစ်အုပ်ရေးဖို့ အချိန်ရတယ်၊ အဲ့ဒါကြောင့် ရှေ့ကစာအုပ်ရဲ့ သင်ခန်းစာကို ယူပြီး ပိုပြီး ဧည့်သည်တွေကို ဆွဲဆောင်နိုင်ဖို့ ပြင်ဆင်ရမယ်၊ နင်လည်း ဝေစုများများ ရတာပေါ့”

“သိပါပြီ”

နန်းပေါင်ရီက ပြန်ဖို့ ထလိုက်ချိန်မှာ တစ်ခုခုကို တွေးမိပြီး မျက်ခုံးပင့်လိုက်သည်။ နှစ်ကုန်မှာ နန်းယန်ကို လက်ဆောင်တစ်ခု ပေးရဦးမည်လေ။

သူမက ဟန်ယန့်လျန် ဘက်ကိုလှည့်လိုက်ပြီး “ယွဲ့လိုင်မြို့ကို တစ်ယောက်ယောက်ကို လွှတ်ပြီး လျိုဆိုတဲ့ မျိုးရိုးနဲ့ လူကိုရှာ၊ ပြီးတော့ လျိုရှောင်မုံ့က နန်းအိမ်တော်၏ တတိယသခင်မ ဖြစ်သွားပြီမို့ မင်္ဂလာသေရည် သောက်ဖို့ ဖိတ်လိုက်တယ်လို့ သွားပြောခိုင်းလိုက်ပါ”

ဟန်ယန့်လျန်က ခေါင်းညိတ်လိုက်သည်။ လျှိုရှောင်မုံ့က သူ့ဘဝကို သူမဆီ ရောင်းစားခဲ့တာ ဖြစ်သည်။ ထို့ကြောင့် သူမက လျှိုရှောင်မုံ့၏ နောက်ကြောင်းကို သိသည်မှာမဆန်း။

သူ့မှာ ဆင်းရဲသည့် မိသားစုရှိပြီး အစ်ကိုတစ်ယောက်ရှိသည်။ ထိုအစ်ကိုမှာ သားတစ်ယောက်နှင့် သမီးတစ်ယောက် ရှိတယ်လို့ သူမသိထားသည်။ မိသားစုအားလုံး၏ သဘောသဘာဝက လောဘကြီးကြသည်။ လျှိုရှောင်မုံ့က နန်းအိမ်တော်၏ သခင်မ ဖြစ်သွားပြီဆိုသည့် သတင်းကိုသာ သူတို့ကြားရင် …….

ထိုအမေနှင့် သမီးအတွက် နှစ်သစ်ကူးကောင်းတစ်ခု မဖြစ်နိုင်တော့မှာ မြေကြီးလက်ခတ် မလွဲပင်။

သူမက တက်ကြွစွာနှင့် နန်းပေါင်ရီကို ကလူလိုက်သည်။

“ကျွန်မ ခရီးတိုလေး ထွက်ပေးပါ့မယ်၊ နန်းသူဌေးမလေး စိတ်ချလက်ချနဲ့ ပြန်ပြီး အနားယူနိုင်ပါပြီ”

နန်းပေါင်ရီက သိမ်မွေ့စွာ အပြင်ကို ထွက်သွားတော့သည်။

အရင်ဘဝက လျှိုရှောင်မုံ့ လက်ထက်ပြီးနောက် သူမ၏ မိသားစုတွေက အစားအသောက်နှင့် ငွေကြေးအတွက် အိမ်တော်ကို ဝင်ထွက်ကြသည်။ သူတို့က ဖူရုံလမ်းမှာ ရှုပိုးထည်ဆိုင်ကို ကိုယ်ပိုင် ဖွင့်နိုင်ခဲ့ပြီး ကျင်းကွမ်မြို့က ချမ်းသာသည့် ကုန်သည်တွေ ဖြစ်လာကြသည်။

သူမက နန်းယန်၏ နောက်ကိုလိုက်ပြီး တုံးအစွာနှင့် ဦးလေးတွေ အစ်ကိုတွေလို့ သတ်မှတ် ခေါ်ဝေါ်ခဲ့သည်။ သနားချင်စဖွယ် ကောင်းတယ်ဆိုပြီး တုံးအစွာနှင့် ကျွေးမွေးခဲ့သေးသည်။ သို့သော်လည်း နန်းအိမ်တော် ပြိုလဲသွားသည့်အခါ ကိုကိုကြီးက ထိုသူတို့ဆီက ငွေကြေး အနည်းငယ် ချေးငှားသည့်အခါ သူတို့က ငြင်းဆန်ရုံ မကဘဲ လမ်းမပေါ်မှာ လှောင်ပြောင် ပြက်ရယ်ပြုကြသည်။

သူမ၏ကိုကိုကြီးက အရမ်းကို ဂုဏ်ယူစရာ ကောင်းသည့် ယောက်ျားတစ်ယောက် ဖြစ်သည်။ ဘာကြောင့် အဲ့ဒီလိုမျိုး အရှက်ရ ရမှာလဲ။

နန်းပေါင်ရီက နွေဦးကျောက်စိမ်းစံအိမ်မှ လမ်းလျှောက် ထွက်လာခဲ့သည်။ သူမက တံစက်မြိတ် အောက်မှာ ရပ်နေပြီး ဟယ်ယဲ့က အပေါ်ထပ်ဝတ်ရုံကို ချည်ပေးနေသည်။ သူမကနှုတ်ခမ်းကို တွန့်ကွေးရင်း သရော်ပြုံး ပြုံးလိုက်သည်။

လျှိုအိမ်က သားအမိနှစ်ယောက်၏ ဇာတိမြေက ငှက်သိုက်တွေ ရောက်လာသည့်အခါ ဖြစ်သွားမဲ့ပုံစံကို ကြည့်ရဖို့ သူမ မစောင့်နိုင်တော့ပါချေ။

တိုက်ဆိုင်စွာပဲ ချန်းတယ်ယွီနှင့် နန်းယန်ကလည်း‌ နွေဦးကျောက်စိမ်း စံအိမ်က ထွက်လာကြသည်။

နှင်းငွေ့ပါးပါးလေးက ကောင်းကင်က ဖြာကျနေသည်။

ချန်းတယ်ယွီက နူးညံ့သိမ်မွေ့ပြီး တောက်ပသည့် အလှတရားနှင့် ကောင်မလေးကို တွေ့လိုက်သည်။ သူမ၏ မျက်လုံးတွေက တောက်ပနေပြီး နူးညံ့သည့် မျက်နှာလေးက စူးရဲနေသည်။

သူမ၏ အပြုံးက သေချာကြည့်ရင် ဆိုးသွမ်းသည့် အပြုံးဖြစ်ပေမယ့် သူမပြုံးလိုက်သည့် အခါမှာတော့ အရမ်းချစ်စရာ ကောင်းပြီး ကလေးဆိုးလေးဟန် ပေါ်နေသည်။

သူမက အရမ်းတော်သည့် မိန်းကလေးတစ်ယောက် မဟုတ်ပေမယ့် သူမ၏ ခေါင်းမာတတ်ပြီး သူတစ်ပါး၏ လွှမ်းမိုးချုပ်ကိုင်တာကို မခံလိုသည့် စိတ်ဓါတ်က ပြောမပြတတ်အောင် ဆွဲဆောင်မှု ရှိနေသည်။

“….ပြီးတော့ ပထမလမှာ ယန်အာက အစ်ကို့အိမ်ကို နှစ်သစ်ဂါရဝပြုဖို့ လာခဲ့မယ်နော်”

နန်းယန်က ရှက်ရွံ့နေသည့် မျက်လုံးတွေနှင့် ချိုမြိန်သည့် အပြုံးလေးပြုံးရင်း ခေါင်းကို ငုံ့လိုက်သည်။ သူမပြောလို့ပြီးသည့် အချိန်မှာတောင် ချန်းတယ်ယွီက အချိန်အတန်ကြာ စကားပြန်မလာခဲ့ပေ။

သူမက အံ့အားသင့်သွားပြီး မျက်လုံးပြူးကျယ် သွားမိသည်။ ချန်းတယ်ယွီ၏ မျက်လုံးအကြည့် လားရာကို ကြည့်လိုက်သည့်အခါ နန်းပေါင်ရီကို တွေ့လိုက်ရသည်။

သူမက လှပပြီး တောက်ပ လင်းလက်နေသည့် အရောင်အဝါရှိသည်။ ထက်မြက်ပြီး နန်းဆန်ဆန် ချောမော တင့်တယ်နေသည်။ သူမကို မိသားစု တစ်ခုလုံးက ဖူးဖူးမှုတ် အလိုလိုက် ချစ်ခင်ကြဟန်၏ ပြယုဂ်တစ်ခုပင်။

ချန်းတယ်ယွီ၏ စိတ်ကို အနည်းငယ် သိမြင်သွားပြီး နန်းယန်က လက်တွေကို ဝတ်ရုံလက်ထဲမှာ အချင်းချင်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။

သူမ၏မျက်နှာပေါ်က အပြုံးတွေက သွေဖယ်မသွားဘဲ “ကျောင်းကျောင်းလည်း ဒီကိုပွဲ လာကြည့်လိမ့်မယ်လို့ မထင်ထားဘူး… အစ်ကိုချန်း သွားနှုတ်ဆက်ဦးမလား”

ချန်းတယ်ယွီက သူ၏အကြည့်ကို ရုပ်သိမ်းလိုက်သည်။ နှင်းစက်တွေက တောက်ပနေပေမယ့် သူ၏မျက်နှာကတော့ အကျည်းတန်နေသည်။ သူလို ထင်ပေါ်ကျော်ကြားသည့် ပညာတတ်သခင်လေး တစ်ယောက်က နန်းပေါင်ရီ၏ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ခဲ့ဘူး ဆိုတာက မယုံကြည်နိုင်စရာပင်။

သူက နန်းယန်ကို တစ်ချက် ကြည့်လိုက်သည်။ နန်းယန်က ချောမောလှပပေမယ့် လှပမှုက ….. Xiaojiabiyu သူမ၏ အပြုအမူတွေအပေါ်ကို အာရုံအပြည့်စိုက်ပြီး သူမ၏ တောက်ပခြင်းတွေက အပြင်ကို ထွက်မလာနိုင်ပေ။

သူက အမှုမထားဘဲ တည်ငြိမ်ဟန်နှင့် “နန်းပေါင်ရီက မင်းထက်ငယ်တယ်၊ သူက ငါတို့ကိုတွေ့သည့်အခါ စပြီး ဂါရဝပြုရမှာ”

“အစ်ကိုချန်းပြောသည့် အတိုင်းပါပဲ…”

နန်းယန်က တခစ်ခစ်ရယ်ရင်း နန်းပေါင်ရီက သူတို့ကို လာနှုတ်ဆက်မှာကို စောင့်နေလိုက်သည်။ နှစ်ယောက်သားက တံစက်မြိတ်အောက်မှာ စောင့်နေကြသည်။

နန်းပေါင်ရီက ဝတ်ရုံကို ဝတ်ပြီးသည့်အခါ နွေဦးကျောက်စိမ်း စံအိမ်ကနေ အနွေးဓါတ်ပေးသည့် လက်ကိုင်မီးဖိုလေးကို ကိုင်ရင်း ထွက်ခွာသွားတော့သည်။

ဟယ်ယဲ့က အသံတိုးတိုးဖြင့် သတိပေးလာသည်။

“မမလေး၊ ချန်းသခင်လေးနဲ့ နန်းယန်က မမလေးကို ဟိုနားကနေ ကြည့်နေကြတယ်၊ သူတို့က မမလေးကို စောင့်နေကြတာလား မသိဘူး”

“စောင့်ခိုင်းထားလိုက်”

နန်းပေါင်ရီက လုံးဝ ဂရုမစိုက်ပါချေ။ သူမ၏ဝတ်စုံ လက်အိတ်ထဲမှာ ရွှေစငါးရာရှိနေပြီး ဖိနပ်အောက်ခံထဲမှာ အမတ်မင်းပေးသည့် ရွှေစတစ်သောင်းတန် ငွေစုလက်မှတ်တွေ ရှိနေသည်။ သူမကိုယ်သူမ ချမ်းသာကြွယ်ဝပြီး ကျားတစ်ကောင်လို မာန်အပြည့်နှင့် လမ်းလျှောက်နေသလို ခံစားနေရသည်။

ဟယ်ယဲ့က တိတ်တဆိတ် နောက်လှည့်ကြည့် လိုက်သည်။ မမလေးက သူ့ကိုသွားရောက် နှုတ်ဆက်ခြင်း မပြုတာကြောင့် ချန်းတယ်ယွီ၏မျက်နှာက တဖြည်းဖြည်း ပိုပြီး အကျည်းတန်လာသည်။ သူမက အနည်းငယ် စိတ်ပူနေပေမယ့် မမလေး၏ ပြောင်ပြောင်တင်းတင်း ဖီဆန်သည့်ပုံစံက အရမ်းကို ကြည့်ကောင်းလှသည်။ သူမကိုယ်တိုင်ကတော့ ထိုကဲ့သို့ ကြည့်မကောင်းသည့် အတွက် အနည်းငယ် မချင့်မရဲဖြစ်မိသည်။

အပြာရောင် ကျောက်ခင်းလမ်းက စံအိမ်၏ အဝင်တံခါးပေါက်ဆီကို ဦးတည်ထားသည်။ အစေခံက နှင်းတွေကို အချိန်အတန်ကြာ မရှင်းလင်း ထားတာကြောင့် နှင်းတွေက ခဲနေကြသည်။ ကောင်မလေးက ခြေထောက် ချလိုက်သည့်အခါ ‘အိုး’ လို့အော်ပြီး ကြယ်တွေလတွေ မြင်သွားတော့သည်။

“မမလေး!”

ဟယ်ယဲ့က အာမေဋိတ် ပြုလိုက်သည်။

အလှမ်းမဝေးတာကြောင့် ချန်းတယ်ယွီက အနည်းငယ် အာရုံစိုက်မိနေသည်။ သူမ မိဘတွေက သွန်သင်မှု မရှိသလိုမျိုး ပုံမှန်အတိုင်း နန်းပေါင်ရီက သူတို့ကို နှုတ်မဆက်ဘဲ ဒီတိုင်းထွက်သွားခဲ့သည်။ သူမက သူ့ကို မသိသလို လုပ်သွားတာကို ဒေါသထွက်နေဆဲပေမယ့် ဒီကောင်မလေး ယခုလိုမျိုး ချော်လဲသွားလိမ့်မည်ဟု ထင်မထားခဲ့ချေ။

သူက ရှေ့ကို မသိစိတ်တဝက်ဖြင့် တိုးသွားလိုက်သည်။

“နန်းပေါင်ရီ”

နန်းယန်က သူ၏နောက်ကျောကို ကြည့်ရင်း နှုတ်ခမ်းက သွေးအနည်းငယ် စို့လာသည်။ ချန်းတယ်ယွီ… ရှင်က နန်းပေါင်ရီကို ဂရုစိုက်တယ်လား အဲ့ဒါဆို ဘယ်လိုတွေ ဖြစ်သွားမှာလဲ၊ သူမ၏ ခန့်မှန်းချက်အရ ချန်းတယ်ယွီက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြင်းထန်ပြီး လိမ္မာပါးနပ်သည့် မိန်းကလေးကို သဘောကျသည်။ နန်းပေါင်ရီလို မိန်းကလေးမျိုးက သူကြိုက်သည့်ပုံစံ လုံးဝမဟုတ်ပေ။

သို့သော်လည်း အခု ချန်းတယ်ယွီ၏ ပုံစံက…

ချန်းတယ်ယွီက နန်းပေါင်ရီ၏ ရှေ့ကိုလျှောက်သွားသည်။ သူက သူမ၏ရှေ့ကို ဒူးတစ်ဖက် နှိမ့်ရင်း ထိုင်လိုက်ပြီး လေးနက်သည့် အသံနှင့် ပြောသည်။

“ချော်လဲသွားတာ ပြင်းလား ငါမင်းရဲ့ အိမ်ကို လိုက်ပို့ပေးရမလား”

နန်းပေါင်ရီက နာနေသည့် ဒူးခေါင်းကိုကိုင်ရင်း ဘာမှပြန်မဖြေပါချေ။ သူမက လူငယ်ကို ရှုပ်ထွေးနေဟန် စိုက်ကြည့်လိုက်သည်။

နှစ်ဘဝ စာလုံးပေါင်းတောင်မှ ဒါဟာ ချန်းတယ်ယွီ သူမကိုပြောသည့် ပထမဆုံး လူသားဆန်သည့်စကား ဖြစ်သည်။

ဒီယောကျ်ားက ဈေးပေါလွန်းပြီး သူ့ကိုပိုပြီး ဂရုမစိုက်လေ သူကပိုပြီး စိတ်လှုပ်ရှားလေ ဖြစ်ရမည်။ သူ၏ အမူအရာက အတော်လေး သိမ်မွေ့နေသည်။

သူမရှက်နေသည်ဟု ချန်းတယ်ယွီက တစ်ထစ်ချ တွေးလိုက်ပြီး အောက်ပိုင်း ဝတ်စုံအစွန်းကို မတင်လိုက်သည်။

“လဲကျတာ ပြင်းလားဆိုတာ ငါကြည့်ကြည့်မယ်၊ ထိခိုက်သွားတယ်ဆိုရင် သမားတော်ဆီ တစ်ခါတည်း သွားတာ ပိုကောင်းမယ်….”

သူ၏လက်ချောင်းတွေက သူမ၏ဝတ်စုံအစွန်းကို မကိုင်ရသေးခင် သူ၏လက်က ထုံကျင်သွားတော့သည်။ ငွေအပ် တစ်ချောင်းက သူ့လက်ဖမိုးကို လာစိုက်ပြီး တစ်စုံတစ်ယောက်က မြေပြင်ပေါ်သို့ ဆင်းလာသည်။ လူငယ်က လျှို့ဝှက်ဆန်းကြယ်သည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး မှင်ရောင်လို နက်မှောင်နေသည့် ခါးပတ်ကို ပတ်ထားသည်။ အပြာရောင် ကျောက်ခင်းလမ်းမှာ ရပ်နေရင်း ပျင်းရိဟန်နှင့် ငွေအပ်တချို့ကို လက်မှာလှည့်ပြီး ကစားနေသည်။

“ရှောင်းယီ!”

ချန်းတယ်ယွီက သုန်မှုန်နေလျက် အော်လိုက်သည်။

“မင်းဘာလို့ ငါ့ကိုတိုက်ခိုက်တာလဲ”

ရှောင်းယီက ပြုံးနေပေမယ့် ပြုံးနေတယ်လို့ မခံစားရပေ။

“ဘာကြောင့်လဲဆိုတော့ မင်းမှာ ဈေးပေါတဲ့ လက်တွေရှိနေလို့လေ”
***

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset