အပိုင်း (၁၂၀)
သူမက ချန်းတယ်ယွီဆီကို တစ်လှမ်းချင်း လျှောက်သွားတယ်
သူကြားမိတာတော့ သူမက ရိုင်းစိုင်းပြီး မသိနားမလည်သည့် ကဗျာတစ်ပုဒ် စာတစ်ပုဒ်လို မိန်းကလေး တစ်ယောက်ဖြစ်သည်။ အဲ့ဒါက နားလည်မှု လွဲနေတာလို့ သူထင်ခဲ့ပေမယ့် သူမ ပြန်ပို့လိုက်သည့်စာက ဟုတ်မှန်ကြောင်း သက်သေပြနေသည်။
အရင်တုန်းက နန်းပေါင်ရီသည် သူ့ဆီကို စာများပို့ခဲ့သည်။ အားလုံးမှာ ကြင်နာမှုနဲ့ တန်ဆာဆင်ထားသည့် စကားများ ဖြစ်တာကြောင့် သဘောကျချင်စရာ ကောင်းခဲ့သည်။
နောက်ဆုံး တစ်ခုကတော့ စကားတစ်ခွန်းချင်း၊ စကားလုံး တစ်လုံးချင်းက ငွေအကြောင်းများသာ။ ကုန်သည်မျိုးရိုးက ဆင်းသက်လာသူ ပီသပါပေသည်။ စာတစ်စောင်လုံးသည် ငွေအနံ့အသက်များဖြင့် ဖုံးလွှမ်းနေပြီး ဂုဏ်ကျက်သရေကို စော်ကား ပြောဆိုထားသေးသည်။
သူ၏ ရှုံ့မဲ့သွားသည့် မျက်နှာကိုကြည့်ပြီး ရှောင်းစီ၏အပြုံးမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။
“သခင်မကြီးက စာထဲမှာ မရေးထားဘူးလား။ သူမက နန်းအိမ်တော်က နောက်ထပ် မိန်းကလေးတစ်ယောက် သခင်လေးအတွက် တွေ့ထားတယ်တဲ့။ ကျွန်တော် ကြားမိတာတော့ နန်းယန်လို့ ခေါ်တယ်။ လှပပြီး တင့်တယ်တဲ့ ကိုယ်ဟန် အမူအရာရှိတယ်။ ကဗျာစပ်တဲ့ နေရာမှာလည်း တော်တယ်။ သူမက တရားဝင်သမီး မဟုတ်ပေမယ့် နန်းသခင်ကြီး ၃ က သူရဲ့သမီးအတွက် အရမ်းဂုဏ်ယူတယ်။ သူမက နန်းပေါင်ရီထက်တော့ ပိုပြီး သင့်တော်မှာပဲ”
လူငယ်က သူ၏မျက်ခုံးတွေကို ပွတ်သပ်လိုက်သည်။
သူက အဲ့ဒီလို သာမန်ကိစ္စတွေအတွက် စိတ်ပူမနေပေ။ သူ၏ရှေ့မှ စာအုပ်ဆိုင်ကို ကြည့်လိုက်တော့ ရောင်းဝယ်နေဆဲမို့ သူ အမိန့်ပေးလိုက်သည်။
“ရပ်လိုက် ငါ စာအုပ်နည်းနည်း သွားဝယ်မယ်”
ရထားလုံးသည် လမ်းပေါ်၌ ဖြည်းညင်းစွာ ရပ်သွားသည်။
ချန်းတယ်ယွီ ရထားလုံးပေါ်က ဆင်းလာချိန်မှာ စာအုပ်ဆိုင်အဝက အငြင်းပွားမှုတစ်ခုကို တွေ့လိုက်သည်။
စာအုပ်ဆိုင်ပိုင်ရှင်သည် စာရွက် အထပ်လိုက်ကို နှင်းတွေကြားထဲသို့ ပစ်ထုတ်လိုက်သည်။ သူ၏မျက်နှာသည် မနှစ်မြို့ဟန်နှင့် ပြည့်နေပြီး ပြောလိုက်သည်။
“ဒါက ကဗျာလား၊ မင်းအတွက်ငါက ကဗျာစုစည်းမှုစာအုပ် ထုတ်ပေးရမယ်တဲ့လား။ အိပ်မက် မက်မနေနဲ့ အဲ့ဒီလောက် လွယ်မနေဘူး၊ စာအုပ်ထုတ်ရင်တောင် ဘယ်သူကမှ ဝယ်ကြမှာ မဟုတ်ဘူး”
ပြောပြီး သူသည် စာအုပ်ဆိုင်ထဲသို့ ဒေါသထွက်လျက် ပြန်ဝင်သွားတော့သည်။
အသက် ဆယ့်သုံး ဆယ့်လေးနှစ်ခန့်သာ ရှိဦးမည့် ချောမောလှပသည့် ကောင်မလေး တစ်ယောက်၊ အားနည်းဟန်ရှိပြီး အနည်းငယ် သနားစ ရာကောင်းသည့် မျက်နှာလေးဖြင့် အကူအညီမဲ့စွာ စာရွတ်လိပ်ကို ကောက်ယူရန် ကြိုးစားသည်
လေအေးများက သူမ၏ဝတ်စုံ အနားစကို တိုးဝင်တိုက်ခတ်နေပြီး ဝတ်စုံအစွန်းက ဖုန်အနည်းငယ် ပေကျံနေသည်။
စာရွက်လိပ်က လေနဲ့အတူ ချန်းတယ်ယွီ၏ ခြေထောက်နားသို့ ရောက်လာသည်။
သူက ကောက်ယူလိုက်ပြီး ကြည့်လိုက်သည့်အခါ ကဗျာများ၏ ခေါင်းစဉ်မှာ ရှင်းလင်းပြီး တင့်တယ်သည်။ မိန်းကလေးနှင့် ဆိုင်သည့် ကဗျာများ မြို့တော်၏ ကျမ်းစာများဖြစ်ပြီး သေသပ်နေသည်။
သူက စာရွက်ကို မိန်းကလေးဆီ ကမ်းပေးလိုက်ပြီး “ကဗျာတွေက မိန်းကလေး ရေးထားတာလား”
နန်းယန်က ခေါင်းကိုငုံ့လိုက်ပြီး တိုးဖွဖွပြောသည်။
“ဒီမိန်းမငယ်လေးက အရည်အချင်း မရှိပါဘူး။ သခင်လေးကို ရယ်စေမိပြီ”
“ငါထင်တာတော့ အရေးအသား ကောင်းပါတယ်”
ချန်းတယ်ယွီက ပြုံးလိုက်ပြီး “သူမက သူမရဲ့ အခန်းထဲမှာပဲ နေရပေမယ့် သူမ ကဗျာတွေနဲ့ စာတွေကို ရေးဖွဲ့နိုင်တယ်။ အဲ့ဒါက အံ့ဩဖွယ်ရာပဲ။ မိန်းကလေးရဲ့ နာမည်ကို သိခွင့်ရှိမလား”
နမ်းယန်၏ နှလုံးသားက နွေးထွေးသွားရပြီး မျက်နှာက နီရဲလာသည်။
နန်းပေါင်ရုံ၏ မင်္ဂလာပွဲကို တက်ပြီးနောက် သူမသည် ဟန်လင်းလမ်းကို တစ်ယောက်တည်း လာခဲ့ပြီး အကြီးဆုံး စာအုပ်ဆိုင်ကို ရှာတွေ့ခဲ့သည်။ သူမသည် သီချင်းဆိုခြင်းနှင့် သီဆို၍ ဖြတ်သန်းခြင်းလိုမျိုး စာအုပ်ရေးချင်ခဲ့ပြီး အရမ်း အောင်မြင်ချင်ခဲ့သည်။
ကဗျာတချို့ကနေ အဖိုးထိုက်တန်မှုကို ကူးပြောင်းသွားမယ်လို့ ဘယ်သူက ထင်မှာလဲ။ စာအုပ်ဆိုင်ပိုင်ရှင်သည် သူမကို လှောင်ပြောင်ခဲ့ပြီး သူမ၏ကဗျာများက အဓိပ္ပါယ်မရှိဘဲ အလွန်အကျူး ရေးဖွဲ့ထားသည်ဟု ပြောခဲ့သည်။
အခုတော့ ချောမောကြည့်ကောင်းသည့် လူငယ်လို နားလည်နိုင်သည့်သူနှင့် တွေ့ရသည့် အတွက် သူမပျော်ရွှင်နေသည်။
သူမသည် ပျော့ပျောင်းသည့် အသံဖြင့် “ဒီမိန်းကလေးက နန်းအိမ်တော်ကပါ နန်းယန်လို့ ခေါ်ပါတယ် သခင်လေး၏ မျိုးရိုးကိုရော သိခွင့်ရှိမလား”
ချန်းတယ်ယွီသည် ခေတ္တမျှ အံ့ဩနေပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“သခင်လေးက ဘာလို့ရီတာလဲ”
ချန်းသခင်လေးက ညင်သာသည့်အသံဖြင့် “ဒါရေစက်ပဲ။ ငါတို့မိသားစု နှစ်ခုက တကယ်ကို တွေ့ဖို့ ကံပါတယ်။ ငါက ချန်းတိုင်ရှု မိသားစုရဲ့ ဒုတိယသခင်လေး ချန်းတယ်ယွီပါ”
ပြောပြီး သူက သူမကို အရိုအသေပြုလိုက်သည်။
နန်းယန်က အလောတကြီး ပြန်ပြီး အရိုအသေ ပေးလိုက်သည်။ သူ၏ နှလုံးသားက ခုန်လှုပ်နေသည်။
မမျှော်လင့်ထားပဲ သူမရှေ့မှ လူငယ်သည် ချန်းသခင်လေး ဖြစ်နေခဲ့သည်။ သူသည် ရှန်ကျင်းမှာ စာလေ့လာခဲ့ပြီး ပြန်လာတာဖြစ်သည်။ ပထမဆုံး တွေ့ဆုံမှုမှာ ကရုဏာနဲ့စတင်ခဲ့ပြီး သူသည် သူမကိုကယ်တင်မည့် သူရဲကောင်း တစ်ယောက်လိုပင်။ ဘုရားသခင်က သူမကို ကူညီခဲ့သည်။
သူမ၏ လှပသည့် မျက်နှာလေးမှာ ရှက်သွေးဖြာနေပြီး “ကျွန်မက အခုလေးတင် စာအုပ်ဆိုင်ပိုင်ရှင်ဆီက လှောင်ပြောင် ခံခဲ့ရတယ်။ သခင်လေးကို ရယ်မောစေမိပြီ”
ချန်းတယ်ယွီက သူမ၏ လက်မောင်းကြားတွင် ညှပ်ထားသည့် စာရွက်လိပ်ကို တစ်ချက်ကြည့်လိုက်ပြီး “မင်းရဲ့ ကဗျာတွေက လှပပြီး သေသပ်ပါတယ်။ အဲ့ဒါက အရမ်းမြင့်တာနဲ့ အရမ်းနိမ့်တာမျိုးဆိုတော့ သာမာန်လူတွေက လက်မခံနိုင်ကြဘူး”
နန်းယန်၏ မျက်နှာက ပိုပိုပြီး နီရဲလာသည်။
သူတို့နှစ်ယောက် စကားပြောနေသည့် အချိန်မှာပင် နန်းပေါင်ရီနဲ့ ရှောင်းယီ ရောက်လာခဲ့သည်။
နန်းပေါင်ရီသည် လမ်းမ၏ တစ်ဖက်ခြမ်းမှ ထိုသူနှစ်ယောက်ကို မယုံနိုင်စွာ စိုက်ကြည့်နေသည်။
“ချန်းသခင်လေးက ပြန်လာပြီလား”
လူငယ်က အဖိုးတန်သည့် သားမွေးဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းလို ကြင်နာတတ်သည့် မျက်နှာရှိသည်။ သူက ကြင်နာဟန်ရှိပြီး ရည်မွန်ဟန် ရသော်လည်း သူ၏စိတ်မှာ ဘယ်လောက် ကောက်ကျစ်လဲ ဆိုသည်ကို သူမသိသည်။
သူက သူ၏ဇနီးကို စိတ်ပျက်နေပြီး သူ၏မင်္ဂလာဦးညမှာ နန်းယန်နဲ့သာ ပျော်ပါးကုန်ဆုံးခဲ့သည်။ သူက လေးစားမှု မရှိသလို မှန်ကန်မှုလည်း မရှိပါချေ။ သူသည် နန်းအိမ်တော်၏ စည်းစိမ်ချမ်းသာများကို ခိုးယူသွားကြပြီး နန်းအိမ်တော် ပျက်စီးအောင် ကြံစည်ခဲ့ကြသည်။ နန်းအိမ်တော် ပျက်စီးသွားပြီးနောက် သူ့ဘက်မှ သူမကို စွန့်ပစ်ရန်အတွက် လုံလောက်သွားခဲ့သည်။
ဧကရာဇ်သည် ရှုနိုင်ငံကို လှည့်လည်သည့်အခါ ဦးနှောက်သွေးကြောပြတ်ပြီး အားနည်းသည့် ဝေဒနာကို ခံစားခဲ့ရသည်။ ချင်ထန်ကျင်း၏ ‘တိမ်ထူပြီး လသာသည့် နှစ်မှာ မွေးဖွားသည့် မိန်းကလေး တစ်ယောက်သည် ဧကရာဇ် နန်းတော်မှ ချုံရှီကို ခစားဖို့အတွက် သွားရမယ်’ ဆိုသည့်စကားကြောင့် သူသည် သူမကို အလွယ်တကူနဲ့ နန်းတော်သို့ ရောင်းခဲ့ပြီး သူမမှာ ချုံရှီ၏ အစေခံဖြစ်ခဲ့ရသည်။
လမ်းတစ်ဖက်မှ ချန်းတယ်ယွီကို နန်းပေါင်ရီသည် စိုက်ကြည့်နေဆဲပင်။ သူမ၏ သွယ်လျသည့် ခန္ဓာကိုယ်သည် တုန်ရီနေသည်။ သူမ၏ ဖွေးဉုနေသည့် လက်များကို အချင်းချင်း တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သွေးထွက်လာသည်အထိ သူမ၏ လက်သည်းများနှင့် လက်ဖဝါးကို ကုတ်ခြစ်နေသည့် တိုင်အောင် သူမနာကျင်မှုကို မခံစားရပေ။
သူမက ချန်းတယ်ယွီဆီကို တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။ သူမ၏ အနီရင့်ရောင် ဝတ်စုံက လေအဝှေ့မှာ လှိုင်းလုံးများ ကြမ်းကြုတ်စွာ အသံမြည်နေသကဲ့သို့ပင်။ မရေမတွက်နိုင်သည့် ရန်သူများသည်လည်း သွေးပင်လယ် လှိုင်းကြီးလိုပင် ရှိနေသည်။
ရထားလုံးတစ်ခုသည် လမ်းပေါ်သို့ ဒုန်းစိုင်း ပြေးလာသည်။
ရှောင်းယီသည် အေးစက်သည့် မျက်နှာနှင့် ကောင်မလေးကို လှမ်းဆွဲပြီး
လက်မောင်းကြားထဲ ထည့်ဖက်ထားလိုက်သည်။
“သေချင်နေတာလား”
နန်းပေါင်ရီသည် သူမ၏ မျက်လုံးများကို မှိတ်လိုက်ပြီး ရှောင်းယီ၏ ခါးကိုဖက်ပြီး ငိုချလိုက်သည်။ မျက်ရည်များက သူမ၏ဝတ်စုံကို စိုစွတ်သွားစေပြီး အနက်ရောင် အကွတ်များ ပေကျံစေသည်။
ရှောင်းယီက အနည်းငယ် စိတ်လှုပ်ရှား သွားသည်။ ဓါးတုံးတုံးဖြင့် အသားကို လှီးနေသလို နာကျင်သည့် ခံစားချက်မျိုးကို ခံစားနေရသည်။ သူသည် သူ၏မျက်ခုံးတွေကို ပင့်လိုက်ပြီး အဝေးမှ ချန်းတယ်ယွီနှင့် နန်းယန်ကို စိုက်ကြည့်လိုက်သည်။
ဒီလူမှာ ချန်းဒုသခင်လေးမှန်း သူသိသွားသည်။ ဖြစ်နိုင်သည်မှာ မိန်းမငယ်လေးက သူ၏သတို့သားလောင်း သူ၏အစ်မနှင့် ရယ်မောနေခြင်းကိုတွေ့ပြီး သဝန်တို၍ ငိုပုံရသည်။
ဒါပေမယ့်လည်း သူမစေ့စပ်ပွဲကို ဖျက်သိမ်းချင်တယ်လို့ သေချာပြောခဲ့သည် မဟုတ်ဘူးလား ဒါမှမဟုတ် သူမက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ကို ပြောရုံတင်ပြောခဲ့ပြီး ချန်းတယ်ယွီကို အခုထိ စိတ်ထဲရှိနေခြင်းလား။
ဟုတ်သည်။ သူမရေးသည့် ဝတ္တုများ အားလုံးက တိုက်ခိုက်ခြင်းကအချစ် တို့ causing ကအချစ် တို့ဆိုသည့် ခေါင်းစဉ်များ ဖြစ်သည်။ ဘယ်လိုပဲ ဆေးရွက်ကြီးက ထိခိုက်နေပါစေ သူမသည် ဆေးရွက်ကြီးအပေါ် တူညီသည့် တုံ့ပြန်မှု ရှိမှာပင်။
‘နန်းကျောင်းကျောင်း မင်းအဲ့ဒီကောင်ကို ကြိုက်နေမှာ ငါကြောက်တယ်’
အဓိကအချက်ကို သူရှာတွေ့သွားပြီဟု ရှောင်းယီ ထင်လိုက်သည်။ ကောင်မလေးမှာ ငိုကြွေးနေပြီး မျက်ရည်များ ကျဆင်းနေသည်က သူ့ကို ခံစားချက် ဆိုးဝါးစေသည်။
သူသည် သူမ၏မျက်ရည်များကို သုတ်ပေးလိုက်ပြီး “မင်းထပ်ငိုရင် ငါမင်းကို ကျုံးထဲပစ်ချပစ်မယ်”
နန်းပေါင်ရီ၏ မျက်ရည်များ အမြန်ရပ်တန့်သွားသည်။ သူမသည် တစ်ကြိမ်အားရအောင် ငိုပြီးနောက် စိတ်သက်သာရာ ရသွားသည်။ အတိတ်ဘဝ၏ မမျှတမှုမျာနှင့် ခါးသီးမှုများက စုပုံလာပြီး မျက်ရည်များအဖြစ် အရည်ပျော် သွားကြသလိုပင်။ လက်စားချေဖို့ဆိုသည့် ခိုင်မာသည့် ဆုံးဖြတ်ချက်သာ ကျန်ရှိနေတော့သည်။ လက်စားမချေခင် သူမ စေ့စပ်ပွဲကို ဖျက်သိမ်းရမည်။ သူမသည် ရှောင်းယီကို ပြောလိုက်သည်။
“အစ်ကို ၂ ညီမလေးကို ဒီမှာစောင့်နေနော်။ ခဏလေးပဲ ညီမလေး ပြန်လာခဲ့မယ်”
သူမက စာအုပ်ဆိုင်၏ အဝင်ဝနားကို လျှောက်သွားလိုက်ပြီး “အိုး!!! ဒါက မမ မဟုတ်ဘူးလား။ ဒီဘက်က သခင်လေးက ဘယ်သူလဲ။ ဒီ အဝတ်အစား ကောင်းကောင်းတွေ ဝတ်ထားတဲ့ သခင်လေးကို ကြည့်ပါဦး မမရဲ့ကိုယ်လုပ်တော်လား”
သူမက တမင်ကို ရည်ရွယ်ချက်ရှိရှိ ပြောလိုက်ခြင်းဖြစ်သည်။ ချန်းတယ်ယွီကို အရှက်ကွဲစေရန် ရည်ရွယ်သည့်အပြင် သူမ၏ နှုတ်ကြမ်းသည်ဆိုသည့် အချက်ကိုသုံးပြီး သူ့ကို လက်လျှော့ သွားစေချင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် ချန်းတယ်ယွီသည် သူမကို စေ့စပ်ပွဲ ဖျက်သိမ်းကြောင်း စာပို့လာလိမ့်မယ်။
ချန်းတယ်ယွီသည် မျက်မှောင်ကြုတ် လိုက်သည်။ ခုနလေးတင် ဒီမိန်းကလေးသည် ကြည့်ကောင်း ချောမောလို့ သူတောင် ခဏတာ စိတ်လှုပ်ရှား သွားရသေးသည်။ ဒါပေမယ့် အခုတော့ သူမ၏စကားမှာ ကြမ်းတမ်းလွန်းပြီး ယဉ်ကျေးမှုမရှိပေ။
သူမသည် နန်းယန်ကို မမဟု ခေါ်လိုက်သည်ဆိုတော့ သူမဟာ သူ၏သတို့သမီးလောင်း နန်းပေါင်ရီသာ ဖြစ်ရမည်။ သူမဆီက ပြန်စာအကြောင်းကို စဉ်းစားမိပြီး သူက သူမကို ပိုပြီး စက်ဆုပ်သွားတော့သည်။
နန်းယန်က တိတ်တိတ်လေး ပျော်ရွှင်နေသည်။ နန်းပေါင်ရီသည် ဒီသခင်လေးဟာ ချန်းတယ်ယွီမှန်း မသိသေးလို့သာ အဓိပ္ပါယ်မရှိသည့် စကားများ လျှောက်ပြောနေခြင်းဖြစ်မည်။
အရမ်းကောင်းသည်။ ချန်းသခင်လေးသာ နန်းပေါင်ရီဘယ်လောက် ကြမ်းတမ်းရိုင်းစိုင်းလဲ ဆိုသည်ကို သိသွားရင် စေ့စပ်ပွဲကို ဖျက်သိမ်းပြီး လက်ထပ်ပွဲလည်း ဖြစ်မလာနိုင်တော့ပေ။
သူမက မိန်းမပီပီသသ ညင်သာသည့်အသံနဲ့ နွေးထွေးစွာ ပြောလိုက်သည်။
“ကျောင်းကျောင်း အဓိပ္ပါယ်မရှိတာတွေ လျှောက်မပြောရဘူး။ ဒီသခင်လေးက ညီမလေး၏ သတို့သားလောင်း ချန်းအိမ်တော်ရဲ့ ဒုတိယသခင်လေးပဲ”
“ချန်းသခင်လေး ပြန်လာပြီလား”
နန်းပေါင်ရီက ရွှင်မြူးတက်ကြွ သွားဟန်နှင့် ပြောလိုက်သည်။
“အစ်ကိုချန်း ကျင်းကွမ်မြို့ကို ဘယ်တုန်းက ပြန်ရောက်တာလဲ။ ဘာလို့ နန်းအိမ်တော်ကို လာပြီး ညီမကို လာမတွေ့ရတာလဲ။ ဒီနှစ်တွေအတွင်း အစ်ကိုဘာတွေ ပြောင်းလဲသွားလဲဆိုတာ ညီမ မတွေ့ရသေးဘူးလေ။ ကျောင်းကျောင်းက အစ်ကို့ကို အရမ်းသတိရနေတာ။ အိုး!! အစ်ကို့ရဲ့ အဖိုးတန်သားမွေး ဝတ်ရုံက အရမ်းလှတာပဲ ဘယ်လောက်ပေးရလဲ?”
သူမသည် ချန်းတယ်ယွီ၏ သားမွေးဝတ်ရုံကို လက်လှမ်းပြီး ကိုင်ကြည့်ဖို့ လုပ်သည်။
ချန်းတယ်ယွီက အလွန် မနှစ်မြို့ဟန်ဖြင့် “သူမ၏လက်ကို ပုတ်ထုတ်လိုက်ပြီး ဒါကိုထိမယ်ဆိုရင် သတိထားဖို့ လိုတယ်”
နန်းပေါင်ရီက ခေတ္တတိတ်ဆိတ်သွားသည်။ သူ၏လက်ကို ပြန်မဖုံးလိုက်ခင်မှာ နီရဲနေတာကို သူမ တွေ့လိုက်ရသည်။
………………………