အပိုင်း (၁၁၄)
ဒီအမတ်မင်းကို ပေးနမ်းမလား…ဟင်?
နန်းပေါင်ရီက အလွန်ကြောက်လန့် သွားသည်။
ရှောင်းယီသည် မွေ့ရာပေါ်၌ ပျင်းရိစွာ ထိုင်နေရင်း သူမကို လက်မောင်းကြားမှာ ပွေ့ဖက်ထားသည်။ သူမ၏မျက်ခုံးများကို သူ၏လက်ချောင်းများဖြင့် ထိတွေ့ဆော့ကစားနေပြီး သူ၏အပြုံးက ဒွိဟဖြစ်စေသည်။
“ဒီအမတ်မင်းကို ပေးနမ်းမလား၊ ဟင်?”
နန်းပေါင်ရီက ပိုပြီး ကြောက်လန့်လာသည်။ သူမကို အလိုလိုက်တတ်သည့် သူမ၏ အစ်ကို ၂ က ပြောင်းပြန် လှန်လိုက်သလိုပင်။ သူမက တံတွေး မျိုချလိုက်မိသည်။
သူမက ရုတ်တရက် စိတ်ပြောင်းပြီး ပြတ်သားလာသည်။ စာအုပ်စင်ပေါ်က အစားအစာဘူးနဲ့ ပြတင်းအပြင်က ခေါင်ရမ်းပန်းပင်ကို ကြည့်လိုက်ပြီး သူမရုတ်တရက် အကြံတစ်ခု ရလိုက်သည်။
သူမက ကလေးဆန်သည့် အသံလေးနဲ့ “အမတ်မင်းက ခေါင်ရမ်းပန်းရဲ့ ဒဏ္ဍာရီကို ကြားဖူးလား”
ရှောင်းယီက မျက်ခုံးကို ပင့်လိုက်ပြီး “ငါ အသေးစိတ် နားထောင်ချင်တယ်”
“ဝမ်ချန်လင်းလို့ခေါ်တဲ့ ကဗျာဆရာတစ်ယောက် ရှိတယ်တဲ့၊ သူက ရှေးကျတဲ့ မြို့တစ်မြို့ကို ရောက်လာပြီး အိမ်အိုကြီး တစ်အိမ်မှာ နေတယ်၊ ခေါင်ရမ်းပန်းပင် တစ်ပင်က အိမ်ရဲ့အပြင်ဘက်မှာ ပေါက်လာတယ်၊ သူက ကဗျာတွေကို ညတိုင်းရေးတယ်၊ ဒါပေမယ့် သူ မနက်နိုးလာတဲ့ အခါမှာ ကဗျာ၏ ဒုတိယအပိုဒ်က ပျောက်နေပြီး တခြားစာသားတွေကို အစားထိုးပြီးရေးထားတာကို သူတွေ့လိုက်ရတယ်”
“…..”
“သူ၏ စိတ်ထဲက သိချင်စိတ် ပြင်းပြနေပြီး တစ်ညမှာ သူက ရေတွင်းရဲ့ အစွန်းမှာ လှဲပြီး အိပ်နေတယ်၊ ရေထဲမှာ လရောင်က ထင်ဟပ်နေတယ်၊ အဲအချိန်မှာ သူ ခေါင်ရမ်းပွင့်လေး အသက်ဝင်လာကို မြင်လိုက်ရတယ်၊ အဲ့ဒါက သူရဲ့ကဗျာတွေကို ညတိုင်းလာပြီး ဖြည့်ရေးပေးနေတဲ့ သူတစ်ယောက်အဖြစ် ပြောင်းလဲသွားတယ်၊ တကယ်တော့ အဲ့ဒါက ခေါင်ရမ်းပန်းလေးပဲ၊ ပြီးပြီ”
ရှောင်းယီက “အဲ့ဒီတော့?”
နန်းပေါင်ရီက ရှက်ပြီးရင်း ရှက်လာရသည်။
“အမတ်မင်းကို မပြောရသေးဘူး၊ ဒီမိန်းကလေးက အမတ်မင်းရဲ့ ပြတင်း အပြင်ဘက်က ခေါင်ရမ်းပန်းလေး အသက်ဝင်လာတာပါ၊ အမတ်မင်း ညတိုင်း စာဖတ်ရတာ ပင်ပန်းနေတာကို တွေ့ပြီး အထူးအနေနဲ့ ကြက်စွပ်ပြုတ်နွေးနွေးလေး ယူလာပါတယ်”
ရှောင်းယီက ပြုံးလိုက်ပြီး “တခြားသူတွေရဲ့အိမ်က ခေါင်ရမ်းပင်တွေက ကပြတာ အရမ်းတော်တယ်တဲ့၊ ဒီအမတ်မင်းရဲ့အိမ်က ခေါင်ရမ်းပန်းလေးကတော့ ဘယ်လိုများ ကြီးလာပါလိမ့်၊ ကြက်စွပ်ပြုတ်ကို ဘယ်လို ချက်ရမလဲ ဆိုတာပဲ သိတာလား”
နန်းပေါင်ရီက စကားအဖြစ် ပြောခဲ့ရ ုံပင်။
ရှောင်းယီသည် သူမ၏ နားရွက်လေးကို ဖျစ်ညှစ်လိုက်ပြီး “ဒီအမတ်မင်းရဲ့ အိမ်က ခေါင်ရမ်းပန်းလေးက ဘယ်လောက် လှပတဲ့ မျက်နှာလေးနဲ့ မွေးဖွားလာလဲဆိုတာကို သိချင်တယ်”
သူ့အပြောအရဆိုရင် သူမ၏ မျက်နှာစည်း ပဝါကို ဖြေပြရတော့မည်ပင်။ နန်းပေါင်ရီသည် ပိတ်ကျဲနဲ့ အလျင်အမြန် ဖုံးကွယ်လိုက်သည်။ သူမသည် လိပ်ပြာမသန့်တော့ဘဲ သူ့ကို တွန်းထုတ်လိုက်ပြီး ပြတင်းဘက်ကို အမြန်ဆုတ်ပြီး ခုန်ချလိုက်သည်။
သူမက နှစ်ကြိမ် ချောင်းဆိုးလိုက်ပြီး “ကမ္ဘာကြီး၏ စွမ်းအားတွေကို စုပ်ယူဖို့ ကျွန်မ ရွံ့ထဲကို အမြန် ပြန်သွားရတော့မယ်၊ ပြီးတော့ နေရဲ့အလင်းရောင်နဲ့ လရဲ့အလင်းတွေကိုလည်း စုစည်းရဦးမယ်၊ အမတ်မင်းကို နှုတ်ဆက်ပါတယ်”
ရှောင်းယီသည် ပြတင်းအပြင်ဘက်ကို ထွက်ပြေးသွားသည့် သူမကို ကြည့်နေသည်။ နှုတ်ခမ်းပါးလေး၏ အပြောမှာ သူလက်လျှော့လိုက်ပြီး သူက ကြက်သားစွပ်ပြုတ် တစ်ပန်းကန်နဲ့ စာအုပ်စင်နားကို လမ်းလျှောက်သွားပြီး ထိုင်လိုက်သည်။
ကြက်သားစွပ်ပြုတ်မှာ မွှေးကြိုင်နေပြီး နူးအိနေသည်။ အချိန်အကြာကြီး ချက်ထားပုံရသည်။ သူက ဖြည်းဖြည်းချင်း သောက်နေလိုက်သည်။ အရသာက နှစ်သက်စရာ ကောင်းလှပေသည်။
…..
နောက်တစ်ဖက်မှာတော့ နန်းပေါင်ရီက ပြတင်းပေါက်က ခုန်ချလာပြီး ယိုင်တိယိုင်တိုင် လမ်းလျှောက်လာသည်။ သူမ၏ ခြေချင်းဝတ်မှာ လိမ်ဖယ်နေပြီး နာကျင်နေသည်။ သူမက ညည်းညူသံ သဲ့သဲ့ပြုရင်း ပန်းတွေကြားမှာ လည်နေသည်။
“အ…..”
သူမက ပန်းထိုင်ခုံလေးမှာ ထိုင်လိုက်ပြီး သူမ၏ အဆစ်လွဲသွားသည့် ခြေချင်းဝတ်ကို ကိုင်ထားပြီး မျက်ရည်မကျဘဲ ငိုနေသည်။ ဘာလို့ သူမက အရမ်းကို လုံ့လဝီရိယ ရှိနေရတာလဲ?
သူမဝမ်းနည်းနေသည့် အချိန်မှာပဲ ရှည်လျားသည့် အရိပ်တစ်ခုက ရုတ်တရက် ရောက်လာခဲ့သည်။
သူမ မော့ကြည့်လိုက်သည်။ လသည် အေးခဲနေသလိုပင်။ ရှန်းသခင်လေးက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏လက်ကို ဝတ်ရုံလက်ထဲမှာ ထည့်ထားသည်။ သူသည် အမည်ဖော်မရသည့် အကြည့်ဖြင့့် သူမကို ကြည့်နေသည်။
သူမက ပြုံးလိုက်ပြီး လက်တွေကို ဆန့်တန်းရင်း နှုတ်ဆက်လိုက်သည်။
“မင်္ဂလာညခင်းပါ၊ ရှင်လည်း အနားယူဖို့ ထွက်လာတာလား”
ရှန်းရိချောင်၏ အကြည့်များက အေးစက်နေသည်။ နန်းပေါင်ရီသည် တစ်ခုခု မပြောခင်မှာ၊ သူမ၏လည်ပင်းက နာကျင်လာတာကို ရုတ်တရက ်သိလိုက်သည်။
ဒီရှန်းသခင်လေး၊ ကြင်နာမှုမရှိသည့်သူ….
သူမ၏အားနည်းနေသည့် မျက်လုံးတွေက လည်ထွက်သွားပြီး လဲကျသွားတော့သည်။ အနက်ရောင် ဝတ်ဆင်ထားသည့် ကိုယ်ရံတော်က သူမကို မချီလိုက်ပြီး လေသံသဲ့သဲ့ဖြင့် ပြောသည်။
“ရှန်းသခင်လေး၊ ဘယ်လို လုပ်လိုက်ရမလဲ”
“မြေအောက် အကျဉ်းစခန်းထဲ ပို့လိုက်”
“ဟုတ်ကဲ့”
အနက်ရောင် ကိုယ်ရံတော် ထွက်သွားသည့်အခါ ယွမ်နန်သည် ရှန်းရိချောင်ဆီကို ရောက်လာသည်။ သူမက ခေါင်းကို ပင့်မော့ထားပြီး ပြုံးလိုက်သည်။
“ဒီခွေးမလေးက အချိုးမပြေတာကြာပြီ၊ သူက အစ်ကိုနဲ့ညီမဆိုတဲ့ ခေါင်းစဉ်တပ်ပြီး အမတ်မင်းကို အကြိမ်ကြိမ် ချည်ထားတာ၊ ရွံဖို့ကောင်းတယ်၊ ဒီညတော့ ရှန်းသခင်လေးက ယွမ်နန်ရဲ့ မျက်လုံးမတည့်တဲ့ ပြဿနာကို ဖြေရှင်းပေးလိုက်ပြီ”
ရှန်းရိချောင်၏မျက်နှာက တည်ငြိမ်နေသည်။
သူဒီနေ့ ကျန်းဆွေ့ဟန်၏ ဆွဲခေါ်တာကို ခံရပြီး သေရည် အတူသောက်ဖြစ်ကြသည်။ ကျန်းဆွေ့ဟန်မှာ သောက်တာများပြီး ရှောင်းယီသည် နန်းပေါင်ရီကို ဘယ်လောက်ချစ်ကြောင်း မူးနေချိန်မှာ သူ့ကို ယောင်ပြီး ပြောပြသည်။ ရှောင်းယီမှာ ထူးခြားသည့် အဆင့်အတန်းရှိသည်။ သူ့မှာ မိန်းမတစ်ယောက်ကို ကိုယ်တိုင် ရွေးချယ်ပိုင်ခွင့်မရှိ။ ကောင်မလေးက အဆင့်ကိုးသာ ရှိသေးသည်။
သူ့အဒေါ်၏ အာဏာကို ထည့်စဉ်းစားသင့်ပြီး မောင်းမတစ်ယောက် ယူရုံပဲဆိုရင်တောင် သူက သူ့အဒေါ်၏ လမ်းကြောင်းရှင်းအောင် အရင်လုပ်သင့်သည်။
သူ၏ဘဝသည် သူ့အဒေါ် ပေးထားခြင်းသာဖြစ်သည်။ သူ၏ဘဝနဲ့ အရာရာကို သူ၏အဒေါ်ဆီမှာသာ နစ်မြှုပ်ထားသင့်သည်။ သူ ဘယ်လိုလုပ် စည်းမျဉ်း စည်းကမ်းတွေကို ချိုးဖျက်ပြီး သူ့လမ်းကို သူ့ဘာသာ လျှောက်လို့ ရမတဲ့လဲ။
သူက တွေးလိုက်ပြီး အမိန့်ပေးလိုက်သည်။
“အခုကစပြီး စစ်အုပ်ချုပ်ရေး တရားရုံးမှာ တရားကြားနာမယ်၊ နန်းတော်၏ စည်းမျဉ်း စည်းကမ်းတွေနဲ့ အမိန့်ကိုသာ နာခံရမယ်”
ယွမ်နန်က ဝါးကန့်လန့်ကာ၏နောက်မှ ထင်နေသည့် အရိပ်ကို ဖျက်ခနဲ ကြည့်လိုက်ပြီး သူမသည် လေသံဖြင့် ပြောသည်။
“ရှန်းသခင်လေး နန်းပေါင်ရီက မြေအောက် အကျဉ်းစခန်းမှာ အကျဉ်းကျနေပေမယ့် သူမရဲ့ အသက်ကို ထိန်းသိမ်းဖို့က အန္တရာယ် များတယ်နော်၊ သူမကို ဘယ်လို လုပ်မယ်လို့ စဉ်းစားလဲ”
“မင်းစီစဉ်လိုက်”
ပြောပြီး ရှန်းရိချောင်က ဥယျာဉ်ထဲမှ ပျောက်ကွယ်သွားသည်။ ယွမ်နန်သည် ပျော်ရွှင်မှုကို မရပ်နိုင်တော့ဘဲ ခါးညွတ် အရိုအသေပြုလိုက်ပြီး ချက်ချင်း မြေအောက် အကျဉ်းထောင်ဆီသို့ ဦးတည် သွားတော့သည်။ သူတို့ထွက်သွားသည့် အချိန်မှာ ကြီးမားကျယ်ပြန့်သည့် လက်တစ်ဖက်က ဝါးကန့်လန့်ကာကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
ရှောင်းယီသည် အနောက်ပြတင်းမှာ ငြိမ်သက်စွာ ပေါ်လာသည်။ ကျန်းဆွေ့ဟန်မှာ ယပ်တောင် တစ်ချောင်းကို ကိုင်ရင်း ဝင်လာခဲ့သည်။ သူက ပြုံးရင်း ပြောလိုက်သည်။
“ကျွန်တော် ပြောသားပဲ၊ ရှန်းရိချောင်က လောင်စာဆီမီးအိမ် တစ်လုံး မဟုတ်ပါဘူးဆို၊ ကြည့်စမ်း၊ ကျွန်တော်က စကားနည်းနည်းလေးပဲ ပြောရသေးတယ် သူက အစ်ကို့ရဲ့ ချစ်ရသူလေးကို မသွားပြီ၊ ဒီလူရဲ့ အကျင့်စရိုက်ကတော့ တကယ် ခေါင်းမာပြီးရင်း ခေါင်းမာတာပဲ၊ လူတွေကို တကယ် ပင်ပန်းစေတယ်”
ရှောင်းယီသည် လက်နှစ်ဖက်ကို အချင်းချင်း ဆုတ်ထားရင်း ဥယျာဉ်ထဲကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။ သူ၏အမြင်မှာ စူးရှနေပြီး ပုန်းကွယ်နေသည့် ကိုယ်ရံတော်တွေကို မြင်နိုင်သည်။ အဲ့ဒီမိန်းမကြီးသည် တစ်နိုင်ငံလုံးကို လွှမ်းမိုးချုပ်ကိုင်ဖို့ မဖြစ်နိုင်၊ သူမသည် ရည်မှန်းချက်ကြီးကြီးနဲ့ ရှန်းရိချောင်ကို လွှတ်လိုက်ပြီး သူ့ကို ကြိုးကိုင်ရန် အကြံအစည်ဖြင့် မိုင်ထောင်ပေါင်းများစွာ ဝေးသည့်ဆီကို လွှတ်လိုက်ခြင်းဖြစ်သည်။
နှမြောစရာက သူသည် ရုပ်သေးရုပ်တစ်ရုပ် မဟုတ်သည့်အတွက် သူတစ်ပါးမှ ကြိုးကိုင် ခြယ်လှယ်တာကို ခံမည်သူ မဟုတ်ခြင်းပင်။ သူ၏မျက်လုံးထဲတွင် ဒေါသစိတ်များကို ဖုံးကွယ်လိုက်ရင်း သူ၏နှုတ်ခမ်းကို တွန့်ကွေးပြီး ပြုံးလိုက်သည်။
“ရှန်းရိချောင်က ပြဿနာကို ဖြေရှင်းပြီးပြီလို့ တွေးပြီး ဒီအချိန်မှာ ပေါ့ဆနေလိမ့်မယ်၊ မင်းက ကိုယ်ရံတော်တွေ အားလုံးကို ရှန်းရိချောင်ဆီ ခေါ်သွားပြီး အားလုံး၏ ဘဝကို ဖျက်ဆီးပစ်ခဲ့၊ တကယ်လို့ ခုခံခဲ့ရင်……”
“နန်းကျောင်းကျောင်းကို ဒီည ငါးစာအဖြစ် သုံးတဲ့ ရည်ရွယ်ချက်က ရှန်းရိချောင်ရဲ့ ဆောင့်ကြွားကြွား အမူအရာတွေ၊ အကြောတွေ သေသွားအောင်လုပ်ဖို့ ဖြစ်တယ်”
ရှောင်းယီသည် သူ၏လက်ကောက်ဝတ်များကို လှည့်လိုက်ပြီး အနိုင်ရရန် စောင့်နေလိုက်သည်။ သူ၏မျက်လုံးများက တဖြည်းဖြည်း ရက်စက်ကြမ်းကြုတ် လာသည်။
သူက အပြင်ကို ထွက်လိုက်သည်။ နန်းကျောင်းကျောင်းကို သွားကယ်ရန် အချိန်ရောက်ပြီ။
………….
နန်းပေါင်ရီက ရေအေးတစ်ခွက်ကြောင့် သတိပြန်လည် လာခဲ့သည်။ သူမသည် မျက်လုံးများကို ဖွင့်လိုက်သည်။ လေထုတစ်ခုလုံးက သွေးနံ့များဖြင့် ပြည့်နေသည်။ သူမမြင်ရသည့် အရာအားလုံးမှာ စိုစွတ်ပြီး မှောင်မည်းနေသည်။
ရေနံဆီမီးအိမ် တချို့ကို ရွံ့စေးနံရံ၌ ချိတ်ဆွဲထားပြီး ယွမ်နန်သည် ကိုယ်ရံတော်တချို့ အနောက်၌ခြံရံရင်း ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်နေသည်။ သူမ၏မျက်နှာ အမူအရာသည် ကြည့်ကောင်းသည့် ပြပွဲတစ်ခုကို ကြည့်ရန် စောင့်နေသလိုပင်။
သူမသည် ခေါင်းကို ပွတ်သပ်လိုက်ရင်း မတ်တပ်ရပ်ရန် ကြိုးစားလိုက်ချိန်တွင် သူမ၏လက်တွေနှင့် ခြေထောက်တွေကို သံကြိုးခတ်ခံထားရမှန်း သိလိုက်သည်။ သူမသည် လုံးဝိုင်းသည့် မျက်နှာလေးဖြင့် အံ့ဩစွာ ပြောလိုက်သည်။
“ဒါက ဘယ်နေရာလဲ၊ နင်ဘာလုပ်ချင်တာလဲ”
ယွမ်နန်သည် သူမ၏လက်သည်းများကို ဆော့ကစားနေပြီး “နင်က အဆင့် ၉ မျိုးရိုးနဲ့ မွေးဖွားလာပြီး ငါတို့ရဲ့ အကောင်းဆုံးကိုမှ မှန်းရဲရသလား၊ နန်းပေါင်ရီ ဘယ်ဟာက တော်ဝင်မျိုးရိုးလဲ ဘယ်ဟာက အနိမ့်စားလဲ ဆိုတာကို နင်ခွဲခြားနိုင်အောင် ဒီနေ့ငါနင့်ကို ပြောပြရလိမ့်မယ်”
သူမသည် ကိုယ်ရံတော်အဖွဲ့ကို တစ်ချက်ကြည့်လိုက်ရင်း ပြီတီတီဖြင့် ပြောလိုက်သည်။
“ဒီကောင်မလေးမှာ ကြည့်ကောင်းတဲ့ မျက်နှာရှိတယ်၊ ငါနင်တို့အတွက် ဒီည ဆုချီးမြှင့်မယ်”
ကိုယ်ရံတော်များက သူမကို အရိုအသေပေးပြီး ကျေးဇူးတင်လိုက်ကြသည်။
နန်းပေါင်ရီသည် သူမအနား၌ ဝိုင်းရံနေသည့် ကိုယ်ရံတော်များကို ကြည့်ပြီး အော်ဟစ်တော့သည်။
“နင်က ကောင်းမွန်တဲ့ မိန်းကလေးကို ပြန်ပေးဆွဲလာခဲ့တယ်၊ အဲ့ဒါက နိုင်ငံရဲ့ ဥပဒေနဲ့ မညီဘူး၊ ငါအပြင်ကို ရောက်တာနဲ့ ရုံးတော်မှာ တရားစွဲမယ်”
……………………………….