NBY အပိုင်း ၁၁၀

အပိုင်း (၁၁၀)

အထင်မြင်သေးခံရသည့် အရသာ

နန်းပေါင်ရီ၏ မီးငှက်သဏ္ဌာန် မျက်လုံးများသည် ပြူးကျယ်သွားတော့သည်။ ဟုတ်သည်။ သူမမှာ သာမာန် မိန်းကလေး တစ်ယောက်သာ ဖြစ်သည်။ သို့သော်လည်း ရှန်းသခင်လေးမှာ ဒီလို အခွင့်အာဏာမျိုးကို ပေးခွင့်မရှိ။

‘ဘာကြောင့် သူမက အချက် ၂၀ အရိုက်ခံရမှာလဲ’

ဒါက သူမရဲ့အိမ်တော်လေ။ ကျာပွတ်ကို ကိုင်ထားသည့် အစေခံကို ကြည့်ရင်း သူမသည် စိတ်ကြီးဝင်နေစဉ်တွင် ရှောင်းယီသည် သူမ၏လည်ပင်းကို နောက်က တို့ထိလိုက်တာကြောင့် သူမ ထခုန်လိုက်မိသည်။

သူ၏မျက်နှာမှာ အေးစက်စက် အငွေ့အသက်များ ဖုံးလွှမ်းနေပြီး သူ၏မျက်လုံးများက အနည်းငယ် ပြုံးနေဟန်ရသည်။ သူ့ကို ပထမဆုံး အကြိမ်အဖြစ် ကာကွယ်ပေးနိုင် လိုက်တာကြောင့် သူမ ပျော်ရွှင်သွားသည်။

သူက တည်တည်ငြိမ်ငြိမ် ပြောလာသည်။

“ဒီဧည့်သည်ကို ငါခေါ်ထားတာလေ၊ မင်းက ဘာလို့ အော်နေတာလဲ”

နန်းပေါင်ရီက မကျေနပ်ဘဲ ချက်ချင်း ပြန်ပြောသည်။

“အစ်ကို ၂၊ သူက ကျွန်မတို့ အိမ်ကိုလာတဲ့ အပြင်လူပဲ၊ သူအစ်ကို့ကို ဘာမှ လုပ်လို့မရဘူး၊ သူက ကျွန်မတို့ကို ရိုက်ချင်နေတာ၊ သူ့သဘောအတိုင်း ဖြစ်ခွင့်မပေးနိုင်ဘူး”

“ငါနဲ့သာဆိုရင် မင်းကို ဘယ်သူမှ မရိုက်ရဲစေရဘူး”

ရှောင်းယီသည် သူမ၏ခေါင်းလေးကို ထိလိုက်ပြီး ဆက်ပြောသည်။

“ဒီကိုတစ်ယောက်လာဦး၊ သခင်မလေး ၅ ကို ဆုန်းဟယ့်ခြံ ပြန်ပို့လိုက်”

ရှန်းရိချောင်၏ မျက်လုံးများက အေးစက်သွားသည်။

“မင်းက သူ့ကို မျက်နှာသာ ပေးလိုက်တာလား”

“ဘက်လိုက်တယ်ဆိုတာ ဘာလဲ”

လက်နက်နှင့် လူများ ဝိုင်းရံထားသလို လေထု၏ မငြိမ်မသက် အခြေအနေကြောင့် ကန့်လန့်ကာ နောက်မှာ ပုန်းနေသည့် ကျန်းဆွေ့ဟန်သည် ယပ်တောင် တစ်ချောင်းကိုကိုင်ပြီး စိတ်သက်သာရာ ရစေရန် တဟားဟားရယ်လျက် အခြေအနေကို ဖြန်ဖြေလိုက်သည်။

“ရှန်းသခင်လေးက အဝေးကြီးက လာတာဆိုတော့ မသိသေးဘူး၊ နန်းသခင်မလေး ၅ က စည်းမျဉ်း စည်းကမ်းတွေကို မသိနားမလည်လို့ပါ၊ သာမာန် မိန်းကလေး တစ်ယောက်နဲ့ ပြိုင်ပြီး စိတ်မဆိုးပါနဲ့၊ ဟား ဟား ဟား၊ ယွမ်နန် မိန်းမလှလေး၊ နန်းသခင်မလေး ၅ ကို အပြင်ကို ခေါ်သွားပေးလို့ ရမလား”

နန်ယွမ်က သူ၏နှုတ်ခမ်းတွေကို လက်နဲ့ဖုံးလိုက်ပြီး ပြုံးလိုက်သည်။ သူမသည် နန်းပေါင်ရီကို ခေါင်းညိတ်ပြလိုက်ပြီး ပြောသည်။

“ကြွပါ”

နန်းပေါင်ရီသည် သူမနဲ့အတူ အပြင်ကို မကျေမနပ်ဖြင့် ထွက်လာပြီး ရှောင်းယီကို အကြိမ်ကြိမ် နောက်လှည့် ကြည့်နေသည်။

ရှောင်းယီ၏ မျက်နှာပေါ်တွင် အေးစက်စက် အငွေ့အသက်တွေက မပျောက်ကွယ်သေးပေ။ နန်းပေါင်ရီ ထွက်သွားသည့်အခါ သူ့မျက်လုံးထဲ၌ အပြုံးဖျော့ဖျော့သည် ပျောက်ကွယ် သွားတော့သည်။

နန်းပေါင်ရီသည် ဥယျာဉ်ထဲသို့ လျှောက်လာပြီး သူမ စမ်းမေးကြည့်လိုက်သည်။

“နန်ယွမ်၊ မင်း အစ်ကို ၂ ရဲ့ မောင်းမ လုပ်မှာလား”

ယွမ်နန်က နှစ်ကြိမ်တိုင် ရယ်မောလိုက်ပြီး ပြန်ဖြေမလာပါချေ။ နန်းပေါင်ရီသည် သူ၏ အထင်သေးနေသည့် အမူအရာကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူမက ရှန်းသခင်လေးနှင့် အတူတူပင်၊ အမြင့်ကိုသာမြင်ပြီး သူမလို သာမာန် တောသူမလေးကို စကားပြောဖို့ ရွံရှာနေသည်။

သူမက စိတ်မဆိုးဘဲ သူမ၏ အင်္ကျီလက်ထဲက အနီရောင် ပန်းခက်လေးကို ထုတ်ယူလိုက်သည်။

“ဒီနေ့က ချွန်းယန်းပွဲတော်ပဲ၊ ငါက ဒီချယ်ရီပန်းခက်လေးကို အစ်ကို ၂ အတွက် သေချာရွေးလာတာ၊ သူ့ကိုပေးပြီး သူရဲ့ကိုယ်မှာ ဆောင်ခိုင်းရမယ်၊ မကောင်းဆိုးဝါးတွေ မကပ်နိုင်အောင်လို့”

ယွမ်နန်က ဆွဲယူလိုက်သည်။ သူမသည် သူ့ရှေ့မှ မိန်းမငယ်လေးကို ကြည့်လိုက်သည်။ အသက် ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်သာ ရှိဦးမည် ဆိုသော်ငြားလည်း ဆွဲမက်ဖွယ် ကောင်းစွာ လှပနေသည်။ ဒါပေမယ့် စိတ်မကောင်းစရာမှာ တောင်ပိုင်း၏ နိုင်ငံကိုးခုထဲ၌ ဒီလိုကလေးမျိုး အများကြီး ရှိနေသည်။ ဒါ့အပြင် သူမနှင့် အမတ်မင်းသည် နေ့ရောညပါ အတူ ရှိနေကြသည်မို့ ထိုမိန်းကလေးအတွက် ဖျားယောင်း သွေးဆောင်ရန် အခွင့်အရေးရဖို့ ခက်ခဲသည်။ သူမ၏စိတ်ထဲက စက်ဆုပ် ရွံရှာလာပြီး အေးစက်စက် ပြောလိုက်သည်။

“မိန်းကလေး စကားအတိုင်း ငါကမကြာခင် အမတ်မင်း၏ မောင်းမဖြစ်လာတော့မှာ ဆိုတော့ သူရဲ့နောက်ပိုင်း ကိစ္စတွေကို ထိန်းသိမ်း ပေးရမှာပေါ့၊ အမတ်မင်းက ကြီးမြတ်တဲ့ သူတစ်ယောက်ပဲ၊ နန်းမိန်းကလေးက သူဂုဏ်သိက္ခာကို ထည့်စဉ်းစားပြီး နောက်တစ်ခါ သူ့ကို မနှောင့်ယှက်ပါနဲ့၊ ငါက နဂါးကို လက်လှမ်းဖို့ ကြိုးစားပြီး ဇာမဏီငှက်ဖြစ်ချင်တဲ့ မိန်းမတွေကို မုန်းတယ်”

ပြောပြီးနောက် သူမသည် အိမ်ထဲသို့ ပြန်ဝင်သွားတော့သည်။

အပြာရောင် ကျောက်ခင်း လမ်းလေးပေါ်တွင် နန်းပေါင်ရီသည် တစ်ယောက်တည်း ရပ်ကျန်နေခဲ့သည်။ သူမမှာ နှုတ်ခမ်းကိုကိုက်ပြီး သူမ၏ ပန်းထိုးဖိနပ်ပေါ် နှင်းများ ဖုံးလွှမ်းလာသည့်အထိ ရပ်နေခဲ့သည်။

အရင်ဘဝက မှတ်ဉာဏ်များ အရဆိုရင် ရှန်းရိချောင်သည် ဧကရာဇ်၏ဆရာ၏ လက်အောက် ဝန်ထမ်းဖြစ်ပြီး ရှောင်းယီသည်သာ သခင်ဖြစ်သည်။ ဒါပေမယ့် အခုတော့ ဘယ်လိုတွေဖြစ်ကုန်တာလဲ? ပြီးတော့ ယွမ်နန်ဆိုသည့် လှပသည့် မောင်းမလေးကိုလည်း အမတ်မင်း အိမ်တော်မှာ သူမ မကြားဖူးခဲ့။

သူတို့နှစ်ယောက်သည် သူတို့ကိုယ်သူတို့ ဘယ်နေရာကို ရောက်နေကြလဲ မသိကြပုံပင်။ သူတို့သည် သူမ၏အိမ်မှာနေပြီး အိမ်မှ လူတွေကို အထက်စီးဆန်ဆန် ဆက်ဆံနေသည်။ ဒါက စက်ဆုပ်စရာ ကောင်းလှသည်။ သူမသည် ကျောက်တုံးငယ်လေးကို ကန်လိုက်ပြီး ဆုန်းဟယ့်ခြံကို မပျော်မရွှင်နဲ့ ပြန်သွားတော့သည်။

………………….

စာကြည့်ခန်းဝယ်….

သူ့အဒေါ်၏အမိန့်အရ သူရှောင်းယီကို ရိုက်ပြီး အပြစ်ပေးမည်ဟု ရှန်းရိချောင်က ပြောသည်။ သို့သော် ရှောင်းယီသည် သူ၏ကြီးမားသည့် အနက်ရောင်နဲ့ ရွှေရောင် ရောစပ်ထားသည့် ဝတ်ရုံကြီးကို ထိုင်ခုံပေါ်မှာ ဖြန့်ချထားပြီး ထိုင်နေသည်။ သူ၏ ကိုယ်နေဟန်ထားက မြင့်မြတ်ပြီး အထက်စီး ဆန်နေသည်။ ကျာပွတ်ကို ကိုင်ထားသည့် အစေခံမှာ သူ့ကိုထိဖို့တောင် မရဲပေ။

ရှန်းရိချောင်က အေးတိအေးစက် ပြောလိုက်သည်။

“ငါ့ရဲ့ ဝမ်းကွဲအစ်ကိုက မြင့်မြတ်တဲ့ မျိုးနွယ်မို့လို့ အပြစ်ပေးခံရတာက လွတ်တယ်၊ ဒါပေမယ့် ဟိုအဖိုးမတန်သည့် တောင်ပိုင်းသူကတော့….”

ရှောင်းယီသည် လက်ဖက်ရည်ခွက်ကို ပျင်းရိစွာ လှည့်နေပြီး သူ့စကားကို ဖြတ်ပြောလိုက်သည်။

“ရှန်းရိချောင်၊ သူမက အဆင့်မရှိဘူးဆိုတဲ့ မင်း၏စကားကို ထပ်ပြောမယ်ဆိုရင် မင်းရဲ့လျှာကို သတိထား”

“မင်းက သူ့ကို ဂရုစိုက်နေတာလား၊ မင်းလို မြင့်မြတ်သည့် တော်ဝင်မျိုးရိုးက အဆင့်ကိုးပဲရှိတဲ့ ဇာတ်နိမ့်တစ်ယောက်ကို ဘာလို့ ဂရုစိုက်နေတာလဲ?”

“လာကြစမ်း၊ သူရဲ့လျှာကို ဖြတ်ထုတ်လိုက်”

ရှောင်းယီက အမိန့်ပေးလိုက်သည်။

“မင်းတို့နှစ်ယောက် ရန်မဖြစ်ကြနဲ့တော့”

ကျန်းဆွေ့ဟန်သည် ခေါင်းကိုက်လာရပြီး “ရှန်းသခင်လေးက အဝေးကြီးက လာရတာဆိုတော့ ကျွန်တော် ဒီနားပတ်ဝန်းကျင်ကို လိုက်ပြပါ့မယ်၊ ဒီနေ့ ကျွန်တော်တို့ နည်းနည်းလောက် သောက်ကြတာပေါ့၊ နန်းသခင်မလေး ၅ က သူရဲ့အစ်ကိုကို ကာကွယ်ပေးချင်ရုံပါ၊ ရှန်းသခင်လေးက ဗွေမယူပါနဲ့”

ပြောပြီးနောက် သူသည် ရှန်းရိချောင်ကို စာကြည့်ခန်း အပြင်ဘက်သို့ ဆွဲခေါ်သွားတော့သည်။

ယွမ်နန်သည် သူတို့နှစ်ယောက်ကို တံခါးအဝင်အဝမှာ အရိုအသေ ပေးလိုက်သည်။ သူမသည် တံခါးဝမှ ရှီးယန်နဲ့ ရှီးခူကို ဖြတ်ပြီး စာကြည့်ခန်းထဲသို့ ဝင်လာခဲ့သည်။ သူမသည် ထိုင်ခုံပေါ်တွင် ထိုင်နေသည့် လူငယ်ကို ကြည့်လိုက်သည်။ ဆယ့်ရှစ်နှစ်အရွယ် လူငယ်လေးသည် သူ၏မိသားစု နောက်ခံမပါဘဲနှင့် သူ၏အရည်အချင်း အစစ်အမှန်ကိုသာ သုံးပြီး ငယ်ငယ်လေးဖြင့် အမတ်မင်း ဖြစ်လာခဲ့သည်။ သူသည် လောက၌ ထွက်ပေါ်လာရင် အရမ်းကြောက်ဖို့ ကောင်းမည်မှာ အသေအချာပင်။

သူမသည် လက်ကို မြှောက်လိုက်ပြီး ခစားဖို့ ရှောင်းယီနောက်၌ ဒူးထောက်လိုက်သည်။ သူမ မော့ကြည့်လိုက်သည်။ ပြတင်းသည် ကန့်လန့်ကာ ချထားပြီး အလင်းရောင်များနှင့် အရိပ်များက အခန်းထဲ ကျဲကျဲပါးပါး ရှိနေသည်။ အရပ်မြင့်မားပြီး ဂုဏ်သရေ ကြီးမြင့်သည့် အမတ်မင်းသည် သူ၏မျက်လုံးကို မှိတ်၍ လက်တစ်ဖက်ကို ထောက်ပြီး အိပ်နေသည်။ သူသည် ချောမော ကြည့်ကောင်းစွာ မွေးဖွားလာခဲ့သည်။ သူ့၌ အချိုးကျသည့် အရိုးများ၊ နှာတံမြင့်မြင့်နှင့် နှုတ်ခမ်းပါးတွေက ကျောက်စိမ်းကဲ့သို့ တင့်တယ်နေသည်။

သို့သော်လည်း ရန်စခံရလျှင် မျက်လုံးများသည် အေးစက်ပြီး မြင့်မြတ်သည့် အငွေ့အသက်များ မရှိတော့ဘဲ ထိန်းချုပ်လို့ မရနိုင်တော့ချေ။ အကြည့်တစ်ချက်နဲ့တင် ကျဆုံးစေနိုင်သည်။

အခုကစပြီး ယွမ်နန်သည် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ပြီး အံ့အားသင့်ဖွယ် အရည်အချင်းရှိသည့် ဒီလူကို လုပ်ကျွေးပြုစုရတော့မည်။ သူမ၏ စိတ်သည် တုန်လှုပ်နေသည်မှာ အမှန်ဖြစ်သည်။ သူမ၏ မျက်ခုံးထောင့်များနှင့် မျက်လုံးများပါ အနီရောင် ဖျော့ဖျော့သန်းနေသည်။ နောက်ပိုင်း အချိန်ကျလျှင် ဒီလူသည် သူမကို အနည်းငယ် ကြည့်ရှုပေးရန့် မျှော်လင့်မိသည်။

သူမသည် လက်များကို ဆန့်လိုက်ပြီး သူ၏ခြေထောက်နှင့် ဝမ်းဗိုက်ပိုင်းကို ဂရုတစိုက် နှိပ်နယ် ပေးနေသည်။ သူမက ယဉ်ကျေးစွာ ပြောလိုက်သည်။

“ဒီအစေခံက သခင့်ရှေ့မှာ ခစားပါတယ်၊ ကျွန်တော်မျိုးမက ပခုံးတွေနဲ့ ခြေထောက်တွေကို နှိပ်ပေးတဲ့ နေရာမှာ တော်ပါတယ်၊ အမတ်မင်း ကျေနပ်ရဲ့လား”

ရှောင်းယီက တုံ့ပြန်ခြင်းမရှိ။

ယွမ်နန်က သူ၏ခြေထောက်တွေကို အချိန်အတန်ကြာ နှိပ်နယ်ပေးနေပြီး သူမ၏ဝတ်ရုံ အိတ်ထဲမှ ချယ်ရီပန်းခက်လေးကို ထုတ်ယူလိုက်သည်။ သူမသည် လက်နှစ်ဖက်နှင့် ကမ်းပေးလိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။

“ဒီနေ့ ကျွန်တော်မျိုးမက ချယ်ရီပန်းခက်လေးကို မင်းသားအတွက် ခူးလာတာပါ၊ မင်းသားသာ ခေါင်းစည်းမှာ ထိုးထားမယ်ဆိုရင် မကောင်းဆိုးဝါးတွေ မကပ်နိုင်အောင် ကာကွယ်ပေးနိုင်ပါလိမ့်မယ်”

ရှောင်းယီ၏ မျက်လုံးများ ပွင့်လာသည်။ ဒီနေ့သည် ချွန်းယန်း ပွဲတော်နေ့ ဖြစ်သည်။ ဓလေ့ထုံးစံအရ သူအနီမှိုင်းမှိုင်းကို ဝတ်ဆင်သင့်သည်။

သူသည် ပန်းခက်ငယ်လေးကို ကောက်ယူလိုက်သည်။ သစ်ကိုင်းလေးက စိမ်းနေပြီး အနီရောင် ချယ်ရီပွင့်များ ပွင့်နေသည်။ နန်းကျောင်းကျောင်းသာ ခေါင်းမှာ ပန်လိုက်လျှင် အရမ်း ချစ်စရာ ကောင်းနေမည်ကို မြင်ယောင်မိသည်။

သူသည် ပန်းခက်လေးအား ခဏဆော့ကစားပြီး ယွမ်နန်ကို တစ်ချက်ကြည့်လိုက်ရင်း

“ထွက်သွား”

ယွမ်နန်က ရုတ်တရက် ထိတ်လန့်သွားသည်။ သူမ ဘာအမှားမှ မလုပ်မိပါဘဲနဲ့ ဘာကြောင့် ထွက်သွားလို့ အပြောခံရသည်လဲ? သူ့ကို စိတ်လှုပ်ရှားစေလောက်အောင် သူမက မလှလို့လား? သူမက မျက်ခုံးများ တွန့်အောင် မျက်မှောင်ကြုတ်လိုက်ပြီး ဆွဲဆောင်မှုရှိသည့် အသံဖြင့် ပြောလိုက်သည်။

“အမတ်မင်း”

“ငါမင်းကို ကန်ထုတ်ပေးရမလား”

အသက်မရှုနိုင်အောင် ထိတ်လန့်သွားသည်။ စစ်မြေပြင်မှာ အတူတိုက်ခိုက်ကြသည့် စစ်သားများပင် သူမလောက် ဘယ်သူမှ သနားစရာ မကောင်းပါချေ။

သူမက ပြန်လှန် မပြောရဲတာကြောင့် စိတ်ဆိုးဆိုးဖြင့် လှည့်ထွက်သွားတော့သည်။

ရှောင်းယီသည် ယွီဝေ့ကိုခေါ်လိုက်ပြီး ပန်းခက်လေးကို ပေးလိုက်ပြီး “နန်းကျောင်းကျောင်းကို သွားပေးလိုက်”

ရှန်းရိချောင် ရှိနေတာကြောင့် သူသည် ချွန်းယန်း ပွဲတော်နေ့မှာ သူမနဲ့အတူ ရှိမပေးနိုင်ခဲ့။ အနည်းဆုံးတော့ ချယ်ရီပန်းတစ်ခက်ကို ပေးပြီး သူ၏ဂရုစိုက်မှုကို ဖော်ပြရမည်။ သူ၏စိတ်ထဲတွင် သူမအတွက် နေရာတစ်ခု ရှိနေကြောင်းလည်း ပြောပြရမည်။

ယွီဝေ့က ဆုန်းဟယ့်ခြံသို့ ရောက်ချိန်တွင် အလှပြင်ခုံ၏ ကြေးမုံရှေ့၌ မပျော်မရွှင် ထိုင်နေသည့် နန်းပေါင်ရီကို တွေ့လိုက်ရသည်။ အိမ်စေများက ပုလံဆံထိုးကို သူမ၏ ခေါင်း၌ ထိုးပေးနေသည်။

သူမက ပြုံးရင်း အရိုအသေ ပေးလိုက်ပြီး “မမလေးကို နှုတ်ခွန်း ဆက်သပါတယ်”

“ယွီဝေ့ ဒီကို ဘာလို့ ရောက်လာတာလဲ”

နန်းပေါင်ရီက အံ့ဩပြီး ပျော်ရွှင်သွားသည်။

“သခင်က မမလေးကို ဒါလေး ပေးခိုင်းလို့ပါ”

ယွီဝေ့က သူမ၏ခေါင်း၌ ချယ်ရီခက်လေးကို ပန်ပေးလိုက်ပြီး “ချွမ်းယန်း ပွဲတော်နေ့မှာ သခင့်၏လက်ဆောင် ချယ်ရီခက်လေးကို ပန်ပေးလိုက်တာပါ၊ မမလေး လုံခြုံဖို့နဲ့ အောင်မြင်ဖို့ ဆုတောင်းပေးပါတယ်”

နန်းပေါင်ရီသည် ပန်းခက်လေးကို ကြည့်ပြီး အတွေးထဲ နစ်မြုပ်သွားသည်။ ဒါက သူမ သူ့ကိုပေးလိုက်သည့် ပန်းခက်ဖြစ်ပြီး အပွင့်ကိုးပွင့်ပါသည်။ ဒါပေမယ့် ဘာလို့ သူမကို သူက ပြန်ပေးတာလဲ? သူက ချယ်ရီပန်းခက်လေးကိုမကြိုက်လို့လား၊ သူက မယူချင်လို့ ငြင်းဆန်တာလား၊။

ယွီဝေ့က အပြောကောင်းသည်။ ချွန်းယန်း ပွဲတော်နေ့အတွက် လက်ဆောင်ပါ၊ လုံခြုံဖို့နဲ့ အောင်မြင်ဖို့ ဆုတောင်းပေးပါတယ် ဆိုတာက သူမ၏မျက်နှာကို ထောက်ပြီး ပြောတာဖြစ်မည်။

နန်းပေါင်ရီက ပန်းခက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း ရှန်းရိချောင်နှင့် ယွမ်နန်၏ အဆင့်အတန်း ခွဲခြားပြီး စက်ဆုပ်ဖို့ကောင်းသည့် အကျင့်စရိုက်အကြောင်း ထပ်တွေးနေမိသည်။

အမတ်မင်း၏ နောက်ကွယ်မှာ သူမကို အထင်အမြင်သေးကြသည်။ သူမ စိတ်ဆိုးသွားပြီး သူမ၏ တစ်ကိုယ်ကောင်းဆန်မှုနဲ့ အကြင်နာကင်းသည့် စိတ်များက ပြန်ပေါ်လာသည်။

ယွီဝေ့ထွက်သွားပြီးနောက် သူမက ပန်းခက်ကို ပြတင်းပေါက်က လွှင့်ပစ်လိုက်တော့သည်။

…………………….

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset