NBY အပိုင်း ၁၀၅

အပိုင်း (၁၀၅)

ဒီခံစားချက်က ခွေးကျွေးပစ်ဖို့ပဲတန်တယ်

ညက တဖြည်းဖြည်း နက်လာသည်။

ပြတင်းအပြင်က မိုးရေစက်တွေက အိပ်ခန်းကို တိတ်ဆိတ်ပြီး အေးချမ်းနေစေသည်။ မီးအိမ်၏ အလင်းရောင်မှာ အနည်းငယ် ဖြာကျနေပြီး လိုက်ကာချထားသည့် အိပ်ရာပေါ်တွင် နန်းပေါင်ရီသည် အသံသဲ့သဲ့ပြု၍ အိပ်မောကျနေသည်။

ရှောင်းယီသည် ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး တိတ်တဆိတ် အိပ်ခန်းထဲ ဝင်လာသည်။ သူသည် ကန့်လန့်ကာကို လှပ်လိုက်သည့်အချိန် မီးအိမ်၏ အလင်းရောင် မှိန်မှိန်အောက်၌ မိန်းမငယ်လေးသည် အရမ်းချစ်စရာကောင်းသည့် မျက်နှာလေးဖြင့့် အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။ အိပ်ရာ၏ နွေးထွေးမှုကြောင့် သူမ၏ပါးပြင် မို့မို့လေးများက ပန်းသီးနီနီ ရဲရဲလေးတွေလို အနီရောင်သန်းပြီး နူးညံ့အိစက်နေသည်။

ဒါက မိုးနတ်မင်း၏ လက်ရာမြောက် ဖန်တီးမှုတစ်ခုပင်။ သူသည် သူမ၏မျက်နှာကို ဖွဖွလေး တို့ထိလိုက်သည်။ အသားအပြည့်ဖြင့် ပါးမို့ဖောင်းဖောင်းလေးသည် သူ့ကို ခံစားချက် ကောင်းစေသည်။ သူသည် သူမ၏ တိတ်ဆိတ်နေသည့် မျက်နှာလေးကို တပ်မက်စွာ ငေးကြည့်နေပြီး တိုးဖွဖွ ရေရွတ်လိုက်သည်။

“နန်းကျောင်းကျောင်း”

နန်းပေါင်ရီက သူမအိပ်နေစဉ်မှာ နှောင့်ယှက်နေတာကို သဘောကျပုံမရ။ သူမက အိပ်ရာအတွင်းဘက်သို့ လှိမ့်လိုက်ပြီး နှုတ်ခမ်းဆူပြီး လျစ်လျှူရှုလိုက်သည်။

ရှောင်းယီသည် အချိန်တစ်ခုလောက် တွေးဆနေပြီး စမ်းသပ်သည့် သဘော မေးကြည့်လိုက်သည်။

“နန်းကျောင်းကျောင်း၊ မင်း တစ်ယောက်ယောက်ကို သဘောကျနေလို့ ချန်းမိသားစုနဲ့ မင်္ဂလာပွဲကို ပျက်စေချင်တာမလား၊ ဥပမာအနေနဲ့… မင်း မင်းရဲ့ အစ်ကို ၂ ကို သဘောကျနေတယ်မလား”

နန်းပေါင်ရီူသည် သူမ၏ မျက်ခုံးသေးလေးများကို ကြုတ်လိုက်သည်။ ညဉ့်နက်သန်းခေါင်ကြီး၌ အမတ်မင်းသည် သူမအား ‘သူ့ကိုသဘောကျနေလား’ လို့ မေးတယ်ဆိုပြီး အိပ်မက်မက်နေခဲ့သောကြောင့် သူမ ကြောက်ရွံ့နေသည်။ သူမသည် အနှောင့်အယှက် ဖြစ်သွားပြီး အိပ်ရာထဲ ပိုတိုးဝင်လိုက်ရင်း အိပ်မက်ယောင် နေသည်။

“မကြိုက်ပါဘူး၊ အစ်ကို ၂ ကို ဘယ်တုန်းကမှ မကြိုက်ခဲ့ပါဘူး၊ မိုးကောင်းကင်နဲ့ မြေကြီးကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်၊ ဘယ်တုန်းကမှ သူ့အပေါ် တခြားစိတ်တွေ မရှိခဲ့ပါဘူး၊ သူ့ကို ပွေ့ဖက်ချင်ရုံ၊ ကြည်နူးစိတ်နဲ့ တင်းတင်းကြပ်ကြပ် ဖက်ရုံတင်ပါ၊ ဒါပေမယ့် အဲ့ဒါတွေက သူ့ကို စိတ်ဆိုးစေတယ် ထင်…..”

ရှောင်းယီ၏ အမူအရာသည် အေးစက်စက် အငွေ့အသက်များ ဖုံးလွှမ်းလာသည်။ ‘အဲ့ဒါကသူ့ကို စိတ်ဆိုးစေတယ်ထင် တယ်’ ဆိုတာက ဘာအဓိပ္ပါယ်လဲ? သူမ၏ စိတ်ထဲ၌ သူ့ကို ပွေ့ဖက်ချင်ရုံတဲ့လား? သူသည် လှပစွာ ပန်းထိုးထားသည့်အိပ်ရာကို စိုက်ကြည့်နေရင်း နောက်ဆုံး သည်းမခံနိုင်တော့ဘဲ အခန်းထဲက ထွက်သွားတော့သည်။

ဒီအရေးမပါသည့် ခံစားချက်ကို ခွေးသာကျွေးပစ်သင့်တယ်။

…………..

နောက်တစ်နေ့မှာတော့…

ကျန်းဆွေ့ဟန်သည် စာကြည့်ခန်းသို့ ထွက်လာခဲ့သည်။ ရှောင်းယီ၏ မျက်ကွင်းများ မည်းနက်နေပြီး စိတ်အခြေအနေ ကောင်းပုံမရချေ။ သူသည် ကိုင်ထားသည့် ယပ်တောင်ကို ခတ်လိုက်ရင်း ရယ်မောလိုက်သည်။

“ငါတို့ရဲ့ အမတ်မင်းရှောင်းကို ဘယ်သူက စိတ်ဓါတ်ကျအောင် လုပ်လိုက်တာလဲ”

စာရွက်ကို လှန်နေပြီး ဘာမှပြန်မဖြေသည့် ရှောင်းယီ၏ အမူအရာကိုကြည့်၍ သူက စမ်းသပ်လိုက်သည်။

“အမတ်မင်းရှောင်း၏ ခံစားချက်တွေကို ဒီလိုဖြစ်အောင် လုပ်နိုင်တာ သခင်မလေး ၅ တစ်ယောက်ပဲရှိမယ်၊ ဟုတ်တယ်မှလား? အစ်ကိုရှောင်းကလည်း ရှန်းရိချောင် ဒီမှာရှိနေတုန်း နန်းပေါင်ရီနဲ့ ဝေးဝေးနေစမ်းပါ၊ ရိချောင်ပြန်သွားမှ နမ်းရှိုက်တာတွေ၊ ဖက်တာတွေ စိတ်ကြိုက်လုပ် ဟုတ်ပြီလား၊ ဘာလို့အရမ်း စိတ်ဓါတ်ကျ နေတာလဲ?”

………

ရှောင်းယီက စိတ်ဆင်းရဲစွာ ထိုင်နေပြီး စားပွဲကို လက်ဖြင့် တောက်နေသည်။ ကျန်းဆွေ့ဟန်က ထပ်ပြောသည်။

“ကျွန်တော်က အစ်ကို့အတွက် စဉ်းစားပေးတာပါ၊ အစ်ကို တကယ်သူ့ကို ဂရုမစိုက်ဘူးဆိုရင် သူ့ရဲ့ အနာဂါတ်မှာ ဖြစ်လာမဲ့ သူ့အဆင့်အတန်းကို ဂရုမစိုက်ဘူးဆိုရင် သူ့ကို အခုလက်ထပ်လိုက်၊ သူက တကယ်ဆိုရင် ကိုယ်လုပ်တော် တစ်ယောက်ဖြစ်ဖို့တောင် အရည်အချင်း မပြည့်မီပေမယ့် ကိုယ်လုပ်တော်တော့ ဖြစ်သွားမှာပဲ”

သူဒါကို စလိုက်မိသည်နှင့် အဆုံးမရှိသည့် ကိစ္စများက မီးခိုးကြွက်လျှောက် လိုက်လာကြတော့မည်။ ပြီးတော့ သူ အခု လူမသိသူမသိ အခြေအနေမှာပဲ ရှိသေးသည်။ ရှောင်းယီက အေးစက်စွာ ပြောလိုက်သည်။

“ရှီးခူ!”

ရှီးခူက ထွက်လာပြီး ကျန်းဆွေ့ဟန်ကို အပြင်ကို မြန်မြန် ကန်ထုတ်လိုက်သည်။

“အစ်ကိုရှောင်း၊ ကျွန်တော့်ကို အဝေးမပို့စမ်းပါနဲ့၊ သူက ကိုယ်လုပ်တော် တစ်ယောက်ရဲ့ အရည်အချင်းတွေ မမီဘူးဆိုရင်တောင် အပြင်ဆောင်မှာ နေရာတွေ ရှိပါသေးတယ်၊ ဟုတ်တယ်မှလား? ‘ပန်းရိုင်းလေးတွေက အိမ်ထဲက ပန်းတွေထက် ပိုလှတယ်’ လို့ဆိုကြတယ်မ…….”

သူ၏ ‘ပန်းရိုင်းနိယာမ’က မပြီးဆုံးလိုက်၊ ရှီးခူ၏ အပြင်ဘက် ဝေးဝေးသို့ ဆွဲခေါ်သွားခြင်းကို ခံလိုက်ရတော့သည်။ ရှောင်းယီသည် သူ၏မျက်လုံးများကို မှိတ်လိုက်သည်။ သူ မတွေးချင်ပေမယ့် သူ့ရင်ဘတ်ထဲမှ ပြင်းပြင်းပြပြ တောင်းဆိုသံတွေကို ကြားနေရသည်။ နန်းကျောင်းကျောင်းသည် သူ့ကို ဘာကြောင့် သဘောမကျလဲ ဆိုတာကို သူနားမလည်နိုင်ခဲ့။

သူ၏ ယောက်ျားပီသစွာ ချောမောခံ့ညားမှုက မလုံလောက်လို့လား?

သူ၏ အရပ်က လုံလောက်အောင်မရှည်လို့လား?

သူက အရည်အချင်းက မပြည့်မီလို့လား?

ရှောင်းယီ စိတ်သောက ရောက်နေစဉ် နန်းပေါင်ရီသည် သူ၏ပြတင်းကို တိတ်တဆိတ် ထိလိုက်သည်။ မုတန်းပန်းပင်ကို ပြတင်းအပြင်ဘက်မှာ သူစိုက်ထားခဲ့သည်။ သူမက ပန်းပွင့်တွေကြားက ခေါင်းလေးကို အနည်းငယ်ပြူပြီး စာကြည့်ခန်းကို ချောင်းကြည့် လိုက်သည်။ အမတ်မင်းမှာ အရမ်း စိတ်ဆိုးနေပုံရသည်။ သူမသည် ပန်းပွင့် နည်းနည်းကို ငှားရမ်းဖို့အတွက် ရောက်လာခဲ့သော်လည်း လာသည့်အချိန် မှားယွင်းသွားပုံရသည်။ သူမသာ အလောတကြီး ပြောလိုက်ရင် သူ့ကို ဒေါသထွက်စေမလား မသိချေ။

“သခင်မလေး ၅”

ကျန်းဆွေ့ဟန်သည် ဖယ်ထုတ်ခံလိုက်ရပြီးနောက် ပြန်ရောက်လာပြီး သူမ၏နောက်မှ ခေါ်လိုက်သည်။

သူက အသံနိမ့်နိမ့်ဖြင့် “မင်းရဲ့အစ်ကို ၂ ကို လာတွေ့တာလား၊ သူဒီနေ့ စိတ်အခြေအနေ မကောင်းဘူး၊ အရမ်းကြောက်ဖို့ ကောင်းတယ်”

နန်းပေါင်ရီက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“ကျွန်မကသူ့ကို မကောင်းတဲ့အကြံနဲ့ ချဉ်းကပ်တယ်လို့ အစ်ကို ၂ က မှားထင်နေတာ အဲ့ဒါကြောင့် စိတ်ဆိုးနေတာ”

ကျန်းဆွေ့ဟန်က မူးမေ့လဲမတတ် ဖြစ်သွားရသည်။ မကောင်းသည့်အကြံ? နန်းပေါင်ရီက အဲ့ဒီလို တွေးတယ်လား? အဲ့ဒါက တကယ်ကြီး အစ်ကိုရှောင်းအပေါ်မှာ သူထားတဲ့ သဘောထားတဲ့လား?

နန်းပေါင်ရီသည် သူ့ကိုတွန်းလိုက်ပြီး “ကြည့်ကြည့်၊ အစ်ကို ၂ က ကြေးမုံရှေ့မှာ တစ်ယောက်တည်း စကားပြောနေသလိုပဲ၊ ကျွန်မကို ကျိန်ဆဲနေတာလား မသိဘူး”

ကျန်းဆွေ့ဟန်သည် သူမလက်ထဲက ရုန်းကန်လိုက်ပြီး “ကျွန်တော်က နှုတ်ခမ်းပုံကြည့်ပြီး ဘာသာပြန်တတ်တယ်၊ ကျွန်တော် စမ်းကြည့်မယ်”

စာကြည့်ခန်းတွင်တော့..

ရှောင်းယီက ကြေးမုံမှန်၏ရှေ့တွင် မတ်တပ်ရပ်နေပြီး သူ၏မျက်လုံးများသည် မည်းနက်ပြီး မှောင်မိုက်နေသည်။ ကြေးမုံပြင်မှာ ထင်ဟပ်နေသည့် ငယ်ရွယ်သည့် ပုံရိပ်သည် အကြင်နာကင်းပြီး အာဏာပြင်းသည့် မျက်ဝန်းများကလည်း နက်မှောင်နေသည်။ နန်းကျောင်းကျောင်းသည် သူ၏အတွေးများကို အချိန်တိုင်း နှောင့်ယှက်နေသည်။ အဲ့ဒီအတွေးတွေကို ရှင်းထုတ်နိုင်ဖို့ နှလုံးသား သန့်စင်စေသည့် ကျမ်းစာကို သူ တိုးညင်းစွာ တတွတ်တွတ် ရွတ်နေသည်။

ပြတင်းအပြင်ဘက်မှာတော့….

ကျန်းဆွေ့ဟန်က အဆက်မပြတ် ဘာသာပြန်နေသည်။

“သူပြောနေတာက ‘ကြေးမုံမှန်၊ ကြေးမုံမှန် ဘယ်သူက ကမ္ဘာပေါ်မှာ အချောမောဆုံး ယောက်ျားလဲ? ငါမလား? ငါပဲဖြစ်သင့်တာပေါ့”

နန်းပေါင်ရီက အလိုမကျစွာဖြင့် “ဘာသာပြန်တာက ဘယ်လိုကြီးလဲ? နှုတ်ခမ်းလှုပ်တာနဲ့လည်း မတူဘူး၊ ကျွန်မရှင့်ကို မယုံဘူး”

“ဟင်!”

ကျန်းဆွေ့ဟန်မှာ အပြစ်ရှိသလို ခံစားလိုက်ရပြီး ပြောနေသည့် ခေါင်းစဉ်ကို ပြောင်းပစ်ရန် ကြိုးစားလိုက်သည်။

“နန်းသခင်မလေး ၅ ကျောက်ဝမ်ခြံကနေ ပြောင်းသွားပြီ မဟုတ်ဘူးလား၊ ဒီနေ့ ဘာလို့ပြန်လာတာလဲ”

“အစ်ကို ၂ ရဲ့ မုတန်းပန်းကို ငှားဖို့လာခဲ့တာ”

ကျန်းဆွေ့ဟန်က အံ့အားသင့်သွားပြီး “ကျွန်တော်မပြောရဲဘူး၊ အဲ့ဒါက များလွန်းတယ်”

နန်းပေါင်ရီက သူပြောတာကို နားမလည်ပေ၊ ပြတင်းပေါင်ပေါ်တွင် တင်ထားသည့် မုတန်းပန်းအိုးလေးကို သူမတွေ့သည်။ သူမက ပြောလိုက်သည်။

“အစ်ကိုကျန်း၊ အဲ့ဒီ မုတန်းပန်းလေးတွေကို ခဏငှားထားလို့ရမလား၊ အစ်ကို ၂ ကို ညီမ နှုတ်ဆက် သွားတယ်လို့ အစ်ကိုက ပြောပေးပါနော်”

ပြောပြီးသည်နှင့် သူမသည် ပန်းအိုးကို မပြီးပြေးတော့သည်။

ကျန်းဆွေ့ဟန် မူးမေ့ချင်သွားရပြန်သည်။ အဲ့ဒီ မုတန်းပန်းက ရွှေစအများကြီးပေးပြီး အစ်ကိုရှောင်း ဝယ်လာခြင်းဖြစ်ပြီး ကမ္ဘာပေါ်မှာ တစ်ပင်တည်းသာ ရှိသည်။

ထိုရက်တွေမှာ အဖူးလေးများ ဖူးနေပြီး ပွင့်ခါနီးနေပြီဖြစ်သည့် ပန်းပင်လေးသည် နန်းပေါင်ရီ၏ ယူသွားခြင်း ခံလိုက်ရသည်။ သူမသည် သူ့ကို အစ်ကိုရှောင်းကို နှုတ်ဆက်တယ်လို့ ပြောပေးရန် မှာသွား သေးသည်။ သူဘယ်လို ပြောရမတဲ့လဲ?

စာကြည့်ခန်းထဲမှာတော့ နှလုံးသား သန့်စင်စေသည့် ကျမ်းစာကို တိုးတိုးရွတ်ဆိုလို့ ပြီးသွားလေပြီ။ သူသည် ပြတင်းနားက အဖြစ်အပျက်များကို ကြားခဲ့ပြီးဖြစ်သည်။ သူပြတင်းနားကို လျှောက်သွား လိုက်သည့်အချိန် သူ၏ပန်းပင် ပျောက်နေသည်ကို တွေ့လိုက်ရသည်။

သူက တည်ကြည်စွာ မေးလိုက်သည်။

“မုတန်းပန်းပင် ဘယ်ရောက်သွားလဲ”

ကျန်းဆွေ့ဟန်မှာ တုန်သွားပြီး “နန်းပေါင်ရီငှားသွားတယ်”

ရှောင်းယီက မျက်မှောင်ကြုတ်လိုက်သည်။ မိန်းမငယ်လေးက ဖျက်ဆီးနေတာပဲ၊ သူမ၏ လက်ထဲတွင် ပန်းပင်ကို ထားသည်က တကယ်မကောင်းချေ။ သူသည် သူ၏ပန်းပင်ကို ပြန်လိုချင်သော်လည်း နန်းကျောင်းကျောင်းမှာ သူအားစိတ်ဆိုးမည်ကိုတော့ မလိုလားပေ။ သူခဏ စဉ်းစားလိုက်ပြီး ကျန်းဆွေ့ဟန်ကို ပြောလိုက်သည်။

“သွားပြန်ယူလာခဲ့”

“ကျွန်တော်မသွားဘူး”

ကျန်းဆွေ့ဟန်က ငြင်းလိုက်ပြီး ဆက်ပြောသည်။

“အဲ့ဒါက ပန်းပင်လေး တစ်ပင်ပဲလေ၊ ဘယ်အရာက ဘယ်လောက်ပဲ တန်ဖိုးရှိရှိ အစ်ကို့ရဲ့စိတ်ထဲမှာ သခင်မလေး ၅ လောက် တန်ဖိုးမရှိဘူးမလား၊ ယောက်ျားတစ်ယောက် အနေနဲ့ ပြောရရင် အစ်ကို သဘောထား ကြီးသင့်တယ်၊ ဟိုးအရင်တုန်းက ကျောက်ယွဲ့လို့ခေါ်တဲ့ ဒုတိယမြောက် အရူးဆုံး ဘုရင်တစ်ပါးရှိတယ်၊ သူက မိန်းမလှလေးရဲ့ အပြုံးတစ်ပွင့်အတွက် အဖိုးအခ အနေနဲ့ စစ်ရေးအချက်ပြမီးကို ပေးကစားခဲ့ပြီး ကမ္ဘာပျက်စေခဲ့တယ်တဲ့၊ ကမ္ဘာကြီးနဲ့ နှိုင်းယှဉ်ရင် နန်းပေါင်ရီက ပန်းအိုးလေးတစ်အိုးပဲ ယူသွားတာပါ၊ တန်ပါသေးတယ်”

ရှောင်းယီသည် ထိုအခိုက် စဉ်းစားလိုက်သည်။ ‘အဓိပ္ပါယ် ရှိသလိုပဲ’ သမိုင်းထဲက လှပသည့် မိန်းကလေးနဲ့ ယှဉ်ရင် သူရဲ့ နန်းကျောင်းကျောင်းက အများကြီး တော်ပါသေးသည်။ သို့သော် သူရဲ့ပန်းများကို ပြန်သွားယူချင်သေးသည်။

သူရဲ့ မုတန်းပန်းတွေ!!!!! နောက်တစ်ခါထပ်ပြီး ပန်းပွင့်လက်ကောက် အလုပ်ခံရမှာ စိုးသည်။

………………..

နန်းပေါင်ရီက အိပ်ခန်းထဲကို မုတန်းပန်းအိုးလေး နှင့်အတူ ပြန်လာခဲ့သည်။ ဘယ်နဲ့ညာကို အပြန်အလှန် ကြည့်ပြီးသည့်တိုင် ပန်းမှာ ဘာထူးခြားချက်မှ ရှာမတွေ့ခေျ။ ပန်းပင်ကို ညှပ်ပြီး ပုံဖော်မှဖြစ်မယ်လို့ သူမတွေးလိုက်ပြီး ကတ်ကြေးနဲ့ ပုံဖော်ဖို့ ပြင်လိုက်သည်။ ထိုစဉ် ဟယ်ယဲ့က ဟုန်းအာကို ခေါ်ပြီး ရောက်လာခဲ့သည်။

“မမလေး ဟုန်းအာကပြောတယ်၊ နန်းယန်မှာ တစ်ခုခု ဖြစ်နေပြီတဲ့”

ဟုန်းအာက အရိုအသေပြုပြီး အမြန်ပြောသည်။

“သခင်မလေး ၅၊ နန်းယန်က ချောင်းဆိုးပြီး ဖျားနေပါတယ်၊ သမားတော်ကိုပင့်ပြီး ဆေးတိုက်လိုက်တော့ မကြာခင် ပျောက်သွားပါတယ်၊ အစေခံတွေကလည်း ပြုစုနေပေမယ့် ပိုပိုပြီး ဆိုးလာတယ်၊ ရှေ့နှစ်နှစ်က ကျွန်တော်မျိုးမရဲ့ သွေးဝေးတဲ့ ဆွေမျိုးတစ်ယောက်မှာလည်း ဒီလိုရောဂါ ဖြစ်ဖူးပါတယ်၊ ချောင်းဆိုးသွေးပါပြီး အဆုတ်ယောင်ရောဂါ ဖြစ်နေတာလို့ နောက်မှ သိလိုက်ရတယ်၊ သခင် ၃ကို ပြောပြဖို့ ကျွန်တော်မျိုးမ ကြောက်လို့ သခင်မလေးကို လာပြောပြတာပါ”

နန်းပေါင်ရီက အံ့အားသင့် သွားသည်။ အဆုတ်ယောင်ရောဂါ ဆိုတာက နောက်စရာ တစ်ခုမဟုတ်၊ ဘယ်သူမဆို အဲ့ဒီရောဂါရှိရင် သေကြသည်ချည်းပင်။

…………………

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset