အပိုင်း (၁၂၁)
အမတ်မင်းက အရမ်းကောင်းတာပဲ
သူမက သူ၏မျက်ခုံးများကို ပင့်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းမှ အပြုံးရေးရေးဖြင့် ပြောလိုက်သည်။
“အဲ့ဒီ ငွေမှင်ရောင် အဖိုးတန် သားမွှေးဝတ်ရုံက ညီမအဘွား ချန်းအိမ်တော်ကို ပို့ပေးလိုက်တာ၊ မမျှော်လင့်ဘဲ ချန်းသခင်လေးက အရမ်းသဘောကျပုံပဲ၊ ဘယ်သူ့ကိုမှ ပေးမထိလောက်အောင်…”
ချန်းတယ်ယွီ၏ မျက်နှာမှာ ကြည့်ရဆိုး သွားတော့သည်။ အဖိုးတန် သားမွှေးဝတ်ရုံက သူ၏အမေ ရှန်ကျင်းမြို့ဆီသို့ ပို့ပေးလိုက်ခြင်း ဖြစ်သည်။ ထိုဝတ်ရုံသည် အရမ်း နူးညံ့နေတာကြောင့် သူသည် တန်ဖိုးကြီးမည်မှန်းသိပြီး အမြဲတမ်း ဂရုတစိုက် ဝတ်ဆင်ခြင်းဖြစ်သည်။
မမျှော်လင့်ဘဲ နန်းအိမ်တော်က ပေးသည့်လက်ဆောင် ဖြစ်နေခဲ့သည်။
ယခု နန်းပေါင်ရီ၏ အဖွင့်အပြုအမူကို တွေးလိုက်မိပြီး သူ၏ပါးပြင်များက အနည်းငယ် ပူလာတော့သည်။ ထို့ကြောင့် သူသည် မျက်နှာမပျက်အောင် ထိန်းရင်း အေးစက်စက် ပြောလိုက်သည်။
“ခန္ဓာကိုယ်မှာ ဘာပဲဝတ်ထားထား ဘယ်သူကပဲပေးပေး တူတူပဲ”
နန်းယန်က သူ၏စကားနောက်က လိုက်ပြီး ပြောလိုက်သည်။
“ဟုတ်တယ်၊ ဒါက ဝတ်ရုံတစ်ခုပဲ၊ ချန်းသခင်လေးက ဒါကို တန်ဖိုးထားလို့ မဟုတ်ဘူး၊ ချန်းသခင်လေးက သန့်ရှင်းမှုကို နှစ်သက်လို့ အပြင်လူတွေက သူရဲ့အဝတ်တွေကို ထိကိုင်တာကို မကြိုက်ရုံပဲ”
“မမက ချန်းအိမ်ရဲ့အကြောင်းကို ကောင်းကောင်းသိတာပဲ”
နန်းပေါင်ရီက စဉ်းစားပြီး ဆက်ပြောသည်။
“ညီမလေးသာ မသိဘူးဆိုရင် မမကို သူနဲ့စေ့စပ်ထားတဲ့သူလို့ ထင်မိမှာပဲ၊ မမတို့နှစ်ယောက်က အခုလို ယှဉ်ရပ်နေတော့ လူဆိုးခေါင်းဆောင်နဲ့ အရှက်မရှိ မာနထောင်လွှားတတ်တဲ့မိန်းမ…..”
“နန်းပေါင်ရီ!!!”
ချန်းတယ်ယွီက ဖြတ်အော်လိုက်သည်။
“ဒီမိန်းကလေးက အရည်အချင်းရှိပြီး ရောင့်ရဲတတ်တယ်၊ ဒီလိုမှားယွင်းတဲ့ စကားတွေက မင်းတို့နှစ်ယောက်ကြားက ကွာဟမှုပဲ”
နန်းပေါင်ရီက ပျော်ရွှင်သွားသည်။ သူမ၏ လက်မောင်းကြားထဲမှာ ကိုင်ထားသည့် လက်ရေး စာမူအကြောင်းကိုပါ သိလိုက်ပြီး အရယ် မရပ်နိုင်တော့။
“ဘာလို့လဲ၊ မမက ‘ချန်စီ၏ ချွန်းသီချင်း’ကို သင်ထားတယ်လား၊ စာအုပ်ရေးပြီး ရောင်းစားဖို့လား”
နန်းယန်က နန်းပေါင်ရီ၏ရှေ့မှာ မျက်နှာ မပျက်ချင်တာကြောင့် ငြင်းလိုက်သည်။
“သေချာပေါက် မဟုတ်ပါဘူး၊ ဒီလက်ရေးစာမူတွေ အားလုံးက မမ ဆူးရီမှာ ရေးထားတဲ့ ကဗျာတွေပါ၊ ဒါပေမယ့် အားလုံးကို စုစည်းပြီး အမှတ်တရနေနဲ့ စာအုပ်တစ်အုပ်အဖြစ် စုစည်းထားတာ၊ အရမ်းရောင်းရပြီး အောင်မြင် ကျော်ကြားမှာ အသေအချာပဲ”
ပြောပြီးနောက် သူမက ချန်းတယ်ယွီကို သူမ စောစောက အရှက်ကွဲခဲ့သည့် အကြောင်းကို ထုတ်ဖော် မပြောပြဖို့ တောင်းပန်သလို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။
ချန်းတယ်ယွီက သူမ၏ ကိုယ်ရည်သွေးတတ်သည့် အကျင့်ကို နားလည် သဘောပေါက်တယ်ဆိုသည့် အကြည့်နှင့် နန်းမိသားစု ညီအစ်မကို ကြည့်လိုက်သည်။ သူက ယဉ်ကျေးသည့် အပြုံးဖြင့် သူ၏သက်သောင့်သက်သာရှိမှုကို ဖော်ပြလိုက်သည်။
ထိုစဉ် စာအုပ်ဆိုင် ပိုင်ရှင်သည် နှင်းတွေကို ရှင်းဖို့ တံမြက်စည်း တစ်ချောင်းကိုကိုင်ပြီး အပြင်သို့ ထွက်လာသည်။ သူသည် နန်းယန်က ဒီမှာ အနှောင့်အယှက်ဖြစ်စွာ ရှိနေဆဲဖြစ်သည်ကို တွေ့သွားပြီး စိတ်ပျက်သည့် အသံနဲ့ပြောလိုက်သည်။
“မင်းရဲ့ကဗျာတွေက မကောင်းဘူးလို့ ငါပြောခဲ့တယ်လေ၊ ငါတို့ရဲ့ စာအုပ်ဆိုင်က အဲ့ဒီကဗျာတွေကြောင့် အပိတ်မခံနိုင်ဘူး၊ မင်းအတွက် စာအုပ်ရိုက်နှိပ်ပြီး ထုတ်ပေးဖို့ မဖြစ်နိုင်ဘူး၊ ဘာလို့ ဒီမှာရပ်နေသေးတာလဲ၊ သွား သွားပြန်တော့၊ ငါနှင်းတွေ ရှင်းမှာကို နှောင့်နှေးအောင် လာမလုပ်နဲ့”
အလိမ်အညာက ချက်ချင်း ပေါ်လာသည်။ နန်းယန်က သူမ၏ လက်ရေးစာမူကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း သူ၏လှပသည့် မျက်နှာက နီရာမှ ဖြူလာသည်။
ချန်းတယ်ယွီက ဖြန်ဖြေသည့် သူတစ်ယောက်လို ညင်သာသည့် အသံဖြင့် ဖာထေးလိုက်သည်။
“အမြင့်နဲ့ အနိမ့်က ကွာဟတယ်၊ ကုန်သည်က စီးပွားရေးပဲ လုပ်တတ်သလိုမျိုး ကဗျာ၏ သဘာဝဆန်သည့် လှပမှုကို နားမလည်ကြဘူး”
သူက တံစက်မြိတ်၏ အောက်ကို တစ်ချက် ကြည့်လိုက်သည်။ စာအုပ်ဆိုင်က စာအုပ်စင်တစ်စင် ထိုနေရာမှာ ရှိနေပြီး ကျော်ကြားသည့် နေ့စဉ်သုံး ဗန်းစကား စာအုပ်တွေကို တင်ပြီး ရောင်းချနေသည်။
သူက ‘သစ္စာဖောက်မ’ စာအုပ်ကို ကိုင်ပြီး ထေ့လိုက်သည်။
“ဒီလို အဆင့်အတန်းမရှိတဲ့ စာအုပ်တွေက တောင်ပိုင်းမှာ ရောင်းချလို့ ရနေတယ်၊ လူတွေက အမြင်မရှိကြဘူးဆိုတာ သိသာတယ်၊ စာကောင်း ပေမွန်တွေနဲ့ မထိုက်တန်ကြဘူး”
“အမှန်ပဲ”
နန်းယန်က လွန်စွာ ဝမ်းနည်းနေဟန်ဖြင့် “ဒါက စာပေလောက၏ အဆင့်အတန်းပဲ ချန်းသခင်လေး၊ သခင်လေးရဲ့ အခြေအနေနဲ့တောင်မှ ဒီကလူတွေ၏ အမြင်နဲ့ အဆင့်အတန်းကို ပြောင်းလဲပေးနိုင်ဖို့ မလွယ်ကူမှာကို စိုးမိပါတယ်၊ ပြီးပြည့်စုံဖို့ဆိုရင် ဗန်းစကားတွေနဲ့ အဆင့်မမီတဲ့ စာအုပ်တွေ အကုန်လုံးကို တားမြစ်သင့်တယ်၊ အစိုးရက ဒါတွေကို ပိတ်ပင်သင့်တယ်”
နန်းပေါင်ရီက သူတို့နှစ်ယောက်ကို သဘောတွေ့သွားသည်။ ဒီနှစ်ယောက်က တကယ်ကို လိုက်ဖက်ညီညီနှင့် သီဆိုနေကြသည်။ နှမြောစရာမှာ သူမ ကျူပင်လေး နှစ်ပင်နဲ့ ကစားဖို့ စိတ်မဝင်စားပေ။
စာအုပ်တွေကို ပိတ်ပင်မယ်?
ဘုရင်ခံချန်း၏ မိသားစုမှာ စာအုပ်တွေကို ပိတ်ပင်ဖို့ အာဏာ ဘယ်လိုလုပ်ပြီး ရှိမတဲ့လဲ။ သူမက ခက်ထန်စွာ ပြောလိုက်သည်။
“ကဗျာတွေနဲ့ သီချင်းတွေက ကြမ်းတမ်းပေမယ့် ဘဝမှာ စကားလုံးတွေက မရှိမဖြစ်ပဲလေ၊ လူတွေရဲ့ နှစ်သက်မှုက တန်ဖိုးရှိတယ်လို့ မြင်တယ်”
“ကျောင်းကျောင်း၊ ပြန်လည်ပြင်ဆင်ထားတဲ့ စာအုပ်တွေက မကောင်းဘူး၊ လူတွေရဲ့ အကြိုက်က မကောင်းဘူး၊ အစိုးရက စစ်မှန်ပြီး ကောင်းမွန်တဲ့ စာပေတွေကို ရောင်းချဖို့အတွက် ရှေ့ဆက်ပြီး ကြိုးစားသင့်တယ်၊ အဲ့ဒါမှ လူတွေ အားလုံးက အနုပညာ၏ လွှမ်းမိုးမှုကို နားလည်လာကြမှာ”
နန်းယန်က ကမ္ဘာပေါ်မှာ သူသာ အတော်ဆုံးဆိုသည့် ဟန်ပန်အမူအရာနှင့် ပြောနေသည်။
နန်းပေါင်ရီက “ညီမ တွေ့မိတာကတော့ မမရဲ့ ကဗျာစုစည်းမှုကို ဘယ်သူကမှ စိတ်မဝင်စားတာပဲ၊ အဲ့ဒါကြောင့် အဲ့ဒီလို ကျော်ကြားတဲ့ စာပေတွေကို မမကမုန်းနေတာ”
ချန်းတယ်ယွီက မပျော်မရွှင် ဖြစ်သွားပြီး “မိန်းကလေး နန်းယန်က ကြော့ရှင်းတဲ့ ဟန်ပန်ရှိတယ်၊ ဘာလို့သူက သူများတွေကို မနာလိုရမှာလဲ၊ နန်းပေါင်ရီ လူယဉ်ကျေး တစ်ယောက်၏ သိက္ခာကို ဗီလိန်တစ်ယောက်လို ပတ်ရမ်းမနေနဲ့”
သူက နန်းယန်ဘက်ကို လှည့်ပြီး တည်ကြည်သည့် အသံဖြင့် “ကျင်းကွမ်မြို့ကို ပထမဆုံး ပြန်ရောက်တာ၊ ကွမ်းရွှယ်ရေကန်မှာ နောက်ကျရင် ပွဲလုပ်ဖို့ စီစဉ်ထားတယ်၊ အဲ့ဒီမှာ လူတွေက သူတို့ရဲ့ စာပေတွေကို ထုတ်ဖော်ကြမှာ၊ နန်းယန်လိုက်ချင်ရင် ပွဲကို လိုက်ခဲ့လို့ရတယ်၊ ငါက မင်းအတွက် ညွှန်းပေးလို့ရတယ်၊ သူတို့တွေကို အရည်အချင်းရှိတဲ့ မိန်းကလေးက ဘယ်လိုပုံစံမျိုးလဲ ဆိုတာကို ပြလိုက်၊ ပြီးတော့ မင်းအတွက် ကဗျာစုစည်းမှု စာအုပ်ကို ထုတ်ပေးလိမ့်မယ်”
နန်းယန်သည် အလွန်ပျော်ရွှင်သွားပြီး အလျင်အမြန် အရိုအသေ ပြုလိုက်ရင်း “ချန်းသခင်လေးကို ကျေးဇူးတင်ပါတယ်၊ နန်းယန်က သခင်လေးကို ပင်ပန်းစေမိပြီ”
ချန်းတယ်ယွီသည် နန်းပေါင်ရီဘက်ကို ပြန်လှည့်လိုက်ပြီး “ငါက မဖိတ်ချင်ပေမယ့် မင်းက ငါ့ရဲ့ သတို့သမီးလောင်း ဖြစ်နေတာမို့လို့ နောက်ကျရင် နှင်းရေကန်ကပွဲကို မင်းလည်း လာလို့ရတယ်၊ ကဗျာတွေနဲ့ စာတွေအကြောင်းဆိုတော့ မင်းသာ အရည်အချင်း မရှိရင် အရှက်ရလိမ့်မယ်”
သူထွက်သွားပြီးနောက် နန်းယန်ကလည်း ပြန်ဖို့ မစောင့်နိုင်တော့။ သူ၏ ကဗျာစုစည်းမှု လက်ရေးမူကို ကိုင်ရင်း ရထားလုံး တစ်စီးကို ငှားလိုက်တော့သည်။
သူမသည် လိုက်ကာကို လှပ်ပြီး နန်းပေါင်ရီကို စကားဖြင့် ဆွလိုက်သည်။
“ကျောင်းကျောင်း၊ မမကတော့ နှင်းရေကန် စားသောက်ပွဲကို သွားမှာ သေချာတယ်၊ ညီမလေး လိုချင်ရင် မမက ညီမလေးကိုယ်စား ဆောင်းရာသီရဲ့ သဘာဝရှုခင်းတွေ အကြောင်းကို ကဗျာနှစ်ပုဒ်လောက် လက်တမ်း ရွတ်ပြလို့ ရပါတယ်၊ ညီမလေးကို မလှောင်ပါဘူး”
နန်းပေါင်ရီက မျက်ခုံးပင့်လိုက်ပြီး “မလိုဘူး”
“အဲ့ဒါဆို ညီမလေး၏ လက်ရာကောင်းတွေကို မမ မျှော်နေမယ်နော်”
နန်းယန်က အောင်ပွဲခံနေသည့် လေသံနဲ့ ပြုံးရင်းပြောလိုက်သည်။
နန်းပေါင်ရီက သူမ၏ ရထားလုံး ထွက်သွားတာကို ကြည့်နေရင်း နှင်းတွေကို ကန်ကျောက် လိုက်သည်။
စာအုပ်ဆိုင်ပိုင်ရှင်က တံမြက်စည်းကိုင်ပြီး သူမဆီ ရောက်လာသည်။
“နန်းသခင်မလေး ၅၊ သခင်မလေးရဲ့ အစ်မက ဘယ်သူလဲ၊ ကျစ်!!!! မမလေး မမြင်လိုက်လို့၊ သူက ကဗျာတစ်ထပ်ကြီး စာအုပ်ဆိုင်ထဲကို ယူလာတာ၊ သူမက အထင်အမြင်သေးတဲ့ ပုံစံနဲ့ လူတွေကို ကြည့်နေတာ၊ သူက ကျွန်တော်တို့ကို စာအုပ်ထုတ်ပြီး ရောင်းပေးစေချင်တာ၊ ဘယ်လောက်တောင် မနာလိုနေသလဲပဲ၊ သူက သူ့ကိုယ်သူ ကဗျာဆရာ တစ်ယောက်လို့ ထင်နေတယ်၊ ဘယ်သူ့ကို လာပြီး အထင်သေး နေတာလဲ”
သူက အခုလေးတင် နန်းယန်၏ အခွင့်အရေးကို ဖျက်ဆီးလိုက်ကြောင်း အမှတ်ရသွားပြီး နန်းပေါင်ရီသည် သူ့ကို လက်မထောင်ပြလိုက်သည်။
“စာအုပ်ဆိုင် ဦးလေးကြီးက အတော်ဆုံးပဲ”
သူမသည် စာအုပ်ရောင်းရငွေ၏ ရာခိုင်နှုန်းကို ယူလာခဲ့ပြီး လမ်း၏တစ်ဖက်ကို အမြန်ပြေးသွားသည်။ အမတ်မင်းမှာ တကယ်ကို ကောင်းလွန်းသည်။ သူမသည် သူ့ကို ဒီနေရာမှာ စောင့်နေဖို့ပြောခဲ့ပြီး သူက တကယ်ကို ဒီနေရာမှာ မြင်းဇက်ကြိုးကိုဆွဲရင်း ခြေလှမ်း တစ်ဝက်စာတောင် မရွေ့ဘဲ စောင့်နေခဲ့သည်။ သူမ၏နှလုံးသားက ချိုမြိန်နေပြီး ပျော်မြူးအားရဟန်ဖြင့် စာအိတ်ကိုကိုင်ရင်း သူ့ဆီ ပြေးသွားလိုက်သည်။
“ဒါက ညီမလေးရဲ့ စာအုပ်ရောင်းရငွေပဲ၊ အစ်ကို ၂၊ ဘာစားချင်လဲဟင်၊ ညီမလေး ဝယ်ကျွေးမယ်လေ”
ရှောင်းယီက သူမနှင့် ဘေးချင်းယှဉ်လျက် လျှောက်နေသည်။ သူမသည် အခုလေးတင် ချန်းတယ်ယွီကို စကားပြောခဲ့သည်။ သူမက သူ၏ပါးစပ်ကို အဖွင့်အပိတ်လုပ်ပြီး ‘ချန်းအကိုကြီး’ဟု ခေါ်ခဲ့သည်။ သူ အရမ်းကို သက်သောင့်သက်သာ ရှိနေပေမယ့် သူ၏ခန္ဓာကိုယ်ကတော့ ပိုပြီး အေးစက်လာသည်။
လမ်းတစ်လျှောက်၌ လမ်းဘေး ဈေးသည်များ အများအပြား ရှိသည်။
သူသည် ဆိုင်တစ်ဆိုင်၏ရှေ့မှာ ရပ်လိုက်ပြီး “ငါဒါစားမယ်”
နန်းပေါင်ရီက သူမ၏ရွှေစတွေကို တွက်ချက် ကြည့်လိုက်ပြီး ဒီလ သူမအများကြီး ဝင်ငွေမရချေ။ ရွှေစ ခြောက်ရာသာ ရသည်။
သူမက မျက်ခုံးများကို ပင့်လိုက်ပြီး အမတ်မင်းမှာ လတ်ဆတ်သည့် အစားအစာတွေကို စားချင်နေသည်ကို တွေ့သည်။
သူညွှန်ပြသည့်ဆိုင်မှာ လှပသေသပ်စွာ တန်ဆာဆင်ထားပြီး တစ်လမ်းလုံး၌ ဈေးအကြီးဆုံးဆိုင် ဖြစ်သည်။ သူမဆီက ရွှေစနှစ်သောင်းကို အမတ်မင်းက လိမ်ယူသွားတာကို ရုတ်တရက် သူမ စဉ်းစားမိသွားသည်။ သူမ ရွှေစတွေကို စုဆောင်းရဦးမည်။ ဖောဖောသီသီ သုံးပစ်လို့မရပေ။
အဲ့ဒါကြောင့် သူမက တွန့်ဆုတ်ဆုတ်နဲ့ ပြုံးရင်း “ဒီလောက် အေးနေတဲ့ ရာသီဥတုမှာ ဘာလို့ လတ်ဆတ်တဲ့ အစားအစာတွေကို စားချင်နေတာလဲ၊ အာလူးကင် ချိုချိုလေးဆို အရမ်းကောင်းမှာပဲ၊ ဘာလို့ညီမလေးက အစ်ကို့ကို အာလူးကင် ချိုချိုလေးစားဖို့ မမေးမိရတာလဲ၊ အဲ့ဒါက ပူပူလေးနဲ့ ချိုလည်းချိုတယ် …..”
ပြီးတော့ အဓိက က ဈေးလည်းပေါတယ်။ ငါးဆင့်ပဲရှိတယ်။
ရှောင်းယီက တခြားဆိုင် တစ်ခုကို ကြည့်လိုက်ပြီး “ဟယ်ရှန်ကို သွားဖို့ မဖိတ်ချင်ဘူးဆိုရင် ယုန်သားကင် သွားစားဖို့ ပြောင်းကြတာပေါ့…”
ယုန်သားကင်ကလည်း ဈေးကြီးနေသေးသည်။
နန်းပေါင်ရီက ပြန်ပြောလိုက်သည်။
“အစ်ကို ၂၊ အာလူးကင်ချိုချိုလေးကိုပဲ မရွေးချင်ဘူးလား၊ အစ်ကိုကျန်းက ပြောတယ်၊ အာလူးက ကျန်းမာရေးအတွက် ကောင်းတယ်တဲ့”
………………………