NBY အပိုင်း ၁၀၁

အပိုင်း (၁၀၁)

သူမက လှသွေးကြွယ်သည့်ပန်းလေးတစ်ပွင့်ပဲ

အေးသေးလား?

နန်းကွမ်က မကျေမနပ်ဖြင့် ပြောလိုက်သည်။

“မအေးတော့ပါဘူး”

နန်းပေါင်ရီက ပျော်ရွှင်စွာ ပြုံးလိုက်သည်။ သူမ၏အဖေကို အမတ်မင်းက ဂရုစိုက် ပေးနေတာကြောင့် သူမ အလွန် ပျော်ရွှင်နေသည်။ သူမက နွေးထွေးစွာ ပြောလိုက်သည်။

“ဖေဖေ၊ ဟင်းရွက်တွေလည်း ထည့်စားပါဦး”

နန်းကွမ်က စားပွဲအပြည့်ရှိနေသည့် ဟင်းပွဲတွေကို အနံ့ခံလိုက်သည်။ ဟင်းပွဲများသည် မကောင်းလို့မဟုတ်ဘဲ ခုနလေးတင် အရှေ့ခြံ၌ စားခဲ့ပြီးသောကြောင့် ထပ်မစားနိုင်ခြင်းဖြစ်သည်။

ရှောင်းယီသည် ဝက်ခြေထောက်ဟင်းကို သူ့ရှေ့သို့ တွန်းပို့လိုက်ပြီး “ဦးလေး ၃ က ဒီဟင်းပွဲကို ကြိုက်တယ်ဆိုလို့ ကျောင်းကျောင်းက မီးဖိုချောင်ကို နှစ်နာရီကြာအောင် သေချာချက်ခိုင်းထားတာ၊ ကြွပ်ရွနေပြီး အရမ်းစားလို့ကောင်းတယ်၊ ဦးလေး ကုန်အောင် စားသင့်တယ်”

ရှောင်းယီက ပြောလာတာကြောင့် နန်းယမ်သည် ဝက်ခြေထောက်ဟင်း အနည်းငယ်ကို ယူလိုက်သည်။ သူ၏ဗိုက်ကို ထိလိုက်ပြီး ‘ကယ်ကြပါ’လို့ အော်ချင်စိတ် ပေါက်နေပြီဖြစ်သည်။ သို့သော် သူမလုပ်ရဲပေ။ သူ ဝက်ခြေထောက်ကို ဖြည်းဖြည်းချင်း ခက်ခက်ခဲခဲ ကိုက်နေပြီး ငိုချင်လာတော့သည်။

နန်းပေါင်ရီက စိတ်ပူသွားပြီး “ဖေဖေ၊ ဘာဖြစ်လို့လဲဟင်၊ ဟင်းပွဲတွေက အရသာ မရှိလို့လား၊ သမီးက ဖေဖေ ဝက်ပေါင်ဟင်းကို စားရရင် အရမ်းပျော်မယ် ထင်လို့ပါ၊ ဖေဖေက ဝက်ပေါင်ဆိုရင် ငါးချောင်း ခြောက်ချောင်းလောက်တောင် စားနိုင်တယ်လေ”

“ဖေဖေအရမ်း ခံစားရပြီး ပျော်သွားလို့ပါ”

နန်းကွမ်သည် မျက်ရည်များကို သုတ်လိုက်ပြီး “သမီး၏ အစ်ကို ၂ က တကယ်ကို ကောင်းတဲ့အစ်ကိုပဲ၊ တကယ်ကို တာဝန်ကျေတဲ့အစ်ကိုပဲ”

ညစာ စားပြီးသည့်အခါ သန်းခေါင်ယံသို့ ရောက်သွားသည်။

နန်းကွမ်မှာ လမ်းမလျှောက်နိုင်တော့တာကြောင့် အစေခံများက သူ့ကို အရှေ့ခြံသို့ ဝေါယာဉ်ဖြင့် လိုက်ပို့လိုက်ရသည်။

နန်းပေါင်ရီသည် ရှောင်းယီဆီမှ သောက်နည်းသင်၍ အနံ့မွှေးသည့် ကွေ့ဟွားပန်း သေရည် နှစ်ခွက်ကို သောက်ထားပြီး ရှောင်းယီ၏ ပခုံးကိုမှီထားသည်။ သူမသည် လသာဆောင်မှ လပြည့်ကို ရှုစားနေသည်။ သူမသည် အားရကျေနပ်စွာ ပြုံးလိုက်ပြီး “အစ်ကို ၂ ၊ ဒီနှစ် ဆောင်းဦးလယ် ပွဲတော်က အရမ်းပျော်စရာကောင်းတာပဲ”

ရှောင်းယီ ငုံ့ကြည့်လိုက်ချိန် သူမ၏ နှုတ်ခမ်းဖျားပေါ်မှ သလင်းကျောက်ကဲ့သို့ ကြည်လင်နေသည့် သေရည်စက်များကို တွေ့သွားပြီး သူ သုတ်ပေးရန ် လုပ်လိုက်သည်။

မိန်းမငယ်လေးသည် အမြဲတမ်း သူမ၏ နှုတ်ခမ်းများကို ခေါင်ရမ်းပန်းအဆီ ဆိုးလေ့ရှိသည်။ သူမ၏နှုတ်ခမ်းများက အရမ်းကို နူးညံ့နေသည်။ သူမသည် ငယ်ရွယ်ပြီး အလှအပ ပြင်ဆင်ရတာကို သဘောကျသည်။ သူမမှာ နူးညံ့သိမ်မွေ့ပြီး မြင့်မြတ်သည့် အသိုင်းအဝိုင်းမှ ပေါက်ဖွားလာသူဖြစ်ပြီး ခေါင်းအစ ခြေအဆုံး ဂုဏ်ရှိန်မြင့်သည့် အငွေ့အသက်တို့သာ ဖုံးလွှမ်းနေသည်။ ကမ္ဘာပေါ်မှ လှပသည့် ပန်းလေး တစ်ပွင့်ကဲ့သို့ပင်။

ရှောင်းယီသည် သူ၏လက်ချောင်းများ မှတစ်ဆင့် သူမနှုတ်ခမ်း၏ အိစက်နူးညံ့သည့် အထိအတွေ့ကို ခံစားလိုက်ရသည်။ သူသည် လက်များကို ဖြည်းဖြည်းချင်း ပြန်ရုပ်လိုက်ပြီး ခေါင်းကိုစောင်း၍ သူ့လက်ဖျားမှ စိုစွတ်သည့်အငွေ့အသက်ကို လျှာနဲ့လျက်လိုက်သည်။

ညလေညင်းက ရနံ့သင်းသင်းလေး ရနေသည်။ လရောင်ကလည်း ဖြာကျနေပြီး သူကတော့ အနည်းငယ် အိုက်စပ်စပ် ဖြစ်နေသည်။

သူခုနက သောက်လိုက်သည့် မက်မွန်ပွင့်သေရည်၏ ချိုမြိန်သည့်အနံ့ အရသာက နန်းပေါင်ရီ၏ နှုတ်ခမ်းပေါ်က သေရည်စက်တွေလောက် မချိုမြိန်လှဘူးဟု သူခံစားရသည်။

….

ဆောင်းဦးလယ် ပွဲတော်ပြီးနောက်၊ နှင်းတွေကျလာပြီး ရာသီဥတုမှာလည်း တဖြည်းဖြည်း အေးလာသည်။

နန်းပေါင်ရီသည် တည်ငြိမ်သည့် မျက်နှာထားဖြင့် ပြောလာသည်။

“အစ်ကို ၂ ရာသီဥတုက အေးနေတာတောင်မှ ညီမလေးက မနက်ပိုင်းမှာ စာလေ့လာဖို့ စိတ်အား ထက်သန်နေတုန်းပဲ၊ ဒီစာကြည့်ခန်း အကျယ်ကြီးမှာ အိပ်ပြီး နေ့ရောညပါ ကြိုးစားဖို့ ညီမလေး ဆုံးဖြတ်ထားတယ်၊ တကယ်လို့ ညီမလေးက အဲ့လို လုပ်ချင်တယ်ဆိုရင် အစ်ကို ၂ က ချီးကျူးပေးမှာလားဟင်”

ရှောင်းယီက သူမကို မျက်ဝန်းဗလာနဲ့ စိုက်ကြည့်လိုက်သည်။ မိန်းမငယ်လေးက နွေးထွေးသည့် အိပ်ရာခင်းနဲ့ စားစရာတွေ တင်ထားသည့် စားပွဲကို စာကြည့်ခန်းကို ယူလာခဲ့သည်။ စားပွဲပေါ်၌ ပန်းပွင့်ကိတ်နဲ့ ပျားလိမ္မော်သီးများ ထည့်ထားသည့်ပန်းကန် ဆယ့်တစ်ပန်းကန် ရှိနေသည်။

နာရီဝက်ခန့် ကြာပြီးသည့်နောက်…

သူမသည် စာရွက်နှစ်ရွက်သာ မလှန်ရသေးသော်လည်း ပျားလိမ္မော်သီး အခွံများမှာ ပန်းကန်တစ်ဝက် ရှိနေပေပြီ။ စာလေ့လာဖို့ လာခြင်းထက် ပျော်ပွဲစား ထွက်လာသကဲ့သို့ပင် ရှိလေတော့သည်။

သူက အပြစ်ရှာလိုက်ပြီး “ အိပ်ရာထဲမှာ စာအုပ်ကို ဖတ်တယ်ဆိုတာက ဘာနဲ့တူလဲ သိလား”

“ဒီအိပ်ရာက ညီမလေးကို ဆွဲဆောင်နေတာ”

နန်းပေါင်ရီက ပြုံးလိုက်ပြီး ပန်းထိုးထားသည့် အိပ်ရာကို တင်းကြပ်စွာ ဖက်လိုက်ရင်း ဆက်ပြောသည်။

“အစ်ကို ၂ ပြောကြည့်ပါဦး၊ လူတွေလည်း ဝက်ဝံတွေလိုမျိုး ဆောင်းခိုရင် တွင်းတစ်တွင်း တူးပြီး ဆောင်းတွင်း တစ်တွင်းလုံး နွေးနွေးထွေးထွေး အိပ်နေကျရင် ကောင်းမှာပဲနော်၊ တွေးကြည့်တာတောင်မှ ပျော်စရာ ကောင်းနေပြီ”

သူမပြောနေသည့် အချိန်မှာပဲ ဟယ်ယဲ့က ကြွေရည်သုတ်ထားသည့် မီးဖိုအသေးလေးကို ယူပြီး ဝင်လာခဲ့သည်။ သူမက ပြုံးလိုက်ရင်း ပြောသည်။

“ဒီနှစ်မှာတော့ ဆောင်းဦးလယ် ပွဲတော်ပြီး သိပ်မကြာဘူး အအေးက သိသိသာသာ ပိုလာတယ်၊ မမလေးက ကြိုးကြိုးစားစား စာလေ့လာနေတာဆိုတော့ သခင်မကြီးက ဂရုတစိုက်နဲ့ လက်ကိုင် မီးဖိုလေးကို မမလေး နွေးနွေးထွေးထွေး ဖြစ်အောင် လူလွှတ်ပြီး ပေးခိုင်းလိုက်ပါတယ်”

သူမမှာ နန်းပေါင်ရီ၏ လက်ထဲကို ထည့်ပေးလိုက်ပြီး “မနေ့က နန်းယန် ဖျားနေတယ်လို့ ကြားတယ်၊ အဲ့ဒါကြောင့် မမလေးက ပိုပြီး ဂရုစိုက်ရမယ်နော်”

“နန်းယန်က ဖျားနေတယ် ဟုတ်လား”

နန်းပေါင်ရီက မေးလိုက်သည်။

“ဟုတ်ပါတယ်မမလေး၊ မနေ့ မနက်ကတည်းက နေမကောင်းတာ အိပ်ရာထဲကတောင် မထနိုင်ဘူးလို့ ပြောပါတယ်၊ မမလေး သူနေမကောင်းတဲ့ ဒီရက်တွေအတွင်း သူ့ကို မတွေ့နဲ့နော်၊ လေအေးတွေကလည်း တိုက်နေတာ၊ တစ်ခုခုဖြစ်မှာ စိုးတယ်”

နန်းပေါင်ရီက တိတ်တဆိတ် လိုက်နာလိုက်သည်။ လက်ကိုင်မီးဖိုသေးလေးကို ကိုင်ထားရင်း ခုနလေးတင် သူမ အခွံခွာထားသည့် ရွှေဝါရောင် ပျားလိမ္မော်သီးများကို ကြည့်လိုက်သည်။

သူမသည် ဟယ်ယဲ့ကို ပေးလိုက်ရင်း “ဆုန်းဟယ့်ခြံကို ကိုယ်တိုင်သွားပြီး အဘွားကိုပေးလိုက်၊ ငါအခွံနွှာပေးလိုက်တာပါလို့ ပြောခဲ့၊ လက်ကိုင်မီးဖိုလေး ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့လည်း ပြောလိုက်၊ ငါက အဘွားအတွက် တာဝန်ကျေတဲ့ မြေးတစ်ယောက် ဖြစ်သင့်တယ်လေ”

ဟယ်ယဲ့က ပြုံးလိုက်ပြီး ထွက်ခွာသွားသည်။

ဆုန်းဟယ့်ခြံတွင်…

သခင်မကြီးက နန်းပေါင်ရီ အခွံခွာပေးလိုက်သည့် ပျားလိမ္မော်သီးတွေကိုရပြီး ပြုံး၍ အံ့အားသင့်စွာ ပြောလိုက်သည်။

“ငါတို့ကျောင်းကျောင်းက တကယ် သိတတ်တာပဲ၊ သူက ငါ့ကို ပျားလိမ္မော်တွေပေးဖို့ ဘယ်တော့မှမမေ့ဘူး၊ သူက သူ့လက်နဲ့တောင် ကိုယ်တိုင် အခွံခွာပေး လိုက်သေးတယ်၊ ဒီကမ္ဘာပေါ်မှာ မြေးဘယ်နှယောက်ကများ ဒီလို ဝတ္တရား သိတတ်မှာတဲ့လဲ”

ဒုတိယသခင်မက ပြုံးရင်း ထောက်ခံလိုက်သည်။ အလုပ်များ နေကြစဉ်မှာပဲ အစေခံတစ်ယောက်သည် ရှသခင်မကြီးထံ ရောက်လာပြီး သူမကို တွေ့ခွင့်တောင်းကြောင်း လာပြောသည်။

“သူကဘာလို့ ဒီကိုလာရတာလဲ”

နန်းသခင်မကြီးက မပျော်မရွှင် ဖြစ်သွားသည်။ တစ်ယောက်နဲ့တစ်ယောက် သိခဲ့တာ နှစ်တွေကြာပြီမို့ ခင်မင်မှုအရ တွေ့ခွင့်ပေးလိုက်ရသည်။

နိုင်ငံရေးရာ သံအမတ်အတုကြောင့် ရှအိမ်တော်က သူတို့အိမ်၏ တစ်ဝက်လောက်ကို ဆုံးရှုံးခဲ့ရသည်။ ရှသခင်မကြီး၏ မျက်နှာက မျက်ကွင်းများကျနေပြီး မျက်ခုံးစပ်တွေနဲ့ မျက်လုံးတွေက စူးရှနေသည်။ သူမသည် ကုလားထိုင်တစ်လုံးတွင် ထိုင်လိုက်သော်လည်း ပြုံးပြမလာပါချေ။

“ဒီတစ်ခေါက်လာတာက နန်းသခင်မကြီးကို သိစေချင်တာလေး ရှိလို့ပါ”

နန်းသခင်မကြီးက ပျားလိမ္မော်သီးကို အရသာခံ စားနေရင်း ထိုစကားကို ကြားလိုက်သည့် အခါမှာ မျက်ခုံးပင့်လိုက်သည်။

“ဘာအကြောင်းလဲ”

“ကျေးဇူးပြုပြီး အခုချက်ချင်း ဝေါယာဉ်ရှစ်စီးနဲ့ ပစ္စည်းတွေ ပြင်ဆင်လိုက်ပါဦး၊ ရှောင်းယီက ချင်းချင်းကို လက်ထပ်ရတော့မှာ ဆိုတော့လေ”

နန်းအဘွားအိုက ပြုံးလိုက်ရင်း “ရှသခင်မကြီးက ရူးသွားတာလား၊ ဘာလို့ မင်းရဲ့သမီးကို လက်ထပ်ရမှာလဲ၊ ငါတို့ နန်းအိမ်တော်က သန့်ရှင်းတဲ့ အိမ်တော်တစ်ခု၊ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ မလျော်မကန် မိန်းကလေးကို လက်ထပ်ဖို့ဆိုတာက မဖြစ်နိုင်ဘူး”

“မလျော်မကန်? ဟုတ်လား? ဟား! ဟား! ဟား!”

ရှသခင်မကြီးက ကျယ်ကျယ်လောင်လောင်ရယ်ရင်း ဆက်ပြောလာသည်။

“နန်းမိသားစုက ပိုပြီးအကျင့်သိက္ခာ ဆိုးဝါးနေမှာကို စိုးမိပါရဲ့၊ ရှောင်းယီက အစ်ကိုကြီးဖြစ်ပြီး သူ့ညီမလေးကို ဘယ်လိုပုံစံ စဉ်းစားနေလဲ ဆိုတာကိုသာ အပြင်လူတွေ သိသွားကျရင် သူများတွေက ဘာတွေပြောကြမလဲ တွေးကြည့်စမ်းပါ”

လူတွေအားလုံး ထိတ်လန့် သွားကြသည်။ နန်းအဘွားအို၏ လက်ထဲမှ ပျားလိမ္မော်သီးဟာ ကြမ်းပြင်ကို ပြုတ်ကျသွားပြီး သူမ၏လက်ချောင်းတွေက တဆတ်ဆတ် တုန်ရီလာသည်။ သူမသည် မျက်မှောင်ကြုတ်လိုက်ပြီး ပြန်ပြောလိုက်သည်။

“မဖြစ်နိုင်ဘူး”

ရှသခင်မက လှောင်ပြောင် သရော်လိုက်ပြီး “မဖြစ်နိုင်ဘူး ဟုတ်လား၊ ကောင်းပြီ ရှောင်းယီကို ခေါ်လိုက်ရင် သိရမှာပေါ့”

နန်းသခင်မကြီး၏ စိတ်ထဲမှာ စွဲမြဲစွာ သိထားတာက ကလေးနှစ်ယောက်သည် သူမ မျက်စိရှေ့မှာတင် ကြီးပြင်းလာကြတာဖြစ်ပြီး ဖြူစင်ပြီး တစ်ယောက်နဲ့တစ်ယောက် ကြင်နာကြသည်။ တစ်ယောက်ကိုတစ်ယောက် အမြင်တစ်မျိုးနဲ့ တွေးဖို့ဆိုတာ မဖြစ်နိုင်။ သူမသည် ဒုတိယသခင်မကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ဒုတိယသခင်မကလည်း သိလိုက်သည်။ ရှောင်းယီကိုခေါ်ဖို့ ချက်ချင်း ထွက်သွားတော့သည်။

ရှောင်းယီ ရောက်လာသည့်အခါ ရှသခင်မက သူ့ကို သေချာကြည့်လိုက်ပြီး အလွန် ကျေနပ်အားရ နေသည်။ သူ နန်းကောင်မလေးအကြောင်းကို တွေးနေရင်တောင် ယောက်ျားများမှာ အချစ် တစ်ခုပြီးတစ်ခု တွေ့နိုင်သည်ပဲ။ သူသာ ချင်ချင်ကို လက်ထပ်ပြီးသွားရင် ငယ်ရွယ်သည့် စုံတွဲတစ်တွဲ ဖြစ်လာပြီး နန်းပေါင်ရီကို သတိရနိုင်မည် မဟုတ်တော့ချေ။

အဆင့်မြင့်သည့် အမတ်မင်းနေရာကို ရဖို့အတွက် ရှောင်းယီသည် သူ၏အရည်အချင်းဖြင့် ကြိုးစားခဲ့သူ ဖြစ်ပြီး တောက်ပသည့် အနာဂါတ်လည်း ရှိသည်။ သူမ၏ချင်ချင်နှင့် အလွန် လိုက်ဖက်ညီလှသည်။ သူမကပြုံးလိုက်ရင်း လက်ဖက်ရည်ကို တဖြည်းဖြည်းချင်း မျှင်း၍ သောက်နေသည်။

နန်းအဘွားအိုက သူမ၏မျက်ခုံးတွေကို ကြုံ့လိုက်ရင်း “ရှောင်းယီ၊ မင်းက ကောင်းမွန်သည့် လူငယ်လေးပါ၊ ဒါပေမယ့် ဒီနေ့တော့ အဘွားက မင်းကို မေးစရာလေး ရှိနေတယ်၊ မင်းကျောင်းကျောင်းကို ဘယ်လို သဘောထားလဲ”

ရှောင်းယီက ထိုင်ခုံတစ်လုံးပေါ်မှာ ထိုင်လိုက်ပြီး “ကျောင်းကျောင်းနဲ့ ကျွန်တော်က မောင်နှမတွေပါ၊ ကျောင်းကျောင်းကို ညီမလေးလိုချစ်ပြီး ဂရုစိုက်ပါတယ်”

“တကယ်ပဲ ပုံမှန်အလိုလိုက်ပြီး ဂရုစိုက်ရုံပဲလား”

ရှသခင်မက ဝင်ပြောလိုက်သည်။

“ယောက်ျားနဲ့ မိန်းမကြားက အချစ်ဖြစ်နေမှာစိုးတယ်၊ ဟုတ်တယ်မှလား”

ရှောင်းယီက သူမကို အေးစက်သည့် မျက်ဝန်းတွေနဲ့ စိုက်ကြည့်လိုက်သည်။ ရှသခင်မသည် သူ၏ပျော့ကွက်ကို ချုပ်ကိုင် ထားနိုင်တာကြောင့် လုံးဝ မကြောက်ပါချေ။ သူမကပြုံးရင်း ထပ်ပြောလိုက်သည်။

“အမတ်မင်း၏ ဝတ်ရုံလက်ကို မြှောက်ပြီး ကျွန်မတို့ကို ပြကြည့်ပါဦး၊ လက်ကောက်ဝတ်မှာ ဘာဝတ်ထားတာလဲလို့”

ရှောင်းယီက ဂရုစိုက်မနေဘဲ “ဒီအမတ်မင်းကို ပြောရအောင် ခင်ဗျားက ဘာအရည်အချင်း ရှိလို့လဲ”

“ပုံမှန်ဆိုရင် ကြီးသည့်သူတွေကို ရိုသေသမှု ရှိရမယ်လေ”

ရှသခင်မက သူမစီစဉ်ထားသည့် သားမက်လောင်းက သူမ၏ခင်ပွန်းရှေ့မှာ ရပ်နေသည့်ပုံစံကို မမြင်ဖူးခဲ့ပါချေ။

“ရှောင်းယီ၊ မင်းက မင်းညီမအပေါ်မှာ မဟုတ်တဲ့စိတ် ခံစားချက်တွေ ရှိနေတယ်၊ ဒါက မိုးနတ်မင်း၏ စည်းမျဉ်းတွေကို သွေဖည်နေတာပဲ၊ ဒီသတင်းသာ အပြင်ကို ပြန့်သွားခဲ့ရင် ကျင်းကွမ်မြို့က လူတွေအားလုံးက နန်းအိမ်တော်ကို လှောင်ရယ်ကြလိမ့်မယ်၊ ဒီလျှို့ဝှက်ချက်ကို ထိန်းသိမ်းစေချင် ရင်တော့ မင်း ငါ့သမီး ချင်ချင်နဲ့ လက်ထပ်ရလိမ့်မယ်၊ အဲ့ဒါဆိုရင် ဒီသတင်းကို အပြင်ကို မပေါက်ကြားစေရဘူးလို့ အာမခံတယ်”

ရှောင်းယီက လက်ဖက်ရည်ခွက် အဖုံးကို ဖြည်းညင်းစွာ ဖယ်လိုက်ပြီး အပြုံးမမည်သည့် အပြုံးဖြင့် ပြုံးရင်း ပြောလိုက်သည်။

“တကယ်လို့ ရှသခင်မပြောတဲ့ သက်သေဆိုတာက မရှိခဲ့ဘူးဆိုရင် ဘယ်လို တာဝန်ယူမလဲ”

……………………………

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset