NBY အပိုင်း ၁၀၈

အပိုင်း (၁၀၈)

မျက်လုံးတွေနီရဲလောက်အောင် သူမအနိုင်ကျင့်ခံနေရတယ်

“ဒီကိုလာခဲ့”

နန်းပေါင်ရီသည် ဘာမှနားမလည်ဘဲ ရှောင်းယီဆီကို ချဉ်းကပ်သွားသည်။ ရှောင်းယီမှာ သူမကို ရုတ်တရက် ပွေ့ဖက်လိုက်သည်။ သူသည် သူမကို သူ၏ဒူးခေါင်းတွေကြားမှာ ထားထားသည်။ သူမ၏ ခါးသွယ်သွယ်လေးကို လက်တစ်ဖက်နဲ့ ပွေ့ဖက်ထားပြီး သူမ၏မေးစေ့ကို သူ၏မေးစေ့နဲ့ ထိထားလိုက်သည်။

နန်းပေါင်ရီသည် သူ၏ အချုပ်ခံလိုက်ရတာကြောင့် ကြောက်လန့်နေပြီး “အစ်ကို! အစ်ကို! အစ်ကို ၂”

ရှောင်းယီမှာ သူမနှင့် အနီးကပ်ဆုံး တိုးလိုက်ပြီး သူမ၏ ခေါင်ရမ်းပန်းနံ့သင်းသည့် ပါးပြင်လေးကို နမ်းရှိုက်လိုက်သည်။

‘တကယ်ချိုမြိန်တယ်’

သူမ၏ ပါးလျသည့် နှုတ်ခမ်းလေးတွေကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

“မင်းက ငါရဲ့ မုတန်းပန်းပင်ကို ဖျက်ဆီးလိုက်တယ်၊ အလျော်အစားအတွက် ငါနဲ့ ညှိနှိုင်းရဦးမယ်လေ”

သူသည် အန္တရာယ်ကြီးသည့် သားရဲတစ်ကောင်လိုပင်၊ နန်းပေါင်ရီမှာ မလှုပ်ရဲတော့ဘဲ သူ၏ပေါင်ပေါ်မှာ လိမ်လိမ်မာမာ ထိုင်နေလိုက်သည်။ သူမ၏ မျက်နှာမှာ မျက်နှာချေမှုန့် အနီဆိုးထားသလို နီရဲနေပြီး လေသံဖွဖွနဲ့ တောင်းဆိုလိုက်သည်။

“မောင်နှမတွေကြားမှာ ပြန်လျော်ပေးဖို့ ပြောတာက အရမ်းကို နာကျင်စေတယ်၊ ပြီးတော့ အစ်ကို့ရဲ့ မုတန်းပန်းပင်က သေသွားတာလည်း မဟုတ်ဘူး”

“မသေဘူးဆိုတာနဲ့ပဲ ပြန်လျော်စရာ မလိုတော့ဘူးလား”

နန်းပေါင်ရီက အပြစ်ရှိစိတ်ကို ခံစားရပေမယ့် ကြက်သွန်ဖြူလုံးလေးလို ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်သည်။

တစ်စုံတရာ ပေါက်ကွဲတော့မလို ခံစားရပြီး သူမ၏ အသားအရေက ဖြူဖျော့လာသည်။ သူမသည် ခေါင်းညိတ် လိုက်သည့်အခါ သူမ၏နားဆွဲမှာ တပ်ဆင်ထားသည့် ကျောက်မျက်ရတနာ‌များက ညင်သာစွာ လှုပ်ယမ်းနေပြီး သူမ၏နားကို ဖွေးဉုလာစေသည်။ သူမ၏လည်တိုင်ကလည်း ဆွဲဆောင်မှုရှိစွာ သွယ်လျနေသည်။

သူသည် သူမ၏လည်တိုင်ဆီကို ငုံ့လိုက်ပြီး သူမ၏နားနောက်က ချိုမြိန်သည့် ရနံ့လေးကို ပြင်းပြင်းပျပျ နမ်းရှိုက်လိုက်သည်။ သူ၏မျက်လုံးများကို စောင်းပြီးကြည့်လိုက်ရင်း ရေရွတ်လိုက်သည်။

“မင်းဘာကိုပြန်ပေးချင်လဲ”

သူ၏ဝင်သက်ထွက်သက် လေများက သူမ၏နားနားကို တိုးဝှေ့နေကြသည်။

ဒါအရမ်း သနားစရာ ကောင်းနေပြီ၊ သူမ အရင်ဘဝမှာတုန်းကရော အခုဘဝမှာပါ တစ်ခါမှ ယောက်ျားလေး တစ်ယောက်နှင့် ဒီလောက်နီးနီးကပ်ကပ် မနေဖူးပေ။

ဒီအနေအထားက မသင့်တော်ဘူးလို့ ရှောင်းယီ ခံစားရသည်။ သူ၏စိတ်မှာ မာနကြီးပြ ီး အကျိုးအကြောင်း မသင့်ပေမယ့် ဒီအနေအထားကို ဖြစ်သင့်တယ်လို့ သူခံစားနေရဆဲပင်။

သူမသည် အလွန်အမင်း စိတ်လှုပ်ရှားနေပြီး လက်တွေကို တင်းတင်းကြပ်ကြပ် ဖျစ်ညှစ်နေသည်။ နှုတ်ခမ်းသေးသေးလေးကို ကိုက်ပြီး အချိန်အကြာကြီး ပြောစရာ စကားမဲ့ နေရှာသည်။

သူမမှာ ရွှေစအချို့ရှိသည်။ ဒါပေမယ့် သူမက ထုတ်ပေးဖို့ကို တွန့်ဆုတ်နေမိသည်။ သူမ ပြင်းပြင်းထန်ထန် တုန်ရီလာပြီး နားစွဲကျောက်လေးကလည်း လှုပ်ခါနေသည်။

ရှောင်းယီက သူမကို ငုံ့ကြည့်နေသည်။ သူမ၏ နားစွဲကျောက်လေးများ လှုပ်ခါနေပုံက နူးညံ့ပြီး အရမ်းချစ်စရာ ကောင်းနေသည်။

သူသည် သူမ၏ နားစွဲလေးရော နားရွက်တစ်ခုလုံးပါ ပါးစပ်ထဲ ရောက်အောင် ကိုက်ဆွဲလိုက်သည်။ စိုစွတ်သည့် အထိအတွေ့က နန်းပေါင်ရီ၏ မျက်လုံးများကို ရုတ်တရက် ပွင့်သွားစေသည်။ အမတ်မင်းက အရပ်လည်းရှည်ပြီး ခန္ဓာကိုယ် အချိုးအစားလည်း တောင့်တင်းသည်။

သူ၏ပေါင်ပေါ်တွင် သူမ ထိုင်နေသည်မှာ ကိုယ်လုံးသေးသေးလေးနှင့့် သနားချင့်စဖွယ် ကောင်းနေသည်။ သူမက ပွင့်ပွင့်လင်းလင်းလည်း မငြင်းရဲပါချေ။ အနိုင်ကျင့်ခံနေရတာကြောင့် မျက်လုံးများသည် တဖြည်းဖြည်း နီလာပြီး တုန်တုန်ရီရီနဲ့ တောင်းဆိုရှာသည်။

“အစ်ကို ၂၊ ညီမလေး မှားသွားပါတယ်၊ ညီမလေး အစ်ကို့ရဲ့ပန်းပင်ကို ညှပ်မပစ်သင့်ဘူး၊ ညီမလေးက အစ်ကို့ကို ပေးချင်ရုံပါ၊ အစ်ကို ညီမကို အနိုင်မကျင့်ပါနဲ့တော့”

ရှောင်းယီက အသံအက်အက်ဖြင့် မေးလိုက်သည်။

“ဘယ်လို ပြန်လျော်ပေးမှာလဲ”

ထိုစကားကို ပြောပြီးနောက် သူ၏မျက်လုံးတွေက ကျဉ်းမြောင်းသွားပြီး သူမ၏ မျက်နှာလေးကို ငေးကြည့်နေသည်။

ကြောက်ရွံ့မှုကြောင့် သူမ မျက်နှာမှာ ရှုံ့တွနေပြီး မျက်တောင်ဖျားတွင် မျက်ရည်စက်လေးများ တွဲခိုလာတော့သည်။ သူမ၏ ဖြူဖွေးဖွေးသွားများဖြင့် နှုတ်ခမ်းလေးကို ဖိကိုက်ထားသည့်ပုံစံမှာလည်း နှင်းစက်များနှင့့် မိုးရေများကြားမှ ခေါင်ရမ်းပန်းလေးလိုပင် သနားချင့်စဖွယ် ကောင်းနေသည်။

သူရုတ်တရက် နားလည်သွားမိသည်။ ဘာကြောင့် ဒုတိယမြောက် ရူးနေသည့် ဘုရင်ကျောက်ယွဲ့က အဲ့ဒီလို မိုက်မဲသည့်အရာကို အပြုံးတစ်ပွင့်၏ အဖိုးအခအနေနဲ့ မိန်းမလှလေးကို လုပ်ခွင့်ပြုလိုက်သလဲ ဆိုတာကိုပင်။

သူ၏လက်မောင်းကြားတွင် ထွေးဖက်ထားသည့် မိန်းမလှလေးသာ ပြုံးပြမယ်ဆိုရင် ဥယျာဉ်တစ်ခုလုံး အဖူးအပြည့်နဲ့ မုရန်းပန်းတွေ ပေးရမည် ဆိုရင်တောင် သူလက်ခံမိမှာပင်။

နန်းပေါင်ရီသည် သူ၏ရူးသွပ်မှုကို နားမလည်နိုင်ပါချေ။ သူမမှာ သူ၏ပန်းထိုးအိတ်ကို တုန်တုန်ရီရီနဲ့ ဆုပ်ကိုင်ထားပြီး တွေးနေမိသည်။ အမတ်မင်းသည် သူမ၏ ကိုယ်ပိုင် ပိုက်ဆံများကို လိုချင်နေမှာ စိုးရသည်။ တစ်နည်းအားဖြင့် သူက သူမကို ဘာလို့ဒီလို အဓိပ္ပါယ်အပြည့် မျက်လုံးများဖြင့် ကြည့်နေသနည်း။

သူမ၏ငွေတွေက စာအုပ်ရောင်းလို့ရသည့် ပိုက်ဆံများနှင့် နွေဦးကျောက်စိမ်း စံအိမ်မှ ပြဇာတ်အတွက် ရသည့် ခွဲတမ်းငွေများ ဖြစ်သည်။ အားလုံးသည် သူမ၏ ပင်ပင်ပန်းပန်း ကြိုးစားပြီး ရှာထားရသည့် ငွေများဖြစ်ပေသည်။ သူမစိတ်မှာ ခေတ္တတာ လွန်ဆွဲနေပြီးနောက် သူမ၏ ပန်းထိုးအိတ်လေးကို နှမြောစွာ လက်လွှတ်လိုက်ပြီး ရှောင်းယီကို ရိုရိုသေသေ ပေးလိုက်သည်။

“အစ်ကို့ကို ညီမလေး ပြန်လျော်ပေးပါ့မယ်”

ရှောင်းယီက မျက်ခုံးပင့် သွားမိသည်။ ကောင်မလေး၏ ပန်းထိုးအိတ်လေးသည် ပိုးဖဲသားဖြင့် ချုပ်ထားပြီး ခေါင်ရမ်းပွင့်ပုံစံ ပန်းထိုးထားသည်။ ပုလဲကြိုးလေးဖြင့် အလှဆင်ထားပြီး သေသေသပ်သပ်နဲ့ တန်ဖိုးကြီးလှသည်။ သူသည် ပန်းထိုးအိတ်လေးကို ခဏလှည့်ပတ် ကစားနေပြီး သူ၏နှာခေါင်းဖျားနဲ့ မွှေးကြူလိုက်သည်။

နန်းပေါင်ရီ၏ မျက်နှာမှာ နီရဲသွားတော့သည်။ သူ၏အပြုအမူသည် ကျင့်ဝတ်များကို စောင့်ထိန်းခြင်း မရှိဘူးဟု သူမ အမြဲတမ်း ခံစားရသည်။

ရှောင်းယီက အားရအောင် နမ်းရှိုက်ပြီး သူမ၏ ပန်းထိုးအိတ်လေးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ အထဲ၌ သေသေသပ်သပ် ထုတ်ထားသည့် တစ်ထောင်တန် ငွေစက္ကူနှစ်ရွက်နှင့် ရွှေချောင်းအချို့ ရှိသည်။ ရုတ်တရက် သူမ၏ ကိုယ်ပိုင်ပိုက်ဆံ ဘယ်လောက်ရှိလဲလို့ သူသိချင်သွားမိသည်။ သူက သဘောကျစွာ ရယ်မောပြီး ပြောလိုက်သည်။

“အဲ့ဒီ မုတန်းပန်းပင်က ဘယ်လောက်ဈေးကြီးလဲ မင်းသိလား”

သူမသည် ပန်းတွေ၊ အပင်တွေကို ဂရုစိုက်ဖို့ စိတ်မဝင်စားတာကြောင့် မုတန်းပန်းပင်မှာ ဘယ်လောက် တန်ကြေးရှိမှန်း မသိချေ။ သို့ရာတွင် အမတ်မင်း၏ တုံ့ပြန်မှုအခြေအနေအရ ရွှေစနှစ်ထောင်တည်းဖြင့် ပြန်လျော်၍ မရနိုင်လောက်ပေ။ သူမ အံကိုကြိတ်လိုက်ပြီး သူမ၏ ပန်းထိုးဖိနပ်ကို ချွတ်လိုက်သည်။

ရှောင်းယီ၏ မျက်ခုံးများက ထပ်တစ်ဖန် မြင့်တက် သွားရပြန်သည်။ သူမ၏ ပန်းထိုးဖိနပ်လေးများသည် သူ့လက်ဖဝါးခန့်သာ အရွယ်အစားရှိပြီး ပိုးထည်ပေါ်၌ ရွှေရောင်ချည်ဖြင့် ပန်းထိုးထားသည်။ လုံးဝန်းသည့် ပုတီးစေ့လေးများဖြင့် လှလှပပ တန်ဆာဆင်ထားပြီး ဖိနပ်အောက်ခံပြားကလည်း သန့်ရှင်းနေသည်။ သူ၏အကြည့်များမှာ သူမ၏ခြေထောက်ဆီ ရောက်သွားသည်။ နှမြောစရာ ကောင်းသည်မှာ သူမ၏ခြေထောက်မှာ ခြေအိတ်ဝတ်ထားတာကြောင့် သူဘာကိုမှ မြင်ခွင့်မရခဲ့ပေ။

နန်းပေါင်ရီက ဖိနပ်အောက်ခံကို လှန်လိုက်ပြီး ပန်းထိုးဖိနပ်ထဲက ငွေလက်မှတ်ကို ထုတ်ယူလိုက်သည်။

“ဒါက ဘဏ်က ငွေလက်မှတ်၊ အစ်ကို ၂ ဒါနဲ့ ဘဏ်မှာ ရွှေစနှစ်သောင်း သွားထုတ်လို့ရတယ်”

သူမ၏အသံမှာ ပိုးကောင်လေးများ အော်သံလို တိုးလျနေပြီး နှလုံးသားက မထိန်းချုပ်နိုင်လောက်အောင် သွေးစိမ်းရှင်ရှင် ကျနေသလိုပင်။ ရွှေစနှစ်သောင်း ဆိုသည်မှာ သူမ လပေါင်းများစွာ ကြိုးစားပမ်းစား ရှာဖွေစုဆောင်း ထားရတာဖြစ်သည်။ အခု သူမ အမတ်မင်း၏ မုတန်းပန်းပင်ကို ဖျက်ဆီးမိသောကြောင့် ရှာထားသမျှ ငွေများအားလုံးကို ပေးလျော် လိုက်ရသည်။

ရှောင်းယီ၏ နှုတ်ခမ်းပါးများသည် တွန့်ကွေးသွားသည်။ မှန်းထားသည့်အတိုင်း နန်းကျောင်းကျောင်း၏ ပန်းထိုးဖိနပ်ထဲမှာ ဖွက်ထားသည့် ငွေများရှိနေသည်။ ပုံမှန်မိသားစုများတွင် တင်းကြပ်သည့် ဇနီးမယားရှိသည့် ခင်ပွန်းများသည် သူတို့၏ ဖိနပ်အောက်ခံထဲ၌ ငွေစတွေကို ဖွက်ထားလေ့ ရှိကြသည်။

ယခု တွေးကြည့်လျှင် သူ့၌ ဩဇာရှိသည့် ဇနီးမယားလည်း မရှိသောကြောင့် သူဝယ်ချင်တာတွေကို ဘာပဲဖြစ်ဖြစ် စိတ်ကြိုက်ဝယ်နိုင်သည်။ တောက်ပပြီး နှစ်လိုဖွယ်ကောင်းသည့် ပန်းတွေ၊ ပန်းချီကားများနှင့် အနုပညာပစ္စည်းများကို စိတ်ကြိုက်ဝယ်ပြီး သုံးဖြုန်းလို့ရပေသည်။ သူက ခံစားချက် ကောင်းနေပြီး ငွေလက်မှတ်ကို ဆွဲယူလိုက်သော်လည်း သူ့လက်ထဲကို ပါမလာချေ။

နန်းပေါင်ရီမှာ ငွေလက်မှတ်၏ တစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဆုတ်ထားပြီး သူမ၏ မီးငှက်သဖွယ် မျက်လုံးရွဲကြီးများက မျက်ရည်များဖြင့် ပြည့်လာခဲ့သည်။

“အစ်ကို ၂ ဒါ ညီမလေး စုထားသမျှအကုန်ပဲ”

“လက်တွန့်မနေနဲ့ ဒါ မုတန်းပန်းအတွက် အလျော်ပေးတာ”

“အစ်ကို ၂ ဒါညီမလေး ကြိုးစားပမ်းစား ရှာထားတဲ့ငွေတွေ”

“ကျောင်းကျောင်းက တကယ် တတ်နိုင်တာပဲ”

“အစ်ကို ၂ ၊ အစ်ကိုက ညီမလေး ဒုက္ခခံပြီး ရှာထားတဲ့ ငွေတွေကို ယူသွားမယ်ဆိုရင် လျှောက်ပြီး မသုံးဖြုန်းပစ်ရဘူးနော်…. ညီမလေး ဝမ်းနည်းနေလို့၊ ညီမလေးရဲ့ အဖေကို အရက်နည်းနည်း ဝယ်ပေးပြီး ဒီကို လွှတ်လိုက်လို့ ရမလား”

“စိတ်မပူနဲ့ ကျောင်းကျောင်း၊ ငါက ကတိတည်တဲ့ သူပါ”

နန်းပေါင်ရီသည် ပြောစရာစကား မရှိတော့ပေ၊ ရှောင်းယီ၏လက်ထဲမှ သူမ၏များကိုကြည့်ပြီး မျက်ဝန်းထဲမှာ မျက်ရည်များ ပြည့်လျှံလာသည်။

ရှောင်းယီ ထွက်သွားသည့်နောက် သူမ ထိန်းမထားနိုင်တော့ဘဲ မွေ့ရာပေါ် ပစ်လှဲပြီး စောင်ကို တင်းတင်းဆုတ်ရင်း အော်ငိုလိုက်တော့သည်။ နောင်အခါ နန်းအိမ်တော်သာ ပျက်စီးသွားခဲ့ရင် ဒီငွေတွေကို အရေးပေါ် အသုံးပြုဖို့ သူမ ရည်ရွယ်ထားတာဖြစ်သည်။ သေချာစဉ်းစားပြီးမှ ဟယ်ယဲ့ နာမည်ဖြင့် ထားထားသည့် ငွေများ ဖြစ်သည်။ အခုတော့ သွားပြီ၊ တကယ့်ကိုသွားပြီ၊ ငွေများအားလုံး မရှိတော့။

ခွေးလိုကောင် ရှောင်းယီ၏ လုယူသွားခြင်းကို ခံလိုက်ရသည်။

“ဝူး! ဝူး! ဝူး!”

………………

နောက်တစ်နေ့ မနက်ခင်း၌ ဟယ်ယဲ့သည် နန်းပေါင်ရီကို လာနှိုးပြီး အဝတ်အစားများ ဝတ်ဆင်ပေးရန် လာခဲ့သည်။ မိန်းမငယ်လေးသည် ကြေးမုံရှေ့ထိုင်ရင်း အနွေးထည်ကို တစ်ဝက်သာ ဝတ်ထားပြီး ဖိနပ်ကလည်းမပါ၊ စိတ်နဲ့လူနဲ့မကပ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

မီးငှက်လို တောက်ပသည့် မျက်လုံးရွဲကြီးများက သနားချင့်စဖွယ် ကောင်းအောင် ဖူးယောင်ပြီး နီရဲလို့နေသည်။

ဟယ်ယဲ့သည် နှင်းဆီပန်းနံ့ ခေါင်းလိမ်းဆီကိုယူပြီး ဂရုတစိုက် လိမ်းပေးနေရင်း သခင်မလေး၏စိတ်ကို ဖြေဖျောက်နိုင်ရန် စကားပြောပေးနေသည်။

“သခင်မလေးက အရမ်းဝမ်းနည်းနေတဲ့ပုံပဲ၊ မနေ့ညက ဘာဖြစ်လို့လဲ”

နန်းပေါင်ရီသည် သူမ၏မျက်လုံးတွေကို ပွတ်လိုက်ပြီး ရှောင်းယီမှာ သူမ၏ငွေအားလုံးကို လုသွားတယ်လို့ ပြောရမှာ ရှက်သောကြောင့် အနည်းငယ် လိမ်ပြောလိုက်သည်။

“ညက မေမေ့ကို အိပ်မက်မက်တယ်၊ အဲ့ဒါကြောင့် ငိုတာ မရပ်နိုင်တော့တာ၊ ရှအိမ်က သတင်း ဘာကြားသေးလဲ၊ ပြောပြဦး”

မေးနေတုန်းမှာပဲ ဟုန်းအာက အခန်းရှေ့ကို ရောက်လာပြီး လှမ်းဝင်လာခဲ့သည်။ သူမက အရိုသေ ပေးလိုက်ပြီး အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

“မမလေး ၅၊ ကျွန်တော်မျိုးမ အခုလေးတင် အစေခံတွေ အပြင်မှာ ပြောနေကြတာကို ကြားခဲ့ရတယ်၊ ရှအိမ်တော်မှ တစ်ခုခုဖြစ်နေပြီတဲ့”

နန်းပေါင်ရီမှာ ရုတ်ခြည်း ပြန်လည် တက်ကြွသွားတော့သည်။

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset