NBY အပိုင်း ၁၂၇

အပိုင်း (၁၂၇)

ရှောင်းရီရဲ့အရည်အချင်းကို သူမယုံဘူး
တခြားသူတွေက ဘာမှပြောမလာကြပေမယ့် အားလုံးရဲ့စိတ်ထဲမှာတော့ ထိုစကားကို လက်ခံနေ ကြသည်။

တောင်ပိုင်းစံအိမ်က မမလေး ၅ ရဲ့ ကဗျာဟာ ကမ္ဘာပေါ်မှာ တွေ့ရခဲတဲ့ ရှားပါးတဲ့ ကဗျာတစ်ပုဒ်ဖြစ်ပြီး သမိုင်းတွင်ဖို့ လုံလောက်သည်။ သူတို့ရေးစပ်ခဲ့တဲ့ကဗျာတွေကိုတောင် ရွတ်ဆိုပြဖို့ ရှက်သည်အထိ ခံစားလိုက်ကြရသည်။

သို့သော် ချန်းတယ်ယွီကတော့ သူ့ရဲ့ကဗျာကို ရွတ်ဆိုပြဖို့ အကြောင်းဖန်လာခဲ့သည်။ ဂန္တဝင်တွင် လောက်တဲ့ ကဗျာတစ်ပုဒ်ကိုကြားပြီးတဲ့နောက်မှာ သူ့ရဲကဗျာကို တခြားသူတွေက ကောင်းတယ်လို့ ချီးကျူးဖို့ဆိုတာက တကယ်ကို ခက်ခဲသွားပြီဖြစ်သည်။

ချန်းတယ်ယွီရဲ့ မျက်နှာက အေးခဲနေသည်။ လက်တွေကို သူ့ရဲ့ကျယ်ပြန့်တဲ့ဝတ်ရုံလက်ထဲမှာ တင်းတင်းဆုပ်ထားပြီး နန်းပေါင်ရီကို ခံပြင်းနာကျည်းစွာကြည့်နေသည်။
ဒီမိန်းမက ကျော်ကြားပြီးရင်း ကျော်ကြားရင်းပင်။ မိန်းမတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ နားလည်မှုနဲ့ သိမ်မွေ့မှုတွေ မရှိဘဲ အမြင့်နဲ့အနိမ့်ကို ခုန်ပျံချင်နေသည်။ သူ့မှာ ဘာလို့ ဒီလို မူမမှန်တဲ့ သတို့သမီးလောင်းမျိုး ရှိနေရတာလဲ?

စင်မြင့်ပေါ်အတင်းတွန်းတင်ခံလိုက်ရသလို အခြေအနေမှာ နန်းယန်ရဲ့ ဆွဲဆောင်မှုရှိတဲ့ အသံက ထွက်ပေါ်လာသည်။

“ကဗျာဆိုတာက အလွယ်တကူ လွှမ်းမိုးခံရနိုင်တယ်၊ ဒီလို တွန်းအားပေးခံနေရတယ်ဆိုရင် အဲ့ဒီစိတ်ရဲ့ဖိအားအောက်မှာ ဘယ်သူကမှ ကဗျာကောင်းကောင်းစပ်နိုင်မှာမဟုတ်ဘူး၊ ဒါပေမယ့် ကျွန်မက ချန်းသခင်လေးရဲ့ လေးအတတ်ကျွမ်းကျင်မှု အကြောင်းကြားဖူးတယ်၊ သူ့ရဲ့ ကျွမ်းကျင်မှုက တကယ်ကိုထိပ်တန်းပဲ၊ တကယ်လို့ အဆင်ပြေမယ်ဆိုရင် ဒီနေ့ သခင်လေးရဲ့ လေးအတတ် ကျွမ်းကျင်မှုကို ကျွန်မတို့ ကြည့်ကြရအောင်လား”
ချန်းတယ်ယွီက ပညာသင်ဆုရကျောင်းသားတစ်ယောက်ဖြစ်ပြီးသူဘာလုပ်သင့်လဲဆိုတာကို သူသိသည်။ ရှုနိုင်ငံမှာ သူ့ရဲ့လေးအတတ်ပညာက လူငယ်တွေကြား ရေပန်းစားကျော်ကြားသည်။

တခြားသူတွေကလည်း ပြီးပြည့်စုံလှတဲ့သခင်လေးကို အပြစ်ပြုမိမှာ စိုးရိမ်ပြီး သံယောင်လိုက်ကြ တော့သည်။
“လွန်ခဲ့တဲ့ငါးနှစ်က ဟွားချောင်ပွဲတော်မှာ အခွင့်သင့်လို့ သခင်လေးရဲ့ မြှားပစ်စွမ်းရည်ကို ကြည့်ခွင့်ရခဲ့တယ်၊ နန်းယန်မိန်းကလေးရဲ့ အကြံကောင်းတယ်၊ ကျွန်တော်တို့လည်း သခင်လေးရဲ့ မြှားပစ်စွမ်းရည်ကို ကြည့်လို့ရတာပေါ့”

“ကျွန်တော်လည်းကြည့်ချင်တယ်၊ ချန်းသခင်လေးရဲ့ အရည်အချင်းက ပြိုင်စံရှားပဲ၊ ခြေလှမ်းတစ်ရာ အတွင်း ပျံနေတဲ့ငှက်ကိုတောင်မှ ထိအောင်ပစ်နိုင်တယ်လို့ ပြောကြတယ်”

ဝိုင်းဝန်းချီးကျူးကြတဲ့ စကားသံတွေကြားမှာ ချန်းတယ်ယွီက နန်းယန်ကို ကြည့်လိုက်သည်။
မိန်းကလေးက ဆွဲဆောင်မှုရှိပြီး မျက်ဝန်းမှာ နှင်းစက်လေးတွေတွဲခိုနေသလိုပင်၊ သူမက သူ့ကို မသိမသာ ဦးညွှတ်လိုက်သည်။

သူက စိတ်အခြေအနေလည်း ပြန်လည်ကောင်းမွန်လာပြီး အားပါးတရပြုံးလိုက်သည်။ နန်းယန်က ဗဟုသုတလည်းရှိပြီး သိမ်မွေ့နူးညံ့သည်။ စဉ်းစားတွေးခေါ်တတ်တဲ့အပြင် ပညာပါရမီလည်းပြည့်စုံသည်။ နန်းပေါင်ရီထက် အဆထောင်ပေါင်းမက သာသည်လေ။
အသိုင်းအဝိုင်းကြီးတဲ့မိသားစုအတွက် ဒီလိုဇနီးမယားမျိုးကမှ သင့်တော်တာ…..
နန်းပေါင်ရီကတော့….
နှစ်ပေါင်းများစွာ သူမရဲ့ အတုအယောင် အရူးအမူးချစ်စိတ်နဲ့ မျှော်လင့်ချက်တွေကြောင့် သူက သူမကို လက်ခံဖို့ စဉ်းစားလိုက်သည်။ သို့သော်လည်း ကိုယ်လုပ်တော်အဖြစ်သာ။ တစ်ယောက်က သူ့ရဲ့ ဇနီးဖြစ်ပြီး တစ်ယောက်က ကိုယ်လုပ်တော်ဖြစ်မဲ့ ညီအစ်မနှစ်ယောက်အတွက်ကတော့ ကံကောင်းမှုကြီး ပင်။

သူက ပြုံးယောင်ယောင်ပြုရင်း လက်ရှည် ဝတ်ရုံကိုချွတ်လိုက်ပြီး ပန်းချည်ထိုးခါးပတ်နဲ့ လက်ဝကျဉ်းတဲ့ ဝတ်စုံကို လဲလှယ် ဝတ်ဆင်လိုက်သည်။

သူက ဝတ်ရုံကို ခါလိုက်ရင်း “မင်းတို့က မြင်ချင်တယ်ဆိုတော့ ကျုပ်ရဲ့ မဖြစ်စလောက်အရည်အချင်းကို ပြရမှာပေါ့”

သူကပြောပြီး အစေခံလူငယ်လေးဘက်ကို လှည့်လိုက်သည်။

“ငါ့ရဲ့ ‘လမင်းဖြိုခွင်းလေး’ ကိုသွားယူခဲ့”
အစေခံနှစ်ယောက်က လေးကိုအမြန်ယူဆောင်လာသည်။

လေးက အနီရောင်ဖိတ်ဖိတ်တောက်နေပြီး သုံးပေခန့်ရှည်လျားသည်။ လေးကိုင်းက လှပစွာ ကွေးညွတ်နေပြီး ကြာပွင့်ပုံစံကို သေသပ်ကျနစွာပုံဖော်ထားသည်။ တခဏကြည့်ရုံနဲ့တင် ငွေစအများကြီး အကုန်ခံပြီး ပြုလုပ်ထားမှန်း သိသာစေသည်။ လှပသေသပ်စွာ အနုစိတ်ခြယ်မှုန်းထားပုံက အံ့မခန်းပင်။

လူငယ်တစ်ယောက်က အံအားသင့်စွာဖြင့် “ဘယ်လောက်လှလိုက်တဲ့ လေးနဲ့မြှားလဲ?”

သူကရှေ့ကိုတိုးပြီး လေးကို ကိုင်ကြည့်ဖို့ကြိုးစားရင်း သေချာစွာကြည့်ရှုနေသည်။ ကြီးမားတဲ့လေးက မထင်မှတ်လောက်အောင် လေးပင်နေပြီး သူ့တစ်ယောက်တည်းရဲ့အားနဲ့ နိုင်အောင်မ မ နိုင်ပါချေ။

“အရမ်းအလေးချိန်စီးတဲ့ လေးနဲ့မြှားပဲ”
သူက အံ့ဩနေပြီး “ကျွန်တော်မ မ နိုင်ဘူး၊ ချန်းသခင်လေး ဒါက သခင်လေးရဲ့ အနှစ်သက်ဆုံး လေးနဲ့မြှားလား? ကောင်းတယ်ဗျာ၊ ကောင်းတယ် ကျွန်တော်တကယ်ကိုအသိအမှတ်ပြုပါတယ်”

တခြားသူတွေက စိတ်ဝင်စားလာကြပြီး လေးနဲ့မြှားရဲ့အလေးချိန်ကို ချိန်ဆဖို့ ကြိုးစားကြသည်။ တကယ်ကို လေးပင်ပြီး လူသာမန်တစ်ယောက်က ဘယ်လိုနည်းနဲ့မှ ထိန်းချုပ်နိုင်မှာမဟုတ်ပေ။

ချန်းတယ်ယွီက နွေးထွေးတည်ငြိမ်စွာ ပြုံးရင်း ရှေ့သို့ထွက်လာပြီး ရှည်လျားတဲ့လေးကို ပင့်မလိုက်သည်။ သူက အားနည်းဟန်ရတဲ့ စာပေသမား ကျောင်းသားတစ်ယောက်ဖြစ်ပေမယ့် လေးကို အသာလေး မ လိုက်နိုင်သည်။

ခန်းမထဲက လူတွေက တစ်ယောက်ပြီးတစ်ယောက် အံ့အားသင့်စွာရေရွတ်နေကြပြီး နန်းယန်သည် လည်း အပြုံးကို မရပ်တန့်နိုင်လောက်အောင် အံ့ဩနေသည်။ သူမရဲ့မျက်ဝန်းထဲမှာ ပျော်ရွှင်မှုနဲ့ မျှော်လင့်တောင့်တမှုတွေက ပြည့်နှက်နေသည်။

အားလုံးရဲ့ရှေ့မှောက်မှာ ချန်းတယ်ယွီက ရုတ်တရက် ရှောင်းယီဘက်ကို လှည့်လိုက်သည်။

သူက နွေးထွေးတဲ့ ဟန်ပန်နဲ့ “ကျွန်တော်ချန်အန်းမှာပညာသင်တုန်းက အမတ်မင်းရဲ့ အမည်နာမကို ကြားဖူးခဲ့တယ်၊ ကျင်းကွမ်မြို့ကိုပြန်လာတဲ့လမ်းတစ်လျှောက်လုံးမှာ အမတ်မင်းက ယွဲ့လန်တိုက်ပွဲကို ပထမနေရာက အောင်မြင်မှုရခဲ့တဲ့အကြောင်း ချီးကျူးသံတွေကို ကြားခဲ့ရတယ်၊ အမတ်မင်းက ငယ်ရွယ်တဲ့ သူရဲကောင်းတစ်ယောက်ပဲ၊ အမတ်မင်းရဲ့ မြှားပစ်စွမ်းရည်ကို ကျွန်တော် မမြင်ဖူးဘူး၊ အမတ်မင်းရဲ့ ထင်မြင်ချက်ကို ကျွန်တော်သိခွင့်ရှိမလား?”

တကယ်တော့ သူက ရှောင်းယီရဲ့အရည်အချင်းကို မယုံကြည်ချေ။ သူက ရှုနိုင်ငံရဲ့ အကျော်ကြားဆုံး အရည်အချင်းရှိတဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး ချန်အန်းကို စာလေ့လာဖို့ နှစ်အနည်းငယ်သွားခဲ့သည်။ သူပြန်ရောက်လာတဲ့အချိန်မှာ သူ့ရဲ့ထင်ပေါ်ကျော်ကြားမှုတွေကို တခြားသူတစ်ယောက်က လုယူသွားတယ် ဆိုတာ သူလက်မခံနိုင်ခဲ့။ ကုန်သည်မိသားစုရဲ့ မွေးစားသားက ဘယ်လောက်များ အရည်အချင်း ရှိနိုင်မှာမို့လို့လဲ?
ယဲ့လန်နိုင်ငံရဲ့ စစ်တပ်က အားနည်းပြီး ဖျားနာနေတဲ့ လူအိုတွေနဲ့ စစ်ရေးအမြင် မကြွယ်ဝတဲ့သူတွေသာ ရှိနေတာကြောင့် သူက ဒီလိုစွမ်းဆောင်မှုမျိုးကို အကျိုးအမြတ်ရှိရှိ ရခဲ့တာပဲဖြစ်ရမည်။

သူငယ်စဉ်ကတည်းက စစ်မက်ရေးရာစာအုပ်တွေနဲ့ လေးအတတ်ပညာကို လေ့လာဆည်းပူးခဲ့သည်။ ဟောင်ပိုင်ရှန်း ဆိုတဲ့ဘွဲ့က သူ့အတွက်သာဖြစ်သင့်သည်လေ။
အခု ဒီနေရာမှာ ကျင်းကွမ်မြို့က အရာရှိတွေနဲ့ မိန်းမစိုးတွေအားလုံး ရှိနေကြသည်။ ဒီကဗျာစပ်ဆိုပွဲက ရှောင်းယီရဲ့ အရည်အချင်းအစစ်အမှန်ကို ရှင်းရှင်းလင်းလင်းဖော်ထုတ်ဖို့ အခွင့်ကောင်းဖြစ်သည်။ အဲ့ဒါမှ ဒီချန်းသခင်လေးရဲ့အရည်အချင်းက ရှောင်းယီထက်သာလွန်မှန်း အားလုံး ကွက်ကွက်ကွင်းကွင်း သိသွားကြမည်ဖြစ်သည်။

နန်းပေါင်ရီက ဖရဲသီးကို စားနေသည်။ သူမရဲ့အမြင်မှာတော့ အမတ်မင်းက အကြွင်းမဲ့ အာဏာရှိပြီး အံ့မခန်းအရည်အချင်းရှိသူ တစ်ယောက်ဖြစ်သည်။ ချန်းတယ်ယွီက အမတ်မင်းကို အမှီပြုပြီး နာမည်ကောင်းယူချင်တယ်ဆိုတော့ သူလူရွေးမှားသွားပြီဖြစ်သည်။
သူမက ရှောင်းယီကိုကြည့်လိုက်သည်။ ရွှေနဲ့ကျောက်စိမ်းလို တန်ဖိုးမြင့်မားလှတဲ့ လူငယ်က လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း အရသာခံပြီး သောက်နေသည်။ လက်ဖက်ရည်ခွက်ကို ကိုင်ထားတဲ့ လက်ချောင်းတွေက ဖြောင့်စင်း၍ ယောကျာ်းပီသစွာ ဆွဲဆောင်မှုရှိသည်။ ဇာမဏီငှက်လို မျက်လုံးတွေက ရှင်းလင်းစူးရှ၍ မြင့်မြတ်ပြီးတော်ဝင်နန်းဆန်တဲ့ အငွေ့အသက်တွေ ကိန်းအောင်းနေ သည်။

သူ့ရဲ့သွင်ပြင်က အားလုံးနဲ့မတူဘဲ အရှိန်အဝါအပြည့်နဲ့ တစ်မျိုးတစ်ဘာသာ ကွဲထွက်နေသည်။ အမူအရာက ဘယ်အရာကိုမှ ဂရုမထားဟန်ထင်ရပေမယ့် တကယ်တန်း ထိုသည်က အမှားကြီးပင်။ အပြစ်ပြုမိလို့ကောင်းမဲ့သူတစ်ယောက် မဟုတ်ပါချေ။ သူက ပြိုင်ဘက်ကင်းတဲ့ ဖြစ်တည်မှု တစ်ခုဖြစ် သည်လေ။

အချိန်အတန်ကြာတဲ့အထိ ပြန်လည်ဖြေကြားခြင်းမရှိတဲ့အခါ ချန်းတယ်ယွီက မျက်ခုံးတွေကို ပင့်လိုက်ပြီး “အမတ်မင်းက ဘာလို့ မယှဉ်ပြိုင်ရဲတာလဲ”

ရှောင်းယီက လက်ဖက်ရည်ခွက်ကိုလှည့်နေပြီး တဟက်ဟက် ရီမောလိုက်ရင်း “မြှားပစ်ပြိုင်ဖို့ ဒီအမတ်မင်းကို မေးတယ်?….. ချန်းတယ်ယွီ မင်းအဆင့်နဲ့တန်လို့လား?”
အားလုံးရဲ့အသက်ရှုသံတွေက ရပ်တန့်သွားသည်။ အမတ်မင်းရဲ့ စကားလုံးတွေက ဘောင်ကျော်ပြီး ပြင်းထန်လှသည်။ ချန်းတယ်ယွီက ရှုနိုင်ငံရဲ့ ပြီးပြည့်စုံတဲ့ ဒုတိယသခင်လေးဖြစ်သည်လေ။ ပြီးပြည့်စုံပြီး အာဏာရှိတဲ့သူတစ်ယောက်ကို စော်ကားမိမှာ သူမကြောက်ဖူးလား?

နန်းပေါင်ရီက အံ့အားသင့်သွားမှုကို မဖုံးဖိလိုက်နိုင်ချေ။ ဖရဲသီးတစ်စိတ်ကိုယူပြီး ချစ်ခင်မြတ်နိုးစွာနဲ့ ရှောင်းယီရဲ့ပန်းကန် ထဲသို့ထည့်ပေးလိုက်သည်။

မာနကြီးတဲ့အပြင် လွှမ်းမိုးနိုင်ပြီး အာဏာစက်ပြင်းတဲ့ အဆိပ်ပြင်းလှတဲ့စကားက အမတ်မင်းရဲ့ တကယ့် အရည်အချင်း အစစ်အမှန်ဖြစ်လေသည်။

ချန်းတယ်ယွီက အေးစက်တဲ့မျက်နှာထားနဲ့ “ကျွန်တော်က တန်မတန်ဆိုတာ နောက်တော့ သိရမှာပဲ မဟုတ်လား? မိုးကောင်းကင်ထက်ကျော်လွန်ပြီး အရည်အချင်းရှိတဲ့ လူငယ်တွေအများကြီးပါ၊ အမတ်မင်းက ယဲ့လန်စစ်ပွဲတုန်းက စစ်သားတွေနဲ့ယှဉ်ပြီး လူတွေကို အထင်သေးနေတာပဲ၊ အခု ဖုန်းဟောင်ပိုင်ကျန်း ဘွဲ့က အမတ်မင်းရဲ့အတွက်မဟုတ်တော့ဘူးဆိုတာကို သက်သေပြရမှာပေါ့”
ရှောင်းယီက ပြုံးနေဟန်ရပေမယ့် အပြုံးမမည်ပေ။
“မင်းအခုပြောကြည့်လေ၊ ဘယ်လိုနှိုင်းယှဉ်မလဲဆိုတာ”
ချန်းတယ်ယွီက ပြတင်းအပြင်ဘက်ကိုကြည့်လိုက်ပြီး “ကွမ်ရှူးရေကန်မှာ ငါးတွေအများကြီးရှိတယ်၊ ကန်က ရေခဲနေရင်တောင် သူတို့က အောက်ခြေမှာနေနိုင်ကြတယ်၊ မြှားသုံးစင်းနဲ့ ဖြိုခွင်းပြီး အထဲက ငါးကို ထိအောင် ပစ်နိုင်ရင် အနိုင်ရသူလို့သတ်မှတ်မယ်”

အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ကွမ်ရှူးရေကန်က နှင်းစက်တွေ များပြားစွာကျဆင်းမှုကြောင့် ရေခဲလွှာအထူကြီး ဖုံးအုပ်ထားသလိုဖြစ်နေသည်။ ရေခဲကိုဖြတ်ပြီး အောက်ခြေကို မမြင်နိုင်ပါချေ။ ပေါ့ပါးတဲ့မြှားတစ်စင်းက ဘယ်လိုလုပ်ပြီး ထူထဲလှတဲ့ရေခဲလွာကို ထိုးဖောက်နိုင်မှာလဲ?

ထိုးဖောက်နိုင်ခဲ့ရင်တောင် ရေအောက်က ငါးတွေက ကြောက်ရွံ့ပြီး ပြေးကြဦးမည်သာ။ လေးအတတ် ကျွမ်းကျင်မှုကို တကယ်စမ်းသပ်တဲ့ပွဲပင်ဖြစ်သည်။
ရှောင်းယီက ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်သည်။
“မင်းအရင်ကြိုးစားကြည့်ပါဦး….”

ချန်းတယ်ယွီက ပြတင်းဘေးမှာရပ်ပြီး လေးနဲ့မြှားကို ရေကန်ရဲ့ ရေခဲထုသို့ ချိန်ရွယ်လိုက်သည်။
သူရဲ့ ‘လမင်းဖြိုခွင်းလေး’ က ပြည့်ဝန်းနေတဲ့လကို ချိန်ရွယ်ဖြိုခွင်းတော့မယောင် ထင်မှတ်မှားရသည်။ မြှားရဲ့ချွန်မြနေတဲ့ သံထိပ်ဖူးက အေးမြတဲ့အလင်းရောင် အောက်မှာ ရောင်ပြန်ဟပ်နေသည်။ သူကဖြည်းဖြည်းချင်း ရေခဲပြင်ရဲ့ သေချာတဲ့တစ်နေရာကို ချိန်ရွယ်နေသည်။

ချန်းတယ်ယွီရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားပြီး အချိန်ခဏအကြာ ပေါ့ပါးတဲ့ မြှားတံက လေကိုခွင်း၍ ပြေးထွက်သွားသည်။ အားလုံးက သူတို့ရဲ့လည်ပင်းတွေကို ဆန့်ပြီး ကြည့်လိုက်ကြသည်။

နန်းပေါင်ရီကလည်း ထိုသူတို့လို လိုက်ကြည့်လိုက်သည်။

သူက ငါးတစ်ကောင်တစ်လေကိုများ ထိအောင် ပစ်မိလေမလားပေါ့?
………………………….

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset