NBY အပိုင်း ၁၁၁

အပိုင်း (၁၁၁)

ရှချင်ချင် သေပြီ

နန်းယန်၏ရောဂါသည် တနေ့ထက်တနေ့ ပိုပြီး သက်သာလာခဲ့ပြီး ဆောင်းတွင်း မရောက်ခင် ပြန်ကျန်းမာလာသည်။

အိမ်စေတစ်ယောက်သည် အလောတကြီး ပြေးဝင်လာပြီး စားပွဲမှာထိုင်၍ ကဗျာရေးနေသည့် သူမ၏ ပိန်ပါးသည့် နောက်ကျောကို ကြည့်ကာ ငြင်ငြင်သာသာ ပြောလိုက်သည်။

“ထောင်ထဲက စကား ပါးလိုက်ပါတယ်၊ ရှချင်ချင်က မမလေးကို တွေ့ဖို့ ပြဿနာ ရှာနေတယ်တဲ့၊ မမလေး သူ့ကို သွားတွေ့မှာလား”

နန်းယန်သည် စုတ်တံကို ချလိုက်ပြီး စာရွက်ပေါ်မှ မင်များကို ခြောက်အောင် လုပ်လိုက်သည်။

“ငါ့ရဲ့ဝတ်စုံကို အမြန်လဲပေး၊ သူက ရက်တွေ အကြာကြီး ထောင်ထဲမှာ ဒုက္ခခံနေရတာဆိုတော့ ညီအစ်မကောင်း တစ်ယောက်အနေနဲ့ ငါက သူ့ဆီ သွားလည်ရမှာပေါ့”

နန်းယန်သည် ရထားလုံးကိုစီးပြီး ကျင်းကွမ်မြို့ထောင်ကို ရောက်လာသည်။ သူမသည် အိမ်စေ၏ လက်ကိုကိုင်ပြီး ထောင်ထဲသို့ ဝင်လာခဲ့သည်။ ထောင်ခန်းတွေက သေးငယ်‌ မှောင်မည်းပြီး စိုစွတ် ညစ်ပတ်နေသည်။ လူများနေသင့်သည့် နေရာတစ်ခု မဟုတ်ပါချေ။

ရှသခင်မက ထောင့်နားမှာ သတိလစ်နေပြီး ရှချင်ချင်သည် စည်းရိုး၏နောက်၌ အရှက်ကင်းမဲ့စွာ ထိုင်နေသည်။ သူမဝင်သွားတော့ ရှချင်ချင်၏ မျက်လုံးများမှာ သားရဲတစ်ကောင်လို သူမကို စူးစိုက်ကြည့်နေသည်။

“ခွေးမ”

သူမက စည်းရိုးကို ကိုင်လိုက်ပြီး မျက်နှာက ရှုံ့မဲ့သွားသည်။

“ငါဒီလို အခြေအနေမျိုး ဖြစ်သွားတာ နင်ငါ့ကို ဒုက္ခပေးလို့”

နန်းယန်က ထောင်၏တံခါးနား၌ ရပ်နေသည်။ သူမသည် ရှချင်ချင်ကို ကြည့်လိုက်ပြီး စိတ်မဝင်စားသည့် အသံဖြင့် ပြောလိုက်သည်။

“မစွပ်စွဲပါနဲ့”

“နန်းယန်၊ ငါရဲ့ကံကောင်းမှုတွေ ကုန်သွားပြီလို့ ထင်မနေနဲ့၊ အခုတော့နင် အပြင်မှာ ကောင်းကောင်း နေထားဦး၊ ငါနင့်ကို သတိပေးလိုက်မယ်၊ ငါ့ကိုကယ်ဖို့ နည်းလမ်းတစ်ခု နင်စဉ်းစားထားတာ ကောင်းမယ်၊ မဟုတ်ရင် ငါ ရမန် တတိယအဆင့်ကို စောင့်နေတုန်း ရုံးတော်က လူတွေကို နင်ဘာလုပ်ခဲ့လဲဆိုတာ ငါပြောလိုက်မယ်”

နန်းယန်သည် သူမကို တိတ်တဆိတ် ကြည့်လိုက်သည်။ ရှချင်ချင်သည် သူမကို ထွက်လာနိုင်အောင် လုပ်ခိုင်းပြီး သူမ၏ရောဂါကို ကုသပေးစေချင်နေသည်။

ရှချင်ချင်က ကွဲအက်နေသည့် အသံဖြင့် စကားများ မရပ်မနား ပြောနေသည်။

“နင်က နန်းအိမ်တော်ရဲ့ ပိုးစာခင်းတွေကို ဖျက်ဆီးဖို့ ကြံစည်ခဲ့တယ်၊ ပြီးတော့ ရှပေါဝမ်ကို အသုံးချပြီး နန်းပေါင်ရီရဲ့ ဖြူစင်မှုကို ဖျက်ဆီးဖို့ ကြိုးစားတယ်၊ အဲ့ဒီအမှုနှစ်ခုက နင့်ကို ထောင်ထဲထည့်ဖို့ လုံလောက်တယ်၊ နန်းယန် နင်က ဉာဏ်ကောင်းပါတယ်၊ ငါ့ကို အမြန်ကယ်ပေးပါ”

နန်းယန်က ထောင်တံခါးဆီကို တစ်လှမ်းချင်း လျှောက်လာသည်။

သူမကပြုံးလိုက်ပြီး “နင်ကငါ့ကို ခြိမ်းခြောက်မယ်?”

“ခြိမ်းခြောက်တယ် ဆိုတာဘာလဲ၊ နန်းယန်! နန်းယန် အဲ့ဒီအမှုနှစ်ခုသာ ပေါ်သွားရင် နန်းအိမ်က နင့်ကို သည်းခံနေလိမ့်မယ်လို့ ထင်လား၊ နန်းပေါင်ရီက နန်းအိမ်တော်၏ အသက်လေးပဲ၊ နင်သူ့ကို လုပ်ကြံတယ် ဆိုတာကိုသာ သူ့အဘွားသိရင် နင့်ကံကြမ္မာကို နင်စဉ်းစားကြည့်လိုက်၊ နင်က တစ်ချိန်လုံး အပြင်အိမ်စေ တစ်ယောက်သာသာပဲ၊ နင်လို အိမ်စေမက တစ်အိမ်လုံး ဖူးဖူးမှုတ်ထားတဲ့ ရွှေရောင်ကြာပန်းလေးနဲ့ ဘယ်လို နှိုင်းယှဉ်လို့ ရပါ့မလဲ”

စကားလုံး တစ်လုံးချင်းစီက နန်းယန်၏ နှလုံးသားကို ဓါးထက်ထက်နှင့် စိုက်နေသလိုပင်။ သူမ နားထောင်နေပြီး သူမ၏ နှုတ်ခမ်းထောင့်စွန်းများက ထေ့ငေါ့ဟန် ကွေးညွတ်လာသည်။ ဟုတ်သည်။ နန်းပေါင်ရီက အရမ်းကို ကံကောင်းသည်။ သူမသည် နေ့တိုင်း ဆယ့်နှစ်နာရီမှာ ငှက်သိုက်ကို သောက်သည်ဟု လူတွေအားလုံး သိကြသည်။ တကယ်လို့ သူမ မသောက်ရင်တောင် စားဖိုဆောင်က တခြားသူကို မပေးချေ။

သူမဖျားနာတုန်းက အိမ်စေများက စားဖိုဆောင်ကို သွားပြီး အာဟာရရှိသည့် အစားအစာကို ချက်ပေးဖို့ ပြောသည်။ ငှက်သိုက် တစ်ပန်းကန်သည် ဘာမှမဟုတ်သော်လည်း စားဖိုမှူးက သူမအတွက် မပေးခဲ့။ သူခိုးတစ်ယောက်လိုမျိုး ဆက်ဆံခဲ့သည်။ သခင်မလေး ၅ က အချိန်တိုင်း သောက်နိုင်လို့ အမြဲတမ်း ပြင်ဆင်ပေးထားရတယ်လို့ ပြောလိုက်သေးသည်။

သူမတို့ နှစ်ယောက်လုံးသည် နန်းမိသားစု၏ သမီးများ ဖြစ်သည့်တိုင် သူမက ဘာကြောင့် ဂုဏ်တွေ ချမ်းသာကြွယ်ဝမှုတွေ မရှိရတာလဲ?

“နန်းယန်၊ ငါပြောတာကို ကြားလား? ငါဒီကြောက်စရာကောင်းတဲ့ နေရာမှာ ခဏလေးတောင် ထပ်မနေနိုင်တော့ဘူး၊ နင်ငါ့ကို ဒီအထိ ရောက်အောင်လုပ်ခဲ့ပြီးပြီ၊ နင်ငါ့ကို တစ်ခုခုတော့ ပြန်လုပ် ပေးရမယ်လေ၊ ငါ့ကို ကယ်ပေးပါ၊ ခွေးမ ငါပြောတာကြားလား”

ရှချင်ချင်က ကယောင်ခြောက်ခြား ဆက်လက် ဆဲရေးနေသည်။ သူမသည် စည်းရိုးဖြင့် အလွန် နီးကပ်နေပြီဖြစ်သည်။ သူမ မတုံ့ပြန်နိုင်ခင်မှာပင် နန်းယန်သည် သူမ၏ လည်ပင်းကို ရုတ်တရက် လှမ်းဆွဲလိုက်သည်။

“အား! နာတယ်၊ နာတယ်”

ရှချင်ချင်၏လည်ပင်းသည် ကျိုးမတတ်ဖြစ်နေပြီး ဘာစကားမှ မပြောနိုင်တော့ပါချေ။ နန်းယန်၏ အပြုအမူမှာ အလွန်ရက်စက်သည်။ သူမသည် ရှချင်ချင်ကို တင်းကျပ်စွာ ဆွဲထားပြီး အသံနိမ့်နိမ့်နဲ့ ဆဲရေးလိုက်သည်။

“နန်းပေါင်ရီက ငါ့၏လမ်းကို နှောင့်ယှက်နေတယ်၊ ငါက အသက်ရှင်ဖို့နဲ့ သေဖို့ကို သူနဲ့ အပေးအယူ လုပ်ထားရတယ်၊ သူ့မှာရှိတဲ့ အရာတွေကို ငါရရမှာဖြစ်သလို သူ့မှာမရှိတဲ့ အရာတွေကိုလည်း ငါရရမယ်၊ နင့်လို အပြစ်ရှိတဲ့ ထောင်သားအတွက်ကတော့ ဘဝရဲ့ အခက်အခဲတွေကို ကြံ့ကြံ့ခံမနေဘဲ စောစော သေလိုက်တော့၊ တမလွန် နန်းတော်ကျမှ နန်းပေါင်ရီကို အစီရင်ခံလိုက်တော့၊ ငါ့ကို လာဆွဲထည့်မနေနဲ့”

ထောင်စောင့်သည် သိပ်မဝေးသည့် နေရာတွင်ရှိနေပြီး မူးမေ့လဲမတတ် ထိတ်လန့်သွားသည်။

“ဒါ.. ဒါ.. ဒါ…”

သူမ၏အသွင်အပြင်က ကြင်နာတတ်ဟန် ရပေမယ့် တကယ်တမ်း အရမ်းကြောက်ဖို့ ကောင်းပြီး အကြင်နာ ကင်းမဲ့သည်။ သူမသည် ရှေ့ကို တစ်လှမ်း ထပ်တိုးလိုက်ပြီး ရပ်လိုက်သည်။

နန်းယန်၏ အစေခံက သူ့ရှေ့ကို ရောက်လာသည်။ သူမသည် ငွေလက်မှတ်ကို ကိုင်ထားပြီး နွေးထွေးဟန်ဖြင့် ပြောလိုက်သည်။

“ဒါက မမလေးရဲ့ စေတနာလေးပါ၊ ဒါကိုယူပြီး ကိစ္စတချို့လုပ်ပြီး အနားယူပါ၊ ရှမိသားစုဆိုတဲ့ သစ်ပင်ကြီးက မြေကြီးပေါ်ကို ပြိုလဲသွားပြီ၊ ဘယ်သူကမှ ရှချင်ချင်၏ သေခြင်း၊ ရှင်ခြင်းကို စိတ်မဝင်စားဘူး၊ သူက ဘယ်လိုဆိုရင် သေသွားနိုင်လဲ၊ ကျွန်မက ရှင့်ကို သင်ပေးဖို့တော့ မလိုဘူးမလား”

ထောင်စောင့်က ငွေလက်မှတ်ကို အမြန်ယူလိုက်သည်။ ရွှေစငါးရာတန် ငွေလက်မှတ်ဖြစ်သည်။ သူက သိမ်းပြီး ပြုံးလိုက်သည်။

“ရှချင်ချင်က သူမရဲ့အဖေကို သတ်လိုက်မိလို့ အပြစ်ရှိစိတ်ကို ခံစားနေရတာပါ၊ ပိုးစအဖြူနဲ့ ကြိုးဆွဲချပြီး သေသွားတာပါ၊ အခုလာကြည့်တဲ့ မိန်းကလေးနဲ့ ဘာမှမဆိုင်ပါဘူး”

“မှန်တယ်”

ရှချင်ချင်က ထောင်ထဲမှာ ရက်တွေအကြာကြီး ကုန်ဆုံးပြီး သူမ၏ ခန္ဓာကိုယ်သည်လည်း ပျက်စီးလုမတတ် ဖြစ်နေပြီ။ နန်းယန်ဆီ ရှုံးနိမ့်ပြီးနောက် သူမသည် မျက်လုံးများကို အနည်းငယ် လှည့်လိုက်ပြီး ခက်ခက်ခဲခဲ ပြောလိုက်သည်။

“နန်းယန်၊ ငါ..ငါ..ငါနင့်ကိုကူညီမယ်”

နန်းယန်က ခက်ထန်စွာ ပြောလိုက်သည်။

“နင်ကငါ့ကို ဘယ်လိုကူမှာတဲ့လဲ၊ တန်ခိုးရှင် ရှိနေရင်တောင် နင်ကငါ့ရဲ့လမ်းကို ပိတ်နေသေးတယ်၊ ငါနင့်ကို သတ်မှဖြစ်မယ်”

ရှချင်ချင် အသက်တောင် မရှုနိုင်တော့ဘူးဆိုတာ သေချာသည်။ ထို့နောက် သူမက တဖြည်းဖြည်း လက်လွှတ် လိုက်တော့သည်။ ရှချင်ချင်၏လည်ပင်းမှာ အတွင်းကြေသွားပြီး မြေပြင်ပေါ်ကို လဲကျသွားတော့သည်။ နန်းယန်သည် သူမ၏လက်ကို လက်ကိုင်ပဝါဖြင့် သုတ်လိုက်ပြီး ထောင်ကို ကျောခိုင်းလိုက်တော့သည်။ ဝေါယာဉ်ပေါ် ပြန်ရောက်ချိန်တွင် အစေခံက ကန့်လန့်ကာကို ချလိုက်ပြီး သူမကို လက်ဖက်ရည် ပူပူတစ်ခွက် ကမ်းပေးသည်။ ပြီးနောက် ရိုရိုသေသေ ပြေလိုက်လေသည်။

“ဂုဏ်ယူပါတယ်၊ မမလေး၊ ရှချင်ချင်ရဲ့ ပြဿနာကို ဖြေရှင်းလိုက်နိုင်ပြီ”

နန်းယန်သည် ဘာအမူအရာမှမပြဘဲ စုတ်တံနဲ့ စာရွက်ကို ထုတ်လိုက်သည်။ အစေခံမှာ မင်အိုးကို ပြင်ပေးပြီး ခင်မင်ရင်းနှီးဟန်ဖြင့် ထပ်ပြောလာသည်။

“မမလေးက ဒါက အရမ်းစိတ်ဝင်စားဖို့ ကောင်းတာပဲ၊ ကဗျာရေးနေတာလား”

“ဈေးထဲမှာ နာမည်ကြီးနေတဲ့ စာအုပ်နှစ်အုပ်ကို ငါဖတ်ပြီးပြီ၊ အကြောင်းအရာက စိတ်ဝင်စားဖို့ ကောင်းပေမယ့် အဆုံးသတ်ထိ အံဝင်ဂွင်ကျနဲ့ စွဲမက်ဖွယ်ကောင်းအောင်ရေးဖို့ ခက်တယ်၊ ငါက ကဗျာတွေ ရေးဖို့လုပ်ထားတယ်၊ ငါ ကဗျာ အပုဒ် ၅၀ ရေးပြီးရင် စာအုပ်ပုံနှိပ်တဲ့ဆီကို ပို့ပြီး ကဗျာစုစည်းမှု စာအုပ်ထုတ်ပြီး ရောင်းရမယ်”

အစေခံက မျက်လုံးဝိုင်းသွားပြီး ပြုံးလိုက်ရင်း “မမလေးက ဗဟုသုတ ကြွယ်ဝပြီး အရည်အချင်း ရှိတယ်၊ မမလေးရဲ့ ကဗျာစုစည်းမှုက ထူးခြားပြီး ကမ္ဘာကျော်မှာ အသေအချာပဲ”

နန်းယန်သည် သူ၏နှုတ်ခမ်းများကို တွန့်ကွေးလိုက်သည်။ ကဗျာစုစည်းမှု စာအုပ် ထွက်လာသည်နှင့် ကျင်းကွမ်မြို့မှ လူအားလုံးသည် သူမကို အရည်အချင်းရှိသည့် မိန်းကလေး တစ်ယောက်လို့ ချီးကျူးစေရမည်။ ရှန်ကျင်းမြို့တော်၏ နန်းတော်အထိ ပေါက်ရောက်ပြီး ဧကရာဇ်က သဘောကျပြီး သူမကို မင်းသမီးဘွဲ့ ပေးအပ်လိမ့်မည်။

အရေးအကြီးဆုံးက ချန်းသခင်လေးက စာလေ့လာပြီး ပြန်ရောက်တော့မည်ဟု သူမ ကြားထားသည်။ သူသာ သူမ၏ ကဗျာစုစည်းမှုကိုမြင်ရင် သူမ၏ အရည်အချင်းတွေကို သူအသိအမှတ်ပြုမှာ သေချာသည်။

နောက်အခွင့်အရေးတစ်ခုက ကဗျာများသာ နာမည်ကြီးခဲ့လျှင် ပန်းတွေမပွင့်ခင် အချိန်၌ မွှေးရနံ့များ သင်းပျံ့နေသည့် ဝတ်စုံနီများဖြင့် လက်ထပ်ပွဲကို ဘာပူနေစရာလိုပါ့မလဲ?

သူမသည် ချိုမြိန်သည့် အပြုံးများဖြင့် စုတ်တံကို လှုပ်ရှားနေပြီး အချစ်အကြောင်း ကဗျာများသည် စာရွက်ပေါ် ထင်ဟပ်လာသည်။ နန်းယန် ကဗျာရေးပြီး အလုပ်ရှုပ်နေစဉ်မှာ နန်းပေါင်ရီမှာ စာတစ်စောင် ရခဲ့သည်။

ဟယ်ယဲ့သည် ဝတ်စုံ၏ အဖျားကိုမပြီး စင်္ကြံတစ်လျှောက် ပျော်ရွှင်စွာ ပြေးလာသည်။

“မမလေး၊ မမလေး ကျင်းချန်မြို့ကစာ… ကျင်းချန်မြို့ကစာ”

နန်းပေါင်ရီသည် ဒန်းပေါ်၌ မတ်တပ်ရပ်နေပြီး ပျင်းရိစွာ လွဲနေသည်။

“မမလေး”

ဟယ်ယဲ့က အသက်မရှူဘဲ ပြေးလာပြီး စာ၏ခေါင်းစဉ်ကို စိတ်လှုပ်ရှားစွာ ပြလိုက်သည်။

“ရှန်ကျင်းမြို့က သခင်လေးချန်းက ပို့ပေးလိုက်တဲ့စာပါ၊ ကျွန်တော်မျိုးမ ခန့်မှန်းရရင် သခင်လေးက မကြာခင် ပြန်ရောက် လာတော့မှာမို့ မမလေးကို နှုတ်ဆက်တာလား မသိဘူးနော်၊ ချန်းသခင်လေးက စာကြိုးစားရတာ ပင်ပန်းနေပေမယ့် မမလေးဆီကို စာရေးဖို့ သတိရတယ်၊ ကိုယ့်စိတ်ထဲမှာ မင်းရှိတယ် ဆိုတဲ့သဘောပေါ့နော်”

နန်းပေါင်ရီသည် ဒန်းကိုသာ လွှဲမြဲလွှဲနေသည်။ သူမ ဒီစာကို သိသည်။ အရင်ဘဝက အချိန်ကို ရောက်လာပြီ ဖြစ်သည်။ ချန်းတယ်ယွီသည် သူမကို ဒီနှစ်ကုန်မှာ သူပြန်လာတော့မည်ဖြစ်ပြီး ကျင်းကွမ်မြို့ နှင်းကျသည့် အချိန်၌ သူနဲ့အတူ သဘာဝရှုခင်းတွေကို ခံစားဖို့ ရေးထားသည့်စာ ဖြစ်သည်။ အခု စဉ်းစားကြည့်လိုက်တော့ ဒီစာသည် ဝတ္တရားအရ ပေါ့ပေါ့ပါးပါး ဖိတ်ခေါ်သည့် ယဉ်ကျေးမှုတစ်ခုထက် မပိုပါချေ။

သူမက စဉ်းစားပြီး မိန်းမောတွေဝေနေသည့် အချိန်မှာ ဟယ်ယဲ့သည် သူမဘာသာ စာကို ဖွင့်ဖတ်လိုက်သည်။

“မမလေး၊ ဒီစာက ပါးပါးလေးပဲ၊ ကျွန်တော်မျိုးမက မမလေးအတွက် ဒီစာကို ဖတ်ပြမယ်နော်”

သူမက လည်ချောင်းရှင်းလိုက်ပြီး “မိန်းကလေးပေါင်ရီ၊ စာရေးလိုက်ပါတယ်……”

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset