NBY အပိုင်း ၁၁၈

အပိုင်း (၁၁၈)

ကြီးကျယ်ခမ်းနားသည့် မင်္ဂလာပွဲ

“အဲ့ဒါက ငါ့ကို စိတ်ကသိကအောက် ဖြစ်စေတယ်”

နန်းပေါင်ရီက စိတ်လျှော့လိုက်ပြီး “ညီမလေးက ဖိအားမပေးပါဘူး၊ အစ်ကိုရဲ့ နောက်ခံအခြေအနေက အစ်ကို ၂ အတွက်သာ အရေးကြီးတာပါ”

အရင်ဘဝတုန်းက ရှောင်းယီသည် ဧကရာဇ်နန်းတော်တွင် ဆွေမျိုးများမရှိဘဲ တစ်ယောက်တည်း နေခဲ့တာဖြစ်သည်။

နန်းပေါင်ရီ ခန့်မှန်းကြည့်ရသလောက် သူ့၌ ဆွေမျိုးများနှင့် ပတ်သက်ပြီး သူ့ဇာတိမှာ မကောင်းသည့် ကိစ္စတစ်ခု ရှိခဲ့ပုံပင်။ အဲ့ဒါကြောင့် သူတို့က အချင်းချင်း အသိအမှတ်ပြုဖို့ ငြင်းဆန်နေကြခြင်း ဖြစ်မည်။

သူက စွန့်ပစ်ခံ ကလေးတစ်ယောက်ဖြစ်ပြီး သူ၏ မွေးစားမိဘတွေက ပုံမှန်အတိုင်း ခေါ်ယူမွေးစားခဲ့သည်။ အမတ်မင်းသည် တကယ်တော့ သနားစရာ ကောင်းသူပင်။ နန်းပေါင်ရီသည် အတွေးဆုံးသည်နှင့် ရှောင်းယီ၏ လက်ချောင်းလေးများကို အလေးအနက် ထွေးဆုပ်လိုက်သည်။ ထို့နောက် သူမသည် ခေါင်းမော့လိုက်ပြီး ဖြူစင်ပြီး နူးညံ့သည့် မျက်နှာလေးနဲ့ ပြောလိုက်သည်။

“အစ်ကို ၂၊ ညီမလေးက အစ်ကို့အပေါ် အခုထက် နှစ်ဆပိုပြီး ကောင်းပေးမယ်၊ အိမ်ရဲ့ နွေးထွေးမှုကို ညီမလေးက ရအောင် ဖန်တီးပေးမယ်”

ရှောင်းယီက စနောက်ပြုံးလိုက်ပြီး “ဘယ်လို ကောင်းပေးမှာလဲ?”

“အေးနေရင် ညီမလေးက အစ်ကို့အတွက် အဝတ်တွေ ထပ်ဝယ်ပေးမယ်၊ ဗိုက်ဆာနေရင် ကြက်စွပ်ပြုတ် ပူပူလေးတိုက်မယ်၊ နှစ်သစ်ကူးတိုင်းမှာ အစ်ကိုနဲ့အတူ ဘေးနားက ရှိနေပေးမယ်”

နန်းပေါင်ရီသည် သူမ၏ မျက်ခုံးတွေကို ပင့်လိုက်ပြီး “အစ်ကို ၂ က ညီမလေးကို မငြိုငြင်ရဘူးနော်”

ရှောင်းယီသည် တည်ငြိမ်စွာ ကြည့်နေသည်။ နန်းပေါင်ရီ၏ဘက်က မမြင်နိုင်သည့် တစ်ဖက်ကို လှည့်လိုက်ပြီး ပြုံးလိုက်သည်။

သူ့အိမ်သည် ခေါင်ရမ်းပန်းလေးက ထောက်ထားညှာတာ တတ်ပုံရသည်။ သူ၏ပျော်ရွှင်မှုတွေက အလဟဿ မဖြစ်ခဲ့ပါချေ။

ရှန်းရိချောင်က နန်းအိမ်တော်မှာ နေနေသည်။ သူ၏တော်ဝင်မျိုးနွယ် ဂုဏ်ပုဒ်ကို စွဲကိုင်ပြီး နန်းမိသားစုတွေနဲ့ အဆက်အဆံ မလုပ်သော်လည်း သူ့လက်ထဲ၌ ရွှေစမရှိတော့ချေ၊ သူ၏အဝတ်အစားနှင့် အစားအသောက်များကအစ နန်းအိမ်တော်ကို မှီခိုရတော့သည်။

ဆောင်းရာသီ၏ ပထမဆုံး နှင်းကျသည့်ရက်တွင် နန်းပေါင်ရုံ၏ လက်ထပ်ပွဲကို ကျင်းပသည်။ နန်းအိမ်တော်က အလွန် အသက်ဝင်နေသည်။ ဥယျာဉ်ထဲမှ အနီရောင် ပန်းလေးများပင် ပျော်ရွှင်စေသည်။

မနက်စောစော၌ နန်းအိမ်က မမလေးများသည် ဝတ်စားပြင်ဆင်ပြီး နန်းပေါင်ရုံ၏ ဖြီးလိမ်းပ ြင်ဆင်သည့် အခန်းကို ပျော်ရွှင်စွာ ပြေးသွားကြသည်။

နန်းပေါင်ကျူးက သူမ၏လက်ဆောင်ကို လက်မှမြှောက်ပြီး “မမကြီး၊ ညီမလေးက မမကို ပတ္တမြားတစ်စုံစာ ပေးပါတယ်၊ အဲ့ဒါက ပတ္တမြား အကြီးကြီးထဲက သွေးထားတာ၊ အနီရောင် တောက်နေတာပဲ၊ အပြစ်အနာအဆာလည်း လုံးဝမရှိဘူး၊ ဘုရင်မရဲ့ အဆင်တန်ဆာလို့တောင် ပြောကြတယ်၊ မေမေက အဲ့ဒါကို သေတ္တာရဲ့ အောက်ဆုံးမှာထားပြီး အရမ်းတန်ဖိုးထားတာ”

နန်းပေါင်ရီကလည်း အားကျမခံ သူမ၏လက်ဆောင်ကို ကိုင်ပြလိုက်ပြီး “ညီမလေးက မမကြီးကို အသက်ရှည်စေတဲ့ ရွှေရောင် လည်စည်းလေးကို ပေးပါတယ်၊ ရွှေက သာမာန်ပေမယ့် အသက်ရှည်ဖို့အတွက် သိုးသားရေနဲ့ ကျောက်စိမ်းကို ရောစပ်ပြီး လုပ်ထားတာ၊ အရမ်း တန်ဖိုးကြီးပြီး ဈေးထဲမှာ ဝယ်လို့မရတဲ့ ပစ္စည်းပဲ။ ဒါက မေမေအကြိုက်ဆုံး အသွင်းပစ္စည်းပဲ၊ တန်ဖိုး မဖြတ်နိုင်တဲ့ ရတနာလေး”

အိမ်တော်က မောင်းမ နှစ်ယောက်ကလည်း လက်ဆောင်တွေကို ထုတ်ပေးကြသည်။ သူတို့၏ ပစ္စည်းတွေလောက် တန်ဖိုးမရှိသော်လည်း အပြင်မှာတော့ တန်ဖိုးရှိသည့် ပစ္စည်းများ ဖြစ်သည်။

နန်းယန်သည် ပန်းထိုးထားသည့် ထိုင်ခုံပေါ်တွင် ထိုင်နေပြီး မျက်နှာက အဆင်ပြေဟန် မရပေ။ သူမသည် နန်းအိမ်မှ သမီးတစ်ယောက်ဖြစ်ပြီး နန်းပေါင်ရုံ၏ အလှပြင်ခန်းထဲသို့ လာခဲ့သော်လည်း သူမတွင် အဖိုးတန် ကျောက်မျက်ရတနာများ ပါမလာခဲ့ချေ။ သူမသည် နန်းပေါင်ရုံကို လက်ဆောင်ပေးရန် တွန့်ဆုတ်နေသည်။

တခြား မိန်းကလေးများကို ကြည့်ပြီး သူမ၏မျက်လုံးများကို အောက်ချထားဖို့သာ တတ်နိုင်ပြီး အလှပြင်ခန်းဆီကို ယူသွားလိုက်သည်။

“ဒီအိတ်လေးက ညီမလေးကိုယ်တိုင် ထိုးထားတာပါ။ ထိပ်ဆုံးက ကြာပွင့်က မမကြီးနဲ့ သခင်လေးစုန့်တို့ မောင်နှံကို ကိုယ်စားပြုပါတယ်၊ မမကြီး ကြိုက်လိမ့်မယ်လို့ ညီမလေး မျှော်လင့်ပါတယ်”

သူမ၏အသံက ပိုးကောင်ငယ်လေး အော်သံလို တိုးလျနေပြီး သူမ၏ခေါင်းကို မော့ရန်ပင် အလွန်ရှက်နေရသည်။ တခြားသူတွေက ကောင်းသည့် ပစ္စည်းများ ပေးကြပြီး သူမမှာတော့ ကိုယ်ပိုင်လက်သာ ရှိသည်။ သူမသည် ကလေးတစ်ယောက် အနေနဲ့တောင် အဆင့်မမီပါချေ။ အရမ်းရှက်စရာ ကောင်းလှသည်။

နန်းပေါင်ရုံက ယူလိုက်ပြီး သိပ်သဘောမတွေ့လှပေမယ့် သူမက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“အားလုံးက မမ၏ ညီမလေးတွေပဲ၊ မမက ညီမလေးကိုယ်တိုင် ထိုးပေးထားတဲ့ အိတ်ကိုရလို့ ဝမ်းသာပါတယ်၊ ညီမလေးက အားနည်းပြီး တသီးတသန့် ဆန်တယ်၊ ညီမလေး မကြာခဏ တခြား ညီအစ်မတွေနဲ့ အတူကစားလေ၊ မမ ပြောပေးရမလား”

နန်းယန်က ရှင်းပြချင်သော်လည်း သူ၏ဝတ်ရုံထဲမှ လက်ကို အချင်းချင်း တင်းတင်း ဆုပ်ထားပြီး ဘာမှပြန်မပြောပါချေ။ သူမစိတ်ထဲ၌ သိနေသည်မှာ အဲ့ဒီညီအစ်မများက သူ့ကို နှိမ်ချမြင်ကြပြီး သူမနှင့်အတူ ရှိရမှာကို စက်ဆုပ်ရွံရှာ ကြသည်။

ဒါပေမယ့် ဟယ်ဒုံမှာ အနှစ်သုံးဆယ်ကြာရင် ဟယ်ရှီမှာ အနှစ်သုံးဆယ်ကြာရင်၊ တနေ့တော့ နန်းအိမ်တော်မှ မိန်းကလေးတွေ ကြားထဲမှာ နန်းယန်သည်သာ အတော်ဆုံး ဆိုတာကို သူတို့အားလုံး အား သူမသက်သေပြမည်။

မင်္ဂလာအချိန်ရောက်ခဲ့ပြီ….

နန်းပေါင်ရုံသည် အနီရောင် ဇာပဝါကို အုပ်ထားသည်။ အိမ်အပြင်ဘက်မှာလည်း လှုပ်ရှား အသက်ဝင် နေကြသည်။ ခြံဝင်းထဲကို ဝင်လာသည့် ဆွေမျိုးတွေကိုလည်း ဧည့်ခံနေကြသည်။

နန်းပေါင်ရီသည် အားလုံးစုနေသည့် အခန်းထဲမှာ တစ်ခုခုကို လျှို့ဝှက်ပြီး ရှာနေသည်။ ဝမ်းကွဲညီ ညီမများထဲတွင် ငယ်ရွယ်သည့် ယောက်ျားလေးများနှင့့် မိန်းကလေးများက အုပ်စုတစ်အဖြစ် စုနေကြသည်။ အမတ်မင်းနှင့် ကျန်းဆွေ့ဟန်သည် ကြိုဆိုရေးအဖွဲ့မှာ ရှိနေပြီး လူဘယ်နှယောက် ရောက်လာလဲ ဆိုသည်ကို ရေတွက်နေကြသည်။

သူမသည် ချိုမြိန်သည့် အပြုံးလေးဖြင့် ပြောလိုက်သည်။

“ကျူးကျူး၊ နင်သွားတားလိုက်၊ သူတို့တွေ မမကြီးကို လွယ်လွယ်နဲ့ ခေါ်မသွားစေနဲ့”

ဒီနေ့ခေတ်မှာ ‘တံခါးပိတ်ထားခြင်း’ က မင်္ဂလာပွဲတွေမှာ ခေတ်စားနေသည်။ သတို့သမီးကို သတို့သားက လွယ်လွယ်ကူကူနဲ့ ခေါ်မသွားနိုင်အောင် မိန်းကလေးများက မေးခွန်းတွေမေးပြီး တားဆီးကြသည့် ပုံစံမျိုး ကစားနည်း တစ်ခုဖြစ်သည်။ စိတ်လှုပ်ရှားစရာ ကောင်းအောင် ထည့်သွင်းထားသည့် ကစားနည်းလေးသာ ဖြစ်သည်။

“ငါက တံခါးပိတ်ကစားနည်းမှာ တော်တယ်”

နန်းပေါင်ကျူးက သူမ၏ ဝတ်ရုံလက်ကို ဟန်ပါပါ ပင့်တင်လိုက်ပြီး အိပ်ခန်းကို အမြန် ပြေးသွားသည်။ သူမသည် တံစက်မြိတ်အောက်တွင် ဦးဆောင်ပြီး ခါးထောက်လျက် မတ်တပ် ရပ်နေသည်။

“ဝမ်းကွဲအစ်ကိုစုန့်၊ မမကြီးကို လက်ထပ်ချင်ရင် ညီမလေးရဲ့ မေးခွန်းတွေကို မှန်မှန်ဖြေရမယ်”

စုန့်ရှစ်နင်သည် အနီရောင် သတို့သားဝတ်စုံကို ဝတ်ဆင်ထားပြီး လေပြေညင်းက သူ၏မျက်နှာနှင့် သူ၏လက်များကို ကျီစယ်နေသည်။

“ညီမလေးပေါင်ကျူး၊ ကိစ္စမရှိဘူး၊ မေးသာမေးပါ”

နန်းပေါင်ကျူးက ပြုံးလိုက်ပြီး “မမကြီး၏ အကြိုက်ဆုံး အစားအစာက ဘာလဲ”

စုန့်ရှစ်နင်သည် နီးကပ်နေသည့် လူအုပ်ကြီးကို ယဉ်ကျေးစွာ ကြည့်လိုက်ပြီး “ရုံအာက ခေါင်ရမ်းမုန့်၊ ရူယီကိတ်မုန့်ကြိုက်တယ်၊ အပြာရောင်ဖျော့ဖျော့ အဝတ်အစားတွေ ဝတ်ရတာကြိုက်တယ်၊ ‘ရုံးလုလင်၏ ပွဲကြည့်စင်’ ပြဇတ်ကို ကြည့်ရတာ ကြိုက်တယ်၊ ဆောင်းရာသီမှာ နှင်းတွေကြည့်ရတာ ကြိုက်တယ်၊ ရုံအာ အကြိုက်ဆုံးက စပ်တဲ့ အစားအစာတွေ၊ လောကဝတ်တွေနဲ့ ကျင့်သုံးရမဲ့ စည်းမျဉ်း စည်းကမ်းတွေကို အရမ်းလေးစားတယ်၊ ဆေးသောက်ရတာကို မကြိုက်ဘူး၊ ပြီးတော့ ညီမငယ်လေးတွေကို အချစ်ဆုံးပဲ”

သူက အကြောင်းအရာ တစ်ခုချင်းစီကို ချက်ကျလက်ကျ ပြောသွားသည်။ အိပ်ခန်းထဲမှာတော့ နန်းပေါင်ရုံမှာ သေချာနားထောင်နေပြီး မျက်ဝန်းက မျက်ရည်များ ကျလာသည်။

ယောက်ျားလေး တစ်ယောက်သည် မိန်းကလေး တစ်ယောက်ကို တကယ်ချစ်လျှင် သူ၏စိတ်ထဲ၌ သူမ၏ အကြိုက်များနှင့် မနှစ်သက်သည့် အရာတွေကို မှတ်သားထားမည် ဖြစ်သည်။

သူမက သူကို တကယ်ချစ်သည့် ချမ်းသာသည့်သူနဲ့ လက်ထပ်ရတော့မည်။

တောင်ပိုင်း၏ ရတနာလေး နှစ်ခုက အချင်းချင်း စကားပြောနေကြသည်။

နန်းပေါင်ကျူးက နန်းပေါင်ရီ၏ အင်္ကျီလက် အစွန်းကို ဆွဲလိုက်ပြီး သူမ၏နားနားကို ငုံ့ပြီး တိုးတိုးလေး ကပ်ပြောသည်။

“ကျောင်းကျောင်း၊ ဝမ်းကွဲအစ်ကိုက အရမ်းတော်တယ်၊ ငါအခု သူ့ကိုမေးလို့ မရတော့ဘူး၊ သူက အားလုံးကို ဖြေသွားတော့ ငါက ဘာမှကို ထပ်မေးလို့ မရတော့ဘူး၊ နင်စမ်းကြည့် နင့်အပေါ် မူတည်နေပြီ”

သူမ၏ ဝမ်းကွဲအစ်မလေးက လွယ်လွယ် လက်လျှော့လိမ့်မယ်လို့ နန်းပေါင်ရီက မထင်ထားမိခဲ့။ ကံကောင်းစွာဖြင့် သူမကလည်း ပြင်ဆင်ထားခဲ့သည်။

သူမက မတ်တပ် ရပ်လိုက်ပြီး နွေးထွေးစွာ ပြောလိုက်သည်။

“ဝမ်းကွဲအစ်ကို၊ ညီမလေးက မမကြီး၏ ပန်းထိုးဖိနပ်ကို ဒီခြံဝင်းထဲမှာ ဖွက်ထားတယ်၊ အစ်ကိုက အဲ့ဒါကို အချိန်မီရှာနိုင်မှ မမကြီးနဲ့ လက်ထပ်လို့ရမယ်”

စုန့်ရှစ်နင်သည် စကားပြန်မပြောနိုင်၊ အစ်ကိုကြီးများအဖွဲ့မှာ သူ့ကို ‘ဟေး’ လို့ ကျယ်လောင်စွာ အော်ဟစ်ပြီး အားပေးနေကြသည်။ သူသည် စိတ်အား တက်ကြွနေပြီး ကျိန်းသေပေါက် ပန်းထိုးဖိနပ်ကို ရှာတွေလိမ့်မည်။

နှမြောစရာက အမွေးတိုင် တစ်တိုင်ထွန်းစာ အချိန်ကုန်သွားသည့်အထိ သူရှာမတွေ့သေး။ စုန့်ရှစ်နင်မှာ ခေါင်းကုတ်နေသည်။ စိတ်လောစွာဖြင့် နန်းပေါင်ရီ၏ ရှေ့ကိုသွား၍ သူမကို ကြီးမားသည့် အနီရောင် စာအိတ်ကို ဖွက်ပေးလိုက်ပြီး တိုးတိုးလေး ပြောသည်။

“ကျောင်းကျောင်း၊ အစ်ကို့ကိုပြောပြ၊ ပန်းထိုးဖိနပ်ကို ဘယ်နေရာမှာ ဖွက်ထားတာလဲ”

နန်းပေါင်ရီသည် သူ၏စာအိတ်နီကို ငြင်းလိုက်သည်။ သူ၏ခေါင်းနားကို ကပ်ပြီး ပြုံးရင်း ပြောလိုက်သည်။

“ဝမ်းကွဲအစ်ကို၊ အစ်ကို့ဘာသာ ကြိုးစားလေ၊ ဘာလို့ညီမလေးကို လာဘ်လာထိုးနေတာလဲ”

စုန့်ရှစ်နက်က ခေါင်းကုတ်ရင်း ပတ်ဝန်းကျင်ကို လှန်လှောရှာဖို့သာ တတ်နိုင်တော့သည်။

ကျန်းဆွေ့ဟန်သည် သူ၏ယပ်တောင်ကို ခတ်ရင်း သူ့ဆီကို လျှောက်လာသည်။

သူက တဟားဟား ရယ်မောရင်း “အစ်ကိုစုန့်၊ ကျွန်တော့်ကို အဲ့ဒီအနီရောင် စာအိတ်ပေးမယ်ဆိုရင် အစ်ကို့ကို လမ်းကြောင်းတစ်ခု ပြောပြမယ်”

စုန့်ရှစ်နင်သည် သူ၏လက်နှစ်ဖက်နှင့် အမြန်ကမ်းပေးလိုက်သည်။

ကျန်းဆွေ့ဟန်သည် စာအိတ်ကို ဆုပ်ကြည့်လိုက်ရာ အထူက သူ့ကို ကျေနပ်အားရစေသည်။

သူက ရှောင်းယီကို မျက်လုံးနှင့် ညွှန်ပြလိုက်ပြီး အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

“အစ်ကိုက သူ့ကို နန်းသခင်မလေး ၅ ဆီကိုလွှတ်လိုက်၊ ဒါက ဧကရာဇ်၏ အမိန့်ပြန်တမ်းထက် အရေးကြီးတယ်၊ မှတ်ထားရမှာက နန်းသခင်မလေး ၅ နဲ့ သူက အနီးကပ်ဆုံးလို့ ပြောရမယ်၊ အဲ့ဒါဆို သူနားထောင်လိမ့်မယ်”

စုန့်ရှစ်နင်သည် တုံ့ဆိုင်းဆိုင်းဖြင့် ရှောင်းယီကို ကြည့်လိုက်သည်။

ယောက်ယက်ခတ်ပြီး တွန်းထိုးနေကြသည့် ခြံဝင်းထဲ၌ အမတ်မင်းသည် နတ်ဆိုးဘုရင် တစ်ပါးလို တည်ငြိမ်စွာ ရပ်နေသည်။ မြင်းသေတစ်ကောင်၏ နှလုံးကိုကိုင်ပြီး မြင်းရှင်တစ်ကောင်လို ဟန်ဆောင်ပြီး ဆရာဝန်ဆီသွားသလို သူသည် သူ၏ခေါင်းကို ထုလိုက်ပြီး အမတ်မင်းဆီကို ဦးတည် သွားလိုက်သည်။

“အမတ်မင်း”

ရှောင်းယီက သူ့ကို စောင်းပြီး ကြည့်လိုက်သည်။

“အမတ်မင်း၊ ကျွန်တော် တကယ် ပန်းထိုးဖိနပ်ကို မရှာနိုင်ဘူး…. အမတ်မင်းက ကျောင်းကျောင်းကို ကျွန်တော့်အတွက် မေးပေးလို့ရမလား၊ အနောက်ဘက်တံခါးကို သွားဆိုတာမျိုး.. ဒါမှမဟုတ် တစ်ခုခုပေါ့.. ဒီရက်တွေမှာ ကျောင်းကျောင်းက အစ်ကိုနဲ့ အရင်းနှီးဆုံးဆိုတော့ သူမက အစ်ကို့စကားဆို နားထောင်မှာ”

ရှောင်းယီသည် သူ၏လက်ကောက်ဝတ်မှာ ချည်နှောင်ထားသည့် ခေါင်းစည်းမှ ကံကောင်းစေသည့် အကြွေစေ့လေးကို ရစ်ပတ်ဆော့နေသည်။ ‘အရင်းနှီးဆုံး’ ဆိုသည့် စကားက အသုံးဝင် သွားပုံရသည်။ သူက တံစက်မြိတ်အောက်ကို သွားလိုက်ပြီး လှေခါးတွေကို တစ်ထစ်ချင်း ဖြတ်ကျော်သွားသည်။

သူသည် ကောင်မလေး၏ရှေ့ကို အနည်းငယ် ယိမ်းလိုက်သည်။ သူ၏ ဇာမနီငှက်ကဲ့သို့ စူးရှသည့် မျက်လုံးများက ပြုံးယောင်သမ်းနေပြီး ညင်သာစွာ မေးလိုက်သည်။ သူ၏အသံက တိုးလျနေသည်။

“ပန်းထိုးဖိနပ်တွေ ဘယ်မှာလဲ”

နန်းပေါင်ရီမှာ ရှက်သွေးဖြာသွားပြီး ခြေလှမ်းဝက်လောက် နောက်ဆုတ်ရင်း တိုးတိုးလေး ပြန်ဖြေသည်။

“အစ်ကို့ဘာသာ ရှာရမှာလေ၊… အစ်ကို ၂၊ အစ်ကိုက ဒီတိုင်း အနောက်ဘက်တံခါးကို ဖြတ်သွားတာလိုမျိုး ယူဆပြီး မလေးစားလို့ မရဘူး”

ရှောင်းယီက သူမနဲ့နီးကပ်အောင် ရပ်လိုက်ပြီး ပျော့ပျောင်းသည့် လေသံနဲ့ ချော့မြူနေဟန်၊ သွေးဆောင်ဖျားယောင်းနေသည့် အသံနဲ့ “ကျောင်းကျောင်းက လိမ္မာပါတယ်၊ ဒီအမတ်မင်းကို ပြောပြလေ..ဟင်?”

………………………

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset