NBY အပိုင်း ၉၆

အပိုင်း (၉၆)

ကျောင်းကျောင်းက သကြားလုံး ကြိုက်တယ်

ထိုအတွေးက သူမ၏စိတ်ကို မီးမောင်း ထိုးပြလိုက်သလိုပင်။ အရင်ကလည်း သူမ ထိုကဲ့သို့ တွေးဖူးခဲ့သည်။

ရှချင်ချင်သည် ကျယ်လောင်စွာ အော်ပြီး သူမကို လိုက်ဖမ်းနေသည်။ သူမကို ကြမ်းပြင်ပေါ်မှ ဆွဲထူလိုက်ပြီး ပါးကို အချက်ပေါင်းများစွာ ထပ်ရိုက်ပြန်သည်။ သူမက ခုခံကာကွယ်ဖို့ ကြိုးစားရင်း တောင်းပန်နေရင်း ရှချင်ချင်၏ နားနားကိုကပ်ပြီး တစ်စုံတစ်ခု တီးတိုး ပြောလိုက်သည်။ ရှချင်ချင်သည် သူမကို သံသယမျက်လုံးနဲ့ စိုက်ကြည့်လိုက်သည်။ သူမမှာ တိတ်တဆိတ် ခေါင်းညိတ် ပြလိုက်သည်။ ရှချင်ချင်သည် ဒေါသဖြစ်စွာ ပြောလိုက်သည်။

“အေး … အခုတော့ ငါနင့်ကို လွှတ်ပေးလိုက်မယ်၊ နင်ငါ့ကို လိမ်ရဲတယ်ဆိုရင် နင်ကို ငါ့လက်နဲ့ ငါကိုယ်တိုင် လည်ပင်းညှစ်ပြီး သတ်ပစ်မယ်”

ပြဇာတ်ကတော့ ကန့်လန့်ကာ ချသွားခဲ့ပြီ။ လူတိုင်းက ရှောင်းယီဘက်ကို လှည့်လာကြသည်။ ဒီဒုတိယအဆင့်အမတ် ဟန်ဆောင်သည့် အမှုကို သူဘယ်လို ဆုံးဖြတ်ပြီး အပြစ်ပေးမလဲ ဆိုတာကို သိချင်စိတ် ပြင်းပြနေကြသည်။ သို့သော်လည်း ရှောင်းယီသည် လက်ဖက်ရည်ကို ဖြည်းညင်းစွာ ဇိမ်ယူ သောက်နေရင်း နှုတ်ခမ်းထက်ရှိ အပြုံးက သွေဖယ်မသွားပေ။

ရှသခင်ကြီးမှာလည်း အရမ်း အနှောင့်အယှက် ဖြစ်နေရသည်။ ရှအိမ်တော်နဲ့ နန်းအိမ်တော်တို့ဟာ စီးပွားပြိုင်ဘက်များဖြစ်သည်။ ရှချင်ချင်၏ သွေးထိုးမှုကို နားယောင်မိပြီး နန်းအိမ်တော်ကို ဒုက္ခပေးဖို့အတွက် ပိုးစာရွက်တွေကို ဈေးကြီးကြီးပေးပြီး ဝယ်ထားမိသည်။ အခုတော့ ဒီအမှုကို အဆုံးအဖြတ်ပေးမည့် သူက နန်းမိသားစုက ရှောင်းယီဖြစ်နေသည်။

တစ်ကြိမ် ကျဆုံးရုံနဲ့ သူဟာ ရှအိမ်တော် တစ်ခုလုံးကို ဆုံးရှုံးရနိုင်သည်။ သူ၏ သမီးမိုက်က ဝမ်လင်နဲ့အတူ နေပြီးနေပြီ ဖြစ်တာကြောင့် သူ့ကို ရှအိမ်တော်က အိမ်သားတစ်ယောက်လို့ ရှောင်းယီက သတ်မှတ်မှာကို သူထိတ်လန့်နေသည်။ ဒီကိစ္စကိုအဆင်ပြေအောင် ရှောင်းယီကို ဘယ်လို လာဘ်ထိုးရမလဲဆိုတာ သူမသိ။ သူသည် ထိုအကြောင်းကို တွေးမိပြီး ရိုရိုသေသေပြုံးရင်း ပြောလိုက်သည်။

“ဒီနေရာမှာ လူတွေက အများကြီးဆိုတော့ အမှုကို ဆုံးဖြတ်ဖို့က အဆင်မပြေနိုင်ဘူး၊ အမတ်မင်း စာကြည့်ခန်းကို ရွှေ့ပြီးမှ ဆက်ပြီး ဆုံးဖြတ်တာ ပိုကောင်းမယ် ထင်ပါတယ်”

ရှောင်းယီက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး သူ၏ဝတ်စုံလက်ကို ခါလိုက်ကာ အကြံပြုချက်ကို လက်ခံလိုက်သည်။

ထိုသူတို့ ဧည့်ခန်းထဲက ထွက်သွားသည့်အခါ ဧည့်သည်တွေကလည်း စိတ်လှုပ်ရှားစရာ မရှိတော့တာကြောင့် အားလုံး ပြန်သွားကြတော့သည်။

နန်းပေါင်ရီသည် ပန်းပွင့်ခန်းမ၏ အပြင်ဘက်မှာ လမ်းလျှောက်နေရင်း ရှချင်ချင်၏ အရှေ့မှ ဖြတ်သွားချိန်မှာ သူမ ပြောလိုက်သည်။

“မမချင်ချင်၊ တချို့တွေက နောက်ကျောဓါးနဲ့ ထိုးတဲ့နေရာမှာ အရမ်းတော်ကြတယ်။ သူများက ပရိယာယ်နဲ့ လှည့်စားတာကို မခံရအောင် မမက ဂရုစိုက်ရမယ်နော်”

ရှချင်ချင်က လက်ကို ကျစ်ကျစ်ဆုတ်ပြီး တိတ်ဆိတ်နေသည်။ သူမသည် နန်းပေါင်ရီ ထွက်သွားတာကို ကြည့်နေရင်း သူမ၏မျက်လုံးတွေမှာ အမုန်းတရားများဖြင့် ပြည့်နှက်လာသည်။

ခုနလေးတင် သူမ၏နားကိုကပ်ပြီး နန်းယန်က တီးတိုးပြောခဲ့သည်။ မိုးမခ ပန်းပွင့်တွေလို သေသွားရင်တောင်မှ သူမ ရှောင်ယီနဲ့ လက်ထပ်နိုင်မည့် နည်းလမ်းရှိသေးသည်တဲ့။ နေဝင်ရီတရောအချိန် ကျော်သွားရင် ရှအိမ်တော်ကို လာခဲ့ပြီး ဒီအကြောင်းကို သေချာပြောပြမယ်လို့ သူမကို ပြောခဲ့သေးသည်။ သူမသည် နန်းယန်ကို နောက်ထပ် မယုံကြည်ရဲတော့ပါချေ။ သို့သော် အခုတော့ သူမ ရွေးချယ်စရာ မရှိတော့သောကြောင့် ယုံကြည်ရပေတော့မည်။ ဒီတစ်ကြိမ်မှာတော့ သူမသည် နန်းယန်၏ လက်နက်တစ်ခု မဖြစ်ဖို့ ပိုအမြင်ကျယ်ပြီး ပိုသတိထားရပေတော့မည်။

နန်းယန်ကြောင့် သူမ၏ဘဝသည် ခူးဆွတ်ခြင်း ခံလိုက်ရသည့် သစ်သီးတစ်လုံးလို အသုံးမကျတော့ရုံမက သူမမှာ ကုသမရနိုင်သည့် ရောဂါခံစားရသည့် အတွေ့အကြုံကိုပါ ရလိုက်ပြီး ဖြစ်သည်။

သူမ၏မျက်ရည်တွေကို စိတ်ဆိုးမာန်ဆိုး သုတ်လိုက်ပြီး သူမ၏အစေခံကို တီးတိုး ပြောလိုက်သည်။

ထိုအချိန်မှာပဲ စာကြည့်ခန်းတွင် ရှောင်းယီမှာ ထိုင်နေပြီး ရှသခင်ကြီးကို မျက်ဝန်းဗလာဖြင့် ကြည့်နေသည်။ ရှသခင်ကြီးက အရာရှိမင်းကို လက်ဖက်ရည်ခွက် ကမ်းပေးလိုက်သည်။ ကျွင်းရှန်၏ ထိပ်တန်း လက်ဖက်ရည်ဖြစ်ပြီး အနံ့ကလည်း မွှေးပျံ့နေသည်။ ထို့နောက် ရှသခင်ကြီးက ရိုသေစွာ ပြောလိုက်သည်။

“ဒါအိမ်တော်က အကောင်းဆုံး လက်ဖက်ရည်ပါ။ အားလုံးပေါင်းမှ နှစ်ထုပ်ပဲရှိတာ။ အမတ်မင်း အရသာခံကြည့်ပါဦး၊ တကယ်လို့ သဘောကျတယ်ဆိုရင် အမတ်မင်း၏ အိမ်တော်ကို ကျွန်တော် ထုပ်ပိုးပြီး ပို့ပေးလိုက်ပါ့မယ်”

ရှောင်းယီက လက်ဖက်ရည်ငွေ့တွေကို မှုတ်ထုတ်လိုက်ပြီး ဖြည်းဖြည်းချင်း အရသာခံ သောက်နေသည်။ ရှသခင်ကြီးက သူ့ကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။ လူငယ်လေးမှာ အရမ်းကို ယောက်ျားပီသပြီး ချောမောသည့်အပြင် သူ့၌ အနီရောင် နှုတ်ခမ်းများနှင့် သွားဖွေးဖွေးတွေ ရှိသည်။ စိတ်နေသဘောထားလည်း ကောင်းမဲ့ဟန်ရှိသည်။ သို့သော် သူ့မျက်လုံးများမှာ မတူညီစွာ အေးစက်နေသည်။ လွယ်လွယ်နဲ့ ညှိနှိုင်းလို့ ရမဲ့ပုံမမြင်ပေ။ ရှသခင်ကြီးသည် သူ၏လက်များကို ယှက်လိုက်ပြီး စိတ်လှုပ်ရှားသည့်အပြုံးနဲ့ ပြောသည်။

“အိမ်ကခွေးမလေးက တုံးအလို့ သူများရဲ့ လှည့်စားတာကို ခံလိုက်ရတာပါ။ ကျွန်တော်ကလည်း ပညာဗဟုသုတ မကြွယ်ဘူး။ အဲ့ဒီဘယ်ကလာမှန်း မသိတဲ့ကောင်က အပြစ်ကင်းယောင် ဆောင်ပြီး လိမ်ညာသွားတာမို့ ကျွန်တော်တို့အိမ်ကို အပြစ်မပေးဖို့ အမတ်မင်းကို တောင်းပန်ချင်ပါတယ်၊ ကျွန်တော်တို့က တကယ် အပြစ်မရှိပါဘူး၊ သူရဲ့လိမ်ညာမှုကို ခံလိုက်ရတဲ့ နစ်နာသူတွေပါ…”

ရှောင်းယီမှာ ပြုံးလိုက်ပြီး ဘာမှပြန်မဖြေချေ။ ရုံးတော်ကိုတင်ပြီး စစ်ဆေးလိုက်လျှင် ရှမိသားစုမှာ အပြစ်မရှိသောကြောင့် ကျိန်းသေ လွတ်မြောက်မှာပင်။ အင်ပါယာတံဆိပ်က အတုဖြစ်ခဲ့လျှင်တောင် သူတို့၏သမီးမှာ ပြစ်ဒဏ်ခံရဖို့ မရှိပေ။ သို့သော် ရှသခင်ကြီးက ဥပဒေအကြောင်းကို နားမလည်ပေ။ ရှောင်းယီက ပိုပြီး တိတ်ဆိတ်လေလေ သူက ပိုပြီး စိတ်လှုပ်ရှားလေလေဖြစ်ကာ သူတို့မိသားစုကို တမင်သက်သက် လက်တုံ့ပြန်ဖို့ စဉ်းစားနေသည်ဟု ထင်နေသည်။ သူက ဇောချွေးများ ပြန်လာပြီး မဝံ့မရဲ ပြောလိုက်သည်။

“အမတ်မင်း၊ ဟိုအမတ်ယောင်ဆောင်တဲ့ အတုကို ခုံရုံးတင်ပြီး စစ်ဆေးချင် စစ်ဆေးပါ။ ဒါပေမယ့် ကျွန်တော်တို့ မိသားစုကတော့ တကယ် မတရား ခံခဲ့ရတာပါ။ အမတ်မင်းကို ကျွန်တော်တို့မိသားစု ကျေးဇူးရှင်လို့ သဘောထားပါတယ်”

ရှောင်းယီက တိတ်ဆိတ် နေမြဲပင်။ ရှသခင်ကြီးသည် သူပေးတာ မလုံလောက်သေးလို့ ရှောင်းယီမှာ တိတ်ဆိတ်နေခြင်း ဟုထင်နေသည်။

‘ဒီအကျိုးခံစားခွင့်က မလုံလောက်သေးဘူးဆိုရင် သူက ဘာကိုလိုချင်တာလဲ’

သူသည် ကြမ်းပြင်ပေါ်၌ ဒူးထောက်လိုက်ပြီး သူ၏မျက်ရည်ကို သုတ်ရင်း ပြောလိုက်သည်။

“အမတ်မင်းက ကျွန်တော်တို့ ရှအိမ်က ဘာကိုပဲ လိုချင်လိုချင် ပေးပါ့မယ်၊ အမတ်မင်းသာ အလိုရှိမယ်ဆိုရင် ကျွန်တော့်ပိုင်ဆိုင်မှုရဲ့ ဆယ်ရာခိုင်နှုန်းကိုလည်း ပေးပါ့မယ်”

ရှောင်းယီ မျက်ခုံးပင့်သွားမိသည်။ ရှအိမ်တော်ဆိုသည်မှာ ရှုနိုင်ငံ၏ လူသိများပြီး ချမ်းသာသည့် အိမ်တော်တစ်ခုဖြစ်သည်။ ပိုင်ဆိုင်မှု၏ တစ်ဆယ်ရာခိုင်နှုန်း ဆိုလျှင် တောင်ပိုင်း တစ်ခုလုံး၏ နှစ်ဝက်စာ အခွန်ငွေတွေလောက် ရှိသည်။

ရှောင်းယီ မျက်ခုံးပင့်သွားသည်ကိုတွေ့ပြီး ရှောင်းသခင်ကြီးမှာ ထိတ်လန့်သွားသည်။ ‘အမတ်မင်းက သူပေးတာကို မကြိုက်သည့် အဓိပ္ပါယ်များလား.’ သူသည် လက်နှစ်ချောင်းကို အမြန်ထောင်လိုက်ပြီး ထပ်ပြောသည်။

“နှစ်ဆယ်ရာခိုင်နှုန်း! မဟုတ်သေးဘူး သုံးဆယ်ရာခိုင်နှုန်း ပေးပါ့မယ်၊ အမတ်မင်းကသာ ကျွန်တော်တို့အိမ်ကို အလွတ်ပေးမယ်ဆိုရင် ကျွန်တော် ချမ်းသာသမျှ၏ သုံးဆယ်ရာခိုင်နှုန်းကို ပေးပါ့မယ်”

ရှောင်းယီက ကုလားထိုင်နောက်မှီကို မှီလိုက်ရင်း မျက်တောင်ဖျားများကိုပင့်ကာ သူ့ကိုပျင်းရိစွာ ကြည့်လိုက်သည်။ လုပ်ငန်းကြီး လုပ်နေပေမယ့် သတ္တိနည်းပြီး ဦးနှောက်လည်း မရှိပါလား။ ရှုနိုင်ငံ၏ ကုန်သည်များသည် စီးပွားရေးနယ်ပယ်မှာ အရာရှိတွေနဲ့ ပူးပေါင်းပြီး လုပ်ကိုင်လိုကြလေ့မရှိ။ ဦးနှောက်မရှိသည့် နေရာတွင် နန်းအိမ်တော်သည်လည်း ထူးမခြားပါပေ။

ရှောင်းယီသည် နန်းအိမ်တော်မှ ဖြစ်တာကြောင့် ရှမိသားစုကို လက်စားချေဖို့ ရသည့် အခွင့်အရေးကို သူယူသင့်ပေသည်။

ရှောင်းသခင်ကြီးဟာ ချွေးစေးများ ပြန်လာပြီး သူ၏နဖူးကို နှိမ့်ချထားသည်။ သူ့မိသားစု (၈၁)ယောက်က ဟင်းသီးဟင်းရွက်ဈေးမှာ ဒူးထောက်ပြီး တောင်းစားနေရသည့် ပုံစံကို မြင်ယောင်လာသည်။

သူအရင်လကမှ မောင်းမနှစ်ယောက် ထပ်ယူထားပြီး အပြည့်အဝတောင် မပျော်ရသေးပါချေ။ သူသည် သွေးထွက်လာသည့်အထိ အံကိုကြိတ်လိုက်ပြီး ပြောလိုက်သည်။

“၅၀ ရာခိုင်နှုန်း ပေးပါ့မယ် အမတ်မင်း၊ ကျွန်တော်တို့အိမ်၏ ပိုင်ဆိုင်မှု ၅၀ ရာခိုင်နှုန်းကိုပေးပါ့မယ်”

ရှောင်းယီက လက်ဖက်ရည်ခွက်ကို ဖြည်းညင်းစွာ ချလိုက်သည်။ သူသည်အရှုပ်အရှင်းကင်းသည့် အမတ်မင်း တစ်ယောက်ဖြစ်ပြီး သူ၏လက်အောက်ငယ်သားတွေကို ချစ်ခင်တတ်သည့်သူ တစ်ယောက်လည်း ဖြစ်သည်။ ရှသခင်ကြီးမှာ သူ့ကို ပိုင်ဆိုင်မှု ၅၀ ရာခိုင်နှုန်း ပေးနေသည်ကို သူသာမယူခဲ့ရင် အရမ်းနှမြောစရာ ကောင်းသွားမည်ဖြစ်သည်။ ရှသခင်ကြီး၏ ကျန်းမာရေးကို ငဲ့ညှာသည့် အနေနဲ့ သူ ထိုပိုင်ဆိုင်မှု ၅၀ ရာခိုင်နှုန်းကိုယူဖို့ လက်ခံလိုက်သည်။

“HSBC ဘဏ်”

အေးစက်စက်လေသံနဲ့ပြောပြီး သူစာကြည့်ခန်းအပြင်ကို ထွက်သွားတော့သည်။

ရှသခင်ကြီးမှာ ချက်ချင်း နားလည်သွားသည်။ အမတ်မင်းအတွက် ပိုင်ဆိုင်မှု ၅၀ ရာခိုင်နှုန်းကို HSBC ဘဏ်မှာ အပ်နှံပေးရမည်ဖြစ်သည်။ သူ ရှမိသားစု အန္တရာယ် မရှိနိုင်တော့တာကို သိလိုက်ပြီးမှ စိတ်အေးသွားသည်။ သူသည် ရှောင်းယီကို နောက်ကျောဘက်မှ သုံးကြိမ် ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။

“အမတ်မင်း၏ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်”

………

နွေရာသီစံအိမ်၏ အပြင်ဘက်တွင်…..

နန်းယန်သည် အချက်ပေါင်းများစွာ အရိုက်ခံခဲ့ရတာကြောင့် သမားတော်ပြဖို့ လိုအပ်သည်။ သူမ၏ သခင်မလေး ပုံရိပ်ကို ထိခိုက်မှာ စိုးတာကြောင့် အစေခံတွေကိုလည်း မခေါ်ရဲဘဲ တစ်ယောက်တည်းသာ ထွက်သွားခဲ့သည်။

နန်းကွမ်နဲ့ နန်းပေါင်ရီက ရှောင်းယီနဲ့အတူ အိမ်တော်ကိုပြန်ဖို့ ရှောင်းယီ ထွက်အလာကို ဝေါယာဉ်ပေါ်က စောင့်နေကြသည်။ နန်းကွမ်သည် ဖောင်းကားနေသည့် စက္ကူအိတ် လေးအိတ်ကို ကိုင်ထားသည်။ သူဟာ ယူလာသည့် အစားအသောက်တွေကြောင့် နန်းယန်၏ ဒဏ်ရာကို သတိမရတော့ချေ။ သူက ကျယ်လောင်စွာ ရယ်ပြီးပြောလိုက်သည်။

“ဒီအိတ်က မွေးပွဂဏန်းတွေ၊ ဒီအိတ်က ကြက်ကင်၊ ဒါက ဘဲပေါင်း၊ ဒီနောက်ဆုံးအိတ်က ပုစွန်တွေနဲ့ ဝက်ပေါင်နှပ်။ ဘယ်သူကမှ စားပွဲဆယ့်နှစ်လုံးလောက်ကူးပြီး စားစရာတွေကို လိုက်မစုနိုင်ဘူး။ ဒါက အရမ်း ကျေနပ်စရာ ကောင်းတယ်။ အဖေက မြန်လည်းမြန်တယ်၊ သရုပ်ဆောင်တဲ့ နေရာမှာလည်း တော်နေတော့ အဆင်ပြေပြေပဲ”

နန်းပေါင်ရီက တိုးဖွဖ ွပြောလာသည်။

“သမီးကတော့ ဒါတွေ အိမ်ကို ယူမသွားချင်ဘူး၊ သူများရဲ့ မင်္ဂလာပွဲက အစားအစာတွေကို ဘာလို့ယူလာ ရမှာလဲ၊ လူတွေက ဖေဖေ့ကို လှောင်ပြောင်ကြလိမ့်မယ်”

နန်းကွမ်က မဆိုင်းမတွပြန်ဖြေသည်။

“လှောင်ပါစေပေါ့၊ ဟင်းပွဲတွေရဖို့က အဓိကပဲ”

သားအဖနှစ်ယောက် စကားပြောနေသည့် အချိန်မှာပင် ရှောင်းယီက ဝေါယာဉ်ပေါ် တက်လာခဲ့သည်။ ဝေါယာဉ်သည် နန်းအိမ်တော်သို့ ဖြည်းဖြည်းမှန်မှန် ပြန်သွားတော့သည်။ နန်းယန် မရှိတော့တာကြောင့် လေထု၏ အခြေအနေမှာ အလာတုန်းကထက် ပိုကောင်းနေသည်။

နန်းကွမ်သည် ဟင်းပွဲတွေ အများကြီး ယူလာနိုင်ခဲ့တာကြောင့် ပျော်ရွှင်နေပြီး ဝက်ပေါင်နှပ်ကို ထုတ်ပြီး ကိုက်ဝါးနေသည်။ တစ်ဝက်လောက် စားပြီးတော့ တစ်စုံတစ်ခုကို သူတွေးလိုက်မိပြီး မြေပဲသကြားလုံး တစ်ဆုပ်ကို ထုတ်ယူလိုက်သည်။ သူသည် မျက်တောင် တဖျတ်ဖျတ်ခတ်ရင်း တက်ကြွသည့် လေသံနဲ့ နန်းပေါင်ရီကို လှမ်းပေးပြီး ပြောလိုက်သည်။

“အစေခံတွေက ပွဲမပြန်ခင်မှာ ပေးလိုက်တာ။ အများစုကတော့ စားပွဲမှာထိုင်နေတဲ့ ကလေးတွေဆီက လုလာတာ၊ အဖေက လက်မြန်လို့ပေါ့၊ ကျောင်းကျောင်းက သကြားလုံး စားရတာ ကြိုက်တာကို အဖေ မှတ်မိပါတယ်၊ ရော့ သမီးစားဖို့အတွက်”

သူသည် တုံ့ပြန်မှု ကောင်းကောင်းတစ်ခုကို မျှော်လင့်နေသည်။ နန်းပေါင်ရီသည် သကြားလုံး လက်တစ်ဆုပ်ကို ကိုင်ထားရင်း အကြောင်းအရာ တချို့ကို သတိရမိတာကြောင့် ရုတ်တရက် နှာခေါင်းထိပ်က ချဉ်စူးလာသည်။ သူမ၏ မျက်ရည်များနှင့် နီရဲနေသည့် မျက်လုံးကို သူမအဖေအား မမြင်စေချင်သောကြောင့် တစ်ဖက်သို့ လှည့်လိုက်သည်။

နန်းကွမ်က ရှောင်းယီကို ကြည့်လိုက်ပြန်သည်။ သူသည် ဒီတူကို တော်တော် သဘောမတွေ့ပေ။ သို့သော် ဒီနှစ်တွေမှာ သူ ကျောင်းကျောင်းကို ဂရုစိုက်ပေးနေသောကြောင့် သူ့ကို ကျောင်းကျောင်း၏အစ်ကိုလို့ သတ်မှတ်ပြီး သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးလိုက်ရန် ဆုံးဖြတ်လိုက်သည်။ ဒါကြောင့် သူ ရှောင်းယီဆီ ဝက်ပေါင်နှပ်ကို လက်နဲ့ကမ်းပေးရင်း ပြောလိုက်သည်။

“ရော့ စားကြည့်”

……………………..

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset