NBY အပိုင်း ၁၀၄

အပိုင်း (၁၀၄)

ကောင်းကင်ကို တိုင်တည်ပြီး ပြောပါ့မယ်၊ ညီမက အစ်ကို့အပေါ်မှာ မထားသင့်တဲ့ ခံစားချက်တွေ တကယ်မရှိပါဘူး

ဘိုးဘေး ခန်းမဆောင်က တိတ်ဆိတ်သွားသည်။

ကျန်းဆွေ့ဟန်က ကျမ်းစာတွေကို ခဏဖတ်ကြည့်ပြီး ထပ်ထိုင်မနေတော့ဘဲ သူ ကမ္ဗည်းတိုင်များ၏ အဝေးကို လမ်းလျှောက်သွားရင်း ပြောလိုက်သည်။

“အစ်ကို နန်းအိမ်တော်ကို ဒီနှစ်အတောအတွင်းမှာ အပြန်ပြန် အလှန်လှန် မြေလှန်ပြီး ရှာလို့ရနေတာကို ဘာလို့ ဦးလေးထန်၏ အမှတ်အသားကို မရှာနိုင်သေးတာလဲ၊ အမှတ်အသားက လက်နဲ့ရိုက်လို့ရတဲ့ အရွယ်ဖြစ်နေရင်တောင် လေထဲမှာတော့ ပျောက်မသွားနိုင်ပါဘူး၊ ဟုတ်တယ်မလား”

ရှောင်းယီသည် သူ့ကို လျစ်လျူရှုလိုက်သည်။ ကျန်းဆွေ့ဟန်က ရုတ်တရက် ထပ်ပြောလိုက်သည်။

“ဟင်!!!!”

သူသည် ကမ္ဗည်းတိုင်စားပွဲ အလယ်က ကြေးနီပြားလေးကို ကောက်ယူလိုက်ပြီး “ကုန်သည်တွေက အရမ်းစေ့စပ်တာပဲ၊ သူတို့က တကယ်တော့ ကြေးနီပြားနဲ့ ပူဇော်မဲ့အစား ရွှေဒင်္ဂါးပြားတွေနဲ့ ပူဇော်သင့်တယ်၊ ရွှေချောင်းက ကြေးနီပြားထက်ပိုပြီး သင့်တော်တယ်လေ”

သူက ရယ်မောလိုက်ပြီး ကြေးနီပြားကို သူ့နေရာသူ ပြန်ထားလိုက်သည်။ ကြေးနီပြားမှာ လှပပြီး ရိုးရှင်းသည်။ ရှေ့ဘက်မှာ တရုံ ကြီးပွားချမ်းသာခြင်းဟု ထွင်းထုထားပြီး နောက်တစ်ဖက်မှာတော့ ရွှေကျောက်စိမ်းအပြည့်ဟု ထွင်းထုထားသည်။

သူသည် ကမ္ဗည်းတိုင်ခုံပေါ်မှာ ငြိမ်သက်စွာ လှဲလိုက်သည်။ ကျန်းဆွေ့ဟန်နှင့် ရှောင်းယီတို့၏ စိတ်တို့မှာ အဝေးသို့ ပြန့်လွင့်နေသည်။

……………

တစ်ညလုံး နှင်းမိုး ရွာနေခဲ့သည်။

နန်းပေါင်ရီက မနက်စောစော နိုးလာပြီး အပြင်ဘက်က သစ်ပင်များ ညှိုးခြောက်လာသည်ကို ပြတင်းပေါက်မှ ကြည့်နေသည်။ ဟယ်ယဲ့သည် အပေါ်ဝတ်ရုံကို ယူလာခဲ့ပြီး ပြုံးရင်း ပြောလိုက်သည်။

“ရာသီဥတုက တဖြည်းဖြည်း ပိုအေးလာပြီ၊ ဒီဝတ်စုံအပါးလေးတွေက နွေးအောင် လုပ်မပေးနိုင်တော့ဘူး၊ မမလေး ဝတ်ရုံအထူကို ဝတ်သင့်တယ်”

နန်းပေါင်ရီက ဝတ်ရုံကိုခြုံလိုက်ပြီး ဟယ်ယဲ့နှင့်အတူ ပန်းပွင့်ခန်းမ၏ အနီရောင် ယွန်းဆေးရည် သုတ်ထားသည့် အဆောင်မှာ အဘွားကို ဂါရဝပြုဖို့ ထွက်လာခဲ့သည်။

လမ်းတစ်ဝက် ရောက်သည့်အခါ ကောင်းကင်က မှိန်ဖျော့လာပြီး ဆောင်းဦး မိုးစက်များ ရွာသွန်းလာသည်။

ဟယ်ယဲ့က ပြောလိုက်သည်။

“ဟုန်းအာက ရှေ့နှစ်ရက်က လာပြောပါတယ်၊ နန်းယန်ရဲ့ ရောဂါက တဖြည်းဖြည်း ပိုဆိုလာတယ်တဲ့၊ အစေခံတွေကတော့ ရာသီဥတု အကူးအပြောင်းကြောင့်လို့ ထင်နေကြတယ်၊ မမ လေး ဒီနေရာမှာ စောင့်နေနော်၊ ကျွန်မအိမ်ထဲပြန်ပြီး ခြုံထည် သွားယူလိုက်ဦးမယ်၊ …. ပွဲတော်က အရမ်းလှမှာ ၊ မမလေးက နန်းယန်လို အအေးမိလို့ မဖြစ်ဘူး”

နန်းပေါင်ရီက သူမ မြန်မြန်သွားပြီး ပြန်လာတာကို စောင့်နေသည်။ သူမ၏ မျက်နှာလေးမှာ ဝမ်းနည်း ညှိုးငယ်နေသည်။ သူမ ဆန်းဟယ့်ခြံကို ပြောင်းလာတာ ခုနစ်ရက်၊ ရှစ်ရက်လောက်ရှိပြီ ဖြစ်သော်လည်း အစ်ကို ၂ က သူမရှေ့ကို တစ်ခါမှ ပေါ်မလာခဲ့ချေ။ သူမက လူလွှတ်ပြီး စာပို့ခဲ့ပြီး ကိတ်မုန့်တွေလည်း ပို့ခဲ့ပေမယ့် သူကတော့ ဘာမှ အကြောင်းပြန်လာခြင်း မရှိ။ အစ်ကို ၂ က သူမကို မုန်းသွားပြီလား?

သူမ တစိမ့်စိမ့် တွေးနေရင်း အပြာရောင် အုတ်ကျောက်များ ခင်းထားသည့် အဝေးက လမ်းရှည်ပေါ်တွင် အနက်ရောင်ဝတ်စုံနဲ့ အနက်ရောင် ခါးစည်းကြိုးကို ဝတ်ဆင်ထားပြီး ထီးအဖြူရောင်ကို ဆောင်းထားသည့် လူရွယ်တစ်ယောက်သည် ဆုန်းဟယ့်ခြံ၏ အပြင်ဘက်၌ အဘွားကို နှုတ်ဆက်နေသည့် မြင်ကွင်းအား တွေ့လိုက်ရသည်။

“အစ်ကို ၂?”

သူမ အံ့အားသင့်သွားသည်။

“သူ စစ်တန်းလျားက ပြန်လာပြီလား”

သူ စစ်တန်းလျားမှ ပြန်လာခဲ့သော်လည်း သူမကို လာမတွေ့ခဲ့ပေ။ ရှသခင်မ၏ ကောလာဟလများသည် သူ့ကို ပြဿနာဖြစ်စေခဲ့သည် ထင်သည်။ ဟုတ်သည်။ သူမသည် သူ့ကို ယောက်ျားနဲ့ မိန်းမကြားက မလိုလားအပ်သည့် ဆက်ဆံမှုမျိုးနဲ့ ဆက်ဆံခဲ့သည်ဟု သူတွေးထင်တာကြောင့် သူမကို ကျောက်ဝမ်ခြံက ပြောင်းပေးဖို့ အဖွားကို အရိပ်အမြွက် ပြောပြခဲ့ပြီး သူမကိုလည်း ရက်တွေအကြာကြီး ရှောင်နေခဲ့သည်။ သူမဒီကိစ္စကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ရှင်းရမည်။ မိန်းကလေးများ၏ ကျင့်ဝတ် စည်းကမ်းတွေကို ဂရုစိုက်မနေတော့ဘဲ သူမက အိမ်ဘေး ဝရန်တာမှ ဂါဝန်ကိုမရင်း ရှောင်းယီဆီသို့ ပြေးလိုက်သည်။

“အစ်ကို ၂”

ရှောင်းယီက ရုတ်တရက် တောင့်တင်းသွားသည်။ နန်းပေါင်ရီသည် သူ၏နောက်မှ ခေါ်ပြီး ပြေးလိုက်နေသည်။ သူ၏ရှည်လျားသည့် နောက်ကျောပြင်ကို ကြည့်ရင်း ကျယ်လောင်စွာ အော်ခေါ်နေသည်။

“အစ်ကို ၂ ကောင်းကင်ကို တိုင်တည်ပြီး ပြောပါ့မယ်၊ ညီမလေးက အစ်ကို့အပေါ်မှာ ယောက်ျားလေးနဲ့ မိန်းကလေးကြားက အချစ်မျိုး တကယ်မရှိပါဘူး၊ ညီမလေးကို အထင်မလွဲပါနဲ့”

ရှောင်းယီသည် ထီးရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ အပြင်မှာ မိုးသည်းနေပြီး ပန်းခြံထဲမှာ မိုးသံ တဖြောက်ဖြောက်ကို ကြားရသည်။ မိုးစက်များသည် အပြာရောင် အုတ်ကျောက်များကြားမှ စီးဆင်းနေပြီး နန်းပေါင်ရီ၏ ပန်းထိုးဖိနပ်ကို စိုစွတ်သွားစေသည်။ သူမသည် မျက်နှာပေါ်က မိုးရေစက်များကို သပ်ချလိုက်ရင်း ဆက်ပြောလိုက်သည်။

“အစ်ကို ၂ က အဆင့်အတန်းမြင့်တဲ့ ယောက်ျားတစ်ယောက်ပါ၊ ညီမ အစ်ကို့ကို ချီးကျူးပါတယ်၊ တကယ် တကယ်ကို ချီးကျူးတာပါ၊ ဒါပေမယ့် ညီမက ကလေးဆန်နေတုန်းပဲ၊ အစ်ကို ၂ ကို ဒုက္ခများစေခဲ့ပြီ ကျောင်းကျောင်း တကယ်ကို တောင်းပန်ပါတယ်”

သူမသည် ဒူးများကို ကွေးညွှတ်ပြီး လေးလေးနက်နက် တောင်းပန်လိုက်သည်။ ရှောင်းယီသည် ဖြည်းညင်းစွာ လှည့်လိုက်သည်။ ဧည့်ခန်းတွင် ထိုးစိုက်ထားသည့် ခေါင်ရမ်းပန်းလို နူးညံ့သိမ်မွေ့ပြီး ချောမောလှပသည့် မျက်နှာလေးက သူ့ကို ခရီးဦးကြိုသည်။ သူမက ရိုးသားပွင့်လင်းပြီး မှန်ရာကိုသာ ပြောနေခြင်းဖြစ်သည်။ နန်းကျောင်းကျောင်းက သူ့ကို ဘယ်လို သဘောထားလဲ ဆိုတာကို သူသိချင်စိတ် ပြင်းပြခဲ့သည်။ ဒါပေမယ့် အခုတော့ ထပ်ပြီး စဉ်းစားစရာ မလိုတော့ပေ။ အချိန်အကြာကြီး တိတ်ဆိတ်နေပြီးမှ သူက အေးစက်ပြီး နက်နဲသည့် အမူအရာဖြစ်အောင် ကြိုးစားလိုက်ပြီး အရှုံးမပေးချင်သေးဘဲ မေးလိုက်သည်။

“မင်းအတွေးတွေ အရမ်းများနေပြီ၊ မဟုတ်ဘူးလား?”

နန်းပေါင်ရီသည် သူမ အပြစ်ကင်းစင်ကြောင်းကို သက်သေပြရမည့် အချိန်ပဲလို့ တွေးလိုက်မိသည်။

သူမသည် စိတ်လှုပ်ရှားစွာဖြင့် လက်သုံးချောင်းကို မိုးကောင်းကင်ပေါ်သို့ ထောင်လိုက်ပြီး “ကောင်းကင်နဲ့ မြေကြီးကို သက်သေပြုပါတယ်၊ နန်းပေါင်ရီက အစ်ကို ၂ အပေါ်မှာ မထားသင့်သည့် အတွေးတွေ လုံးဝမရှိကြောင်း ကျိန်ဆိုပါတယ်၊ အတိတ်မှာလည်း မရှိခဲ့သလို၊ ပစ္စုပ္ပန်မှာလည်း မရှိပါဘူး၊ အနာဂါတ်မှာလည်း….”

“တော်တော့!”

ရှောင်းယီက ဖြတ်အော်လိုက်သည်။ နန်းပေါင်ရီ တိတ်သွားတော့သည်။ ဘာလို့ အစ်ကို ၂ က သူမကို ကျမ်းမကျိန် စေချင်တာလဲ? ရှောင်းယီသည် သူမကို တားလိုက်ပြီး အေးဆေး တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်း ထူးထူးဆန်းဆန်းတွေ ပြောနေစရာ မလိုဘူး၊ မင်းမှာ မှန်ကန်တဲ့ အသိတရားရှိတယ်၊ မင်းရဲ့ဖြူစင်မှုကို သက်သေပြဖို့ ကျိန်ပြောနေစရာ မလိုဘူး”

နန်းပေါင်ရီက မိုးစက်တွေကို သုတ်လိုက်ပြီး “အစ်ကို ၂ ၊ အစ်ကိုက ညီမလေးဘက်က အရမ်း တွေးတတ်တာပဲ၊ အစ်ကိုက ကမ္ဘာပေါ်မှာ အကောင်းဆုံး အစ်ကိုတစ်ယောက်ပဲ”

ဆောင်းဦးမိုးက ပိုပိုပြီး သည်းလာသည်။ သူမသည် မိုးရွာထဲတွင် ရပ်နေသည်။ မိုးစက်တွေနှင့် စိုရွှဲနေပြီး ဝတ်စုံ၏ ခေါက်ချုပ်ထားသည့် အနားများမှာ ရွံပေကျံပြီး အရောင့်ရင့်ရင့်သို့ ပြောင်းနေပြီ။ ရှောင်းယီသည် သူမနောက်တစ်ခေါက် အားနည်းပြီး ဖျားမည် စိုးရိမ်လာတာကြောင့် စက္ကူထီးအား သူမကို တိတ်တဆိတ် ပေးလိုက်သည်။

နန်းပေါင်ရီမှာ တုံ့ပြန်မှုမရှိပါချေ။ သူမသည် မဝံ့မရဲဖြင့် “အစ်ကို ၂ မိုးက အရမ်းသည်းနေပြီ၊ ညီမလေးက အားနည်းနေတော့ ထီးကို မကိုင်နိုင်မှာ စိုးတယ်၊ အစ်ကိုက ထီးကို ဆောင်းပေးပြီး ပန်းပွင့်ခန်းမကို လိုက်ပို့ပေးလေ၊ နော်?”

ရှောင်းယီသည် သူမကို ဂရုစိုက်သေးတယ်ဆိုရင် ကျိန်းသေပေါက် သဘောတူမှာပင်…

ရှောင်းယီသည် သူမကို တစ်ချက်ကြည့်လိုက်သည်။ ‘အားနည်းတယ်?’ ချင်းချန် တောင်ပေါ်မှာတုန်းက မိန်းမငယ်လေးမှာ နဂါးလှေကို အားအပြည့်နှင့် လှော်ခဲ့သည်ကို သူမှတ်မိသေးသည်။ မျက်တောင်ဖျား တစ်ချက် ခတ်လိုက်ပြီး သူမ ထီးကို ကိုင်မလာပါချေ။ သူက နောက်ထပ်ထပ်ပြီး သူမကို အာရုံမစိုက်တော့ဘဲ သူမ၏လက်ထဲကို ထီးထည့်ပေးပြီး ဆုန်းဟယ့်ခြံမှ လှည့်ထွက် သွားတော့သည်။

နန်းပေါင်ရီက စက္ကူထီးကိုကိုင်ပြီး အနက်ရောင် ပုံရိပ် ပျောက်သွားသည့်အထိ ငေးကြည့်ရင်း ရေရွတ်နေသည်။

“အစ်ကို ၂ နဲ့ ညီမလေးရဲ့ ဆက်ဆံရေးက တကယ်ပဲ ပြတ်တောက် သွားပြီလား”

ဟယ်ယဲ့မှာ စက္ကူထီးတစ်ချောင်းဖြင့် အမြန်ပြေးလာသည်။

“မမလေး၊ ဘာလို့အပြင်မှာ တစ်ယောက်တည်း ရပ်နေရတာလဲ၊ ဝတ်ရုံတွေရော ဂါဝန်တွေရော အားလုံးစိုရွှဲနေပြီ၊ မမလေး အိမ်ကိုပြန်ပြီး အဝတ်တွေ လဲသင့်တယ်၊ မမလေးသာ အအေးမိရင်တော့ သခင်မကြီးက ရင်ကျိုးရတော့မှာပဲ”

နန်းပေါင်ရီက လုံးဝ မပျော်တော့ပါချေ။

“ဟယ်ယဲ့၊ ငါတကယ်ပဲ ရှမိသားစုကို မုန်းလိုက်တာ”

သူမနဲ့ အမတ်မင်းက အရင်က ဘယ်လောက်ပဲ ဆက်ဆံရေး ကောင်းခဲ့ကောင်းခဲ့ ရှမိသားစုမှ ဖြန့်လိုက်သည့် ကောလာဟလကြောင့် အမတ်မင်းနှင့် သူမ၏ဆက်ဆံရေးသည် ကျိုးပျက်သွားခဲ့သည်။ ပြန်လည်မွေးဖွား လာပြီးသည့်နောက် ညအချိန်ကို ပြန်ရောက် သွားသလိုပင်။

“အစေခံတွေနဲ့ အိမ်စေတွေကလည်း ရှမိသားစုကို မကြိုက်ကြဘူး၊ ချွန်းယန်းပွဲတော်ပြီး နှစ်ရက်နေရင် ဂျီဖူတောင်မှာ ဒိုဂျူဆုပေးပွဲ ကျင်းပမှာ၊ ရှမိသားစုက အရင်နှစ်က အဲ့ဒီဆုကို ရခဲ့တာတဲ့၊ ဒီနှစ်မှာ မမလေးက ဝင်ပြိုင်ပြီး အဲ့ဒီဆုကို ရှမိသားစု လက်ထဲက လုယူရမယ်”

ဒီအကြံပြုချက်က နန်းပေါင်ရီကို စိတ်အား ထက်သန် သွားစေသည်။ သူမ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဒါပေမယ့် ငါတို့အိမ်မှာက ထူးဆန်းတဲ့ပန်းတွေနဲ့ အပင်တွေ မရှိဘူးလေ၊ ရှအိမ်ကို ဘယ်လို အနိုင်ယူ ရမှာလဲ”

“မမလေး မေ့နေတာလား? ဒုတိယ သခင်လေးဆီမှာ ပန်းတွေနဲ့ သစ်ပင်တွေ အများကြီး ရှိတယ်လေ၊ မမလေးက မုတန်းပန်းကို ငှားပေးဖို့ ဘာလို့ မေးမကြည့်တာလဲ”

“ဒီအကြံကောင်းတယ်၊ မနက်ဖြန် မိုးတိတ်သွားရင် သူ့ကို ငါသွားရှာလိုက်မယ်”

ရှောင်းယီသည် နန်းပေါင်ရီ သူ၏ မုတန်းပန်းကို မေ့နေတာကို မသိသေးပါချေ။

ထိုအချိန်မှာ ချူးယွီမှာ အရင်အနားယူသွားသည်။

ရှောင်းယီသည် အနက်ရောင်ပေါ်မှာ ရွှေရောင်လိုင်းများဖော်ထားပြီး ပန်းထိုးထားသည့် ကြီးမားသည့် ဝတ်ရုံကြီးကို ဝတ်ဆင်ထားသည်။ သူသည် ကြီးမားသည့် စာကြည့်ခန်း၏ အနောက်ပြတင်း၌ မတ်တပ်ရပ်နေပြီး လက်ထဲမှာ စာအုပ်တစ်အုပ်ကို ကိုင်ထားသည်။

ပြတင်းအပြင်ဘက်တွင် ကျောက်စိမ်းရောင် ဝါးပင်များသည် အရုံလိုက် ရှိနေသည်။ အေးမြသည့် လေညင်းသည် ပြတင်းပေါင်ကိုဖြတ်ပြီး တိုက်ခတ်လာသည်။ မိုးစက်များ၏အသံနှင့် ဝါးရွက်များ၏ အချင်းချင်း ပွတ်တိုက်နေသံကို ကြားနေရသည်။

ရှောင်းယီသည် အချိန်တွေ အကြာကြီး စာမျက်နှာကို မလှန်ဖြစ်ပါချေ။ နန်းကျောင်းကျောင်း၏ အပြုံးမှာ သူ့မျက်ဝန်းထဲ၌ အမြဲပေါ်လာတတ်သည်။ သူမသည် သူ့အပေါ်မှာ ခံစားချက်မရှိကြောင်း မိုးကောင်းကင်ကို သက်သေတည်ပြီး ပြောခဲ့သည်။ အဲ့ဒီစကားသံများသည် အခုထိတိုင် သူ့နားထဲ၌ ပဲ့တင်ထပ်နေကြဆဲပင်။ သူ၏နှလုံးသားကို ဓါးတုံးတုံးနဲ့ ဖြည်းဖြည်းချင်း လှီးနေသကဲ့သို့ ရှိသည်။

သူသည် မျက်မှောင်ကြုတ်ရင်း စက္ကူလိပ်ကို ပိတ်လိုက်သည်။ မိန်းမငယ်လေးသည် ငယ်ရွယ်လွန်းပြီး သူမဘာကို သဘောကျလဲဆိုသည်ကို နားမလည်သေးချေ။ သူမသည် သူ့ကို သဘောကျနေတာကို မသိတာလည်း ဖြစ်နိုင်သည်။ ဒီအတွေးတွေက သူ့ကို အလွန် စိတ်သောက ရောက်စေသည်။ လူတစ်ယောက်သည် တစ်ဝက်အိပ်ပြီး တစ်ဝက်နိုးနေရင် အမှန်ကို ပြောဖို့ အလွယ်ကူဆုံးလို့ ပြောကြသည်။ သူဆုန်းဟယ့်ခြံကိုသွားပြီး ကောင်မလေး အမှန်ပြောလာအောင် စမ်းသပ်ကြည့်ရမည်။

…………………

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset