အပိုင်း (၁၂၄)
အဘိုးလေး
နန်းပေါင်ကျူးက မနေ့ညက ‘ချင်ယွမ်ချွန်း နှင်း’ သီချင်းကို ပြန်မှတ်မိအောင် စဉ်းစားလိုက်သည်။ သူမ မနက်ခင်း နိုးသည့်အခါ ဝတ်စားပြင်ဆင်ရင်း မှန်ရှေ့တွင် တတွတ်တွတ် ရွတ်ဆိုနေသည်။
မနက်စာစားပြီး သူမက ရှောင်းယီကို သွားတွေ့ရန် ထွက်လာခဲ့သည်။
ကျင်းကွမ်မြို့က အငယ်ဆုံး အမတ်မင်းအနေဖြင့် သူ့ကိုလည်း လေးစားသမှုနဲ့ ဖိတ်ခေါ်စာ ပို့ရသည်။
“အစ်ကို ၂”
သူမက တက်ကြွနေသည်။
ရှောင်းယီသည် သူမကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများက တောက်ပမှုဖြင့် လက်ဖြာနေသည်။
ကောင်မလေးက အနက်ရောင် သားရေဖိနပ်ကို စီးထားပြီး ယောက်ျားလေးသုံး အနီရောင်ဖဲကြိုးကို စည်းထားသည်။ ကျစ်လစ်သွယ်လျသည့် ခါးမှာတော့ လက်သုံးလုံးခန့် အထူရှိသည့် သားရေခါးပတ်ကို ခိုင်မြဲစွာ ပတ်ထားသည်။ သူမဝတ်ထားသည့် အဝါရောင်ဝတ်စုံနဲ့ ဘောင်းဘီရှည်က ကြီးမားနေသည်။
လုံးဝန်းပြည့်တင်းပြီး မိန်းကလေး ပီသသည့် ခန္ဓာကိုယ်နဲ့ ရွှေရောင် ခေါင်းစည်းကြိုးကို စည်းထားသည်။ နှုတ်ခမ်းပါးလေးတွေနဲ့ ခေါင်ရမ်းပန်းနံ့သင်းသည့် မျက်နှာလေးမှာ မျက်နှာချေမှုန့်တွေကို လိမ်းကျံထားသည်။ မီးငှက်လို မျက်လုံးရွဲကြီးတွေက မက်မွန်ပွင့်လို နီရဲနေပြီး ယောက်ျားလေး ဝတ်ရုံကို ဝတ်ဆင်ထားသည်။
တွဲဖက် ပေါင်းစပ်ထားသည့် ပုံစံက အလွန်အကျူး ဆွဲဆောင်မှုရှိပြီး လန်းဆန်းနေသည်။
နန်းပေါင်ရီက ရှောင်းယီ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုကို ဖမ်းဆုပ် လိုက်နိုင်သည်။ သူမက တခစ်ခစ် ရယ်လိုက်သည်။
ဒီလိုပုံစံ ဝတ်စားဆင်ယင်မှုက သူမ၏ အရင်ဘဝတုန်းက နှစ်အတော်ကြာပြီးနောက် ရေပန်းစားခဲ့သည့် ပုံစံဖြစ်သည်။ အခုတော့ သူမူသည် ဒီလိုပုံစံ ဝတ်ဆင်သည့် ပထမဆုံးသူဖြစ်ပြီး မကြည့်ဘဲ မနေနိုင်အောင် ဆွဲဆောင်မှု ရှိစေသည်။
ကြည့်ရတာတော့ သူမ ဒီနေ့၏ နှင်းရေကန် စားသောက်ပွဲမှာ လူအားလုံး၏ အမြင်ကို ဖမ်းစားနိုင်မည့်ပုံပင်။
ရထားလုံးပေါ်မှာ ထိုင်ပြီး သူမ မနေ့က အဖြစ်အပျက်ကို ပြန်ပြောလိုက်သည်။
“မနေ့က အစ်ကို ၂နဲ့ အစေခံမလေး တစ်ချိန်တည်းမှာ စာကြည့်ခန်းထဲက ပျောက်သွားကြပြီး တစ်ချိန်တည်းမှာပဲ တူတူ ပြန်ရောက်လာကြတယ်….. မနေ့က လူတွေလည်း အများကြီးမို့လို့ ညီမလေးက မေးရမှာ ကသိကအောက်ဖြစ်နေလို့၊ အစ်ကို ၂ ညီမလေးကို ပြောပြလို့ရမလား၊ ဝမ်ဝမ်ကို သိလား”
ရှောင်းယီက လက်ဖက်ရည် ပန်းကန်လုံးကို ကောက်ကိုင်လိုက်ပြီး အမြုပ်တွေကို ညင်သာစွာ ဖယ်ထုတ်နေသည်။
သူက ပေါ့ပေါ့ပါးပါးဟန်ဖြင့် “အရမ်း အများကြီး သိတာက ကောင်းသည့်အရာ မဟုတ်ဘူး”
“ဘဝမှာ ခေါင်းရှုပ်ပြီး နေရမှာထက် ရှင်းရှင်းလင်းလင်း သေရတာက ပိုကောင်းတယ်”
နန်းပေါင်ရီက ယွီဝေ့ ပြင်ဆင်ထားပေးသည့် အစားအစာဘူးကို ဖွင့်လိုက်ပြီး ရွှေရောင်ဇီးသီး တစ်လုံးကို ထုတ်ယူလိုက်သည်။
“ညီမလေးက ဘဝတစ်လျှောက်လုံး အစ်ကို ၂ နောက်ကိုပဲ လိုက်နေမှာ၊ အနှေးနဲ့အမြန် သူမ၏ သရုပ်မှန်ကို သိလာမှာပဲ၊ အစ်ကို ၂ က ပြောပြလိုက်တော့ ဘာဖြစ်မှာမို့လဲ”
‘ညီမလေးက ဘဝတစ်လျှောက်လုံး အစ်ကို ၂ နောက်ကိုပဲ လိုက်နေမှာ’ ဆိုသည့် စကားက အသုံးဝင်သွားသည်။
ရှောင်းယီသည် လက်ဖက်ရည် တစ်ငုံသောက်လိုက်ပြီး “သူ့နာမည်က နိုင်ဝမ်ကျောက် သူက ခမ်းနားကြီးကြယ်တဲ့ ရုံနင်ရဲ့ တစ်ဦးတည်းသောသားပဲ”
ဇီးသီးသည် နန်းပေါင်ရီ၏ လက်ထဲကနေ ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားသည်။
သူက အရမ်းအံ့ဩသွားပြီး “အဲ့ဒါက အဘိုးလေး မဟုတ်ဘူးလား၊ ဒါပေမယ့် သူက ငယ်ငယ်လေး ရှိသေးတာလေ”
ရှောင်းယီက ဘာမှထပ်မပြောတော့ဘဲ လက်ဖက်ရည်ကိုသာ သောက်နေလိုက်သည်။
နန်းပေါင်ရီ၏မျက်နှာမှာ စကားလုံး အများကြီး ရှိနေပြီး “ဒါပေမယ့် သူ… သူက မိန်းကလေး ဝတ်စုံကို ဝတ်ထားတယ်၊ …. သူက ဝမ်းကွဲအစ်မထက်တောင် ပိုပြီး လှသေးတယ်၊…. သူက အဲလိုပုံစံ ဝတ်ရတာကို ကြိုက်တာလား၊ တရုံချောင် ပြောတာ ကြားဖူးတယ်၊ ရုပ်လွန်ဒဿနိက ဗေဒအရ ဒဿနိကဗေဒ ပညာရှင်တွေက မိန်းကလေး ဝတ်စုံကို ဝတ်ပြီး မျက်နှာချေတွေလိမ်းကြ….”
သူမပြောနေစဉ်မှာပဲ ရထားလုံး၏ အပြင်ဘက်တွင် ဆဲရေးတိုင်းထွာသံတွေကို ကြားလိုက်ရသည်။
နန်းပေါင်ရီက လိုက်ကာကို လှပ်ပြီး ကြည့်လိုက်သည့်အခါ ဝမ်းကွဲအစ်မသည် အစိမ်းရောင် ဝါးတုတ်ကို ကိုင်ပြီး နိုင်ဝမ်ကျိုး၏ နောက်က ဒေါသဖြစ်စွာ အော်ရင်း ပြေးလိုက်နေသည်။
“နင် !ရပ်လိုက်၊ ငါ့ကိုပြန်ဝယ်ပေး၊ ငါ့ရဲ့ နှုတ်ခမ်းဆိုး ဆေးရောင်စုံကို ဖျက်ဆီးတာ၊ နင် ငါ့နှုတ်ခမ်းနီကို ယူသွားတာ ငါ့ကိုပြန်ပေး”
နိုင်ဝမ်ကျိုးက ရထားလုံးကို သေသပ်ကျနစွာ ခုန်ကျော်လိုက်သည်။ နန်းပေါင်ကျူးက ရထားလုံးနဲ့ ပိတ်မိနေပြီး သူ့ကိုဖမ်းဖို့ ဝါးတုတ်ကို ကိုင်ထားသည်။ နန်းပေါင်ရီနှင့် ရှောင်းယီကို တွေ့သွားပြီး သူမ ရှက်သွားတော့သည်။ ရှက်စိတ်မွှန်သွားပြီး သူမသည် ဝါးတုတ်ကို နောက်မှာ ဖွက်လိုက်ရင်း ပြောသည်။
“ချန်းအိမ်တော်ရဲ့ပွဲကို သွားကြတော့ မလို့လား၊ ငါ နင်တို့ရဲ့ ရထားလုံးနဲ့ တိုက်မိတော့မလို့”
ပြောပြီး နိုင်ဝမ်ကျိုးသည် ကိစ္စကြီးတစ်ခုကို ရုတ်တရက် အလင်းပွင့်သွားသည်။
နန်းပေါင်ရီက ရှင်းရှင်းလင်းလင်း သဘောပေါက် သွားသည်။ ချိုင်ယွင်၏ နှုတ်ခမ်းနီမှာ ကမ္ဘာပေါ်မှာ လူသိများသည်။ ဝယ်ဖို့လည်း ခက်ခဲလှသည်။ နှစ်ဝက်လောက် ကြာအောင် ကြိုတင်စာရင်း ပေးရတာမျိုးဖြစ်သည်။ အဘိုးလေးက ကျူးကျူး၏ နှုတ်ခမ်းနီကို ဖျက်ဆီးလိုက်တာကြောင့် ကျူးကျူးက စိတ်ဆိုးနေခြင်း ဖြစ်သည်။
အဘိုးလေး၏ အထက်တန်းကျသည့် အခြေအနေနဲ့ ဝါးရင်းတုတ်နဲ့သာ အရိုက်ခံရရင် အမုန်းပွားမှာ ကြောက်ရသည်။
သူမက နန်းပေါင်ကျူး၏ လက်လေးကို ဆုပ်ကိုင် ထားလိုက်ပြီး ပရိယာယ်နှင့် ပြောလိုက်သည်။
“ကျူးကျူး၊ ငါ့ရဲ့မမလေး၊ မိန်းကလေး တစ်ယောက်က ညဘက်အပြင်မှာ တစ်ယောက်တည်းနေရရင် အထီးကျန်လိမ့်မယ်၊ သူ့ကို ဒီလိုဆက်ဆံတာ ဘယ်လောက် သနားစရာကောင်းလဲ”
“သနားစရာ ကောင်းတယ်?”
နန်းပေါင်ကျူးက မျက်ခုံးကိုပင့်ပြီး “သူက သနားစရာ ကောင်းတယ်လို့ နင်ထင်နေတာလား”
နန်းပေါင်ရီက ကြည့်လိုက်သည်။
ယွီဝေ့ ပြင်ဆင်ပေးထားသည့် အစားအစာဘူးကို သူမ မစားရသေးခင် အဘိုးလေးက ဈေးကြီးသည့် ပန်းပွင့်ကိတ်မုန့်တွေကို ယူပြီး သူ့ပါးစပ်ထဲကို ထည့်နေပြီ ဖြစ်သည်။
နန်းပေါင်ကျူးက ကြေကွဲသွားရပြီး “ကျောင်းကျောင်း၊ ငါညက ညစာကို ဘယ်လို စားလိုက်ရလဲ နင်သိလား၊ ငါ့ရဲ့ ကြက်သားကင် တုတ်ထိုးတွေကို ငါတောင် မစားရသေးဘူး သူက စားသွားတယ်၊ ညက အရမ်းအေးတော့ အိပ်ရာခင်းတွေကလည်း အေးနေတယ်၊ သူက အရမ်းငယ်သေးတယ်ဆိုပြီး သခင်နဲ့ကျွန် ဆိုတာတွေကို ဂရုမစိုက်ဘဲ ငါ့အိပ်ရာထဲမှာ ခေါ်သိပ်ပေးတယ်၊ ဒါပေမယ့် သူက ငါ့ကို စိတ်ဆိုးအောင် လုပ်တယ်၊ ငါ့ကိုဂရုစိုက်ပေးဖို့ အစေခံ တစ်ယောက်ကို ဝယ်လာတာလား? ဘုရားလောင်း အိမ်ကိုကြွလာတာလား မသဲကွဲဘူး”
နန်းပေါင်ရီက တွေးလိုက်သည်။ အဘိုးလေးက သူ့ကိုယ်သူပဲ ဂရုစိုက်ပြီး တခြားသူကို လုပ်ကျွေးပြုစုခြင်း မရှိတာက သဘာဝကျပေမယ့် သူက အသက်ဆယ့်တစ်နှစ် ဆယ့်နှစ်နှစ်လောက် ရှိနေပြီဖြစ်ပြီး ကျူးကျူး၏ အိပ်ရာထဲကို ဝင်အိပ်တယ်တဲ့လား?
သူမ ဘာမှမပြောရသေးခင် နန်းပေါင်ကျူးက နိုင်ဝမ်ကျိုးကို ဝါးရင်းတုတ်နဲ့ ကြမ်းတမ်းစွာ ပစ်ပေါက်လိုက်သည်။
“ဘာလာကြည့်နေတာလဲ၊ ထပ်ကြည့်ရင် နင့်ရဲ့မျက်လုံးကို ဖောက်ထုတ်ပစ်မယ်”
နိုင်ဝမ်ကျိုး၏ မျက်နှာက မှုန်ကုပ်နေပြီး သူ၏နာကျင်သွားသည့် လက်မောင်းကို တိတ်ဆိတ်စွာ ကိုင်ထားသည်။
နန်းပေါင်ရီက အလွန် စိတ်ပူသွားရသည်။ သူမသည် အမတ်မင်း၏ပေါင်ကို ဆုပ်ကိုင်လိုက်သည်။
နန်းပေါင်ကျူးကတော့ အဘိုးလေးကို ရိုက်ရန် အလုပ်ရှုပ်နေသည်။
နန်းပေါင်ကျူးသာ ထပ်ပြီးဒီလို ရန်ဖြစ်ပြီး ဆက်ရိုက်နေမယ်ဆိုရင် သူတို့၏ နန်းအိမ်တော်သည် မျက်စိတစ်မှိတ်အတွင်း ဘဝပြောင်းတော့မည်ကို သူမ မြင်ယောင်နေသည်။
နိုင်ဝမ်ကျိုးက နန်းပေါင်ကျူး၏ အနှစ်သက်ဆုံး နှုတ်ခမ်းနီကို ဖျက်ဆီးလိုက်တာကြောင့် နန်းပေါင်ကျူး၏ နှလုံးသားက သွေးထွက်သလို နာကျင်သွားရသည်။
နာရီဝက် ကြာပြီးနောက် ရထားလုံးက ချန်းအိမ်တော်ရှေ့သို့ ဆိုက်ရောက်လာသည်။
သူတို့နှစ်ယောက်က ပြေးတမ်းလိုက်တမ်း ကစားရင်း အိမ်ထဲကို ခုန်ပေါက်ပြီး ဝင်သွားကြသည်။
နန်းပေါင်ရီသည် ရှောင်းယီနှင့်အတူ ရထားလုံးထဲမှ ထွက်လာပြီး ညည်းညူလိုက်သည်။
“အစ်ကို ၂၊ အနာဂါတ်မှာ အဘိုးလေးက သူ၏ဘဝမှန်ကို ပြန်ရောက်တဲ့ အခါကျရင် ညီမလေးတို့ မိသားစုကို မုန်းမှာလားဟင်”
“မုန်းမှာမဟုတ်ဘူး”
“တော်သေးတာပေါ့”
နန်းပေါင်ရီက စိတ်ချသွားဟန်ဖြင့် အခြေအနေကို အကဲခတ်လိုက်သည်။
“အဘိုးလေးက သဘောထားကြီးပြီး ဖော်ရွေတတ်သည့် သူတစ်ယောက်ပဲ၊ သူက သာမာန် မိန်းကလေး တစ်ယောက်လို ဝတ်ထားတာတောင်မှ သဘာဝအတိုင်း ချောမောပြီး သိမ်မွေ့တယ်၊ လန်းဆန်းတယ်၊ သူက လေးနက်တည်ကြည်ပြီး ကမ္ဘာမှာ ပြိုင်ဘက်ကင်းသည့် သူ တစ်ယောက်ဖြစ်တယ်၊ ဘယ်လိုနေလဲ၊ အစ်ကို ၂ ညီမလေးကို ကူညီပြီး အဲ့ဒီစာသားတွေကို အဘိုးလေးဆီ ပြောပေးပါ”
ရှောင်းယီက သူမကို ကြည့်လိုက်သည်။ ကောင်မလေးက တစ်ချိန်လုံး သူ့ကို မျက်နှာချို သွေးနေပြီး ဒီလိုစကားပြော ကောင်းခြင်းမှာ အမတ်မင်းကို သူမနှင့် ဂုဏ်ရည်တူလို သဘောထားပြီး ရင်းနှီးစွာ ဆက်ဆံခြင်းပင်။
သူက ဖြည်းညင်းစွာ ပြောလိုက်သည်။
“သူက နန်းအိမ်တော်ကို မုန်းမှာမဟုတ်ဘူး၊ ဒါပေမယ့် နန်းပေါင်ကျူးကိုတော့ မုန်းသွားနိုင်တယ် ဒါမှမဟုတ် မမုန်းတာလည်း ဖြစ်နိုင်တယ်”
နန်းပေါင်ရီမှာ အံ့အားသင့် သွားသည်။ သူသည် ရှုပ်ထွေးမှုများကို ရှင်းထုတ်လိုက်ပြီး သူမကိုယ်သူမ စိတ်သက်သာရာ ရအောင် ပြောပြန်သည်။
“သူက ကြီးကျယ်မြင့်မြတ်တဲ့ အဘိုးလေးလေ၊ ကျူးကျူးက အော်ပဲအော်တတ်တဲ့ မိန်းကလေး၊ သူက သူမကို ပြန်ရိုက်လို့ရပေမယ့် ဘာမှပြန်မလုပ်ဘူး၊ သေချာပေါက် မလုပ်ဘူး……ဟား! ဟား! ဟား!”
ချန်းအိမ်တော်၏ ဝင်ပေါက်ကို ရောက်လာခဲ့ပြီ။
အနက်ရောင် တံစက်မြိတ်များ၊ ခြင်္သေ့ရုပ်တုများက ဂုဏ်ရှိန်မြင့်မားမှုကို ဖော်ပြနေသည်။
နန်းပေါင်ရီသည် လှေခါးအောက်မှာ မတ်တပ်ရပ်ရင်း ချန်းအိမ်တော်ဆိုသည့် စကားလုံးကို လေးနက်သည့် မျက်နှာနှင့် စိုက်ကြည့်နေသည်။
အရင်ဘဝတုန်းက သူမ ဒီနန်းတော်လိုအိမ်ကြီးထဲကို စိတ်လှုပ်ရှားမှုနှင့် အကြိမ်ပေါင်းများစွာ ဝင်ထွက်ခဲ့ဖူးသည်။
သူမ လက်ထပ်ပြီးနောက် သူမ၏ခင်ပွန်းမှ သူမကို မျက်နှာသာပေးရန် မျှော်လင့်ချက်ဖြင့် နန်းယန်ကို အိမ်တော်ထဲ အဝင်ခံခဲ့သည်။ ဤသည်မှာ ဝံပုလွေကို အိမ်ထဲခေါ်ပြီး ကျားဖြစ်အောင် ပျိုးထောင် လိုက်သလိုပင်။
နောက်ပိုင်းတွင် သူမ၏ခင်ပွန်းကြောင့် သူမ သေမတတ် စိတ်ဆင်းရဲခဲ့ရပြီး သူမ၏မိသားစုကိုတော့ ဘေးကင်းဖို့ မျှော်လင့်ခဲ့သည်။ သူမသည် ပြေးလွှားပြီး သူမ၏မိသားစုကို ချမ်းသာပေးဖို တောင်းပန်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ အားလုံး ပြိုကွဲပျက်စီး သွားခဲ့သည်။
သူမ လက်ထပ်ပြီး ဒီကို ရောက်လာသည့် အချိန်မှစ၍ သူမ၏ ပျော်ရွှင်မှုများက ထာဝရ ပျောက်ဆုံး သွားခဲ့သည်။
ချန်းအိမ်တော်သည် သူမကို အဆုံးမဲ့သည့် ပျက်စီး ဆုံးရှုံးမှုနဲ့ လူမဆန်မှုကိုသာ ပေးခဲ့သည်။
ဒီဘဝတွင် ကျိန်းသေပေါက် မတူညီနိုင်တော့ပေ။
သူမသည် ရှောင်းယီ၏ လက်ချောင်းတွေကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး “အစ်ကို ၂၊ ညီမလေးတို့ ဝင်ကြမလား”
ရှောင်းယီသည် သူမကို ငုံ့ကြည့်လိုက်သည်။ ကောင်မလေး၏ လက်များက အနည်းငယ် တုန်ယင်နေသည်။ လက်ချောင်းလေးများက ဆုပ်လိုက်ဖြန့်လိုက် ဖြစ်နေသည်။ သူသည် သူမ၏လက်တွေကို တိတ်ဆိတ်စွာ ဆုပ်ကိုင်ထားပြီး ချန်းအိမ်တော်၏ လှေခါးထစ်တွေဆီကို ဦးဆောင်လိုက်သည်။ သူနဲ့သာဆိုလျှင် ချန်းအိမ်တော်က နန်းကျောင်းကျောင်းကို စော်ကားရဲတော့မှာ မဟုတ်ချေ။
နှင်းရေကန်သည် ချန်းအိမ်တော်၏ အနောက်ဘက် ဥယျာဉ်၌ တည်ရှိသည်။
ရူနိုင်ငံ၏ ရာသီဥတုသည် ဒီနှစ်မှာ ပုံမှန်မဟုတ်ဘဲ ဆောင်းတွင်း ရောက်သည့်တိုင် အလွန် အေးနေဆဲဖြစ်သည်။ ရေကန်၏ မျက်နှာပြင်ပေါ်၌ ရေခဲလွှာတစ်ထပ် ဖုံးလွှမ်းနေလေသည်။
………………………….